← Chapters

အခန်း ၁၉၀၂

Vol. 128 Ch. 1902

အခန်း ၁၉၀၂

Vol. 128 Ch. 1902

အပိုင်း (၁၉၀၂)

ခိုးကာ နားထောင်လျက်ရှိနေသည့် စုရှောင်မိုသည် မယုံကြည်နိုင်စွာဖြင့် ပြောလိုက်၏။ "နားကြားများလွဲတာလား"

"မင်းနားကြားလွဲတာမဟုတ်ဘူး" အကြီးအကဲဝေက အတည်ပြုလိုက်သည်။

စုရှောင်မိုသည် အံ့အားတသင့်ဖြင့် ပြန်ပြောလိုက်၏။ "ဂျူနီယာညီလေးရီ တစ်ခုခုများ စိတ်ဖောက်သွားခဲ့တာလား။ ဘယ်လိုဖြစ်ပြီး ဒီလောက် ရဲရဲတင်းတင်း ပြောဆိုတတ်သွားတာလဲ"

"မင်းက ငါ့ရဲ့မိန်းမ"

အရိုးသားဆုံးပြောရလျှင် ဤစကားစုသည် အမှန်ပင် ရဲတင်းလွန်းလှ၏။ မူလအားဖြင့် စုရှောင်မိုသာ ဤကဲ့သို့ ပြောဆိုပါက ထူးခြားလိမ့်မည်မဟုတ်ချေ။ သို့ပေမဲ့ မောက်မာပြီး ဝင့်ကြွားလွန်းသည့် ရီရှင်းချန်၏ ပါးစပ်ဆီမှ ထွက်ပေါ်လာသောကြောင့် ထူးခြားသလို ခံစားနေရခြင်းပင်။ နေသည် အနောက်ဖက်မှ ထွက်ပေါ်လာခဲ့သည်လား။

အကြီးအကဲဝေသည် သူ၏အတွေ့အကြုံကို ဖွင့်ဟကာ ပြောဆိုလိုက်၏။ "ဒါက ယောကျာ်းတစ်ယောက်ရဲ့ တာဝန်ယူစိတ်ပဲ"

စုရှောင်မိုသည် ထိုအခြင်းအရာကို ကြားရသည့်အချိန်မှာတော့ အံ့အားသင့်လို့နေခဲ့၏။ အကြီးအကဲဝေသည် အချစ်ရေးနှင့်ပတ်သက်လျှင် တကယ့်ကို သူတော်စင်ကဲ့သို့သော ကျွမ်းကျင်လွန်းသူ ဖြစ်၏။ ၎င်း၏ စကားများထဲတွင် အတွေးအခေါ် နှင့် စဉ်းစားတွေးတောစရာများက ပါဝင်လျက်ရှိနေ၏။ သူ့အနေနှင့် အမှီလိုက်နိုင်ဖို့ ကြိုးစားရပေဉီးမည်။

ရီရှင်းချန်ဆီသို့ ပြန်လည်ကာ ကြည့်ရှုရမည်ဆိုလျှင် ၎င်းသည် ပုံမှန်မဟုတ်သလို ထူးခြားသည့် အမူအရာများဖြင့် ခြံဝန်းထဲတွင် လေးနက်စွာ မတ်တပ်ရပ်လျက် ရှိနေ၏။ သူသည် အမှန်ပင် လေးနက်တည်ကြည်သော အမူအရာများဖြင့် ပြောဆိုခဲ့ခြင်းဖြစ်၏။

ထိုအခြင်းအရာသည် ကျဲ့လင်းရောင်အား အမှန်ပင် တုန်လှုပ်စေခဲ့၏။ မျက်ရည်ပူများသည် သူမ၏ပါးပြင်မှ ကြမ်းပြင်ပေါ်ဆီသို့ ကျဆင်းလျက်ရှိနေသည်။

"ဒါငါ့ရဲ့အိမ် ပြီးတော့ မင်းရဲ့အိမ်။ ငါမင်းကို ဒီနေ ထွက်ခွာသွားဖို့ ခွင့်ပြုပေးမှာမဟုတ်ဘူး" ရီရှင်းချန်က ပြောလိုက်၏။

"အံ့အားသင့်စရာပဲ" စုရှောင်မိုသည် လက်မထောင်ပြလိုက်မိသည်။

အကြီးအကဲဝေသည်လည်း ပြုံးလိုက်၏။ အလွန်ခေါင်းမာလွန်းလှသော ပြိုင်စံရှားဂိုဏ်း၏ တပည့်သည် နောက်ဆုံး၌ ပြောင်းလဲသွားခဲ့ပြီ ဖြစ်၏။ သူသည် အစစ်အမှန်ပင် သဘောကျလျက် ရှိနေ၏။

တောက် တောက်

ကျဲ့လင်းရောင်၏ မျက်ရည်များသည် ပိုမိုမြန်မြန်ကာ ကျဆင်းလျက်ရှိနေ၏။

ဘယ်လောက်ကြာမြင့်သည်မှန်း မသိချေ။ ပြိုင်စံရှားဂိုဏ်းသို့ သူမရောက်ရှိပြီးသည့်နောက် များပြားပြီး ထူးဆန်းလွန်းလှသော မှတ်ညဏ်များသည် ရုတ်တရက် ရရှိလာခဲ့၏။ ဤမှတ်ညဏ်များသည် လွန်ခဲ့သည့် နှစ်တစ်ထောင်ဆီမှ လင်းရောင်၏ မှတ်ဉာဏ်များသာ ဖြစ်ပြီး မည်သည့်သိုင်းကျင့်ကြံခြင်း နည်းစနစ်နှင့် လမ်းစဉ်မှ မဟုတ်ချေ။ ရှုပ်ထွေးလှသည့် အချစ်ရေးအချစ်ရာ စိတ်ခံစားချက် သပ်သပ်သာဖြစ်သည်။ ညဘုရင်နှင့် ကုန်ဆုံးခဲ့ရသည့် သူမ၏အချိန်များကို ပြန်လည်ကာ မှတ်မိလာခဲ့ခြင်းဖြစ်ပြီး ကျဲ့လင်းရောင်သည် ဖြည်းဖြည်းချင်း အရာအားလုံးကို နားလည်ခဲ့၏။ သူမ၏ အစစ်အမှန်ဖြစ်တည်မှုသည် လင်းရောင်ဆိုသည့် အမျိုးသမီးဖြစ်ပြီး ညအင်ပါယာနှင့်အတူ အချိန်ပေါင်းများစွာကို ကုန်ဆုံးခဲ့သည့် လူတစ်ယောက်လည်း ဖြစ်သည်။ ဘဝ တစ်လျှောက် ပေးဆပ်မှုနှင့် အသက်ရှင်နေထိုင်သွားရသူတစ်ယောက်ပင်။

"ရှင်ရှုးနေတာလား"

ကျဲ့လင်းရောင်သည် လင်းရောင်ကို စိတ်ထဲမှာ ကြိတ်ကာ အော်ဟစ်ပြောဆိုနေမိ၏။ ဤမျှ တစ်ကိုယ်ကောင်းဆန်လှပြီး ဘယ်တော့မှ ပြန်မလာတော့မည့် ခရီးတစ်ခုကို ထွက်ခွာသွားချိန်တွင် မျက်နှာကိုပင် တစ်ချက်ကလေး လာမကြည့်ခဲ့သူအတွက် အဘယ့်ကြောင့် ကိုယ်အသက်နှင့် ဘဝ တစ်ခုလုံးကို စတေးခဲ့ရသနည်း။

အတိတ်က မှတ်ညဏ်များကြောင့်ပင် ကျဲ့လင်းရောင်၏ ခံစားချက်များသည် ပြောင်းလဲသွားခဲ့၏။ မည်သို့ပင်ဆိုဆို သူမသည် ရီရှင်းချန်ကို မမုန်းတီးတော့ချေ။ ထို့ကြောင့် ပြိုင်စံရှားဂိုဏ်းမှ ထွက်ခွာသွားရန် ဆုံးဖြတ်ချက်ချလိုက်၏။

လင်းရောင်၊ ဧကရီလင်းရောင်၊ ကျဲ့လင်းရောင် ဤသုံးဦးတို့သည် တူညီသည့် မှတ်ညဏ်များကို ရရှိခဲ့၏။ သူညီသည့် ဝိညာဉ်စိတ်အပိုင်းမှ ဖြစ်တည်လာသည် ဆိုလျှင်တောင်မှ မတူညီသည့် အတွေးအခေါ်များဖြင့် နေထိုင်နိုင်သည့် သက်ရှိလူသားများပင်။ လင်းရောင်၏ ဝိညာဉ်တစ်ဝက်ကို အမွေဆက်ခံခဲ့သည့် ကျဲ့လင်းရောင်သည် လင်းရောင်၏ ရူးကြောင်ကြောင် အပြုအမူများနှင့် ပတ်သက်၍ လုံးဝ သဘောမတူချေ။ သူမသာ ဆိုလျှင် ထိုကဲ့သို့ ပြုလုပ်ခဲ့လိမ့်မည် မဟုတ်ချေ။

တစ်ဖက်လူသည် စိတ်ဝင်စားမှု မရှိမှတော့ အဘယ့်ကြောင့် အတင်း တွယ်ကပ်နေရမည်နည်း။ ထွက်ခွာသွားရပေလိမ့်မည်။ ဤအရာသည် အကောင်းဆုံးသော ရွေးချယ်မှုပင် ဖြစ်၏။

ကျဲ့လင်းရောင်အတွက် ထိုအရာသည် အကောင်းဆုံးဖြစ်ရုံသာမက ထိုကဲ့သို့ ပြုလုပ်ရန်လည်း စိတ်ဆုံးဖြတ်လိုက်ပြီဖြစ်၏။ သို့ပေမဲ့ သူမ မထင်မှတ်ထားသည်မှာ အမုန်းတရားများကို စွန့်လွှတ်ပြီး ထွက်ခွာသွားတော့မည့်အချိန်၌ တစ်ဖက်လူသည် သူမအား ဤနေရာ၌နေထိုင်ပါရန် အရှက်တရားကင်းမဲ့လှသည့် စကားများကိုပင် ပြောဆိုလျက် ရှိနေ၏။

လက်ရှိအချိန်မှာတော့ သူမသည် လွတ်လပ်သည့် အတွေးအခေါ်နှင့် သက်ရှိလူသားတစ်ယောက် ဖြစ်သည်ဆိုသော်လည်း မွေးဖွားလာပြီးနောက် တာဝန်တစ်ခုသည် နှောင်ကြိုးအရ ဖြစ်တည်လာခဲ့၏။ ဤအရာသည် လင်းရောင်မပြုလုပ်နိုင်သည့် တာဝန်ကို ပြုလုပ်ပေးရန်ပင် ဖြစ်သည်။ ထိုအချိန်မှာပဲ ရီရှင်းချန်သည် ရှေ့ဆီသို့ လှမ်းတက်လာပြီး ကျဲ့လင်းရောင်၏ လက်ကို ဖမ်းဆွဲလိုက်၏။ ပြီးနောက် တိတိကျကျ ဆုံးဖြတ်ချက်ချပြီးသော အကြည့်ဖြင့် ပြောလိုက်သည်။ "ဂိုဏ်းချုပ်ပြန်လာရင် ကျုပ်တို့မင်္ဂလာပွဲကို ကျင်းပကြမယ်"

"အရှုံးပေးတယ်" စုရှောင်မိုသည် အံ့အားသင့်လို့နေ၏။

"ကြည်ရတာ"

အကြီးအကဲဝေသည် ပြုံးကာ ပြောလိုက်သည်။ "ပြိုင်စံရှားဂိုဏ်းမှာ မင်္ဂလာပွဲတစ်ခု ထပ်ပြီးတော့ ကျင်းပရတော့မှာပဲ"

“...........” စုရှောင်မို၏ နှုတ်ခမ်းများသည် တုန်ယင်သွားခဲ့၏။ စိတ်ပိုင်းဆိုင်ရာ ခံစားချက်များ အလွန်ကောင်းမွန်လှသည့် တပည့်ဖြစ်သည်နှင့်အညီ သူသည် ပထမဆုံး စေ့စပ်ခဲ့၏။ သို့ပေမဲ့ လက်ထပ်သည်နေရာမှာတော့ ရီရှင်းချန်က သူ့အား ကျော်တက်သွားပေတော့မည်။

"ဘာ"

ဂိုဏ်းဆီသို့ ပြန်ရောက်ပြီးနောက် ကျွင်းချောင်ရှောင်းသည် အံ့အားသင့်သွားမိ၏။ "မင်းလက်ထပ်တော့မယ် ဟုတ်လား'

ရုတ်တရက်ဆန်လွန်းလှ၏။ ထို့ကြောင့် သူသည် အငိုက်မိသွားသည်။

"ဟုတ်တယ်"

ရီရှင်းချန်သည် တိကျခိုင်မာသည့် လေသံဖြင့် ပြောလိုက်၏။ "ကျုပ် ကျဲ့လင်းရောင်ကို လက်ထပ်ချင်ပါတယ်"

အတိတ်မှ မှတ်ညဏ်များကို ပြန်လည်ရရှိပြီးနောက် သူသည် နာကျင်စရာ ခံစားချက်များကို ရရှိခဲ့၏။ အနာဂတ်တွင် သူသည် သိုင်းပညာကို လေ့လာရမည်ဖြစ်သလို မိသားစုနှင့်လည်း အချိန်မျှတအောင် နေထိုင်ရပေလိမ့်မည်။

"သေချာရဲ့လား"

"သေချာပါတယ်"

"သူသဘောတူရဲ့လား"

"ပြောသင့်တာ ပြောပြီးသွားပြီ"

သူ၏တပည့် အမှန်ပင် လေးနက် တည်ကြည်နေသည်ကို မြင်ရသည့် အချိန်မှာတော့ ကျွင်းချောင်ရှောင်းသည် ချက်ချင်းပဲ ဆုံးဖြတ်လိုက်၏။ "ကောင်းပြီ။ ဒါကို နေ့ကောင်းတစ်ရက်ကို ရွေးချယ်ပြီးတော့ လက်ထပ်ကြတာပေါ့"

တစ်ရက်တည်းမှာပဲ ပြိုင်စံရှားဂိုဏ်းသည် အလုပ်များသွား၏။ လက်ထပ်ပွဲအခမ်းအနားသည် ကြီးမားလွန်းခဲ့၏။ သူတို့အနေဖြင့် အလေးအနက်ထားကာ ကြိုးစားမှ ဖြစ်ပေလိမ့်မည်။

"ငါသိပြီ"

ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ "လက်ထပ်တဲ့နေ့ကျရင် ရှင်းချန်ကို ရှောင်ထျန်းစက်ရုပ်မောင်းပြီး သတိုးသမီးကို သွားကြိုခိုင်းရမယ်။”

သူသည် ထူးခြားဆန်းပြားသည်များကိုသာ ပြုလုပ်ချင်သည်။ ထို့ကြောင့် ဝေါယာဉ်ဖြင့် သတိုးသမီးခေါ်ယူသည်ထက် ပိုမို ဆန်းပြားအောင် ရှောင်ထျန်းစက်ရုပ်ကြီးနှင့် ခေါ်ယူစေရန် ဆုံးဖြတ်လိုက်သည်။

ဟင်း…..။

စာကြည့်ခန်းအတွင်းမှာတော့ ကျွင်းချောင်ရှောင်းသည် ပြဿနာတစ်ခုနှင့် ပတ်သက်၍ သေသေချာချာ စဉ်းစားလျက်ရှိ၏။

ထာဝရလောကကြီးထဲတွင် ရှိနေသည့် ကျန့်ကွေ့ရှုနှင့် ကုထျန်းရှင်းတို့သည်လည်း သေသေချာချာ စဥ္း စားလျက် ရှိနေသည်။

ဟင်း…..

ကျွင်းချောင်ရှောင်းသည် ဦးခေါင်းကို ခါယမ်းကာ ပြောလိုက်၏။ "ဒီလိုအခြေအနေမျိုးမှာ ဖိတ်စာပို့မယ်ဆိုရင် တခြားဂြိုဟ်အသီးသီးက လူတွေ လာရဲမှာမဟုတ်ဘူးလေ။ ရိုးရိုးရှင်းရှင်းပဲ ပြုလုပ်ဖို့ တတ်နိုင်လိမ့်မယ်။ "

မိုးကောင်းကင် နတ်ဆိုးအင်ပါယာသည် အထက်စကြာဝဠာတစ်ခုလုံးတွင် အားအကောင်းဆုံးသော လူအဖြစ် တည်ရှိနေ၏။ ထို့ကြောင့် မိုးကောင်ကင်နတ်ဆိုးအင်ပါယာ နှင့် ပြဿနာ တက်ထားသော သူတို့လို လူတွေဆီသို့ မည်သူကမှ လာရောက်ပြီး ပွဲတက်လိမ့်မည် မဟုတ်ချေ။

ကျွင်းချောင်ရှောင်းသည် ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်လိုက်၏။ ရီရှင်းချန်နှင့် ကျဲ့လင်းရောင်တို့၏ လက်ထပ်ပွဲသည် ထာဝရလောကကြီး တစ်ခုလုံးထဲတွင်သာ ကန့်သတ်လိုက်၏။ များပြားလှသော မျိုးနွယ်စုအသီးသီး နှင့် ကလန်များသည် စိတ်ရှိသလောက် တတ်ရောက်နိုင်စွမ်းရှိ၏။

"ကျွန်မတို့ လက်ထပ်ပွဲကိုကော ဘယ်အချိန်မှာ ကျင်းပမှာလဲ" နှင်းဆီဧကရီက မေးမြန်းလိုက်သည်။

"စိတ်မပူနဲ့"

ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ "ကျုပ် အထက်စကြာဝဠာတစ်ခုလုံးကို လွှမ်းမိုးနိုင်တဲ့ အချိန်ကြရင်ပေါ့"

ကုန်းရှန့်သည် ဟွာမင်ကွေ့အား နှလုံးသားထဲမှ နှစ်နှစ်ကာကာ ချစ်မြတ်နိုးနေပြီဖြစ်သည်။ ထို့ကြောင့် လက်ထပ်ပွဲ ပြုလုပ်ရန်ဆိုသည်မှာ ပြဿနာမဟုတ်ချေ။ သို့ပေမဲ့ သူသည် မပြုလုပ်ချင်သေးပေ။ ကြီးကျယ်ခမ်းနားလှသော မင်္ဂလာပွဲကြီး ကျင်းပနိုင်ရန်အတွက် စောင့်မျှော်နေသေး၏။ ထိုမှသာလျှင် လူပေါင်းများစွာတို့သည် မင်္ဂလာပွဲကြီးကို လာရောက်ကာ တတ်ရောက်နိုင်မှာ ဖြစ်သည်။

လဝက်ခန့် ကြာပြီးသည့်နောက် ပြိုင်စံရှားဂိုဏ်း၌ ကြီးကျယ်လှသော မင်္ဂလာပွဲကြီး ကျင်းပတော့မည် ဖြစ်၏။ ထို့ကြောင့် ကျန့်ကွေ့ရှု၊ ကုထျန်းရှင်းနှင့် အခြားသူများ အားလုံးသည် မင်္ဂလာပွဲတက်ရောက်ရန် များပြားလှသော ကျင့်ကြံခြင်းအရင်းအမြစ်များကို ယူဆောင်လာခဲ့၏။

ကျွမ်းကျင်သူများအတွက် ငွေကြေးဆိုသည်မှာ အသုံးဝင်လှသည့် အရာမဟုတ်ချေ။ ထို့ကြောင့် ၎င်းတို့ပေးအပ်သည့် ပစ္စည်းများသည် အမှန်ပင် တန်ဖိုးကြီးမားနေသည်။

"ဂုဏ်ပြုပါတယ်။ ဂုဏ်ပြုပါတယ်"

အားလုံးသောသူတို့သည် အဓိကဟောခန်းထဲသို့ ဝင်လျှောက်လာကြ၏။ ကျွင်းချောင်ရှောင်းသည် ထိုသူတို့ကို ဧည့်ခံရင်း ပြုံးကာပြောလိုက်၏။ "လာကြပါ လာကြပါ။ လက်ဆောင်တွေ ယူမလာကြဘူးလား"

"……..” ကျန့်ကွေ့ရှုနှင့် အခြားသောသူများသည် ဆွံ့အသွားခဲ့ကြသည်။

ပြိုင်စံရှား၏ ဖိတ်စာတွင် လုံလောက်သည့် လေးနက်မှုကို ပြသရန် လိုအပ်သည်ဟု သေသေချာချာ ထင်ထင်ရှားရှား ရေးသားထားသေးသည်။ ဤအကောင်သည် အမှန်ပင် အရှက်ကင်းမဲ့လွန်းလှ၏။

ထာဝရလောကကြီးတွင် ရှိနေကြသည့် ကလန်အသီးသီးနှင့် ဂိုဏ်းများမှ လူများသည် လာရောက်ကာ ဂုဏ်ပြုခဲ့ကြ၏။ မင်္ဂလာပွဲကျင်းပရန် အချိန်သည် ရောက်ရှိလာတော့မည် ဖြစ်၏။ သို့ပေမဲ့ အားလုံးသည် တီးတိုးပြောဆိုနေကြသည်။

စုရှောင်မိုသည် အံ့အားသင့်စွာဖြင့် အထဲသို့ လျှောက်ဝင်လာပြီး ပြောလိုက်၏။ "သတို့သမီးမရှိတော့ဘူး။ "

“………” အားလုံးသည် ဆွံ့အသွားသည်။

ကျွင်းချောင်ရှောင်းသည် တည်ငြိမ်လျက်ရှိနေ၏။ သူသည် ဝိုင်ခွက်ကို အသာမော့ကာ ပြောလိုက်၏။ "အင်း….. ထွက်သွားတာပဲ"

"ဂိုဏ်းချုပ်ကျွင်း"

ကုထျန်းရှင်းသည် ဇဝေဇဝါဖြင့် မေးလိုက်သည်။ "ဘာတွေဖြစ်တာလဲ"

"မနေ့တုန်းက ကျဲ့လင်းရောင် ကျုပ်ဆီရောက်လာတယ်။ ဒီလက်ထပ်ပွဲက သဘောမတူဘူးဆိုတဲ့အကြောင်း ပြောခဲ့တယ်။"

ကျွင်းချောင်ရှောင်းက ဆက်ပြောလိုက်၏။ "ဒါကြောင့် သူ့ကို ထွက်သွားမှာလား ၊ နေမှာလားဆိုပြီး‌ရွေးချယ်ခွင့်ပေးခဲ့တယ်”

"……….." အားလုံးသော သူတို့သည် နားလည်သွားကြ၏။ သတို့သမီးသည် ထွက်သွားရန် ရွေးချယ်ခဲ့သည်။

"ခံစားချက်လို အရာမျိုးကို အတင်းတွန်းအားပေးလို့ မဖြစ်ဘူးလေ"

ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ "ပြိုင်စံရှားဂိုဏ်းက မျှတမှုကို အလေးအနက်ထားတယ်။ တခြားသူရဲ့ စိတ်ကို အတင်းဖိအားပေးပြီး အနိုင်ကျင့်၊ ကန့်သတ်တာမျိုးလုပ်မှာမဟုတ်ဘူး"

ကျန့်ကွေ့ရှုနှင့် အခြားသောသူများသည် သဘောတူစွာဖြင့် ခေါင်းညိတ်လိုက်ကြ၏။ မြင့်မြတ်သည့် ယောက်ျားဟူသည် ဤသို့သော စိတ်ဓာတ်ကို မွေးမြူရပေမည်။

သို့ပေမဲ့ သူတို့သည် တစ်စုံတစ်ခုကို သတိရသွားမိ၏။ သတို့သမီး ထွက်ခွာသွားသည် ဆိုမှတော့ မင်္ဂလာပွဲကို ကျင်းပ၍မရနိုင်တော့ချေ။ ထိုသို့ဆိုလျှင် မင်္ဂလာလက်ဆောင်ပစ္စည်းများကို ဘာမှမဟုတ်ဘဲ ပေးခဲ့သလို ဖြစ်နေမည် မဟုတ်ပါလား။

"ဂိုဏ်းချုပ်"

လီချင်းယန်သည် ပြေးဝင်လာကာ ပြောလိုက်၏။ "ဂျူနီယာညီလေးရီလည်း လိုက်သွားတယ်"

ကျွင်းချောင်ရှောင်းသည် ခေါင်းကိုခါယမ်းကာ ပြောလိုက်သည်။

"ဟင်း ….. မလွယ်ပါလား"

စနစ်သည် မနေနိုင်စွာဖြင့် ပြောလိုက်၏။ "ဒါမင်းကြောင့်ပဲလေ။ လက်ထပ်ပြီးသွားရင် သူတို့နှစ်ယောက်ကြားက ပြဿနာက အလိုလို ပြီးသွားမှာ။ ကြီးကြီးကျယ်ကျယ် နဲ့ သွားပြီး ရွေးချယ်ခွင့်တွေဘာတွေ သွားလုပ်တာ မဟုတ်လား"

ကျွင်းချောင်ရှောင်းသည် တွေးတွေးဆဆဖြင့် ပြောလိုက်သည်။

"လက်ထပ်ပြီးသွားတာနဲ့ အရာအားလုံးက ဖြေရှင်းပြီးသွားတာ မဟုတ်ဘူးလေ။ လက်မထပ်ခင်မှာတည်းက အရာအားလုံးကို ကြိုတင်ရှင်းလင်းထားရတာ။ မရှင်းလင်းတဲ့အကြောင်းအရာတွေနဲ့ လက်ထပ်လိုက်ရခြင်းက ငရဲကို ဆင်းသွားရတာနဲ့ တူညီတယ် စနစ် …. မင်း နားမလည်ပါဘူး။”

မနေ့တုန်းက ကျဲ့လင်းရောင်သည် တော်တော်များများကို ပြောဆိုခဲ့၏။ ကုန်းရှန့်အနေဖြင့် ထိုအရာများထဲမှ တစ်ခုခုကို သင်ယူနိုင်ခဲ့၏။ ထို့ကြောင့်ပင်လျှင် ပြိုင်စံရှားဂိုဏ်းမှ ထွက်ခွာရန် အခွင့်အရေးကို ပေးခဲ့ခြင်းဖြစ်၏။

ရီရှင်းချန်နှင့် ကျဲ့လင်းရောင်တို့၏ ပြဿနာသည် နှလုံးသားထဲတွင် ရှိနေသော အထုံးများကို အချိန်ယူဖြေရှင်းရမည့် အရာဖြစ်ကြောင်း သူ နားလည်ခဲ့သည်။

"ဂိုဏ်းချုပ်ကျွင်း"

ကျန့်ကွေ့ရှုက ပြောလိုက်၏။ "သတို့သားရော သတို့သမီးရော မရှိတော့ဘူး။ ဒီတော့ ခန်းဝင်ပစ္စည်းတွေ …"

"စီနီယာ"

ကျွင်းချောင်ရှောင်းက လေးလေးနက်နက် မေးမြန်းလိုက်သည်။ "ထွေးပြီးသားရေကို ပြန်ပြီး သောက်လို့ရလား"

"..."

ကျန့်ကွေ့ရှုသည် ခဏလောက် စဉ်းစားလိုက်သည်။ ပြီးနောက်လျှင်လျှင်မြန်မြန်ပဲ အဖြေပေးလိုက်၏။ "အင်း ….. ရတယ်"

All Chapters