← Chapters

ရှင်းပြခြင်း

Vol. 130 Ch. 1817

ရှင်းပြခြင်း

Vol. 130 Ch. 1817

ပြော… မဟုတ်ရင် သေရမယ်… ကိုယ့်ဘာသာရွေးကြ…

အလွန်ပင် လွှမ်းမိုးနိုင်သော စကားပင်။ ခြောက်စရာကောင်းသော အကျပ်ကိုင်မှုနှင့် တွဲလိုက်သောအခါ လူအများစုကို အလွယ်တကူ ကြောက် သွားစေမှာအမှန်ပင်။

သို့သော် ရှီမာယူယူသည် ‘လူအများစု’ ဆိုသည့် ခေါင်းစဉ်တွင် မပါဝင်ပေ။

ရှီမာယူယူသည် မုရုန်ဟွေ့၏ အနောက်မှ ခေါင်းပြူထွက်ကာ ယွိရှီကို တက်ကြွစွာ မေးလိုက်သည် “ဦးလေး ဘယ်လိုသိသွားတာလဲ”

“နဂါးသလင်းကျောက်ကဒ်တိုင်းမှာ အရင်သုံးခဲ့တဲ့လူရဲ့ ရောင်ဝါတွေ ကျန်လေ့ရှိတယ်… မင်း ကဒ်ကိုဖြတ်လိုက်တဲ့အချိန်မှာ ကဒ်ကရောင်ဝါရသွား လိမ့်မယ်… ပြီးတော့ အဲဒါကဒိကျဲ့ရဲ့ရောင်ဝါဆိုတာ ငါ သိသွားတာပဲ” ယွိရှီ ပြောလေသည် “အခုထိ ရှင်းမပြသေးဘူးလား မင်းနဲ့ ဒိကျဲ့က ဘယ်လို ပတ်သက်တာလဲ မင်းက သူလွှတ်လိုက်တဲ့ လျောင်ပြည်နယ်ရဲ့ သူလျှိုလား”

သူသည် ထိုအရာကိုပါ ပြောနိုင်သည်။ ရှီမာယူယူသည် နှုတ်ခမ်းတွန့် လိုက်သည် “ဒါဆိုလည်း ဟုတ်ပါပြီ ပြောတာပေါ့ ဒါပေမဲ့ အခုမျက်နှာထားကြီး ကို ပြောင်းလိုက်ဦး ကြောက်စရာကြီး”

“ပြော”

“အဖေတောင် လန့်နေပြီ” ရှီမာယူယူသည် မုရုန်ဟွေ့၏ စိတ်လှုပ်ရှားမှုကို ခံစားမိသဖြင့် ပြောလိုက်သည်။

မုရုန်ဟွေ့သည် သူ့ထက် အားနည်းရုံသာမကဘဲ အရင်ကတည်းကပင် ယွိရှီကို ကြောက်စိတ်ရှိသဖြင့် သူ့ခန္ဓာကိုယ်မှာ အနည်းငယ်တောင့်နေသည်။ သို့သော် သူမရှေ့တွင်တော့ သူ နောက်မဆုတ်ပေ။

သူမ ပြောလိုက်သော အကြောင်းပြချက်ကို ယွိရှီအံ့ဩသွားသည်။ သူတို့ အကြားမှ ဆက်ဆံရေးကိုလည်း ပိုအံ့ဩသွားလေသည်။

မုရုန်ဟွေ့သည် သူမ၏ သရုပ်မှန်ကိုသိသည်မှာ သေချာသည်။ သို့သော် သူမကို ကာကွယ်ပေးနေတုန်းပင်ဖြစ်သည်။ ပြီးနောက် သူ ထိခိုက်သွားမည်ကို လည်း သူမ စိုးရိမ်နေသည်။

သူသည် ရောင်ဝါလျော့လိုက်ရာ မုရုန်ဟွေ့ နေသာသွားတော့သည် “စကားပြောကြတာပေါ့”

ရှီမာယူယူသည် လန်ယွိကို ကြည့်လေသည်။

“ရပါတယ်” ယွိရှီသည် လန်ယွိကို အကြွင်းမဲ့ယုံသည်။

သို့သော် ရှီမာယူယူသည် လန်ယွိကိုမယုံပေ။ သို့သော် သူမ ပြောလိုက် လျှင်လည်း လန်ယွိကိုပြန်ပြောမည်ဖြစ်ရာ သူ့ကိုအတင်းအကြပ် လွှတ်ရန် မပြောတော့ပေ။

အင်း.. သူမ သူတို့ကို အခုပြောလိုက်လို့ သူတို့က လူသိရှင်ကြားပြောချင် တယ်ဆိုရင် နှစ်ယောက်လုံးကို တစ်ချိန်တည်းမှာ သတ်လို့ရမလား။

“ရှီအာ သူတို့က စစ်သူကြီးဒိနဲ့ အဆင်မပြေကြပေမဲ့ တစ္ဆေကြင်ယာတော် ဘက်ကမဟုတ်ဘူး” မုရုန်ဟွေ့သည် သူမ ချင့်ချိန်နေသည်ကိုမြင်သောအခါ ပြောလေသည်။

ရှီမာယူယူ သူ့ကိုခေါင်းညိတ်ပြပြီး ပြောလိုက်သည် “တကယ်တော့ မုရုန်ရှီက တကယ်သေသွားပါပြီ.. ကျွန်မက တစ်ချိန်တည်း တစ်နေရာတည်းမှာ ပဲ တစ္ဆေလောကကိုရောက်လာခဲ့တာ… အဖေပဲ ကျွန်မကိုကယ်ခဲ့တာပဲ ပြီးတော့ မုရုန်ရှီကို သတ်သွားတဲ့လူကို ဖော်ထုတ်ဖို့ ကျွန်မက သူမသရုပ်မှန်ကို ယူထားတာပဲ”

“ရှီအာ သေသွားပြီဟုတ်လား သူမကို ဘယ်သူသတ်တာလဲ”

“တစ္ဆေကြင်ယာတော်လွှတ်လိုက်တဲ့လူပဲ ရှိခွေ့” ရှီမာယူယူ ပြောလိုက် သည် “ဒါပေမဲ့ သူတို့အကုန် သေသွားကြပြီ”

“ရှိခွေ့ကို မင်းသတ်လိုက်တာလား… အရင်က သူ့ကိုသတ်ဖို့ တွေးခဲ့သေး တယ် ဒါပေမဲ့ အဲလိုလုပ်လိုက်ရင် တစ္ဆေကြင်ယာတော်က အရမ်းဒေါသထွက်မှာ ပဲ” လန်ယွိသည် ရှီမာယူယူအပေါ် ရုတ်တရက် သဘောကျလာသည်။ သူသည် ထိုလူ့ကိုကြည့်မရသည်မှာ အတော်ကြာပြီဖြစ်သည်။

“အင်း ကျွန်မတို့လည်း သူ့ကိုမသတ်ခဲ့ပါဘူး သူ့ကိုသတ်တော့မယ် အလုပ် မှာ ဒိကျဲ့တို့ရောက်လာတာ… သူတို့သတ်လိုက်တာပါ” ရှီမာယူယူ ပြောလိုက် သည်။

“မင်းကို ဒိကျဲ့ကလွှတ်လိုက်တာလား” ယွိရှီ မေးသည်။

“မဟုတ်ဘူး” ရှီမာယူယူ ခေါင်းခါလိုက်သည် “ဒါပေမဲ့ သူ့ကိုသိတယ်… သူပဲ ကျွန်မကို နဂါးသလင်းကျောက်ကဒ်ပေးခဲ့တာပဲ”

“မဟုတ်သေးဘူး… မင်းက မုရုန်ရှီသေတဲ့နေရာနဲ့ သေတဲ့အချိန်မှာ တစ္ဆေ လောကကိုရောက်လာတယ်လို့ပြောတယ်… အဲတော့ မင်းက အရင်က တစ္ဆေ လောကကမဟုတ်ဘူးပေါ့” လန်ယွိသည် ထိုအချက်ကို သတိထားမိသည် “မင်းက…”

ယွိရှီနှင့် သူသည် ဖြစ်နိုင်ချေကို စဉ်းစားပြီးနောက် မုရုန်ဟွေ့ဘက် ခေါင်းလှည့်ရာ သူခေါင်းညိတ်ပြသည်ကိုမြင်သည်နှင့် သူမ၏ သရုပ်မှန်ကို ယုံ သွားကြသည်။

“ငါတော့ သေတော့မှာပဲ မင်းက တကယ်ပဲ…”

ရှီမာယူယူသည် သူမ မျက်နှာကိုထိလိုက်ပြီး ပြောလေသည် “အစစ်ကြီး ပါပဲ”

“ဒီမျက်နှာက တကယ်ပဲ ခဲ့လော့နဲ့တူတယ်” ယွိရှီသည် ရှီမာယူယူကို ကြည့်လိုက်သည် “ထင်မထားမိဘူး မင်းက လူသားလောကကနေ တစ္ဆေ လောကကို ရောက်လာတာပဲ”

“အဲလိုတော့ မဟုတ်သေးဘူး” လန်ယွိ နှာရှုတ်သည် “ငါ မင်းဆီက လူသားအနံ့မရဘူး”

“ရှင်က ခွေးလား” ရှီမာယူယူသည် သူ့ကိုစိုက်ကြည့်လိုက်သည်။

“ငါက ခွေးမဟုတ်ဘူး ဒါပေမဲ့ ငါကအနံ့ခံပါးတယ်… မင်း လူသား အသက် ကိုဖုံးထားရင်တောင် ငါအနံ့ခံနိုင်တယ်” လန်ယွိ ပြောသည် “မင်းမှာ တကယ် လူသားအနံ့မရှိဘူး”

“ရှီအာ” မုရုန်ဟွေ့သည် သူမကို လှည့်ကြည့်သည်။ သူမ ထိုအရာကို ဖုံးကွယ်ထားသည်ဟု သူ အမြဲထင်ခဲ့သည်။ အဲလိုမဟုတ်ဘူးလား။

အဲဒါက…

“အဲဒါက…” ရှီမာယူယူသည် မည်သို့ပြောရတော့မည်ကို မသိပေ။ သူမ သည် ဝိညာဉ်အခြေအနေကို ပြလိုက်သည် “ဒါပဲ”

“မင်းက ဝိညာဉ်လား မင်း သေသွားခဲ့တာလား”

“သေတော့မလို့ပဲ ဒါပေမဲ့ သူတို့အသက်ကယ်နိုင်လိုက်လို့ အသက်တော့ ရှိသေးတယ်… ဒါပေမဲ့ ဝိညာဉ်ကတော့ ယာယီပြန်သွားလို့မရသေးဘူး” ရှီမာယူယူ ပြောလိုက်သည် “ဒါပေမဲ့ ဒီဟာကြောင့်ပဲ ကျွန်မအသက်ရှိတုန်းက မှတ်ဉာဏ်တွေရှိနေသေးတာ”

“သမီးက ဝိညာဉ်ပဲ ဘာလို့ အရင်ကမပြောတာလဲ သမီး ဒီလိုဆိုရင်…” မုရုန်ဟွေ့သည် ရှီမာယူယူ၏ အသွင်ပြောင်းခန္ဓာကိုယ်ကို ကြည့်ပြီး သတိမမူမိ ခြင်းအတွက် သူ့ကိုယ်သူအပြစ်တင်နေသည်။

“သမီးက အခွင့်အရေးရလိုက်လို့ ခန္ဓာကိုယ်ပုံဖော်လို့ရသွားတာ တကယ် တော့ ဘာမှမဟုတ်ပါဘူး သမီးကျင့်ကြံနိုင်ပါသေးတယ်” ရှီမာယူယူ နှစ်သိမ့် လိုက်သည် “တစ္ဆေမျိုးနွယ်ဖြစ်ဖြစ် ဝိညာဉ်မျိုးနွယ်ဖြစ်ဖြစ် ဘာမှမဟုတ်ပါဘူး”

“ဒီနေ့ရလိုက်တဲ့ သတင်းက အရမ်းစိတ်လှုပ်ရှားဖို့ကောင်းတယ် ငါ ကြေညက်အောင် လုပ်လိုက်ဦးမယ်” လန်ယွိသည် ရှီမာယူယူ၏ သရုပ်မှန် ကြောင့် အံ့ဩသွားပြီး ခုံပေါ်သို့ မှိုင်တွေစွာပြန်ထိုင်သည်။

“ပြောရမယ်ဆိုရင် ငါတို့က သွေးသားတော်သေးတာပဲ ငါ့ကိုဦးလေးလို့ ခေါ်လို့ရတယ်” ယွိရှီ ပြောလိုက်သည်။

“အဲဒါကြောင့်ပဲ ခုနက ဦးလေးလို့ခေါ်လိုက်တာလေ” ရှီမာယူယူသည် အမြန်ပင်ရင်းနှီးသွားသည်။

“မင်း တစ္ဆေလောကကို လာတာ ဘုရင်သိလား” ယွိရှီ မေးလိုက်သည်။

ရှီမာယူယူ ခေါင်းခါလိုက်သည် “ကျွန်မက မုရုန်ရှီရဲ့ သရုပ်မှန်ကိုသုံးနေရ တုန်းပဲ အဲဒါကြောင့် လူတော်တော်များများမသိသေးဘူး… ကျွန်မက တစ္ဆေ ကြင်ယာတော်ရဲ့ သား၊ ယွိဒူနဲ့ ကျွန်မကိုသတ်ဖို့ သူမ လူသားလောကကို လွှတ် လိုက်တဲ့လူတွေကို သတ်ခဲ့တာ… ကျွန်မသာ တစ္ဆေလောကကို ရောက်နေတာ သိရင်.. အသက်တောင်ရှိတော့မှာမဟုတ်ဘူး… ကျွန်မရဲ့လက်ရှိအားက တစ္ဆေ လောကမှာ လျှောက်သွားလို့မရသေးဘူး အဲဒါကြောင့် အရင်ဆုံး လျှို့ဝှက်ထား ပြီး စွမ်းအားကြီးလာတဲ့အထိ စောင့်နေတာ”

“မင်း ဘုရင်ကိုသာ ပြောလိုက်ရင် သူက ဘေးကင်းအောင်ထားမှာပါ” ယွိရှီ ပြောလိုက်သည်။

“ကျွန်မ သူ့ကိုတွေ့မှာပါ… အမေဘယ်မှာလဲဆိုတာလည်း သိဖို့လိုသေး တယ်”

“မင်း… အဲဒီကိစ္စက.. တကယ်တော့ ဘုရင်ကြီးကို အပြစ်တင်လို့မရဘူး” ထိုအချိန်က ယွိရှီသည်လည်းရှိနေသဖြင့် သူ အကြောင်းစုံသိထားသည်။

“ကျွန်မသိပါတယ် သူလည်း ရွေးစရာမရှိတော့လို့ပါ ဒါပေမဲ့ သိတာက တစ်ခု သူ့အတွေးက တစ်မျိုးဖြစ်နေတာလေ” ရှီမာယူယူ ပြောလိုက်သည် “ကျွန်မ တစ္ဆေလောကကိုရောက်နေတာ သူ့ကိုမသိစေချင်သေးဘူး အဲဒါကြောင့် ဦးလေးတို့ ကျွန်မအတွက် လျှို့ဝှက်ထားပေးပါ”

ယွိရှီ တွေဝေသွားသည်။ သူသည် တစ္ဆေဘုရင်နှင့် မဟာမိတ်ဖွဲ့ထားရာ တစ္ဆေဘုရင်သည် သူတို့နှစ်ယောက်လုံးကို ဂရုစိုက်ကြောင်းကို သူ သိသည်။ သူ့ ကိုဖုံးကွယ်ထားတာ အဆင်ပြေပါ့မလား။

“ပြောလိုက်ရင်တော့ မညှာတာဘူးဆိုပြီး ကျွန်မကိုအပြစ်မတင်ပါနဲ့” ရှီမာယူယူ ခြိမ်းခြောက်လိုက်သည် “ရှင်တို့ ပြောမယ်ဆိုရင် နှစ်ယောက်လုံးကို အခုပဲရှင်းရလိမ့်မယ်”

“ဘာလဲ မင်းက ငါတို့ကိုသတ်မလို့လား” ထိုစကားကြားရသောအခါ လန်ယွိသည် ရယ်ရမလား ဒေါသထွက်ရမလားကို မသိတော့ပေ “မင်းက အစကတည်းက အစီအစဉ်ရှိပြီးသားလား”

“အစကတည်းကလို့ ပြောလို့မရပါဘူး ရှင်တို့က တစ္ဆေကြင်ယာတော် ဘက်ကသာဆိုရင် ဒီနေ့တည်းခိုဆောင်ကနေ ထွက်သွားခွင့်ရှိမှာမဟုတ်ဘူး” ရှီမာယူယူ ပြောလိုက်သည်။

“ငါတို့ကို နေခိုင်းလို့ရမယ်ထင်နေလား” လန်ယွိသည် မျက်ခုံးပင့်ကာ ခံစားချက်ကောင်းကောင်းဖြင့် ပြောလိုက်သည်။

ရှီမာယူယူ သူ့ကိုပြုံးပြလိုက်သည် “မယုံရင်လည်း စမ်းကြည့်လိုက်လေ”

***

All Chapters