← Chapters

အခန်း ၁၈၉၀

Vol. 127 Ch. 1890

အခန်း ၁၈၉၀

Vol. 127 Ch. 1890

အပိုင်း (၁၈၉၀)

ကပ်ဘေးလွန်အဆင့် အချိန်နှင့်တည်နေရာ လျိုဝှက်နယ်မြေ ။

လီချင်းယန် နှင့် တခြားသောသူများ အားလုံးသည် ခြေချိတ်ထိုင်သူကထိုင် ၊ မတ်တတ်ရပ်သူက ရပ်နှင့် ရှိနေကြ၏။ ၎င်းတို့အားလုံးသည် ကောင်းကင်သဘာဝတေးသံဆီမှ နက်နဲသည့် သဘောတရားများကို နားလည်အောင် ကြိုးစားနေခြင်းပင်။

ကျွင်းချောင်ရှောင်းသည်လည်း တည်နေရာ၌ ရှိနေ၏။ သို့ပေမဲ့ သူ၏ ကျင့်ကြံခြင်းအဆင့်သည် တပည့်များထက်ပိုမိုကာ မြင့်မားလှသောကြောင့် ကောင်းကင်သဘာဝတေးသံဆီမှ ဉာဏ်အလင်း တော်တော်များများကို ရရှိခဲ့၏။

ဆွစ်………ဆွစ်………..

သူ၏ အသိစိတ်ပင်လယ်ထဲ၌ ခုနှစ်ရောင် အလင်းတန်းများသည် ဘယ်မှညာ ဖြတ်သန်းသွားလာ လျက်ရှိ၏။ ဤအရာသည် သက်တန့်ရောင်စင်ကျမ်းပင် ဖြစ်၏။ အတိတ်နှင့်မတူညီစွာဘဲ ဤရောင်စဉ် ခုနှစ်ခုကြားတွင် အလွန်နက်နဲလွန်းလှသည့် အဆင့်မြင့်စွမ်းအင်များပါဝင်လျက်ရှိ၏။ ထိုအရာကို ပြည့်စုံစွာ ဆုပ်ကိုင်ပြီးသည့်နှင် တစ်ပြိုင်နက် သူ၏သိုင်းကျင့်ကြံခြင်းနည်းစနစ်သည် ကြီးကြီးမားမား တိုးတက်သွား ပေလိမ့်မည်၊

“ဒီတော့ စီနီယာသက်တန့်ရောင် သူတော်စင်က ကောင်းကင်သဘာဝ တေးသံကို အခြေခံပြီး ဒီသိုင်းနည်းစနစ်ကို ဖန်တီးခဲ့တာလား။ ဒါကိုအသက်သွင်းထားနိုင်မှ တိုက်ခိုက်မှုစွမ်းအင်က ပိုပြီးတော့ တိုးတက်လာနိုင်မှာလား။”

သူနှင့် သူ၏တပည့်များအားလုံးသည် အောက်နယ်မြေမှာတည်းက သက်တန့်ရောင်စဉ်ကျမ်း ခုနှစ်ခုကို နားလည်ခဲ့ပြီးသားဖြစ်၏။ ပိုမိုအားကောင်းလွန်းသည့် ကောင်းကင်နှင့်မြေကြီး၏ ဓာတ်သဘာဝများ တည်ရှိရာနေရာဆီသို့ ရောက်ရှိလာခဲ့သည်ဆိုလျှင်တောင်မှ ဤနည်းစနစ်သည် အနည်းငယ်သာ ပိုမိုအားကောင်းလာခဲ့သည်။ လိုအပ်ချက် အများအပြား တည်ရှိခဲ့၏။

ထို့ကြောင့်ပင်လျှင် ထိုအရာကိုသိပ်မသုံးဘဲ ကောင်းကင်လက်ဝါးရိုက်ချက်ကို ထုတ်ဖော် အသုံးပြုကြခြင်းပင်။ သို့ပေမဲ့ လက်ရှိအခြေအနေမှာတော့ ပြဿနာကို ဖြေရှင်းပြီးဖြစ်၏။ ဤ သိုင်းကျင့်ကြံခြင်းနည်းစနစ်သည် ဓာတ်သဘာဝများကို အသုံးပြု၍ တိုက်ခိုက်ရခြင်းမဟုတ်ချေ။ ကောင်းကင်သဘာဝ၏ တေးသံကို နားလည်ပြီး ထိုအရာဆီမှ စွမ်းအင်များကို အသက်သွင်းကာ တိုက်ခိုက်ရခြင်းပင်ဖြစ်သည်။

ကောင်းကင်နှင့်မြေကြီး၏ ဓာတ်သဘာဝများနှင့် တိုက်ခိုက်၍ရသည်ဆိုလျှင်တောင်မှ ကောင်းကင်သဘာဝ တေးသံ (အင်မော်တယ်တေးသံ) ကို နားလည်ပြီး ထုတ်ဖော်အသုံးပြုရသည့် စွမ်းအင်များနှင့် နှိုင်းယှဉ်မည်ဆိုလျှင် အလုံးစုံ ကွာခြားလို့နေခဲ့၏။

“မလုံလောက်သေးဘူး။”

သေသေချာချာ သုံးသပ်ပြီးသည့်နောက် ကျွင်းချောင်ရှောင်း သည် ဦးခေါင်းကို ခါယမ်းကာပြောလိုက်သည်။ “အရမ်းဝေးလွန်း နေသေးတယ်။ ကောင်းကင်သဘာဝ တေးသံရဲ့ နက်နဲလွန်းတဲ့ နိယာမတွေကို နားလည်ဖို့ ဆိုတာက အရမ်း အလှမ်းဝေးနေသေးတယ်။”

မြူကဲ့သို့သော တည်နေရာကြီးဆီမှ သူရရှိထားသည် ကောင်းကင်သဘာတေးသံသည် အကန့်အသတ်ဖြင့် တည်ရှိနေခဲ့၏။ ဤမျှလောက်သော သဘောတရား နားလည်မှုလောက်နှင့် သက်တန့်ရောင်စဉ်ကျမ်းအား အဆင့်မြှင့်တင်နိုင်ရန် မလုံလောက်သေးချေ။

ခန့်မှန်းထားသည့်အတိုင်းပင် ဟယ်ဝူတီ ကလည်း ကြိုးစားလျက်ရှိနေ၏။ သူ့အနေနှင့် သက်တန့် ရောင်စဉ်ကျမ်းကို နားလည်ရန်အတွက် ကောင်းကင်သဘာဝတေးသံကို အသုံးမပြုခဲ့ချေ။ ထိုအစား နဂါးကိုးကောင်လက်ဝါးရိုက်ချက်ကို အသုံးပြုခဲ့၏။ နှစ်ခုကြားတွင် ခြားနားချက်များ တည်ရှိလို့နေခဲ့သည်။

…………………

နောက်တစ်ရက် မနက်ခင်းမှာတော့ အားဟိုင် နှင့် ရိဟိုင် တို့က အော်ဟစ်လိုက်၏။ “စားဖို့အချိန်ကြပြီ။”

ဆွစ်……….

မူလအားဖြင့် ပြောင်သလင်းခါလျက်ရှိနေသည့် စားသောက်ခန်းကြီးတွင် အထက်ပိုင်းအကြီးအကဲနှင့် တပည့်များ ပြည့်နှက်သွားခဲ့ကြ၏။ ၎င်းတို့အားလုံးသည် အစားအစာကို အမြန်စားရန် စောင့်နေကြခြင်းပင်။

“တန်းစီကြ။”

ရိဟိုင် က ပြောလိုက်သည်။ “အားလုံးပဲ ပေါင်မုန့်တွေယူ။”

ယနေ့အချိန်မှာတော့ မည်သည့် အသီးအရွက်နှင့် အသားများ မရှိချေ။ ပေါင်မုန့်ဖြူတစ်ခုသာလျှင်ရှိ၏။

သူတို့ ဗိုက်ပြည့်ပါမည်လား။ လက်ရှိအခြေနေတွင် ဗိုက်ပြည့်လား၊ မပြည့်လား ဆိုသည်မှာ အရေးမကြီးချေ။ အရေးကြီးသည်မှာ ဤပေါင်မုန့်ဖြူသည် ကြေးအိုးကြီးနှင့် ဖန်တီးပြုလုပ်ထားသော အရာဖြစ်နေသောကြောင့်ပင်။ ထို့ကြောင့် အားလုံးသော သူများသည် အစားအစာကို တပ်မက်ခုံမင်စွာဖြင့် စားသုံးခဲ့ကြသည်။

ဆွစ်………..ဆွစ်……….

ပေါင်မုန့်ကို စားသုံးပြီးသည့်နောက် ၎င်းတို့၏ခန္ဓာကိုယ်ဆီမှ အဖြူရောင် အမျှင်များသည် ထပ်မံကာ ထွက်ပေါ်လာပြန်၏။ ပြီးနောက် အန္တိမကုန်းမြေနှင့် ဆင်တူသည့် ပတ်ဝန်းကျင်ဆီသို့ ဝင်ရောက်နိုင်ခဲ့ကြ၏။

“ငါနားလည်ပြီ။”

ဟယ်ဝူတီ သည် အသာခြေချိတ်ထိုင်ပြီးသည့်နောက် စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။ “ကြေးဆေးအိုးနှင့် ပြုလုပ်ထားသည့် အစားအစာကို စားပြီးသည့်နောက် ဒီတည်နေရာကို ရောက်ရှိပြီး ကောင်းကင်တေးသံကို နားလည်နိုင်တာပဲ။”

သူ၏ခန့်မှန်းမှုသည် တဝက်တပျက်မှန်၏။ ကောင်းကင်တေးသံသည် နားထဲတွင် ထင်ပေါ်လာခဲ့သော်လည်း မနေ့ကလို စိတ်နှင့် ဝိညာဉ်တို့ သက်ရောက်မှု မဖြစ်ခဲ့ချေ။ ထို့အစား ၎င်းတို့၏ ခန္ဓာကိုယ်ကြွက်သားများသည် အချိန် အတော်ကြာသည်အထိ တင်းကျပ်လာခဲ့တော့၏။ ပြီးနောက် မမြင်ရသည့် အားအင်တစ်ခု၏ သန့်စင်ခြင်းကို ခံနေရသည့် ပုံပင်။

“မဖြစ်နိုင်တာ။”

ကျွင်းချောင်ရှောင်း သည် အနည်းငယ် အံ့အားသင့်မိသွားသည်။ “ဒီကြေးအိုးကြီးက မတူညီတဲ့ အစား အစာတွေ ပြုလုပ်လိုက်မည်ဆိုလျှင် မတူညီတဲ့ အကျိုးသက်ရောက်မှုတွေရှိတာလား။”

ထိုအရာကို စမ်းသပ် နိုင်ရန်အတွက် လျိုဝမ်ရှစ် သည် နောက်တစ်ရက်မှာ စွပ်ပြုတ်တစ်ပွဲကို စတင်ကာချက်ပြုတ်တော့၏။

သေချာပေ၏။ ထိုအရာကို သောက်ပြီးသည့်နောက် အငွေ့ကဲ့သို့ မြူးခိုးများနှင့် ပြည့်နှက်နေသည့် တည်နေရာ သို့ ဝင်သွားနိုင်ခဲ့၏။ ကောင်းကင်သဘာဝ တေးသံကို နားထောင်ရင်း သူတို့၏ ဝိညာဉ်များ သည် သန့်စင်ခြင်းကို ခံနေရသည်။

ထမင်းကြော်သည် တစ်စုံတစ်ယောက်၏ စိတ်ကို ပိုမိုကာအားကောင်းစေခဲ့၏။ စွပ်ပြုတ်မှာ တစ်စုံတစ်ယောက်၏ ဝိညာဉ်ကို ပိုမိုကာ အားကောင်းစေခဲ့၏။ အကျိုးသက်ရောက်မှုများမှာ သာမာန်ထက်ပင် ပိုလွန်းလှ၏။

ဒွီ………….ဒွီ…………

ကျွင်းချောင်ရှောင်း က ပြောလိုက်၏။ “မနက်ဖြန်ကျရင် ဟင်းပြောင်းမယ်။”

“ဘာကိုပြောင်းမှာလဲ။”

“အင်…ခပ်စပ်စပ် အရာမျိုးပေါ့။”

“ကောင်းပြီ။”

နောက်တစ်ရက်မှာတော့ ငါးအစပ်ဟင်း သည် အိုးထဲမှ ထွက်ပေါ်လာခဲ့သည်။

အားလုံးတို့သည် ထိုအရာကို စားသုံးပြီးသည့်နောက် စပ်ပြင်းလှသောကြောင့် ချွေးများပင် တပြိုက်ပြိုက် ထွက်လာခဲ့၏။ နှုတ်ခမ်းများအားလုံး တို့သည်လည်း ထုံရီလျက်ရှိနေ၏။ မြူခိုးငွေ့များ ပြည့်နှက်သည့်နေရာဆီသို့ ဝင်ရောက်ပြီးသည့်နောက် သူတို့၏ သွေးများအားလုံးသည် ကျွမ်းလောင်ခံနေရ သလိုပင်။

နောက်လဝက်ခန့် ကြာမြင့်ပြီးသည့်နောက် လျိုဝမ်ရှစ် သည် ချက်ပြုတ်ခြင်း နည်းလမ်းမျိုးစုံကို အသုံးပြု၍ အစားအစာ မျိုးစုံကို ချက်ပြုတ်ခဲ့၏။

ဟင်းပွဲများ ထပ်ဖန်တလဲလဲ ပြောင်းလဲခဲ့သည်ဆိုသော်လည်း တပည့်များသည် မြူများ ပြည့်နှက်နေသည့် တည်နေရာထဲသို့ ဝင်ရောက်ပြီး ကောင်းကင်သဘာဝတေးသံကို နားထောင်ခွင့်ရ၏။ ပြီးနောက် ၎င်းတို့၏ ခန္ဓာကိုယ်များသည် တဖြည်းဖြည်းနှင့်ပြောင်းလဲလာခဲ့ကြသည်။

အနှစ်ချုပ်ပြီးသည့်နောက် ကျွင်းချောင်ရှောင်း သည် ကြေးအိုးကြီးကို အသုံးပြု၍ ချက်ပြုတ်သည့် နေရာတွင် မည်ကဲ့သို့ တိုးတက်မှုများ ရရှိမည်ဆိုသည်ကို အကြမ်းဖျဉ်း နားလည်သွားခဲ့ကြ၏။ ဝိညာဉ်ကို အားကောင်းစေ၏။ စိတ်ကို အားကောင်းစေသည်။ ကြွက်သားကို သန်မာစေသည်။ သွေးနှင့်မရီဒန် တို့ကို အားကောင်းစေ၏။

လျိုဝမ်ရှစ် သည် ဟင်းပွဲပေါင်းများစွာကို စမ်းသပ်ခဲ့သည်။

“ဂိုဏ်းချုပ်”

ရက်ဒါဇင်ကျော် စမ်းသပ်ပြီးသည့်နောက် ဟယ်ဝူတီ သည် စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်၏။ “ကျုပ်တို့က တကယ့်ကို ထောပြီပဲ။”

ကြေးအိုးကြီးနှင့် နေ့စဉ်နေ့တိုင်း ချက်ပြုတ်၍ ရရှိသော အစားအစာကို စားသုံးခြင်းဖြင့် ၎င်းတို့သည် မြူကဲ့သို့သော တည်နေရာထဲသို့ ဝင်ရောက်ပြီး လောကနိယာမများကို နားလည်နိုင်စွမ်းရှိခဲ့၏။ (၂)နာရီလောက်သာ ကြာမြင့်သည်ဆိုသော်လည်း တကယ့်ကို ကြီးမားလှသော အခွင့်အရေးဟု သတ်မှတ်နိုင်စွမ်းရှိသည်။

အခြားတစ်ဘက်က ကြည့်ရမည်ဆိုလျှင် နေ့စဉ်နေ့တိုင်း အန္တိမ ကုန်းမြေတိုက်၏ နယ်စပ်တည်နေရာထဲကို ဝင်ရောက်ပြီး ကျင့်ကြံခြင်းပြုလုပ်နေသည်နှင့်ပင် ဆင်တူနေ၏။

အထက်စကြာဝဠာထဲတွင်ရှိသော ကျင့်ကြံသူများအားလုံးသည် အန္တိမကုန်းမြေတိုက်ကြီးသို့ ဝင်ရောက်ခွင့်ရရန် ဘဝတစ်ခုလုံး ရှာဖွေနေခဲ့ကြ၏။ ကျွင်းချောင်ရှောင်း၏ တပည့်များမှာတော့ မြို့ထဲ လိုင်းကားစီးနေသလိုပင် သွားလိုက်၊ ပြန်လိုက်ပြုလုပ်နေ၏။ တွေးကြည့်ရုံနှင့်တင် စိတ်လှုပ်ရှားစရာ ကောင်းလွန်းလှသည်။

အားလုံးသောသူတို့သည် အန္တိမကုန်းမြေတိုက်ကြီး၏ နယ်စပ်ကဲ့သို့ တည်နေရာဆီသို့ ဝင်ရောက်ပြီး ကျင့်ကြံခြင်းကို နေ့စဉ်နေ့တိုင်းပြုလုပ်နေကြသည်ဆိုသော်လည်း တစ်လခန့် ကြာမြင့်ပြီးသည့်နောက် အကျိုးသက်ရောက်မှုမှာ မသိသာတော့ချေ။

ဟယ်ဝူတီ က ပြောလိုက်၏။ “နောက်ဆုံးတော့ အချိန်လိုနေသေးတာပဲ။”

မှန်ပေ၏။ ကြေးအိုးကြီးကို အသုံးပြု၍ ချက်ပြုတ်ထားသော အစားအစာများသည် ဤလမ်းဆီသို့ ရောက်ရှိ အောင်ထောက်ပံ့ခြင်းကိုသာ ပြုလုပ်နိုင်၏။ ကြီးမားလှသည့် ပြောင်းလဲမှုမျိုး ဖြစ်တည်လာရန်အတွက်ဆိုလျှင် မိမိ ကိုယ်တိုင်က ကြိုးစားအားထုတ်ရန် လိုအပ်နေသေးသည်။ ထို့ကြောင့် အချိန်ကလည်း လိုအပ်နေသည်။

ဤလမ်းစဉ်သည် ပိုမိုအားကောင်းလာစေမည့် လမ်းစဉ်ဖြစ်၏။ ထို့ကြောင့် အဆင့်ကျော်တက်၍ မရနိုင်ချေ။ ကျိန်းသေပေါက် ကိုယ့်ကိုယ်ကိုယ် အားကိုးမှသာလျှင် ဖြစ်ပေလိမ့်မည်။

………………….

ပြိုင်စံရှားဂိုဏ်း ၏ တပည့်များ နေ့စဉ်နေထိုင်ရာဘဝသည် အမှန်ပင် သာယာစိုပြေလွန်းလှ၏။ ဥပမာ အားဖြင့် များပြားလွန်းလှသည့် လျှို့ဝှက်နယ်မြေအသီးသီးသို့ သွားရောက်ကာ ကိုယ့်ကိုယ်ကိုယ် ပိုမိုအားကောင်းအောင် လေ့ကျင့်ခြင်းပင်။ တာဝန်ခွဲဝေခြင်းခန်းမဆောင်ထဲသို့ သွားရောက်ပြီး တာဝန်များကို ပြည့်စုံအောင် ပြုလုပ်နိုင်၏။

ဟား…….ဟား…….

တစ်ရက်မှာတော့ ဟယ်ဝူတီ သည် အချိန်နှင့်တည်နေရာ လျို့ဝှက်နယ်မြေထဲမှ ထွက်လျှောက် လာခဲ့၏။ သူသည် ခံစားချက်များကို မထိန်းချုပ်နိုင်ခဲ့ချေ။ အဘယ်‌ကြောင့်ဆိုသော် ကောင်းကင် သဘာဝ တေးဂီတ၏ စွမ်းရည်များကို အသုံးပြုပြီးသည့်နောက်‌ သူသည် နဂါးကိုးကောင် လက်ဝါးရိုက်ချက်ကို အသုံးပြုနိုင်ခဲ့ပြီဖြစ်သည်။

ကျွင်းချောင်ရှောင်း သည် ထိုအခြင်းအရာကို ကြားပြီးသည့်နောက် မေးလိုက်၏။ “ဘယ်လောက် တောင် တိုးတက်လာခဲ့တာလဲ။”

“အင်…… မသိဘူး။ စမ်းကြည့်မှရမယ်။”

“စမ်းကြည့်လိုက်လေ။”

ကျွင်းချောင်ရှောင်း သည် တိုက်ခိုက်ရေးနည်းစနစ်၏ အားအင်ကို စမ်းသပ်ရန် စဉ်းစားလိုက်သည်နှင့် တပြိုက်နက် ဟောခန်းသခင်ကျိ ကို ချက်ချင်း သတိရလိုက်၏။

“ မဖြစ်ဘူး။”

ဟောခန်းသခင်ကျိ သည် လက်ကို ယမ်းခါပြီးသည့်နောက် ခြေဆောင့်လိုက်၏။ သူသည် စိတ်ကောက်နေသည့် ကလေးတစ်ယောက်ကဲ့သို့ပင် ဟန်မူပိုလျက်ရှိသည်။ “ဒီလို ကိစ္စမျိုးအတွက်ကို တခြားလူကို ရှာပါလား။ ဘာလို့ ကျုပ်ကိုပဲ အမြဲလာရှာနေရ တာလဲ။”

“ဘာလို့လဲဆိုတော့ ခင်ဗျား လူမဟုတ်လို့ပဲ။” ကျွင်းချောင်ရှောင်း သည် မှန်ကန်သည့် အဖြေတစ်ခုကို ပေးအပ်လိုက်၏။

……………..

လေ့ကျင့်ရေးကွင်းပြင်ထဲမှာတော့ ခရမ်းရောင်ဘုရင်သည် အတွင်းခံအနီရောင်ကို ဝတ်ဆင်၍ မတ်မတ် ရပ်လျက်ရှိ၏။ ပြောနေစရာပင်မလိုပင်။ သူ၏အားအင်အဆင့်သည်လည်း ဤအတောအတွင်း အတော်တိုးတက်ခဲ့၏။ ကြွက်သား များသည် ယခင်ကထက် ပို၍ တိကျကာ လှပလာခဲ့သည်။

ဟယ်ဝူတီ သည် လက်သီးကိုဆုပ်ကာ ပြောလိုက်၏။ “ဟောခန်းသခင်ကျိ၊ ကောင်းကင်သဘာဝ တေးသံနှင့် အသက်သွင်းထားတဲ့ သိုင်းကျင့်ကြံခြင်း နည်းစနစ်စွမ်းအင် က အရမ်းကို ကြောက်ဖို့ ကောင်းတယ်။ လေးလေးနက်နက်ခံယူပါ။

“……”

ဟောခန်းသခင်ကျိသည် မျက်မှောင်ကုတ်လိုက်မိ၏။

ဆွစ်………

ရုတ်တရက် သူ၏ခန္ဓာကိုယ်တွင် ဆန်းကြယ်လွန်းလှသော လေလှိုင်းများ ဖြစ်တည်လာခဲ့၏။ သူသည် မူလခန္ဓာကိုယ်ဖြစ်သော ခွန်သားရဲကြီးတစ်ကောင်အဖြစ်သို့ ပြောင်းလဲခဲ့ခြင်းပင်။ အနီရောင်အတွင်းခံ ကတော့ တည်ရှိနေတုန်းပင်။ လက်ရှိ အခြေအနေကို ကြည့်ရှုရမည်ဆိုလျှင် သူသည် လေးလေးနက်နက် တိုက်ခိုက်တော့မည် ဖြစ်ကြောင်း သိသာလှသည်။

“လာခဲ့။”

မူလခန္ဓာကိုယ်ကို အသက်သွင်းပြီးသည့်နောက် ဟောခန်းသခင်ကျိ၏ အသံသည် ပိုမိုကာ မောက်မာ လာခဲ့၏။ “စလိုက်ရအောင်။”

ဆွစ်……….

ဟယ်ဝူတီသည် ခန္ဓာကိုယ်ကို ကွေးညွတ်ကာ ရှေ့ဆီသို့ လှမ်းတက်လိုက်ချိန်မှာတော့ ဟောခန်းသခင်ကျိ၏ မူရင်းခန္ဓာကိုယ် ရှေ့သို့ ရောက်ရှိသွားသည်။

အလွန်မြန်ဆန်လွန်းလှ၏။ ရှုပ်ထွေးလှသည့် လျှပ်စီးသင်္ကေတများကို မြန်မြန် ဆန်ဆန်ဖန်တီးပြီးနောက် ဟယ်ဝူတီသည် အော်ဟစ်လိုက်၏။ “နဂါး ကိုးကောင်”

ဝုန်း………..ဝုန်း……..

ချက်ချင်းပဲ နဂါးကိုးကောင်၏ အော်ဟစ်သံသည် လောကကြီးတစ်ခုလုံးကို တုန်ခါစေခဲ့သည်။

ဘုန်း………..ဘုန်း……….. ဘုန်း………..ဘုတ်………..

ခဏလောက် ကြာပြီးသည့်နောက် မြေပြင်တစ်ခုလုံး တုန်ယင်နေရာမှ ရပ်တန့်သွားခဲ့၏။ အားလုံးသော သူတို့သည် လေ့ကျင့်ရေးကွင်းပြင်ဆီသို့ လှမ်းကာကြည့်ရှုလိုက်၏။

ဟယ်ဝူတီ သည် မတ်မတ်ရပ်လျက်ရှိ၏။ ခရမ်းရောင်ဘုရင်သည် လူသားအဖြစ်သို့ ပြောင်းလဲ လျက်ရှိပြီး မြေပေါ်၌ လဲကျလို့နေ၏။ ၎င်း၏ နှုတ်ခမ်းများဆီမှ အဖြူရောင်အငွေ့အမြုပ်များပင် ထွက်ပေါ်လျက်ရှိနေ၏။ ဟောခန်းသခင်ကျိသည် ရိုက်ချက်တစ်ခုတည်းနှင့် ရှုံးနှိမ့်သွားခဲ့ခြင်းပင်။

All Chapters