အခန်း ၁၉၀၆
Vol. 128 Ch. 1906
အပိုင်း (၁၉၀၆)
ကျန်းစန်းဆီကတဆင့် သက်တန့်ရောင်သူတော်စင်ဆိုသည်မှာ လမ်းစဉ်ခုနှစ်ခုကို အစပြုကာ မူရင်းဖြစ်တည် လာခဲ့သည့်နာမည်ဖြစ်ကြောင်း ကျွင်းချောင်ရှောင်းက နားလည်သိရှိခဲ့ရ၏။ ထိုသို့ဆိုလျှင် သူနှင့် အနည်းငယ်တော့ တူညီနေသည် မဟုတ်ပါလား။
ထိုအချင်းအရာနှင့်ပတ်သက်ပြီး စနစ်သည် မျက်နှာကိုထကာ ရိုက်ချင်စိတ်ပင်ပေါက်လျက်ရှိ၏။ ဓားတာအို၊ သိုင်းတာအိုနှင့် အစီအရင်တာအိုများ အားလုံးသည် လွယ်ကူသည်ဟု သတ်မှတ်ရမည်ဆိုလျှင်တောင်မှ ဆေးတာအို ဆိုသည်မှာ အလွန်နက်နဲခက်ခဲလွန်းလှ၏။ လက်ခံသူသည် ထိုအရာကို သုံးချိုးတစ်ချိုးပင် ထိတွေ့ ကိုင်တွယ် ဖူးခြင်း မရှိသေးချေ။ အဆောင်တာအိုနှင့် ကံကြမ္မာဖတ်ခြင်းတာအိုတို့ ဆိုလျှင် ပိုမိုကာ ဆိုးရွားသေး၏။
“အနာဂတ်မှာ ပါးပိတ်ရိုက်ခံရမှာမကြောက်ဘူးလား။”
“ဒီနေ့မှာ ငါပြောပြမယ်။ လက်ခံသူသာ သက်တန့်ရောင်သူတော်စင် ဖြစ်ခဲ့မယ်ဆိုရင် ငါ ကင်းမြီးကောက် ထောင်ပြီး ချီးစားပြလိုက်မယ်"
စနစ်၏အသံ သည် အမှန်ပင် တည်ကြည်ခိုင်မာလျက်ရှိနေပြီး ကျွင်းချောင်ရှောင်း၏ အသိစိတ်ပင်လယ်ထဲ ၌ ပဲ့တင်ထပ်လျက်ရှိ၏။
သူသည် မည်သို့မျှမနေနိုင်ဘဲ မျက်လုံးများချာချာလည်ကာပြောလိုက်မိသည်။ "တော်ပါတော့"
စိတ်ကူးယဉ်ခြင်းသည် စိတ်ကူးယဉ်ခြင်းသာလျှင်ဖြစ်၏။ ဟာသသည်လည်း ဟာသသာလျှင်ဖြစ်သည်။ ကျွင်းချောင်ရှောင်းသည် ကောင်းကင်ဘုံ ကံကြမ္မာဖတ်ခြင်း စာအုပ်ကို အမှန်ပဲ စိတ်ဝင် စားလျက် ရှိနေ၏။ ရီရှင်းချန်၏ အနာဂတ်ကို ပြောင်းလဲချင်သည်သာမက သူ၏လက်ထဲတွင် ထိုအရာသည်သာ တည်ရှိသည်ဆိုပါက အတိတ်နှင့်အနာဂတ်တို့ကို လိုက်လံကြည့်ရှုနိုင်စွမ်းရှိပြီး သူစိတ်လိုသည့်အတိုင်း ပြောင်းလဲနိုင်မှာမဟုတ်ပါလား။
"မဟုတ်သေးဘူး"
ကုန်းရှန့် ကပြောလိုက်သည်။ "ဒီလိုအရာသာ တကယ်ရှိတယ်ဆိုရင် ငါရအောင်ယူရမယ်"
"ပြဿနာက"
စနစ်သည်လှောင်ပြောင်လိုက်၏။ "မင်းရှာလို့မရတာပဲ"
......
ကျွင်းချောင်ရှောင်းသည် စနစ်ကို လျစ်လျူရှုလိုက်၏။ သူသည် မတ်တပ်ထရပ်ပြီး အစီအရင်ဟောခန်းဆီသို့ သွားလိုက်သည်။ တစ်စစီဖြုတ်ကာလေ့လာခြင်းကိုခံနေရသည့် ရှောင်ထျန်းစက်ရုပ်ကြီးကို ကြည့်ရှုပြီးနောက် သူကမေးမြန်းလိုက်၏။ "ဒါကို တုပပြီးပြုလုပ်လို့ရလား"
"အင်း အရမ်းခက်ခဲပြီး ရှုပ်ထွေးလွန်းတယ်"ထိုက်ရွှမ်အဘိုးအိုသည် ခေါင်းကိုခါယမ်းကာပြောလိုက်သည်။
"အချိန်လိုသေးတာပေါ့" ရှောင်ထျန်းစက်ရုပ်ကြီးသည် ပထမဦးဆုံးပေါ်လာပြီးသည့်နောက် အားလုံးသော သူတို့၏ စိတ်အာရုံကို စွဲဆောင်ခဲ့၏။ ထိုအရာသည် အစီအရင်ဟောခန်းဆီသို့ ရောက်ရှိပြီး တောက်လျောက် သုတေသန ပြုလုပ်ခြင်းကို ခံခဲ့ရ၏။ သို့ပေမဲ့ နည်းပညာပိုင်းဆိုင်ရာနှင့်ပတ်သက်ပြီး အနည်းငယ်သော ပြဿနာများ တည်ရှိနေသေးသည်ဖြစ်သောကြောင့် အလုံးစုံ တိုးတက်မှုမရရှိသေးချေ။
“ပြီးတော့”
ထိုက်ရွှမ်အဘိုးအိုသည် လေးလေးနက်နက် အမူအယာဖြင့်ပြောလိုက်၏။ "ဒါကို အရည်အသွေး ကောင်းမွန်တဲ့ ကျောက်ရိုင်းတုန်းတွေနဲ့ တုပပြီး ပြုလုပ်မယ်ဆိုရင်တောင်မှ စွမ်းအင်ထောက်ပံ့မှုက တကယ့်ကို ကြီးမားလိမ့်မယ်နဲ့တူတယ်”
ဤနှစ်ပိုင်းအတွင်း ကျွဲရိုင်းစက်ရုပ်များသည် မျိုးဆက်အလိုက် ပိုမိုကာ အဆင့်မြင့်တက်လာခဲ့၏။ စွမ်းအင် အဆင့်သည်လည်း တစ်ခုချင်းစီ ပိုမိုကာ တိုးတက်လာသည်။ သို့ပေမဲ့ လက်ရှိအချိန်မှာတော့ ယခုထက်ပိုမို၍ တိုးတက်အောင် ပြုလုပ်၍မရသော အခြေအနေဆီသို့ ရောက်ရှိနေပြီ ဖြစ်သည်။ ဤအရာသည် နောက်ဆုံး အဆင့်သို့ ရောက်ရှိနေခြင်းနှင့်လည်း တူညီနေသည်။
ဤကဲ့သို့သော အခြေအနေမျိုးတွင် ကျွင်းချောင်ရှောင်းသည် ရှောင်ထျန်း စက်ရုပ်ကြီးကို ယူဆောင်လာခဲ့၏။ ထို့ကြောင့် သူတို့သည် အားတက်သရောနှင့် လေ့လာနေမိကြ၏။
ဘေးတစ်ဖက်တွင်ရှိနေသည့် ပန်းပဲခန်းမဆောင်သည်လည်း ထိုကဲ့သို့ပင်။ မတူညီသည့်ပစ္စည်းအမျိုးမျိုးကို အသုံးပြုပြီးသည့်နောက် ပိုမိုကောင်းမွန်သည့်လက်နက်များ ကို ရရှိနိုင်ရန် အတွက် ထပ်တိုးသုတေသနပြုလုပ်မှုများကို လုပ်နေကြသည်။
“ဟင်း”
ကုန်းရှန့်သည် ကောင်းကင်ကိုမော့ကြည့်ကာ သက်ပြင်းချလိုက်မိ၏။ “အခုချိန်မှာ ငါ ပိုပြီးကြိုးစား ရအုံးမှာပဲ”
တကယ်တော့ အစီအရင်ဟောခန်းနှင့် ပန်းပဲခန်းမဆောင်တို့ကို အပြစ်တင်၍လည်းမရနိုင်ချေ။ ၎င်းတို့ အားလုံးတွင် နည်းပညာရှိမည်ဆိုလျှင်တောင်မှ လုံလောက်သည့်အရင်းအမြစ်များမရှိသေးချေ။ ထိုကဲ့သို့သောအရာများ၏ စွမ်းအင်လောင်ကျွမ်းမှုကို အင်မော်တယ်တေးသံ၏စွမ်းအင်များနှင့် အစား ထိုး၍ မရနိုင်ပေဘူးလား။
မရနိုင်ပေ။ ပြိုင်စံရှားဂိုဏ်း၏ လက်ရှိအဆင့်သည် ဤစွမ်းအင်ကို ထိတွေ့စမ်းသပ်အသုံးပြုသည့် အခြေအနေ မျိုး၌သာ တည်ရှိနေသေး၏။ ထို့ကြောင့် လက်နက်ပစ္စည်းအသုံးအဆောင်များ၌ ထိုအရာများကို ထည့်သွင်းပြီး မောင်းနှင်အသုံးပြုဖို့ဆိုသည်မှာ မဖြစ်နိုင်သေးချေ။
“တကယ်တော့”
တစ်ချိန်လုံးငြိမ်သက်လျက်ရှိနေသည့် ထိုက်ရွှမ် အဘိုးအိုသည် ရုတ်တရက်ထကာ ပြောလိုက်၏။ “အခွင့်အရေးရမယ်ဆိုရင် ကြယ်တာရာစိတ်ဝိညာဉ်လောကဆီကို သွားရမယ်”
ကျွင်းချောင်ရှောင်းသည် မျက်လုံးများလင်းလက်သွား၏။ ဤဂြိုဟ်သည် အစီအရင်နည်းပညာနှင့် ပတ်သက်လျှင် တကယ်ပဲအဆင့်မြင့်လွန်းသည်။ ထို့ကြောင့် ဤနေရာဆီသို့သွားရောက်ရလျှင် ကြီးမားသည့် အကျိုးကို ရရှိမှာ သေချာ၏။
ဟုတ်ပေသည်။ ကျွင်းချောင်ရှောင်းအနေဖြင့် ဧည့်သည်အဖြစ် ဘယ်တော့မှသွားလိမ့် မည်မဟုတ်ချေ။
ခရက်
သူသည် လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ပြီးသည့်နောက် ဦးခေါင်းကိုခါယမ်းလိုက်သည်။ ပြီးနောက် အေးစက်သည့်မျက်လုံးအသွင်အပြင်နှင့်ပြောလိုက်သည်။ “အကြွေးဟောင်းကို ရှင်းရမဲ့အချိန်ရောက်ပြီပဲ”
ကျွင်းချောင်ရှောင်းအနေနှင့် ကြယ်ကြွေကုန်းမြေတိုက်ကြီး ဖျက်ဆီးခံရသည့်အတွက် ဖြစ်တည်ခဲ့ရသော အမုန်းတရားကိုဘယ်တော့မှ မေ့လျော့လိမ့်မည်မဟုတ်ချေ။ မိုးကောင်းကင်နတ်ဆိုးအင်ပါယာနှင့် ထိပ်တိုက် ရင်ဆိုင်မတိုက်ခိုက်နိုင်သေးဘူးဆိုလျှင်တောင်မှ ကြယ်တာရာစိတ်ဝိညာဉ်လောကကိုတော့ ယှဉ်ပြိုင် တိုက်ခိုက်လို့ ရနိုင်သည်။
“ရှင်းရောင်”
ကျွင်းချောင်ရှောင်းသည် အသံပို့လွှတ်လိုက်၏။ "ကြယ်တာရာစိတ်ဝိညာဉ်လောကဆီကို သွားရအောင်”
“ကောင်းပါပြီ”
ပဲ့ခန်းထဲတွင် ထိုင်နေလျက်ရှိနေသည့် ရှန့်ကွမ်းရှင်းရောင်သည် ကြယ်တာရာမြေပုံကိုဖွင့်ပြီးသည့်နောက် တခြားသော စကြဝဠာပတ်လမ်းတွင်ရှိနေသည့် ကြယ်တာရာစိတ်ဝိညာဉ်လောကဆီသို့ သွားရန် ဦးတည် လိုက်တော့သည်။
ဝုန်း ဝုန်း ဝုန်း
ရွက်သင်္ဘောကြီးသည် မြင်ကွင်းမှပျောက်ကွယ်သွားခဲ့၏။
ဒွီး ဒွီး ဒွီး
“ကြယ်တာရာစိတ်ဝိညာဉ်လောကဆီသို့ရောက်ရှိရန် ခန့်မှန်းအချိန် တစ်နှစ်”
“တစ်နှစ်ဟုတ်လား”
ကျွင်းချောင်ရှောင်းကပြောလိုက်သည်။ “အင်း အချိန်တော်တော် ကြာသေးတာပဲ ရွက်သင်္ဘောတွေ ထပ်လုပ်အုံး”
“နားလည်ပါပြီ” ထိုက်ရွှမ်အဘိုးအိုသည် ထိုအရာကို ကြားသည့်အချိန်မှာတော့ အစီအရင်အဖွဲ့ဝင်များကို ဦးဆောင်ကာဖြင့် အချိန်နှင့်တည်နေရာလျှို့ဝှက်နယ်မြေထဲသို့ ဝင်ကာ ရွက်သင်္ဘောများကို တည်ဆောက်တော့၏။ မကြာခင်မှာပဲ ပန်းပဲခန်းမဆောင်၏ အဖွဲ့ဝင်များအားလုံးသည် ဖန်းရီကျိ၏ ဦးဆောင်မှုနှင့်အတူ ရောက်ရှိလာခဲ့ကြ၏။
ချက်ချင်းပဲ ပြိုင်စံရှားဂိုဏ်းမှ လူများသည် လေးနက်သွားခဲ့ကြ၏။ တပည့်တော်တော်များတို့သည် ဂိုဏ်းချုပ်၏ အမိန့်ပေးမှုကို မရရှိသည်ဆိုလျှင်တောင်မှ အားလုံးသောသူတို့သည် ပြင်းပြင်းထန်ထန်နှင့် ကြိုးစားလေ့ကျင့်လျက်ရှိနေ ကြ၏။ ၎င်းတို့သည် အင်မော်တယ်(ကောင်းကင်) တေးသံ၏ စွမ်းအင်များကို နားလည်ရန် ကြိုးစားကြသည်။
မိုးကောင်းကင်နတ်ဆိုးအင်ပါယာ၏ ရွက်သင်္ဘောထောင်ချီတို့ကို တိုက်ခိုက်သတ်ဖြတ်ခဲ့ပြီးသည့်နောက် ၎င်းတို့အားလုံးသည် ထပ်လာမည့်တိုက်ပွဲများမှာ ပိုမိုကာကြမ်းတမ်းမည်ဖြစ်ကြောင်းကို သိရှိပြီးဖြစ်သည်။ ပြိုင်စံရှားဂိုဏ်း၏ အဖွဲ့ဝင် တစ်ယောက်အနေဖြင့် မိမိကိုယ်ကို တိုးတက်အောင်ပြုလုပ်ရသည်မှာ သဘောသဘာဝအတိုင်းပင်။ ၎င်းတို့အားလုံးသည် တိုက်ပွဲတွင် အနိုင်ရရန် လိုအပ်သလို မသေဆုံးရန်လည်း လိုအပ်လေ၏။
ဟူး
တောင်ထွတ်တစ်ခုပေါ်မှာတော့ သင်္ကန်းကိုဝတ်ဆင်ထားသည့် တုနန်သည် မျက်လုံးကို ဖြည်းညှင်းစွာ ဖွင့်လိုက်၏။ ပြီးနောက် တီးတိုးပြောလိုက်သည်။ “ကောင်းကင်နဂါး၊ ဗုဒ္ဓ”
ဟူး ဟူး
ရုတ်တရက် လက်ကြီးတစ်ဖက်သည် သူ့အား လာရောက်ကာဖမ်းဆုပ်၏။
အားရား အားရား
တုနန်သည် ရုန်းကန်လျက်ရှိနေ၏။ ဘေးတစ်ဖက်တွင်ရှိနေသည့် ရောင်မုန့်ယဉ်သည် သူမ၏ဆံနွယ်ရှည် များကို အသာသပ်တင်ကာ အေးစက်စက်ပြောလိုက်သည်။ “ဆရာကြီးလိုလို၊ ဘာလိုလို လုပ်မနေနဲ့။ မြန်မြန်သွားပြီး ခြံဝင်းကို တံမြက်စည်းလှည်းတော့”
“ခင်ဗျား ခင်ဗျား”
ဖမ်းဆုပ်ခံထားရသည့် တုနမ်သည် လက်သီးကိုဆုပ်ကာပြောလိုက်၏။ “ယောက်ျားကောင်း တစ်ယောက်က မိန်းမနဲ့ဘယ်တော့မှ မတိုက်ခိုက်ဘူး။ အော်မီတောဖော”
ဝုန်း ဝုန်း ဝုန်း
.......
“ပါးစပ် ထပ်ဟရဲ ဟကြည့်”
......
ရှရွှေယွင်သည် ပါးစပ်အဟောင်းသားဖြစ်လို့နေခဲ့၏။ စုရှောင်မိုသည် ခွာလျက်ရှိနေသည့် ပန်းသီးတစ်စိတ် အား သူမ၏ ပါးစပ်ထဲထည့်ကာ ပြုံးလိုက်သည်။ “ချိုတယ်မလား”
“အင်း... အနာဂတ်မှာ နေ့တိုင်း ဒီလိုကျွေးမယ်။ ကောင်းပြီလား”
.....
ရှရွှေယွမ်သည် ဦးခေါင်းကိုငုံ့ထားမိ၏။ ပြီးသည့်နောက် စုရှောင်မို၏ ပေါင်ကို လက်သည်းနှင့်ဆိတ်ကာ တီးတိုး ပြောလိုက်၏။ “ဒီမှာ လူတွေအများကြီးရှိနေတယ်။ ရှင်ဒီလိုပြောနေတာမရှက်ဘူးလား”
၎င်းတို့နှစ်ယောက်သည် စားသောက်ခန်းထဲတွင် ထိုင်နေကြခြင်းပင်။ ပတ်ဝန်းကျင်တွင်လည်း ဂိုဏ်းတူ ရောင်းရင်းများ ရှိလို့နေသည်။
“ဟေး”
လီဖေးသည် စားပွဲပေါ်သို့ မေးတင်ကာဖြင့် အစားအစာများကို ပါးစပ်ထဲသို့ ထိုးထည့်လိုက်၏။ ပြီးသည့်နောက် ဝါးနေရင်းမှ လှမ်းပြောလိုက်၏။ “ငါတို့က အသားကျနေပါပြီ”
ဂိုဏ်း၏အပြင်ဘက် မေဘယ်လ်သစ်တောထဲမှာတော့ လီချင်းယန်သည် ရှောင်အာ၏ လက်ကို အသာကိုင်ကာဖြင့် လမ်းလျှောက်လျက်ရှိလေသည်။ သူသည် ရုတ်တရက် ရပ်တန့်ကာဖြင့် ပြောလိုက်သည်။ “တည်နေရာချိုးဖြတ်ခြင်းအဆင့်ကို အဆင့်ချိုးဖြတ်နိုင်ခဲ့ပြီလား”
“အင်း”
“အဆင့်ကြီးတွေကိုတော့ ချိုးဖြတ်နိုင်ခဲ့ခြင်းက သက်တမ်းကို နှစ်တစ်ထောင်လောက် တိုးထားနိုင် စေတယ်လေ။ ဒီနည်းလမ်းအတိုင်း ကြိုးစားတာက ကိုယ့်ကို ဂရုစိုက်တာနဲ့တူတူပါပဲ”
ထိုအချိန်မှာတော့ လီချင်းယန်သည် သူ၏မိန်းကလေးအား အသာပွေ့ဖက်လိုက်၏။
"တကယ်လို့ ကျွန်မ အိုမင်းလာမယ်ဆိုရင်ရော”
“အင်း အတူတူအိုမင်းကြတာပေါ့”
ထိုစကားကိုကြားသည့်ချိန်မှာတော့ ရှောင်အာသည် လီချင်းယန်၏ရင်ဘတ်ပေါ်သို့ မျက်နှာအပ်ကာဖြင့် ပြုံးလိုက်မိသည်။
......
အချိန်တွေကုန်လွန်ပြီး မျက်စိတစ်မှိတ်အတွင်း တစ်နှစ်ကို ကျော်လွန်သွားခဲ့၏။
ဟူး
ကျင်းဟီသည် ဝတ်စုံကို အသင့် ဝတ်ပြီးသည့်နောက် သေချာပြင်ဆင်လျက် ရှိနေတော့၏။ သူမသည် တစစီ ပြန်လည်တပ်ထားပြီဖြစ်သော ရှောင်ထျန်းစက်ရုပ်ကြီး၏ ရှေ့တွင် မတ်မတ်ရပ်လျက်ရှိသည်။
ဖြောက် ဖြောက်
ဆွစ်
ကျင်းဟီသည် ပဲ့ခန်းဆီသို့ လှမ်းတက်ပြီးသည့်နောက် ကျွမ်းကျင်စွာဖြင့် သူမဦးထုပ်ကို ဆောင်းလိုက်၏။ ပြီးနောက် အဓိက ထိန်းချုပ်မှုအခန်းဆီသို့ လှမ်းကာသတင်းပေးပို့သည်။ “အဆင့်သင့်ပါ”
“နံပါတ်ခြောက်ဆယ့်ခြောက်”
ရှဲရမ်ကွေ့၏အသံသည် သူမ၏နားထဲသို့ ဝင်ရောက်လာခဲ့၏။ “ကြယ်တာရာ စိတ်ဝိညာဉ်ဆီသို့ သွားတဲ့အချိန်မှာ သေချာဂရုစိုက်ရမယ်”
“နားလည်ပါတယ်” ကျင်းဟီသည် လက်နှစ်ဖက်ကို ထိန်းချုပ်သည့် အစီအရင်ပေါ်သို့တင်လိုက်သည်။
ဒွီ
မှေးမှိန်လျက်ရှိနေသည့် ရှောင်ထျန်းစက်ရုပ်ကြီး၏ မျက်လုံးများသည် လင်းလက်သွားခဲ့၏။ အေးစက်ပြီး ကြမ်းတမ်းလွန်းလှသည့် အော်ရာများသည် ရုတ်တရက် အသက်ဝင်လာခဲ့၏။
ဟူး ဟူး
တင်းတင်းပိတ်ထားသည့် ရွက်သင်္ဘောကြီး၏တံခါးသည် ပွင့်သွားခဲ့ပြီးသည့်နောက် စက်ရုပ်ကြီးသည် ဖြည်းညင်းစွာဖြင့် ရှေ့ဆီသို့ ထွက်လိုက်သည်။
“သွားကြစို့”
ဖြောက် ဖြောက် ဖြောက်
ဘုန်း
သို့ပေမဲ့ ရွက်သင်္ဘောထဲမှထွက်ပြီး အချိန်မှာတော့ စက်ရုပ်ကြီး၏ဦးခေါင်းသည် ဝင်ပေါက်တံခါးနှင့် ချိတ်မိကာဖြင့် အောက်သို့ပြုတ်ကျခဲ့၏။ ပြီးသည့်နောက် လက်များ၊ ခြေများသည် တစ်စစီဖြစ်ကာ မြေပေါ်တွင် ပျံ့ကျဲံသွားသည်။
“ဂိုဏ်းချုပ်… ဒါကျွန်မလုပ်တာမဟုတ်ဘူး။ သူတို့ သေသေချာချာပြန်မတပ်ထားတာ”
“မဟုတ်ဘူး မဟုတ်ဘူး။ သေသေချာချာစုံစမ်းပေးပါအုံး”
“မဟုတ်ဘူး။ အိမ်သာ ထပ်ပြီးမဆေးချင်တော့ပါဘူး”