← Chapters

ဦးလေး

Vol. 130 Ch. 1816

ဦးလေး

Vol. 130 Ch. 1816

ရှီမာယူယူသည် ထိုကိစ္စများကို မသိဘဲ အဖွဲ့ကိုဦးဆောင်ကာ မရဏာ ရှေးပစ္စည်းများရောင်းသည့်ဆိုင်များဆီသို့ ဆက်ပတ်သွားလေသည်။ သူမ ထင် ထားသည့်အတိုင်းပင် မည်သည့်ဆိုင်တွင်မှ မှော်အံ့ဖွယ်ရှေးဟောင်းပစ္စည်းရှိ မနေပေ။

မှော်အံ့ဖွယ်ရှေးဟောင်းပစ္စည်းမှာ ရှားပါးလွန်းသည်။ ရထားသည့်သူသည် ဘယ်သောအခါမှ ထုတ်ဖော်ပြမည်မဟုတ်ပေ။ ဝိညာဉ်စေတီကဲ့သို့ပင်… လက် ထဲကိုင်ထားသူသာ သိနိုင်သည်။

သူတို့သည် တစ်ညနေလုံး တစ်ဆိုင်ဝင်တစ်ဆိုင်ထွက်သွားလာပြီးနောက် တည်းခိုဆောင်သို့ ပြန်သွားကြလေသည်။ သူမ မဝင်ခင်တွင် အပြင်မှ အစောင့် များသည် သူမကို စိုးရိမ်တကြီး ကြည့်နေကြသည်ကို သတိထားမိလိုက်သည်။

“သခင်မလေး နောက်ဆုံးတော့ ပြန်လာပြီပဲ” မုရုန်လင်းသည် တည်းခို ဆောင်ထဲမှ ထွက်လာပြီး သူမကိုမြင်သည်နှင့် စိုးရိမ်တကြီး ပြောလေသည်။

“ဦးလေးလင်း ဘာဖြစ်တာလဲ” ရှီမာယူယူ မေးလိုက်သည်။

“သခင်မလေး တမန်တော်ရောက်နေတယ်”

“တမန်တော်ဟုတ်လား” ရှီမာယူယူသည် ရှုပ်ထွေးစွာဖြင့် မျက်တောင် ခတ်လိုက်သည် “အဲဒါဘယ်သူလဲ ဘယ်လိုလူမို့လို့ ဦးလေးကိုတောင် လန့်ဖျပ် စေတာလဲ”

ထိုအခါမှပင် သူမ မသိသေးကြောင်းကို မုရုန်လင်းသတိရသွားကာ ရှင်းပြ လေသည် “တမန်တော်က သခင်မလေးအမေရဲ့ အစ်ကိုပဲ… သူက သခင်မလေး ရဲ့ဦးလေး အရေးကြီးတဲ့တမန်တော်ပဲ”

“ဦးလေးဟုတ်လား သူက ဒီကိုဘာလာလုပ်တာလဲ” ရှီမာယူယူသည် ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။

သူတို့သည် သည်မနက်တွင်ပင် သူ့အကြောင်းပြောခဲ့သည်။ ညကျ သူ ရောက်လာသည်။ သူက သူမ အလိမ်အညာကို ဖော်ထုတ်ဖို့လာတာတော့ မဟုတ်ဘူးမလား။

“သခင်တမန်တော်က တယွိမြို့တော်မှာ ကိစ္စရှိလို့လာရင်းနဲ့ သခင်မ လေးလည်း ဒီရောက်နေတယ်ကြားတော့ လာကြည့်ဖို့ဆုံးဖြတ်လိုက်တာတဲ့”

ရှီမာယူယူ နှုတ်ခမ်းတွန့်လိုက်သည်။ သူမ ဒီကိုရောက်တယ်ဆိုတာ ဒီမနက်ကပဲ သူ့ကိုထည့်ပြောလိုက်လို့ပဲမဟုတ်ဘူးလား။

“အဲဒါက… အမေသေသွားပြီးကတည်းက သူက ကျွန်မတို့ကို မတွေ့ တော့ဘူးလို့ အဖေ ပြောခဲ့တယ်မလား… အခုမှ ဘာလို့လာတာလဲ ကျွန်မ နားမလည်ဘူး” ရှီမာယူယူသည် နှုတ်ခမ်းတွန့်လိုက်သည်။

“ဘယ်လိုပဲဖြစ်ဖြစ် သခင်မလေး မြန်မြန်ဝင်သင့်နေပြီ” မုရုန်လင်း ပြော လေသည် “သခင်မလေးအဖေက ကြာကြာဆွဲမထားနိုင်လောက်ဘူး”

“အဖေက ဦးလေးကို ကြောက်တာလား”

“ဘယ်လိုပဲဖြစ်ဖြစ် သူက ဇနီးသည်ရဲ့အစ်ကိုလေ ဟုတ်တယ်မလား” မုရုန်လင်း ပြောလိုက်သည် “သခင်မလေး မြန်မြန်ဝင်သွားသင့်တယ်”

“ဒါဆို အဖေ့ကို သွားကယ်လိုက်ဦးမယ်” ရှီမာယူယူသည် ခေါင်းညိတ်ပြီး နောက် ခြေလှမ်းကျယ်ကြီးများနှင့် တည်းခိုဆောင်အတွင်းသို့ ဝင်သွားလိုက် သည်။

သူမ အနောက်ဘက်ရှိ ခြံဝန်းလေးကိုရောက်သောအခါ သာမာန်ရုပ်ရည် ရှိသော လူတချို့ကိုတွေ့လိုက်သည်။ သူတို့သည် တမန်တော်၏ ကိုယ်ရံတော် များ ဖြစ်နိုင်သည်။

သူမ တည်းခိုဆောင်အတွင်း ဝင်သွားသောအခါ မုရုန်လင်းသည် အလယ် ခုံတွင်ထိုင်နေပြီး အနက်ရောင် ဝတ်ဆင်ထားသောလူနှင့် ပန်းရောင်ဝတ်ဆင် ထားသောလူတို့သည် ဘယ်ဘက်နှင့် ညာဘက်တစ်ဖက်တစ်ချက်စီတွင် ထိုင် နေကြသည်။

“အဖေ” ရှီမာယူယူသည် မုရုန်ဟွေ့ကို အရိုအသေပြုပြီးနောက် သူမ ရပ်နေသည့်နေရာမှ ထိုလူစိမ်းနှစ်ယောက်ကို ကြည့်လိုက်သည်။

“ရှီအာ ဦးလေးကို ဘာလို့နှုတ်မဆက်တာလဲ” ပန်းရောင်ဝတ်ထားသော လူ ပြောလေသည်။

ရှီမာယူယူသည် သူ့ကိုကြည့်ပြီးနောက် အနက်ရောင်ဝတ်ထားသောလူ ကို အရိုအသေပြုကာ ဦးလေးဟု ခေါ်လိုက်သည်။

“မင်းက သူမကို အရင်ကမတွေ့ဖူးဘူးမလား… မင်းက သူမရဲ့ဦးလေး ဆိုတာကို သူမက ဘယ်လိုသိတာလဲ” ပန်းရောင်ဝတ်ထားသောလူ မေးလေ သည်။

“သူမကို မေးလေ” ယွိရှီ ပြောလိုက်သည်။

ပန်းရောင်ဝတ်ထားသော လူသည် လှည့်ဖြားခံရသကဲ့သို့ ရှီမာယူယူကို ကြည့်ပြီး သူမ အဖြေပြန်ပေးမည်ကို စောင့်နေသည်။

ရှီမာယူယူသည် မျက်ခုံးများပင့်ကာ ပြန်ဖြေသည် “ကျွန်မအဖေက ခန့်ညားပြီး အမေက နူးညံ့တယ်… အဲဒါကြောင့် သူမမှာ ရှင့်လို တောက်ပြောင် နေတဲ့အစ်ကိုရှိစရာ အကြောင်းမရှိဘူးလေ”

“ဟား မင်းက ငါ့ကိုတောက်ပြောင်တယ်လို့ ပြောလိုက်တာလား” ပန်းရောင် ဝတ်ထားသောလူသည် ရှီမာယူယူ၏ စကားလုံးများကြောင့် ဒေါသတကြီး နေရာမှထလိုက်သည်။

“ရှင်က ပန်းရောင်တောက်တောက်ဝတ်ထားတာလေ… အဲဒါ တောက်ပြောင်တာမဟုတ်ရင် ဘာဖြစ်မှာလဲ” ရှီမာယူယူသည် ပွင့်လင်းစွာ ပြောလေသည်။

“မင်း.. မင်း… ပန်းရောင်တောက်တောက်ဝတ်တာ ဘာဖြစ်လဲ ငယ်ပုံ တောင်ပေါက်သေးတယ်”

ရှီမာယူယူသည် သူ့၏ ဘေးဘက်ဝဲယာကို ကြည့်လိုက်သည် “နေရာတိုင်း ပဲ”

သူ့ကို တောက်ပြောင်သည်ဟု ခေါ်သည်မှာ ပထမဆုံးကြားဖူးသဖြင့် မဆိုးလှဟု ယွိရှီခံစားရသည်။ သူသည် သဘောတူသည့်အနေနှင့် ခေါင်းညိတ် လိုက်သည် “ဒီဖော်ပြချက်က မဆိုးပါဘူး… မင်းက ဉာဏ်ကောင်းသားပဲ လူကို မှန်အောင် မှန်းတတ်တယ်”

“ချီးကျူးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဦးလေး” ရှီမာယူယူ သူ့ကို ပြုံးပြလိုက်သည် “ဦးလေး ဒီနေ့ ဘာလို့လာတာလဲ သိလို့ရမလား… အဖေနဲ့ ဆွေးနွေးစရာရှိလို့လား”

“မင်းအဖေနဲ့ ငါက ဘာမှပြောစရာမရှိဘူး” ယွိရှီသည် သူ့ကို စိုက်ကြည့် လေသည် “ငါ မရဏာရှေးပစ္စည်းဆိုင်မှာရှိတုန်းက ငါက မင်းကို နဂါးသလင်း ကျောက်ကဒ်ပေးတယ်လို့ မင်းပြောတာကြားလိုက်တာ… ငါလာတာ တခြား တော့မဟုတ်ဘူး ဘယ်တုန်းက ငါ ပေးလိုက်မိတာလဲလို့ မေးချင်တာ.. ငါဖြင့် မမှတ်မိပါဘူး”

“အဟွတ် အဟွတ်” သူ ထိုအတွက်ကြောင့် လာခြင်းဖြစ်မည်ဟု ရှီမာယူယူ တိတ်တိတ်လေး ရေရွတ်မိခဲ့သေးသည်။ သူ တကယ်ကြီး ကြားသွား မယ်လို့ထင်မထားဘူးပဲ။

“ဟင်” ယွိရှီသည် တဖြည်းဖြည်းရှေ့ကို ကိုင်းလာပြီး သူမကို ကြည့်လေသည်။

ရှီမာယူယူသည် လှည့်ပတ်ကြည့်နေသော်လည်း မေးခွန်းကို မဖြေပေ။ ထိုအစား သူမ ပြောလိုက်သည်မှာ “ဦးလေးက အဲဒီမှာရှိမှတော့ ထွက်လာပြီး ကျွန်မကို ကူညီသင့်တယ်လေ အဲဒီဟော်မျိုးနွယ်က သခင်လေးက လွန်ကိုလွန် တယ်”

“မင်းက ငါမှမဟုတ်တာ… အဲဒီတော့ ငါ မင်းကိုမကူညီတာ ဘယ်လိုသိ မှာလဲ” ယွိရှီသည် အမေးဖြင့် ပြန်ဖြေလိုက်သည်။

“ဟင် ဦးလေး ဘာလုပ်ခဲ့တာလဲ” သူ ပြောလိုက်သည့်စကားကို ကြား လိုက်ချိန်တွင် တစ်ခုခုဖြစ်နေသည်ကို ရှီမာယူယူ သိလိုက်သည်။

“ဘာမှတော့မဟုတ်ပါဘူး မင်းဦးလေးက ဟော်ရွှမ့်လို့ခေါ်တဲ့လူတစ် ယောက်ကိုရိုက်လိုက်တာ… သူ့အရိုးနဲ့ ခြေထောက်တွေတော့ ကျိုးသွားနိုင် တယ်” ပန်းရောင်ဝတ်ထားသောလူ ပြောလေသည်။

“ဒီမှာ ဦးလေး ရှင်က ဘယ်သူလဲ” ရှီမာယူယူ မေးလိုက်သည်။

“ငါလား ငါ့နာမည်က လန်ယွိ ငါက မင်းရဲ့ဦးလေးလိုပဲ တမန်တော်ပဲ” လန်ယွိသည် သူ့ကိုယ်သူမိတ်ဆက်လိုက်သည် “မင်း ငါ့ကိုဦးလေးလန်လို့ ခေါ် လို့ရတယ်”

“ဦးလေးလန်…” ရှီမာယူယူ နှုတ်ခမ်းတွန့်လိုက်သည်။ သူသည် တောက်တောက်ပြောင်ပြောင် ဝတ်စားထားရုံတင်မကဘဲ နာမည်ကပါ မိန်းကလေးဆန်နေသည်။

“ရှီအာ ဘယ်သူက သမီးကိုအနိုင်ကျင့်တာလဲ” မုရုန်ဟွေ့ မေးလိုက် သည်။

“ဘာမှမဟုတ်ပါဘူး… ဖန်းရင်ဟန် သဘောကျတဲ့ ဓားရှည်ကို အဲလူက လုချင်နေတာ… အဲဒါကြောင့် ပိုက်ဆံနဲ့ပြန်လုလိုက်တာလေ… နောက်ဆုံး တော့ အနိုင်ကျင့်ခံလိုက်ရတာ အဲလူပါ.. သမီးမဟုတ်ဘူး စိတ်မပူပါနဲ့…” ရှီမာယူယူလျှောက်သွားပြီး သူ့ဘေးတွင်ရပ်ကာ သူ့ပခုံးကိုကိုင်လိုက်သည်။

“တကယ်လား”

“သေချာတာပေါ့ သမီးက အဖေ့ကိုလိမ်ဖူးလို့လား”

“အဲလိုကြီးတော့ မသေချာဘူးလေ” လန်ယွိ ပြောလေသည် “ဒီဟော် မျိုးနွယ်က တယွိမြို့တော်မှာ အင်အားနည်းနည်းရှိတယ်… အခု မင်းက သူတို့ နဲ့ဆန့်ကျင်လိုက်ပြီဆိုတော့ မင်းဒီမှာရှိနေတဲ့အချိန်ကို သူတို့က သေချာပေါက် ပြဿနာလုပ်မှာပဲ”

“ဦးလေးက အဲဒီအရှုပ်တွေကို ကူပြီးရှင်းပေးလိုက်ပြီ မဟုတ်ဘူးလား” ရှီမာယူယူသည် ယွိရှီအား ကျေးဇူးတင်သည့်အနေနှင့် ပြုံးပြလိုက်သည် “ဦးလေးက ဝင်ရှင်းလိုက်မှတော့ ဘာပြဿနာမှမရှိတော့ပါဘူး”

“မင်းက သူ့ကို တော်တော်ယုံတာပဲ” လန်ယွိ နှာမှုတ်သည်။

“သေချာတာပေါ့ သူက ကျွန်မဦးလေးပဲလေ” ရှီမာယူယူသည် ယွိရှီ၏ စွမ်းအားကို ယုံသည်။ မဟုတ်လျှင် မုရုန်လင်းတို့ ဤမျှလောက် စိတ်ပူပန်နေ မည်မဟုတ်ပေ။

ယွိရှီသည် သူမ ပြောလိုက်သည့် စကားကိုကြားပြီးနောက် နှုတ်ခမ်းတွန့် လိုက်သည် “ငါက တကယ်ပဲ မင်းရဲ့ဦးလေးဟုတ်ရဲ့လား”

ရှီမာယူယူသည် ရင်များတဒိန်းဒိန်းဖြစ်သွားကာ ပြောလိုက်သည် “သေချာတာ‌ပေါ့ ဟုတ်တယ်မလား အဖေ”

“ဟုတ်တယ်လေ သူမက ကျင်းဟွာနဲ့ ဒီလောက်တူတာကို မြင်နေရတာ ပဲလေ” ယွိရှီနှင့် သူမတို့ ပထမဆုံးတွေ့ဆုံခြင်းဖြစ်၍ မုရုန်ဟွေ့သည် ထိုစကား များပြောလိုက်ခြင်းဖြစ်သည်။

“မင်းက ဘယ်သူလဲ ဒိကျဲ့နဲ့ ဘယ်လိုဆက်ဆံရေးရှိတာလဲ” ယွိရှီ၏ ဖိအား သည် ရှီမာယူယူအား ချုပ်နှောင်ထားလိုက်ရာ သူမသည် ချက်ချင်းပင် အသက်ရှု မရတော့ပေ။

“ယောက်ဖ ဘာလုပ်တာလဲ” မုရုန်ဟွေ့သည် ထလိုက်ကာ ရှီမာယူယူ၏ ရှေ့တွင်ရပ်ပြီး ဖိအားကိုတားလေသည်။

“ဘယ်သူကများ ကျင်းဟွာရဲ့သမီးအဖြစ် ဟန်ဆောင်ရဲတာလဲလို့ သိချင် ရုံပါ… ဒိကျဲ့က ဒီလောက်တူတဲ့လူကို ပို့လိုက်တာ သူ့မှာ လျှို့ဝှက်ကြံစည်ထား တာရှိလို့ဖြစ်မယ်” ယွိရှီသည် မုရုန်ဟွေ့အား ကြည့်လေသည် “ပြီးတော့ မင်း မင်းက ငါ့ညီမရဲ့ ခင်ပွန်းပဲ… ဘာလို့ ရှီအာအတုကို ကူညီပြီး ငါ့ကိုလာလိမ်တာ လဲ”

“ငါ…” မုရုန်ဟွေ့သည် ငြင်းဆန်လိုက်ချင်သော်လည်း ယွိရှီ ဒေါသထွက် နေသည်ကိုမြင်သောအခါ သူ ထိုးဖောက်မြင်နိုင်သည်ကို သိလိုက်သည်။

“အမှန်အတိုင်းပြော” လန်ယွိသည် ထိုကိစ္စကို အရင်ကတည်းက သိထား ပုံပေါ်ကာ ထိုမြင်ကွင်းကိုအံ့ဩသည့်ပုံမပေါ်ပေ။

ယွိရှီသည် သူတို့နှစ်ယောက်လုံးကို ကြည့်လိုက်သည် “ဒါ မင်းရဲ့ နောက်ဆုံးအခွင့်အရေးပဲ… မင်းက ဘာလို့ကျင်းဟွာရဲ့ ကလေးလိုဟန်ဆောင် နေတာလဲ… မင်းက သူမကို ဘာလို့ကူညီတာလဲ ကျင်းဟွာရဲ့ ကလေးအစစ်က ဘယ်မှာလဲ မဟုတ်ရင် မင်းသေမယ်… မင်းတို့ဘာသာရွေးလိုက်ကြ”

***

All Chapters