← Chapters

နဂါးကျောက်သလင်းကဒ်

Vol. 130 Ch. 1815

နဂါးကျောက်သလင်းကဒ်

Vol. 130 Ch. 1815

ရုတ်တရက်ပေါ်လာသော လှောင်ပြောင်သံသည် ချက်ချင်းပင် ပတ်ဝန်း ကျင်ကို တစ်ခဏအတွင်း တိတ်ဆိတ်သွားစေသည်။

ရှီမာယူယူသည် ကျောက်သတင်းကဒ်ကိုထုတ်ပြီး အောက်မှ ဆိုင် လက်ထောက်၏ လက်ထဲသို့ပစ်ပေးပြီး ပြောလိုက်သည် “ကျွန်မ အဲဒီဓားရှည် ကိုလိုချင်တယ်”

ဆိုင်လက်ထောက်သည် သူမ၏ ကဒ်ကိုယူလိုက်သည်။ သူ ထိုကဒ်ကို မြင်သောအခါ ချက်ချင်းပင် လေးစားလာသည် “သခင်မလေး ကျွန်တော် ဓားရှည်ကိုထုတ်ပိုးပေးပါမယ်”

သူ ကဒ်ကိုပိုက်ဆံဖြတ်တော့မည့်ဆဲဆဲတွင် အဖြူရောင်ဝတ်ထားသည့် လူတစ်ယောက်သည် ဆွဲလိုက်လေသည်။ သူသည် ရှီမာယူယူကို ကြည့်ပြီး ပြောလေသည် “မင်းက ဘယ်သူလဲ ဒီသခင်လေးသဘောကျနေတဲ့ ဓားရှည်ကို လုသွားရဲသေးတယ်”

“ကျွန်မက ဘယ်သူလဲဆိုတာက အရေးမကြီးဘူး အရေးကြီးတာက ကျွန်မလည်း ဒီဓားရှည်ကို သဘောကျနေတယ်” ရှီမာယူယူ ပြုံးလိုက်သည် “ရှင် ပြောသလိုပဲ ဒီဓားက ပိုက်ဆံမရှင်းရသေးတဲ့ ဆိုင်ကပစ္စည်းပဲ… ဈေးပိုပေးနိုင် တဲ့ ဘယ်သူမဆို ဒီဓားကိုယူလို့ရတယ်… ဟင် ဘာဖြစ်လို့လဲ ကျွန်မက ရှင် ပြောတဲ့ စည်းမျဉ်းကိုလိုက်နာလိုက်တာလေ”

“အဲတော့ မင်းက ငါ့ကိုဆန့်ကျင်ချင်တာလား ငါ ဘယ်သူလဲဆိုတာ သိ လား” အဖြူရောင်ဝတ်ထားသောလူသည် မျက်နှာကြီးမည်းကာ မေးလေသည်။

“အင်း.. ရှင်ဘယ်သူလဲဆိုတာကိုတော့… ကျွန်မ ဂရုမစိုက်ဘူး ဒီ သခင်မလေးက ခွေးတိုင်းကြောင်တိုင်းကိုသိတာမဟုတ်ဘူး” ရှီမာယူယူသည် လှေကားလက်ရန်းကို မှီပြီး သူ၏ သရုပ်မှန်ကို လျစ်လျူရှုလိုက်သည်။

“မင်းက သတ္တိရှိလှချည်လား… ငါတို့သခင်လေးက ဟော်မျိုးနွယ်ရဲ့ သခင်လေး ဟော်ရှုံပဲ” ထိုလူနောက်မှ လက်အောက်ငယ်သားပြောလေသည်။

“ဘယ်မိသားစုလဲ…. တယွိမြို့တော်ရဲ့ အဆင့် ၇ မိသားစု၊ တိုင်းပြည် ပြိုင်ပွဲမှာ အဆင့် ၁၀ ရထားတာပဲ ကျွန်မသိတယ်” ရှီမာယူယူ ရယ်မောလိုက် သည်။

“မင်း သိတာပဲ” ဟော်ရှုံသည် ဘဝင်မြင့်သလိုဖြစ်သွားသော်လည်း နှစ် စက္ကန့်အတွင်းတွင် ရှီမာယူယူကြောင့် ဂုဏ်သိက္ခာပြန်ပြိုကွဲသွားလေသည်။

“ဒါပေမဲ့ အဲတော့ဘာဖြစ်လဲ… ရှင်ကိုယ်တိုင်ပြောတာလေ ဈေးပိုပေးနိုင် တဲ့လူက ရမှာပြလို့ ကျွန်မက ဒီအတိုင်းလုပ်လိုက်တာပဲ” ရှီမာယူယူသည် ဆိုင် လက်ထောက်ကို ဆော်ဩလိုက်သည် “ဒီမှာဘာလုပ်နေတာလဲ.. ကဒ်ကို မြန်မြန်ဖြတ်တော့လေ ကျွန်မသွားတော့မှာ”

“ဟုတ်ကဲ့ ဟုတ်ကဲ့” ဆိုင်လက်ထောက်သည် ခေါင်းညိတ်ကာ ဦးညွှတ်ပြီး ဟော်ရှုံအား ဘေးဖယ်ထားကာ ရှီမာယူယူ၏ ကဒ်နှင့်ဖြတ်ရန်လုပ်လေသည်။

“နေဦး” ဟော်ရှုံတားလိုက်သည် “ငါ လေလံတောင်မဆွဲရသေးဘူး ဘာလို့ သူမ ကဒ်ကိုဖြတ်မှာလဲ”

“သခင်‌ဟော် သူမရဲ့ဈေးကို ထပ်ပိုပေးလို့မရတော့ဘူး” ဆိုင်လက်ထောက် ပြောလိုက်သည်။

“ပြောဖို့စောပါသေးတယ် ခင်ဗျားက ငါတို့ဟော်မျိုးနွယ်ရဲ့ ဘဏ္ဍာရေးကို မသိဘူးလား” ဟော်ရှုံနှာမှုတ်လေသည်။

“သခင်‌ဟော် သူမက နဂါးကျောက်သလင်းကဒ် ပေးတာပါ” ဆိုင် လက်ထောက်သည် စကားတစ်ခွန်းသာပြောလိုက်သော်လည်း ဟော်ရှုံ နောက် ပြောမည့်စကားများ အကုန်တန့်သွားလေသည်။

အားလုံးသည် ရှီမာယူယူအား တငေးတငိုင်ကြည့်ကြလေသည်။ သလင်း ကျောက်ကဒ်များတွင် နဂါးသလင်းကျောက်ကဒ်သည် တန်ဖိုးအရှိဆုံးဆိုသည် ကို သုံးနှစ်ကလေးပင်သိသည်။ ပြီးနောက် ထိုအရာသည် မင်းသားအထက် မြင့်သည့်ရာထူးများသာ သုံးခွင့်ရှိသည်။ ပါဝင်သည့်ငွေပမာဏမှာတော့ အနည်း ဆုံး ၅ ဘီလီယံရှိသည်။

ထို့ကြောင့် နဂါးသလင်းကျောက်ကဒ်ရှိသူနှင့် ယှဉ်စရာမလိုတော့ပေ။

“မင်းက ဘယ်သူလဲ မင်းမှာ ဘယ်လိုလုပ် နဂါးသတင်းကျောက်ကဒ်ရှိနေ တာလဲ” ဟော်ရှုံသည် ရှီမာယူယူအားကြည့်ပြီး စိတ်ထဲမှ သူမ၏ သရုပ်မှန်ကို ခန့်မှန်းနေမိသည်။

ဖန်းရင်ဟန်သည် ဆိုင်လက်ထောက် ကဒ်ဖြတ်တော့မည်ကို မြင်သော အခါ အမြန်ပြေးသွားပြီး ပြောလိုက်သည် “သခင်မလေး အဲဒီဈေးကအရမ်းမြင့် နေတယ် အဲဒီတော့ ထားလိုက်ပါတော့”

အစောက ဟော်ရှုံ ခေါ်လိုက်သောဈေးမှာ အလွန်မြင့်နေသဖြင့် ရှီမာယူယူသာ ဝယ်လိုပါက ဟော်ရှုံကမ်းလှမ်းသည့် ဈေးထက်ပိုပေးမှဖြစ်မည်။

ရှီမာယူယူသည် ဖန်းရင်ဟန်အား ကြည့်ပြီး ပြောလိုက်သည် “မင်းက ဒီ ဓားရှည်ကို ကြိုက်တယ်မလား”

“ရင်ဟန်က သခင်မလေးကို ဒုက္ခများစေပါပြီ” ဖန်းရင်ဟန်သည် အပြစ် မကင်းစွာဖြင့် ပြောလိုက်သည်။

“ဘာမှ ဒုက္ခမများဘူး ငါ မင်းကို ဓားရှည်ပေးမယ်” ရှီမာယူယူ ပြောလိုက် သည် “အဖေ့ကိုလည်း မင်းတို့အတွက် ပိုက်ဆံပိုပေးဖို့ ပြောလိုက်မယ် အဲဒါမှ တခြားလူတွေ အထင်မသေးကြမှာ”

ဖန်းရင်ဟန် ပြုံးပြီး ခေါင်းငုံ့ကာပြန်ဖြေသည် “ကျေးဇူးတင်ပါတယ် သခင်မလေး”

“မင်းက လျောင်ပြည်နယ်က အရှုပ်ထုပ်မုရုန်ရှီလား” ဟော်ရှုံဘေးမှ လူတစ်ယောက်သည် သူမကို မှတ်မိပြီးအော်လေသည်။

“လျောင်ပြည်နယ်ဟုတ်လား လျောင်ပြည်နယ်က အရမ်းကိုအဆင့်နိမ့် တယ်မလား” အားလုံးသည် ရှီမာယူယူကို ထပ်မံငေးငိုင်စွာကြည့်သည်။ သူတို့ သည် သူမနှင့် နဂါးသလင်းကျောက်ကဒ်အကြားကို မည်သို့မှ ဆက်စပ်မရပေ။

“အဲလိုအမှိုက်မှာ ဘယ်လိုလုပ် နဂါးသလင်းကျောက်ကဒ်ရှိနေတာလဲ” ဟော်ရှုံမေးခွန်းထုတ်သည် “မင်း နဂါးသလင်းကျောက်ကဒ်ကို ဘယ်ကခိုးလာ တာလဲ”

“အိုး… ခိုးဖို့လွယ်ရင် ကျွန်မခိုးချင်သေးရဲ့” ရှီမာယူယူ ပြုံးလိုက်သည် “ရှင် ခိုးလို့ရရင် ဒီတစ်ခုကို ရှင့်ကိုပေးမယ်”

ရှိနေကြလူများ ရယ်မောကြကာ ဟော်ရှုံကို ငတုံးတစ်ယောက်သဖွယ် ကြည့်လေသည်။

နဂါးသလင်းကျောက်ကဒ်က ခိုးဖို့လွယ်လို့လား။ နဂါးသလင်းကျောက် ကဒ်ကို ကိုင်နိုင်သည့်အဆင့်အတန်းရှိသည့်လူကိုမဆိုထားနှင့် သူ့အနားတွင် ကာကွယ်သူများ ဝိုင်းဝိုင်းလည်နေမည်ဖြစ်သည်။ နဂါးသလင်းကျောက်ကဒ်နှင့် ပိုင်ရှင်၏ စိတ်များသည် ဆက်သွယ်နိုင်သည်ဟု ပြောကြသည်။ ပိုင်ရှင်မလိုလား လျှင် တခြားသူများ အသုံးပြု၍မရပေ။

ထို့ကြောင့် နဂါးသလင်းကျောက်ကဒ်ကို ခိုးနိုင်လျှင်တောင် အသုံးပြု၍ ရမည်မဟုတ်ပေ။

သူမ၏ နဂါးသလင်းကျောက်ကဒ်ကို ဒိကျဲ့မှ ထွက်မသွားခင် ပေးသွား ခြင်းဖြစ်သည်။ ထိုတင်မကဘဲ သူမ၏ ဝိညာဉ်စေတီအတွင်းတွင် မိုမျိုးနွယ် သင်္ကေတနှင့် နဂါးသလင်းကျောက်ကဒ်ရှိသေးသည်။ ထိုအရာကိုသာ ထုတ် လိုက်ပါက အားလုံး ကြောက်လန့်သွားမည်ဖြစ်သည်။

“မဖြစ်နိုင်တာ လျောင်ပြည်နယ်မှာ ဘယ်လိုလုပ် နဂါးသလင်းကျောက် ကဒ်ရှိနေတာလဲ” ဟော်ရှုံသည် လက်မခံနိုင်သေးပေ။

“ဘာမဖြစ်နိုင်စရာရှိလဲ… ကျွန်မတို့ လျောင်ပြည်နယ်က အရင်းအမြစ် နည်းပြီး အားနည်းတယ်လို့ ထင်လို့ ကျွန်မက နဂါးသလင်းကျောက်ကဒ်ကို သုံး မရတာလား” ရှီမာယူယူ ရယ်မောလိုက်သည် “ဒါဆို ရှင်တို့မေ့နေပြီ ကျွန်မ အမေက ဘယ်သူလဲ”

သူမ အမေလား…

လူအများမှာ တကယ်ပင် မသိကြပေ။

“မင်း အမေက ဘယ်သူလဲ”

“ကျွန်မအမေလား လွန်ခဲ့တဲ့နှစ်ပိုင်းက ဆုံးသွားခဲ့တဲ့ မင်းသမီးကျင်းဟွာ လေ.. ဒါပေမဲ့ ကျွန်မမှာ အားကောင်းတဲ့ ဦးလေးရှိသေးတယ်.. သူနဲ့ဆိုရင် နဂါး သလင်းကျောက်ကဒ်ကဘာအရေးလဲ” ရှီမာယူယူသည် အောက်မှလူများကို ဝေ့ကြည့်လိုက်ပြီး လွှမ်းမိုးဖိစီးသည့် ရောင်ဝါထုတ်လိုက်သည်။

“သခင်မလေး ပြီးသွားပါပြီ” ဆိုင်လက်ထောက်သည် သူမ၏ ကဒ်နှင့် ထုပ်ပိုးထားသော ဓားနှင့်အတူ ရောက်လာသည်။ ရှီမာယူယူသည် ဖန်းရင်ဟန် ကိုကြည့်လိုက်ရာ သူအလိုက်တသိယူလိုက်သည်။ ထို့နောက် သူမကို ကဒ် ပြန်ပေးသည်။

ရှီမာယူယူသည် သလင်းကျောက်ကဒ်ကိုယူပြီး ပြောလိုက်သည် “သွားကြ မယ် တခြားဆိုင်တွေသွားကြည့်ရအောင်.. ဒီသခင်မလေးက ဒီနေ့ မင်းတို့ အတွက်ဝယ်ပေးမယ် ထင်စန်းနဲ့ထင်ရွှေ မင်းတို့လည်း ကြည့်ကြည့်လိုက်ကြဦး ဒီနေ့ မင်းတို့ကို အပိုဆုပေးမယ်”

“ကျေးဇူးတင်ပါတယ် သခင်မလေး”

ဟော်ရှုံမှာ သူမ၏ စကားများကြောင့် လှောင်ရယ်ခံရခြင်းကြောင့် ရှက်သွားသည်ကိုပင် ဂရုမစိုက်ဘဲ သူတို့သည် အဖွဲ့လိုက်ထွက်သွားကြသည်။

နောက်ဆုံးတွင် ဟော်ရှုံသည် အံကြိတ်ကာ သူ့လူများကိုခေါ်၍ ထွက်သွား တော့သည်။ သူနှင့်ရင်းနှီးသူများသည် သူ့ကိုမျက်နှာပျက်အောင်လုပ်သွားသည့် ဤမိန်းကလေးကို မျက်မုန်းကျိုးနေပြီဖြစ်ကြောင်း သိကြသည်။

အပေါ်ထပ် သီးသန့်ခန်းတွင် ပန်းရောင်ဝတ်ထားသော အမျိုးသားသည် လက်ထဲမှ ပစ္စည်းကိုချပြီး ဘေးမှလူကိုကြည့်ပြီး ရယ်မောကာ စနောက်လိုက် သည် “မင်းရဲ့တူမကို ဘယ်တုန်းက အဲလောက် ကောင်းကောင်းဆက်ဆံသွား တာလဲ… မင်းညီမဆုံးသွားပြီးကတည်းက လျောင်ပြည်နယ်ကိစ္စတွေကို မင်း ဂရုမစိုက်တော့ဘူးလို့ ငါမှတ်မိနေတာ ဟုတ်တယ်မလား”

“မင်း မသိပါဘူးကွာ” ယွိရှီသည် လက်ဖက်ရည်ခွက်ကို အဖုံးနှင့် သပ်နေ သည် “ငါကိုယ်တိုင်တောင် မသိတာ မင်းက ဘယ်လိုလုပ်သိမှာလဲ”

“ဟင်” ပန်းရောင်ဝတ်ထားသော အမျိုးသား မှင်တက်သွားသည် “မင်း မသိဘူးလား”

“ကျင်းဟွာက ငါ့စကားနားမထောင်ဘဲ မုရုန်ဟွေ့နဲ့လက်ထပ်လိုက်တာ ကို ငါ စိတ်တိုတာ… သူမ သေသွားပြီးတော့ အဲဒီက ကိစ္စတွေကို ဂရုမစိုက်တော့ ဘူး… အဲဒီအမှိုက်လို့ခေါ်နေကြတဲ့ ငါ့တူမမှာ အဲလိုရောင်ဝါရှိမှန်းလည်းမသိဘူး” ယွိရှီသည် လက်ဖက်ရည်အဖုံးကို အောက်ချပြီး ခွက်နှင့်အသံထွက်အောင် တိုက်လိုက်သည်။

“ဒါက ဆိုလိုတာက…”

ယွိရှီသည် ခွက်အဖုံးကိုသပ်ပြီး ပြောလိုက်သည် “ဒီကတာဝန်က ပြီးသွား ပြီဆိုတော့ ငါ့ကိစ္စငါ သွားလုပ်တော့မယ်… အခု ငါ့တူမက စိတ်ဝင်စားစရာ ကောင်းတဲ့ပုံဖြစ်နေပြီဆိုတော့ သူမနဲ့တွေ့ပြီး နဂါးသလင်းကျောက်ကဒ်ကို ဘယ်တော့ပြန်ပေးမှာလဲလို့မေးရမယ်”

***

All Chapters