← Chapters

အခန်း ၁၈၉၃

Vol. 127 Ch. 1893

အခန်း ၁၈၉၃

Vol. 127 Ch. 1893

အပိုင်း (၁၈၉၃)

ကျွင်းချောင်ရှောင်းသည် ရောက်ရှိလာခဲ့၏။ လင်းကျန့် မှန်နဂါးရှစ်ကောင်တို့သည် ကျိန်းသေပါက် ဆိုးရွားသည့် အခြေအနေကို ကြုံရမှာဖြစ်၏။ အဆိုးရွားဆုံးအနေဖြင့် သေဆုံးသွားနိုင်၏။ သို့ပေမဲ့ ၎င်းတို့အားလုံးသည် အသက်ချမ်းသာရာ ရခဲ့၏။

အဘယ့်ကြောင့်ဆိုသော် ကျန့်ကွေ့ရှုသည် တစ်စုံတစ်ခုကို ပြောဆိုခဲ့သောကြောင့်ပင်။ "ဂိုဏ်းချုပ်ကျွင်း ဒီကောင်တွေက အသက်သွေးသားရဲတွေ။ အထက်စကြာဝဠာမှာ အရမ်းကို တန်ဖိုးကြီးမားတယ်။ သူတို့ကို သတ်ပစ်ဖို့ဆိုတာ နှမြောစရာပဲ။ သူတို့ကို ခေါ်ဆောင်ခဲ့လို့ရတယ်။ ဒါဆိုရင် ပိုပြီးတော့ ကောင်းမွန်တဲ့ မှန်ကျောက်ရိုင်းတုံးတွေ မွေးထုတ်လိမ့်မယ်။"

မှန်နဂါးများသည် မှန်ကျောက်တုံးများကို ထုတ်လုပ်နိုင်စွမ်းရှိ၏။ ထို့ကြောင့် ကျွင်းချောင်ရှောင်းသည် စီနီယာကွေ့ရှု၏ အကြံအစည်ကို လက်ခံရန် စဉ်းစားခဲ့၏။ သို့ပေမဲ့ သေခြင်းတရားကို ရှောင်လွဲနိုင်သည် ဆိုလျှင်တောင်မှ အပြစ်ပေးမှုကတော့ လွတ်မြောက်လိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် ပြိုင်စံရှားဂိုဏ်းမှ တပည့်များသည် စီတန်းလျက် ရှိနေပြီး ၎င်းတို့၏ စွမ်းအင်များကို ထုတ်ဖော်ကာဖြင့် လင်းကျန် မှန်နဂါးကိုးကောင်အား ဝိုင်းပတ်ကာဖြင့် ရိုက်နှက်ကြတော့သည်။

ဘုတ်

ကျွင်းချောင်ရှောင်းသည် နဂါးသားရဲကြီး၏ မျက်နှာပေါ်တွင် ခြေတင်ကာဖြင့် ပြောလိုက်၏။ "ငါ့တပည့် ဘယ်ရောက်သွားလဲ"

ရီရှင်းချန်သည် ဤအဖွဲ့မှဖြစ်ကြောင်း လင်းကျန့်မှန်နဂါးအဖွဲ့မှ သိရှိပြီးဖြစ်၏။ အဘယ့်ကြောင့်ဆိုသော် ဝတ်ဆင်ထားသည့် ဝတ်စုံသည် တူညီနေသည်မဟုတ်ပါလား။ ထို့ကြောင် အားပျော့စွာဖြင့် ပြောလိုက်သည်။ "အဲလူသားက ရုတ်တရက် ပျောက်ကွယ်ကွယ်သွားတယ်"

"ပျောက်သွားတယ်"

"ဟုတ် … ဟုတ်ပါတယ်"

နဂါးသားရဲသည် ပြောလိုက်၏။ "သူလေထဲမှာတင် ပျောက်သွားတာ"

အစောကတင် သူတို့သည် ရီရှင်းချန်အား စားသုံးရန် ပြင်ဆင်ခဲ့၏။ သို့ပေမဲ့ တစ်ဖက်လူသည် ပျောက်ကွယ်သွားခဲ့၏။ မဟုတ်ပါက ဤနေရာတွင် တွေဝေငေးငိုင်စွာဖြင့် အချိန်အတော်ကြာ ရပ်တန့်နေလိမ့်မည် မဟုတ်ချေ။

"ဂိုဏ်းချုပ် "

ထိုအချိန်မှာတော့ လီချင်းယန်သည် မှန်ကျောက်တုံးတစ်ခု၏ ရှေ့တွင် မတ်မတ်ရပ်လျက် ရှိ၏။ ပြီးနောက် အပေါ်တွင် ရှိနေသော လက်ဝါးရာကြီးကို လက်ညိုးထိုးပြလိုက်သည်။ "ဒါ ဂျူနီယာညီလေးရီရဲ့ သွေးတွေပဲ"

တကယ်တော့ ရီရှင်းချန်သည် မှန်ကျောက်တုံးကို သိုလှောင်လက်စွပ်ထဲတွင် သိမ်းစည်းရန် ပြင်နေချိန်မှာပဲ ရုတ်တရက် ပျောက်ကွယ်သွားခြင်း ဖြစ်၏။

ကျွင်းချောင်ရှောင်းသည် ရှေ့သို့ လှမ်းသွားလိုက်သည်။ ပြီးနောက် ကျောက်တုံးပေါ်တွင် ရှိနေသည့် သွေးလက်ဝါးရာကြီးကို ကြည့်လိုက်၏။ သဲလွန်စများအရဆိုလျှင် ရီရှင်းချန်သည် ဆေးပင်များကို လိုက်လံလုယူရင်း ဒဏ်ရာရရှိခဲ့ခြင်းပင်။ ထို့ကြောင့် သူ၏ ဒေါသတရားများသည် ပိုမိုတိုးပွားလာခဲ့သည်။

“ဟင်း ….”

ကုထျန်းရှင်းသည် ခေါင်းကိုခါယမ်းကာ ပြောလိုက်၏။ "ဒါက လင်းကျန့်မှန်ကျောက်တုံး။ အထဲက ဆေးပင်က လင်းကျန့်မှန်ဆေးပင်ပဲ။ ကိုယ်ဝန်မြဲတဲ့ဆေးအတွက် တကယ့်ပါဝင်ပစ္စည်းပဲ။ ဒီကလေး ငါတို့မရောက်ခင် အရင်လှုပ်ရှားလိုက်ပဲ ဖြစ်ရမယ်"

ကျွင်းချောင်ရှောင်းသည် လက်ကို ယမ်းခါပြီးသည့်နောက် မှန်ကျောက်တုံးနှင့် အထဲတွင် ရှိနေသော ဆေးပင်များအားလုံးကို သိမ်းဆည်းလိုက်၏။ ပြီးနောက် သူသည် နဂါးစိမ်းလခြမ်း ဓားမော့ကြီးကို ဆွဲကာဖြင့် လင်းကျန့်မှန်နဂါးဆီသို့ တစ်လှမ်းချင်း လျှောက်သွား၏။ သူ၏ မျက်လုံးများသည် နက်မှောင်လျက်ရှိသည်။

"မင်း ငါ့တပည့်ကို နာကျင်အောင်လုပ်တယ်။ ပြီးတော့ ပျောက်သွားအောင်လုပ်တယ်။ ဒီနေ့မှာမှ အပိုင်းပိုင်း ဖြစ်အောင် မလုပ်ရရင် ငါ့ရဲ့ဒေါသတွေ ဘယ်ပြေနိုင်တော့မလဲ"

"စိတ်ကိုအေးအေးထား စိတ်ကိုအေးအေးထားပါအုံး” ကျန့်ကွေ့ရှုက ပြောလိုက်၏။

"ကောင်လေး …. မင်းရဲ့တပည့်က ကျွမ်းကျင်သူ တစ်ယောက်ယောက်ရဲ့ ကယ်တင်ခြင်းကို ခံထားရတဲ့ပုံပဲ။ ဒီတော့ သူ့ကိုအရင်တွေ့အောင်လိုက်ရှာရမှာ ငါတို့ရဲ့ ဦးစားပေးပဲ ဖြစ်မယ်" ကုထျန်းရှင်းက ပြောလိုက်သည်။

"ကောင်းပြီ"

ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ "ဒါဆိုလည်း မြန်မြန်လိုက်ရှာကြတာပေါ့"

အချိန်အကန့်အသတ် အနည်းငယ်အတွင်းမှာပဲ ကြယ်တာရာ ရွက်သင်္ဘောများသည် ထာဝရလောကကြီးထဲမှ ထွက်ပေါ်လာခဲ့ကြသည်။ ၎င်းတို့သည် တည်နေရာအတားအဆီးကို ဖြတ်ကာဖြင့် နေရာအနှံ့ဆီသို့ ပျံသန်းသွားကြ၏။

ဆိုးရွားသည်မှာ ရက်အနည်းငယ် ကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း မည်သည့်သတင်းမှ မကြားခဲ့ရချေ။

ကျွင်းချောင်ရှောင်းသည် စိုးရိမ်ပူပန်စွာဖြင့် ထိုင်မရ၊ ထမရ ဖြစ်လို့နေခဲ့၏။ သူသည် ထျန်းယွမ်အကျဉ်းထောင်စေတီသို့ သွားကာ နဂါးရှစ်ကောင်တို့အား သူ၏တပည့် မည်သို့ပျောက်သွားသနည်းကို ခဏခဏ မေးမြန်း၏။ သို့ပေမဲ့ သူရရှိခဲ့သည့် စကားမှာ ‘လေထဲတွင် ပျောက်ကွယ်သွားသည်’ ဟူသည့် စကားပင်။

"အားရာ …. ဒီကောင်တွေကို ကောင်းကောင်းပြုစုထားလိုက် "

"ကောင်းပါပြီသခင်"

ကျွင်းချောင်ရှောင်း ထျန်းယွမ် အကျဉ်းထောင်စေတီမှ ထွက်ခွာသွားပြီးသည့်နောက် အားရာသည် အဖြူရောင်လက်အိတ်၊ အဖြူရောင်နှာခေါင်းစည်း နှင့် အဖြူရောင် ကုတ်အင်္ကျီတို့ကို ဝတ်လိုက်၏။

ကျိုးဒူဒူ နှင့် တိုင်လုတို့သည် တံခါးစောင့်နတ်ဘုရား နှစ်ပါးကဲ့သို့ပင် မတ်မတ်ရပ်လျက်ရှိ၏။ တစ်ယောက်သည် ကြာပွတ်ကို လှမ်းကာပေးအပ်သည့် တာဝန်ကို ယူထားပြီး အခြားတစ်ယောက်မှာတော့ ဖယောင်းတိုင်ကို ကမ်းပေးသည့် တာဝန်ကို ယူထား၏။ ၎င်းတို့၏ မျက်လုံးများသည် စိတ်လှုပ်ရှားမှုကို မဖုံးကွယ်နိုင်ချေ။

"………."

အကျဉ်းထောင်ထဲတွင် ဖမ်းချုပ်ခံထားရသည့် ဖန်းဝမ်းလီသည် ဤကဲ့သို့ စိတ်လှုပ်ရှားလျက်ရှိနေသည့် လူသုံးယောက်၏ မျက်နှာကို မြင်ရပြီးသည့်နောက် အမှတ်မထင် ကျောများပင် ချမ်းလာခဲ့သည်။

ဖျောင်း ဖျောင်း ဖျောင်း

အား……..

နှိမ့်စက်မှုသည် စတင်ကာ ဖြစ်တည်လာခဲ့၏။ အော်ဟစ်သံကြီးကလည်း ထွက်ပေါ်လာ၏။

ဖန်းဝမ်လီသည် စိတ်ပိုင်းဆိုင်ရာအရ ကြိုတင်ကာ ပြင်ဆင်ထားပြီးဖြစ်၏။ သို့ပေမဲ့ နဂါးရှစ်ကောင်ထံမှ ဆိုးဆိုးရွားရွား အော်ဟစ်သံကို ကြားရသည့်အချိန်မှာတော့ သူသည် ဦးခေါင်းတစ်ခုလုံး ပေါက်ကွဲလုမတတ် ကြောက်လန့်နေမိသည်။

"ပြောမှာလား မပြောဘူးလား"

"ပြော ပြော …… ပြောပါ့မယ်"

အားရာသည် ရုတ်တရက် ရပ်တန့်ပြီးနောက် ခါးထောက်လိုက်၏။ သူမ၏ မျက်လုံးများသည် ပြူးကျယ်လာ၏ "ကျွန်မရဲ့ ချစ်လှစွာသော အစ်ကိုကြီးရှင်းချန်ကို ရှင်တို့သတ်ပစ်လိုက်တာလား"

"မဟုတ်ပါဘူး။ မဟုတ်ပါဘူး"

ဖျောင်း ဖျောင်း ဖျောင်း

အား

မှန်နဂါးသားရဲများထဲမှ တစ်ကောင်သည် နာကျင်မှုကို မည်သို့မျှ မခံစားနိုင်ဘဲ ဖွင့်ဟလာတော့သည် "ဒီလူပျောက်သွားတဲ့အချိန်မှာ ကျုပ် ညရနံ့ကို ရခဲ့တယ်"

"ဟုတ်တယ် ဟုတ်တယ်။ ကျုပ်လည်းရခဲ့တယ်"

ကျန်သော နဂါးသားရဲများသည် တစ်ယောက်ပြီးတစ်ယောက် ဝင်ရောက်ကာပြောဆိုလိုက်ကြ၏။ သူတို့၏ ဂုဏ်သိက္ခာကို တစ်ချက်ကလေးမှ ဂရုမစိုက်ကြတော့ချေ။

"ညရနံ့ ဟုတ်လား"

အကျဉ်းထောင်ထဲတွင် ထိုင်လျက်ရှိနေသည့် ဖန်းဝမ်လီသည် စိတ်ထဲတွင် တီးတိုးရေရွတ်နေမိ၏။ ဖြစ်နိုင်သည်မှာ......

ပြိုင်စံရှားဂိုဏ်း

ကျွင်းချောင်ရှောင်သည် အဓိကဟောခန်းထဲတွင် ထိုင်လျက်ရှိ၏။ သူသည် မျက်မှောင်ကုတ်ထားသည်။

"ဂိုဏ်းချုပ်ကျွင်း စိတ်မပူပါနဲ့" ကျန့်ကွေ့ရှုက ပြောလိုက်၏။

သူသည် အတွေ့အကြုံရင့်ကျက်သောသူ တစ်ယောက်ဖြစ်၏။ တိုက်ခိုက်ခဲ့ရာတည်နေရာသည် ကြမ်းတမ်းလှသော တိုက်ပွဲကြီးဖြစ်ပွားခဲ့ကြောင်း ခြေရာလက်ရာ သိလွန်စများ တည်ရှိနေသော်လည်း ရီရှင်းချန် သေဆုံးသွားသည့် အရိပ်အယောင်မျိုးမဟုတ်ချေ။ မသေသည်မှာလည်း သေချာသည်။ အဘယ့်ကြောင့်ဆိုသော် ၎င်း၏ အသက်သွေး သားရဲကြီးသည် ထောင်ထောင်၊ ထောင်ထောင်နှင့် လျှောက်သွားနေသောကြောင့်ပင်။

ရုတ်တရက် ပျောက်ကွယ်သွားခဲ့သည် ဆိုခြင်းမှာ ဖြစ်နိုင်ဖွယ်ရာ နှစ်ခုသာရှိ၏။ ပထမသည် လျို့ဝှက်နည်းစနစ် တစ်ခုခုကိုသုံး၍ အရေးပေါ်အခြေအနေမှ လွတ်မြောက်အောင် ကြိုစားခဲ့ခြင်း။ ဒုတိယမှာတော့ ကျွမ်းကျင်သူ တစ်ယောက်ယောက်၏ ကယ်တင်ခြင်းကို ခံခဲ့ရခြင်းပင်။ ရီရှင်းချန်၏ သွေးလက်ရာကြီးသည် လင်းကျန့်မှန်ကျောက်တုံးပေါ်တွင် ထင်ကျန်ခဲ့၏။ ထိုအရာကို သူ့အနေဖြင့် အရယူရန် စိတ်ပိုင်းဖြတ်ထားပုံ ပေါ်ခဲ့၏။ ထို့ကြောင့် ထိုအရာကိုမရဘဲ ထွက်ခွာသွားလိမ့်မည် မဟုတ်ချေ။ ဖြစ်နိုင်ဖွယ်ရာတစ်ခုာ ကျန်တော့သည်။ ကယ်တင်ခြင်းကို ခံလိုက်ရခြင်းပင်။

"စီနီယာ "

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဘယ်သူကယ်သွားတာလဲ”

"ဟမ် …. ဘယ်လိုလုပ်သိမှာလဲ" ကျန့်ကွေ့ရှုသည် ခေါင်းကိုခါယမ်းကာ ပြောလိုက်၏။

"…….."

ကျွင်းချောင်ရှောင်းသည် ချက်ချင်းပဲ စိတ်ဓာတ်ကျသွားမိသည်။

"ဒါပေမဲ့"

ကျန့်ကွေ့ရှုသည် ပြောလိုက်၏။ "လင်းကျန့် မှန်နဂါးရှစ်ကောင်ရှေ့ကနေ ဘယ်လိုမှမသိအောင် ခေါ်ဆောင်သွားတယ်ဆိုတော့ ဒီလူရဲ့ အားအင်အဆင့်က ကျုပ်ထက်တော့ နိမ့်ကျမှာမဟုတ်ဘူး"

"ဪ"

ကျွင်းချောင်ရှောင်း၏ မျက်လုံးများသည် လင်းလက်သွားခဲ့၏။ ဤသတင်းအချက်အလက်သည် အမှန်ပင် အရေးကြီးလို့လာခဲ့၏။ အဘယ့်ကြောင့်ဆိုသော် အထက်စကြဝဠာတွင် ကျန့်ကွေ့ရှုထက် ပိုမိုကာ အာကောင်းသည်မှာ လက်တစ်ဆုပ်စာသာလျှင် ရှိသည်။

"ဂိုဏ်းချုပ်"

ယုစီနန်သည် စိတ်ပူပန်စွာဖြင့် ပြောလိုက်၏။ "မိုးကောင်းကင် နတ်ဆိုးအင်ပါယာများ ဖြစ်နေမလား"

"ကျုပ်လည်း အဲ့တာကို စဉ်းစားမိနေတာ"

"မဖြစ်နိုင်ဘူး"

ကျန့်ကွေ့ရှုက ပြောလိုက်သည်။ "တကယ်တမ်း သူသာဆိုလျှင် တစ်ခါတည်း သတ်ပစ်မှာ မဟုတ်လား။ ဒါပေမဲ့ စဉ်းစားကြည့်ရင် မိုးကောင်းကင် နတ်ဆိုးအင်ပါယာက တကယ်ကို ရည်မှန်းချက်ကြီးတဲ့လူလေ။ အထူးသဖြင့် သူ့ရဲ့ နောက်လိုက်တွေကို မွေးမြူရတာ ဝါ သနာပါတဲ့ လူတစ်ယောက်။ မင်းရဲ့တပည့်က သူ့ရဲ့နောက်လိုက်တွေကို သတ်ခဲ့တယ်ဆိုမှတော့ လွယ်လွယ်ကူကူနဲ့ ဘယ်သေဆုံးခိုင်းတော့မှာလဲ"

ကျွင်းချောင်ရှောင်သည် ဒေါတကြီးဖြင့် စားပွဲခုံကို ထရိုက်ကာ အော်ဟစ်လိုက်၏။ "သူလုပ်ရဲ့လား"

ကျန်းကွေ့ရှုက ပြောလိုက်သည်။ "ဒါက ခန့်မှန်းတာတစ်ခုပါပဲ။ စွမ်းအားမြင့်တစ်ယောက်ယောက်က ကယ်တင်သွားတာလည်း ဖြစ်နိုင်တာပဲ"

"ဒီလိုမျှော်လင့်ရတာပဲ" ကျွင်းချောင်ရှောင်းသည် ပြန်ထိုင်ချလိုက်၏။ သူ၏မျက်နှာပေါ်တွင်တော့ စိုးရိမ်ပူပန်မှုများနှင့် ပြည့်နှက်လျက်ရှိနေ၏။

မိုးကောင်းကင် နတ်ဆိုးအင်ပါယာသည် ရီရှင်းချန်ကို ဖမ်းဆီးသွားပြီးနောက် ဦးနှောက်ဆေးကာဖြင့် မကောင်းသည့်ကိစ္စရပ်များကို ပြုလုပ်ခိုင်းမည်လား။ ထိုသို့ဆိုလျှင် ဂိုဏ်းတူရောင်ရင်း အချင်းချင်းပြန်သတ်ရမည့် ကိစ္စမျိုး ဖြစ်လာပေလိမ့်မည်။

"သခင်"

ကျွင်းချောင်ရှောင်းတစ်ယောက် စိတ်ဓာတ်ကျနေတုန်းမှာပဲ အားရာ၏အသံသည် ထွက်ပေါ်လာ၏။ "သဲလွန်စရပြီ"

ဆွစ်

ကျွင်းချောင်ရှောင်းသည် ချက်ချင်းပဲ ထျန်းယွမ် အကျဉ်းထောင်စေတီထဲသို့ ရောက်ရှိသွား၏။ အိပ်ကပ် တစ်ခု၏ အရွယ်အစားထိ ဖြစ်နေသော နဂါးရှစ်ကောင်တို့သည် တစ်ကောင်ကို တစ်ကောင် ဖက်ကာဖြင့် ကြောက်လန့်တကြား တုန်ယင်လျက်ရှိနေသည်။

ကျွင်းချောင်ရှောင်းသည် ထိုသူတို့ကို ဂရုမစိုက်လှချေ။ ထိုအစားလေထဲတွင် လွင့့်မျောလျက်ရှိနေသော ဖန်းဝမ်လီကို ကြည့်ကာမေးလိုက်၏။ "ဘာဖြစ်တာလဲ။ ဘယ်လိုဖြစ်ပြီး မင်းသူ့ကို ရိုက်နေရတာလဲ"

"ဂိုဏ်းချုပ်"

တိုင်လုက ရှင်းပြလိုက်သည်။ "နဂါးတွေကို ပြုစုနေတုန်းမှာပဲ ဒီလူရဲ့ မျက်လုံးတွေက တစ်စုံတစ်ခု မှာယွင်းနေတယ်လို့ အာရုံခံမိတယ်လေ။ ဒါကြောင့် သူ့ကိုပါ ပြုစုလိုက်တာ"

"ဒီတော့ ရလာဒ်ကရော" ကျွင်းချောင်ရှောင်းက မေးမြန်းလိုက်၏။

အားရာသည် လေထဲတွင် ချိတ်ဆွဲထားသော ဖန်းဝမ်လီကို ကြည့်လိုက်၏။ ပြီးနောက်ပြောလိုက်သည်။

"ရှင်ပြောရမှာလား …. ကျွန်မပြောရမှာလား"

"ကျုပ် ပြောပါမယ်"

ဖန်းဝမ်လီသည် နာကျင်နေသည့် အမူအရာဖြင့် ပြောလိုက်၏။ "ခင်ဗျားတပည့်က ကျုပ်ဆရာ ခေါ်သွားတာဖြစ် …. ဖြစ်"

"ညဘုရင်လား" ကျွင်းချောင်ရှောင်းသည် မျက်မှောင်ကုတ်လိုက်သည်။

"ချီးတဲ့မှ"

စနစ်သည် စိတ်ဓာတ်ကျသွားမိ၏။ "ဘယ်လိုတွေ ဖြစ်ကုန်တာလဲ"

All Chapters