← Chapters

အခန်း ၁၈၈၈

Vol. 127 Ch. 1888

အခန်း ၁၈၈၈

Vol. 127 Ch. 1888

အပိုင်း (၁၈၈၈)

ကြေးဆေးအိုးကြီးသည် စီနီယာသက်တန့်ရောင်သူတော်စင် ချန်ခဲ့သည့်အရာဖြစ်ပြီး အန္တိမကုန်းမြေတွင် ထိုအရာကို ဖြေနိုင်ရန်အတွက် မှန်ကန်သည့်မျဉ်းကြောင်းကို ထားရှိထား၏။ ကြည့်ရသည်မှာ အထက်စကြဝဠာထဲမှ လူများ အနေနှင့် ထိုအရာကို ဖြေရှင်းရန် မဖြစ်နိုင်ချေ။ ဤနေရာတွင် အဓိက အကြောင်းအရာ တည်ရှိလို့နေ၏။ အန္တိမ ကုန်းမြေတိုက်မှ လူများသည် ဘာအတွက် ဤနေရာသို့ ရောက်ရှိလာရမည်နည်း။

အထက်စကြဝဠာတွင်ရှိသော သိုင်းကျင့်ကြံသူများသည် အောက်စကြဝဠာရှိ တည်နေရာဆီသို့ မည်သူက လာချင်မည်နည်း။ ထိုနည်းတူစွာပင် အန္တိမကုန်းမြေတွင်ရှိသော လူများသည် အထက်စကြဝဠာဆီသို့ အဘယ်ကြောင့် လာချင်မည်နည်း။

ဟယ်ဝူတီသည် ဤတည်နေရာသို့ ကံမကောင်းစွာဖြင့်‌ ရောက်ရှိလာခဲ့ရသူတစ်ယောက်ဖြစ်၏။ ထို့အပြင် သူသည် ကြေးဆေးအိုးကြီးကို ရရှိခဲ့ပြီးသည့်နောက် ၎င်း၏ ဆန်းကြယ်မှုများကို ဖြေရှင်းနိုင်ခဲ့သည်။ ဟယ်ဝူတီ တစ်ယောက် အတွေးများနေသည်ကို အပြစ်မတင်သင့်ချေ။ သေသေချာချာ စဉ်းစားရမည်ဆိုလျှင် ထိုအရာသည်လည်း အစစ်အမှန် ဖြစ်လို့နေခဲ့၏။ သို့ပေမဲ့ စီနီယာသက်တန့်ရောင်စဉ်နှင့် ပတ်သက်သော ဆန်းကြယ်မှုများသည် သူ၏ အတွေးသက်သက်သာဖြစ်၏။ အစစ်အမှန်ကို ကောင်းကင်ကြီးကသာလျှင် သိရှိပေလိမ့်မည်။

ကျွင်းချောင်ရှောင်းအနေဖြင့် ထိုအကြောင်းအရာနှင့်ပတ်သက်၍ သေသေချာချာ စဉ်းစားခြင်းမရှိပေ။ လက်ရှိ အခြေအနေတွင် ဤကြေးဆေးအိုးကြီးတွင် ရှိနေသည့် ဆန်းကြယ်မှုများကို ဖြေရှင်းပြီးသည့်‌နောက် မည်ကဲ့သို့သော အကျိုးကျေးဇူးများ ရရှိမည်နည်း ဆိုသည်ကို တွေးတောနေမိ၏။

“ဝူတီ”

ကျွင်းချောင်ရှောင်းက အမိန့်ပေးလိုက်သည်။ “ကြေးဆေးအိုးကြီးကို ထပ်ပြီးဖြေရှင်းလိုက်၊ ကျမ်းစာကို အသက်သွင်းလို့ရလား ကြည့်ရအောင်”

“ကောင်းပါပြီ”

ဟယ်ဝူတီသည် သိုင်းလေ့ကျင့်ရေး ကွင်းပြင်ဆီသို့ လှမ်းလျှောက်သွားပြီးသည့်နောက် ကြေးဆေးအိုး ပေါ်သို့ လက်တင်လိုက်၏။ ပြီးနောက် သူသည် ကြေးဆေးအိုးကြီး အနားသို့ကပ်ကာ မျက်လုံးကို မှိတ်လိုက်၏။ သူ၏ သိစိတ်ပင်လယ်ထဲတွင် ရှိနေသည့် မျဉ်းကြောင်းပုံစံများကို နောက်တစ်ကြိမ် စဉ်းစားပြီးသည့်နောက် ကျွမ်းကျင်သူခိုး တစ်ယောက် မီးခံသေတ္တာအား ဖွင့်နေသကဲ့သို့ပင် ကြိုးစားလျက် ရှိနေလေ၏။

ဒွီ ဒွီ

ဖောက်

နောက်ဆုံးတော့ ထိုအရာသည် အသက်ဝင်သွားခဲ့သည်။ အားလုံးတို့သည် မျက်လုံးအပြူးသားနှင့် စူးစိုက်ကြည့် နေကြ၏။ မှော်ကျမ်းစာကြီး‌ ပေါ်လာမည်ကို အားလုံးက စောင့်ကြည့်နေကြ၏။ သူတို့၏ဝိညာဉ်သည် အန္တိမလမ်းစဉ် နှင့် နီးကပ်သည့် တည်နေရာဆီသို့ ရောက်ရှိသွားမည်ဟု အားလုံးက ထင်မှတ်ထားခဲ့ကြ၏။ သို့ပေမဲ့ အဆုံးသတ်မှာ တော့ ဘာမှဖြစ်မလာခဲ့ချေ။

“ထူးဆန်းလိုက်တာ”

ဟယ်ဝူတီက ပြောလိုက်၏။ “ဘာလို့ ပေါ်မလာတာလဲ”

သူသည် မနေ့တုန်းကအတိုင်း ထိုအရာကြီး၏ မျဉ်းကြောင်းပုံစံများကို စီစဉ်ခဲ့ခြင်းဖြစ်၏။ ကြေးဆေးအိုးကြီးကို အောင်အောင်မြင်မြင်ဖြင့် အသက်သွင်းလိုက်နိုင်သည်ဆိုသော်လည်း ကျမ်းစာသည် ပေါ်မလာခဲ့ချေ။

“ကြည့်ရတာ”

ကျန့်ကွေ့ရှုသည် မေးစေ့ကို ပွတ်သပ်ကာ ပြောလိုက်သည်။ “တစ်ကြိမ်ပဲ အသက်သွင်းလို့ ရတာနဲ့ တူတယ်”

“...........”

ဟယ်ဝူတီ၏ အမူအရာသည် ရုတ်တရက် ပြိုလဲသွားခဲ့၏။ မနေ့ကလေးတင် အန္တိမကုန်းမြေဆီသို့ပြန်ရန် တစ်ကြိမ်သာ အခွင့်အရေး ရမည်ဆိုလျှင်တောင်မှ နောင်တရခြင်းမရှိဘဲ ဂိုဏ်းထဲ၌ နေထိုင်မည်ဟု ကြွေးကြော်ခဲ့ သေး၏။ သို့ပေမဲ့ အစစ်အမှန် ထိုကဲ့သို့ ဖြစ်လာသည့်အချိန်မှာတော့ သူသည် နှလုံးသားထဲ၌ နာကျင်လျက် ရှိနေ၏။

ကုန်းရှန့်သည်လည်း နာကျင်နေသည်။ သူသည် ဤပြိုင်ပွဲတွင် ဗိုလ်စွဲနိုင်ရန်အတွက် တပည့်ပေါင်းများစွာကို ခေါ်လာခဲ့ရပြီး အချိန်အများကြီးလည်း ကုန်ဆုံးခဲ့ရသည်။ သူသည် မျှော်လင့်ထားသည့်အတိုင်း ကြေးဆေးအိုးကြီးကို ရရှိခဲ့သည်ဆိုသော်လည်း တစ်ခါသုံးပစ္စည်းမျိုးသာ ဖြစ်လို့နေခဲ့၏။ ကျိန်းသေပေါက် ဆုံးရှုံးမှုဖြစ်သည်။

“တစ်စုံတစ်ခုက မှားယွင်းနေပြီ”

ရုတ်တရက် ကျွင်းချောင်ရှောင်း၏ မျက်လုံးများသည် လင်းလက်သွား၏။ “အန္တိမ လမ်းစဉ်ရဲ့ တည်နေရာကို အနည်းဆုံး ငါတို့ သိလိုက်ရတာပဲ”

လွန်ခဲ့သည့်ည သူ၏ ဝိညာဉ် ကျမ်းစာလိပ်ထဲသို့ ဝင်ရောက်သည့်အချိန်က ပတ်ဝန်းကျင်တစ်ခုလုံးသည် အစစ်အမှန်ကဲ့သို့ ခံစားခဲ့ရ၏။ သူ့အနေနှင့် လမ်းစဉ်ထဲ ဝင်ရောက်ခွင့်မရဘူး ဆိုသော်လည်း ထိုလမ်းစဉ်ကို ရှာဖွေတွေ့ရှိခဲ့သည်။

“ငါ့ကို စုတ်တံတစ်ခုပေး”

ရွှီး

လီချင်းယန်သည် စုတ်တံတစ်ခုကို လှမ်းကာ ပေးလိုက်၏။

ဆွစ် ဆွစ်

ကျွင်းချောင်ရှောင်းသည် စုတ်တံကို ကိုင်ကာဖြင့် စာရွက်ပေါ်တွင် အသာရေးဆွဲချလိုက်၏။ ပြီးနောက် သူသည် မနေ့က မှတ်မိခဲ့သည့် လမ်းများကို ပြန်လည်ကာ ရေးဆွဲတော့သည်။

သို့ပေမဲ့ သူရေးဆွဲပြီးချိန်မှာပဲ လီချင်းယန်သည် ရောက်ရှိလာကာ မေးလိုက်၏။ “ဂိုဏ်းချုပ်.. ဘာတွေဆွဲနေတာလဲ”

“မြေပုံလေ”

လီချင်းယန်၏ နှုတ်ခမ်းများသည် တုန်ယင်သွားခဲ့၏။ ယုစီနန်နှင့် တခြားသော အထက်ပိုင်း အကြီးအကဲများ အားလုံးသည် စုဝေးရောက်ရှိလာခဲ့ပြီး စားပွဲပေါ်တွင် ရှိနေသည့် စာရွက်ကို ကြည့်ရှုလိုက်သည်။ သို့ပေမဲ့ သူတို့သည် ဇဝေဇဝါ ဖြစ်လို့နေသည်။

ကျွင်းချောင်ရှောင်း၏ အမြင်အရဆိုလျှင် အလွန်သပ်ရပ်လှသော မြေပုံတစ်ခုဖြစ်၏။ အရမ်းကြီး မကြီးမားသော်လည်း တောင်များ၊ မြစ်များ၊ တောများ ပါဝင်လျက်ရှိနေသည်။ သို့ပေမဲ့ ယုစီနန်နှင့် တခြားသောသူများ၏ အမြင်အရဆိုလျှင် စာရွက်ပေါ်တွင် ဘာမှ မရှိချေ။

“ချီးတဲ့မှ”

ကျွင်းချောင်ရှောင်းသည် ထိုအရာကို ကောက်ယူကာ ပြောလိုက်၏။ “ငါ သေသေချာချာ ဆွဲခဲ့တာပါ”

“ဂိုဏ်းချုပ်.. ဒီမှာ ဘာမှ မပေါ်တဲ့ဟာကို”

အထက်ပိုင်းအကြီးအကဲများနှင့် တပည့်များသည် ပြိုင်တူပဲ စောဒက တက်လိုက်ကြသည်။

...........

ဟုတ်ပေ၏။ ကျွင်းချောင်ရှောင်းသည် မယုံကြည်ခဲ့ချေ။ ထို့ကြောင့် သူသည် ထပ်တလဲလဲ ပြန်လည်ကာ ရေးသားနေ ခဲ့၏။ နှင်းဆီဧကရီ ရောက်ရှိလာပြီး တားမြစ်သည်အထိပင် သူသည် တကုတ်ကုတ်နှင့် ရေးသားလျက် ရှိနေ၏။

ဟယ်ဝူတီသည် ထိုအရာကို မြင်ရ၏။ သို့ပေမဲ့ လက်ရှိအခြေအနေမှာတော့ သူ၏ ထင်မြင်မှုကို ထုတ်ဖော်မပြောဆို ခဲ့ချေ။ ထိုအစား စိတ်ထဲမှာသာ ရေရွတ်နေမိသည်။ “ကြည့်ရတာ သိစိတ်ပင်လယ်ထဲမှာ ရှိတဲ့ အန္တိမလမ်းစဉ် ရဲ့ ပုံက ကျမ်းစာထဲကို ဝင်ပြီးတဲ့သူတွေပဲ မြင်ရတဲ့ အရာများ ဖြစ်နေတာလား”

တစ်စုံတစ်ခုသည် ထပ်မံကာ မှားယွင်းခဲ့၏။ ကျန့်ကွေ့ရှုနှင့် ကုထျန်းရှင်းတို့သည်လည်း ဝင်ခွင့်ရ၏။ လက်ရှိ အခြေအနေမှာတော့ ထိုနှစ်ယောက်သည် စာရွက်ပေါ်တွင်ရှိနေသည့် ပုံရိပ်ယောင်များကို မမြင်ခဲ့ရချေ။ ထို့အပြင် သူတို့သည် မနေ့ညက ဘာတွေမြင်ခဲ့ရသည်ဆိုသည်ကို ပြန်လည်စဉ်းစား၍ မရနိုင်ခဲ့ကြချေ။ အထဲသို့ ဝင်ခဲ့သည်ကိုပင် သေသေချာချာ မမှတ်မိခဲ့သလို ဖြစ်လို့နေ၏။ အတိတ်မေ့ရောဂါသည်များကဲ့သို့ပင်။

...............

ဘုတ်

ကျွင်းချောင်ရှောင်းသည် သာမန်မဟုတ်သော ပုံပန်းသွင်ပြင်မျိုးဖြင့် ထိုင်ချလိုက်၏။ သူသည် အန္တိမလမ်းစဉ်ဆီသို့ သွားရာလမ်းကို သေသေချာချာ ရေးဆွဲခဲ့၏။ တပည့်တစ်ယောက်ချင်းစီကို မိတ္တူပေးရန်ပင် ကြိုးစားခဲ့သည်။ အနာဂတ် သူတို့ စကြဝဠာကြီးထဲသို့ ခရီးသွားလာသည့်အရာတွင် တစ်စုံတစ်ခုကို အမှတ်မထင်ဖြင့်‌ ရှာဖွေ တွေ့ရှိနိုင်စွမ်း ရှိပေလိမ့်မည်။ လက်ရှိအချိန်မှာတော့ အခွင့်အရေး မရှိသေးချေ။

“ဂိုဏ်းချုပ်”

ဟယ်ဝူတီသည် အထဲသို့ လျှောက်ဝင်လာကာဖြင့် ခန့်မှန်းလိုက်မိသည်။ “စီနီယာ သက်တန့်ရောင် သူတော်စင်က သာမန်ထက်ပိုတဲ့ စွမ်းအင်တွေနဲ့ ချမှတ်ထားတာ ဖြစ်ဖို့များတယ်။ ဒီကျမ်းစာထဲကို ဝိညာဉ်အဖြစ် ဝင်ဖူးတဲ့လူတွေမှသာ မြေပုံပေါ်မှာပါတဲ့ အရာတွေကို မှတ်မိနိုင်တယ်။ အပြင်လူတွေ ဒါကို သိခွင့်မရှိဘူး”

“အထက်စကြဝဠာနယ်မြေကြီးက အရမ်းကို ကြီးမားတယ်လေ”

ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ “မင်းနဲ့ငါ နှစ်ယောက်တည်း ဘယ်လိုသွားရှာကြမလဲ”

“အင်း.. အဲလိုပဲ”

ဟယ်ဝူတီသည် လေးလေးနက်နက် အမူအရာဖြင့် ပြောလိုက်၏။ “စီနီယာ သက်တန့်ရောင် သူတော်စင်က ကြေးဆေးအိုးကြီးနဲ့ ဒီအရာကို ဖြေရှင်းဖို့အတွက် မျဉ်းကြောင်းကို သေသေချာချာ ထားခဲ့တယ် ဆိုမှတော့ အမှန်တကယ် ရည်ရွယ်ချက် တစ်ခုခု ရှိရမယ်။ ကျုပ်တို့ လုပ်နိုင်တာက သေသေချာချာ စောင့်ပြီးကြည့်ဖို့ပဲ။ မဝေးတော့တဲ့ အနာဂတ်မှာ တစ်ခုခု ပေါ်လာနိုင်တယ်”

“ဒါ အဓိပ္ပာယ်ရှိတယ်” ကျွင်းချောင်ရှောင်းသည် စိတ်သက်သာရာ ရသလို ပြောလိုက်မိသည်။

ဟယ်ဝူတီက ပြောလိုက်သည်။ “ဂိုဏ်းက ကြေးဆေးအိုးကြီးထဲမှာရှိတဲ့ လျှို့ဝှက်ချက်ကို ရှာဖွေတွေ့ရှိခဲ့ပြီဆိုတော့ ဒါကြီးကို အရေဖျော်ပစ်လိုက်မယ်ဆိုရင်”

“ဒါက အရေဖျော်ပစ်လို့ရတဲ့ သာမန်ပစ္စည်း ဟုတ်လို့လား” ကျွင်းချောင်ရှောင်းက ပြန်မေးလိုက်၏။

“ပစ္စည်းတစ်ခုရဲ့ တန်ကြေးဆိုတာ ပစ္စည်းပေါ်မှာ မရှိဘူးလေ။ ပြုလုပ်တဲ့လူအပေါ်မှာ မူတည်တာ မဟုတ်လား” ဟယ်ဝူတီက ပြောလိုက်သည်။

ကျွင်းချောင်ရှောင်းသည် ထိုအရာကို ကြားသည့်အချိန်မှာတော့ ချက်ချင်းပဲ နားလည်သွားမိ၏။ ကြေးဆေးအိုးကြီး၏ ပစ္စည်းသည် သာမန်သာဖြစ်၏။ မည်သည့်ဂြိုဟ်ကမဆို တူညီသည့်ပစ္စည်းနှင့် ထပ်မံပြုလုပ်၍ ရနိုင်၏။ သာမန်ပစ္စည်း မျိုးပင်။ သို့ပေမဲ့ စီနီယာ သက်တန့်ရောင်သူတော်စင် ဖန်တီးထားသည်ဖြစ်သောကြောင့် တန်ဖိုးကြီးသွားခဲ့ခြင်းပင်။

“လက်ခံသူအနေနဲ့ အထက်နယ်မြေမှာ ဆန်းကြယ်လွန်းတဲ့ ကျွမ်းကျင်သူတစ်ယောက် ဖြစ်လာခဲ့ပြီဆိုတော့ ကိုယ့်ရဲ့ ချေးကုန်းစက္ကူကို တန်ဖိုးကြီးရတနာတစ်ပါးအဖြစ် တခြားလောကတွေဆီ ပို့လွှတ်ဖို့ အကြံအစည် ရှိသေးလား” စနစ်က ဝင်ရောက်ကာ ဟာသလုပ်လိုက်၏။

“ကောင်းပြီ”

ကျွင်းချောင်ရှောင်းသည် ရုတ်တရက် မတ်တပ်ထရပ်ကာ ပြောလိုက်သည် “ဒါကြီးကို ဟောခန်းသခင်ဖန်း ဆီကို ပို့ပြီးတော့ အရည်ကျိုကြည့်ရအောင်”

“ကောင်းပြီ”

ဟယ်ဝူတီသည် ချက်ချင်းပဲ အဓိကဟောခန်းထဲမှ လျှောက်ထွက်သွား၏။ သို့ပေမဲ့ သိုင်းလေ့ကျင့်ခြင်း ကွင်းပြင်ဆီသို့ ကြည့်လိုက်သည့်အချိန်မှတော့ ကြေးဆေးအိုးကြီး မရှိတော့ကြောင်းကို သူက ရှာဖွေတွေ့ရှိလိုက်သည်။ “ကြေးဆေးအိုးကြီး ဘယ်ရောက်သွားလဲ”

အဘယ်ကြောင့် မရှိတော့သနည်း။ ဟယ်ဝူတီသည် ရုတ်တရက် အံ့အားသင့်သွား၏။ အထဲတွင် ရှိနေသည့် နက်နဲလှ သည့်အခြေအနေများကို အဖြေရှာခဲ့ပြီးသည့်နောက် ကြေးဆေးအိုးကြီးသည် အချိန်အတိုင်းအတာအတွင်း ပြန်လည်ကာ ပျောက်ကွယ်သွားခဲ့လေသည်လား။

“ဂျူနီယာညီလေးဟယ်”

ထိုအချိန်မှာပဲ လီချင်းယန်သည် အသာဖြတ်လျှောက်လာကာ ပြောလိုက်၏။ “ဂျူနီယာ ညီမလေးလျှိုက ဒီကြေးအိုးကြီးက တန်ဖိုးမရှိတော့ဘူးလို့ ကြားတယ်။ ဒါကြောင့် သူ့ဆီကို သယ်ခဲ့ဖို့ ပြောလိုက်တာ။ အိုးအနေနဲ့ အသုံးပြုချင်လို့နဲ့တူတယ်”

“ပေါက်ကရတွေ”

ဟယ်ဝူတီသည် တည်ကြည်လေးနက်သည့် အမူအရာဖြင့် ပြောလိုက်သည်။ “ဒါ စီနီယာ သက်တန့်ရောင် သူတော်စင် ဖန်တီးထားတဲ့ ကြေးဆေးအိုးလေ။ မူလအဓိပ္ပာယ် မရှိတော့ဘူးဆိုရင်တောင်မှ လက်နက်သွန်းလုပ်ဖို့ ဒါမှမဟုတ် အသုံးအဆောင်ပစ္စည်းတွေ သွန်းလုပ်ဖို့အတွက် အသုံးပြုရမယ်။ ဘယ်လိုလုပ်ပြီး ဟင်းချက်လို့ရမလဲ”

ပြောပြီးသည့်နောက် သူသည် အလောတကြီးဖြင့် လိုက်ပါသွားခဲ့၏။

ထင်မှတ်ထားသည့်အတိုင်းပင် အတွင်းခြံဝန်းထဲရှိ မီးဖိုချောင်ထဲသို့ ဝင်လိုက်သည့်အချိန်မှာတော့ ကြေးဆေးအိုးကြီး အား ကျယ်ဝန်းလှသော တည်နေရာတွင် ထားရှိထားကြောင်း မြင်လိုက်ရ၏။ အောက်တွင် ထင်းများရှိနေပြီး ထင်းများသည် မီးများတောက်လျက်ရှိ၏။ ကျိန်းသေပေါက် ဟင်းချက်အိုးကြီးတစ်ခုအဖြစ် အသုံးပြုလျက် ရှိနေခြင်းပင်။ ဤအိုးကြီးသည် အလွန်ပင် ကြီးမား၏။ ထမင်းသာ ထည့်၍ ချက်လိုက်မည်ဆိုလျှင် လူတစ်သောင်းလောက် အေးအေးဆေးဆေး စားသုံး၍ ရနိုင်သည်။

“.............”

ဟယ်ဝူတီသည် ရင်ဘတ်ကို ဆုပ်ကိုင်ထားမိသည်။ သူ၏ မျက်နှာပေါ်တွင် နာကျင်နေသည့် အမူအရာများ ဖြစ်တည်လာခဲ့သည်။ ဤအရာသည် စီနီယာ သက်တန့်ရောင်သူတော်စင် ဖန်တီးထားသည့် ကြေးဆေးအိုးကြီး ဖြစ်၏။ ယခု ထမင်းချက်လို့ နေသည်။ သောက်ကျိုးနည်းလှချေသည်တကား။

“ဟောခန်းသခင်လျှို” ဟယ်ဝူတီက အော်ဟစ်လိုက်၏။

ပြီးနောက် မြင်ကွင်းသည် ပြောင်းလဲသွားသည်။ သူသည် ကြေးအိုးနားတွင် ထိုင်လျက်ရှိနေပြီး တူကို ယူကာ အရသာရှိအောင် ချက်ပြုတ်ထားသော လတ်ဆတ်သည့် ထမင်းများကို စားသုံးလျက်ရှိနေသည်။ ပြီးနောက် မျက်လုံးများကိုမှိတ်ကာ ပြောလိုက်သည်။ “အရသာရှိလိုက်တာ”

ကြေးအိုးထဲမှာပေါင်းထားသော ထမင်းသည် တကယ်ပင် စားလို့ကောင်းလွန်းလှ၏။ စားသောက်ခန်းထဲသို့ ရောက်ရှိ လာသော တပည့်များသည် ထမင်းအနည်းငယ်ကို စားသောက်ပြီးသည့်နောက် သူတို့သည် စားလေ ပိုမိုကာ အားရှိ လာလေဟု ခံစားမိ၏။

ဘန်း ဘန်း

ခဏလောက်ကြာပြီးသည့်နောက် အားလုံး၏ ဆံပင်များသည် ပေါက်ကွဲထွက်သွားပြီး လေထုထဲတွင် အဖြူရောင် အငွေ့များပင် ထွက်လျက်ရှိ၏။ လက်ရှိ အခြေအနေမှာတော့ ထိုထမင်းကို စားလိုက်ရသည့် လူအားလုံးသည် ဝိညာဉ်များ ထိုးဖောက်ကာ ကောင်းကင်ယံထက်သို့ ပျံတက်သွားသကဲ့သို့ပင်။

“ဒါ ဘယ်လိုအခြေအနေလဲ” ကျွင်းချောင်ရှောင်းသည် အလောတကြီးဖြင့် ပျံသန်းရောက်ရှိလာခဲ့ပြီး စားသောက်ခန်း ထဲတွင် ညီညီညာညာ ထိုင်လျက်ရှိနေသည့် တပည့်များကို မြင်လိုက်ရသည်။ ၎င်းတို့၏ ခန္ဓာကိုယ်ဆီမှ အဖြူရောင် အငွေ့များ ထွက်ပေါ်လျက် ရှိသည်။

ပတ်ဝန်းကျင် တစ်ခုလုံးသည် နတ်ဘုံနတ်နန်းကဲ့သို့ပင် အဖြူရောင် အခိုးအငွေ့ များ ဖြစ်တည်လို့နေသည်။ သူသည် ဆွံ့အလို့ နေမိ၏။

All Chapters