အခန်း ၁၉၀၇
Vol. 128 Ch. 1907
အပိုင်း (၁၉၀၇)
“မတ်တပ်ရပ်စမ်း။ မတ်တပ်ရပ်စမ်း ခွေးသား” နှစ်ယောက်ယှဉ်ပြိုင်တိုက်ခိုက်နေသည့် ပတ်ဝန်းကျင် တည်နေရာတစ်ခုတွင် ဒေါသတကြီး ဆဲဆိုသံများ ထွက်ပေါ်နေ၏။
မြေပေါ်တွင် လဲလျောင်းလျက် ရှိနေသည့် သိုင်းကျင့်ကြံသူသည် တစ်ကိုယ်လုံး ဒဏ်ရာများ ဗရပွနှင့်ပင်။ သူ၏ ညဘက်ပခုံးထက်တွင်တော့ ဂဏန်းနံပါတ်လေးလုံးကို ရေးထိုးထားသည်။
မည်သူ ဖြစ်သနည်း။ နတ်ဆိုးဘိုးဘေးကြီးပင် ဖြစ်လေ၏။ ယခင်တုန်းက သူသည် ဝိညာဉ်အဖြစ် စကြဝဠာထဲသို့ ထွက်ပြေးခဲ့၏။ အဆုံးသတ်မှာတော့ ကြယ်တာရာစိတ်ဝိညာဉ်လောကဆီမှ စွမ်းအားမြင့် ကျင့်ကြံသူတစ်ယောက်၏ ဖမ်းဆီးခြင်းကို ခံရပြီး ခန္ဓာကိုယ်တစ်ခုထဲသို့ ထည့်သွင်းခြင်းကို ခံခဲ့ရသည်။ သူ၏ ကျေးကျွန်နံပါတ်သည် (၉၅၂၇) ဖြစ်၏။ သူသည် အထက်နယ်မြေသို့ ကျူးကျော်သည့်အဖွဲ့တွင် လိုက်ပါလာခဲ့ဖူးသည်။ ထိုအရာသည် နှစ်အနည်းငယ် ကြာမြင့်ပြီဖြစ်၏။
တစ်ဖက်လူသည် ကောင်းကောင်းမွန်မွန် နေထိုင်နေရသည်လား။ လက်ရှိ ဒဏ်ရာများကို ကြည့်ရှုရမည်ဆိုလျှင် ကောင်းကောင်းမွန်မွန် နေထိုင်ရပုံ မပေါ်ချေ။
ထိုတင်မကသေးချေ။ သေဆုံးသည်ထက်ပင် ပိုမိုကာ ဆိုးရွားသေး၏။ သူသည် ကြယ်တာရာစိတ်ဝိညာဉ်လောကထဲတွင် တည်ရှိလို့နေ၏။ ကောင်းကင်နှင့်မြေကြီး၏ ဓာတ်သဘာဝများ အလွန်အားကောင်းလွန်းသော တည်နေရာလည်း ဖြစ်၏။ စိတ်ဝိညာဉ်အရင်းအမြစ်များ၏ အဆင့်သည် ရွှမ်ယွမ်နယ်မြေနှင့် ကောင်းကင် ဖြတ်သန်းခြင်းလောကကြီးထက်ပင် ပိုမိုကာ ကောင်းမွန်၏။ ပထမတန်းစား လောကများထဲတွင် အကောင်းဆုံးသော လောကဟုပင် သတ်မှတ်နိုင်၏။
နတ်ဆိုးဘိုးဘေးကြီးသည် ဤတည်နေရာဆီသို့ ရောက်ရှိသည့်အချိန်မှာတော့ ကောင်းကင်နှင့်မြေကြီး ဓာတ်သဘာဝများ ပေါကြွယ်မှုကို ခံစားမိ၏။ သူသည် ရုတ်တရက် ထခုန်လုမတတ်ပင် စိတ်လှုပ်ရှားမိ၏။ ပြင်းပြင်းထန်ထန် အလုပ်ကြိုးစားပြီးသည့်နောက် ကောင်းမွန်သည့်အဆင့်ကို ရောက်ရှိလိမ့်မည်ဟု သူက စိတ်ကူးယဉ်မိသည်။
အထက်နယ်မြေဆီကို ပြန်လာပြီး ပြိုင်စံရှားဂိုဏ်းကို သတ်ဖြတ်ပစ်ရန် မျှော်လင့်နေမိသည်။ သို့ပေမဲ့ ဤနေရာဆီသို့ ရောက်ရှိပြီးသည့်နောက် တောတွင်းဥပဒေသည် အမှန်ပင် အရေးကြီးလို့နေခဲ့၏။ နတ်ဆိုးဘိုးဘေးကြီးသည် ကြယ်တာရာစိတ်ဝိညာဉ်လောကဆီသို့ ရောက်ရောက်ချင်းသာ ရှိသေး၏။ ထို့ကြောင့် အဆင့်နိမ့်ကျေးကျွန်အဖြစ် သတ်မှတ်ခြင်းခံရသည်။
သူသည် စိတ်ဝိညာဉ်ကျောက်တုံးမိုင်းတွင်းဆီသို့ ပေးပို့ခံရပြီး နေ့စဉ်နေ့တိုင်း မိုင်းတူးခြင်း လုပ်ငန်းကိုသာ ပြုလုပ်ရ၏။ သူသည် နတ်ဆိုးမျိုးနွယ်တစ်ခုလုံး၏ ဦးဆောင်သူတစ်ယောက်ဖြစ်သည်။ အဘယ်ကြောင့် သူသည် မိုင်းလုပ်သား တစ်ယောက်ကဲ့သို့ လုပ်ကိုင်နေရမည်နည်း။
နတ်ဆိုးဘိုးဘေးကြီးသည် ယခင်က မလိုက်လျောခဲ့ချေ။ ထို့ကြောင့် မိုင်းတွင်းကို စောင့်ရှောက်ကြသည့် သိုင်းကျင့်ကြံသူများ၏ ရိုက်နှက်ခြင်းကို ခံခဲ့ရ၏။ ပြောရမည်ဆိုလျှင် ဤလူသည် ဆရာကြီးတစ်ယောက်၏ ပုံပန်းသွင်ပြင်မျိုး ဖြစ်တည်ခဲ့သည်ဆိုလျှင်တောင်မှာ ကြယ်တာရာစိတ်ဝိညာဉ်လောကရှိ အစောင့်တစ်ယောက် ကိုပင် နိုင်အောင် တိုက်ခိုက်နိုင်စွမ်း မရှိခဲ့ချေ။
ဟုတ်ပေသည်။ စိတ်ဝိညာဉ်ကျောက်တုံး မိုင်းတွင်းများ ဆိုသည်မှာ အရေးကြီးသည့် အရင်းအမြစ်များ ဖြစ်၏။ ထို့ကြောင့် ဤတည်နေရာဆီသို့ ရောက်ရှိကာ စောင့်ရှောက်ရသူများသည် အလွန်ပင် အားကောင်း၏။ ညရောက်သည့်အချိန်မှာတော့ နတ်ဆိုးဘိုးဘေးကြီးသည် ဒဏ်ရာ ရထားသော ကြောင်တစ်ကောင်ကဲ့သို့ပင် ထောင့်တစ်ခု၌ ခွေခွေလေး လှဲလျက်ရှိသည်။ သူ၏ ဒဏ်ရာများကို လျှာနှင့်ယက်လျက်ရှိ၏။ မျက်ရည်များ သည်လည်း ဝိုင်းလို့နေသည်။
တစ်ဖက်လူများကို အနိုင်မယူသည်ဆိုမှတော့ အမိန့်နာခံရန်သာ တည်ရှိတော့၏။ ပြီးသည့်နောက်မှာတော့ စိတ်ဝိညာဉ်ကျောက်တုံးမိုင်းတွင်းတွင် သူရဲကောင်းတစ်ယောက် ပေါ်ပေါက်လာတော့၏။ ၎င်းသည် ဒဏ်ရာများ ဗရပွဖြစ်တည်နေသည့် ခန္ဓာကိုယ်နှင့်အတူ စောစောစီးစီးထ၏။ ပြီးနောက် တခြားသော ကျေးကျွန်များထက် နောက်ကျမှ စိတ်ဝိညာဉ်ကျောက်တုံး မိုင်းတွင်းဆီမှ ပြန်လေ၏။
သူ့အား တိုက်ခိုက်လိုခြင်း စိတ်ဆန္ဒများ ဆုံးရှုံးသွားခဲ့ပြီဟု တွေးတောမည်ဆိုလျှင် မှားယွင်းပေလိမ့်မည်။ နတ်ဆိုးဘိုးဘေးကြီးသည် ခဏတာ သည်းခံနေခြင်းဖြစ်သည်။ သူသည် ခက်ခဲပင်ပန်းမှုများ အားလုံးကို တောင့်ခံ ထား၏။ သူသည် အင်မော်တယ်အဆင့် ဂိုဏ်းကြီးဆယ်ဂိုဏ်းတို့၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရပြီးသည့်နောက် သေဆုံးခဲ့ဖူးသည်။
ဤလောကကြီးတွင် သေဆုံးသွားသည်ထက် ကြောက်ဖို့ကောင်းသည့်အရာဆိုသည်မှာ မည်သည့်အရာ ဖြစ်သနည်း။ မရှိပေ။
သူ .... နတ်ဆိုးဘိုးဘေးကြီးသည် လုံးဝအရှုံးပေးလိမ့်မည် မဟုတ်ချေ။ စိတ်ထဲတွင် ထိုကဲ့သို့သော အတွေးမျိုး ရှိသောကြောင့် သူသည် ပြင်းပြင်းထန်ထန် အလုပ်ကြိုးစားခဲ့ပြီး တစ်ချိန်တည်းမှာပဲ ကျင့်ကြံလျက် ရှိ၏။ သူ၏ ပြင်းပြင်းထန်ထန် အလုပ်ကြိုးစားမှုကို ပြသခဲ့ပြီးသည့်နောက် သူသည် လွတ်မြောက်မှုကို ရရှိခဲ့၏။
ထို့ကြောင့် သူသည် ကျယ်ပြောလွန်းလှသော ကြယ်တာရာ စိတ်ဝိညာဉ်လောကဆီသို့ စတင်ကာ လှည့်လည် သွားလာခဲ့ပြီး ဤဂြိုဟ်ကြီး၏ တည်နေရာများကို ကောင်းကောင်းနားလည်လာခဲ့၏။ အစစ်အမှန် ရှာဖွေခြင်း ထိပ်ဆုံးအဆင့်နှင့် နတ်ဘုရားလျို့ဝှက်နယ်မြေ ခြေလှမ်းဝက်အဆင့် ကျင့်ကြံသူများသည် နေရာအနှံ့တွင် တည်ရှိ နေ၏။
နတ်ဆိုးဘိုးဘေးကြီး၏ ပိုမိုအားကောင်းလိုသည့် စိတ်များသည် ပြင်းပြင်းထန်ထန် ဖြစ်တည်လာခဲ့၏။ ထို့ကြောင့် ပင်လျှင် တောများ၊ တောင်များ၏ အတွင်းပိုင်းဆီသို့ပင် စတင်ကာ ကျင့်ကြံခဲ့၏။ သူသည် သွေးခင်းသော ဘဝလမ်းကို စတင်ကာ လျှောက်လှမ်းခဲ့၏။ ခက်ခဲကြမ်းတမ်းမှုများသည် အားအကောင်းဆုံးသော အခြေအနေ ဆီသို့ ရောက်ရှိနိုင်သည်ဆိုသော သဘောတရားကို ကောင်းကောင်း နားလည်မိ၏။
..........
တောင့်တင်းပြီး ခိုင်မာလွန်းလှသော ကြွက်သားများ၊ ခန္ဓာကိုယ် အသွင်အပြင်များသည် သူ၏ အားအင်အဆင့် တိုးတက်လာသည်ကို အကောင်းဆုံး ဖော်ပြလျက် ရှိနေသည်။
.........
နတ်ဆိုးဘိုးဘေးကြီးသည် မြို့ထဲဆီသို့ ရောက်ရှိလာခဲ့ပြီးသည့်နောက် ဤတည်နေရာတွင် ပြိုင်ပွဲတစ်ခု ရှိသည်ဟူသော ကြေညာချက်ကို ကြားလိုက်ရ၏။ အနိုင်ရရှိသူသည် အဆင့်မြင့်စိတ်ဝိညာဉ်ကျောက်တုံးများကို ဆုလာဘ်အဖြစ် ရရှိပေမည်။ ထို့ကြောင့် သူသည် ချက်ချင်းပဲ စာရင်းပေးသွင်းခဲ့၏။ တိုက်ခိုက်မှု မစတင်ခင် မှာတော့ ထိုင်ခုံတွင် အေးစက်စက်ဖြင့် ထိုင်လျက်ရှိပြီး ပြုံးလိုက်မိ၏။ “အင်း... ငါ့ကိုငါ သွေးနဲ့ သက်သေပြမှ ဖြစ်မယ်”
ဘုန်း
“ထစမ်း၊ ထစမ်း” နတ်ဆိုးဘိုးဘေးကြီးသည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထား၏။ သူသည် ဒေါသတကြီး အော်ဟစ်ကာဖြင့် ဖြည်းညှင်းစွာ ထလိုက်၏။ သို့ပေမဲ့ သူမထနိုင်ခင်မှာပဲ မျက်နှာကို ကန်ကျောက်ခြင်းကို ခံလိုက် ရသည်။ ခန္ဓာကိုယ်တစ်ခုလုံးသည် လွင့်စင်သွားခဲ့ပြီး အပြင်ဘက်နံရံတစ်ခုလုံးနှင့် သွားရောက်ကာ ရိုက်မိ၏။ သူသည် သွေးများ အန်ထွက်လာခဲ့၏။ သွေးများ ကျဆင်းလာခဲ့၏။ သူ့ကိုသူ သက်သေမပြနိုင်ခဲ့ချေ။
“တစ်၊ နှစ်၊ သုံး” ဒိုင်လူကြီးသည် တစ်ဆယ်အထိ ရေတွက်လိုက်၏။ နတ်ဆိုးဘိုးဘေးကြီး၏ ပထမဦးဆုံး တိုက်ပွဲ သည် ရှုံးနိမ့်မှုနှင့်သာ အဆုံးသတ်ခဲ့ရ၏။ သူသည် စင်မြင့်ပေါ်မှ ထမ်း၍ချစရာပင် မလိုချေ။ တစ်ခါတည်း အောက်သို့ ရောက်ရှိနေ၏။
“ချီးတဲ့မှ... ငါ အမှားကြီး လုပ်မိပြီပဲ။ ဒီကောင့်ကို အရမ်းမာတဲ့လူတစ်ယောက်လို့ ထင်ထားတာ။ တကယ်တော့ အမှိုက်လို ဖြစ်နေတာပဲ”
“ဒီကောင် အာပလာပါကွာ” ဘေးတစ်ဖက်ဆီမှ လောင်းကြေးထပ်ထားသည့် သိုင်းကျင့်ကြံသူများ အားလုံးသည်လည်း အော်ဟစ်ဆဲဆိုလျက် ရှိနေသည်။ ၎င်းတို့၏ အသံများသည် နတ်ဆိုးဘိုးဘေးကြီး၏ နားထဲသို့ တိုးဝင်လာခဲ့သည်။ သူသည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားမိသည်။
“မဆိုးဘူးပဲ” ထိုအချိန်မှာတော့ ခပ်ဝဝနှင့် သက်လတ်ပိုင်း လူတစ်ယောက်သည် လှမ်းလျှောက်လာ၏။ ၎င်းသည် နတ်ဆိုးဘိုးဘေးကြီးဆီသို့ သိုလှောင်လက်စွပ်တစ်ကွင်းကို လှမ်းပစ်ပေးကာဖြင့် သခင်ကြီးတစ်ယောက်၏ ဟန်ပန်မျိုးဖြင့် ပြောဆိုလိုက်၏။ “ဒါ မင်းအတွက် ဆုလာဘ်ပဲ”
ဘာဆုလာဘ်နည်း။ တိုက်ပွဲအတု ဖန်တီးရန်အတွက် ရရှိခဲ့သည် ဆုလာဘ်ပင် ဖြစ်သည်။ နတ်ဆိုးဘိုးဘေးကြီးသည် သူ၏သိစိတ်များအား သိုလှောင်လက်စွပ်ထဲသို့ ထည့်သွင်းကာ ကြည့်ရှုလိုက်သည့် အချိန်မှာတော့ အထဲတွင် သဘောတူထားသည့် ပမာဏ တည်ရှိနေသည်ကို မြင်လိုက်ရ၏။ သူသည် အပျင်းကြောဆန့်ကာ ထရပ်လိုက်၏။ ဒဏ်ရာရထားသည့် ခန္ဓာကိုယ်ကို ထိန်းကျောင်းပြီး တိုက်ခိုက်ရေး တည်နေရာဆီမှ လှမ်းလျှောက်ထွက်သွား ခဲ့သည်။
နတ်ဆိုးဘိုးဘေးကြီးလို ခေါင်းဆောင်မျိုးသည် လက်ရှိအခြေအနေတွင် လုပ်ပွဲပင် ဖန်တီးနေရ၏။ ထို့အရာသည် အားလုံးသော သူများကို သက်ပြင်းချစရာ ဖြစ်လာခဲ့၏။ လက်ရှိအခြေအနေမှာတော့ သူသည် နေဝင်ရာ အရပ်ဆီသို့ လှမ်းလျှောက်လျက် ရှိနေ၏။ သူ၏နောက်ကျောကို ကြည့်ရှုရမည်ဆိုလျှင် တစ်ဦးတည်း အထီးကျန်ဆန်လွန်းပြီး သနားစရာ ကောင်းလွန်းလှ၏။
ဒွီ ဒွီ ဒွီ
နတ်ဆိုးဘိုးဘေးကြီးသည် သူ၏အိပ်ဆောင်ဆီသို့ ပြန်မရောက်ခင်မှာပဲ မြို့ထဲတွင် သတိပေးသံများ ထွက်ပေါ် လာ၏။ အချိန်အတော်ကြာ ဤနေရာတွင် နေထိုင်ခဲ့သည်ဖြစ်သောကြောင့် ဤနေရာ၌ ထူးခြားသည့် အကြောင်းအရာတစ်ခုခု ဖြစ်ပွားခဲ့မှန်း သူက သိရှိခဲ့၏။ ထင်မှတ်ထားသည့်အတိုင်းပင် မြို့ထဲတွင် လေးနက်သည့် အသံကြီးတစ်ခုက ပေါ်ပေါက်လာ၏။ “ဘာမှန်းမသိတဲ့ ယာဉ်ပျံတစ်ခုက ကြယ်တာရာစိတ်ဝိညာဉ်လောကကို ကျူးကျော်လာခဲ့တယ်။ မြို့မှာရှိတဲ့ စစ်သည်တော်တွေအကုန်လုံး ဒါကို တားဆီးရမယ်”
ဝုန်း ဝုန်း ဝုန်း
ပြောပြီးပြီးချင်းမှာပဲ မြို့၏အပြင်ဘက်တွင် ရှိနေသော ကောင်းကင်ယံထက်တွင် အမြှောက်ဆန်များနှင့် ပြည့်နှက် သွားခဲ့သည်။
နတ်ဆိုးဘိုးဘေးကြီးသည် ခေါင်းမော့ကာ ကြည့်ရှုလိုက်သည့်အချိန်မှာတော့ မီးများ တောက်လောင်လျက် ရှိနေသည့် တည်နေရာကြီးထဲတွင် အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်ကို မြင်လိုက်ရ၏။ ထိုအရာကြီးသည် ကောင်းကင်ပေါ်တွင် မြန်မြန်ဆန်ဆန်ဖြင့် ဖြတ်သန်းသွားခဲ့ပြီး ထိုအရာပေါ်တွင် နံပါတ် (၆၆) ဆိုသော စာတမ်းကို မြင်နေရ၏။
“ဒါကိုဖမ်းကြ၊ တတိယတန်းစား သီလမှတ်ရမယ်”
ဆွစ် ဆွစ်
ချက်ချင်းပဲ မြို့ထဲတွင် ရှိနေသည့် သိုင်းကျင့်ကြံသူများသည် ပျံသန်းလာခဲ့ပြီးသည့်နောက် အလင်းတန်းများဆီသို့ အနောက်မှ လိုက်တော့သည်။
“တတိယတန်းစား သီလအမှတ် ဟုတ်လား” နတ်ဆိုးဘိုးဘေးကြီး၏ မျက်လုံးများသည် လင်းလက်သွားခဲ့တော့၏။ ကြယ်တာရာစိတ်ဝိညာဉ်လောကတွင် တင်းကြပ်သည့် စည်းမျဉ်းစည်းကမ်းများ ရှိသည်။ သူသည် တာဝန်ကို ပြည့်စုံအောင် ပြုလုပ်ခဲ့ပြီးပြီဖြစ်သော်လည်း အဆင့်နိမ့်နိုင်ငံသားတစ်ယောက်သာလျှင်ဖြစ်၏။ သူသည် ပိုက်ဆံနှင့် ငွေကြေးများကို အသုံးပြုသည့်အချိန်တွင်တောင်မှ ကန့်သတ်ခြင်းကို ခံထားရ၏။
အကယ်၍ ကြယ်တာရာစိတ်ဝိညာဉ်လောကဆီသို့ ကျူးကျော်လာခဲ့သည့် ဤဘာမှန်းမသိသော ပျံသန်းနိုင်သည့် အရာကြီးကို ဖမ်းယူနိုင်မည်ဆိုပါက တတိယတန်းစား သီလအမှတ်များကို ရရှိပေလိမ့်မည်။ ထိုသို့ဆိုလျှင် အဆင့်နိမ့်နိုင်ငံသားဆိုသည့် ဂုဏ်ပုဒ်ကို ဖယ်ရှားခံရပြီး အလယ်အလတ်တန်းစား နိုင်ငံသားအဖြစ် ဖြစ်တည်လာ ပေလိမ့်မည်။ ထိုသို့ဆိုလျှင် သူ့၌ လုပ်ပိုင်ခွင့်များ ပိုမိုကာ ရရှိလာပေလိမ့်မည်။
ဆွစ်
နတ်ဆိုးဘိုးဘေးကြီးသည် လျင်လျင်မြန်မြန် ပျံသန်းပြီးသည့်နောက် အနောက်မှ အမဲလိုက်သည့်လူများထဲမှ တစ်ယောက်အဖြစ် ပြောင်းလဲသွားခဲ့သည်။ ကံဆိုးစွာဖြင့် အလင်းတန်းကြီးသည် မြန်ဆန်လွန်းလှချေ၏။ အချိန်တို အတွင်းမှာပဲ ပျောက်ချင်းမလှ ပျောက်ကွယ်သွားခဲ့သည်။ တတိယတန်းစား သီလအမှတ်ကို ရရှိရန်အတွက် ကြယ်တာရာစိတ်ဝိညာဉ်လောကဆီမှ ကျင့်ကြံသူများသည် အလျော့မပေးခဲ့ကြချေ။ ၎င်းတို့သည် တည်နေရာအနှံ့ ဆီသို့ ဖြန့်ကျက်ပြီး သေသေချာချာ ရှာဖွေကြ၏။ မိုင်ပေါင်းသောင်းချီ ကျယ်ပြောလွန်းလှသော သစ်တောကြီး တစ်ခုအတွင်းသို့ ရှာဖွေရန် ပစ်မှတ်ထားလိုက်ကြ၏။
“ဟင်း”
နတ်ဆိုးဘိုးဘေးကြီးသည် ဦးခေါင်းကို ခါယမ်းကာ ပြောလိုက်သည်။ “တကယ့်ကို ငတုံးတွေပဲ”
တတိယတန်းစား သီလအမှတ်ဆိုသည့် အကြောင်းအရာနှင့် ပတ်သက်၍ မျက်ကန်းကဲ့သို့ပင် ဖြစ်တည်နေကြ၏။ သေသေချာချာ စဉ်းစားကြည့်မည်ဆိုလျှင် ကြယ်တာရာစိတ်ဝိညာဉ်လောကထဲသို့ ခွင့်ပြုချက် မရှိဘဲနှင့် ဝင်ရောက်လာရဲသည်ဆိုမှတော့ တစ်ဖက်လူများသည် အလွန်ပင် အားကောင်းရပေမည်။ သူသည် ဒဏ်ရာ ရရှိထား၏။ တစ်ဖက်လူကို ရှာဖွေတွေ့ရှိသည်ဆိုလျှင်တောင်မှ ယှဉ်ပြိုင်အနိုင်ယူနိုင်လိမ့်မည် မဟုတ်ချေ။
“ထားလိုက်တော့။ ပြန်ပြီးတော့ အားမွေးတာပဲ ကောင်းမယ်” ထိုအချင်းအရာကို စဉ်းစားပြီးသည့်နောက် နတ်ဆိုး ဘိုးဘေးကြီးသည် စွမ်းအင်ကုန်ခမ်းမှု သက်သာစေရန်အတွက် တောထဲမှ အသာလမ်းလျှောက်ပြန်ရန်သာ ရွေးချယ်လိုက်သည်။
“ဟမ်” ခြေလှမ်းအနည်းငယ်သာ လှမ်းရသေးသည်။ တကျွီကျွီနှင့် အသံတစ်ခုကို ကြားလိုက်ရသည်။ သူသည် ခေါင်းကို အသာလှည့်ကာ ကြည့်ရှုလိုက်သည့်အချိန်မှာတော့ စတီးကဲ့သို့ အရာနှင့် ပြုလုပ်ထားသည့် အကောင်ကြီး တစ်ခုသည် သူ၏အနောက်ဘက်တွင် ပေါ်ပေါက်လာ၏။ ထိုအရာကြီးပေါ်တွင် နံပါတ် (၆၆) ဟု ရေးသားထား၏။ ရုတ်တရက် နတ်ဆိုးဘိုးဘေးကြီးသည် တွေဝေငေးငိုင်စွာဖြင့် မတ်မတ်ရပ်လျက်ရှိသည်။ သူ၏ လည်ပင်းပေါ် မှာတော့ အေးစက်သည့်ဓားတစ်ချောင်းက တည်ရှိနေ၏။
ရင်းနှီးပြီး အေးစက်လွန်းသည့် အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ “မလှုပ်နဲ့”
မြင်ကွင်းကို ကြည့်ရှုရမည်ဆိုလျှင် ရှောင်ထျန်းစက်ရုပ်ကြီးအား ထိန်းကျောင်းနေသည့် ကျွင်းချောင်ရှောင်းသည် ရွှမ်ယွမ် နတ်ဘုရားဓားကို ကိုင်ဆွဲထား၏။ ကျင်းဟီသည် အိမ်သာဆေးရန်အတွက် အပြစ်ပေးခြင်းကို ခံထားရ၏။ ထို့ကြောင့် သူကိုယ်တိုင် ဤတည်နေရာဆီသို့ ရောက်ရှိလာပြီး သတင်းအချက်အလက်များကို စုဆောင်းနေခြင်း ပင်။
စနစ်သည် ဝင်ရောက်ကာ ဆူငေါက်လိုက်၏။ “ဒီစက်ရုပ်ကို စမ်းသပ်ချင်တယ်ဆိုရင်လည်း စမ်းသပ်ချင်တယ်ပေါ့။ ဘယ်လိုဖြစ်ပြီးတော့ ပေါက်ပန်းလေးဆယ် အကြောင်းအရာတွေ လျှောက်ပြောနေရတာလဲ”