အခန်း ၁၉၀၅
Vol. 128 Ch. 1905
အပိုင်း (၁၉၀၅)
အားရာ၏နှိပ်စက်ခြင်းကို ခံရပြီးသည့်နောက် ကျန်းစန်းသည် ကျိန်းသေပေါက် ဘာမေးမေး ဖြေမည့်လူ တစ်ယောက်ဖြစ်လို့လာခဲ့၏။
သို့ပေမဲ့ ကျန်းစန်းကဲ့သို့သော စွမ်းအားမြှင့်ကျင့်ကြံသူကိုပင် ထျန်းယွမ် အကျဉ်းထောင်စေတီက ထိန်းချုပ်ထားနိုင်သည်ဆိုတော့ အလွန်ပင်အားကောင်းနေပေသည်လား။ မိုးကောင်းကင်နတ်ဆိုး အင်ပါယာ၏ ကိုယ်ပွားနှင့်ပင်တိုက်ခိုက်နိုင်စွမ်းရှိနေသည့် ဤစွမ်းအားမြင့် ကျင့်ကြံသူ သည် ထျန်းယွမ်အကျဉ်းထောင်စေတီ၏ စွမ်းအင်များကို မချိုးဖောက်နိုင်ဘူးလား။
တကယ်တမ်းတော့ မဟုတ်ချေ။
ကျန်းစန်းသည် မိုးကောင်းကင်နတ်ဆိုးအင်ပါယာ၏ ကိုယ်ပွားနှင့် အချိန်အတော်ကြာတိုက်ခိုက်ခဲ့၏။ ထို့ပြင် သူ့ကိုယ်သူ ထိခိုက်နာကျင်စေနိုင်မည့် သိုင်းနည်းစနစ်များကို ထုတ်ဖော်အသုံးပြုခဲ့ရ၏။ ထို့ကြောင့် သူသည် အလွန်ပင် အားနည်းလို့နေခဲ့သည်။
ထိုအရာသည် ကုန်းရှန့်အတွက် အခွင့်အရေးဖြစ်လို့လာခဲ့၏။ အလွန်ဆန်းကြယ်ချင်ယောင်ဆောင်ခဲ့သော ဤလူသည် သာမာန်စိတ်နေစိတ်ထားမျိုးနှင့် ပြောဆိုဆက်ဆံနေသည်ဆိုပါက ကျိန်းသေပေါက် အလုပ် ဖြစ်လိမ့်မည်မဟုတ်ချေ။ ထို့ကြောင့် ကျွင်းချောင်ရှောင်းသည် ထိုသူအား ထျန်းယွမ်အကျဉ်းထောင်စေတီထဲသို့ စေလွှတ်ကာဖြင့် အားရာ၏ဂရုစိုက်မှုကို ခံစားစေခြင်းပင်။
အိုမင်းနေသည့်လူများကို လေးစားမှုထားသင့်သည်ဆိုသော်လည်း လက်ရှိအခြေအနေတွင် ဤကဲ့သို့ ပြုလုပ်ခြင်းကသာလျှင် ကောင်းမွန်သည့်အကျိုးဆက်ကို ရရှိမှာ သေချာနေ၏။ ကျန်းစန်း သည် မူလအားဖြင့် ဒဏ်ရာရရှိခဲ့၏။ ယခု အကျဉ်းထောင်စောင့်သုံးယောက်တို့၏ ဝိုင်းဝန်းပြုစုမှုကို ခံရပြီး သည့်နောက် ၎င်း၏ သံမဏိကဲ့သို့ မာကျောလှပါသည်ဆိုသော စိတ်ဓာတ်များ ပျက်ဆီးသွားခဲ့၏။
“ခင်ဗျားဘယ်သူလဲ”
ကျွင်းချောင်ရှောင်းသည် ရုတ်တရက်ထိုင်ချကာဖြင့် လက်များကိုယှက်ကာ မေးလိုက်သည်။
“ကျန်းစန်း”
“အနာဂတ်မှာ ခင်ဗျားကျုပ်ကိုမြင်ဘူးလား”
“မြင်... မြင်ဖူးပါတယ်”
“ခင်ဗျားက ဘယ်အနာဂတ်ကလာတာလဲ”
“မဟုတ်ဘူး၊ မဟုတ်ဘူး။ကျုပ်က အနာဂတ်ကို မြင်တဲ့စွမ်းရည်ရှိတာ။ အနာဂတ်ကနေ ရောက်လာတာမျိုးမဟုတ်ဘူး”
“ဪ”
ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ “ကျုပ်သိသလောက်ဆိုရင် အထက်စကြဝဠာတစ်ခုလုံးမှာ အနာဂတ်ကို မြင်နိုင်စွမ်းရှိတဲ့လူက ဝေပုကျိ တစ်ယောက်ပဲရှိတာ။ ဒီလူနဲ့ ခင်ဗျားက ဘာတွေပတ်သက်နေလဲ”
“........”
ကျန်းစန်းသည်တိတ်ဆိတ်ငြိမ်သက်သွားသည်။
ဖြောင်း
ဘေးတစ်ဖက်တွင်ရပ်လျက်ရှိနေသည့် အားရာသည် သူမ၏လက်ထဲတွင်ရှိနေသော ကြာပွတ်ကို ဝှေ့ယမ်း လိုက်၏။
ကျန်းစန်းသည် ကြက်သီးများထသည်ထိ ထိတ်လန့်သွားခဲ့၏။ ပြီးနောက် အလောတကြီးဖြင့်ပြောလိုက်သည်။ “ဝေ.. ဝေပုကျိက ကျုပ်ဆရာပါ”
ဤအဖြေသည် ကုန်းရှန့်အား အနည်းငယ်အံ့အားသင့်စေ၏။ အဘယ့်ကြောင့်ဆိုသော် တစ်ဖက်လူသည် ဝေပုကျီဖြစ်လိမ့်မည်ဟု ထင်မှန်းထားခဲ့၏။ သို့ပေမဲ့ တပည့်ဖြစ်လို့နေခဲ့၏။ “ခင်ဗျားရဲ့ဆရာဘယ်မှာလဲ”
“ကျုပ်ဆရာက သေဆုံးသွားခဲ့ပါပြီ” ကျန်းစန်း၏မျက်လုံးထဲတွင် ဝမ်းနည်းမှုများပေါ်ပေါက်လာခဲ့၏။ သူသည် ကျိန်းသေပေါက် သရုပ်ဆောင်နေခြင်းမဟုတ်ပေ။
“အင်း... သူ ဒဏ်ရာရခဲ့တာလား”
“ကောင်းကင်ရဲ့လျှို့ဝှက်ချက်ကို လှမ်းမျှော်ကြည့်ရှုဖို့ ကြိုးစားတဲ့အချိန်တိုင်း အသက်ဓာတ်တွေကုန်ဆုံး ခဲ့တယ်။ ကျုပ်ဆရာက ကောင်းကင်ရဲ့အပြစ်ပေးမှုကနေ မလွန်ဆန်နိုင်ခဲ့ဘူး”
“.........”
ကျွင်းချောင်ရှောင်းသည် တိတ်ဆိတ်ငြိမ်သက်သွားခဲ့၏။ ကံကြမ္မာဖတ်သောသူများသည် အသက်တို တတ်သည်ဟု သူကြားခဲ့ဖူး၏။ ထို့ပြင် ကောင်းကင်၏ လျှို့ဝှက်ချက်များကို ကြည့်ရှုနိုင်စွမ်းရှိသူများ သည် ဆိုးရွားလှသည့် ဘေးထွက်ဆိုးကျိုးကို ခံစားကြရ၏။
“ဂိုဏ်းချုပ်ကျွင်း”
ကျန်းစန်းသည် ဦးခေါင်းကို မော့လိုက်၏။ သူ၏မျက်နှာသည် တည်ကြည်လေးနက်လျက်ရှိသည် “ကျုပ်က လူကောင်းတစ်ယောက်ပါ။ လူဆိုးမဟုတ်ဘူး”
“လူကောင်းနဲ့ လူဆိုးဆိုတာ စကားလုံးပေါ်မှာ အမှီအခိုပြုနေတာမဟုတ်ဘူး”
ကျွင်းချောင်ရှောင်းက ထပ်မံကာ မေးမြန်းလိုက်၏။ “ခင်ဗျားက ပါကျဲနဲ့လည်းသူငယ်ချင်းလို့ပြောတယ်။ သူကဘယ်သူလဲ”
“ပါကျဲဟုတ်လား” ကျန်းစန်းသည် ဤမေးခွန်းကို မဖြေခဲ့ချေ။
သို့ပေမဲ့ အားရာ၏ ကြာပွတ်သံကို ကြားရသည့်အချိန်မှာတော့ သူသည် မြန်မြန်ဆန်ဆန်နှင့် ဖြေဆိုလိုက်၏။ “ဂိုဏ်းချုပ်ကျွင်း သူ့ကိုသိပါတယ်။ ပါကျဲ ဆိုတာ ကျုပ်သပ်သပ်စတာပါ”
“ဪ” ကျွင်းချောင်ရှောင်းသည်အနည်းငယ်အံအားသင့်သွား၏။
ကျန်းစန်းက ပြောလိုက်သည်။ “တကယ်တော့ သူက ပုံပြင်တွေပြောရတာ နှစ်သက်တဲ့လူ”
ထိုစကားကိုကြားရသည့်အချိန်မှာတော့ ကျွင်းချောင်ရှောင်းသည် ကုကျောင်းရှစ် တစ်ခါကပြောဆိုခဲ့ဖူးသည့် ပုံပြောသူတစ်ယောက်အကြောင်းကို ပြန်လည်ကာသတိရလိုက်၏။ စကြဝဠာထဲသို့ လှည့်လည်ကာ ခရီး သွားလာရန် ရွေးချယ်ရသည့် အဓိကအကြောင်းအရင်းသည် ထိုသူ၏စကားကြောင့်ပင်ဖြစ်၏။
ပုံပြောသူနှင့် ကံကြမ္မာဖတ်သူ - ကျန်းစန်းနှင့်ထိုသူတို့သည် ပြည့်စုံတဲ့ ပေါင်းဖက်မှုပင်ဖြစ်ပေလိမ့်မည်။
“သူ ဘယ်မှာလဲ”
“သူက စကြဝဠာတစ်ခုလုံးကို လှည့်လည်သွားလာရတာကို နှစ်သက်တယ်လေ။ သူ ဘယ်မှာလဲဆိုတာ ဘုရားမှပဲ သိလိမ့်မယ်”
.....
ကျွင်းချောင်ရှောင်းသည် လိုရင်းကိုသာ ပြန်လည်ကာပြောဆိုလိုက်၏။ “သူရဲ့အနာဂတ်ကို မြင်ခဲ့ရတဲ့ တပည့်တစ်ယောက် ကျုပ်မှာရှိတယ်”
“ကျုပ် ဘာမှမချန်ထားခဲ့ဘူး” ကျန်းစန်းသည် အလောတကြီးဖြင့် ငြင်းပယ်လိုက်သည်။
ရီရှင်းချန်၏ အတိတ်ဘဝအကြောင်းနှင့်ပတ်သက်၍ ကုန်းရှန့်သည် အစောကြီးတည်းကသိရှိပြီးဖြစ်၏။ ထိုအရာသည် ညအင်ပါယာချန်ခဲ့သည့်အရာဖြစ်ကြောင်းကို သူသိရှိပြီးဖြစ်သည်။ လေးလေးနက်နက်နှင့် သူက မေးမြန်းလိုက်မိ၏။ “ဘယ်သူချန်ထားလဲဆိုတာ အရေးမကြီးဘူး။ ဒါပေမဲ့ အနာဂတ်ကိုပြောင်းလဲလို့ ရလား၊ မရလားဆိုတာကို သိချင်တယ်”
ကျန်းစန်းသည် ထိုစကားကိုကြားသည့်အခါမှာ တုန်လှုပ်သွား၏။ “ဂိုဏ်းချုပ်ကျွင်းက အနာဂတ်ကို ပြောင်းလဲချင်တာလား”
အားလုံး၏အနာဂတ်ဆိုသည်မှာ ကောင်းကင်တာအို၏ သေသေချာချာ စီရင်ချမှတ်ခြင်းကို ခံထားရသည့် အရာများသာလျှင် ဖြစ်၏။ ထိုအရာကို ကျော်ဖြတ်ဖို့ဆိုလျှင် ကောင်းကင်တာအိုနှင့် တူညီသည့်အဆင့် တည်ရှိနေဖို့လိုအပ်သည်။
“ကျုပ်ရဲ့ ကံကြမ္မာက ကျုပ်ရဲ့လက်ထဲမှာ။ ကောင်းကင်ရဲ့လက်ထဲမှာရှိတာမဟုတ်ဘူး”
ကျွင်းချောင်ရှောင်း သည် ပေါ့ပေါ့ပါးပါးပြောလိုက်၏။ “ဘာလို့ပြောင်းလဲလို့ မရရမှာလဲ”
“.........” ကျန်းစန်း၏နှုတ်ခမ်းထောင့်များသည် တုန်ယင်သွားခဲ့၏။ သူသည် သူ၏ဆရာ ဝေပုကျိ နောက်သို့လိုက်ပြီး ကံကြမ္မာဖတ်သည့် အတတ်ပညာကိုလေ့လာခဲ့၏။ အနာဂတ်သည် တိကျသေချာသည့် ဖြစ်စဉ်များဖြင့် တည်ရှိနေသည့်အရာဖြစ်ကြောင်း ထပ်တလဲလဲ သတိပေး မှာကြားခြင်းကိုခံခဲ့ရ၏။ ဤအရာကို မည်သူမျှ ပြောင်းလဲ၍မရနိုင်ချေ။ မဟုတ်ပါက ကောင်းကင်ရဲ့အပြစ်ပေးမှုကိုခံရပေလိမ့်မည်။
ကောင်းကင်၏အပြစ်ပေးမှုဆိုသည်မှာ ဘာလဲ။ သူသည်အနာဂတ်ကိုမြင်နိုင်စွမ်းရှိသည်။ သို့ပေမဲ့ အလုံးစုံ သိရှိနိုင်သည့် စွမ်းရည်မျိုးသူ့တွင် မရှိချေ။ ကျွင်းချောင်ရှောင်း၏ လျှောက်မည့်လမ်းကို ကြည့်ရှုရမည်ဆိုလျှင် ကောင်းကင်ပေါ်တွင် ပုန်ကန် တော့မည့်ပုံပင်။
“ဂိုဏ်းချုပ်ကျွင်း”
ကျန်းစန်းသည် လေးလေးနက်နက်ပြောလိုက်၏။ “အထက်စကြဝဠာတစ်ခုလုံးမှာ မြက်ပင်၊ သစ်ပင်၊ တောင်၊ ကျောက်တုံး၊ သတ္တဝါပေါင်းစုံတို့အားလုံးက မွေးဖွားလာတာနဲ့တစ်ပြိုင်နက် သူတို့အတွက် အရှေ့မှာ ဘာဖြစ်ရမလဲဆိုတဲ့ ကံကြမ္မာကအလိုလို တည်ရှိပြီးသားပဲ။ ဒါကြီးကို အတင်းပြောင်းလဲချင်တယ် ဆိုရင် ကောင်းကင်တာအိုက သည်းခံနေမှာမဟုတ်ဘူး”
“ခင်ဗျားဆိုလိုတာက ပြောင်းလဲလို့မရဘူးလို့ ပြောချင်တာလား”
“အရာအားလုံးဆီမှာ ကိုယ်ပိုင်ကံကြမ္မာဆိုတာ ရှိပြီးသား။ ဒါကို အတင်းတွန်းအားပေးပြီး ပြောင်းလဲဖို့ မဖြစ်နိုင်ဘူး”
“အားရာ”
ကျွင်းချောင်ရှောင်းသည် အသာလှည့်လိုက်၏။ သူ၏လက်နှစ်ဖက်ကို နောက်ပစ်လိုက်၏။ “သူ့ကို နည်းနည်းလောက်ထပ်ပြီး ဂရုစိုက်လိုက်အုံး”
“ကောင်းပါပြီ” အားရာသည် ဝိညာဉ်ဖိနှိပ်ခြင်းကြာပွတ်ကို မြှောက်လိုက်သည်။
“မလုပ်.. မလုပ်.. မလုပ်ပါနဲ့” ကျန်းစန်းသည် ချက်ခြင်းပဲကြောက်လန့်သွားခဲ့၏။ ထို့ကြောင့် သူသည် တစ်စုံတစ်ခုကို အပြင်းအထန် တွေးတောတော့၏။ ပြီးနောက် ကျယ်လောင်စွာပြောလိုက်၏။ “တကယ်လို့ ဂိုဏ်းချုပ်ကျွင်းအနေနဲ့ အန္တိမလမ်းစဉ်ကိုကျော်ဖြတ်ပြီးတော့ သူတော်စင်တို့ရဲ့ အထက် တည်ရှိသူဖြစ်လာမယ်ဆိုရင် ကောင်းကင်တာအိုရဲ့အပြစ်ပေးမှုကို ခံရမှာမဟုတ်ဘဲ စိတ်ရှိတဲ့အတိုင်း တခြားသူတွေရဲ့ကံကြမ္မာကို ပြောင်းလဲနိုင်လိမ့်မယ်”
“ပိုပြီးတိတိကျကျပြော”
“.........”
ခဏလောက်တွေးတောပြီးသည့်နောက် ကျန်းစန်းကပြောလိုက်၏။ “ကျုပ်ဆရာသခင်က ပြောခဲ့ဖူးတယ်။ သိုင်းပညာ၊ ဓားပညာ၊ အစီအရင်၊ ဆေး၊ ပန်းပဲ၊ ပန်းပု၊ အဆောင်နှင့် ကံကြမ္မာဖတ်ခြင်း အားလုံးကို ပေါင်းစပ်နိုင်တဲ့ ဒဏ္ဍာရီလာ ပုဂ္ဂိုလ်တစ်ပါးရှိခဲ့တယ် သူက ဉာဏ်အလင်းခုနှစ်မျိုးကို နားလည်ခဲ့ပြီး တဲ့နောက်မှာ သက်တန့်ရောင်သူတော်စင်ဆိုတဲ့ နာမည်ကိုရရှိခဲ့တယ်”
“ဟုတ်လား” ကျွင်းချောင်ရှောင်းသည် မျက်လုံးပြူးသွားမိ၏။ သူသည် ဆယ်စုနှစ်ကျော် အချိန်ကြာ ဂိမ်းဆာဗာခိုးယူသူတစ်ယောက် ဖြစ်သည်ဆိုသော်လည်း ဓားကျင့်ကြံသူတစ်ယောက်သာလျှင် ဖြစ်ခဲ့၏။ ပန်းပဲပညာနှင့် ပတ်သက်လျှင် အနည်းငယ်ကိုသာသိရှိသည်။ သို့ပေမဲ့ သက်တန့်ရောင် သူတော်စင်မှာတော့ ခုနှစ်မျိုးလုံးကို ဉာဏ်အလင်းပေါက်ပြီး နားလည်လို့နေခဲ့သည်။
“အံ့အားသင့်စရာပဲ။ မဟုတ်ရင် သူ့ကိုဘယ်လိုဖြစ်ပြီးတော့ ဒဏ္ဍာရီလာပုဂ္ဂိုလ်လို့ခေါ်မှာလဲ”
“ဒါဆိုရင် စီနီယာ သက်တန့်ရောင်သူတော်စင်က အနာဂတ်ကို ပြောင်းလဲနိုင်လား”
“ပြောင်းလဲနိုင်တာပေါ့”
ကျန်းစန်းသည်လေးလေးနက်နက်ပြောလိုက်၏။ “ကျုပ်ဆရာတစ်ကြိမ်တုန်းက ပြောခဲ့ဖူးတယ် စီနီယာသက်တန့်ရောင်သူတော်စင်က အန္တိမကုန်းမြေထဲကို မဝင်ရောက်ခင်မှာ ကောင်းကင်ဘုံ ကံကြမ္မာဖတ်ခြင်းနည်းလမ်းကို ချန်ထားခဲ့တယ်။ ဒါကို ကံကောင်းလို့ ရှာဖွေတွေ့ရှိတဲ့ လူတွေက ကောင်းကင်တာအိုကို လျစ်လျူရှုပြီးတော့ အတိတ်နဲ့အနာဂတ်ကိုပြောင်းလဲနိုင်တယ်”
ကျွင်းချောင်ရှောင်း၏မျက်လုံးများသည် ပြူးကျယ်သွားခဲ့၏။ အနာဂတ်ကိုပြောင်းလဲဖို့ဆိုတာ နားလည် လက်ခံ၍ ရသည်။ အတိတ်ကိုပြောင်းလဲဖို့ဆိုသည်မှာတော့ လွန်လွန်းလှ၏။ ဤသက်တန့်ရောင် သူတော်စင် သည် တကယ်ပဲ စွမ်းအားမြင့်ကျင့်ကြံသူတစ်ယောက်ဖြစ်ပုံပေါ်၏။ အနာဂတ်တွင် ထိုသူနှင့်တွေ့ဆုံရသည် ဆိုပါက ကျိန်းသေပေါက် ယုံကြည်ချက်ရှိရှိနှင့် မေးမြန်းချင်သည်။ “စီနီယာ ခင်ဗျားဆီမှာ ပေါင်ဘယ်နှစ်ခုရှိသလဲ။ ကျုပ်ဘယ်ပေါင်ကိုဖက်ရင်ကောင်းမလဲ”
“ကောင်းကင်ဘုံ ကံကြမ္မာဖတ်ခြင်း စာအုပ်က ဘယ်နေရာမှာလဲ” ကျွင်းချောင်ရှောင်းကမေးမြန်းလိုက်၏။
ကျန်းစန်းသည် နာနာကျင်ကျင်နှင့်ပြောလိုက်သည်။ “စာအုပ်က ဘယ်နေရာမှာရှိလဲ ဆိုတာက ခုချိန်ထိ ဆန်းကြယ်မှုအဖြစ် တည်ရှိနေတုန်းပဲ။ ဘယ်သူမှသိကြဘူး”
“ဒီတော့”
ကျွင်းချောင်ရှောင်းသည် တည်ကြည်လေးနက်သည့်မျက်နှာဖြင့် ပြောလိုက်၏။ “ဒီလောက် အချိန်တွေအကြာကြီးပြောပြီးတဲ့နောက်မှာ ဘာမှလည်းထူးခြားမလာပါလား”
ကျန်းစန်းကပြောလိုက်သည်။ “ကျုပ် သိသလောက် ပြောပြပြီးပြီလေ။”
......
ကျွင်းချောင်ရှောင်းသည် အတွေးနက်သွားမိ၏။ သူ့အနေနှင့် အားရာကို ဆက်လက်ကာ ဂရုမစိုက်ခိုင်း တော့ချေ။ သူသည် စာကြည့်ခန်းထဲသို့ ပြန်လာပြီးသည့်နောက် အသာထိုင်ချလိုက်၏။ ကုပ်ပိုးကို ပွတ်သပ်ကာ ပြောလိုက်မိ၏။ “အင်း... ကောင်းကင်ဘုံ ကံကြမ္မာဖတ်ခြင်း စာအုပ်ကို ဘယ်လိုရှာရင်ကောင်းမလဲ”
“မမေးနဲ့”
စနစ်ကပြောလိုက်သည်။ “မင်း စတိုးထဲကိုသာသွားလိုက်တော။ ပြီးတော့ တခြားလျှို့ဝှက် နယ်မြေတစ်ခုက စတိုးထဲမှာ ရှိနေသေးတယ်နော်”
ကျွင်းချောင်ရှောင်းသည် စိတ်တိုစွာပြောလိုက်၏။ “အတိတ်နဲ့အနာဂတ်ကိုပြောင်းလဲနိုင်တဲ့ ရတနာ ရှိတယ်ဆိုရင်တောင်မှာ ငါ့ဆီမှာဝယ်ဖို့အတွက် အမှတ်တွေရှိတယ် လို့ မင်းထင်နေတာလား”
“အင်း.. ဘာပဲပြောပြော ကြုံရာလျှောက်ပြီးရှာနေတာထက်စာရင်တော့ ယုံကြည်ရပါတယ်”
.....
ကျွင်းချောင်ရှောင်းသည် တိတ်ဆိတ်ငြိမ်သက်သွား၏။ ပြီးနောက် စားပွဲပေါ်သို့ လက်များနှင့် တစ်တောက် တောက် ခေါက်လိုက်မိသည်။ သူ၏မျက်လုံးများသည် ရုတ်တရက်လင်းလက်သွား၏။ သူသည် စိတ်ကူးယဉ် လိုက်မိ၏။ “ငါက ဓားနဲ့သိုင်း နှစ်ခုကျင့်ကြံနေတဲ့ ကျင့်ကြံသူတစ်ယောက်။ ပြီးတော့ ဆေးပညာလည်း နည်းနည်းကျွမ်းတယ်၊ ဆေးပညာနဲ့ ပန်းပဲပညာလည်းနည်းနည်းကျွမ်းတယ်၊ ဒီတော့ ငါက အနာဂတ်က စီနီယာ သက်တန့်ရောင်သူတော်စင်လား”
“ချီးထဲမှ ... လုပ်ပြန်ပြီ” စနစ်သည် ရုတ်တရက်ထကာ အော်ဟစ်လိုက်မိသည်။