← Chapters

အခန်း ၁၈၈၇

Vol. 127 Ch. 1887

အခန်း ၁၈၈၇

Vol. 127 Ch. 1887

အပိုင်း (၁၈၈၇)

ဟယ်ဝူတီသည် ဆက်လက်နေထိုင်ရန် ရွေးချယ်ခဲ့၏။ သူသာထွက်ခွာသွားပါက တံခါးပိတ်မည့်သူ မည်သူမှမရှိဟု တကယ်ကြီး စဉ်းစားခဲ့သည်လား။ မဟုတ်ပေ။ များပြားလှသော တပည့်များသည် တံခါးပိတ်ရန် စောင့်မျှော်လျက် ရှိနေ၏။ တံခါးပိတ်ရန် နေထိုင်ခြင်းဆိုသည်မှာ အကြောင်းပြချက်တစ်ခုဖြစ်ပြီး သူ ဤနေရာတွင် ဆက်လက်ကာ နေထိုင်ချင်ခြင်းက အဓိကပင်။

ပြိုင်စံရှားဂိုဏ်း၌ နေထိုင်ခဲ့သည်မှာ နှစ်တစ်ရာ မကျော်သေးသည် ဆိုသော်လည်း ဟယ်ဝူတီ အနေဖြင့် ဤနေရာအား သူ၏အိမ်အဖြစ် သတ်မှတ်ခဲ့ပြီဖြစ်သည်။ သူသည် ချစ်ဖို့ကောင်းလှသော ဂိုဏ်းတူရောင်းရင်းများကို ချစ်ခင်နှစ်သက် သည်။ စားသောက်ခန်းဆီမှ အစားအစာများကို ချစ်ခင်နှစ်သက်ပြီး ဂိုဏ်းထဲတွင် ရှိသောအရာအားလုံးကို မြတ်နိုး၏။ ဤမြေပုံကဲ့သို့ ကျမ်းစာသည် သူ့အား အန္တိမကုန်းမြေဆီသို့ ဝင်ရောက်ရန် အခွင့်အရေးကို တစ်ကြိမ်ပေးအပ်ခဲ့သည် ဆိုသော်လည်း သူသည် ထိုအရာကို ဂရုမစိုက်နိုင်ချေ။

“အင်း… ဒီနေ့တော့ အလျော့ပေးလိုက်မယ်”

ဟယ်ဝူတီသည် ကြေးဆေးအိုးကြီးကို နောက်ပြန်လှည့်ကြည့်ကာဖြင့် တိကျခိုင်မာသည့်အကြည့်ဖြင့် ကြည့်ကာ ပြောလိုက်သည်။ “နောင်တ လုံးဝမရဘူး”

အချက်အလက်အားဖြင့် သူ့အနေနှင့် ညနက်သည့်အချိန်တိုင်း မေးခွန်းတစ်ခုကို တွေးတောနေမိ၏။ သက်တန့် ရောင်စဉ်ကျမ်း၏ ကျမ်းစာ ပျောက်ကွယ်သွားရခြင်းသည် သူ၏အဆင့်ကို သုညအဖြစ်သို့ ရောက်ရှိသွားစေခဲ့၏။ ထိုအရာသည် သူ့အတွက် ကောင်းချီးလား၊ ကျိန်စာလား ဆိုသည်ကို စဉ်းစားကြည့်မိခြင်းပင်။

ပြိုင်စံရှားဂိုဏ်းဆီသို့ ဝင်ရောက်ပြီးသည့်နောက် သူသည် အဖြေကို ရရှိခဲ့၏။ ဤအရာသည် ကျိန်းသေပေါက် ကောင်းချီးတစ်ခုသာဖြစ်၏။ ဂိုဏ်းထဲတွင်ရှိသော လူပေါင်းများစွာတို့နှင့် မတူဘဲ ဟယ်ဝူတီသည် သက်တန့်ရောင် သူတော်စင်နှင့် ပတ်သက် ဆက်နွယ်နေလိမ့်မည်ဟု အမြဲတမ်း ယုံကြည်နေမိ၏။ ထို့ကြောင့် ကောင်းချီးတစ်ခုဟု တွေးတောနေခြင်းပင်။ ထို့အပြင် သူသည် ဂိုဏ်းကို ပိုမိုကာ နားလည်လာလေ ဂိုဏ်း၏အစိတ်အပိုင်းတစ်ခု အဖြစ် သူ့ကိုယ်သူ သုံးသပ်လာမိလေပင်ဖြစ်သည်။

နောက်ဆုံးမှာတော့ ဟယ်ဝူတီသည် စီနီယာသက်တန့်ရောင်သူတော်စင်နှင့် ပတ်သက်သည်ဆိုသည့် အကြောင်းအရာ များအားလုံးကို ဂရုမစိုက်တော့ချေ။ ထိုအရာသည် မဟုတ်ခဲ့လျှင်တောင်မှ သူသည် နောက်ဆုံး တပည့်အဖြစ် လိုလိုချင်ချင် တည်ရှိနေမှာဖြစ်၏။

ပြိုင်စံရှားဂိုဏ်း - ထိုအရာသည် မှော်စွမ်းအင်တစ်ခု ပါဝင်နေသည့်ပုံပင်။ ထိုအရာနှင့် ပတ်သက်လာသည်ဆိုသည်နှင့် စိတ်နှလုံးတစ်ခုလုံး သိမ်းကြုံးယူငင်သွားပြီး ထိုနေရာဆီမှ ထွက်ခွာသွားနိုင်စွမ်း မရှိသလိုပင်။ ဥပမာ အားဖြင့် တစ်သက်လုံး မောက်မာဝံ့ကြွားစွာ နေထိုင်ခဲ့သည့် ရီရှင်းချန်သည် ဂိုဏ်းအတွက်ဆိုလျှင် ဓားတောင်နှင့် မီးပင်လယ်ကို ဖြတ်သန်းရမည်ဆိုလျှင်တောင်မှ လွယ်လွယ်ကူကူနှင့် သွားမှာသေချာသည်။

၎င်းတို့နှစ်ယောက်သည် မတူညီသည့် လူနှစ်ယောက်ဖြစ်သော်လည်း တူညီသည့်အရာတော့ ရှိ၏။ ပြိုင်စံရှားဂိုဏ်း ထဲကို ဝင်ရောက်ပြီးသည့်နောက် အထီးကျန်မှုကို မခံစားခဲ့ရတော့ချေ။ ချစ်ခင်ရင်းနှီးမှု၊ ဂရုစိုက်ကြင်နာမှု များနှင့် လွှမ်းခြုံနေသော ဂိုဏ်းအတွက်ဆိုလျှင် အသက်ကိုပင် ပေးအပ်ရန် မတွန့်မဆုတ်သော စိတ်ထားကို ပိုင်ဆိုင်ထားကြ၏။

ရီရှင်းချန်သည် နားလည်၏။ သူသည် အရင်ဘဝက မောက်မာမှုများ အားလုံးကို ဖယ်ရှားပြီး တပည့် တစ်ယောက်အဖြစ် သူ့ကိုယ်သူ သတ်မှတ်ခဲ့ပြီးပြီဖြစ်၏။ ဟယ်ဝူတီသည်လည်း နားလည်ခဲ့သည်။ သူသည် အန္တိမကုန်းမြေဆီသို့ ဝင်ရောက်ခွင့် ရရှိသည့် အခွင့်အရေးကို ဖယ်ရှားပြီးသည့်နောက် ဂိုဏ်းရှေ့တွင် မားမားမတ်မတ် ရပ်ကာဖြင့် အားလုံးသောသူများကို ကာကွယ်ပေးရန် ဆုံးဖြတ်ခဲ့သည်။

ရွှီး

ဟယ်ဝူတီသည် လက်ကိုမြှောက်လိုက်၏။ သူသည် ခေါင်းကိုငုံ့ကာဖြင့် နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ဖြစ်တည် လာခဲ့သည်။ သူသည် အော်ဟစ်လိုက်သည်။ “ပြိုင်စံရှားဂိုဏ်း”

ချက်ချင်းပဲ ဂိုဏ်းတွင်ရှိနေသော တပည့်များ အားလုံးတို့သည် လက်သီးကိုဆုပ်၊ လက်ကိုမြှောက်ကာဖြင့် သံပြိုင် ဆိုသလို အော်ဟစ်လိုက်ကြ၏။ “ပြိုင်စံရှားဂိုဏ်း”

၎င်းတို့၏ အသံသည် ထာဝရလောကကြီးတစ်ခုလုံးသို့ ပျံ့လွှင့်သွားခဲ့သည်။

“………”

ကျန့်ကွေ့ရှုနှင့် ကုထျန်းရှင်းတို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်ရှုလိုက်ကြ၏။ ၎င်းတို့နှစ်ယောက်သည် ဘာတွေဖြစ်နေသည်ဆိုသည်ကို သေသေချာချာ နားမလည်ကြသော်လည်း ပြိုင်စံရှားဂိုဏ်း ပိုင်ဆိုင်သည့် ချစ်ကြည်ရင်းနှီးဖွယ်ကောင်းသည့် ရိုးရာတစ်ခုကို ခံစားလိုက်မိကြသည်။

ကျွင်းချောင်ရှောင်းသည် ပြုံးလိုက်၏။ သူ၏အပြုံးသည် နွေဦးရာသီတွင် ပွင့်လျက်ရှိသည့် ပန်းတစ်ပွင့်ကဲ့သို့ပင် တောက်ပလျက်ရှိသည်။ သူ၏တပည့်သည် အိမ်ကိုပြန်ရန် အခွင့်အရေးကို ရရှိခဲ့၏။ သို့ပေမဲ့ ဂိုဏ်းထဲတွင် နေထိုင်ရန်သာ ရွေးချယ်ခဲ့၏။

“အန္တိမကုန်းမြေ”

ကျွင်းချောင်ရှောင်းသည် ခေါင်းကိုမော့ကာဖြင့် အထက်ကောင်းကင်ကြီးကို မော့ကြည့်လိုက်သည်။ “ဂိုဏ်းတစ်ခုလုံး အဲကို ခေါ်သွားမယ်”

………..

နောက်တစ်ရက်မှာတော့ ကြေးဆေးအိုးကြီးသည် တောင်ထိပ်တွင် ရှိနေသော လေ့ကျင့်ရေးကွင်ပြင်ထဲသို့ ပြန်လည် ရောက်ရှိလာ၏။ တပည့်များ အားလုံးသည် စုဝေးလျက်ရှိ၏။ ၎င်းတို့အားလုံးသည် မနေ့က ကျမ်းစာပေါ်ခဲ့သည့် မြင်ကွင်းကို မြင်ခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် ထိုအရာကို သေသေချာချာ ဆွေးနွေးလျက်ရှိ၏။

“ဝူတီ”

ကျွင်းချောင်ရှောင်းသည် အဓိကဟောခန်းတွင် ထိုင်ကာ ပြောလိုက်သည်။ “အထဲမှာရှိတဲ့ လျှို့ဝှက်ချက်ကို ဘယ်လို ရှာဖွေတွေ့ခဲ့တာလဲ”

ဆယ့်တစ်ကြိမ်မြောက် ကျင်းပခဲ့သည့် စကြဝဠာနတ်တိုက်ပွဲက ပြီးဆုံးသွားခဲ့၏။ အတိတ်က ဗိုလ်စွဲသူများသည် ထိုအရာကို ရရှိပြီးသည့်နောက် အချိန်အတော်ကြာ လေ့လာခွင့် ရရှိခဲ့၏။ သို့ပေမဲ့ အစမှအဆုံးအထိ မည်သူမှသည် ထိုလျှို့ဝှက်ချက်ကို မသိရှိခဲ့ချေ။ ဟယ်ဝူတီမှာတော့ ခဏတာယူပြီး အချိန်အတိုင်းအတာတိုအတွင်း ဖြေရှင်းခဲ့ပြီ ဖြစ်၏။

ကံကောင်းခြင်းဟု ပြောဆိုရမည်ဆိုလျှင် မယုံကြည်နိုင်ဖွယ်ရာပင်။ သို့ပေမဲ့ အစစ်အမှန်တရားမှာတော့ ကံကောင်းခြင်း မဟုတ်ပေ။

ရှေးကျမ်းစာကို ရှာဖွေရန်အတွက် ရှေးအုတ်ဂူထဲသို့ ဝင်ရောက်ခဲ့သည့် အကြောင်းအရာကို ဟယ်ဝူတီက ပြန်လည်ကာ စဉ်းစားမိ၏။

“များပြားလွန်းတဲ့ စက်ယန္တရားတွေကို ကျော်ဖြတ်ပြီးတော့ ရှေးအုတ်ဂူထဲ ဝင်ရောက်ခဲ့တယ်။ သက်တန့်ရောင်စဉ်ကျမ်းရဲ့ အကြွင်းအကျန် ကျမ်းစာကို ရရှိရုံတင်မကဘူး။ နံရံပေါ်မှာ ထူးခြားတဲ့ ပုံပန်းသွင်ပြင် တစ်ခု ရေးထိုးထားတာကိုလည်း မြင်ခဲ့ရတယ်” ဟယ်ဝူတီက ပြန်လည်ပြောဆိုလိုက်သည်။

ထိုအချိန်တုန်းက သင်္ချိုင်းဂူထဲသို့ ဝင်ရောက်ကြသည့် များပြားလှသော ကျင့်ကြံသူများရှိသည်။ သူသည် အမြန်ဆုံးနှုန်းဖြင့် ကျမ်းစာကို ရယူပြီး ထွက်ပြေးနိုင်ခဲ့၏။

“ဒီတော့”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “မင်းမြင်ခဲ့တဲ့ ပုံပန်းသွင်ပြင်က ကြေးအိုးပေါ်မှာရှိတဲ့ ပုံပန်းသွင်ပြင်နဲ့ တူတူဖြစ်နေတာလား”

“ဟုတ်ပါတယ်”

ဟယ်ဝူတီသည် ခေါင်းညိတ်ကာ ပြောလိုက်၏။ “သေသေချာချာ မကြည့်ဘူးဆိုရင် သတိရမိမှာ မဟုတ်ဘူး”

သိုင်းကျင့်ကြံသူများ၏ မှတ်ဉာဏ်သည် အလွန် အားကောင်းလွန်းလှ၏။ တစ်ခါမြင်ဖူးသည်နှင့် မေ့ပျောက်သွားလိမ့်မည် မဟုတ်ချေ။

မနေ့တုန်းက ဟယ်ဝူတီသည် ကြေးဆေးအိုးကြီးကို လေ့လာလျက် ရှိနေစဉ်မှာပဲ သင်္ချိုင်းထဲတွင် ရှိနေသည့် မျဉ်းကြောင်းများနှင့် တူညီနေကြောင်း သတိရလိုက်မိ၏။ တကယ်တမ်းမှာတော့ ထိုအရာနှစ်ခုသည် ကျိန်းသေ တူညီသည့် အရာမျိုး မဟုတ်ချေ။ အနည်းငယ် ကွာခြားချက်တော့ ရှိနေ၏။ ထိုအရာသည် တစ်စုံတစ်ခုကို ဖွင့်လှစ်ရန် လိုအပ်သည့် မျဉ်းကြောင်းများ ဖြစ်ပုံပေါ်သည်။

အတွေးတစ်ချက်နှင့်ပင် ဟယ်ဝူတီသည် ထိုမျဉ်းကြောင်းများပေါ် လက်ကိုတင်ကာဖြင့် ရှုပ်ထွေးလှသည့် မျဉ်းကြောင်းများအတိုင်း လိုက်လံကာ ဆွဲယူခဲ့၏။ နောက်ဆုံးမှာတော့ သူ၏ ခန့်မှန်းချက် မှန်ကန်ခဲ့သည်။

ဟယ်ဝူတီသည် မူရင်းအရာတစ်ခုကို မြင်ခဲ့ဖူးသည်ဖြစ်သောကြောင့် ထိုအရာကို မည်ကဲ့သို့ စီစဉ်ရမည်ဖြစ်ကြောင်း လွယ်လွယ်ကူကူ သိရှိခဲ့၏။ ဟုတ်ပေသည်။ ကြေးဆေးအိုးတွင် ရှိနေသော မျဉ်းကြောင်းပုံရိပ်ယောင်များသည် အမှန်ပင် ရှုပ်ထွေးလွန်းလှ၏။ မူလအရာဝတ္ထုနှင့် နှိုင်းယှဉ်မှု မပြုလုပ်နိုင်သည်ဆိုပါက ထိုအရာကို သိရှိလိမ့်မည် မဟုတ်ချေ။

“ဪ ဒီလိုဖြစ်သွားတာကိုး”

ကျွင်းချောင်ရှောင်းက နားလည်သွားမိ၏။ သူ့တပည့်၏ ကံသည် ကောင်းကင်က ငြင်းပယ်ရသည့်အရာ မဟုတ်ချေ။ အဖြေမှန်ကို အစောကြီးကတည်းက သိရှိထားခဲ့သောကြောင့်ပင်။

“နေအုံး”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “မင်းပြောခဲ့တာ သင်္ချိုင်းကြီး၊ အဲတာက စီနီယာသက်တန့်ရောင် သူတော်စင်က သေဆုံးသွားခဲ့ပြီလား”

“အင်း… သူသေဆုံးသွားခဲ့တာလည်း ဖြစ်နိုင်တယ်”

“ဘယ်လိုဖြစ်နိုင်မှာလဲ။”

“စီနီယာသူတော်စင်က တကယ့်ကို ဒဏ္ဍာရီလာ ပုဂ္ဂိုလ်တစ်ပါးပဲ။ အန္တိမကုန်းမြေတိုက်ကြီးမှာ ရှိတဲ့ ဘယ်သူကမှ သူ့ရဲ့ အစစ်အမှန် မျက်နှာကို မမြင်ဖူးဘူး။ သူက သက်တန့်ရောင်စဉ်ကျမ်းကို တစ်စစီဖြစ်အောင် လုပ်ပြီး သင်္ချိုင်းထဲမှာ ဖွက်ထားတာပဲသိတာ။ သူ သေလား၊ ရှင်လားကို ဘယ်သူမှတောင် မသိဘူး”

“………..”

ကျွင်းချောင်ရှောင်းသည် တိတ်ဆိတ်ငြိမ်သက်သွား၏။ သင်္ချိုင်းတစ်ခု ရှိနေသည်ဆိုမှာတော့ အဘယ်ကြောင့် အသက်ရှင်နေတော့မည်နည်း။

တစ်ခုတော့ရှိ၏။ အဆင့်မြင့် သိုင်းကျင့်ကြံခြင်း လောကတွင် အထူးသဖြင့် ထိပ်တန်း ကျွမ်းကျင်သူများသည် ဆန်းကြယ်သည့်အရာများကို ပြုလုပ်တတ်၏။ ၎င်းတို့အားလုံးသည် သင်္ချိုင်းအတုများကို တည်ဆောက်ပြီး သိုင်းပညာအရင်းအမြစ်များကို ထိုအထဲတွင် ပစ်ထည့်ကာ အမွေအနှစ်များအား ကံကြမ္မာရေစက် ရှိသူအတွက် ချန်ထားလေ့ရှိ၏။

သေဆုံးသွားသည်ဟု တွေးထင်ထားသည့်အချိန်တွင် အသက်ရှင်လျက် ရှိနေသေး၏။ သို့ပေမဲ့ အသက်ရှင်လျက် ရှိနေသည်ဟု တွေးထင်ထားသော်လည်း သေဆုံးနှင့်နေသည့် အခြေအနေမျိုးလည်း ရှိလာနိုင်သည်။

အတိုချုပ်အားဖြင့် အလွန်အဆင့်မြင့်သည်ဟု ကိုယ့်ကိုယ်ကိုယ် သတ်မှတ်ထားသော ကျွမ်းကျင်သူများသည် ၎င်းတို့၏ ဂုဏ်သိက္ခာကို ပိုမိုကြီးကျယ်မြင့်မြတ်စေရန် ဤကဲ့သို့ ဆန်းကြယ်လှသော အရာများ ပြုလုပ်တတ်၏။

ဥပမာအားဖြင့် ကျွင်းချောင်ရှောင်းပင်။

ဘာမှလုပ်စရာ မရှိသည့် အချိန်မျိုးတွင် သင်္ချိုင်းဂူပေါင်းတစ်ထောင်ကျော်ကို တည်ဆောက်ပြီး အရင်းအမြစ်များကို အနာဂတ်မျိုးဆက်များအတွက် ထားရှိရန်ပင် စဉ်းစားထားသည်။

“ဟမ့်”

စနစ်က စောဒကတက်လိုက်သည်။ “ဒီသောက်ပေါက တစ်မျိုး”

“ဒီမှာ ပြဿနာရှိတယ်”

ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ “ဒီကြေးဆေးအိုးကြီးက စီနီယာသက်တန့်ရောင် သူတော်စင် ချန်ခဲ့တာ။ အန္တိမကုန်းမြေရဲ့ သင်္ချိုင်းထဲမှာလည်း မှန်ကန်တဲ့ မျဉ်းကြောင်း တည်ရှိနေတယ်။ ဒါ ဘာကို ဆိုလိုတာလဲ”

“သူက အားလုံးသောသူတွေ ဒီအရာကို မသိရှိစေချင်ဘူး” စနစ်က ပြောလိုက်သည်။

ကြေးဆေးအိုးပေါ်တွင်ရှိနေသောမျဉ်းကြောင်း ပုံရိပ်ယောင်များသည် ရှုပ်ထွေးလွန်းလှပြီး အစီအစဉ် မကျနလှချေ။ ကျိန်းသေပေါက် ထိုအရာကို ကံကောင်းရုံသက်သက်ဖြင့် ဖြေရှင်းနိုင်လိမ့်မည် မဟုတ်ချေ။

ဘယ်သူမှ မဖြေရှင်းနိုင်ဘူး ဆိုမှတော့ အဘယ်ကြောင့် အထက်စကြဝဠာထဲတွင် ထားခဲ့ရသနည်း။ အဘယ်ကြောင့် ရေစက်ပါသည့် တစ်စုံတစ်ယောက်ကို စောင့်မျှော်နေရသနည်း။

ဖြစ်နိုင်သည်မှာ… ကျွင်းချောင်ရှောင်းသည် ရုတ်တရက် တစ်စုံတစ်ခုကို တွေးတောလိုက်မိ၏။ ထို့ကြောင့် သူသည် အံ့အားသင့်စွာဖြင့်‌ ပြောလိုက်သည်။ “ကြေးဆေးအိုးကြီးနဲ့ သင်္ချိုင်းထဲမှာ ရှိနေတဲ့ မျဉ်းကြောင်းတွေ အကုန်လုံးက အစကနေအဆုံးအထိ ဝူတီအတွက် ပြင်ဆင်ပေးထားတာလား”

“ဒါက” ဟယ်ဝူတီသည် အနည်းငယ် ဇဝေဇဝါ ဖြစ်သွားမိ၏။ အထက်စကြဝဠာကြီးထဲတွင် ကြေးဆေးအိုးကြီးရှိ၏။ မှန်ကန်သည့် မျဉ်းကြောင်းထားသိုမှု ပုံစံသည် အန္တိမကုန်းမြေတိုက်တွင်ရှိသည်။ ထိုနှစ်ခုသည် မတူညီသည့် တည်နေရာတွင် ရှိသည့်အရာဖြစ်၏။ တစ်ချိန်တည်းမှာပဲ ထိုအရာကို သိရှိရန်ဆိုသည်မှာ မဖြစ်နိုင်ချေ။ သို့ပေမဲ ဟယ်ဝူတီသည် ရှေးသင်္ချိုင်းထဲသို့ ဝင်ခဲ့ပြီး မှန်ကန်သည့် မျဉ်းကြောင်းပုံစံကိုလည်း သိရှိခဲ့၏။ အဆုံးသတ်မှာတော့ သူသည် နှစ်ခုလုံးကို ရယူနိုင်သည့်လူ ဖြစ်လာခဲ့၏။

“အဲလောက်တိုက်ဆိုင်တာလား”

“မဟုတ်ဘူး”

ဟယ်ဝူတီသည် တိကျခိုင်မာစွာ ပြောလိုက်သည်။ “ဒါ တိုက်ဆိုင်တာ မဟုတ်ဘူး။ ကျုပ် အောက်နယ်မြေကို ရောက်လာပြီး ပြိုင်စံရှားဂိုဏ်းထဲကို ဝင်ရတယ်ဆိုတာ စီနီယာသက်တန့်ရောင် သူတော်စင် ဖန်တီးထားတာပဲ ဖြစ်လိမ့်မယ်”

သူ၏ စိတ်ကူးပင်လယ်ထဲတွင် ပုံပြင်တစ်ပုဒ်က ဖြစ်တည်လို့ လာခဲ့ တော့၏။ အဆုံးသတ်မှာတော့ သူသည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ကာ တွေးလိုက်၏။ “စီနီယာသက်တန့်ရောင်သူတော်စင်က ဒီလိုစီစဉ်ထားတယ်ဆိုမှတော့ သူ့ကို စိတ်ဓာတ်မကျစေရဘူး။ အကောင်းဆုံး ကြိုးစားပြီး ဂိုဏ်းချုပ်နဲ့ ဂိုဏ်းကို ထောက်ပံ့ပေးရမယ်”

All Chapters