← Chapters

အခန်း ၁၉၀၀

Vol. 127 Ch. 1900

အခန်း ၁၉၀၀

Vol. 127 Ch. 1900

အပိုင်း (၁၉၀၀)

ဘုန်း ဘုန်း

ကျွဲရိုင်းစက်ရုပ်များသည် ကျယ်ပြောလှသော စကြဝဠာထဲတွင် တစ်ကောင်ပြီးတစ်ကောင် ရှေ့သို့ တိုးလာ၏။ ၎င်းတို့သည် ဖန်းရီကျိ ဖန်တီးပေးထားသော လက်နက်များ၌ အင်မော်တယ်တေးသံ၏ စွမ်းအင်များကို ပေါင်းစပ်ကာ တိုက်ခိုက်နေ၏။

ထို့ကြောင့် ရန်သူ၏ ရွက်သင်္ဘောများသည် ၎င်းတို့၏ ပူးပေါင်းတိုက်ခိုက်မှုအောက်တွင် တစ်ခုပြီး တစ်ခု ပေါက်ကွဲကုန်၏။ အချိန်အတိုင်းအတာတိုအတွင်းမှာပဲ ရွက်သင်္ဘောပေါင်း တစ်ဒါဇင်ကျော်ခန့်သည် ဖျက်ဆီးခြင်း ခံလိုက်ရသည်။ ဤနှုန်းအတိုင်းဆိုလျှင် ရွက်သင်္ဘောသောင်းကျော်တို့သည် မနှေးနှင့်မမြန်ဆိုသလို ဖျက်ဆီးခံရမှာ သေချာသည်။

ဟုတ်ပေသည်။ မိုးကောင်းကင်၏နတ်ဆိုးအင်ပါယာ၏ဘက်မှ သိုင်းကျင့်ကြံသူများသည် သွားရှုပ်၍ မရချေ။ ၎င်းတို့အားလုံးသည် ပြန်လည်ကာ တိုက်ခိုက်ရန် ပြင်ဆင်လာခဲ့ကြ၏။ ထို့ကြောင့်ပင်လျှင် ဝတ်စုံပြည့် ဝတ်ဆင်ထားသော စစ်သည်များသည် တစ်ယောက်ပြီးတစ်ယောက် ထွက်ပေါ်လာသည်။ ၎င်းတို့၏ အားအင်အဆင့်သည် ကောင်းမွန်လွန်းလှချေသည်။ စကြဝဠာ၏ သက်ရောက်မှုကို မခံရချေ။ အကာအကွယ် ရတနာများကို ဝတ်ဆင်ထားခဲ့သောကြောင့်ပင်။

အားလုံးသိကြသည်အတိုင်းပင် အဆင့်မြင့်ရွက်သင်္ဘောများထဲတွင် များပြားလွန်းလှသည့် သတ္တဝါများကို ဖန်တီး ထိန်းသိမ်းထား၏။ မိုးကောင်းကင်နတ်ဆိုးအင်ပါယာ၏ဘက်တွင် ရွက်သင်္ဘောတစ်ခုချင်းစီတိုင်း၌ ပုန်းအောင်းလျက် ရှိနေသည့် သိုင်းကျင့်ကြံသူ တစ်သိန်းခန့်ရှိ၏။ ထိုသူတို့အားလုံး အပြင်ဘက်သို့ထွက်ကာ ရပ်လိုက်သည့် အချိန်မှာတော့ ပြိုင်စံရှားဂိုဏ်းထက်ပင် ပိုမိုကြောက်မက်ဖွယ်ကောင်းလှသည့် လူစာရင်းနှင့် အရှိန်အဝါမျိုး ဖြစ်လာခဲ့သည်။

“ဒုက္ခပဲ”

မူလအားဖြင့် စိတ်လှုပ်ရှားလျက် ရှိနေသည့် ရီရှင်းချန်သည် ရန်သူ၏ လူစာရင်းကို မြင်ရသည့်အချိန် မှာတော့ ချက်ချင်းပဲ မျက်မှောင်ကုတ်မိလိုက်၏။ တစ်ချိန်တည်းမှာပဲ သူသည် နည်းဗျူဟာကျကျနှင့် နောက်ပြန် ဆုတ်ရမည်လားကို စတင်ကာ စဉ်းစားမိ၏။ ညဘုရင်သည် ယခင်တုန်းကလို သွေးအေးပြီး အကြင်နာတရား ကင်းမဲ့လှသည့် ညဘုရင်တစ်ယောက် မဟုတ်တော့ချေ။ ရန်သူနှင့် သူ၏ကြားတွင် ရှိနေသည့် အခြေအနေသည် ကောင်းမွန်လှသည် မဟုတ်ကြောင်းကို မြင်ရသည့်အချိန်မှာတော့ သူ၏ ဂိုဏ်းတူရောင်းရင်းနှင့် တခြားသူများ သေဆုံးသွားမည်ကို ဂရုမစိုက်ဘဲ တဇောက်ကန်း ဝင်ရောက်တိုက်ခိုက်မည်ဆိုသော စိတ်ဓာတ်မျိုး မရှိတော့ချေ။

ရီရှင်းချန်သည် နောက်ဆုတ်လိုက်ချင်၏။ သို့ပေမဲ့ လီချင်းယန်၊ ရှောင်ကျီနှင့် တခြားသောသူများသည် နောက်မဆုတ်ချင်ပေ။ ထို့အပြင် မိုးကောင်းကင်နတ်ဆိုး အင်ပါယာ၏ စစ်သည်များ ပိုမိုများပြားစွာ ပေါ်ပေါက်လာသည်ကို မြင်ရသည့်အချိန်မှာတော့ သူတို့၏ မျက်လုံးထဲတွင် ရှိနေသော စိတ်လှုပ်ရှားမှုများသည် ပိုမိုကာ အားကောင်းလာခဲ့ကြ၏။

ဝူး...

စုရှောင်မိုသည် ခေါင်းကိုမော့ပြီးသည့်နောက် ထူးဆန်းစွာ အော်ဟစ်လိုက်၏။ သူသည် နှုတ်ခမ်းကို လျှာနှင့် သပ်ကာ ပြောလိုက်သည်။ “ငါ့ရဲ့သွေးတွေက တောက်လောင်နေပြီပဲ”

မိုးကောင်းကင်နတ်ဆိုးအင်ပါယာ သည် ဝံပုလွေများကို မွေးမြူခဲ့၏။ ကျွင်းချောင်ရှောင်းမှာတော့ ခွေးများကို မွေးမြူခဲ့သည်ဟု ဆိုရမည်။ နားလည်မှုမလွဲနှင့်။ ပြိုင်စံရှားဂိုဏ်းသားမျာကို ခွေးဟု ပြောဆိုခြင်း မဟုတ်ပေ။ သို့ပေမဲ့ အစ်ကိုကြီးစု၏ ထူးထူးဆန်းဆန်း အော်ဟစ်သံသည် ခွေးဟောင်သံကဲ့သို့ပင် ဆင်တူလျက်ရှိ၏။

“..........”

ရီရှင်းချန်သည် ဆွံ့အသွားခဲ့၏။ ရန်သူ၌ များပြားလှသည့် လူစာရင်းရှိသည်ကို နားမလည်ဘူးလား။

“ဂျူနီယာညီလေးရီ”

ထိုအချိန်မှာတော့ ကြီးမားလွန်းလှသော နံရံကြီးကဲ့သို့ပင် တောင့်တင်းခိုင်မာလွန်းလှသည့် ရှောင်ကျီသည် ရှေ့သို့ပျံသန်းလာ၏။ ၎င်းသည် လင်းလက်လျက် ရှိနေသည့် ဒိုင်းကာကြီးကို ကိုင်ဆောင်ကာဖြင့် ရှေ့၌ မတ်မတ်ရပ်လျက်ရှိသည်။ “ငါတို့ ဒီမှာရှိနေတယ်။ မင်းကို ဘယ်သူမှ ထိခိုက်အောင် လုပ်လို့မရဘူး”

ရီရှင်းချန်သည် ရင်ထဲ တကယ်ပင် ထိခိုက်သွားခဲ့သည်။ မျက်ရည်များ ဝိုင်းလာမိ၏။ ဤအရာသည် သူ၏ လက်ရှိ စိတ်အခြေအနေပင်ဖြစ်သည်။

“အချိန်မဖြုန်းနဲ့။ နောက်ကို ဆုတ်ကြရအောင်”

ရီရှင်းချန်သည် ထိုသို့ပြောရန် ပြင်လိုက်သည့်အချိန်မှာပဲ ရုတ်တရက် မျက်လုံးပြူးသွား၏။ အဘယ်ကြောင့်ဆိုသော် သူ၏ရှေ့တွင်ရှိနေသည့် ရှောင်ကျီသည် ကြီးမားလွန်းလှသော RBG လောင်ချာကြီးကို ဆွဲမြှောက်ထား သောကြောင့်ပင်။

သူသည် ဤကဲ့သို့သော လက်နက်မျိုးကို မမြင်ဖူး၍ မဟုတ်ချေ။ သို့ပေမဲ့ ညအင်ပါယာသည် အဘယ်ကြောင့် တွေဝေငေးငိုင်ကာ အံ့အားသင့်သွားရသနည်း။ အဘယ်ကြောင့်ဆိုသော် ရှောင်ကျီ ဆွဲကိုင်ထားခဲ့သည့် RBG လောင်ချာကြီးသည် သူတစ်ခါ မမြင်ဖူးလောက်အောင် ကြီးမားသောကြောင့်ပင်။

“ဘယ်လိုဖြစ်”

ဘုန်း

ရီရှင်းချန်သည် တစ်စုံတစ်ခုကို ပြောရန်ပြင်လိုက်သည့်အချိန်မှာတော့ အမြှောက်ဆံကြီးသည် ပျံသန်းသွားခဲ့သည်။ အသံသည် ကျယ်လောင်လှသောကြောင့် နားစည်များသည် ကွဲထွက်လုမတတ်ပင်။ တစ်ချိန်တည်းမှာပဲ မျက်နှာ သွင်ပြင်ရှိ ကြွက်သားများသည် လှုပ်ခါသွားမိသည်။

ညဘုရင်မဟာမိတ်အဖွဲ့မှ အထက်ပိုင်း အကြီးအကဲများသည် ဆွံ့အသွားမိသည်။ သူတို့၏ အမြင်အရဆိုလျှင် အမြှောက်ဆံကြီးသည် လေဟာနယ်ကို ထိုးခွင်းပြီးသည့်နောက် ချက်ချင်းပဲ ရန်သူများ တည်ရှိရာနေရာသို့ ရောက်ရှိကာ ပေါက်ကွဲကုန်၏။

တလက်လက် တောက်ပသည့် အလင်းတန်းများသည်သာ စကြဝဠာ၏ ပေတစ်သောင်းပတ်လည်တွင် ဖြစ်တည်လျက်ရှိ၏။ မိုးကောင်းကင်နတ်ဆိုး ရွက်သင်္ဘောနှင့် စစ်သည်များ ..... လက်ရှိ အခြေအနေမှာတော့ ထိုသူအားလုံးတို့သည် သေဆုံးသွားခဲ့ကြသည်။

“ဒါ.. ဒါက”

ရီရှင်းချန်သည် သူ၏ဦးခေါင်းကို ဆုပ်ကိုင်ကာ အံ့အားသင့်နေမိသည်။ ဤလက်နက်ကြီး၏ ပေါက်ကွဲမှု အားသည် အလွန်ပြင်းထန်လှသည်ဆိုသလို ထွက်ပေါ်လာသည့် အသံကြီးကလည်း ကြောက်မက်ဖွယ် ကောင်းလွန်းလှ၏။ ထို့အပြင် အင်မော်တယ်တေးသံ၏ စွမ်းအင်များနှင့် ပေါင်းစပ်ကာ ပစ်လွှတ်လိုက်သည့်အရာ ဖြစ်သည်မို့ ကြောက်ခမမ်းလိလိ အစွမ်းထက်နေခြင်းပင်။

ဘုန်း

ခပ်ဝေးဝေးတည်နေရာတွင်တော့ ကျွဲရိုင်းစက်ရုပ်များသည် လက်နက်များကို ကိုင်ဆောင်ရင်း ကောင်းကင်သဘာဝ တေးသံ၏ နိယာမများနှင့် ပေါင်းစပ်တိုက်ခိုက်လျက် ရှိနေသည်။ ထို့ကြောင့် ရန်သူအားလုံးတို့သည် သေခြင်းနတ်ဘုရားများကို ရင်ဆိုင်တိုက်ခိုက်နေရသကဲ့သို့ပင်။

မှန်ပေ၏။ ၎င်းတို့အားလုံးသည် နတ်ဆိုးသတ်ဖြတ်သူများ ကဲ့သို့ပင် ဖြစ်နေ၏။ ပြိုင်စံရှားဂိုဏ်း၏ ရှောင်ထျန်းစက်ရုပ်ကြီးနှင့် ဦးဆောင်တိုက်ခိုက်နေသူမှာတော့ ကျင်းဟီပင် ဖြစ်လေသည်။

ဝှစ် ဝှစ် ဝှစ်

ကြီးမားလွန်းလှသော ဓားသွားကြီး ကျဆင်းလာသည်နှင့်တပြိုင်နက် ပတ်ဝန်းကျင်ရှိ စစ်သည်အားလုံးတို့သည် သေဆုံးခြင်းအဖြစ်သို့ ရောက်ရှိကုန်၏။

“.............”

ရီရှင်းချန်သည် တိုက်ခိုက်ပွဲတည်နေရာဆီသို့ ပြေးဝင်လာခဲ့သည့် သူ၏ ဂိုဏ်းတူ ရောင်းရင်းများကို ကြည့်ရှုလိုက်သည်။ အားလုံးသောသူတို့သည် သူယခင်က မမြင်ဖူးသည့် ဓာတ်သဘာဝများကို စုစည်းပြီးနောက် ရန်သူများအားလုံးကို ပြင်းပြင်းထန်ထန် တိုက်ခိုက်နေသည်။ သူ၏ အမူအရာသည်လည်း စိတ်ဝင်တစားနှင့် ဖြစ်လို့လာသည်။

အချိန်ကို တွက်ကြည့်ရမည်ဆိုလျှင် သူသည် ကိုယ်ဝန်ပျက်ကျခြင်းကို ကာကွယ်ပေးနိုင်သည့် ဆေးပင်ကို ရှာဖွေရန် အတွက် ထွက်ခွာသွားသည်မှာ တစ်နှစ်သာရှိသေး၏။ သို့ပေမဲ့ အဘယ်ကြောင့် နှစ်ပေါင်းများစွာ ကြာရှည်သွားခဲ့ သလို သူ၏ ဂိုဏ်းတူရောင်းရင်းများ အားလုံးတို့သည် အားကောင်းသွားရသနည်း။

မှန်ပေသည်။ လက်ရှိအခြေအနေတွင် တကယ်ပဲ ပြောင်းလဲသွားခဲ့၏။ ထွက်ခွာသွားခဲ့သည်မှာ ရက်သုံးရာ လောက်သာ ရှိသေးသည်ဆိုသော်လည်း ပြိုင်စံရှားဂိုဏ်းသည် အလုံးစုံ ပြန်လည်မွေးဖွားလိုက်သကဲ့သို့ပင်။ ကောင်းကင်သဘာဝတေးသံ၏ နိယာမစွမ်းအင်များကို ကောင်းကောင်းအသုံးပြုနိုင်နေပြီဖြစ်၏။

တခြားသူများသည် အန္တိမလမ်းစဉ်ကို ရှာဖွေလျက် ရှိနေသည်ဆိုသော်လည်း ၎င်းတို့အားလုံးမှာတော့ ကောင်းကင် သဘာဝတေးသံကို နားထောင်နှင့်နေပြီ ဖြစ်သည်။ တခြားသူများသည် ကောင်းကင်၏ လျှို့ဝှက်ချက် ကို ရှာဖွေလျက် ရှိနေ၏။ သို့ပေမဲ့ ၎င်းတို့သည် ကောင်းကင်၏ စွမ်းအင်များကို ကောင်းကောင်း အသုံးပြုနေနိုင်ကြသည်။

“လမ်းဖယ်ကြ”

ပြိုင်စံရှားဂိုဏ်းမှ တပည့်များ ရန်သူကို ပြင်းပြင်းထန်ထန် သတ်ဖြတ်နေတုန်းမှာပဲ ကျန်းတယ်ကျွင်း၏ အသံသည် ၎င်းတို့၏ နားစည်ထဲသို့ ကျယ်လောင်စွာ ပေါ်ထွက်လာသည်။

ဝှစ် ဝှစ် ဝှစ်

ချက်ချင်းပဲ အားလုံးသောသူတို့သည် လမ်းရှင်းလိုက်၏။ ထာဝရရွက်သင်္ဘောကြီးပေါ်တွင် ရှိနေသည့် ကျန်းတယ်ကျွင်းသည် လက်ထဲတွင် ရှိနေသည့် အရာပစ္စည်းတစ်ခုကို လှည့်ပတ်ကာ ကစားလိုက်၏။ သူ၏ မျက်နှာသွင်ပြင် သည် တကယ်ပဲ တင်းမာခက်ထန်လျက် ရှိနေသည်။

ဖြောက် ဖြောက် ဖြောက်

ရွက်သင်္ဘောကြီး၏ အထက်ပိုင်း တံခါးကြီးသည် ဖြည်းညှင်းစွာ ပွင့်လာခဲ့သည်။ ကြီးမားလွန်းလှသည့် အမြှောက် ကြီးသည် ဖြည်းဖြည်းချင်း ထွက်ပေါ်လာ၏။

ဝှစ် ဝှစ် ဝှစ်

ထိုအချင်းအရာကို မြင်သည့်အချိန်မှာတော့ တခြားသော ရွက်သင်္ဘောတွင် ရှိနေသည့် တပည့်များ အားလုံးတို့သည် ပဲ့ခန်းထဲသို့ ပြေးဝင်လာခဲ့ကြသည်။ ၎င်းတို့၏ လက်များသည် အစီအရင်မျဉ်းများပေါ်တွင် တည်ရှိနေကြသည်။

ဒွီ ဒွီ ဒွီ

ကောင်းကင်သဘာဝတေးသံ၏ စွမ်းအင်များဖြင့် ပြည့်နှက်လျက်ရှိနေသည့် အမြောက်ကြီးသည် တဖြည်းဖြည်း အသက်ဝင်လာခဲ့၏။

ဒွီ ဒွီ ဒွီ

ပဲ့ခန်းဆီမှ ကျယ်လောင်လှသော အသံကြီးက ထွက်ပေါ်လာသည်။

“အကြီးအကဲကျန်း” ရှန့်ကွမ်းရှင်းရောင်က ပြောလိုက်သည်။ “စွမ်းအင်ဖြည့်သွင်းမှု ပြည့်စုံပြီ”

ကျန်းတယ်ကျွင်းသည် ပြတင်းပေါက် တည်နေရာနားဆီသို့ အသာလျှောက်လှမ်းလာပြီးသည့်နောက် အနီရောင် ခလုတ်ပေါ်သို့ လက်တင်လိုက်၏။ သူ၏အမူအရာ၊ ခန္ဓာကိုယ်လှုပ်ရှားမှုများသည် ရူးသွပ်နေသူတစ်ယောက် ကဲ့သိုပင်။ သူက အော်ဟစ်လိုက်၏။ “ဖောက်ခွဲခြင်း နည်းပညာ”

ဒုန်း

သူသည် ချက်ချင်းပဲ နှိပ်ချလိုက်သည်။

ဘုန်း

ရန်သူစစ်သည်နှင့် ရွက်သင်္ဘောများ စုဝေးနေရာ တည်နေရာကြီး တစ်ခုလုံးသည် သွေးများဖြင့် ပြည့်နှက်သွားခဲ့ တော့၏။ စွမ်းအင်များသည် တည်နေရာတစ်ခုလုံးတွင် ပျံ့နှံ့နေခဲ့၏။

“အကြီးအကဲကျန်း... ဒါကိုတောင် ထုတ်ပြီးတော့ သုံးနိုင်နေပြီလား”

ကျွင်းချောင်ရှောင်းသည် လက်တစ်ဖက်တွင် ရွှမ်ယွမ်နတ်ဘုရားဓားကို ကိုင်ဆောင်ကာဖြင့် တခြားလက်တစ်ဖက်မှာတော့ တုံ့လဘုရင်၏ ဦးခေါင်းကို ကိုင်ဆောင်ထား၏။ တလက်လက် တောက်ပနေသည့် အလင်းတန်းများကြားမှာ ရပ်နေသော ၎င်း၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု တည်ရှိနေသည်။

ဦးခေါင်း ဟုတ်လား။ ကောင်းကင်စစ်သူကြီးရှစ်ဦးထဲမှ ဒုတိယမြောက်လူသည် သေဆုံးသွားခဲ့လေသည်လား။

တခြားဘာဖြစ်နိုင်မည်နည်း။ ပြောနေစရာပင် မလိုအပ်ချေ။ ကျွင်းချောင်ရှောင်းတစ်ယောက် တစ်ဖက်လူကို သတ်ဖြတ်ပစ်ရန်အတွက် အချိန်ပင် သိပ်မယူလိုက်ရချေ။ ရွှမ်ယွမ်နတ်ဘုရားဓားအား ရရှိပြီးသည့်နောက် ရှစ်ကျန်းရွမ်နှင့် ပဋိညာဉ်စာချုပ် ရေးထိုးခဲ့၏။ ထို့ကြောင့်ပင်လျှင် မိုးကောင်းကင်နတ်ဆိုးအင်ပါယာ၏ အဓိက နောက်လိုက်အား တစ်ခါတည်း သတ်ဖြတ်နိုင်ခဲ့၏။

ဤကဲ့သို့ များပြားလှသည့် ဖောက်ခွဲမှုများကြားတွင် ပြိုင်စံရှားဂိုဏ်းမှ တပည်များ အဆင်ပြေနေသည်လားဟု မေးစရာရှိ၏။ အဆင်ပြေနေသည်။ ၎င်းတို့အားလုံးသည် လုံလုံခြုံခြုံနှင့် တည်ရှိနေ၏။ ပေါက်ကွဲမှုများနှင့် အနီးကပ်ဆုံးနေရာတွင် ရှိနေသည့် လူများပင်လျှင် ပေါက်ကွဲမှုအဟုန်ကြောင့် ထိခိုက်ဒဏ်ရာ ရမှုများ မရှိကြချေ။

၎င်းတို့သည် ကောင်းကင်သဘာဝတေးသံ၏စွမ်းအင်များကို ထုတ်ဖော်ကာ အသုံးပြုနေသောကြောင့် ကိုယ့်၏အသင်းဖော်အချင်းချင်း အမှတ်မထင် ထိခိုက်ဒဏ်ရာမျိုး မဖြစ်ပေါ်နိုင်ပေ။

အခြေအနေသည် အလုံးစုံ အသာစီးသို့ ရောက်ရှိနေလေသည်။

All Chapters