← Chapters

အခန်း ၁၈၉၈

Vol. 127 Ch. 1898

အခန်း ၁၈၉၈

Vol. 127 Ch. 1898

အပိုင်း (၁၈၉၈)

ကျွင်းချောင်ရှောင်းသည် ယုဖေးအာအား ဂြိုဟ်တစ်ခုလုံးကို ပြန်လည်ထိန်းချုပ်နိုင်ရန်အတွက် ကူညီရင်း ကြက်သွေးရောင်ကုန်းမြေတိုက်ကြီးဆီသို့ အကြိမ်ကြိမ် ရောက်ခဲ့ဖူး၏။ ထိုအချိန်တုန်းက အမဲရောင်ဝတ်စုံနှင့် လူတစ်ယောက်ကို သူရုတ်တရက် ဖမ်းမိခဲ့သည်။ မှန်ပေ၏။ ထိုသူသည် သူ့ကိုယ်သူ ကျန်းစန်းဟု ပြောဆိုခဲ့၏။ ထို့ပြင် ကျန်းစန်းသည် ကျွင်းချောင်ရှောင်း၏ ရိုက်နှက်ခြင်းကိုခံခဲ့ရ၏။ သို့ပေမဲ့ အနိုင်ယူနိုင်သည်ဟု မဆိုလိုချေ။ အရိုက်နှက်ခံခြင်းခဲ့သာဖြစ်သည်။

ထိုအချိန်တုန်းက ကျွင်းချောင်ရှောင်းသည် ကျန်းစန်းကိုဖမ်းယူပြီး ဂိုဏ်း၌ ဖမ်းချုပ်ထားခဲ့၏။ သူသည် သေချာဆွေးနွေးပြောဆိုမည်ဟု စဉ်းစားထားခဲ့သော်လည်း တစ်ဖက်လူသည် ထွက်ပြေးသွားခဲ့၏။ လက်ရှိအခြေအနေမှာတော့ ကုန်းရှန့်သည် တစ်ဖက်လူမသွားခင် ပြောဆိုခဲ့သည့် စကားကို ပြန်လည်ကာ သတိရနေ၏။

အထက်စကြဝဠာတစ်ခုလုံးတွင် တကယ့်ကို ကြီးမားစွာပြောင်းလဲရမည့်ခေတ်ကြီးသို့ ရောက်ရှိလာခဲ့ပြီ။ ဂိုဏ်းချုပ်ကျွင်းလို ရှေ့ဆုံးမှ ဦးဆောင်ရမည့်လူမျိုး လိုအပ်နေသည်ကို ပြောဆိုခဲ့၏။ ကံကြမ္မာသာ အခွင့်သာသည်ဆိုပါက အနာဂတ်တွင် ပြန်လည်တွေ့ဆုံမည်ဟုလည်း ပြောဆိုသွားခဲ့သေးသည်။

လက်ရှိ အခြေအနေတွင် ထပ်မံကာတွေ့ဆုံနေခဲ့ပြီဖြစ်သည်။ သို့ပေမဲ့ ကျွင်းချောင်ရှောင်းသည် အနည်းငယ် ဇဝေဇဝါတော့ ဖြစ်လို့နေခဲ့၏။ သူ၏ ဘယ်ညာလက်သီးချက်များကြောင့် သတိလစ်မေ့မြောသွားခဲ့ဖူးသည့် တစ်ဖက်လူ သည် လက်ရှိအခြေအနေမှာတော့ ကြီးမားလှသည့် ပေါက်ကွဲမှုကြီးအလယ်၌ မိုးကောင်းကင်နတ်ဆိုး အင်ပါယာနှင့် တိုက်ခိုက်လို့နေခဲ့၏။

“မဖြစ်နိုင်ဘူး”

ကျွင်းချောင်ရှောင်းသည် သူ၏မျက်လုံးများကို ပွတ်သပ်ကာ ပြောလိုက်မိသည်။ “ဘယ်လိုဖြစ်ပြီး သူဖြစ်နေရတာလဲ”

သို့ပေမဲ့ သေသေချာချာ ကြည့်ရှုလိုက်မိမှာတော့ ဤလူသည် ကျိန်းသေပေါက် သာမန် အမဲရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် ကျန်းစန်းဟု ပြောခဲ့သည့်လူဖြစ်ကြောင်း သေချာသွားခဲ့၏။ သူသည် အနည်းငယ် စိတ်ရှုပ်ထွေးလျက်ရှိ၏။ ထို့ကြောင့် စိတ်ကိုတည်ငြိမ်အောင် ထိန်းချုပ်ထားရန် လိုအပ်လာခဲ့၏။

ဘုန်း ဘုန်း ဘုန်း

ထိုအချိန် ပေါက်ကွဲမှုတည်နေရာကြီးထဲမှာတော့ မိုးကောင်းကင်နတ်ဆိုးအင်ပါယာနှင့် ကျန်းစန်းတို့သည် တိုက်ခိုက်လျက် ရှိနေသည်။

“ချီးထဲမှ” အားလုံးတို့သည် မျက်လုံးပြူးသွားမိ၏။ အမြင်အရကြည့်ရှုရမည်ဆိုလျှင် ၎င်းတို့နှစ်ယောက်သည် တည်နေရာထဲတွင် လှုပ်ရှားမှုကင်းမဲ့စွာဖြင့် ရပ်တန့်လျက်ရှိနေ၏။ သို့ပေမဲ့ ၎င်းတို့၏အနီးပတ်ဝန်းကျင် မှာတော့ ရုတ်တရက် ပေါက်ကွဲမှုကြီးများ ဆက်တိုက်ဆိုသလိုပဲဖြစ်တည်လာ၏။ ပတ်ဝန်းကျင်လေထုကြီး တစ်ခုလုံးသည် ပြိုလဲလျက်ရှိနေတော့၏။

“အင်း နတ်ဘုရားလျှို့ဝှက်အဆင့်တွေက လုံးဝ စိတ်နဲ့တိုက်ခိုက်နေတာပဲ” ကျန့်ကွေ့ရှုက ပြောလိုက်သည်။

“.........”

ကျွင်းချောင်ရှောင်း၏အမူအယာသည် လေးနက်သွားခဲ့၏။ ဤအရာသည် မိုးကောင်းကင်နတ်ဆိုးအင်ပါယာ၏ ကိုယ်ပွားလား။ အစစ်အမှန်ခန္ဓာကိုယ်လား ဆိုသည်ကို သူသေချာမသိချေ။ သို့ပေမဲ့ ကျန်းစန်းဆိုသည်မှာ ယခင်တုန်းက ၎င်း၏ ကျင့်ကြံခြင်းအဆင့်များကို ဖုံးကွယ်ထားခဲ့ခြင်းဖြစ်ကြောင်း သူသေချာသွားခဲ့၏။

ရုတ်တရက် ကုန်းရှန့်သည် ဉာဏ်အလင်းရသွား၏။ ဤလူသည် အလွန်အားကောင်းလွန်းလှ၏။ ထို့ကြောင့် ထောင်ထဲမှ ထွက်ပြေးလွတ်မြောက်သွားရန်ဆိုသည်မှာ ၎င်းအတွက် သာမန်သာ ဖြစ်ပေလိမ့်မည်။ ကံဆိုးစွာဖြင့် သူသည် ထိုအချိန်တုန်းက ဂရုမစိုက်ပြုမူခဲ့ပြီး သင်္ဘောအခန်းထဲသို့ ပစ်တင်ခဲ့၏။ ဤကဲ့သို့ စွမ်းရည်ရှိမှန်းသိမည် ဆိုလျှင် ထျန်းယွမ်အကျဉ်းထောင်စေတီထဲသို့ ပစ်လွှတ်ထားခဲ့မှာဖြစ်သည်။

ကျွင်းချောင်ရှောင်းအနေနှင့် အဘယ့်ကြောင့် ကျန်းစန်းအကြောင်းနှင့်ပတ်သက်၍ စိုးရိမ်ပူပန်နေရသနည်း။ အဘယ့်ကြောင့်ဆိုသော် တစ်ဖက်လူသည် အနာဂတ်မှလူဖြစ်ပြီး လက်ရှိလူမဟုတ်ဘူး ပြောဆိုခဲ့ဖူးသည် မဟုတ်ပါလား။

ယုဖေးအာ၏ မိသားစုဆီမှာချန်ခဲ့သည့် အနာဂတ်ပုံရိပ်ယောင်မြင်ကွင်းများနှင့် ပေါင်းစပ်ရမည်ဆိုလျှင် ဤလူသည် တကယ်ပင် အနာဂတ်ဆီမှ ပြန်လည်ရောက်ရှိလာခဲ့သည့်လူဖြစ်မည်ဟု သူကသံသယဝင်နေမိ၏။ တကယ်တမ်း ဤကဲ့သို့သော လူမျိုးဖြစ်မည်ဆိုလျှင် ရီရှင်းချန် တွေ့ခဲ့ရသည့် အနာဂတ်မြင်ကွင်းများသည် ထိုသူနှင့်များ ပတ်သတ်ဆက်နွယ်လိမ့်မည်လား။ မဟုတ်သေးပေ။ သူ့အနေနှင့် ဤအရာကို သေသေချာချာ စုံစမ်းစစ်ဆေးရန် လိုအပ်လာခဲ့၏။

ဘုန်း ဘုန်း ဘုန်း

အဝေးတစ်နေရာမှာတော့ စိတ်နဲ့တိုက်ခိုက်လျက်ရှိနေသည့် ပြိုင်ပွဲကြီးသည် ဆက်တိုက်ဖြစ်တည်နေခဲ့၏။ နားကွဲလောက်စရာ ကျယ်လောင်သည့်အသံကျယ်ကြီးသည် တည်နေရာတစ်ခုလုံးတွင် ဖြစ်တည်လျက် ရှိနေပြီး ပြိုင်စံရှားဂိုဏ်းမှ တပည့်များအားလုံးပင်လျှင် ကျောချမ်းလျက်ရှိနေကြ၏။ ၎င်းတို့သည် လက်ရှိတိုက်ပွဲကို ကြည့်ရှုပြီးသည့်နောက် အလွန်အားနည်းသည့်လူများဖြစ်ကြောင်းကို ထင်ထင်ရှားရှား နားလည်လာခဲ့ကြသည်။

ကောင်းကင်ဖျက်ဆီးခြင်းနတ်ဘုရားလက်သီး၊ ကြက်သွေးရောင်နေနတ်ဆိုးဓား၊ အဆိပ်တံတောင်နဂါး လက်ဝါး၊ မြေလျှပ်စီးရိုက်ချက် များပြားလွန်းလှသော သိုင်းနည်းစနစ်နှင့် နတ်ဘုရားစွမ်းအင်များသည် တည်နေရာတွင် ဖြစ်တည်လျက်ရှိနေ၏။ တိုက်ပွဲသည် ဤကဲ့သို့သာ ဆက်လက်ကာတိုက်ခိုက်နေသည် ဆိုပါက မြင်ကွင်းသည် အမှန်ပင် ကြောက်မက်ဖွယ်ရာကောင်းလောက်အောင် ကြည့်ကောင်းလှမှာ သေချာ၏။

“ဒါ ကိုယ်ပွားတစ်ခုပဲ”

ကျန့်ကွေ့ရှုသည် ခဏလောက် သေသေချာချာကြည့်ရှုပြီးနောက် အတည်ပြုလိုက်သည်။ “ဒါ သူ့ရဲ့အစစ်အမှန်ခန္ဓာကိုယ်မဟုတ်ဘူး”

“..........”

ကျွင်းချောင်ရှောင်းသည် အနည်းငယ် ဇဝေဇဝါဖြစ်လို့သွားခဲ့၏။ ဤမိုးကောင်းကင်နတ်ဆိုးအင်ပါယာ၏ ကိုယ်ပွားသည် သူအရင်တစ်ချိန် ဖျက်ဆီးခဲ့သည့်ကိုယ်ပွားထက် ပိုမိုကာအားကောင်းပုံပေါ်၏။ ထိုသို့ဆိုလျှင် အဓိကခန္ဓာကိုယ်သည် မည်မျှအားကောင်းလိုက်မည်နည်း။ အင်း ... လောကကြီးကို ကယ်တင်ရန် အတွက် သူ၌ သွားစရာလမ်းအရှည်ကြီး တည်ရှိနေသေးပါလား။

“ဂိုဏ်းချုပ်ကျွင်း.... ပွဲကြည့်မနေနဲ့”

ထိုအချိန်မှာပဲ ကျန်းစန်း၏အသံသည် သူ၏နားထဲသို့ဝင်ရောက်လာ၏။ “ခင်ဗျားတပည့်ရီရှင်းချန်က မိုးကောင်းကင်နတ်ဆိုးအင်ပါယာရဲ့တပည့်တွေရဲ့ နောက်ကလိုက်သတ်ဖြတ်ခြင်း ကို ခံနေရတယ်။ ဒီတော့ သွားပြီးတော့ မြန်မြန်ကယ်တော့”

ပြော၍မဆုံးသေးခင်မှာပဲ ရှန့်ကွမ်းရှင်းရောင် သည် ကြယ်တာရာမြေပုံဆီသို့ လက်ညှိုးညွှန်ပြကာဖြင့် ပျော်ရွှင်စွာပြောလိုက်သည်။ “ဂိုဏ်းချုပ် စီနီယာအစ်ကိုရီရဲ့ အော်ရာတွေ ဒီမှာပေါ်လာပြီ။ သူက ကျွန်မတို့နဲ့ မိုင်တစ်ထောင်အဝေးမှာ ရှိတာ”

“မြန်မြန်”

ကျွင်းချောင်ရှောင်းအနေနှင့် တိုက်ပွဲကို ဆက်ပြီးကြည့်ချင်သည့်စိတ် မရှိတော့ချေ။ ရီရှင်းချန်ရဲ့ လုံခြုံရေး အတွက် သူသည် ပိုမိုကာစိုးရိမ်ပူပန်မိ၏။ “အဲနောက်ကို လိုက်မယ်”

ဟူး ဟူး

ထာဝရရွက်သင်္ဘောကြီးသည် အလင်းတန်းကြီးတစ်ခုကဲ့သို့ အသွင်ပြောင်းကာ ပျောက်ကွယ်သွားခဲ့၏။ ကျန်းစန်းမှာတော့ မိုးကောင်းကင်နတ်ဆိုးအင်ပါယာကိုယ်ပွားနှင့် တိုက်ခိုက်လျက်ရှိနေသေး၏။ သူကတွေး လိုက်သည်။ အထက်နယ်မြေကြီး ပြောင်းလဲမယ့် အရေးကြီးတဲ့ တာဝန်ကြီးကို ခင်ဗျားဆီ ပို့လိုက်ပြီ။

မိုးကောင်းကင်နတ်ဆိုးအင်ပါယာ၏ကိုယ်ပွားသည် သူ၏မျက်နှာတည့်တည့်ဆီသို့ လက်သီးနှင့်ထိုးပြီး သူ့အား အနောက်ဘက်သို့ လွင့်စင်သွားအောင်ပြုလုပ်လိုက်၏။ ထို့နောက် ခေါင်းကိုငုံ့ကာဖြင့် တည်နေရာတွင် မတ်မတ်ရပ်လျက်ရှိ၏။ ၎င်း၏ဆံပင်များသည် ရှုပ်ပွလျက် ရှိနေ၏။ “လောင်ကျွမ်းခြင်း”

ဟူး ဟူး

ပြောပြီးပြီးချင်းပဲ သူ၏ အထက်စကြဝဠာလေထုတွင် ဓာတ်ငါးပါးပုံစံ ပုံရိပ်များဖြစ်တည်လာခဲ့ပြီး ဖြည်းဖြည်းချင်း လည်ပတ်လာသည်။

“ဟမ်”

မိုးကောင်းကင်နတ်ဆိုးအင်ပါယာသည် လေးလေးနက်နက်အသံဖြင့် မေးလိုက်၏။ “ခင်ဗျား ဝေပုကျိနဲ့ ဘယ်လို ပတ်သက်လဲ”

“ပြောစရာမလိုဘူး”

ကျန်းစန်းသည် သူ၏လက်များကို အသာစုစည်းလိုက်၏။ ပြီးနောက် စည်းသင်္ကေတတစ်ခုကို မြန်မြန် ဆန်ဆန်ဖွဲ့တည်လိုက်၏။ သူသည်ခေါင်းကိုမော့ကာဖြင့် စပ်ဖြီးဖြီး ပြောလိုက်သည်။ “လောကဖိနှိပ်သုတ်သင်ခြင်း”

ဒွီး ဒွီး

ချက်ချင်းပဲ ဓာတ်ငါးပါးပုံရိပ်ယောင်သည် ကောင်းကင်ယံတွင် စုဝေးလာခဲ့ပြီးနောက် ထိုဓာတ်ငါးပါး ပုံရိပ်ယောင်ဆီမှ စာလုံးတစ်ခုချင်းစီ အပြင်ဘက်သို့ထွက်ပေါ်လာခဲ့၏။ ထိုအရာများသည် မိုးကောင်းကင် နတ်ဆိုး အင်ပါယာ၏ ကိုယ်ပွားကို ရစ်ပတ်ပြီးသည့်နောက် ဖိနှိပ်ချလိုက်တော့၏။

ဘုန်း

ကျယ်လောင်လှသည့်ပေါက်ကွဲသံကြီး ထပ်မံကာဖြစ်တည်လာခဲ့၏။ မှိုပွင့်ပုံသဏ္ဍာန်တိမ်ကြီးသည် တည်နေရာ တွင် ပေါ်ပေါက်လာသည်။

သူ၏တပည့်နောက်သို့ လိုက်လျက်ရှိနေသည့် ကျွင်းချောင်ရှောင်းသည် တိုက်ပွဲကို ကြည့်ရှုရန် စိတ်မဝင်စားသော်လည်း အသံကိုတော့ ကြားလိုက်ရ၏။ သို့ပေမဲ့ သူသည် ရှန့်ကွမ်း ရှင်းရောင်ကို အမိန့်ပေးကာဖြင့် မြန်မြန်ဆန်ဆန်မောင်းနှင်ရန် ပြောဆိုလိုက်၏။

ရွှီး

တည်နေရာကြီးတစ်ခုလုံးသည် တွန့်လိမ်ပြီး လေထုထဲမှာတော့ ရွက်သင်္ဘောကြီးသည် ပျောက်ကွယ်သွား ခဲ့၏။ သူသည် လောင်စာများကိုထပ်မံထည့်သွင်းကာ အရှိန်နှုန်းကို မြှင့်တင်ခဲ့ခြင်းသာဖြစ်၏၊ မကြာခင်မှာပဲ ကြယ်တာရာမြေပုံပေါ်တွင် အလင်းစက်များပေါ်ပေါက်လာခဲ့၏။ ထိုအရာသည် အနည်းဆုံးတစ်ထောင် နီးပါးခန့်ရှိသည်။

အားလုံးသောသူတို့သည် သူတို့၏ရှေ့တွင်ရှိသော မြင်ကွင်းအား ပြတင်းပေါက်မှတဆင့် ကြည့်ရှုလိုက်သည့်အချိန်မှာတော့ ရွက်သင်္ဘောပေါင်းများစွာတို့သည် လူတစ်စုကို ဝိုင်းရံထားကြောင်း မြင်လိုက်ရ၏။

“ဂိုဏ်းချုပ်”

ရှန့်ကွမ်းရှင်းရောင်က ပြောလိုက်သည်။ “အဲ့ဒီမှာ စီနီယာအစ်ကိုရီပဲ”

ကျွင်းချောင်ရှောင်းသည် ထိုင်ချပြီး သူ၏လက်များကို အသာယှက်လိုက်သည်။ ပြီးနောက် ထာဝရလောက ထဲတွင်ရှိနေသော ရွှဲရမ်ကွေ့ကို ဆက်သွယ်ကာ အသံပို့လွှတ်လိုက်၏။ “သားရဲစီးဟောခန်း အကုန် အပြင်ထွက်တော့”

“ကောင်းပါပြီ”

“အစီအရင်ဟောခန်းအကုန်ထွက်”

“ကောင်းပါပြီ”

“နတ်ဆိုးစစ်သည်တွေ အကုန်ထွက်”

“ကောင်းပါပြီ”

“ပြိုင်စံရှားဂိုဏ်း အကုန်လုံး လှုပ်ရှားမယ်”

“ကောင်းပါပြီ”

တပည့်များ၏အသံသည် ထာဝရလောကထဲတွင် ပျံ့နှံ့လာခဲ့တော့၏။ ထိုအသံသည် သာမာန်လူများကို မသက်ရောက်စေသည်ဆိုသော်လည်း အဓိကကလန်နှင့် အင်အားစုတော်တော်များများတို့သည် ထိုအသံကို ကြားခဲ့ရတော့၏။

“မိုးကြိုးကြံ့မျိုးနွယ် တိုက်ခိုက်ရန် တောင်းဆိုသည်”

“ရေခဲဖီးနစ်ကလန်တိုက်ခိုက်ရန်တောင်းဆိုသည်”

“နတ်ဘုရားခြေလှမ်းသူကလန် တိုက်ခိုက်ရန်တောင်းဆိုသည်”

“နဂါးကလန် တိုက်ခိုက်ရန်တောင်းဆိုသည်”

“ကျောက်ရုပ်ထုမျိုးနွယ်ကလန် တိုက်ခိုက်ရန်တောင်းဆိုသည်”

ပဲ့ခန်းထဲတွင်ထိုင်လျက်ရှိနေသည့် ကျွင်းချောင်ရှောင်းသည် ကလန်အသီးသီးဆီမှ အသံများကို ကြားရသည့် အချိန်မှာတော့ပြုံးလိုက်မိ၏။ သူနှင့် မိုးကောင်းကင် နတ်ဆိုးအင်ပါယာဆိုသည်မှာ မီးနှင့်ရေကဲ့သို့ပင်။ ၎င်းတို့၏ အလုံးစုံသောအဆင့်သည် အားကောင်းလှသည်မဟုတ်သည်ဆိုလျှင်တောင်မှ ထာဝရလောကကြီး ထဲတွင် နေထိုင်နေသည့် ကလန်အသီးသီးတို့သည် သူ့အတွက်နှင့် တကယ့်အင်အားကြီးရန်သူကို ထိပ်တိုက်ရင်ဆိုင်ရန် တောင်းဆိုလျက်ရှိနေကြသည်။

ကျွင်းချောင်ရှောင်းသည် သူ၏ဦးခေါင်းကိုမော့ကာဖြင့် ကြယ်ကောင်းကင်ယံထက်တွင်ရှိနေသည့် ရွက်သင်္ဘော တစ်ထောင်ကျော်တို့ကို လှမ်းကာကြည့်ရှုလိုက်၏။ သူသည် နှစ်ထောင်းအာရသည့် လေသံဖြင့်‌ပြောလိုက်၏။ “အားလုံး တိုက်ခိုက်ကြ”

“တိုက်ခိုက်မယ် တိုက်ခိုက်မယ်” အားလုံးသောသူတို့၏အသံသည် ထာဝရလောကကြီးထဲတွင် ပဲ့တင်ထပ်လျက်ရှိ၏။ ကလန်အသီးသီးတွင်ရှိနေသည့် စစ်သည်တော်များသည် စိတ်လှုပ်ရှားမှုနှင့် ပြည့်နှက်ကုန်ကြသည်။

.......

“ဘုရင် ကျေးဇူးပြုပြီးသွားပါတော့”

ရွက်သင်္ဘောတစ်ထောင်ကျော်တို့၏ ဝိုင်းပတ်ခံထားရသည့် အလယ် ဗဟိုတည်နေရာတွင် ညဘုရင်မဟာမိတ်အဖွဲ့၏ စီနီယာအဖွဲ့ဝင်တစ်ယောက်က တောင်းပန်လိုက်၏။

“........”

ရီရှင်းချန်သည် လက်သီးကိုကျစ်ကျစ်ပါအောင် ဆုပ်ထား၏။ သူသည် မှတ်ဉာဏ်များကို အလုံးစုံ ပြန်လည်ရရှိခဲ့ပြီးသည့်နောက် အစစ်အမှန်ညဘုရင်ဖြစ်ကြောင်းကို သိရှိလာခဲ့၏။ သို့ပေမဲ့ သူ၏အားအင် အဆင့်သည် ပြန်လည်မရရှိသေးချေ။ မိုးကောင်းကင်နတ်ဆိုးအင်ပါယာကိုမဆိုနှင့် မိုးကောင်းကင် နတ်ဆိုးအင်ပါယာ၏နောက်လိုက်များကို တိုက်ခိုက်ရန်ပင် သူ့၌ အရည်အချင်းမရှိသေးချေ။

“ကျုပ် ခင်ဗျားတို့ကို စွန့်ပစ်ခဲ့တယ်”

ရီရှင်းချန်က ပြောလိုက်သည်။ “ဒီတစ်ကြိမ်မှာတော့ ဘယ်တော့မှစွန့်ပစ်မှာမဟုတ်ဘူး”

“ဟား ဟား ဟား”

ရုတ်တရက် လိပ်ပြာအတောင်ပံနှင့် လူတစ်ယောက်သည် ရုတ်တရက် ပေါ်ပေါက် လာခဲ့သည်။ သူသည် ခပ်ယိယိပြုံးကာ ပြောလိုက်တော့၏။ “တကယ်ရင်ထဲတောင်ထိသွားတယ်”

ဘန်း ဘန်း

ထိုလူပေါ်လာပြီးသည့်နောက် မြင်ကွင်းတွင် အားလုံးသောသူတို့က လှမ်းကာကြည့်ရှုလိုက်ကြ၏။ ဤလူသည် မိုးကောင်းကင်နတ်ဆိုးအင်ပါယာ၏ နဂါးစစ်သူကြီးရှစ်ဦးထဲမှ တုံ့လပင်ဖြစ်တော့၏။ သေသေချာချာပြောပြ ရလျှင် ထိုသူသည် လူသားတစ်ယောက်နှင့်ဆင်တူလှ၏။ သို့ပေမဲ့ သူ၏နဖူးဘယ်ဘက်ခြမ်းတွင် စက်ဝိုင်းပုံ သဏ္ဍာန် အရေးအကြောင်းများ တည်ရှိနေ၏။

“........”

ရီရှင်းချန်သည်မျက်မှောင်ကုပ်လိုက်မိ၏။ ဤထူးဆန်းလှသည့်လူသည် အလွန်ပင်အားကောင်းလွန်းလှသည်။

“မိုးကောင်းကင်နတ်ဆိုးအင်ပါယာနဲ့ရင်ဆိုင်မယ်ဆိုရင် သေရမှာ သဘာဝပဲ” ထိုသူသည် လက်နှစ်ချောင်း ကိုမြှောက်လိုက်၏။ သူ၏နောက်ဘက်တွင်ရှိနေသော လိပ်ပြာကဲ့သို့သော တောင်ပံသည် တစ်ဖျပ်ဖျပ်နှင့် ခပ်လျက်ရှိနေ၏။ တောက်ပလှသည့် အလင်းတန်းများသည် သူ၏လက်ချောင်း များတွင် လာရောက်ကာစုစည်းလေ၏။

ထိုအချင်းအရာကို မြင်သည့်အချိန်မှာတော့ ညဘုရင်မဟာမိတ်အဖွဲ့အစည်းမှ အဖွဲ့ဝင်များအားလုံးသည် ရီရှင်းချန်၏ရှေ့တွင် မတ်မတ်ရပ်လိုက်ကြသည်။

“ခင်ဗျား”

သူ၏နောက်လိုက်များသည် သေရမည်ကိုကြောက်လန့်ခြင်းမရှိဘဲ သူ့ကိုကာကွယ်ပေးနေသည်ကို မြင်ရသည့် အချိန်မှာတော့ ရီရှင်းချန်သည် အမှန်ပဲ အားနာလို့နေခဲ့တော့၏။ ထိုအချိန်မှာတော့ ရုတ်တရက် အဝေးဆီမှ ရင်းနှီးနေသည့် အော်ရာများ ထွက်ပေါ်လာခဲ့၏။

အတိတ်တုန်းက ရီရှင်းချန်သည် အထက်နယ်မြေဆီသို့ သွားနိုင်ရန်အတွက် ဧကရီအလင်းရောင်၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။ သို့ပေမဲ့ သူမကို လက်စားပြန်ကာ ချေရသည့်အခါမှာတော့ သူ၏ နောက်ဘက်တွင် ဂိုဏ်းချုပ်၊ အထက်ပိုင်းအကြီးအကဲနှင့် တပည့်များအားလုံးက လိုက်ပါလာလိမ့်မည်ဟု စိတ်ကူးယဉ်ခဲ့ဖူးသည်။ သို့ပေမဲ့ ဆိုးသွမ်းသည်မှာ ဤကဲ့သို့သော ကိစ္စရပ်မျိုး မဖြစ်ခဲ့ချေ။ ဧကရီအလင်းရောင်သည် သူ၏သတ်ဖြတ်မှုကြောင့် လွယ်လွယ်ကူကူ သေဆုံးသွားခဲ့တော့၏။

သို့ပေမဲ့ ရီရှင်းချန်တွေးတောထားခဲ့သည့် မြင်ကွင်းမျိုးသည် လက်ရှိအခြေအနေမှာတော့ ပေါ်ပေါက်လာခဲ့ပြီ ဖြစ်၏။ သူသည် ဂိုဏ်းဝတ်စုံကို အသာဆင့်ခေါ်ပြီးသည့်နောက် ဝတ်ဆင်လိုက်၏။ ပြီးသည့်နောက် ခေါင်းကို ဂုဏ်ယူ ဝံ့ကြွားစွာဖြင့် မော့ထားမိသည်။ သူ၏ ရှေ့မြင်ကွင်းကို လှမ်းကာကြည့်ရှုရမည်ဆိုလျှင် ထာဝရ ရွက်သင်္ဘောကြီးသည် အမြန်ဆုံးနှုန်းနှင့် လှမ်းလာနေသည်။

ကျွင်းချောင်ရှောင်းသည် ရှေ့ပဲ့ဦးတည်နေရာတွင် ခြေချိတ်ကာထိုင်လျက်ရှိနေ၏။ သူ၏နောက်ဘက်တွင်တော့ ပြောနေစရာပင်မလိုပေ။ အားလုံးကိုယ့်ဘာကိုယ် စိတ်ကူးနှင့်မှန်းဆကာ တွေးကြည့်လိုက်လျှင်ပင် သိရှိပေ လိမ့်မည်။

All Chapters