ဆက်သွယ်ချက်
Vol. 130 Ch. 1813
ရှောင်ရော့ပိုင်သည် အတန်ကြာတန့်သွားပြီးမှ နားရွက်နောက်သို့ ဆံပင် ကိုပို့ကာ ပြောလိုက်သည် “အရင်က သူမနဲ့သိပ်ပြီး အဆက်အသွယ်မရှိဘူး ဒါပေမဲ့ သူမကိုသိပြီးတဲ့နောက်တော့ တကယ်ပဲ ကြားရတဲ့သတင်းတွေနဲ့ မတူ ဘူး… ဒါပေမဲ့ သတင်းတွေက အမှန်ပါလို့ ဘယ်သူပြောနိုင်လို့လဲ… မုရုန်ဟွေ့ က သူ့သမီးကို အသုံးမကျတဲ့လူဖြစ်အောင် သတင်းတွေဖြန့်ထားတာလည်း ဖြစ်နိုင်တာပဲ… ပြီးမှ သင့်တော်တဲ့အချိန်ရောက်မှ လူတွေကိုပေးသိတာမျိုးလေ”
ယွိချီ နှုတ်ခမ်းတွန့်လေသည် “ဒါကလည်း သူမကို ကာကွယ်ဖို့အတွက် နည်းလမ်းကောင်းပဲ… ဒါပေမဲ့ နောက်ထပ်ဖြစ်နိုင်ချေရှိသေးတယ်လို့ထင်တယ်”
“တခြားဖြစ်နိုင်ချေကဘာလဲ”
“သူမက မုရုန်ရှီမဟုတ်ဘူး”
“ရှင်အဲလိုထင်ရင်လည်း ထင်ချင်သလိုထင်လိုက်ပေါ့”
“မင်းက အဲလိုမထင်ဘူးလား”
ရှောင်ရော့ပိုင် ပခုံးတွန့်လိုက်သည် “ကျွန်မကတော့ အဲလိုမျိုးမတွေးဖူး ဘူး မုရုန်ဟွေ့က သူ့သမီးနဲ့တစ်ပုံစံတည်းတူတဲ့လူကိုရှာပြီး အစားထိုးနိုင်မယ့် အစွမ်းအစရှိမယ်လို့ မထင်ဘူး”
“ငါကတော့ အဲလိုပဲထင်တယ်” ယွိချီသည် သူမကိုစိုက်မကြည့်တော့ဘဲ စားပွဲပေါ်မှ ဝိညာဉ်အသီးကိုယူပြီး ကစားနေလေသည်။ “မင်းသမိလား ငါတို့လူ တွေအသတ်ခံရကတည်းကဆိုရင် ရက်တွေအတော်ကြာသွားပြီ… သူတို့ သတင်းလည်း လမ်းစပျောက်နေတယ် သူတို့ တယွိမြို့တော်ကိုတောင် ရောက်ခါနီးလောက်ပြီ… မင်း သူမကို တွေ့ချင်လား”
“မတွေ့ချင်ဘူး” ရှောင်ရော့ပိုင်သည် မစဉ်းစားတော့ဘဲ ငြင်းလိုက်သည် “သူမကိုတွေ့တဲ့အချိန်က လက်စားချေတဲ့အချိန်ပဲဖြစ်လိမ့်မယ်”
“အဲနေ့က သိပ်မလိုတော့ပါဘူး” ယွိချီသည် ပြောပြီးနောက် လှည့်ထွက် သွားလေသည်။
ရှောင်ရော့ပိုင်သည် သူထွက်သွားသည်အထိစောင့်ပြီး စားပွဲအောက်မှ သူမ၏လက်ကိုဆွဲထုတ်လိုက်ရာ သူမ၏လက်ဖဝါးမှာ ဖိဆိတ်ရာ အမှတ် လေးခု ရှိနေသည်။
“ငါ မင်းရဲ့ သရုပ်မှန်ကို မထုတ်ပြောပါဘူးလို့ ကတိပေးခဲ့တယ်… ဒါ ငါ မင်းအတွက် နောက်ဆုံးလုပ်ပေးနိုင်တာပဲ” သူမ ရေရွတ်လိုက်သည် “နောက် တစ်ခါ ငါတို့တွေ့တဲ့အချိန်ဆို ငါတို့ရန်သူတွေပဲ”
အခန်း၏ အမြင့်တစ်နရာတွင် ပျားငယ်လေးတစ်ကောင်ရှိသည်ကိုတော့ သူမ သတိမထားမိလိုက်ပေ။
ရှီမာယူယူ ယွိမြို့တော်ကြိးသို့ ခြေချလိုက်ချိန်တွင် သူမ၏ မျက်နှာမှာ ရုတ်တရက် ဝမ်းနည်းသွားလေသည်။
“ရန်သူလား”
သူမ မျက်လုံးကိုစောင်းကြည့်ပြီးနောက် ပြန်ဖွင့်လိုက်ချိန်တွင် အရင်က ကဲ့သို့ကြည်လင်မှုများပြန်ရလာသည်။
ရန်သူဆိုလည်း ရန်သူပေါ့။ ဒီလောကကြီးမှာ တချို့လူတွေက သူငယ်ချင်း ဖြစ်ဖို့ ကံကိုမပါတာ။
“ရှီအာ အဲဒီမှာ ငိုင်မနေနဲ့တော့ တည်းခိုဆောင်ကို ဝင်တော့မယ်” မုရုန်ဟွေ့သည် အရှေ့မှရပ်ပြီး တိုက်တွန်းလေသည်။
“တောင်းပန်ပါတယ် လာပြီ” ရှီမာယူယူသည် အမြန်ပင် လျှောက်ဝင်သွား လိုက်သည်။
“အဲဒီမှာ ဘာလို့ငူငူကြီး ရပ်နေတာလဲ” မုရုန်ဟွေ့သည် စိုးရိမ်တကြီး မေး လေသည်။
“ဒီအတိုင်းပဲ တယွိမြို့တော်ရဲ့လမ်းတွေကိုကြည့်နေတာပါ” ရှီမာယူယူ ပြန်ဖြေလိုက်သည် “အဖေ သွားကြမယ်”
“သမီးသဘောကျရင် ဂူဇီပင်းတို့နဲ့ သွားလည်လိုက်လေ… ပြည်နယ် ပြိုင်ပွဲက ရောက်တော့မှာဆိုတော့ တယွိမြို့တော်လည်း အရမ်းတင်းကြပ်နေ တာ… ကြင်ယာတော်မင်းသမီးတောင်မှ အဖေတို့ကို ပြဿနာမရှာရဲလောက် ဘူး” မုရုန်ဟွေ့ ပြောလိုက်သည်။
ဂူဇီပင်းသည် သူ့နာမည်ကို ကြားသည်နှင့် ရှီမာယူယူကို ပြောလေသည် “သခင်မလေး တယွိမြို့တော်မှာ နေရာကောင်းတွေ အများကြီးရှိတယ်လို့ ကြားတဘ်… ကျွန်တော်တို့လည်း အပြင်သွားမလို့ပဲ အတူလိုက်မလား”
ဂူဇီပင်းတို့သည် ဝိညာဉ်စုတည်ဆောက်မှုကို အကြောင်းပြု၍ ရှီမာယူယူ နှင့်အကြိမ်ပေါင်းများစွာ ဆက်သွယ်ဖူးရာ ပြိုင်ပွဲဝင်မည့် တခြားပြိုင်ပွဲဝင်များ ထက် သူမနှင့် ပိုရင်းနှီးလေသည်။
“ဟုတ်တယ် သခင်မလေး… သခင်မလေးက တယွိမြို့တော်ကို အခုမှ ရောက်ဖူးတာလေ အတူသွားကြမယ်”
“မနက်ဖြန်မှသွားကြတာပေါ့” ရှီမာယူယူသည် သဘာမတူသလို ငြင်း လည်းမငြင်းဆန်ဘဲ မနက်ဖြန်ခံစားချက်ကိုသာ မှီခိုလိုက်သည်။
လူတစ်ခုသည် သူတို့အတွက် စီစဉ်ထားသော အခန်းများဆီသို့လာလိုက် ကြသည်။ မုရုန်ဟွေ့နှင့် သူမသည် အကောင်းဆုံးအခန်း နှစ်ခန်းရကာ တခြား သူများလည်း တစ်ခန်းစီရကြသည်။
ရှီမာယူယူသည် သူမအခန်းသို့လာပြီး ကိုယ်တိုင်အိပ်ရာခင်းများနှင့် လဲလှယ်ပြီးနောက် တည်ဆောက်မှုစီမံကာ ဝိညာဉ်စေတီအတွင်းသို့ ဝင်ခဲ့လိုက် သည်။
“ယူယူ”
“ယူယူ”
ရှောင်ချီနှင့် တခြားသူများအားလုံးသည် ပြေးလာကြပြီး သူမကို ဖက်ကြ သည်။
“ဖယ် ဒါငါ့နေရာ”
“မင်း ဖယ်နေလိုက် ဒါငါ့နေရာ”
ထင်ထားသည့်အတိုင်းပင် ရွှေလေးနှင့် မဟူရသည် သူမ၏ လက်ကောက် ဝတ်ကို နေရာလုရင်းရန်ဖြစ်နေသည်။
“ယူယူ ရှောင်ချီတို့ ဘယ်တော့ထွက်လို့ရမှာလဲ” ရှောင်ချီသည် သူမကို ဖက်ပြီး ချွဲနွဲ့ကာမေးလိုက်သည်။
“ဟုတ်တယ် ယူယူ ငါတို့အပြင်မထွက်ရတာ ကြာနေပြီ” ငှက်လေးသည် လည်း တစ္ဆေလောက မည်သို့မည်ပုံရှိသည်ကို ကြည့်ချင်သည်။
“စိတ်မပူနဲ့” ရှီမာယူယူသည် သူမလက်ကောက်ဝတ်ပေါ်တွင် ရန်ဖြစ်နေ သော နှစ်ကောင်သားကို လူစုခွဲပြီး ဆက်ပြောလေသည် “ငါ့သရုပ်မှန်က မပေါ် သေးဘူး မင်းတို့ထွက်သွားလိုက်ရင် မိနစ်ပိုင်းအတွင်းပေါ်သွားမှာပေါ့”
“အိုး” ရှောင်ချီ သက်ပြင်းချသည် “ထပ်ဖြစ်ပြန်ပြီ… ယူယူက ဘယ်သူလဲ ဆိုတာကို ဘယ်တော့အသိပေးမယ်လို့ စီစဉ်ထားလဲ”
“အနည်းဆုံးတော့ ငါ့အားပြန်ကောင်းလာတဲ့အထိ စောင့်ရမယ်” ရှီမာယူယူ ပြောလိုက်သည် “မဟုတ်ရင် ငါ တစ္ဆေဘုရင်ရှေ့မှာ မကြောက်မရွံ့ ရပ်နိုင်တဲ့အချိန်ပေါ့”
“အချိန်ကြာဦးမယ်ထင်တာပဲ” ရှောင်ချီသည် ခေါင်းယမ်းလိုက်သည် “ရှောင်ချီတော့ အိပ်မက်လေးနဲ့ ပန်းလေးတို့ အမည်းလေးနဲ့ မဟူရာတို့ကို အားကျတာပဲ သူတို့က မရဏာသားရဲဆိုတော့ ယူယူအပြင်ထွက်ရင် လိုက်လို့ရ တယ်”
“ငါက မုရုန်ရှီအနေနဲ့ နေဖို့လိုသေးတယ် ပြီးတော့…” ရှီမာယူယူသည် သားရဲများကို အားတုံ့အားနာဖြင့် ကြည့်လိုက်သည်။
သူတို့ တစ်ယောက်ပြီးတစ်ယောက် နိုးလာပြီးနောက်တွင် ဝိညာဉ်စေတီမှ ထွက်သွားခြင်းမရှိသောကြောင့် အပြင်ကိုထွက်ချင်ကြသည်မှာ အကျိုး အကြောင်းသင့်သည်။ သို့သော် သူမသည် သူတို့ကို ခေါ်မထုတ်ပေ။ သူတို့သာ ထွက်ချင်ပါက သူမ၏ သရုပ်မှန်သည် ပေါ်ပေါက်သွားမည်ဖြစ်ကာ ယွိခဲ့လော့၏ သမီးဖြစ်သည်ကို အားလုံးသိသွားကြမည်ဖြစ်သည်။
“ယူယူ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်ဖို့မလိုပါဘူး ရှောင်ချီတို့က ဒီအတိုင်း ပဲ ပြောလိုက်တာပါ” ရှောင်ချီသည် သူမ၏လက်ကိုယူလိုက်သည် “အကုန်လုံး ကောင်းကောင်းမွန်မွန်နဲ့ အတူရှိနေနိုင်ရင် ကောင်းတာပဲလေ”
“ဟိန်းသံလေးနဲ့ ဟိန်းသံထောင်ချီတို့ ဒီမှာမရှိတာတော့ နှမြောစရာ ကောင်းတာပဲ မဟုတ်ရင် အကုန်လုံး ပြန်ဆုံနိုင်ကြမှာ” အိပ်မက်လေးသည် ဝမ်းနည်းစွာဖြင့် ပြောလေသည်။
“ဟုတ်တယ် အကုန်လုံး ဒီမှာရှိတယ် ဒါပေမဲ့ သူတို့လည်းမရှိဘူး ငါလည်း သူတို့ကိုလွမ်းတယ်” ရာဟွောင်၊ ဟိန်းသံထောင်ချီနှင့် ဟိန်းသံလေးတို့သည် အတူရှိလာသည်မှာ အချိန်ကြာလှပြီဖြစ်၍ သံယောဇာဉ်အရှိဆုံးဖြစ်သည်။
“ငါ လူသားလောကကို သွားရင်တော့ ပြန်တွေ့ရမှာပါ” ရှီမာယူယူ ချော့မော့လိုက်သည် “ငါ ကြိုးစားပါ့မယ်”
သူမ ထိုသို့ပြောသော်လည်း အချိန်ကြာဦးမည်။ ထိုအမှန်တရားကို အားလုံးသိကြသည်။
ထိုအချိန်တွင် ဝိညာဉ်လေး ပေါ်လာပြီး ဝမ်းနည်းပက်လက်ဖြစ်နေသည့် မျက်နှာများကိုကြည့်ပြီး ပြောလိုက်သည် “အဲလောက်ကြီး ဝမ်းနည်းနေဖို့မလိုပါ ဘူး သူတို့ကိုခေါ်ဖို့ နည်းလမ်းမရှိတာတော့ မဟုတ်ဘူး”
“ဝိညာဉ်လေး နည်းလမ်းရှိတယ်လို့ ပြောလိုက်တာလား” သားရဲများသည် ဝိညာဉ်လေးကို မျှော်လင့်တကြီး ကြည့်လေသည်။
“ဒီအတိုင်းတွက်ချက်ရုံတင်ပါ”
“တကယ်လား အဖြေကဘာလဲ မြန်မြန်ပြောဦး”
ဝိညာဉ်လေးသည် ရှီမာယူယူ၏ လက်ပေါ်သို့တွားသွားတက်ပြီး သူမကို ဖက်ကာ ပြောလေသည် “ဒါကို ရှာတွေ့တာမကြာသေးဘူး”
“ဘာရှာတွေ့တာလဲ”
“ဆက်သွယ်ချက်… ယူယူ့ခန္ဓာကိုယ်နဲ့ ဆက်သွယ်ရမှာ” ဝိညာဉ်လေး ပြောလိုက်သည်။
“မင်းပြောတာက ဒီကိုရောက်လာတော့ မင်းက ငါ့ခန္ဓာကိုယ်ကို ခံစားမိ တုန်းပဲပေါ့” ရှီမာယူယူသည် တအံ့တဩမေးလေသည်။
ဝိညာဉ်လေး ခေါင်းညိတ်ပြီး ဆက်ပြောသည် “ငါက မင်းရဲ့ဝိညာဉ်နဲ့ စာချုပ် တည်ထောင်ထားလို့ မင်းရဲ့ဝိညာဉ်နောက်လိုက်ပြီး တစ္ဆေလောကကို ရောက်လာတယ်လို့ အမြဲတမ်းထင်နေတာ… ဒါပေမဲ့ မင်းအားကြီးလာတော့ ငါလည်း ပြန်ကောင်းလာတယ်… အင်း ငါ မင်းခန္ဓာကိုယ်နဲ့ အဆက်အသွယ်ကို ခံစားလို့ရနေတယ်”
“အဲတော့ မင်းက ငါ့ခန္ဓာကိုယ်နဲ့ ဝိညာဉ်အကြားက ပေါင်းကူးတံတားပေါ့” ရှီမာယူယူသည် ပျော်ရွှင်စွာြဖင့် မေးလေသည်။
“ဟုတ်တယ်” ဝိညာဉ်လေး ပြောလိုက်သည် “ငါ အပြည့်အဝပြန်ကောင်း လာရင်တော့ အဲဒီဆက်သွယ်ချက်ကနေ ဟိန်းသံလေးနဲ့ ဟိန်းသံထောင်ချီကို ပြန်ခေါ်လို့ရတယ်”
“တကယ်လား ကောင်းလိုက်တာ” အားလုံး အံ့ဩသွားကြသည်။
ဝိညာဉ်လေးသည် သူတို့လောက် အကောင်းမမြင်တတ်ပေ။ “အဲလောက် ကြီးလည်း ပျော်မစောကြနဲ့ဦး… လက်ရှိအခြေအနေနဲ့ဆိုရင် ဒီလောက် အချိန် တိုအတွင်းကို မဖြစ်နိုင်သေးဘူး”
***