အခန်း ၁၈၈၉
Vol. 127 Ch. 1889
အပိုင်း (၁၈၈၉)
ပြိုင်စံရှားဂိုဏ်း၏ စားသောက်ခန်းထဲမှာတော့ လက်ရှိအခြေအနေတွင် တိမ်များမြူများ ရစ်သိုင်းနေခဲ့ပြီး နတ်ဘုံနတ်နန်းကြီးကဲ့သို့ပင်ဖြစ်လို့နေ၏။ ထမင်းကြော်ကို စားသောက်ခဲ့ပြီးဖြစ်သော တပည့်များ၏ ဝိညာဉ်များသည် ဘုံ(၉)ပါးအထက်သို့ လွင့်မျောလျက်ရှိနေ၏။
ပတ်ဝန်းကျင် တည်နေရာကြီး တစ်ခုလုံးသည် ပုံရိပ်ယောင်လိုလို အစစ်အမှန်လိုလို ဖြစ်တည်လို့နေခဲ့၏။ ၎င်းတို့အားလုံးသည် ညီညီညာညာဖြင့် စီတန်းum စားသောက်နေကြခြင်းဖြစ်ပြီး လက်ရှိအခြေအနေမှာတော့ ဘိုးဘေးအိုကြီးသူများကဲ့သို့ပင် ငြိမ်ငြိမ်သက်သက်နှင့် ထိုင်လို့နေခဲ့၏။
ဟူး…..ဟူး………..
အဖြူရောင်အမြူကဲ့သို့သော အရာများသည် ၎င်းတို့၏ ခန္ဓာကိုယ်ကို လွှမ်းခြုံလျက်ရှိနေ၏ ။ တပည့်များ၏ ဝိညာဉ်သည် သန့်စင်ခြင်းခံလိုက်ရလိုက်ရသလိုပင်။
အလျင်အမြန်ဖြင့် ပြေးလာခဲ့သော ကျွင်းချောင်ရှောင်း သည် သူ၏အရှေ့တွင်ရှိသော မြင်ကွင်းကို မြင်ရသည့်အချိန်မှာတော့ ဆွံ့အသွားခဲ့၏။ အစားအစာတစ်နပ်ကို စားသုံးခြင်းသည် အဘယ့်ကြောင့် ကျင့်ကြံခြင်းနှင့် တူညီနေသည် ဟု ခံစားနေရသနည်း။
“ဂိုဏ်းချုပ်”
လျိုဝမ်ရှစ်သည် မီးဖိုးခန်းထဲမှ လျှောက်ထွက်လာပြီးသည့်နောက် သူမ၏လက်ကို ရင်ကာဖြင့် သုတ်ကာ အံ့အားတကြီး ပြောလိုက်၏။ “ဘာတွေဖြစ်ကုန်တာလဲ။”
ကျွင်းချောင်ရှောင်းက မေးလိုက်သည်။ “သူတို့ကို ဘာတွေကျွေးထားတာလဲ။”
သူ၏တပည့်များသည် ရုတ်တရက် ကျင့်ကြံသည့် အခြေအနေသို့ ရောက်ရှိနေကြောင်း သူ သိရှိလိုက်၏။ လျိုဝမ်ရှစ် တစ်ယောက် ကျင့်ကြံခြင်းကို ကူညီပေးနိုင်သည့် အစားအစာ တစ်မျိုးမျိုး သုတေသန ပြုလုပ်ပြီး ချက်ပြုတ်ကျွေးမွေးခဲ့ခြင်း ဖြစ်မည်ဟု တွေးတောခဲ့မိ၏။
လျိုဝမ်ရှစ်က ပြောလိုက်သည်။ “အင်….. အများဆုံးစားနေကြတာ ထမင်းပါပဲ။”
“သေချာလို့လား။”
“သေချာတာပေါ့။”
“……..”
ကျွင်းချောင်ရှောင်းသည် သူ၏မေးစေ့ကို ပွတ်သပ်ကာပြောလိုက်၏။ “ဒါနည်းနည်းထူးဆန်းတယ်။”
သူသည်လည်း ထမင်းကို ရံဖန်ရံခါဆိုသလို စားတတ်၏။ သို့ပေမဲ့ နတ်ဘုံနတ်နန်းကဲ့သို့ ပြောင်းလဲသွားခဲ့သည့် အခြေအနေမျိုးကို တစ်ခါမျှ မမြင်ဖူးခဲ့ချေ။
“ဪ ဟုတ်ပြီ”
လျိုဝမ်ရှစ် သည် သူမ၏ခေါင်းကို ပိတ်ရိုက်ကာပြောလိုက်၏ ။ “ဒီထမင်းက ကြေးဆေးအိုးကြီးနဲ့ ချက်ပြုတ်ထားတာလေ။”
“………”
ကျွင်းချောင်ရှောင်းသည် လဲကျလုမတတ်ပင် ဖြစ်သွားခဲ့သည်။ စီနီယာ သက်တန့်ရောင် သူတော်စင် ဖန်တီးခဲ့သည့် ရတနာဟု အများကသတ်မှတ်ထားသော အရာသည် ထမင်းချက်ပြုတ်ရန် အိုးကြီး တစ်ခု ဖြစ်နေပြီလား။ ဤအရာက ထမင်းချက်ပြုတ်ရန်လုပ်ထားတဲ့ ဆေးအိုးမှမဟုတ်တာ။
စနစ် က ဝင်ပြောလိုက်၏။ “အိုးပါဆို ချက်ရတာပဲမဟုတ်လား”
“ ဟမ်”
ကျွင်းချောင်ရှောင်းသည် ခဏလောက် ကြောင်သွား၏ ။ ပြီးနောက် နားလည်သွားသည်။ “ဟုတ်တယ်။ အိုး …. အိုးဆိုတာ ချက်ဖို့ပဲ မဟုတ်လား”
အိုး ထိုအရာကို ချက်ပြုတ်ရန်အတွက် အမှန်အသုံးပြုရပေလိမ့်မည်။ တစ်စုံတစ်ခုကို ချက်ပြုတ်ရန် ရည်ရွယ်ကာ ပြုလုပ်ထားသည်ဖြစ်သောကြောင့် ထမင်းချက်ပြုတ်သည်ဆိုခြင်းမှာ မမှားချေ။ သူ၏တပည့်များ ကျင့်ကြံခြင်းအခြေအနေသို့ ရောက်ရှိခြင်းမှာ ဤကြေးအိုးကြီး နှင့် သက်ဆိုင်နေသည်လား။
တွေးမိပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် အလောတကြီးနှင့် ပြောလိုက်သည်။ “ငါ့ကို တစ်ပန်းကန်လောက် ပေအုံး …ကောင်မလေး။”
“ကောင်းပါပြီ။” လျိုဝမ်ရှစ်သည် ထမင်းစားပွဲပေါ်သို့ ထမင်းပန်းကန်ကို တင်လိုက်၏။
ကျွင်းချောင်ရှောင်းသည် မြန်မြန်ဆန်ဆန်ဖြင့် စားသုံးလိုက်၏။ သူသည် ဝါးပင်မဝါးချေ။ တစ်ခါတည်း မြိုချလိုက်မိ၏။ ထမင်းသည် အရသာရှိလား မရှိလား ဆိုသည်က အရေးမကြီးချေ။ လက်ရှိအခြေအနေမှာတော့ သူသည် ခန္ဓာကိုယ် တစ်ခုလုံး လန်းဆန်းသွားသလို ခံစားလိုက်မိသည်။
“ကောင်မလေး။ နောက်ထပ် တစ်ပန်းကန်ပေးအုံး။”
ကြေးအိုးထဲတွင် ချက်ပြုတ်ထားသည့် ဆန်များ သည် အမှန်ပင် မွှေးကြိုင်လွန်းလှ၏။ ကျွင်းချောင်ရှောင်း သည် (၄)ပန်းကန်တိတိကို တစ်ခါတည်း စားခဲ့၏။
ဒွီ……..
ရုတ်တရက် သူ၏ အသိစိတ်တစ်ခုလုံးသည် လှုပ်ခါသွားသည်။
ဟူး……
ကျွင်းချောင်ရှောင်း၏ ခန္ဓာကိုယ်၌ အဖြူရောင် ပိုးမျှင်များ လွှမ်းခြုံလာခဲ့၏။ သူဘေးတွင် ရှိနေသော တပည့်များကဲ့သို့ပင် သူသည် တည်နေရာတွင် ငြိမ်ငြိမ်သက်သက်ဖြင့် ထိုင်ချလိုက်၏။ သူ၏ ဝိညာဉ်သည် ဘုံ(၉)ပါးသို့ မြှင့်တက်သွားခဲ့သလိုပင်။ သူသည် တိမ်များကို စီးနင်းနေသလို ခံစားနေရ၏။ သိစိတ် တစ်ခုလုံးသည် လေထဲတွင် လွင့်မြောလျက်ရှိနေ၏။ အစစ်အမှန်ပင် ကောင်းမွန်လွန်းလှ၏။
“ဂိုဏ်းချုပ်”
လျိုဝမ်ရှစ် က အော်ဟစ်လိုက်သည်။ “အဆင်ပြေရဲ့လား။”
ကျွင်းချောင်ရှောင်းသည် ပြန်မဖြေခဲ့ချေ။ အဘယ့်ကြောင့်ဆိုသော် သူ၏ဝိညာဉ်သည် ပုံရိပ်ယောင် တည်နေရာနှင့် ပေါင်းစပ်လျက်ရှိနေသောကြောင့်ပင်။ သူ၏ဘေးတည်နေရာတွင်ရှိနေသော တပည့်များသည် ခြေချိတ်ကာ ထိုင်လျက်ရှိနေကြ၏။
…….…………
အားလုံးတို့၏ နားထဲသို့ ခြင်အော်သံကဲ့သို့ အသံတစ်ခုသည် ဝင်ရောက်နေသည်။ ထိုအရာကို သူ မည်သို့မျှနားမလည်နိုင်သော သဘာဝ၏ အင်မော်တယ် တေးသံပင်ဖြစ်လေသည်။ သဘာဝ၏ အသံကို နားထောင်ရခြင်းသည် (၂)နာရီတိတိ ကြာမြင့်ခဲ့သည်။
ဆွစ်……….ဆွစ်………
ဝိညာဉ်သည် ခန္ဓာကိုယ်ထဲသို့ ပြန်လည်ရောက်ရှိလာခဲ့၏။
ကျွင်းချောင်ရှောင်း၏ တပည့်များ အားလုံးသည် ခန္ဓာကိုယ်ဆီမှ မြူများမထုတ်လွှတ်တော့ချေ။ ၎င်းတို့၏ မျက်လုံးများသည် ပွင့်လာခဲ့ကြ၏။ လူတစ်ချို့သည် စိတ်လှုပ်ရှားမှုနှင့် မျက်လုံးများ ပြူးကျယ်လျက်ရှိ၏။ တစ်ချို့မှာ နားဝေတိမ်တောင်ဖြစ်လို့ နေ၏။ ၎င်းတို့၏ စိတ်လှုပ်ရှားမှုများသည် နတ်ဘုံနတ်နန်းဆီသို့ ရောက်ရှိခဲ့ပြီးသည့်နောက် အင်မော်တယ် တေးသံကို သေသေချာချာ နားထောင်ခဲ့ရ၏။ သိုင်းကျင့်ကြံခြင်းနှင့် ပတ်သက်၍ အလွန် နက်နဲလှသည့် သဘောတရားများ ပါဝင်နေသည့်ပုံပင်။
တစ်ချို့သောသူများ တိမ်ဝေငေးငိုင်နေရသည့် အကြောင်းအရင်းမှာ နတ်ဘုံနတ်နန်းဆီသို့ ရောက်ရှိသွားခဲ့ပြီး တေးသံကို နားဆင်ခဲ့ရသေ်လည်း ဘာတစ်ခုမျှ နားမလည်ခဲ့သောကြောင့်ပင်။
ထိုသူများတွင် စိတ်လှုပ်ရှားရသူမှာ ဟယ်ဝူတီ ပင်ဖြစ်၏ ။ လက်ရှိအခြေအနေမှာတော့ သူသည် လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ထားပြီး စိတ်လှုပ်ရှား မှုကြောင့် သတိလစ် မေ့မြောလို့မတတ်ပင် ဖြစ်လို့နေ၏။
ကျွင်းချောင်ရှောင်းနှင့် တပည့်များအားလုံးမှာတော့ နားထဲတွင် အသံတစ်ခုကို ကြားလိုက်ရ သည်ထက် ဘာမှမပိုလှချေ။
“မဟုတ်သေးဘူး။ ဒါက အန္တိမ ကုန်းမြေရဲ့ နေရာတစ်ခုမဟုတ်ဘူး။”
တိတိကျကျပြောရမည်ဆိုလျှင် တူညီသည့် အရာတစ်ခုသာဖြစ်၏။ ကောင်းကင်နှင့်မြေကြီး၏ ဓာတ်သဘာဝများသည် တူညီလွန်းလှချေ၏။
အသံသည် သီချင်းဆိုသည့် အသံနှင့်ဆင်တူလှသည်ဆိုသော်လည်း အန္တိမကုန်းမြေ၏ ကောင်းကင်သဘာဝအသံပင် ဖြစ်၏။ သေသေချာချာနားထောင်မည်ဆိုလျှင် ထိုအရာကို နားလည်နိုင်စွမ်းရှိသည်။ အရိုးရှင်းရဆုံး ပြောရမည်ဆိုလျှင် ကောင်းကင်တေးသံဆိုသည်မှာ ကောင်းကင်နှင့် မြေကြီး၏ ဓာတ်သဘာဝများကို ဖော်ညွှန်းပြီး အန္တိမကုန်းမြေတိုက်၏ ဓာတ်သဘာဝများ ဖြစ်သည်။
သိုင်းကျင့်ကြံသူတစ်ယောက်သည် ပိုမိုကာ အားကောင်းချင်သည်ဆိုပါက ကောင်းကင်နှင့် မြေကြီး၏ ဓာတ်သဘာဝများကို စုပ်ယူရန်သာမက ကောင်းကင် နှင့် မြေကြီး၏ ဓာတ်သဘာဝများကို ဖော်ညွှန်းသည့် လောကကြီး၏ သဘာဝတေသံကို နားထောင်နေရန် လိုအပ်၏။
ဟယ်ဝူတီ၏ နားလည်ထားမှုအရဆိုလျှင် သူသည် သူတော်စင်အဆင့်ကို ရောက်ရှိခဲ့ခြင်းမှာ တေးသံကို နားထောင်ရင်း နားလည်သဘောပေါက်ခြင်းသည် ခုနှစ်ဆယ် ရာခိုင်နှုန်းနီးပါးရှိပြီး ကျန်သည့် သုံးဆယ်ရာခိုင်နှုန်းမှာ ကောင်းကင် နှင့် မြေကြီး၏ ဓာတ်သဘာဝများကို စုပ်ယူခြင်းဖြစ်သည်။
ထို့ကြောင့် ကောင်းကင်သဘာဝ တေးသံသည် အလွန်ပင်အရေးကြီးလှချေ၏။ ဤအသံ တည်ရှိ နေခြင်းကြောင့်ပင် အန္တိမ ကုန်းမြေတိုက်ကြီးနှင့် အန္တိမ လမ်းစဉ်တို့ ပေါ်ပေါက်လာခဲ့ခြင်းပင်။
လက်ရှိ အခြေအနေမှာတော့ အထက်စကြာဝဠာထဲတွင်ရှိနေသည် ဆိုသော်လည်း ကောင်းကင်သဘာဝ တေသံကို နားထောင်ပြီးသည့်နောက် ဟယ်ဝူတီသည် အမှန်ပင် စိတ်လှုပ်ရှား နေမိ၏။
သူ့ကို ပိုမို၍ စိတ်လှုပ်ရှားရခြင်းမှာ ဤတေးသံသည် ကျင့်ကြံခြင်းအဆင့်တိုးတက်ရန်အတွက် အကူအညီပေးနိုင်သည်သာ မကချေ။ သူလေ့ကျင့်ခဲ့သည့် တိုက်ခိုက်ရေး နည်းစနစ်များကို ပိုမိုကောင်းမွန်စွာ ထုတ်ဖော်လာနိုင်ခြင်းကြောင့်ဖြစ်သည်။
အန္တိမကုန်းမြေတိုက်ကြီး၏ ကျင့်ကြံသူတစ်ယောက် ဖြစ်သောကြောင့် သူ၏စိတ်ထဲတွင် ရေတွက်၍မရသော သိုင်းကျင့်ကြံခြင်း နည်းစနစ်များရှိ၏။ သို့ပေမဲ့ ဓာတ်သဘာဝ ကန့်သတ်မှု တည်ရှိနေသောကြောင့် ထိုအရာများကို ထုတ်ဖော် အသုံးပြုရန် ခက်ခဲလှ၏။
ထာဝရလောကကြီး ထဲသို့ ဝင်ရောက်ပြီး ပိုမိုအားကောင်းလှသည့် ကောင်းကင်နှင့် မြေကြီး၏ ဓာတ်သဘာဝများကို ရရှိခဲ့သည်ဆိုလျှင်တောင်မှ အစိတ်အပိုင်းအနည်းငယ်လောက်ကိုသာ ထုတ်ဖော်အသုံးပြုနိုင်စွမ်းရှိသည်။
ဥပမာ အားဖြင့် ကောင်းကင်ဗလာနည်းစနစ် ၊ နဂါးကိုးကောင် လက်ဝါးရိုက်ချက် တို့ပင်။ ဤသိုင်းကျင့်ကြံခြင်း နည်းစနစ်နှစ်ခုသည် ကောင်းကင်နှင့် မြေကြီး၏ ပိုမို အားကောင်းလွန်းလှသော ဓာတ်သဘာဝများကို လိုအပ်သည်သာမက ကောင်းကင်သဘာဝ တေးသံကို နားလည်ရန်လည်းလိုအပ်၏။
အချက်အလက်အားဖြင့် ကောင်းကင်သဘာဝတေးသံကို နားမလည်ဘဲ ထိုအရာမျိုးကို ထုတ်ဖော်နိုင်စွမ်းရှိ၏။ သို့ပေမဲ့ အားအင်အဆင့်မှာတော့ အတော်ကြီး နိမ့်ကျသွားခဲ့၏။ ဤသိုင်းကျင့်ကြံခြင်း နည်းစနစ်နှစ်ခုသည် တေးသံ၏ထောက်ပံ့မှုသာ ရရှိမည်ဆိုပါက ကျိန်းသေပေါက် သေချာပေါက် ကြောက်မက်ဖွယ်ရာကောင်းသည့် သိုင်းကျင့်ကြံခြင်း နည်းစနစ် ဖြစ်၍လာပါလိမ့်မည်။
“ ဂိုဏ်းချုပ်”
သတိပြန်ဝင် လာခဲ့သော လီချင်းယန် က ပြောလိုက်သည်။ “တပည့် သက်တန့်ရောင်စင်ကျမ်းနှင့် ပတ်သက်ပြီး ထူးခြားတဲ့ နားလည်မှု တစ်ခုခု ရရှိခဲ့ပုံပေါ်တယ်။”
“ကျုပ်ကောပဲ။ စုရှောင်မို က ဝင်ပြောလိုက်၏။
၎င်းတို့နှစ်ယောက်သည် ကောင်းကင်သဘာဝ တေးသံကိုနားထောင်ပြီးသည့်နောက် ဘာမှန်းမသိသည့် အရာတစ်ခုကို ဆုပ်ကိုင်မိ၏။ သူတို့သည် သက်တန့်ရောင်စင်ကျမ်း နှင့် ပတ်သက်ပြီး နားလည်မှုအသစ်ကို ရရှိခဲ့ခြင်းပင်။ ထိုအရာကို ပိုမိုနားလည်ရန်နှင့် သိရှိနိုင်ရန် အတွက်တော့ အချိန်ယူရပေဦးမည်။ ထို့ကြောင့် လျင်လျင်မြန်မြန်နှင့်ထွက်ခွာသွားခဲ့ကြပြီး ကပ်ဘေးလွန် အဆင့် အချိန်နှင့်တည်နေရာ လျို့ဝှက်နယ်မြေထဲသို့ ဝင်ရောက်သွားခဲ့သည်။
တခြားသောသူများအားလုံးသည်လည်း တူညီစွာဖြင့် စာသောက်ခန်းမှ ထွက်ခွာပြီး တံခါးပိတ်ကျင့်ကြံရန်အတွက် လျို့ဝှက်နယ်မြေထဲသို့ ဝင်ရောက်သွား၏။
သို့ပေမဲ့ ငေးငိုင်လျက်ရှိသည့် တပည့်များမှာတော့ ကောင်းကင်သဘာဝ တေးသံကို နားထောင်ခဲ့ရသည် ဆိုလျှင်တောင်မှ လိုရင်းကို မရောက်ခဲ့ကြချေ။ ထို့ကြောင့် သူတို့သည် ဘာတစ်ခုမျှ နားလည်မှုမရခဲ့ပေ။
ဝှီ……..
ကျွင်းချောင်ရှောင်းက က မေးလိုက်သည်။ “ဘာတွေဖြစ်နေတာလဲ။”
ဟယ်ဝူတီ သည် သူသိရှိသလောက်ကို ပြောလိုက်၏။
ကျွင်းချောင်ရှောင်းသည် အချိန်အတော်ကြာ တိတ်ဆိတ်သွား၏။ ပြီးနောက် လေးလေးနက်နက် အမှုအရာဖြင့် ပြောလိုက်သည်။ “ဒါဆိုရင် ငါတို့ ဝိညာဉ်တွေ ရောက်သွားခဲ့တဲ့နေရာက အန္တိမ ကုန်းမြေတိုက်ကြီးလား။”
“အင်…….မဟုတ်ဘူး။ တချို့ဟာတွေက လိုအပ်နေသေးတယ်။”
ဟယ်ဝူတီက ပြောလိုက်၏။ “ဒါက အန္တိမ ကုန်းမြေတိုက်ကြီး မဟုတ်ဘူး။ ဒါပေမဲ့ ကုန်းမြေတိုက်ကြီးရဲ့ အားအနည်းဆုံး အစွန်းဘက်က တည်နေရာတစ်ခုလည်းဖြစ်နိုင်တယ်။”
“….……”
ကျွင်းချောင်ရှောင်း၏ မျက်လုံးများသည် လင်းလက်သွားခဲ့၏။ အစစ်အမှန် အန္တိမ ကုန်းမြေတိုက်ကြီး မဟုတ်ဘူးဆိုသော်လည်း ဝိညာဉ်နှင့် စိတ်တစ်ခုလုံးကို ပိုမိုအားကောင်းစေသည့် ဓာတ်သယာဝများ တည်ရှိနေ၏။ ထို့အပြင် သဘာဝ၏ တေးသံကိုလည်း နားထောင်၍ ရနိုင်ခဲ့၏။
ဤအရာသည် ကြေးအိုးကြီး၏ ဖုံးကွယ်ထားသည့် စွမ်းအင်ပင်လား။
သို့ပေမဲ့ ပြဿနာတစ်ခု ရှိလာခဲ့၏။ ကျမ်းစာကဲ့သို့ပင် တစ်ခါသုံးများဖြစ်နေမည်လား ဆိုသည်ပင်။ ကျွင်းချောင်ရှောင်း သည် ထမင်းကြော်ကို အလောတကြီးဖြင့် ထပ်မံကာ စားလိုက်၏။ သို့ပေမဲ့ အဆုံးသတ်မှာတော့ သူသည် မြူကဲ့သို့သောတည်နေရာကြီးကို ရောက်ရှိမသွားခဲ့ချေ။ ထို့ကြောင့် စိတ်ဓာတ်ကျစွာဖြင့် ပြောလိုက်၏။ “ဒါလည်း တစ်ခါပဲ ဝင်လို့ရတာလား။”
“အချိန်ကန့်သတ်ချက်ရှိမယ်နဲ့တူတယ်။” စနစ် က ပြောလိုက်သည်။
“အမှန်ပဲ”
ကျွင်းချောင်ရှောင်းသည် အလောတကြီးနှင့် အမိန့်ပေးလိုက်၏။ “ကောင်မလေး၊ အခုကစပြီး နေ့တိုင်းဒါကြီးနဲ့ ထမင်းချက်တော့။”
“ကောင်းပါပြီ …. ဂိုဏ်းချုပ်။”
လျိုဝမ်ရှစ်သည် အမိန့်ကိုလက်ခံရရှိပြီးသည့်နောက် အားပျော့စွာဖြင့် မေးလိုက်၏။ “ဂိုဏ်းချုပ်၊ ကျွန်မ ကြော်ရမှာလား။ ပြုတ်ရမှာလား။ ချက်ရမှာလား။”
“ဘယ်လိုပဲလုပ်လုပ်၊ လုပ်ချင်သလိုသာ လုပ်တော့။”