← Chapters

အခန်း ၁၈၉၄

Vol. 127 Ch. 1894

အခန်း ၁၈၉၄

Vol. 127 Ch. 1894

 အပိုင်း (၁၈၉၄)

သပ်ရပ်လွန်းလှသော အခန်းလေးတစ်ခုအတွင်းမှာတော့ ရီရှင်းချန်သည် သတိလစ်မေ့မျောနေရာမှ ပြန်လည် နိုးထလာခဲ့၏။

ဆွစ်

သူသည် သတိပြန်ရပြီးနောက် ချက်ချင်းပဲ ငုတ်တုတ်ထထိုင်လိုက်၏။ သူ၏အကြည်များသည် ချက်ချင်းပဲ လေးနက်သွားခဲ့သည်။ "ငါကျောက်တုံးကို လုယူဖို့ ကြိုးစားနေခဲ့တာ မဟုတ်ဘူးလား။ ဘယ်လိုဖြစ်ပြီးတော့ အရမ်းမွှေးတဲ့အခန်းထဲ ရောက်နေရတာလဲ"

ဤနေရာသည် မည်သည့်နေရာဖြစ်သနည်း။

ကျွီ ….။

ထိုအချိန်မှာပဲ တံခါးသည် ဖြေးညင်းစွာ ပွင့်လာခဲ့၏။ မူလအားဖြင့် တည်ငြိမ်အောင် ထိန်းသိမ်းထားသည့် အမျိုးသမီးတစ်ယောက်သည် လမ်းလျှောက်လာခဲ့၏။ သူမသည်ထိုင်ခုံတစ်လုံးပေါ်တွင် အသာထိုင်လိုက်ပြီး ပုခုံးထက်တွင် ရှိနေသော ဆံနွယ်များကို အသာဖယ်ရှားကာ ပြောလိုက်သည်။ "ရှင်နိုးလာပြီလား"

အမျိုးသမီးသည် အလွန်ပဲ လှပလွန်းလှ၏။ သူမ၏ မျက်နှာသည် ကျောက်စိမ်းကဲ့သို့ပင် သပ်ရပ်လွန်းလှပြီး အသားအရေမှာလည်း အလွန်ပင် ကြည့်ကောင်းလွန်း၏။ ပြစ်ချက်ဟူ၍ စိုးစေ့မှ ရှာမတွေ့နိုင်ချေ။

သို့ပေမဲ့ ပြိုင်စံရှားဂိုဏ်း၏ စိတ်ဓာတ်ပိုင်းဆိုင်ရာ အခိုင်မာဆုံးသော ယောကျာ်းနှစ်ယောက်ထဲမှ တစ်ယောက်ဖြစ်သည်နှင့်အညီ ရီရှင်းချန်သည် တစ်ဖက်လူမှာ ကြည့်ကောင်းလှသော လူဖြစ်ကြောင်းကိုသာ အသိအမှတ်ပြုလိုက်၏။

"ခင်ဗျားက ဘယ်သူလဲ"

"ကျုံးလိကျိရန်"

"ကျုပ်ခင်ဗျားကို မသိဘူး။ အခုသိသွားပြီမဟုတ်လား"

ကျုံးလိကျိရန်သည် အစကနေ အဆုံးအထိ ပြုံးလျက်ရှိနေ၏။ သူမ၏ အပြုံးသည် အမှန်ပဲ လှပလွန်းလှချေ၏။ တခြားသော ကျင့်ကြံသူများသာ ဆိုပါက ထိုအပြုံးကို မြင်သည်နှင့် မျောပါသွားကြမှာပင်။ ရီရှင်းချန်မှာတော့ အမူအရာ တစ်ချက်ကလေးမှ မပြောင်းလဲခဲ့ချေ။ သူက အေးစက်စက်ပြောလိုက်၏။ "ခင်ဗျား ကျုပ်ကိုကယ်ခဲ့တာလား"

သူ၏မှတ်ညဏ်များသည် မှန်ကျောက်တုံးကို သိုလှောင်လက်စွပ်ထဲတွင် သိမ်းသွင်းရန် ပြင်ဆင်လိုက်သည့် အချိန်၌ ရပ်တန့်သွားခဲ့၏။ တစ်ချိန်တည်းမှာပဲ နဂါးသားရဲတော်တော်များများသည် သူ့ဆီသို့ လှမ်းလာခဲ့၏။ အခြေအနေသည် ဆိုးရွားသည့်ဘက်သို့ ဦးတည်ခဲ့သည်။

"ကျွန်မဆီမှာ အဲလောက် အရည်အချင်းမရှိပါဘူး"

ကျုံးလိကျိရန်က ပြုံးလိုက်၏။ "ရှင့်ကိုကယ်ခဲ့တာ ကျွန်မတို့ မဟာမိတ်အဖွဲ့ရဲ့ ခေါင်းဆောင်ပဲ"

"မဟာမိတ်အဖွဲ့ခေါင်းဆောင် ဟုတ်လား"

ရီရှင်းချန်က မေးမြန်းလိုက်သည်။ "ဘယ်သူလဲ "

"ညဘုရင်လေ" ကျုံးလိကျိရန် က ပြောလိုက်၏။

ထိုစကားကို ကြားလိုက်ရသည့် အချိန်မှာတော့ ရီရှင်းချန်၏ မျက်နှာပေါ်ရှိ ကြွက်သားများသည် တုန်ယင်သွားခဲ့၏။ ကျောက်အခန်းထဲတွင် မြင်တွေ့ခဲ့ရသော အနာဂတ်ပုံရိပ်ယောင်များကို ပြန်လည်ကာ မြင်ယောင်ပြီးနောက် သူသည် ဇဝေဇဝါဖြစ်လို့နေလေသည်။

တစ်ဖက်လူသည် သူ့အားတကယ်ပင် ကယ်တင်ခဲ့သည်လား။ အနာဂတ်တွင် ဖြစ်လာနိုင်သည့် ကိစ္စများအတွက် ခြေတစ်လှမ်း အစပျိုးခြင်းလား မသိချေ။ အဆုံးသတ်မှာတော့ သူသည် ပြိုင်စံရှားဂိုဏ်းမှ ထွက်ခွာပြီး ဟိုအမျိုးသမီးနှင့် တစ်သက်လုံးအတူတူနေထိုင်သွားရမည်လား။

ရီရှင်းချန်သည် သူ၏ရင်ဘတ်ကို ဆုပ်ကိုင်လိုက်မိ၏။ အတိတ်တုန်းကသာဆိုလျှင် သူသည် ချက်ချင်းပဲ ငြင်းပယ်လိုက်မှာ သေချာ၏။ သို့ပေမဲ့ လက်ရှိအခြေအနေမှာတော့ သူ၏အထင်အမြင်ကို ဖော်ညွှန်းမပြရဲချေ။ အဘယ့်ကြောင့်ဆိုသော် သူသည် အနည်းငယ် တွေဝေလို့နေ၏။ ရီရှင်းချန်သည် ကျဲ့လင်းရောင်ကြောင့် တွေဝေနေခြင်း မဟုတ်ချေ။ သူမ၏ ဗိုက်ထဲတွင်ရှိနေသော ကလေးကြောင့်ပင်။ သွေးသည် ရေထက်ပြစ်လွန်းသည် မဟုတ်ပါလား။

"ရောင်ရင်းလေး"

ကျုံးလိကျိရန်က ပြုံးလိုက်၏။ "မဟာမိတ်အဖွဲ့ခေါင်းဆောင်က ရှင့်ကိုစောင့်နေတယ်။ အဓိကဟောခန်းထဲကို လိုက်ခဲ့ပါအုံး"

လိုက်သွားရမည်လား၊ မလိုက်ရဘူးလား။ ရီရှင်းချန်သည် ဝေခွဲမရဖြစ်နေ၏။ သူကို စိုးရွံ့စေသည့် အရာသည် ကြောက်လန့်မှုပင် ဖြစ်၏။ အနာဂတ်တွင် ဘာဖြစ်လာမည်နည်းဆိုသည်ကို သိရှိသလို ဖြစ်နေသောကြောင့် သူသည် အမှန်ပင် ကြောက်လန့်နေမိ၏။ လှည့်ပြန်၍မရသော လမ်းဆီ လျှောက်လှမ်းပြီး ပြိုင်စံရှားဂိုဏ်းဆီသို့ ပြန်၍မရတော့မည့် အဖြစ်မျိုး ရောက်သွားမည်ကို သူ စိုးရိမ်နေမိ၏။

ကျုံးလိကျိရန်သည် ညအင်ပါယာ၏ အတွေးကို မြင်နိုင်ခဲ့ပုံပေါ်၏။ ထို့ကြောင့်ပြောလိုက်သည်။ "တစ်ချို့အရာတွေက ကံကြမ္မာက သတ်မှတ်ပေးထားတာမို့ ပြောင်းလဲလို့ မရနိုင်ဘူးလေ။ ကျွန်မတို့က ဒီလောက်အဝေးကြီးကနေ ဆုံတွေ့ခဲ့ရတာဆိုတော့ ဖြစ်လာသမျှ ပြဿနာအားလုံးကို တည်တည်ငြိမ်ငြိမ်နဲ့ ရင်ဆိုင်ရတော့မှာပေါ့ "

"ဒါတော့အမှန်ပဲ"

ရီရှင်းချန်သည် အခန်းထဲမှ လျှောက်ထွက်လိုက်၏။ စိတ်သက်သောင့်သက်သာ ဖြစ်သွားသည့် အချိန်မှာတော့ လှုပ်ရှားလျက်ရှိနေသော တောင်ကြီးပေါ်တွင် ရောက်ရှိနေကြောင်း သူ သတိပြုလိုက်မိ၏။

မှန်ပေ၏။ ဤအရာသည် ညဘုရင် မဟာမိတ်အဖွဲ့၏ ဌာနချုပ်ပင် ဖြစ်၏။ တောင်ကြီးသည် အဘယ့်ကြောင့် ရွေ့လျားနေရသည် ဆိုသော် တောင်ရွေ့လျားခြင်း လိပ်မဲကြီးကြောင့်ပင် ဖြစ်လေသည်။

ထူးဆန်းလှချေ၏။ ရီရှင်းချန်သည် စိမ်းနေသည်ဟု မခံစားမိချေ။ ရင်းနှီးနေသလိုပင် ခံစားနေမိ၏။ သူက တွေးလိုက်၏။ ဒါတွေအားလုံးက ပုံရိပ်ယောင်ထဲမှာ မြင်ခဲ့ရတဲ့ အရာတွေ အားလုံးကြောင့်လား။

ညဘုရင်မဟာမိတ်အဖွဲ့ …။

အရွယ်အစားအရဆိုလျှင် ပြိုင်စံရှားဂိုဏ်းထက်ပင် ပိုမိုကာ ခမ်းနားလွန်းလှသည်။

ရီရှင်းချန်သည် အထဲသို့ လျှောက်ဝင်လိုက်၏။ အထဲတွင် ပြင်ဆင်ထားသည့် ပစ္စည်းများမှာ ပုံရိပ်ယောင် ထဲတွင် မြင်ခဲ့ရသည့် အရာများနှင့် တထပ်တည်း တူညီနေသညိကို မြင်ရသည့် အချိန်မှာတော့ သူ လုံးဝ မတည်ငြိမ်နိုင်တော့ချေ။

ကျုံးလိကျိရန်သည် နောက်မှ မလိုက်ပါလာခဲ့ချေ။ ထို့ကြောင့် ဟောခန်းထဲတွင် သူတစ်ယောက်တည်းသာ ကျန်ရှိနေ၏။ အခြေအနေတစ်ခုလုံးသည် တိတ်ဆိတ်ငြိမ်သက်နေ၏။ သူ၏ အသက်ရှုသံကိုပင် သူ ကောင်းကောင်း ကြားနေရ၏။

"ရောက်လာပြီလား"

သူ၏နောက်ဆီမှ အသံတစ်ခု ထွက်ပေါ်လာ၏။ သူသည် အနောက်သို့ လှည့်မကြည့်ချေ။ တည်ငြိမ်စွာဖြင့် ပြောလိုက်သည် "ရောက်လာပါပြီ"

"ဒီနေရာနဲ့ ရင်းနှီးနေလား"

"ရင်းနှီးနေသလိုပဲ"

"ဘာလို့ ရင်းနှီးနေသလို ခံစားရလဲဆိုတာ စဉ်းစားနေတာလား"

"ထင်ထားတဲ့ အတိုင်းသာ ဖြစ်လာရင် ကျုပ်ကခင်ဗျားနေရာကို အစားထိုးပြီး ဒီနေရာမှာ ထိုင်ရမှာပေါ့"

ရီရှင်းချန်သည် အနောက်သို့လှည့်ကာ ကြည့်ရှုလိုက်သည့် အချိန်မှာတော့ မဟာမိတ်ခေါင်းဆောင်ပုလ္လင်ပေါ်တွင် ထိုင်လျက်ရှိနေသည့် မျက်နှာဖုံးနှင့်လူကို မြင်လိုက်ရ၏။ သူတို့ အကြည့်ချင်းဆုံသွားချိန်မှာတော့ ပတ်ဝန်းကျင် တည်နေရာတစ်ခုလုံးသည် တိတ်ဆိတ်ငြိမ်သက်သွား၏။

ဟား ဟား ဟား

ညဘုရင်သည် ခေါင်းကိုမော့ကာ ရယ်မောလိုက်သည်။ "ကြည့်ရတာ မင်းက ကောင်းကင်စက္ကူစလောကထဲကို ရောက်ပြီးတော့ အထဲမှာရှိတဲ့ အရာတွေကို မြင်ခဲ့တယ်နဲ့ တူတယ်"

"ဒါကို ခင်ဗျားထားခဲ့တာလား" ရီရှင်းချန်သည် မျက်မှောင်ကုတ်လိုက်၏။

"မဟုတ်ပါဘူး"

ညဘုရင်သည် ခဏလောက် တိတ်ဆိတ်ငြိမ်သက်သွားသည်။

"မင်းထားခဲ့တာပဲ"

"ကျုပ်ဟုတ်လား" ရီရှင်းချန်သည် ခနလောက် ကြောင်အသွား၏။

ညဘုရင်သည် မတ်တပ်ထရပ်ပြီး အောက်ဆီသို့ ဆင်းလျှောက်လာခဲ့၏။ ရီရှင်းချန်နှင့် ပုခုံးခြင်း ယှဉ်ရပ်ပြီးနောက် တံခါးဝသို့ လှမ်းကြည့်လိုက်သည်။

"စကြာဝဠာပတ်လမ်းမှာ စိတ်ဝိညာဉ်မျိုးစေ့ သုံးဆယ့်နှစ်ခုရှိတယ်။ အဲအရာတွေထဲက တစ်ခုက အချိန် စိတ်ဝိညာဉ်ပေါ့။ အတိတ်မှာရော ၊ အနာဂတ်မှာကော တကယ့်ကို ပြိုင်ဖက်ကင်း စိတ်ဝိညာဉ် မျိုးစေ့လို့ ပြောလို့ရတယ်"

"ခင်ဗျား ဘာကိုဆိုလိုတာလဲ" ရီရှင်းချန်သည် နားမလည်ခဲ့ချေ။

"အထက်စကြာဝဠာ တစ်ခုလုံးမှာ ကောင်းကင်ကို ငြင်းပယ်နိုင်တဲ့ စိတ်ဝိညာဉ်မျိုးစေ့ ဆယ်ခုကို ခန္ဓာကိုယ်နဲ့ ပေါင်းစပ်နိုင်ခဲ့တဲ့ အသိတစ်ယောက် ရှိခဲ့တယ်" ညဘုရင်က ပြောလိုက်၏။

"ဘယ်သူငယ်ချင်းလဲ" ရီရှင်းချန်သည် မထူးခြားသလို ပြန်မေးလိုက်သည်။

ညဘုရင်သည် ဆက်လက်ကာ ပြောဆိုလိုက်၏။ "သူက တကယ့်ကို မောက်မာတဲ့လူလေ။ သူ့ရဲ့ ပါရမီကလည်း သာမန်ထက်ပိုတယ်။ နှစ်တစ်သောင်းကျော်အတွင်း သူက နတ်ဘုရားလျှို့ဝှက်အဆင့်ကို တက်လှမ်းနိုင်ခဲ့တယ်။ "

"…….." ရီရှင်းချန်သည် တိတ်ဆိတ်ငြိမ်သက်သွားသည်။

နှစ်တစ်သောင်းအတွင်း နတ်ဘုရားအဆင့်သို့ တက်လှမ်းနိုင်ခြင်းမှာ တစ်ကယ့်ကို ဝါကြွားကာ ပြောဆိုရမည့် အရာပင်ဖြစ်၏။

အချိန်ကို ရေတွက်ရမည်ဆိုလျှင် ညအင်ပါယာသည် လွန်ခဲ့သည့် နှစ်တစ်ရာခန့်က မွေးဖွားလာသူဖြစ်၏။ လက်ရှိအချိန်၌ သူသည် ခြေလှမ်းဝက်အခြေအနေသို့ ရောက်ရှိနေသည် မဟုတ်ပါလား။ သို့ပေမဲ့ ဤကဲ့သို့ ကြိုးစားခြင်းသည် သူကိုယ်တိုင်ကြိုးစားခြင်းကြောင့် ဖြစ်သော်လည်း တစ်ယောက်တည်းသာဆိုပါက ဤကဲ့သို့ အခြေအနေမျိုးဖိ ရောက်ရှိနိုင်လိမ့်မည် မဟုတ်ချေ။ ဂိုဏ်းချုပ်ကြောင့်သာ တိုးတက်လာခြင်းဖြစ်သည်။ ဂိုဏ်းချုပ်သာ မရှိပါက အောက်နယ်မြေ၌ သိုင်းဘုရင်နှင့်သိုင်းအုပ်စိုးသူ အဆင့်နှင့် ကြိုးစားနေတုန်း ဖြစ်ပေလိမ့်မည်။

"ခင်ဗျားရဲ့ အသိ က ကျုပ်တော့မဟုတ်ဘူးမလား"

ရီရှင်းချန်သည် သူ့ကိုယ်သူ ကောင်းကောင်းသိ၏။ အချက်အလက်အားဖြင့် ဝင့်ကြွားပြီး မောက်မာလှသော သူသည် လူမှုဆက်ဆံရေး ကောင်းသူတစ်ယောက်တော့ မဟုတ်ပေ။

"မှန်တယ် …. မင်းပဲ" ညဘုရင်က ပြောလိုက်၏။

ရီရှင်းချန်သည် အံ့အားသင့်မသွားခဲ့ချေ။ အချက်အလက်အားဖြင့် ရင်းနှီးနေသော ဟောခန်းထဲသို့ ဝင်ပြီးသည့်နောက် သူ့ကိုယ်သူ ပြင်ဆင်ထားပြီးပြီ ဖြစ်၏။ မည်မျှကြီးမားလှသည့် ရည်ရွယ်ချက်ဖြစ်ဖြစ် သူသည် တည်ငြိမ်အောင် ကြိုးစားလျက်ရှိသည်။

ညဘုရင်က ဆက်ပြောလိုက်၏။ "ကျုပ်ရဲ့ အသိက ဒီလောက်နဲ့ ကျေနပ်မနေခဲ့ဘူးလေ။ သူက ဒီထက်မြင့်မားတဲ့ အခြေအနေတစ်ခုကို တက်လှမ်းချင်တယ်။ ဒီတော့ အချိန်စိတ်ဝိညာဉ်ကို သုံးပြီးတော့ အနာဂတ်ကို ကြည့်ရှုခဲ့တယ်။ ညဏ်အလင်းရဖို့ မျှော်လင့်ချက်နဲ့ပေါ့။ ဆိုးတာက အချိန်စိတ်ဝိညာဉ်က အရမ်းအားကောင်းတယ် ဆိုပေမဲ့ အသုံးပြုတိုင်း ကိုယ့်အသက်သွေးတွေက တဖြည်းဖြည်း ကုန်ဆုံးစေတယ်"

"သေဆုံးသွားခဲ့တာလား"

"ဟုတ်တယ်"

"......." ရီရှင်းချန်သည် ဆွံ့အသွားမိ၏။

နတ်ဘုရားလျို့ဝှက်အဆင့်သို့ ဝင်ရောက်ခြင်းဆိုသည်မှာ အင်မော်တယ်တစ်ပါးကဲ့သို့ မသေမျိုးအဖြစ်ပြောင်းလဲသွားခြင်း မဟုတ်ပေ။ သို့ပေမဲ့ ရှည်လျားလွန်းသည့် သက်တမ်းကိုတော့ ပိုင်ဆိုင်သည်။ မိမိအသက် သေဆုံးသည်အထိ အနာဂတ်ကို ကြည့်ရှုခြင်းဆိုသည်မှာ တကယ်ကို သေလမ်းရှာခြင်းနှင့် ဆင်တူသည်။

“ကံကောင်းစွာနဲ့ သူ့ဆီမှာ ပြန်လည်မွေးဖွားနိုင်တဲ့ စိတ်ဝိညာဉ် ရှိနေသေးတယ်။”

ရီရှင်းချန်သည် အံ့အားသင့်သွား၏။ "တကယ် စိတ်ဝိညာဉ်မျိုးစေ့တွေ အများကြီးနဲ့ ပေါင်းစပ်ထားနိုင်တာလား"

သူသိသလောက်ဆိုလျှင် ဂိုဏ်းချုပ်မှလွဲ၍ အထက်စကြာဝဠာတစ်ခုလုံးတွင် စိတ်ဝိညာဉ်မျိုးစိတ် နှစ်ခုကို အမွေဆက်ခံနိုင်သူဟူ၍ မရှိချေ။

"အမှန်ပဲ" ညဘုရင်က ပြောလိုက်သည်။

ဟမ်

ရီရှင်းချန်က ပြောလိုက်၏။ "ခင်ဗျား အသိက မရိုးရှင်းဘူးပဲ"

"အင်း …. ငါမင်းကို ပြောဖို့မေ့နေသေးတယ်"

ညဘုရင်က ဆက်ပြောလိုက်သည်။ "သူ ပေါင်းစပ်ထားတဲ့ စိတ်ဝိညာဉ်တွေက မိစ္ဆာစိတ်ဝိညာဉ်၊ မီးစိတ်ဝိညာဉ်၊ တည်နေရာ စိတ်ဝိညာဉ်၊ မိုးကြိုးငါးပါး စိတ်ဝိညာဉ်၊ သဲစိတ်ဝိညာဉ် … အစုံပဲ”

"..."

ရီရှင်းချန်သည် ပါးစပ်အဟောင်းသားနှင့် ဖြစ်လို့နေခဲ့၏။ သူသည် ပြင်ဆင်ထားခဲ့သည် ဆိုသော်လည်း ဤတစ်ကြိမ်မှာတော့ မည်သို့မျှ အံ့အားမသင့်ဘဲ မနေနိုင်တော့ချေ။

"ဆိုးတာက"

ညဘုရင်သည် ခေါင်းကိုမော့ကာ ဆက်ပြောလိုက်သည် "သူက ကောင်းကင်ရဲ့လျို့ဝှက်ချက်ကို လှမ်းမျှော်ကြည့်ဖို့ ကြိုးစားခဲ့တယ်လေ။ ဒါ့ကြောင့် ပြင်းပြင်းထန်ထန် အပြစ်ပေးခြင်းခံရတာပေါ့။ သေဆုံးပြီးတဲ့နောက်မှာ စိတ်ဝိညာဉ်မျိုးစိတ် ဆယ်ခုက သူ့ခန္ဓာကိုယ်ကနေ ထွက်သွားပြီးတော့ ပိုင်ရှင်မဲ့တွေ ဖြစ်သွားခဲ့တယ်။ အခုနှစ်တွေမှာ ဘယ်သူတွေက အမွေဆက်ခံနိုင်ခဲ့တယ်ဆိုတာကို သေသေချာချာ မသိတော့ဘူး"

"…….."

ရီရှင်းချန်သည် တိတ်ဆိတ်ငြိမ်သက်သွား၏။ စိတ်ဝိညာဉ်မျိုးစေ့ ဆယ်ခုထဲတွင် နှစ်ခုသည်ဂိုဏ်းချုပ်၊ တစ်ခုသည် ကုကျောင်းရှစ်၊ တစ်ခုသည်ယုစီနန်၊ တစ်ခုသည် ကုန်းစွန်းဟုန့်ဖြစ်ပြီး ကျန်သောတစ်ခုမှာတော့ ဒုတိယစီနီယာအစ်ကိုက ယူဆောင်ထားခဲ့၏။

"ပြောပြီးတဲ့နောက်မှာ နားလည်ပြီမဟုတ်လား"

"ကျုပ်က ခင်ဗျားရဲ့ အသိ။ ကျုပ်ဆီမှာ စိတ်ဝိညာဉ်မျိုးစေ့ ဆယ်ခု ရှိခဲ့ဖူးတယ်"

ရီရှင်းချန်သည် ပြောပြီးသည့်နောက် ရှေ့ဆီသို့ လျှောက်လိုက်၏။ သူသည် မဟာမိတ်ခေါင်းဆောင်ပုလ္လင်ရှေ့တွင် မတ်မတ်ရပ်ကာ ပြောလိုက်၏။ "ကျုပ်က ညဘုရင်အဖြစ် ရှိနေသေးတာလား"

"မှန်တယ်" ထိုသူက ပြောလိုက်သည်။

"ကျုပ်က ညဘုရင် ။ ဒါဆိုခင်ဗျားက ဘယ်သူလဲ" ရီရှင်းချန်သည် တွေဝေငေးငိုင်စွာဖြင့် လှမ်းမေးလိုက်၏။

ထိုသူသည် တွေဝေသွား၏။ ပြီးနောက် ဖြေးညင်းစွာဖြင့် မျက်နှာဖုံးကို ချွတ်လိုက်သည်။ "ကျွန်မကို ကျဲ့လင်းရောင် ဒါမှမဟုတ် ဧကရီလင်းရောင်လို့ ခေါ်လို့ရတယ်"

All Chapters