← Chapters

အခန်း ၁၈၉၉

Vol. 127 Ch. 1899

အခန်း ၁၈၉၉

Vol. 127 Ch. 1899

အပိုင်း (၁၈၉၉)

ညဘုရင်ကို ကာကွယ်ရန် ပြင်ဆင်လျက်ရှိနေသည့် ညဘုရင်မဟာမိတ်အဖွဲ့ဆီမှ အဖွဲ့ဝင်များ အားလုံးတို့သည် ထိုအခြင်းအရာကို လှမ်း၍မြင်လိုက်ကြ၏။ ၎င်းတို့သည် အမှတ်မထင် လှမ်းကြည့်ပြီးသည့်နောက် မျက်လုံးများ ပြူးထွက်သွားခဲ့သည်။ ၎င်းတို့သည် ဝိုင်းပတ်ခံထားရ၏။ လက်ရှိအခြေအနေမှာတော့ ကြီးမားလွန်းလှသော ရွက်သင်္ဘောကြီးတစ်စင်းသည် ရှေ့မှ ဦးဆောင်လာခဲ့ပြီး အလယ်တွင်တော့ တောက်ပြောင်လျက်ရှိနေသည့် အမဲရောင် သတ္တဝါများ၊ ထို့အပြင် လက်နက်အပြည့် ဝတ်ဆင်ထားခဲ့သည့် များပြားလှသော ပုံပန်းသွင်ပြင်နှင့် ကျင့်ကြံသူများတို့ ရှိနေကြ၏။

အထူးသဖြင့် ရှေ့ဆုံးတွင် ရှိနေသည့် ရွက်သင်္ဘောကြီးပင်ဖြစ်သည်။ ထိုနေရာ၏ ရှေ့ပဲ့ဦးတွင် ကျွင်းချောင်ရှောင်းသည် ဂုဏ်ယူဝံ့ကြွားစွာဖြင့် ထိုင်လျက်ရှိသည်။ ၎င်းသည် စစ်တပ်ကြီးတစ်ခုကို အကြီးမားဆုံး အမိန့်ပေးနိုင်သည့် တာဝန် ရှိသူတစ်ဦးကဲ့သို့ပင်။

“ဒါက”

ကျုံးလီကျိရန်၏ မျက်လုံးများသည် မယုံကြည်နိုင်မှုများနှင့် ပြည့်နှက်သွားခဲ့သည်။ ပထမ ကြည့်လိုက်စဉ်က ရောက်ရှိလာခဲ့သည့် ရွက်သင်္ဘောများသည် မိုးကောင်းကင်နတ်ဆိုးအင်ပါယာ၏ ရွက်သင်္ဘောများနှင့် ထူးမခြားနား လှချေ။ ထို့ကြောင့် တစ်ဖက်သူများဆီမှ တပ်ကူများ ရောက်ရှိလာသည်ဟု သူမက တွေးထင်ခဲ့သည်။ သို့ပေမဲ့ သေသေချာချာ ကြည့်ရှုပြီးသည့်နောက်မှာတော့ ရွက်သင်္ဘောတွင် ထာဝရဟူ၍ ရေးထိုးထားသည်။

“ပြိုင်စံရှားဂိုဏ်းလား” အထက်ပိုင်းအကြီးအကဲများထဲမှ တစ်ယောက်က မေးမြန်းလိုက်၏

“အမှန်ပဲ။ ဒါ ပြိုင်စံရှားဂိုဏ်းပဲ”

ရီရှင်းချန်သည် ခဏလောက် ရပ်တန့်ကာ ပြောလိုက်သည်။ “ဒီဘုရင်ရဲ့ဂိုဏ်းပဲ။ ဒီဘုရင်ရဲ့ နောက်ခံပဲ”

ပြောပြီးသည့်နောက် သူသည် မှော်ပညာဖြင့် အဆင့်မြှင့်တင်ထားသော ဆောင်းဘောက်ကြီး ကို ပခုံးပေါ်သို့ ထမ်းတင်ကာဖြင့် တိုက်ပွဲခေါ်သံသီချင်းကို ဖွင့်လိုက်၏။

...........

စကြဝဠာထဲတွင် ထိုသွေးဆူလွယ်သည့်သီချင်း ပျံ့နှံ့သွားပြီးသည့်နောက် ညဘုရင်မဟာမိတ်အဖွဲ့ဆီမှ အဖွဲ့သားများ အားလုံးသည် ရုတ်တရက် ထခုန်လုမတတ် ဖြစ်သွားသည်။ သီချင်းသံသည် ၎င်းတို့အားလုံးကို စိတ်အား တက်ကြွစေ ခဲ့၏။ အရှေ့မှရောက်ရှိလာခဲ့သော ပြိုင်စံရှားဂိုဏ်းမှ လူများ၊ ပြိုင်စံရှားဂိုဏ်းမှ တပည့်များအားလုံးသည်လည်း သွေးများ ပွက်ပွက်ဆူလာခဲ့သည်။

ရွှီး ....။

ကျွင်းချောင်ရှောင်းသည် ရုတ်တရက် မတ်တပ်ထရပ်ကာဖြင့် မိုးကောင်းကင်နတ်ဆိုးအင်ပါယာ၏ ရွက်သင်္ဘောများ ဆီသို့ လက်ညှိုးညွှန်လိုက်သည်။ သူသည် နဖူးပေါ်ရှိ သွေးကြောများ ဖောင်းပွသည့်အထိ အော်ဟစ်လိုက်၏။ “ချီးတဲ့မှ”

ဖြောက် ဖြောက် ဖြောက်

ပြောပြီးပြီးချင်းမှာပဲ အရှေ့မှ ဦးဆောင်လာခဲ့သည့် ရွက်သင်္ဘောတစ်ရာကျော်တို့၏ ပဲ့ဦးမှ တံခါးများသည် ပွင့်သွားခဲ့၏။ ကြီးမားလွန်းသော အမြှောက်ကဲ့သို့ အရာများ ထွက်ပေါ်လာခဲ့ကြပြီး တောက်ပသော အလင်းတန်း များကို စတင်ကာ စုစည်းလာခဲ့ကြသည်။ ဤရွက်သင်္ဘောများသည် မိုးကောင်းကင်နတ်ဆိုးအင်ပါယာဆီမှ ရယူခဲ့သည့် အရာများ ဖြစ်သည်ဆိုသော်လည်း အလွန်ကြမ်းတမ်းပြီး အားကောင်းလွန်းလှသည့် အမြှောက်များကို ပြောင်းရွှေ့တပ်ဆင်ထားခဲ့သည်။

“ဟင်း”

ထိုက်ရွှမ်အကြီးအကဲက ပြောလိုက်၏။ “ငါ အဆင့်မြှင့်တင်ထားတဲ့ အရာတွေရဲ့ စွမ်းရည်ကို ကြည့်ရတော့မှာပေါ့”

တပည့်များ၏ ဝိညာဉ်များ ထိန်းချုပ်လျက်ရှိနေသည့် ကျွဲရိုင်းစက်ရုပ်များသည် အဆင်သင့်ဖြစ်လို့ နေခဲ့၏။ လက်ရှိ အချိန်မှာတော့ အားလုံးတို့သည် ၎င်းတို့၏ ခြေ၊ လက်၊ ဦးခေါင်းများကို အသုံးပြုကာ တိုက်ခိုက်ရန် ပြင်ဆင်နေကြ လေသည်။

“အင်း... ဒါတွေကိုတော့ ကျုပ်ဖန်တီးထားခဲ့တာပေါ့” ဖန်းရီကျိသည် တီးတိုးရေရွတ်နေမိ၏။

ရွက်သင်္ဘောပေါင်းတစ်ရာကျော်နှင့် ကျွဲရိုင်းစက်ရုပ်ပေါင်း တစ်သောင်းကျော်တို့သည် တိုက်ခိုက်ရန် အဆင့်သင့် ဖြစ်လို့နေခဲ့တော့၏။ ပြိုင်စံရှားဂိုဏ်း၏ တိုက်ခိုက်ရန်အတွက် အသုံးပြုသည့် တိုက်ခိုက်ရေးတေးသံသည်လည်း တည်နေရာတွင် ပျံ့နှံ့လျက်ရှိသည်။

“ပစ်”

ဘုန်း ဘုန်း ဘုန်း ဘုန်း

အမြှောက်များဆီမှ တောက်ပလွန်းသော အလင်းတန်းများ ထွက်ပေါ်လာခဲ့ပြီး ရီရှင်းချန်နှင့် တခြားသူများကို ဝိုင်းပတ်ထားသည့် ရွက်သင်္ဘောများဆီသို့ ကျဆင်းလာခဲ့၏။ ရက်စက်ပြီး အညှာအတာကင်းမဲလွန်းလှချေ၏။

ထို့အပြင် လူချမ်းသာများ၏ တိုက်ပွဲဟုလည်း သတ်မှတ်နိုင်၏။ အဘယ်ကြောင့် ဤသို့ ပြောရသနည်း။ အဘယ်ကြောင့်ဆိုသော် ဤကဲ့သို့ ပြင်းထန်လွန်းလှသော အမြှောက်ဆံများကို အသုံးပြုရခြင်းသည် အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံးများကို အသုံးပြုခဲ့ရခြင်းကြောင့်ပင်။

လက်ရှိ ငွေကြေးကုန်ကျမှုနှင့်ပတ်သက်၍ ကျွင်းချောင်ရှောင်းက ဂရုမစိုက်လှချေ။ တစ်ဖက်လူများကို အမြစ်ဖြတ်သုတ်သင်ရန်သာ စိတ်ကူးထဲ၌ တည်ရှိနေခဲ့၏။ လက်ရှိအခြေအနေသည် ပထမဦးဆုံးအကြိမ် တိုက်ခိုက်ခြင်းသာ ရှိသေး၏။ သုံးသပ်မည်ဆိုလျှင် ဤမျှလောက်နှင့် ရပ်တန့်သွားမည့်ပုံ မပေါ်ချေ။

ဘုန်း ဘုန်း ဘုန်း

အမြှောက်ဆံများသည် ဆက်တိုက်ဆိုသလိုပဲ ကျဆင်းလာခဲ့ပြီး ပစ်မှတ်များအား တစ်ခါတည်း ရှင်းလင်းခဲ့၏။ ဒုတိယ နှင့် တတိယအကြိမ် ရောက်သည့်အချိန်မှာတော့ တော်တော်များများသည် ပေါက်ကွဲပျက်စီးနေပြီဖြစ်သည်။ သူ၏ တပည့်အတွက် ကျွင်းချောင်ရှောင်းသည် ငွေကြေးကုန်ကျခံရမည်ဆိုလျှင်တောင် ထိုအရာကြီးကို ပျော်ပျော်ရွှင်ရွှင်နှင့် ပြုလုပ်မှာဖြစ်သည်။

ဘုန်း ဘုန်း ဘုန်း ဘုန်း

အမြှောက်ဆံများသည် ဆက်တိုက်ဆိုသလိုပဲ ပစ်မှတ်များကို ထိမှန်နေ၏။ တည်နေရာတစ်ခုလုံးသည် ပြိုလဲလျက် ရှိနေသည်။ အထဲတွင်ရှိနေသည့် ရွက်သင်္ဘောများသည် မည်သည့်အခါကမှ မရှိသလို ပျောက်ကွယ်ကုန်ကြ၏။ တချို့မှာတော့ မီးတောက် မီးလျှံများ၏ ဝါးမြိုခြင်းကို ခံနေရ၏။ ရွက်သင်္ဘောများဆီသို့ အမြှောက်ဆန်များသည် တစ်ခုပြီးတစ်ခု ကျဆင်းနေ၏။

“ဘယ်လိုကောင်လဲ”

တုံ့လ၏ မျက်လုံးထဲတွင် ဒေါသတရားများ ပြည့်နှက်လာခဲ့ကြ၏။ သူတို့သည် ရီရှင်းချန်ရှိရာ တည်နေရာမှ ရွေ့လျားပြီးသည့်နောက် အဝေးတစ်နေရာရှိ အမြှောက်ဆန်ဖြင့် ပစ်လျက်ရှိနေသော ရှေးရွက်သင်္ဘောကြီးဆီသို့ ပစ်မှတ်ထားလိုက်ကြသည်။

ဝှစ်

အမဲရောင်အလင်းတန်းများသည် ပျံသန်းသွားခဲ့ကြပြီး လေဟာနယ်ကိုပင် ထွင်းဖောက်သွားခဲ့ကြ၏။

ဘုန်း

ထိုအရာသည် ရွက်သင်္ဘောကြီးနှင့် ထိမှန်ရန် ပြင်လိုက်သည့်အချိန်မှာပဲ အမဲရောင်အလင်းတန်းတစ်ခုသည် လမ်းတစ်ဝက်၌ ပေါက်ကွဲသွားခဲ့သည်။

ဝှစ် ဝှစ်

စွမ်းအင်လှိုင်းများ အလိပ်လိပ်တက်ပြီး ပေါက်ကွဲလျက်ရှိနေသည်။ ကျွင်း‌ချောင်ရှောင်းသည် လက်ထဲတွင် ဓားကို ကိုင်ဆောင်ကာဖြင့် အရှေ့သို့ တစ်လှမ်းချင်းလျှောက်လာ၏။ သူသည် မိစ္ဆာဆန်ဆန်ပြုံးလိုက်၏။ “ခင်ဗျားရဲ့ ပြိုင်ဘက်က ကျုပ်ပဲ”

“ဟမ်”

တုံ့လဘုရင်၏ မျက်လုံးများသည် ကျဉ်းမြောင်းသွားခဲ့၏။ တစ်ဖက်လူ၏ လက်နက်ကို မြင်လိုက်ရသောကြောင့် ပင်။ “မင်းဆီမှာ ဘယ်လိုဖြစ်လို့ ရွှမ်ယွမ်နတ်ဘုရားဓား ရှိနေရတာလဲ”

ဆွစ်

သူပြော၍မပြီးခင်မှာပဲ ကျွင်းချောင်ရှောင်းသည် ရုတ်တရက် သူ၏ရှေ့၌ ပေါ်ပေါက်လာ၏။ ရွှမ်ယွမ်နတ်ဘုရားဓား သည် လေဟာနယ်ကို ထိုးခွင်းပြီးသည့်နောက် ခုနှစ်စင်ကြယ်ဓားချီများကို ဖန်တီးကာ ခုတ်ပိုင်းခြင်းကို ပြုမူ၏။ “ဘာလို့လဲဆိုတော့ ကျုပ်က အရမ်းချောလို့”

တုံ့လဘုရင်သည် ကျားလော်ဘုရင်ထက် ပိုမိုကာ အားကောင်း၏။ သူသည် လက်ကို မြန်နိုင်သမျှ အမြန်ဆုံး မြှောက်ကာဖြင့် ရွှမ်ယွမ်နတ်ဘုရားဓားကြီးကို တားဆီးလိုက်၏။ ဓားနှင့် အရေပြား ထိတွေ့လိုက် သည့် အချိန်မှာတော့ အရေပြားတစ်ခုလုံးသည် မဲမှောင်ပြီး သံနက်ကြီးကဲ့သို့ ဖြစ်လာသည်။

“ဟမ်” ကျွင်းချောင်ရှောင်းသည် အံ့အားသင့်သွားမိ၏။

ဘုန်း .....။

တုံ့လဘုရင်သည် ရုတ်တရက် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်၏။ သူ၏ မဲနက်နေသော အသားအရေ အတွင်းမှာ အားကောင်းလွန်းသော စွမ်းအင်တစ်ခုသည် ပေါက်ကွဲထွက်ပေါ်လာ၏။ ကျွင်းချောင်ရှောင်း၏ ဓားသည် အနောက်သို့ ပြန်ကန်ထွက်သွားသည်။

ဟား ဟား ဟား ….။

တုံ့လုသည် တည်နေရာမှာတင် မတ်မတ်ရပ်လိုက်၏။ သူသည် မျက်နှာကို ဖုံးကာကာဖြင့် ထူးဆန်းစွာ ရယ်မောလိုက်၏။ “ကောင်လေး… မင်းဆီမှာ တကယ့်ကို ထက်ပါတယ်ဆိုတဲ့ ရွှမ်ယွမ်နတ်ဘုရားဓား ရှိရင်တောင် ငါ့ကို ဘာမှလုပ်လို့ မရဘူး မဟုတ်လား”

“ဘာပြောချင်တာလဲ”

“ငါ မင်းကို ပြောပြမယ်။ ငါက အမဲရောင်ရွှေခန္ဓာကိုယ်ကို ဖွဲ့တည်ထားလို့ပဲ”

ဖောက်

သူသည် လက်သီးကို ဆုပ်လိုက်၏။ မျက်နှာ၊ လက်နှင့် ခန္ဓာကိုယ် အရာအားလုံးသည် အမဲရောင်အဖြစ်သို့‌ ပြောင်းလဲသွားသည်။ ကတ္တရာစေးများ ဖုံးလွှမ်းထားသကဲ့သို့ တစ်ကိုယ်လုံး မဲနက်သွားခဲ့သလိုပင်။

“………”

ကျွင်းချောင်ရှောင်းသည် ဆွံ့အသွားခဲ့သည်။ သူသည် ရွှမ်ယွမ်နတ်ဘုရားဓားကို အသာမြှောက်ကိုင်ကာဖြင့် ခုနှစ်စင်ကြယ်ဓားဆန္ဒများကို ထည့်သွင်းလိုက်၏။ ပြီးနောက် ပြုံးကာ ပြောလိုက်၏။ “ခင်ဗျားရဲ့ အမဲရောင် ရွှေခန္ဓာကိုယ်က ဘယ်လောက်ထိ မာကျောလဲဆိုတာ ကျုပ်ကြည့်မယ်”

ဘုန်း ဘုန်း ဘုန်း

၎င်းတို့နှစ်ယောက်သည် စကြဝဠာထဲတွင် ကြမ်းတမ်းလှသည့် တိုက်ပွဲကြီးတစ်ခုကို ဖန်တီးတိုက်ခိုက်လျက် ရှိသည်။ ဤကဲ့သို့သော တိုက်ပွဲသည် နတ်ဘုရားလျှို့ဝှက်အဆင့် အထက်အဆင့်နှင့် နီးကပ်လျက် ရှိနေ၏။ ထို့ကြောင့် ဖြစ်တည်လာခဲ့သည့် တိုက်ခိုက်မှု၏ အရှိန်အဟုန်ကို စာဖြင့် ရေးသားရန်ပင် မစွမ်းသာခဲ့ပေ။

ဘုန်း ဘုန်း ဘုန်း

မိုးကောင်းကင်နတ်ဆိုးအင်ပါယာ၏ တခြားသော ရွက်သင်္ဘောများ အားလုံးတို့သည် အမြှောက်ဆံများ၏ ပစ်မှတ်ထားခြင်းကို ခံရသောကြောင့် ဆက်တိုက်ဆိုသလိုပဲ ပစ်ချခံနေရသည်။ ဟုတ်ပေသည်။ ကျွင်းချောင်ရှောင်း၏ ချမ်းသာမှုသည် အဆုံးမဲ့ တည်ရှိခြင်း မဟုတ်ပေ။ သို့ပေမဲ့ မိုးကောင်းကင်နတ်ဆိုးအင်ပါယာ၏ ရွက်သင်္ဘောများ မှာတော့ အများကြီး ရှိလို့နေခဲ့၏။

အမြှောက်များနှင့် ပစ်ခတ်တိုက်ခိုက်ခြင်းဆိုသည်မှာ အားအင်အဆင့်ကို ခဏတာ ထုတ်ပြခြင်းသာဖြစ်သည်။ ၎င်းတို့ အားလုံးကို အလုံးစုံဖျက်ဆီးပစ်ရန် ဆိုသည်မှာတော့ ခက်ခဲလှ၏။ ထို့ကြောင့်ပင်လျှင် ကျွဲရိုင်းစက်ရုပ်ပေါင်း တစ်သောင်းကျော်သည် ရှေ့ဆီသို့ လှမ်းတက်လာခဲ့ကြသည်။ ၎င်းတို့သည် လက်နက်ပစ္စည်းများကို ထုတ်ယူကာဖြင့် တိုက်ခိုက်ကြတော့သည်။ ယခု အပြင်းအထန်တိုက်ခိုက်ရန် အချိန်ကျရောက်လာပြီ ဖြစ်သည်။

“အရှေ့ကိုဝင်... တွေ့သမျှအားလုံးကိုသတ်” ကျုံးရီက အော်ဟစ်လိုက်၏။

“သတ်ကြ၊ သတ်ကြ” ကျွဲရိုင်းစက်ရုပ်များသည် အရှေ့မှဦးဆောင်ပြီးသည့်နောက် အနောက်ဘက်တွင် သားရဲစီးဟောခန်းမှ အဖွဲ့သားများ လိုက်ပါလာခဲ့ကြသည်။ ၎င်းတို့အားလုံးသည် ချပ်ဝတ်နှင့် လက်နက်ပစ္စည်းများကို ဝတ်ဆင်ထားခဲ့ကြပြီး တကယ် လေ့ကျင့်ပေးထားသည့် စစ်သားများကဲ့သို့ပင် ရှေ့ဆီသို့ ထိုးတက်သွားခဲ့ကြသည်။

“သတ်ကြ၊ သတ်ကြ”

အဓိက ကလန်အသီးသီးဆီမှ အင်အားစုများသည်လည်း ရှေ့ဆီသို့ လှမ်းတက်လာကြပြန်၏။

ဆွစ် ဆွစ် ဆွစ်

ကျွဲရိုင်းစက်ရုပ်များနှင့် တပည့်များအားလုံးတို့သည် လှိုင်းကဲ့သို့ပင် ရှေ့သို့လှမ်းတက်ကြ၏။ လက်ရှိအခြေအနေတွင် တော့ ရီရှင်းချန်၏ မျက်နှာပေါ်ရှိ ဂုဏ်ယူဝံ့ကြွားမှုများသည် ပိုမိုကာ ထင်ရှားလာခဲ့သည်။ အန္တရာယ်အကြီးဆုံး သောအခြေအနေတွင် ဂိုဏ်းချုပ်နှင့် ဂိုဏ်းတူရောင်းရင်များသည် အချိန်မီရောက်ရှိလာကာ ကူညီခဲ့ကြ၏။ ဤကဲ့သို့သော ခံစားချက်မျိုးသည် တကယ်စိတ်လှုပ်ရှားစရာ ကောင်းလွန်းလှသည်။

ဒွီ ဒွီ

တည်နေရာတစ်ခုလုံး အက်ကွဲသွားပြီးသည့်နောက် ကောင်းကင်ပုဆိန်ကြီး ပေါ်ပေါက်လာသည်။ ရီရှင်းချန်သည် ထိုအရာကို လက်တစ်ဖက်ဖြင့် လှမ်းဆွဲပြီးသည့်နောက် အရှေ့ဆုံးတွင် မတ်မတ်ရပ်လိုက်သည်။ လေထုထဲတွင် သူ၏ အမဲရောင်ဆံနွယ်များသည် လွင့်မျောလျက်ရှိနေသည်။ နဖူးပေါ်တွင်တော့ တိုက်ခိုက် ဆိုသည့် စာလုံးက ပေါ်ပေါက် လာခဲ့သည်။ သူသည် မိုးခြိမ်းသံကဲ့သို့ပင် ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ “တိုက်ခိုက်ကြမယ်”

ဒွီ ဒွီ

လီချင်းယန်၊ ရှောင်ကျီ၊ စုရှောင်မို၊ ဟယ်ဝူတီနှင့် တခြားသူများ အားလုံးတို့သည် လင်းယွမ်ခန်းမဆောင်ဆီမှ ထူးခြား သည့် စာလုံး၏ အကျိုးသက်ရောက်မှုများကို အသက်သွင်းလိုက်သည်။ ၎င်းတို့၏ မျက်လုံးထဲ၌ တိုက်ခိုက်လိုခြင်း ဆန္ဒများသည် အပြည့်အဝဖြစ်တည်လာခဲ့သည်။

All Chapters