← Chapters

အခန်း ၁၈၉၆

Vol. 127 Ch. 1896

အခန်း ၁၈၉၆

Vol. 127 Ch. 1896

အပိုင်း (၁၈၉၆)

ရီရှင်းချန် ထိုင်ချလိုက်သည့် အချိန်မှာတော့ ညဘုရင်မဟာမိတ်အဖွဲ့မှ လူအားလုံးတို့သည် လာရောက်ကာ ဂါရဝပြု ချီးကျူးမှုကို ပြုလုပ်ကြ၏။ ကြီးမားလွန်းလှသည့် လိပ်မဲကြီးပင်လျှင် ရပ်တန့်လိုက်ပြီးသည့်နောက် ဦးခေါင်းကိုငုံ့ကာ ဂါရဝပြုလျက်ရှိ၏။ ၎င်းတို့၏ ဘုရင်သည် ရေတွက်၍မရအောင် များပြားလှသည့်နှစ်များ ကုန်လွန်သွားပြီးသည့်နောက် နောက်ဆုံးတွင် ပြန်လည်ရောက်ရှိလာခဲ့ပြီဖြစ်၏။

အား....

မဟာမိတ်အဖွဲ့ခေါင်းဆောင်၏ ပုလ္လင်ပေါ်တွင် ထိုင်လျက်ရှိနေသည့် ရီရှင်းချန်သည် ၎င်း၏ ဦးခေါင်းကို ဆုပ်ကိုင်ကာဖြင့် နာကျင်စွာ အော်ဟစ်လျက် ရှိနေ၏။ သူ၏ဝိညာဉ်အတွင်းပိုင်းဆီသို့ မှတ်ဉာဏ်အသစ်များ ဝင်ရောက်လျက် ရှိနေ၏။ မှတ်ဉာဏ်အစိတ်အပိုင်းများ၊ မြင်ကွင်းများ အားလုံးတို့သည် ၎င်း၏ အရင် ဘဝအဆက်ဆက် တွေ့ကြုံခဲ့ရသည့် များပြားလှသည့် အတွေ့အကြုံများ အထပ်ထပ် ပါဝင်လျက် ရှိနေသည်။

သူသည် ညဘုရင်ဖြစ်၏။ လွန်ခဲ့သည့် နှစ်ပေါင်းသောင်းချီတုန်းက သူသည်နတ်ဘုရားလျှို့ဝှက်အဆင့်ဆီသို့ ချိုးဖြတ်ရောက်ရှိခဲ့၏။ ဤအတောအတွင်း သူသည် စိတ်ဝိညာဉ်မျိုးစေ့ ဆယ်ခုနှင့်လည်း‌ ပေါင်းစပ်နိုင်ခဲ့၏။ နောက်ပိုင်းမှာတော့ သူသည် ရောင့်ရဲတင်းတိမ်ချင်စိတ် မရှိခဲ့ချေ။ အနာဂတ်တွင် ပိုမိုတိုးတက်စေရန် လျှောက်လှမ်းချင်မိ၏။

အဆင့်မြင့် ကျင့်ကြံခြင်းအဆင့်ဆီသို့ ချိုးဖြတ်နိုင်မည့် နည်းလမ်းတစ်ခုကို မြင်ရသည့် အချိန်မှာတော့ သူသည် နှောင့်နှေးခြင်းတစ်ချက်မရှိဘဲ သူ့ကိုသူ သတ်သေခဲ့တော့၏။ သူသည် သူ၏မိသားစုကို စွန့်ပစ်ခဲ့၏။ သူ၏ နောက်လိုက်များကို စွန့်ပစ်ခဲ့၏။ သူနှင့်အတူ နှစ်ပေါင်းသောင်းချီ နေထိုင်ခဲ့သည့် အမျိုးသမီးကိုလည်း စွန့်လွှတ်ခဲ့သည်။

ရေတွက်၍မရအောင် များပြားလှသည့် ပြန်လည်ဝင်စားမှုများ ပြုလုပ်ပြီးသည့်နောက် သူသည် ကြယ်ကြွေ ကုန်းမြေတိုက်ကြီး၌ ပြန်လည်မွေးဖွားခဲ့၏။ ပြီးသည့်နောက် ရီရှင်းချန် ပြန်လည်ရရှိခဲ့သည် မှတ်ဉာဏ် များသည် ဤအရာများပင် ဖြစ်လို့နေခဲ့၏။ သူနှင့် ကမ္မနှောင်ကြိုး ရစ်ပတ်လျက်ရှိသည့် လင်းရောင်၏ ဝိညာဉ်အစိတ်အပိုင်းသည် ဧကရီလင်းရောင် ဖြစ်လို့နေခဲ့၏။

“နားလည်ပြီ။ ငါ နားလည်ပြီ”

နာကျင်မှုများသည် ညဘုရင်၏ ဦးခေါင်းထဲသို့ စူးစိုက်ကာ ဝင်ရောက်လျက် ရှိနေသည်။ “ငါ တစ်ကြိမ်ထက် ပိုပြီးတော့ ပြန်လည် မွေးဖွားနိုင်ခဲ့တာပဲ”

ဟုတ်ပေသည်။ ရီရှင်းချန် အနေနှင့် အကြိမ်ပေါင်းများစွာ ပြန်လည်မွေးဖွားလာသည့် လူတစ်ယောက် ဖြစ်လို့ နေခဲ့၏။ မိမိကိုယ်ကို မသတ်သေခင်တွင် သူသည် အစီအစဉ်ပေါင်းများစွာကို ချမှတ်ခဲ့၏။

“လင်းရောင်”

ရီရှင်းချန်က ပြောလိုက်သည်။ “ကျုပ်ရဲ့ ရည်ရွယ်ချက်က အခွင့်အရေးတစ်ခုကို ရှာဖွေချင်တာ မဟုတ်ဘူး။ ပြန်လည်မွေးဖွားခြင်းကတဆင့် အခွင့်အရေးတစ်ခုကို ရှာဖွေချင်တာပဲ”

သူသည် အချိန်၏ စိတ်ဝိညာဉ်ကို အသုံးပြုကာဖြင့် အနာဂတ်ကို လှမ်းမျှော်ကာကြည့်ရှုလိုက်၏။ သူမြင်တွေ့ရသည်မှာ ဘဝသည် သေခြင်း၊ သေခြင်းတရားသည် ဘဝဆိုသည့် စာတမ်းများပင်ဖြစ်ပြီး ထိုအရာများက သူ့ကို တားဆီးကာကွယ်ထားခဲ့၏။

ထိုအချိန်တုန်းက ညဘုရင်ဖြစ်ခဲ့သော သူသည် အစစ်အမှန်ပင် တုန်လှုပ်ခြောက်ခြားမိ၏။ အဆုံးသတ် မှာတော့ သေခြင်းနှင့် ရှင်ခြင်းတရားများကို အထပ်ထပ် နားလည်နိုင်စေရန်အတွက် သူသည် သူ့ကိုယ်သူ သတ်သေရန် ဆုံးဖြတ်ခဲ့ခြင်းသာဖြစ်သည်။

“ညံ့ဖျင်းလိုက်တာ” ရီရှင်းချန်က ပြောလိုက်၏။ လက်ရှိအချိန်မှာတော့ သူသည် အရင်တုန်းက ပြုလုပ်ခဲ့သည့် အကြောင်းအရာနှင့် ပတ်သက်၍ တကယ်ပင် အံ့အားသင့်စွာ ရှုံ့ချနေမိခဲ့၏။ ညအင်ပါယာသည် မြင့်မားသည့် ကျင့်ကြံခြင်းနည်းစနစ်ကို ပိုင်ဆိုင်ရန်အတွက် ထပ်ဖန်တလဲလဲ ပြန်လည်မွေးဖွားသည့် နည်းစနစ်ကို ရွေးချယ်ခဲ့၏။ မတော်တဆ ကိစ္စရပ်များသာ မရှိပါက သူသည် ဤအတိုင်း လည်ပတ်နေမှာဖြစ်သည်။

သို့ပေမဲ့ လင်းရောင်သည် သူ၏အလောင်းကို အသုံးပြုပြီးသည့်နောက် ပြန်လည်မွေးဖွားခြင်း အစီအရင်ထဲတွင် ကမ္မနှောင်ကြိုးများ ရစ်ပတ်စေခဲ့ပြီး တခြားသူများ၏ အသက်များပါ ပါဝင်ပတ်သက်ရန် ဖန်တီးခဲ့၏။ သူမသည် သူ့ကို နောက်ကျောသို့ ဓားနှင့်ထိုးခဲ့ပေ၏။ သို့ပေမဲ့ ကောင်းပေသည်။ ရုတ်တရက် ဆိုသလိုပဲ ဤအရာများအားလုံးသည် အသုံးဝင်ခဲ့၏။

လင်းရောင်က သူမကိုသူမ စတေးပြီးတော့ တခြားသူတွေကို ဖန်တီးခဲ့တယ်။ သူမက မူရင်းအစီအရင်ကို ပြောင်းခဲ့တယ်ဆိုပေမဲ့ ငါ့ကို ပြိုင်စံရှားဂိုဏ်းကို ဝင်ခွင့်ရအောင် လမ်းညွှန်ပေးခဲ့တာနဲ့ တူတူပဲ။ ရီရှင်းချန်က တွေးတောလိုက်မိသည်။

ဖေးအားညို၏ ခန္ဓာကိုယ်ကို ရရှိပြီး ဂိုဏ်းထဲသို့ အတင်းဝင်ရောက်ခဲ့ရခြင်းသည် ဇာတ်ညွှန်းများအတိုင်း ဖြစ်တည်ခဲ့ခြင်း မဟုတ်ပေ။ သို့ပေမဲ့ ရီရှင်းချန်သည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထား၏။ သူ၏ မျက်လုံးထဲတွင် စိတ်လှုပ်ရှားမှုများနှင့် ပြည့်နှက်နေ၏။ “ဒါက ငါ မရေမတွက်နိုင်အောင် ပြန်လည် မွေးဖွားပြီးတဲ့နောက်မှာ ရှာဖွေတွေ့ရှိခဲ့တဲ့ အခွင့်အရေး ဖြစ်နိုင်တယ်”

လင်းရောင်သည် သူမ၏ အသက်ကို စတေးပြီး အစီအရင်ကြီးတစ်ခုကို ဖန်တီးခဲ့သည်။ အဆုံးသတ်မှာတော့ ဘာတစ်ခုမှမရခဲ့ချေ။ ဝိညာဉ်တစ်ခုလုံး ပျောက်ကွယ်သွားရမည့်အချိန်တွင်တောင်မှ ချစ်မြတ်နိုးသူကို တစ်ခါကလေးဖက်ဖို့ အခွင့်အရေး မရခဲ့ချေ။ သို့ပေမဲ့ သူမ ဖြစ်စေချင်သည့်အတိုင်း ဧကရီလင်းရောင်သည် ရီရှင်းချန်အား ဓားနှင့်ထိုးကာ သတ်ဖြတ်ခဲ့၏။ ထိုအရာသည် ညဘုရင်၏ ဇာတ်လမ်းတစ်ခုလုံးကို ပြောင်းလဲစေခဲ့ခြင်းပင်။

ကျွင်းချောင်ရှောင်းနှင့် တွေ့ဆုံကာ ပြိုင်စံရှားဂိုဏ်းထဲသို့ ဝင်ရောက်ပြီးနောက် ရီရှင်းချန်၏ ကိုယ်ရည် ကိုယ်သွေး၊ အမူအကျင့်များသည် ဖြည်းဖြည်းချင်း ပြောင်းလဲလာခဲ့၏။

ဝေပုကျိ ပြောခဲ့သလိုပင်။ ညအင်ပါယာ တစ်ယောက် မည်မျှများပြားသည့် ပြန်လည်မွေးဖွားခြင်း လုပ်ငန်းစဉ်ကို ပြုလုပ်ပြုလုပ် သူ၏ အမူအကျင့်နှင့် ကိုယ်ရည်ကိုယ်သွေးသည် ပြောင်းလဲလိမ့်မည် မဟုတ်ချေ။ တစ်စုံတစ်ယောက်သည် မိမိကိုယ်ကို စတေးကာဖြင့် ပြောင်းလဲပြီးမှသာ ရပေလိမ့်မည်။ လင်းရောင်သည် သူမကိုယ်သူမ စတေးရန် ရွေးချယ်ခဲ့ခြင်းသာလျှင်ဖြစ်သည်။

ထို့ကြောင့်ပင်လျှင် ရီရှင်းချန်က ပြောင်းလဲသွားခဲ့သည်။ ဟုတ်ပေသည်။ သူမအနေနှင့် ဘာမှ မရရှိခဲ့ဘူးဆိုလျှင်တောင်မှ ရီရှင်းချန်သည် သူ၏အတိတ်ဘဝ မှတ်ဉာဏ်များ အားလုံးကို ပြန်ရခဲ့၏။ သူ့အား ဖြစ်နိုင်သမျှ နည်းလမ်းမျိုးစုံနှင့် ထောက်ပံ့ပေးခဲ့သည့် အမျိုးသမီးကို သူမှတ်မိခဲ့၏။ သူ၏နှလုံးသားထဲတွင် အားနာစိတ်များ ဖြစ်တည်လာခဲ့၏။

ကျဲ့လင်းရောင် အကြောင်းကို တွေးမိလိုက်သည့်အချိန်မှာတော့ သူ၏ စိတ်နေစိတ်ထားများ အားလုံးသည် ပြောင်းလဲသွားခဲ့တော့၏။ အရင်တုန်းကဆိုလျှင် အမျိုးသမီးနှင့် ကလေး မည်သူ့ကို ကယ်တင်မည်နည်းဟု မေးမြန်းပါက သူသည် ကျိန်းသေပေါက် ကလေးကိုသာလျှင် ရွေးချယ်ပေလိမ့်မည်။ လက်ရှိအခြေအနေ မှာတော့ သူသည် နှစ်ယောက်လုံးကို ကျိန်းသေပေါက် ရွေးချယ်မှာဖြစ်သည်။

ဧကရီလင်းရောင်သည် ဧကရီလင်းရောင်သာလျှင်ဖြစ်၏။ သူမသည် လင်းရောင်၏ ဝိညာဉ်အစိတ်အပိုင်းတစ်ဝက် ဖြစ်သည်ဆိုသော်လည်း လွတ်လပ်သည့် အတွေးအခေါ်ကို ပိုင်ဆိုင်သော သက်ရှိ သတ္တဝါ တစ်ယောက်ပင်။ ထို့အပြင် သေဆုံးသွားခဲ့သည်မှာ ကြာမြင့်ပြီဖြစ်၏။

ပိုပြီး တိတိကျကျ ပြောရမည်ဆိုလျှင် သူမသည် သူမ၏ တာဝန်ကို ပြည့်စုံအောင် ပြုလုပ်နိုင်ခဲ့၏။ ဖန်တီးသူ တစ်ယောက်အနေနှင့် လင်းရောင်သည် သူမ၏ဝိညာဉ်တစ်ဝက်ကို ဆွဲထုတ်ပြီးသည့်နောက် ဧကရီလင်းရောင် အဖြစ် ဖြစ်တည်လာအောင် ဖန်တီးခဲ့သည်။ ဤအရာသည် ကမ္မနှောင်ကြိုး ရစ်ပတ်လာအောင် ဖန်တီးခဲ့ခြင်း ဖြစ်သည်။ သူမ၏ တခြားသော ဝိညာဉ်ဖြစ်သည် ကျဲ့လင်းရောင်မှာလည်း ထိုနည်းလည်းကောင်းပင်။

“တောင်းပန်ပါတယ်”

အတိတ်မှ မှတ်ဉာဏ်များကို သိရှိလာခဲ့ပြီးသည့်နောက် ရီရှင်းချန်သည် အမှန်ပင် အားနာသလို ခံစားနေမိတော့၏။ “ငါ တကယ့်ကို ရူးကြောင်ကြောင် လုပ်ခဲ့တာပဲ”

သူသည် သူ့ကိုယ်သူ ပြောလိုက်မိ၏။ “သိုင်းကျင့်ကြံခြင်းလမ်းစဉ်ကို လိုက်ဖို့အတွက် အရာအားလုံးကို လျစ်လျှုရှုခဲ့တယ်။ ဒီလို ကိစ္စမျိုးက ဘယ်တော့မှ ထပ်ပြီးဖြစ်မှာ မဟုတ်ဘူး။ ငါ့ရဲ့အသက်ကို စတေးပြီး ကျဲ့လင်းရောင်ကို ကာကွယ်ပေးရမယ်”

ပြီးသွားပြီ။ သူ့အနေနှင့် အနာဂတ်တွင် မြင်ခဲ့သည့် ကိစ္စရပ်များအားလုံးကို ချိတ်ဆက်ပြီးသွားပြီဖြစ်၏။ ပြိုင်စံရှားဂိုဏ်းတပည့် ရီရှင်းချန်သည် အနာဂတ်တွင် မြင်ခဲ့ရသည့် အရာများအတိုင်း ပြုလုပ်ရတော့မှာဖြစ်၏။ လင်းရောင်သည်သာ နည်းနည်းကြာကြာ နေနိုင်ခဲ့ပြီး သူတွေးနေသည်ကို ကြားသည်ဆိုပါက ကျိန်းသေပေါက် အကူအညီမဲ့ စိတ်ဓာတ်ကျစွာဖြင့် ထွက်ခွာသွားရမှာ မဟုတ်ချေ။ ပျော်ပျော်ရွှင်ရွှင်ဖြင့် ထွက်ခွာသွားရမှာ ဖြစ်သည်။

“ဘုရင်”

အဖွဲ့သားတစ်ယောက်သည် ဟောခန်းထဲသို့ လျှောက်ဝင်လာပြီးသည့်နောက် လက်သီးကို ဆုပ်လိုက်၏။ “မိုးကောင်းကင်နတ်ဆိုးအင်ပါယာက စကြဝဠာတစ်ခုလုံးကို ဘေးအန္တရာယ်တွေ ယူဆောင် လာခဲ့တယ်။ ကျေးဇူးပြုပြီး ကျုပ်တို့ကို လမ်းညွှန်ပေးပါအုံး”

သူနှင့်အတူ တိုက်ပွဲပေါင်းများစွာကို အတူတကွ တိုက်ခိုက်ခဲ့သည့် လူများကို မြင်သည့်အချိန်မှာတော့ ရီရှင်းချန် သည် ပိုမိုကာ အားနာနေမိ၏။ ထိုအရာများ အားလုံးသည် လင်းရောင်၏ ဦးဆောင်မှုကြောင့် ဖြစ်ကြောင်း သိရှိနိုင်၏။ မဟုတ်ပါက ဤအဖွဲ့အစည်းသည် ခေါင်းဆောင်မှု ကင်းမဲ့စွာဖြင့် သမိုင်းထဲတွင် ဖုန်မှုန့်တစ်ခုလို ပျောက်ကွယ်သွားမှာ သေချာ၏။

“နည်းလမ်းရှိသေးတာလား” ရီရှင်းချန်သည် အတူတကွ လက်များကို စုစည်းကာဖြင့် မေးလိုက်သည်။

“ရှိတယ်” အားလုံးသောသူတို့သည် စိတ်လှုပ်ရှားမိ၏။

ဝှစ်

ရီရှင်းချန်သည် ရုတ်တရက် မတ်တပ်ထရပ်လိုက်သည်။ အချိန်အတော်ကြာ ပျောက်ကွယ်နေသော တစ်စုံ တစ်ယောက်၏ အော်ရာများသည် ပြန်လည်ကာ ဖြစ်တည်လာခဲ့၏။ “ဒီနေ့ကစပြီး ညဘုရင် မဟာမိတ်အဖွဲ့ ဆိုတာ ပြိုင်စံရှားဂိုဏ်းရဲ့ အစိတ်အပိုင်း တစ်ခု ဖြစ်လာလိမ့်မယ်။ ဂိုဏ်းချုပ်ကျွင်းရဲ့ အမိန့်ကို လိုက်နာရမယ်။ ဘယ်သူမှ ငြင်းပယ်လို့မရဘူး”

ခလွပ်

တည်နေရာတစ်ခုလုံး အေးခဲ့သွားခဲ့သည်။ ညဘုရင် မဟာမိတ်အဖွဲ့၏ အထက်ပိုင်း အကြီးအကဲများသည် အားတက်သရော နားထောင်နေခဲ့ကြ၏။ သို့ပေမဲ့ သူတို့၏ ခေါင်းဆောင်သည် ပြိုင်စံရှားဂိုဏ်း၏ အစိတ်အပိုင်း ဖြစ်စေချင်မှန်း သိရှိသည့်နောက်မှတော့ အလုံးစုံ အံ့အားသင့်လျက် ရှိနေကြ၏။ ဤအရာမှာ မမျှော်လင့်ထားသည့် ကိစ္စရပ်ပင်။

“ဘုရင်”

ကျုံးလိကျိရန် က ပြောလိုက်သည်။ “ပြိုင်စံရှားဂိုဏ်းက မိုးကောင်းကင်နတ်ဆိုးအင်ပါယာရဲ့ အောက်ဆွဲတွေ ဖြစ်ရင်ဖြစ်နိုင်တယ်။ သူတို့က အကြီးအကဲဖန်းတို့ကိုတောင် ဖမ်းထားသေးတယ်။ ကျွန်မတို့”

ထိုအချိန်မှာပဲ သူမသည် ပါးစပ်ကို ပိတ်လိုက်သည်။

အဘယ်ကြောင့်ဆိုသော် ရီရှင်းချန်သည် အေးစက်စက် အကြည့်ဖြင့် ကြည့်ကာ ပြောလိုက်၏။ “ဒါ ကျုပ်ရဲ့ အမိန့်ပဲ။ ခင်ဗျားတို့ လုပ်ရမှာ လိုက်နာဖို့ပဲ”

အလွန်ကြမ်းတမ်းလွန်းလှ၏။ ဤအရာသည် ညဘုရင် အစစ်အမှန်ပင် ဖြစ်လေသည်။

“ကောင်းပါပြီ” အားလုံးသောသူတို့သည် သံပြိုင်ဆိုသလို ပြောဆိုလိုက်ကြ၏။ သို့ပေမဲ့ သူတို့သည် ဇဝေဇဝါ ဖြစ်လို့နေခဲ့၏။ အဘယ်ကြောင့် အလွန်တရာ မောက်မာပြီး ဂုဏ်ယူဝံ့ကြွားလွန်းသည့် ညဘုရင်သည် တစ်စုံတစ်ယောက်၏ လက်အောက်သို့ လိုလိုချင်ချင်နှင့် ဝင်ရောက်ရသနည်း။ အဘယ်ကြောင့်ဆိုသော် သူသည် ညဘုရင်ဖြစ်သလို ရီရှင်းချန်လည်း ဖြစ်နေသောကြောင့်ပင်။

ဟုတ်ပေသည်။ အစစ်အမှန် ညဘုရင်မှာ သေဆုံးသွားခဲ့သည်မှာ ကြာမြင့်ပြီဖြစ်၏။ မှတ်ဉာဏ်များ ပြန်လည် ရရှိခဲ့သည်ဆိုသော်လည်း သူသည် ရီရှင်းချန်အဖြစ်သာ ရှိလို့နေသေးသည်။ သူသည် ပြိုင်စံရှားဂိုဏ်း တပည့် သာလျှင်။ ယခု လင်းရောင်ကလည်း သေဆုံးသွားခဲ့ပြီဖြစ်၏။ ကျဲ့လင်းရောင်၌ လင်းရောင်၏ ဝိညာဉ်တစ်ပိုင်း တည်ရှိနေသည်ဖြစ်သော်လည်း သူမသည် ဘဝအသစ် ဖြစ်လို့နေ၏။

“သွားကြရအောင်”

ရီရှင်းချန်သည် မတ်တပ်ရပ်ကာ ပြောလိုက်သည်။ “ဒီဘုရင်နောက်ကိုလိုက်ပြီး ပြိုင်စံရှား ဂိုဏ်းဆီကို သွားမယ်”

သူ့အနေနှင့် အလျင်လိုရခြင်းမှာ အကြောင်းအရင်းတစ်ခုရှိ၏။ အဘယ်ကြောင့်ဆိုသော် ကျဲ့လင်းရောင်ကို စိုးရိမ်ပူပန်နေသောကြောင့်ပင် ဖြစ်၏။

ဟွာမင်ကွေ့ အပေါ်တွင် ရှိနေသော ကုန်းရှန့်၏ စိတ်နေစိတ်ထားသည် ဖြည်းဖြည်းချင်း ပြောင်းလဲသွားခဲ့၏။ ဤအရာသည် အစမှစ၍ ဖြည်းဖြည်းချင်း လေးနက်လာခဲ့ခြင်းသာလျှင်ဖြစ်၏။ ယခု ရီရှင်းချန်ကကော။ အကျိုးသင့် အကြောင်းသင့် အားလုံးကို နားလည်ခဲ့ပြီးသည့်နောက်မှာတော့ သူ၏ ကျဲ့လင်းရောင်အပေါ်တွင် ထားသော စိတ်နေစိတ်ထားများ အားလုံးတို့သည် ပြောင်းလဲသွားခဲ့ရပြီဖြစ်သည်။

အကြောင်းအရင်းတစ်ခုကို ပေးပါဆိုလျှင် သူသည် အတိတ်တုန်းကရှိခဲ့သည့် လင်းရောင်အပေါ်တွင် ပြုမူခဲ့သည့် မကောင်းသည့်အပြုအမူများကို ပြန်လည်ကာ ဖြေဖျောက်ချင်၏။ ဤဘဝတွင်တော့ သူမ၏ ဝိညာဉ် တစ်ခြမ်းကို စိတ်ပျက်ရအောင် ဘယ်တော့မှ လုပ်လိမ့်မည် မဟုတ်ချေ။ သူသည် ဤအမျိုးသမီးကို ချစ်ခင် နှစ်သက်၏။

ဘုန်း ဘုန်း

ရုတ်တရက် အပြင်ဘက်ဆီမှ ကြမ်းတမ်းလွန်းလှသော ပေါက်ကွဲသံကြီး ဖြစ်တည်လာခဲ့ပြီး ဟောခန်းကြီး တစ်ခုလုံးကိုပင် တုန်ခါသွားစေခဲ့၏။ မြင်ကွင်းကို ကြည့်ရှုရမည်ဆိုလျှင် ကြီးမားလှသော ရွက်သင်္ဘောကြီး တစ်စင်းသည် လေထုထဲတွင် ပေါ်ပေါက်လာခဲ့ပြီးသည့်နောက် မမြင်ရသည့် ပိုက်ကွန်ကြီးတစ်ခုကဲ့သို့ပင် တောင်ကြီးတစ်ခုလုံးကို စည်းခတ်ထားခဲ့၏။ ရွက်သင်္ဘောများသည် အလွန်တရာ များပြားလွန်းလှပြီး ဂင်္ဂါမြစ်ထဲတွင် ရှိနေသော သဲမှုန်လေးများကဲ့သို့ပင်။

“ညဘုရင် အဖွဲ့အစည်း”

အေးစက်စက် အသံတစ်ခုက ထွက်ပေါ်လာ၏။ “ဒီဟာကို အထက်စကြဝဠာ တစ်ခုလုံးကနေ ဖယ်ရှားပစ်မယ်”

“မကောင်းတော့ဘူး”

ညဘုရင်မဟာမိတ်အဖွဲ့ဆီမှ အထက်ပိုင်းအကြီးအကဲများသည် တုန်လှုပ်သွားသည်။ “မိုးကောင်းကင်နတ်ဆိုး အင်ပါယာပဲ”

ဝှစ် ဝှစ်

ချက်ချင်းပဲ ညဘုရင်အဖွဲ့အစည်းဆီမှ အဖွဲ့ဝင်များအားလုံးသည် လှုပ်ရှားလိုက်ကြ၏။ သူတို့သည် လေ့ကျင့်ရေးကွင်းပြင်တွင် စုစည်းလိုက်ပြီး ကြီးမားလှသည့် ရန်သူကြီးနှင့် ရင်ဆိုင်ရန် အဆင်သင့် ဖြစ်လို့ နေ၏။

ဝူး ဝူး

တောင်ရွေ့လျားခြင်း လိပ်မဲသူတော်စင်သည် ဦးခေါင်းကို မော့ကာ အော်ဟစ်လိုက်သည်။

ဒွီ ဒွီ ဒွီ

ဆက်တိုက် တိုက်ခိုက်မှု၏ အောက်တွင်တော့ အတားအဆီး အကာအကွယ်ကြီးသည် အားနည်းလာခဲ့ တော့၏။ အလွန်အားကောင်းလွန်းလှသော သတ်ဖြတ်လိုခြင်းအော်ရာများသည် တည်နေရာတစ်ခုလုံးတွင် စုစည်းလျက်ရှိပြီး ကြမ်းတမ်းလှသော တိုက်ပွဲကြီးတစ်ခု ဖြစ်ပွားတော့မှာ အမှန်ပင်။

All Chapters