← Chapters

မျှော်လင့်ချက်

Vol. 130 Ch. 1814

မျှော်လင့်ချက်

Vol. 130 Ch. 1814

ဝိညာဉ်လေး ထိုသို့ပြောလိုက်သော်လည်း အားလုံး၏ အပျော်ပျက်သွား ခြင်းမရှိပေ။

“မျှော်လင့်ချက်ရှိတယ်ဆိုမှတော့ ဖြစ်နိုင်တယ်လို့ ဆိုလိုတာပဲ” အိပ်မက် လေးသည် ကြေညာလိုက်သည် “နင် စောစောလေးပြန်ကောင်းနိုင်ဖို့ နည်းလမ်း ရှိလား”

“ရှိတယ် လေဟာနယ်အံ့ဖွယ်ရှေးပစ္စည်းကို ရှာတွေ့လို့ အဲဒါနဲ့ ပေါင်းစပ်  လိုက်ရင် ငါ ပြန်ကောင်းနိုင်တယ်” ဝိညာဉ်လေး ပြောလိုက်သည်။

“လေဟာနယ်အံ့ဖွယ်ရှေးပစ္စည်းဟုတ်လား အဲဒါက မှော်ဝင်လက်စွပ်လို မျိုးသုံးလို့ရတာလား”

ဝိညာဉ်လေးသည် ရှောင်ချီကို အထင်သေးသော မျက်လုံးဖြင့် ကြည့်လေ သည် “မှော်ဝင်လက်စွပ်က ရှေးဟောင်းပစ္စည်းလား… အဲဒါက အဆင့်မြင့်ထဲ တောင်မဝင်ဘူး… ငါက တကယ့်ရှေးဟောင်းပစ္စည်းကိုလိုချင်တာ သိရဲ့လား”

“ဟုတ်ပါပြီ” ရှောင်ချီသည် နှုတ်ခမ်းကိုကွေးတွန့်လိုက်သည် “တစ္ဆေ လောကက ဒီလာက်ကြီးတာ ရှေးဟောင်းပစ္စည်းရှိမှာပါ ငါတို့ နင့်အတွက် ယူ ပေးမယ်”

“နင်ပြောတာပဲနော် ငါစောင့်နေမယ်” ဝိညာဉ်လေးသည် ပြုံးပြီးပြောလေ သည်။

“အင်း ငါတို့လည်း စောင့်မယ်လေ နင် ရှေးဟောင်းပစ္စည်းရှာတွေ့တာနဲ့ ငါတို့ယူပေးမယ်” ရှောင်ချီသည် ဝိညာဉ်လေး ဆင်သောထောင်ချောက်ထဲသို့ မဝင်ဘဲ ပါးစပ်ကိုအုပ်ပြီး ပြုံးကာပြောလိုက်သည်။

“ကျွတ်…” ဝိညာဉ်လေးသည် မပြောတာမှကောင်းဦးမည်ဆိုသည့် သဘောနှင့် မျက်လုံးကိုလှိမ့်လိုက်သည်။

“လေဟာနယ်အံ့ဖွယ်ရှေးပစ္စည်း… ငါ အပြင်ထွက်ရင်တော့ အဲပစ္စည်း အကြောင်းကို မေးကြည့်ပါဦးမယ်… ကံကောင်းရင် တစ်ခါတည်းနဲ့ရှာတွေ့နိုင် တယ်” ရှီမာယူယူ ပြောလိုက်သည်။

“အဲဒါကရှေးဟောင်းပစ္စည်းဆိုမှတော့ တစ်နည်းပြောရရင် ဖွက်ထား သိမ်းထားကြမှာပဲ… သတင်းရဖို့မလွယ်ဘူး” ရှီမာလျူရွှမ်သည် လျှောက်လာပြီး ပြောလေသည်။

“အင်း ကံကောင်းရင်တော့ တစ်ခါတည်းသိရင်လည်းသိမှာပေါ့” ရှီမာယူယူ ပြောလိုက်သည် “အဲဒါကိုရရင်တော့ အကောင်းဆုံးပဲ… တကယ်လို့ ရဖို့ကံမပါရင်လည်း လူသားလောကကိုပြန်ရင် ဟိန်းသံလေးနဲ့ ဟိန်းသံထောင် ချီတို့ကိုတွေ့နိုင်တာပဲ”

“အဲလိုတွေးထားတာ အကောင်းဆုံးပဲ” ရုတ်တရက် ရလာသော သတင်း ကို သူမ စွဲလမ်းသွားမည်ကို ရှီမာလျူရွှမ် စိုးရိမ်နေသည်။ ယခု သူမထိုသို့ ပြော လာသောအခါ သူမကိုစိတ်ပူရန်မလိုတော့ပေ။

“ငါ အပြင်သွားဖို့အစီအစဉ်မရှိဘူး ဒါပေမဲ့ အခုကြည့်ရတာ အပြင်ပိုထွက် ရတော့မယ်ထင်တယ်” ရှီမာယူယူ ပြောလိုက်သည် “အင်း မင်းတို့တွေ အထဲမှာ ပဲ လိမ်လိမ်မာမာနေကြ ငါ အပြင်ထွက်လိုက်ဦးမယ်”

“ယူယူ အပြင်သွားရင် ကြိုးစားကျင့်ကြံပြီး မြန်မြန် အားကောင်းအောင် လုပ်ရမယ် အဲဒါမှ ရှောင်ချီတို့လည်း စောစောလေးအပြင်ထွက်လို့ရမှာ” ရှောင်ချီသည် သူမကို မျှော်လင့်တကြီးကြည့်လေသည်။

ရှီမာယူယူသည် သူမ၏ ဆံပင်လေးကိုပွတ်သပ်ပြီး ဝိညာဉ်စေတီထဲမှ ထွက်ခဲ့လိုက်သည်။

ထိုညတွင် သူမသည် နီရဲပျားများမှပို့လာသည့် သတင်းများကို စုစည်းပြီး နောက်နေ့မနက်တွင် မုရုန်ဟွေ့ကိုပေးပြီးသည်နှင့် ဂူဇီပင်းတို့နှင့်အတူ အပြင် ထွက်ခဲ့လိုက်သည်။

တိုင်းပြည်၏ တော်ဝင်မြို့တော်အနေနှင့် တယွိမြို့တော်သည် ပျားပန်း ခတ်စည်ကားလှသည်။ ပြည်နယ်ပြိုင်ပွဲကလည်း နီးကပ်နေပြီဖြစ်သဖြင့် မြို့ကို ဝင်ထွက်သွားလာသောလူများ များပြားလှကာ လမ်းပေါ်တွင် လူများဖြင့် ပြည့် နေကြသည်။

“သခင်မလေး ဘာသွားဝယ်ချင်လဲ” ဂူဖီပင်းသည် သူမကို မေးလေသည်။

ရှီမာယူယူသည် လမ်းဆုံတွင်ရပ်ပြီး အဘက်ဘက်သို့ခွဲသွားသော လမ်း များကိုကြည့်ကာ ပြောလိုက်သည် “ငါ မရဏာရှေးပစ္စည်းတွေ ဝယ်လို့ရမယ့် ဆိုင်ကိုသွားချင်တယ်”

“မရဏာရှေးပစ္စည်းတွေ ဝယ်ချင်လို့လား”

“ဒီအတိုင်း လျှောက်ကြည့်ချင်လို့ပါ” ရှီမာယူယူ ပြုံးလိုက်သည် “မင်းတို့ လည်း သွားချင်တဲ့နေရာရှိမှာပဲ ငါ့နောက်လိုက်ဖို့မလိုပါဘူး… ငါ ဒီအတိုင်း ထင်စန်း ထင်ရွှေတို့နဲ့ သွားပတ်ကြည့်လိုက်မယ်”

ဂူဇီပင်းသည် တည်ငြိမ်ပြီး အေးဆေးသော ထင်စန်းကိုကြည့်လိုက် စပ်စု စွာဖြင့် ဟိုဟိုဒီဒီကြည့်နေသော ထင်ရွှေကိုကြည့်ပြီးနောက် ပြောလိုက်သည် “ကျွန်တော်တို့လည်း အတူလိုက်ပါမယ်… ပြိုင်ပွဲဝင်တွေကို ဘယ်သူမှ မထိရ ဆိုတဲ့ စည်းမျဉ်းပဲရှိတာလေ… အဲဒါက သခင်မလေးအတွက် အကျုံးမဝင်ဘူး ပြီးတော့ ကျွန်တော်တို့က အခု ကြင်ယာတော်မင်းသီးရဲ့ ပိုင်နက်ထဲရောက်နေ တာလေ”

“ငါလည်း သုံးလို့ရမယ့် လက်ဆွဲလက်နက်မျိုး ရှိမလားလို့ ကြည့်ချင်နေ တာ အဲလိုဆိုမှတော့ အတူသွားဝယ်ကြတာပေါ့” သူတို့အဖွဲ့ထဲမှ ဝှက်ဖဲ ဖြစ်သော ကျန်းမင်တသည် ပြောလေသည်။

“ကောင်းပြီလေ” ဖန်းရင်ဟန် ခေါင်းညိတ်သည် “တယွိမြို့တော်မှာက ရှေးပစ္စည်းအကောင်းတွေ အများကြီးပဲရှိတယ်လို့ ကြားတယ် သွားကြည့်ကြ တာပေါ့.. ငါတို့ကြိုက်တာလည်း တွေ့ရင်တွေ့မှာ”

ရှီမာယူယူသည် သူတို့သုံးယောက်ကိုကြည့်ပြီး ပြုံးလိုက်သည်။ သူတို့ အတွက် ဝိညာဉ်စုတည်ဆောက်မှု စီမံပေးရသည်မှာ အချည်းနှီးမဟုတ်ပေ။

“အဲလိုဆိုမှတော့ သွားကြတာပေါ့”

သူတို့ခြောက်ယောက်အဖွဲ့သည် မရဏာရှေးပစ္စည်းများရောင်းသည့် ဆိုင်သို့သွားရာ ဆိုင်လက်ထောက်သည်ချက်ချင်းပင် သူတို့ကို ဝမ်းပန်းတသာ ကြိုဆိုလေသည် “အားလုံးပဲ ဘယ်လို မရဏာရှေးပစ္စည်းကို ကြည့်ချင်လဲ”

“တစ်ချက်ကြည့်ကြည့်တာပါ” ဖန်းရင်ဟန် ပြောလိုက်သည်။

“အထူးတလည်ရှာတာများရှိလား ကျွန်တော် မိတ်ဆက်ပေးလို့ရပါတယ်” ဆိုင်လက်ထောက် ဆက်ပြောလေသည်။

“ကျွန်တော် ဓားရှည်တစ်ချောင်းလောက် လိုချင်တာ ပစ္စည်းကောင်းထဲ က ရှိလား” ဂူဇီပင်း မေးလိုက်သည်။

“ဒီမှာတော့ ဓားရှည်တွေက အကောင်းတွေချည်းပါပဲ အဆင့်ကလည်း အမျိုးမျိုးရှိတယ် ကြည့်ဖို့ခေါ်သွားပေးပါမယ်” ဆိုင်လက်ထောက်သည် ချက်ချင်းပင်ပြန်ဖြေလေသည်။

ဂူဇီပင်းနှင့် တခြားသူများလည်း သွားချင်နေသဖြင့် ရှီမာယူယူ ပြော လိုက်သည် “သွားလိုက်ပါ ငါ မှော်ပစ္စည်းတွေရှိတဲ့ဘက်ကို သွားလိုက်ဦးမယ် နောက်မှတွေ့မယ်”

“မှော်ပစ်စည်းတွေရောင်းတာက ဒုတိယအထပ်မှာပါ” ဆိုင်လက်ထောက် သည် နွေးထွေးစွာပင် ဆက်လက်မိတ်ဆက်လေသည်။

ဆိုင်ထဲတွင်သာ ရှိနေကြသဖြင့် ဘာမှမဖြစ်နိုင်ဟု ဂူဇီပင်းနှင့်တခြားသူ များ ထင်ကြသည်။

ရှီမာယူယူသည် ထင်စန်းနှင့် ထင်ရွှေကိုခေါ်ကာ မှော်ပစ္စည်းများ ရောင်း သည့် ဒုတိယအထပ်သို့ သွားလိုက်သည်။ ထိုအထပ်၏ တာဝန်ခံလက်ထောက် သည် ချက်ချင်းပင် သူတို့ကို ကြိုဆိုသည်။

“သခင်မလေး ဘာကြည့်ချင်လို့လဲ”

“ဒီက ဈေးအကြီးဆုံး မှော်ပစ္စည်းကိုကြည့်ချင်တယ်” ရှီမာယူယူ ပြော လိုက်သည်။

ထိုစကားကို ဆိုင်တာဝန်ခံကြားသည်နှင့် မျက်လုံးများ အရောင်တောက် သွားပြီး အတန်အသင့်ဦးညွှတ်ကာ ပြုံးပြီးပြောလေသည် “ကျွန်မ နောက်လိုက် ခဲ့ပါ”

ရှီမာယူယူသည် အတွင်းဆုံးပိုင်းနေရာသို့ သူမနောက်လိုက်သွားလိုက် သည်။ ထိုနေရာရှိ ပစ္စည်းစင်ပေါ်တွင် ပစ္စည်းများနည်းပါးကာ ထိုနေရာရှိ ပစ္စည်းများသည် တခြားအရာများထက် ဈေးကြီးသည်ကို မြင်နိုင်သည်။

“ဒီစင်ပေါ်မှာဆိုရင် ကျွန်မတို့ရဲ့ ဈေးအကြီးဆုံးမှော်ပစ္စည်းတွေကို ခင်း ထားတာပါ ဒါကမျှော်ဝင်လက်စွပ်ပါ… မြို့တစ်ဝက်လောက်ကို ထည့်နိုင်တဲ့ အရွယ်အစားရှိပါတယ်”

“ဒီသေတ္တာမှာ လက်ကောက်ပါပါတယ်… ပြီးတော့ အထဲက အကျယ်အဝန်းကလည်း ဒီမှော်ဝင်လက်စွပ်နဲ့အတူတူပါပဲ”

“ဒီသေတ္တာကလည်း လက်ကောက်ပါပဲ ဒါပေမဲ့ မြို့တစ်မြို့လောက်ကို ထည့်လို့ရတယ်”

“ဒီထဲမှာတော့…”

ဆိုင်လက်ထောက်သည် စင်ပေါ်မှ သေတ္တာများအားလုံးကို ဖွင့်ပြရာ တစ်ခုချင်းစီတွင် အလွန်တရာကောင်းမွန်သော မရဏာရှေးပစ္စည်းများပါဝင်ကြ သည်။ သို့သော် ရှီမာယူယူ ကြည့်ပြီးသည်နှင့် စိတ်ဝင်စားမှု ပျောက်သွားသည်။

“ဒီ့ထက်ကောင်းတာများ မရှိတော့ဘူးလား” သူမ မေးလိုက်သည်။

“သခင်မလေးက ဘယ်လိုပစ္စည်းမျိုးရှာတာလဲ”

“အံ့ဖွယ်ရှေးပစ္စည်းပဲ ဝိညာဉ်ကိုနိုးထစေဖို့ ကောင်းတာမျိုး” ရှီမာယူယူ သည် တောင်းဆိုချက်ပြုလိုက်သည်။

ဆိုင်လက်ထောက်သည် သူမ စကားများကြောင့် အံ့ဩသွားပြီး သူမသည် အမှန်တကယ် မှော်ပစ္စည်းဝယ်လို၍မဟုတ်ဘဲ သေတ္တာများကို အပျော်သဘော မျိုး ဖွင့်ခိုင်းနေသလိုဖြစ်နေသဖြင့် စကားပင် မပြောနိုင်ကာ အနည်းငယ် ဒေါသ ထွက်သွားသည်။ သို့သော် သူမ၏ လေးနက်သော အမူအရာမှာ နောက်နေသည် နှင့်မတူသဖြင့် ဒေါသမီးကိုပြန်ချုပ်တည်းလိုက်သည်။

“သခင်မလေး ကျွန်မတို့က သာမာန်မရဏာရှေးပစ္စည်းဆိုင်လေးပါ အဲလို မျိုး တန်ဖိုးကြီးတဲ့မရဏာရှေးပစ္စည်းမျိုးမရှိပါဘူး… ကျွန်မတို့ဆိုင်မပြောနဲ့ အကောင်းဆုံးမရဏာရှေးပစ္စည်းဆိုင်တောင်မှ အဲလိုမျိုး မရဏာရှေးပစ္စည်း မရောင်းပါဘူး… ဘာလို့လဲဆိုတော့ အဲလိုမရဏာရှေးပစ္စည်းကို ရောင်းခွင့်မရှိ လို့ ဘယ်သူမှထုတ်မရောင်းကြပါဘူး”

ရှီမာယူယူ၏ မျက်လုံးများတွင် စိတ်ပျက်မှုအနည်းငယ်ဖြစ်သွားသည်။ ထို့နောက် သူမသည် ဆိုင်လက်ထောက်ကို ခေါင်းညိတ်ပြပြီးနောက် နှောင့်ယှက်မိသည့်အတွက် တောင်းပန်ကြောင်း ရေရွတ်ပြောဆိုပြီး ပြန်လျှောက်လာခဲ့လိုက်သည်။

ဆိုင်လက်ထောက်သည် သူမကို လိုက်မပို့တောဘဲ သေတ္တာအဖုံးကိုသာ ဂရုတစိုက်ပိတ်နေသည်။

ရှီမာယူယူ အောက်သို့ မဆင်းခင်တွင် အောက်မှလှုပ်လှုပ်ရှားရှားအသံ များနှင့် ကျန်းမင်တ၏ ဖျောင်းဖျသံကိုကြားလိုက်ရသည်။

“ဇီပင်း အရမ်းမရဲတင်းနဲ့ ဒါက တယွိမြို့တော်နော်”

ထို့နောက်တွင် ဖန်းရင်ဟန်၏ အသံထွက်လာသည် “သူတို့လည်း ပြိုင်ပွဲဝင်တွေပဲလေ”

“ဒါပေမဲ့ ဒါကို မင်းအရင်မြင်တာလေ” ဂူဇီပင်းသည် ဒေါသတကြီးပြော လေသည်။

“ဒါကို ဘယ်သူအရင် မျက်စိကျတာလဲ၊ မင်းတို့က ပိုက်ဆံမရှင်းရသေးဘူး ဆိုတော့ ဒါက မင်းတို့ဟာမဟုတ်ဘူးပဲ… ဈေးအမြင့်ဆုံးပေးနိုင်တဲ့သူက ရမယ်.. မင်းတို့မှာ ပိုက်ဆံမရှိရင် ဒီမှာလာပြီး မျက်စိအစာကျွေးမနေနဲ့” မောက်မာသော အသံတစ်သံသည် လှောင်ရယ်သံနှင့် ရောနှောနေသည်။ ထိုစကားကို ကြား သောအခါ ထင်စန်းနှင့် ထင်ရွှေတို့သည် ကျိန်ဆဲချင်လာသည်။

ရှီမာယူယူသည် အပေါ်ထပ်တွင်ရပ်ပြီး အောက်မှပြောဆိုနေသည်များကို ကြည့်နေသည် “ဈေးပိုပေးနိုင်တဲ့သူရမယ် ကောင်းပြီ မင်းပြောတာနော် သူဌေး ကျွန်မ ဒီဓားရှည်ကိုလိုချင်တယ်”

***

All Chapters