← Chapters

အခန်း ၁၉၀၃

Vol. 128 Ch. 1903

အခန်း ၁၉၀၃

Vol. 128 Ch. 1903

အပိုင်း (၁၉၀၃)

ကျင့်ကြံခြင်းလောကတွင် ခုတ်ဖြတ်ခံထားရသည့် လက်ပင်လျှင် ပြန်တပ်၍ရ၏။ ထွေးထုတ်ထားသောရေကို ပြန်သောက်ဖို့ဆိုသည်မှာ စဉ်းစားနေစရာပင် မလိုအပ်ချေ။ ထို့ကြောင့်..

“ပြန်ပေး”

ကျန့်ကွေ့ရှုသည် တည်ကြည်လေးနက်သည့် အသွင်အပြင်ဖြင့် လှမ်းပြောလိုက်၏။ ထို့အပြင် သူသည် စီနီယာတစ်ယောက်ဖြစ်၏။ သူတစ်ယောက်တည်းသာလျှင် ထိုကဲ့သို့သော စကားကို ပြောဆိုရဲ၏။

မင်္ဂလာပွဲတက်ရောက်ကြသည့် တခြားသောသူများသည် ကုန်းရှန့်၏ အရှိန်အဝါကြောင့် လက်ဖွဲ့များပြန်ပေးပါရန် မတောင်းရဲချေ။

“............”

ကျွင်းချောင်ရှောင်းသည် ဆွံ့အလို့နေခဲ့၏။ ဓားသူတော်စင်သည် အဘယ်ကြောင့် ဤမျှ ကပ်စေးနည်းရသနည်း။ ထို့အပြင် မင်္ဂလာပွဲကျင်းပရန်အတွက် ပိုက်ဆံအများကြီး အသုံးပြုခဲ့ရ၏။ ထို့ကြောင့် ပိုက်ဆံပြန်ယူသွားမည် ဆိုလျှင် ဆုံးရှုံးမှုဖြစ်မှာ မဟုတ်ပါလား။

“ဒီလို လုပ်ရအောင်”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “နောက်တစ်ကြိမ် ရှင်းချန် လက်ထပ်ပြီဆိုရင် စီနီယာ နဲ့ တခြားသူတွေက ထပ်ပြီးပေးဖို့ မလိုဘူး။ ဒီအတိုင်းပဲ လက်ဗလာနဲ့ လာခဲ့လိုက်လေ”

ကျန့်ကွေ့ရှုသည် ထွေးပြီးသားရေကိုပင် ပြန်လည်မြိုချင်စိတ်ရှိ၏။ သို့ပေမဲ့ ပိုက်ဆံသည် တစ်ဖက်လူ၏ လက်ထဲသို့ ရောက်ရှိသွားပြီဖြစ်၏။ အထူးသဖြင့် ကုန်းရှန့်၏ လက်ထဲသို့ပင်။ ကုန်းရှန့်ဆီ ရောက်ရှိသွားသည့်အရာသည် ဘယ်တော့မှ ပြန်မရခဲ့ချေ။

“ကောင်းပြီ”

ကျန့်ကွေ့ရှုသည် ပူးပေါင်းစွာဖြင့် ပြောလိုက်သည်။ “ဒီလိုပဲ လုပ်ကြတာပေါ့”

နောက်ဆုံးမှာတော့ အားလုံးသော သူတို့သည့် မိမိပေးခဲ့သည့် ငွေကြေးများကို မှတ်သားကာဖြင့် ပြန်လည်ကာ ထွက်ခွာသွားခဲ့ကြ၏။ နောက်တစ်ကြိမ်လာမည်ဆိုလျှင် မင်္ဂလာပွဲကို လက်ဗလာဖြင့် လာရောက်နိုင်လေ၏။

“ငတုံး” တုံးအလွန်းလှသည်။ ကျွင်းချောင်ရှောင်း ပြောသည့် နောက်တစ်ကြိမ်ဆိုသည် ရီရှင်းချန်ကိုသာ ဆိုလိုခြင်း ဖြစ်၏။ စုရှောင်မို မင်္ဂလာဆောင်မည်ဆိုလျှင် ကျိန်းသေပေါက် ပိုက်ဆံများ ထပ်မံကာ ယူဆောင်လာရပေမည်။ ထို့ကြောင့် မင်္ဂလာပွဲနှစ်ခုကို အတူပူးပေါင်းပြီး ပြုလုပ်လိုက်မည်ဆိုပါက လက်ဆောင်ပစ္စည်းများ ထပ်မံကာ ရရှိ ပေလိမ့်မည်။

“ဂိုဏ်းချုပ်”

လီချင်းယန်သည် အသံပို့လွှတ်လိုက်၏။ “ဂျူနီယာညီလေးရီဆီကို လိုက်သွားချင်သေးလား”

“မလိုဘူး။ တချို့အရာတွေက သူတို့ဘာသူတို့ ဖြေရှင်းဖို့လိုတဲ့ အရာတွေလေ”

အချက်အလက်အားဖြင့် သူ မနေ့က ကျဲ့လင်းရောင်နှင့် အကြောင်းအရာ တော်တော်များများ ပြောဆိုခဲ့၏။ ထို့ထဲတွင် သူမ ရရှိခဲ့သော မတူညီသည့် မှတ်ဉာဏ်များအကြောင်းပင် ပါဝင်ခဲ့သေးသည်။

သေသေချာချာ နားထောင်ပြီးနောက် ကျွင်းချောင်ရှောင်းသည် ထာဝရလောကကြီးထဲသို့ ဝင်ချင်သလိုဝင်၊ ထွက်ချင်သလိုထွက်၍ ရနိုင်သည့် အထူးကျောက်စိမ်းပြား တစ်ခုကို စားပွဲပေါ်သို့ တင်ကာ ပြောလိုက်၏။ “မင်းဆိုလိုတာကို ငါနားလည်ပြီ။ ဒီတော့ အတင်းကြီး လက်ထပ်ဖို့အတွက် ငါဖိအားပေးမှာ မဟုတ်ဘူး။ ထာဝရ လောကကြီးထဲကို ဝင်ချင်ဝင်၊ ထွက်ချင်ထွက်လို့ရတယ်။ ဒါက မင်းအခွင့်အရေးပဲ”

.............

ဝှစ်

ရွက်သင်္ဘောလေးတစ်စင်းသည် စကြဝဠာထဲတွင် ပျံသန်းလျက် ရှိနေ၏။

ထိုက်ရွှမ် အဘိုးအိုသည် သေးငယ်လှသည့် ရွက်သင်္ဘောလေးများကို ဖန်တီးထား၏။ ၎င်း၏အမြန်နှုန်းနှင့် အသွင်အပြင်သည် မဆိုးလှချေ။ စကြဝဠာထဲသို့ ခရီးလှည့်လှည်သွားလာရန် လုံလောက်သည့် အရွယ်အစားမျိုးပင်။

ကျဲ့လင်းရောင်သည် ပြတင်းပေါက်တံခါးကို အသာမှီကာဖြင့် အဆုံးအစမဲ့ စကြဝဠာကြီးကို လှမ်းမျှော်ကြည့်နေ၏။

“မင်းက ငါ့မိန်းမပဲ။ ဒါက မင်းရဲ့အိမ်၊ ပြီးတော့ ငါ့ရဲ့အိမ်ပဲ။ ဒီတော့ မင်းထွက်သွားလို့ မရဘူး”

ရီရှင်းချန် ပြောဆိုခဲ့သည့် စကားလုံးများသည် သူမ၏ နားထဲတွင် အထပ်ထပ် ပဲ့တင်ထပ်လို့နေ၏။ သူမ၏ မျက်လုံးအိမ်၌ မျက်ရည်များ ရစ်သိုင်းလာခဲ့သည်။ သူမသည် ပါးစပ်ကို အုပ်ကိုင်ကာဖြင့် ငိုရှိုက်နေမိသည်။

ကျဲ့လင်းရောင်နှင့် လင်းရောင်တို့သည် မတူညီသည့် ဝိညာဉ်အစိတ်အပိုင်းများ ဖြစ်သည်ဆိုလျှင်တောင်မှ တစ်ခုတည်းဆီမှ ဆင့်ပွားဖြစ်တည်လာခဲ့သည့်အရာများဖြစ်သည်။ ဤနွေးထွေးလွန်းလှသည့် မှတ်ဉာဏ်များကို လက်ခံရရှိပြီးသည့်နောက် သူမ၏စိတ်သည် အလုံးစုံ ပြောင်းလဲခဲ့ရ၏။

အတိတ်တုန်းကဆိုလျှင် ရီရှင်းချန်သည် အမှန်ပင် မောက်မာလွန်းပြီး တင်းမာခက်ထန်လှသည့် စကားလုံးများ ကိုသာ ပြောဆိုခဲ့၏။ ထိုကဲ့သို့သော စကားလုံးများသည် သူမအား အနိုင်ကျင့်ပြောဆိုနေခြင်းနှင့်တူသည်ဟု သူမက သတ်မှတ်ခဲ့သည်။ လက်ရှိအခြေအနေမှာတော့ အတိတ်ကမှတ်ဉာဏ်များကို ပြန်လည်ရရှိပြီးသည့်နောက် သူမကို သက်ရောက်စေခဲ့သည်။ “အင်း... ဒါက အကြားချင်ဆုံးသောအရာပဲ။ ဒါပေမဲ့ ကြားရတဲ့အချိန်မှာတော့ တစ်မျိုးကြီး ဖြစ်နေပါလား”

ဝှစ်

သေးငယ်လှသည့် ရွက်သင်္ဘောလေးသည် စကြဝဠာထဲတွင် ရည်ရွယ်ချက် ကင်းမဲ့စွာဖြင့် ပျံသန်းနေ၏။ လင်းရောင် ကဲ့သို့ပင်။ သူမသည် ရီရှင်းချန်ကို မမုန်းတီးခဲ့ချေ။ ထာဝရလောကကြီးဆီမှ ထွက်ခွာသွားရန် ရွေးချယ်ခဲ့သည် ဆိုသော်လည်း မည်သည့်နေရာဆီ သွားရမည်လည်း ကောင်းကောင်းမသိချေ။ သူမ မည်သူလဲဆိုသည်ကို ဖုံးကွယ် ထားပြီး ရိုးရှင်းသည့်ဘဝဖြင့် သီးသီးသန့်သန့် နေထိုင်သွားရန် ဆုံးဖြတ်လိုက်သည်။

ဤအရာသည် ကျဲ့လင်းရောင်၏ အစီအစဉ်ပင် ဖြစ်၏။ သို့ပေမဲ့ ဝမ်းဗိုက်ကို အသာထိကြည့်လိုက်သည့် အချိန်မှာတော့ အထဲတွင် ရှိနေသည့် အသက်ဓာတ်များသည် အလွန်တရာ အားနည်းနေကြောင်း သူမ ခံစားမိ၏။ ရုတ်တရက် စိတ်မကောင်းသလို ခံစားနေမိ၏။

အမုန်းတရားများ၏ စေခိုင်းမှုကြောင့် သူမသည် ဝမ်းဗိုက်ထဲတွင် ရှိနေသည့် သန္ဓေသားအား စိတ်ဝိညာဉ် စွမ်းအင်များဖြင့် ဖိနှိပ်ရန် ရွေးချယ်ခဲ့၏။ သူမ၏ အဆင့်သည် အချိန်တို အတွင်း တိုးတက်လာခဲ့သည်ဆိုသော်လည်း သန္ဓေသား၏ ဖွံ့ဖြိုးမှုမှာတော့ ရပ်တန့်သွားခဲ့၏။ သူမ၏ သန္ဓေသားကို လောကထဲသို့ ရောက်ရှိလာရန် ပိတ်ပင်ထားခဲ့မိသည်။

“မိန်းကလေးကျဲ့... မင်းထွက်သွားနိုင်တယ်။ ဒါပေမဲ့ သန္ဓေသားကိုတော့ ဂရုစိုက်ပါ။ ဒီကလေးက မင်းတို့နှစ်ယောက်ရဲ့ ကြားက အပြစ်ကင်းစင်တဲ့ကလေးပဲ” ဤစကားသည် မနေ့တုန်းက ကျွင်းချောင်ရှောင်း ကျဲ့လင်းရောင်အား ပြောဆိုခဲ့သည့် နောက်ဆုံးစကားသာဖြစ်၏။ တစ်ချိန်တည်း မှာပဲ သူသည် သိုလှောင်လက်စွပ်တစ်ကွင်းကို ပေးအပ်ခဲ့သည်။ အထဲတွင် သိုင်းပညာ အရင်းအမြစ်များအပြင် ကိုယ်ဝန်ပျက်ကျမှုကို ကာကွယ်ပေးနိုင်သည့် ဆေးနည်းတစ်ခုပင် ပါဝင်နေသေး၏။

ရီရှင်းချန် ရှာဖွေတွေ့ရှိခဲ့သည့် ဆေးကုန်ကြမ်းပစ္စည်းများကို အချိန်တိုအတွင်းမှာပဲ သူ၏ ဂိုဏ်းတူရောင်းရင်းများ သည် လိုက်လံကာ ရှာဖွေပေးနိုင်ခဲ့၏။ အသုံးဝင်မလား၊ မဝင်လားဆိုသည်ကို မသိရှိချေ။ သို့ပေမဲ့ ကျွင်းချောင်ရှောင်း သည် သူမကို ပေးအပ်ခဲ့၏။

ကျဲ့လင်းရောင်သည် သိုလှောင်လက်စွပ်ကို ထုတ်ယူပြီးသည့်နောက် စိတ်ဝိညာဉ်အာရုံများကို ဖြန့်ကျက်ကာ အထဲသို့ လှမ်းဝင်လိုက်၏။ အထဲတွင် တလက်လက် တောက်ပလျက်ရှိသည့် စိတ်ဝိညာဉ်ကျောက်တုံးများ၊ သိုင်းကျင့်ကြံခြင်း နည်းစနစ်များနှင့် မတူညီသည့် ဆေးပင်၊ ဆေးမြစ်များကို မြင်လိုက်ရသည်။

ရုတ်တရက် လင်းကျန့်မှန်ကျောက်တုံးကို မြင်ရသည့်အချိန်မှာတော့ သူမသည် သေသေချာချာ ကြည့်ရှုနေမိသည်။ ထိုကျောက်တုံးပေါ်တွင် ရှိနေသည့် သွေးများနှင့် ခြောက်ကပ်လျက်ရှိသော သွေးလက်ဝါးရာကြီးကို မြင်ရသည့်အချိန်မှာတော့ သူမ၏ နှလုံးသားထဲတွင် အမှန်ပင် ထိခိုက်လာ၏။

ဘုန်း

ထိုအချိန်မှာပဲ ရွက်သင်္ဘောကြီသည် ကြမ်းကြမ်းတမ်းတမ်း တုန်ခါသွားခဲ့၏။ သူမ သတိပြန်ဝင်လာသည့်အချိန် မှာတော့ ရွက်သင်္ဘောကြီးသည့် အရှေ့သို့ သွားရမည့်အစား အနောက်ဘက်သို့ ရွေ့လျားနေကြောင်း မြင်လိုက်ရသည်။

သူမသည် အလောတကြီးဖြင့် စိတ်ဝိညာဉ်အာရုံများကို ဖြန့်ကျက်ကာ ကြည့်ရှုလိုက်သည့်အချိန်မှာတော့ ရွက်သင်္ဘောကြီးအား လက်နှစ်ဖက်ဖြင့် ဆွဲမြောက်ကာ အနောက်ဘက်သို့ ဆွဲလျက်ရှိနေသည့် လူတစ်ယောက်ကို မြင်လိုက်ရ၏။

မည်သူဖြစ်သနည်း။ ရီရှင်းချန်ပင် ဖြစ်လေ၏။ သူသည် လက်ဗလာဖြင့် ရွက်သင်္ဘောကြီးကို ဆွဲကိုင်ကာ အနောက်ဘက်သို့ ဆွဲခေါ်နေခြင်းပင်။

“ရှင် ဘာလုပ်နေတာလဲ”

“ပါးစပ်ပိတ်ပြီး ငါနဲ့လိုက်ခဲ့” ရီရှင်းချန်၏ အသံသည် ယခင်ကထက်ပင် ပိုမိုကာ စူးရှနေ၏။

“ကျွန်မရဲ့ လွတ်လပ်ခွင့်ကို မတားဆီးဘူးလို့ ဂိုဏ်းချုပ်ကျွင်းက ပြောထားပြီးပြီ”

“သူပြောပေမယ့် ငါမပြောဘူး” ရီရှင်းချန်သည် ရွက်သင်္ဘောကြီးအား ထာဝရလောကဆီသို့ ပြန်လည်ကာ မသယ်ဆောင်လာခဲ့ချေ။ ထိုအစား လှပသော တောင်တန်းများ၊ ချောင်းများ တည်ရှိနေသော ဂြိုဟ်ကြီးတစ်ခုဆီသို့ ခေါ်ဆောင်လာခဲ့သည်။

ပြီးနောက် သူသည် တံခါးကို လက်နှစ်ဖက်ဖြင့်ဆွဲကာ အတင်းဖွင့်လေ၏။

“ငါ့... ငါ့ရဲ့ ရွက်သင်္ဘောလေး” ထိုက်ရွှမ်အကြီးအကဲသည် စိတ်နှလုံးသားတစ်ခုလုံး ဆို့နင့်သွားသည်။

ယုစီနန်သည် အသာလှမ်းလျှောက်လာပြီးသည့်နောက် ထိုက်ရွှမ်အဘိုးအို၏ ပခုံးကို ပုတ်ကာ နှစ်သိမ့်လိုက်သည်။

နေဦး။ အဘယ်ကြောင့် သူတို့ ရောက်နေရသနည်း။ မဟုတ်သေးပေ။ ပြိုင်စံရှားဂိုဏ်းရှိ လူများအားလုံး ရောက်ရှိနေခဲ့၏။ အဘယ်ကြောင့်ဆိုသော် ဤရွက်သင်္ဘောထဲတွင် ဖုံးကွယ်ထားသည့် ပုံရိပ်ယောင် အစီအရင် တစ်ခု ဖန်တီးထားခဲ့၏။ ထို့ကြောင့် ဖြစ်ပျက်နေသည့် အရာအားလုံးကို သူတို့သည် လှမ်းကာ မြင်နေရ၏။

ဟား ဟား ဟား

အစီအရင်ဟောခန်း၏ရှေ့ အလင်းမြင်ကွင်းတွင် ရပ်လျက်ရှိနေသည့် စုရှောင်မိုက ရယ်မောလိုက်သည်။ “ဂျူနီယာ ညီလေးရီ လုံးဝဖမ်းမိမယ်လို့ ကျုပ်ပြောသားပဲ”

ထိုအချိန်မှာတော့ များပြားလှသော စီနီယာနှင့် ဂျူနီယာ တပည့်များသည် အဓိကဟောခန်းထဲတွင် စုဝေးလျက် ရှိနေကြ၏။ တချို့သည် နေကြာစေ့များ၊ ဖရုံစေ့များကို ကိုက်ကာဖြင့် အားရပါးရ ကြည့်ရှုနေကြ၏။

.........

“ဘာလို့လဲ” လှပလွန်းလှသော ပတ်ဝန်းကျင် တောင်တန်းများအကြားမှာ ကျဲ့လင်းရောင်၏ မျက်လုံးများထဲတွင် အငြှိုးအတေးများ တည်ရှိနေတုန်းပင်။

ရီရှင်းချန်သည် ဦးခေါင်းကို ငုံ့လိုက်၏။ ပြီးသည့်နောက် သူသည် ရွက်သင်္ဘောကြီးကို တစ်ခါတည်း ချိုးဖြတ်ပစ် လိုက်တော့သည်။ မည်သည့်ရွက်သင်္ဘောမှ မရှိတော့ချေ။ မည်သည့်နေရာကို သွားရတော့မည်နည်း။ စီနီယာ အစ်ကိုရီ ပီသစွာပင် ကြမ်းတမ်းလွန်းလှသည်။ မည်သည့်အပိုစကားမှ မပြောခဲ့ချေ။ လိုအပ်သမျှကိုသာ လုပ်ကိုင် ခဲ့၏။

“ကျုပ် မေးမယ်”

ရီရှင်းချန်သည် ခေါင်းကိုမော့ကာ အေးစက်စက် မေးလိုက်သည်။ “ဘာလို့ လက်ထပ်ပွဲကနေပြီး ထွက်ပြေးသွားရတာလဲ”

ကျဲ့လင်းရောင်သည် ဒေါသတကြီးဖြင့် ပြောလိုက်၏။ “ရှင်နဲ့ လက်ထပ်ဖို့ ကျွန်မ သဘောမတူဘူးလေ။ ဒါ ရှင်ရဲ့ သဘော မဟုတ်ဘူးလား”

မှန်ပေ၏။ ရီရှင်းချန်သည် အမှန်ပင် တစ်ဖက်စောင်းနင်း ပြုမူခဲ့၏။ သူမ သဘောတူလား၊ သဘောမတူလား ဆိုသည်ကို တစ်ချက်ကလေးမှ မစဉ်းစားခဲ့ချေ။

“ခင်ဗျား အရင်ဘဝတုန်းက ကျုပ်အတွက် အများကြီး လုပ်ခဲ့ပေးတယ်လေ။ ဒီအတွက် ကျုပ် အများကြီး ပေးဆပ် ရမယ်” ရီရှင်းချန်က ပြောလိုက်၏။

ထိုကဲ့သို့ ကိစ္စကို မပြောသည်ကမှ တော်သေး၏။ ပြောလိုက်သည့်အချိန်မှာတော့ ကျဲ့လင်းရောင်သည် ဒေါသ ထွက်သွားခဲ့သည်။ သူမသည် လက်ညှိုးငေါက်ငေါက်ထိုးကာဖြင့် အော်လိုက်သည်။ “ကျွန်မက ကျဲ့လင်းရောင်.. အဲဒီ ရူးနေတဲ့မိန်းမ မဟုတ်ဘူး”

ထိုအချိန်မှာတော့ မိုးများ ပြင်းပြင်းထန်ထန် ရွာသွန်းလာခဲ့၏။

“ဒီတော့” ကျဲ့လင်းရောင်သည် စိတ်ကို တည်ငြိမ်အောင် ထိန်းချုပ်လိုက်၏။ ပြီးနောက် တီးတိုး ပြောလိုက်တော့သည်။ “ရှင် ဧကရီလင်းရောင်ကို လက်ထပ်ချင်တာ ဘာလို့ ကျွန်မကို လာလက်ထပ်နေရ တာလဲ”

ရီရှင်းချန်သည် ကြောင်အသွားခဲ့၏။ သူမ၏ စကားလုံးသည် အမှန်ပင် ဖြစ်လို့နေခဲ့၏။ လင်းရောင်ကို လက်ထပ်ဖို့ အတွက် ကျဲ့လင်းရောင်ကို ဘာလို့ လက်ထပ်ရမည်နည်း။

“ရီရှင်းချန်”

ကျဲ့လင်းရောင်သည် မုန်းတီးစွာဖြင့် ပြောလိုက်၏။ “ရှင်က အရင်ကလုပ်ခဲ့တာတွေကို အားနာတဲ့အတွက်ကြောင့် လက်ထပ်ဖို့ စဉ်းစားနေတာပဲ။ တခြား ဘာမှမဟုတ်ဘူး”

“............”

ရီရှင်းချန်သည် မျက်မှောင်ကုတ်မိသွား၏။ ဤအမျိုးသမီး၏ စကားလုံးများသည် ထက်ရှလွန်းသော ဓားသွားကဲ့သို့ပင် သူ၏နှလုံးသားကို ထိုးစိုက်နေခဲ့သည်။

“ထင်ထားတဲ့အတိုင်းပဲကိုး”

ပုံရိပ်ယောင်မြင်ကွင်းဆီမှ ကြည့်ရှုနေသည့် ကျွင်းချောင်ရှောင်းသည် ဦးခေါင်းကို ခါယမ်းကာ ပြောလိုက်သည်။ “မိန်းကလေးကျဲ့ ပြောတာ အမှန်ပဲ။ ရှင်းချန်အနေနဲ့ တစ်ဖက်လူကို လက်ထပ်ဖို့ စဉ်းစားတယ်ဆိုတာ အရင်က လုပ်ခဲ့တဲ့အရာတွေ အကုန်လုံးကို ပြန်လည်ပျောက်ကွယ်သွားစေချင်လို့၊ အားနာစိတ်ကြောင့် လက်ထပ်တာပဲ”

“အချစ်ဆိုတာ သန့်စင်တယ်လေ”

အကြီးအကဲဝေက ပြောလိုက်၏။ “တခြား အကြောင်းအရာတွေ ထည့်ပြီး ထည့်သွင်းစဉ်းစားနေမယ်ဆိုရင် အရာအားလုံးက ပြောင်းလဲသွားလိမ့်မယ်”

“အမှန်ပဲ” ကျွင်းချောင်ရှောင်းသည် သဘောတူညီစွာဖြင့် ခေါင်းညိတ်လိုက်မိသည်။

စုရှောင်မိုသည် မည်သို့မှ မနေနိုင်တော့ချေ။ ထို့ကြောင့် စိတ်ထဲမှ အော်ဟစ်လျက် ရှိနေ၏။ “ဂိုဏ်းချုပ်က ဘယ်လိုဖြစ်ပြီး အကြီးအကဲဝေနဲ့ အချစ်အကြောင်းတွေ ပြောနေရတာလဲ”

........

ကျဲ့လင်းရောင်သည် အသာလှည့်ကာ ပြောလိုက်သည်။ “ရှင် နက်နက်နဲနဲ ချစ်ခင်နှစ်သက်ခဲ့တဲ့ အမျိုးသမီးက သေဆုံး သွားခဲ့ပြီ။ ဒီတော့ ကျွန်မကို လာပြီးတော့ သနားနေစရာ မလိုဘူး”

“ပြောချင်တာ ဒါအကုန်ပဲလား”

“အင်း... ဘယ်တော့မှ မတွေ့ချင်ဘူး။ ရှင်သွားတော့” အမျိုးသမီးသည် အနောက်ဘက်ဆီသို့ တစ်လှမ်းချင်းစီ လျှောက်သွားခဲ့၏။ ၎င်းတို့နှစ်ယောက်ကြား အကွာအဝေးသည် တဖြည်းဖြည်း အလှမ်းဝေးသွားခဲ့၏။

ဝှစ် ဝှစ်

မိုးများ သည်းထန်စွာ ရွာသွန်းလာသည်။

“ဂျူနီယာညီလေး... လိုက် လိုက်” ပုံရိပ်ယောင်မြင်ကွင်းကို ကြည့်ရှုနေသည့် စုရှောင်မိုသည် အားရပါးရ အားပေးနေ၏။ သူ၏ အနောက်မှ ပြိုင်စံရှားဂိုဏ်းသားများသည် အော်ဟစ် အားပေးလျက်ရှိသည်။ သို့ပေမဲ့ သူတို့သည် ပုံရိပ်ယောင်မြင်ကွင်းမှ ကြည့်ရှုနေသည်ဖြစ်သောကြောင့် သူတို့၏ အားပေးသံကို တစ်ဖက်လူ မကြားနိုင်ချေ။

မိုးများသည် ပိုမိုကာ သည်းထန်လာခဲ့သည်။ ရီရှင်းချန်နှင့် ကျဲ့လင်းရောင်တို့သည့် တဖြည်းဖြည်း ဝေး .... ဝေး ဝေးကွာလာခဲ့၏။ အခြေအနေတစ်ခုလုံးသည် တကယ်ပင် ဝမ်းနည်းစရာပင်။

“ရပ်” ထိုအချိန်မှာပဲ ရီရှင်းချန်က အော်ဟစ်လိုက်၏။

ကျဲ့လင်းရောင်သည် ရပ်တန့်လိုက်၏။ ၎င်းတို့နှစ်ယောက် သည် ပေသုံးရာလောက်သာ ကွာခြားသေး၏။ သို့ပေမဲ့ မိုင်ပေါင်းထောင်ချီ ကွာခြားနေသကဲ့သို့ပင်။

“မင်း မှန်တယ်” ရီရှင်းချန်သည် ဦးခေါင်းကို ငုံ့ထားခဲ့၏။ သူသည် စိတ်ဝိညာဉ်စွမ်းအင်များကို အသုံးပြုကာဖြင့် မိုးများကို မကာဆီးထားခဲ့ချေ။ ထို့ကြောင့် တစ်ကိုယ်လုံး ကြွက်စုတ်ကဲ့သို့ပင် ဖြစ်နေ၏။ “ကျုပ် အားနာစိတ်ကြောင့် ခင်ဗျားကို လက်ထပ်ခဲ့တာ”

“ရှင် ဝန်ခံပြီလား”

ကျဲ့လင်းရောင်သည် အံ့အားမသင့်ချေ။ အချက်အလက်အားဖြင့် ရီရှင်းချန်သည် သူမကို လက်ထပ်မည်ဟု ပြောဆိုလိုက်သည့်အချိန်တွင် သူမသည် ဇဝေဇဝါ ဖြစ်လို့ သွားခဲ့၏။ နှောင့်နှေးလို့ နေခဲ့၏။ ထို့ကြောင့်ပင် ချက်ချင်း ပြန်လည်မငြင်းပယ်နိုင်ခဲ့ချေ။ လက်ထပ်ပွဲ စီစဉ်နေသည့်အချိန်တွင် ကျဲ့လင်းရောင်သည် အရာကိစ္စ တော်တော်များများကို တွေးတောခဲ့၏။ အခြေအနေတော်တော်များများကိုလည်း နားလည်ခဲ့သည်။ ဤအမျိုးသား လက်ထပ်ချင်နေသည်မှာ လင်းရောင်သာ ဖြစ်ပြီး သူမ မဟုတ်ခဲ့ချေ။

ရီရှင်းချန်က ပြောလိုက်၏။ “မင်း မှန်ပါတယ်။ ဒါပေမဲ့ ပြဿနာတစ်ခုကို ကျော်သွားခဲ့တယ်”

သူသည် ခေါင်းကို ငုံ့ထား၏။ မိုးများသည် တစ်ကိုယ်လုံးပေါ်သို့ ကျဆင်းလျက် ရှိနေ၏။ သူသည် ရှေ့ကို လှမ်းလျှောက်လာခဲ့ပြီး သူမ၏ ရှေ့၌ မတ်တပ်ရပ်လိုက်၏။ ကြင်နာစွာဖြင့် သူမ၏ ပခုံးကို ကိုင်ကာ ပြောလိုက်သည်။ “ခင်ဗျားက လင်းရောင် မဟုတ်သလို ကျုပ်ကလည်း ညဘုရင် မဟုတ်ဘူး”

ကျဲ့လင်းရောင်သည် ကြောင်အသွားခဲ့၏။

ဝှစ်

ရီရှင်းချန်သည် သူမကို ထွေးကာ ဖက်လိုက်သည်။

သည်းထန်စွာရွာလျက် ရှိနေသည့် မိုးများကြားထဲတွင် သူမကို ခပ်တင်းတင်း ပွေ့ဖက်ရင်း သူက ပြောလိုက်၏။ “ကျုပ်က ရီရှင်းချန်၊ ခင်ဗျားက ကျဲ့လင်းရောင်၊ ပြီးခဲ့တာတွေက ပြီးသွားပြီ။ ကျုပ်တို့အနေနဲ့ ဘဝသစ်တစ်ခုကို စကြရအောင်။ ဟုတ်ပြီလား”

“ကောင်းတယ်... ဂျူနီယာညီလေးက အံ့အားသင့်စရာပဲ” စုရှောင်မိုသည် လက်သီးကိုဆုပ်ကာ အော်ဟစ် အားပေးနေသည်။

အကြီးအကဲဝေ ပြုံးနေသည်။ ကျွင်းချောင်ရှောင်းသည်လည်း ပြုံးလို့နေခဲ့၏။ ပြိုင်စံရှားဂိုဏ်းမှ အထက်ပိုင်း အကြီးအကဲများသည် ရီရှင်းချန်တစ်ယောက် ကျဲ့လင်းရောင်ကို ဖက်ထားသည်အား မြင်ရသည့်အချိန်မှာတော့ အကုန်လုံး ပြုံးလျက်ရှိ၏။ တကယ်ပင် စိုးရိမ်ပူပန်တတ်သည့် မိသားစုတစ်ခုကဲ့သို့ပင်။

“ဘယ်နေရာကိုသွားသွား ကျုပ်လိုက်ခဲ့မယ်။ ဘာကိုပဲ စားစား ကိုယ်တိုင်လုပ်ပေးမယ်” ရီရှင်းချန်သည် တီးတိုး ပြောလိုက်၏။ သူ၏ စကားစုများသည် အမှန်ပင် ခံစားသက်ဝင်မှု‌ ကောင်းလွန်းလှ၏။

သူသည် ထပ်ကာတလဲလဲ သေဆုံးပြီး ထပ်ဖန်တလဲလဲ ပြန်လည်မွေးဖွားခဲ့၏။ ထိုအချင်းအရာများ အားလုံးသည် တကယ်တမ်းမှာတော့ အဆင့်မြင့် ကျင့်ကြံခြင်း ဆီသို့ လှမ်းတက်နိုင်ရန် မဟုတ်ပေ။ အတိတ်က ဖြစ်ပျက်ခဲ့သည့် အမှားအယွင်းများကို ပြန်လည်ပြင်ဆင်နိုင်ရန် အတွက်သာ ဖြစ်လေ၏။ လက်ရှိအချိန်မှာတော့ ရီရှင်းချန်သည် ထိုကဲ့သို့ပင် နားလည်လိုက်မိသည်။

..............

သူ၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် အလင်းတန်းများ ဖြစ်တည်လာ၏။ ပြီးသည့်နောက် သူနှင့် ကျဲ့လင်းရောင် တို့ကို လွှမ်းခြုံပြီး မိုးများကို ကာဆီးထားခဲ့၏။

ဆွစ် ဆွစ် ဆွစ်

ခန္ဓာကိုယ်ဆီမှ အလွန်အားကောင်းလှသော အော်ရာများ ထွက်ပေါ်လာခဲ့ပြီး ဂြိုဟ်ကြီးတစ်ခုလုံးကို စတင် ဖုံးလွှမ်းသွားသည်။

“ဖြစ်နိုင်တာ”

ကျွင်းချောင်ရှောင်းသည် အံအားတသင့်ဖြင့် ပြောလိုက်၏။ “ရှင်းချန်က နတ်ဘုရား လျှို့ဝှက်အဆင့်ကို ဝင်ရောက်တော့မယ်နဲ့တူတယ်”

All Chapters