← Chapters

အခန်း ၁၉၀၈

Vol. 128 Ch. 1908

အခန်း ၁၉၀၈

Vol. 128 Ch. 1908

အပိုင်း (၁၉၀၈)

ကျွင်းချောင်ရှောင်းသည် အမှုမဲ့အမှတ်မဲ့ နိုင်လွန်းလှ၏။ ကြယ်တာရာစိတ်ဝိညာဉ်လောကဆီသို့ ဝင်ရောက်လာသည့် အချိန်တွင် မည်သူမှမသိအောင် ဝင်ရောက်နိုင်လိမ့်မည်ဟု ထင်မှတ်ခဲ့၏။ သို့ပေမဲ့ အထဲသို့ ဝင်ဝင်ချင်းမှာပဲ အခြားသောသူများသည် သူ ဝင်လာကြောင်း သိနှင့်နေပြီဖြစ်သည်။

ဤတည်နေရာဆီသို့ ရောက်ရှိလာရသော သူ၏ရည်ရွယ်ချက်သည် သိုသိုသိပ်သိပ် စစ်ဆေးရန် ဖြစ်၏။ ထို့ကြောင့် ကျွင်းချောင်ရှောင်းသည် ထိပ်တိုက် တိုက်ခိုက်ခြင်းကို မပြုလုပ်ဘဲ တောင်၏ အနာက်ဖက်တွင် ပုန်းနေခြင်းဖြစ်၏။

ကြယ်တာရာစိတ်ဝိညာဉ်လောကဆီမှ ကျင့်ကြံသူတစ်ယောက် ဤတည်နေရာဆီသို့ ဖြတ်လာသည်ကို မြင်ရသည့် အချိန်မှာတော့ သူသည် အသုံးဝင်နိုင်သော သတင်းအချက်အလက်များကို ရရှိနိုင်မလားဟူသော ရည်ရွယ်ချက်ဖြင့် ဖမ်းဆီးလိုက်၏။ ထိုအခြင်းအရာကို ကြည့်ရှုရလျှင် ကျွင်းချောင်ရှောင်းသည် အမှန်ပင် သတိကြီးသူဟု ဆိုရပေမည်။ ရွက်သင်္ဘောများကို တိုက်ရိုက် မစေလွှတ်ဘဲနှင့် တစ်ယောက်တည်း လာရောက်ခြင်းဖြင့် ကြယ်တာရာ စိတ်ဝိညာဉ်လောက၏ အားအင်ကို နားလည်နိုင်လိမ့်မည်ဟု သူကထင်မှတ်ထားသည်။

အထဲသို့ ဝင်လိုက်သည့်အချိန်တွင် ထာဝရလောကကြီးထက် ပိုမိုကာ အားကောင်းလှသော ကောင်းကင်နှင့်မြေကြီး ဓာတ်သဘာဝများကို ခံစားလိုက်မိ၏။ ထိုအရာသည် ပထမတန်းစား ဂြိုဟ်သာ ပိုင်ဆိုင်သည့် အရင်းအမြစ်နှင့် အသွင်အပြင်များပင် ဖြစ်လို့နေခဲ့၏။ ဤနေရာရှိ စိတ်ဝိညာဉ် ကျောက်တုံးများ၏ အရည်အသွေးသည်လည်း ပိုမိုကာ ကောင်းပေလိမ့်မည်။

"ဒါတွေ….. ဒါတွေအားလုံးက ငါ့ဟာတွေပဲ" ကျွင်းချောင်ရှောင်းသည် ပြုံးကာ ပြောလိုက်၏။

"ဒီဘက်ကို လှည့်စမ်း"

ဓားစာခံအဖြစ် ဖမ်းစားသော နတ်ဆိုးဘိုးဘေးကြီးသည် မျက်နှာပျက်ရွင်းသွား၏။ သူသည် လိမ္မာယဉ်ကျေးစွာဖြင့် အနောက်သို့ လှည့်လိုက်သည်။

သူသည်သာ အကောင်းဆုံးပုံစံနှင့် ရှိနေသည်ဆိုလျှင် ပြန်လည် ခုခံနိုင်သေးသည်။ သို့ပေမဲ့ လက်ရှိအချိန်မှာတော့ အညံ့ခံရန်သာ ရွေးချယ်ရပေမည်။ ကြယ်တာရာ စိတ်ဝိညာဉ်လောက၏ အောက်ဆုံးအခြေအနေတွင် နှစ်အနည်းငယ်ကြာ နေထိုင်ခဲ့ပြီးနောက် ဆရာကြီးတစ်ယောက်၏ အသွင်အပြင်မျိုးသည် သူ့၌ ပျောက်ကွယ်သွားပြီ ဖြစ်၏။

သူသည် အသက်ရှင်မည်ဆိုပါက အ စေခံအဖြစ် နေထိုင်ရမည်ဆိုလျှင်တောင်မှ ဖြစ်၏။ သိုင်းပြိုင်ပွဲသို့ ဝင်ပြီး လုပ်ပွဲကစားသည့်အလုပ်ကိုတောင် ပြုလုပ်ခဲ့သေးသည်။

နတ်ဆိုးဘိုးဘေးကြီး၏ လက်ရှိအခြေနေသည် မည်သူ့ကို အပြစ်တင်ရမည်နည်း။ ကုန်းရှန့်ပင်လျှင် ဖြစ်ပေ၏။ သူနှစ်ပေါင်းများစွာ ကြိုတင်ပြင်ဆင်ထားခဲ့သည့် ပြန်လည်ရှင်သန်ခြင်း အစီအရင်သည် အောင်မြင်ကာနီးအချိန်၌ ပျောက်ဆုံးခဲ့၏။ ထို့ပြင် သန္ဓေနတ်ဆိုးသူတော်စင်ခန္ဓာကိုယ် ဆိုသည်မှာလည်း ရောင်မုန့်ယဉ်၏လက်ထဲသို့ ရောက်ရှိခဲ့၏။ ထို့ပြင် သန်းနှင့်ချီသော နတ်ဆိုးစစ်တပ်ကြီးလည်း တစ်ဖက်လူ လက်ထဲ ရောက်ရှိခဲ့၏။

သို့ပေမဲ့ ကိစ္စမရှိသေးချေ။ အောင်မြင်စွာနှင့် ပြန်လည်ရှင်သန်နိုင်လျှင် ပြန်ယူနိုင်သေး၏။ သို့ပေမဲ့ ကံတရားသည် ရက်စက်လွန်းလှ၏။ နတ်ဆိုးဘိုးဘေးကြီးသည် ကြီးမားလှသည့် ကံကြမ္မာအပြောင်းအလဲကို ခံခဲ့ရ၏။ သူပြန်လည် တည်ဆောက်ခဲ့သော ခန္ဓာကိုယ်အား ရီရှင်းချန်က အပိုင်သိမ်းသွားခဲ့၏။ နောက်လိုက်၊ ခန္ဓာကိုယ် အရာအားလုံးသည် ပျောက်ကွယ်သွားခဲ့၏။ နှစ်ပေါင်းများစွာ စီစဉ်ခဲ့သည့် အရာများသည် အဆုံးသတ်တွင် ပြိုင်စံရှားဂိုဏ်း လက်ထဲသို့ ရောက်ရှိသွားခဲ့၏။ ကြယ်တာရာ စိတ်ဝိညာဉ်လောကရှိ သေမင်းတံခါးဝတွင် ရုန်းကန်လျက်ရှိနေသည့် နတ်ဆိုးဘိုးဘေးကြီးသည် ထိုအချင်းအရာကို တွေးတောလိုက်သည့် အချိန်တိုင်း ဒေါသထွက်မိ၏။ သူ၏အားအင်အဆင့်များ ပြန်လည်ကောင်းမွန်လာသည်နှင့် တစ်ပြိုင်နှက် ပထမဆုံးတာဝန်သည် အထက်နက်မြေသို့ သွားရောက်၍ ပြိုင်စံရှားဂိုဏ်းကို ဖျက်စီးပစ်ရန်ပင် ဖြစ်၏။

သို့ပေမဲ့ သွားဖို့မလိုတော့ချေ။ ကျွင်းချောင်ရှောင်းသည် ရောက်ရှိနေသောကြောင့်ပင်။ နတ်ဆိုးဘိုးဘေးကြီးသည် အသာလှည့်ကာ ကြည်လိုက်သည့် အချိန်မှာတော့ ကြောင်အသွားသည်။

သူတို့နှစ်ယောက်လုံးသည် ခဏဆိုသလို ကြောင်အသွားကြ၏။ ပြီးနောက် သံပြိုင်ဆိုသလို အော်လိုက်မိ၏။

"မင်းကိုး"

“ခင်ဗျားကိုး”

`ကံကြမ္မာရေစက်´

စကားလုံးနှင့် ဖော်ညွှန်းရန် အလွန်ပင် ကောင်းမွန်လှသည့် အရာဖြစ်၏။ ကျွင်းချောင်ရှောင်းနှင့် နတ်ဆိုးဘိုးဘေးကြီးတို့သည် အလစ်ငိုက်မိသွားသည်။

"ဘယ်လောက် တိုက်ဆိုင်လိုက်သလဲ"

ကုန်းရှန့်သည် ရွှမ်ယွမ်နတ်ဘုရားဓားကို သိမ်းကာပြုံးလိုက်၏။ "ကျုပ်အနေနဲ့ ဒီလို မရင်းနှီးတဲ့ နေရာကြီးမှာ အသိအကျွမ်းဟောင်းနဲ့ တွေ့မိလိမ့်မယ်လို့ ထင်တောင်မထင်မိဘူး"

"ဟမ့်"

နတ်ဆိုးဘိုးဘေးကြီးသည် ဘုရင်တစ်ပါး၏ ဟန်ပန်များ ပြန်လည်ဖြစ်ပေါ်လာသည်။

"ဘာကိုတိုက်ဆိုင်တာလဲ"

ထိုသို့ပြောပြီးနောက် နတ်ဆိုးဘိုးဘေးကြီးသည် အားအင်များကို စတင်ကာ စုစည်းလျက် ရှိနေ၏။ သူ့အနေဖြင့် သူ၏အကြီးမားဆုံးသော ရန်သူကြီးကို တိုက်ခိုက်ရန် ကြိုးစားရပေမည်။

"ဒါဘာလဲ"

ကျွင်းချောင်ရှောင်းသည် သတိမမူမိသလို စိုးရိမ်ပူပန်ဟန်ဖြင့် ပြောလိုက်၏။ "ခင်ဗျား ဒဏ်ရာရထားတဲ့ပုံပဲ"

နတ်ဆိုးဘိုးဘေးကြီးသည် ထိုအရာများကို ကြားလိုက်သည့် အချိန်မှာတော့ စွမ်းအင်များကို ပြန်လည်ကာ ရုတ်သိမ်းလိုက်၏။ လွန်ခဲ့သည့် နှစ်အနည်းငယ်တုန်းက ဤကောင်းလေး၏ အားအင်အဆင့်သည် မဆိုးလှချေ။ ယခုတွင် ပိုမိုကာ အားကောင်းလာပေလိမ့်မည်။ သူသည် ဒဏ်ရာရထားသောကြောင့် တစ်ဖက်လူကို သတ်ဖြတ်နိုင်လိမ့်မည် မဟုတ်ချေ။

ဤလများအတွင်း ကျွင်းချောင်ရှောင်းသည် အမှန်ပင် တိုးတက်သွားခဲ့၏။ သို့ပေမဲ့ အနည်းလေးတော့ မဟုတ်ချေ။ အစပေါင်းသောင်းချီ တိုးတက်သွားခဲ့သည်ဟု ဆိုရပေမည်။ လက်ရှိအချိန်မှာတော့ ကုန်းရှန့်သည် နတ်ဘုရားလျို့ဝှက်အဆင့်သို့ ဝင်ရောက်နေသည့် သိုင်းကျင့်ကြံသူ ဖြစ်လို့နေ၏။

နတ်ဆိုးဘိုးဘေးကြီးသည်လည်း အမှန်ပင် အားကောင်းလာခဲ့၏။ သို့ပေမဲ့ နတ်ဘုရား ခြေလှမ်းဝက်အဆင့်သာ ရှိသေး၏။ လက်ရှိအချိန်၌ ဒဏ်ရာရထားသည်ကို မဆိုနှင့် အကောင်းဆုံး အခြေအနေတွင် ရှိနေသည် ဆိုလျှင်တောင်မှ တစ်ဖက်လူသည် သူ့အား ချက်ချင်းပဲ သတ်ဖြတ်ပစ်နိုင်သည်။

"အစ်ကိုကြီး "

ကျွင်းချောင်ရှောင်းသည် တစ်ဖက်လူ၏ ပုခုံးပေါ်သို့ လက်တင်ကာ ပြောလိုက်၏။ "ခင်ဗျားက ဒီမှာ အကြာကြီး နေလာခဲ့တာဆိုတော့ ဒီမှာရှိတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး နားလည်မှုတော့ ရှိမှာပေါ့ ဟုတ်တယ်မလား"

"မင်း ဘာကိုဆိုလိုတာလဲ "

နတ်ဆိုးဘိုးဘေးကြီး၏ မျက်နှာတစ်ခုလုံးသည် မဲမှောင်သွား၏။ ဤအတောအတွင်း သူသည် တည်နေရာအနှံ့ဆိသို့ ပတ်၍ အခွင့်အရေးများ ရှာဖွေခဲ့၏။ ထို့ကြောင့် အနည်းငယ်တော့ နားလည်ခဲ့သည်။ ကျွင်းချောင်ရှောင်းသည် သု့အား ရင်းရင်းနှီးနှီး ပြောဆိုဆက်ဆံလျက် ရှိနေ၏။ အပြုအမူများ အားလုံးသည် သံသယရှိစရာ မရှိချေ။ ရုတ်တရက် တိုကိခိုက်လျှင်တောင်မှ တစ်ဖက်လူသည် ဘာမှလုပ်နိုင်လိမ့်မည် မဟုတ်ဟု သူက ထင်မှတ်ထား၏။ သို့ပေမဲ့ နတ်ဆိုးဘိုးဘေးကြီးသညိ မလှုပ်ရှားရဲချေ။ သူအနေဖြင့် တစ်ရာ ရာခိုင်နှုန်း စွမ်းဆောင်ရည် မရှိပါက အောင့်အီးသည်းခံထားရမှာ ဖြစ်သည်။

ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ "ခင်ဗျားက အထက်နယ်မြေက လူတွေကြားမှာ သစ္စာဖောက်ဖြစ်နေတယ်။ အခြေအနေကို ပြန်ပြောင်းချင်လား"

ငေးငိုင်နေသော နတ်ဆိုးဘိုးဘေးကြီးသည် ရုတ်တရက် ထကာအော်ဟစ်လိုက်သည် "ဒီလိုဖြစ်ရတာတွေ အားလုံးက မင်းကြောင့်ပဲ မဟုတ်လား။ "

"အတိတ်ကို ပြောမနေပါနဲ့တော့"

ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ "အခြေအနေတစ်ခုလုံးကို ပြန်ပြောင်းနိုင်မဲ့ အခွင့်အရေးတစ်ခု ပေးမယ်။ ကြယ်တရာ စိတ်ဝိညာဉ် လောကမှာ ရှိတဲ့အကြောင်းအရာ အကုန်လုံးကို ခင်ဗျားသိသလောက်ပြော"

"ဘာလို့ ငါကပြောရမှာ"

ဘန်း

ရုတ်တရက် ကျွင်းချောင်ရှောင်းသည် တစ်ဖက်လူကို မြေပေါ်သို့ဖိနှိပ်ကာ အေးစက်စက်ပြောလိုက်သည်။ "ဒီအားအင်အဆင့်နဲ့ဆို ပြောရမှာမဟုတ်လား"

သူ၏ လှုပ်ရှားမှုသည် ကြမ်းတမ်းလွန်းခဲ့၏။ ထို့ကြောင့် တစ်ဖက်လူ၏ ဒဏ်ရာများကို ထပ်မံ ထိခိုက်စေခဲ့၏။ နတ်ဆိုးဘိုးဘေးကြီး၏ အမူအရာသည် ပျက်ယွင်းသွားခဲ့၏။ သို့ပေမဲ့ စိတ်ထဲတွင်တော့ ကြိတ်ကာ တွေးတောလိုက်မိ၏။ ဒီကောင် တကယ့်ကို အားကောင်းလာတာပဲ။ ငါအလျင်စလိုမလုပ်လိုက်မိတာ ကံကောင်းတယ်။

"ပြောပါမယ်"

သူသည် အညံ့ခံလိုက်၏။ ဤတစ်ကြိမ်၌ သူလုပ်နိုင်သည့် အရာဟူ၍ မရှိလှချေ။ ထို့ပြင် သူသည် ဒဏ်ရာရှိထား၏။ နတ်ဆိုးဘိုးဘေးကြီး၏ အတွေးများသည် အမှန်ပင် အကျိုးအကြောင်း ဆီလျော်လှ၏။ သူသည် ဒဏ်ရာများ ပြန်လည်ကောင်းသည်အထိ စောင့်ပြီးနောက် တန်ပြန်တိုက်ခိုက်ရန် အခွင့်အရေးကို ရှာဖွေရမည်။

"ပြော"

ကျွင်းချောင်ရှောင်းက ထိုင်ချလိုက်၏။ သို့ပေမဲ့ ဒါဇင်နှင့်ချီသော အော်ရာများသည် အဝေးတစ်နေရာဆီမှ လှမ်းလာသည်ကို မြင်ရသည့် အချိန်မှာတော့ သူသည် ချက်ချင်းပဲ ပျောက်ကွယ်သွားခဲ့၏။ စက်ရုပ်ကြီးမှာလည်း ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ တစ်ဖက်လူ လေထုထဲတွင် ပျောက်ကွယ်သွားသည်ကို မြင်ရသည့် အချိန်မှာတော့ နတ်ဆိုးဘိုးဘေးကြီးသည် မျက်လုံးပြူးသွားမိ၏။

ဆွစ် ဆွစ် ဆွစ်

အဝေးဆီမှ အလင်းတန်းများသည် ပျံသန်းလာခဲ့၏။ ထိုသူများသည် တူညီသည့် ဝတ်စုံကို ဝတ်ဆင်ထားသည့် သိုင်းကျင့်ကြံသူ ဆယ်ယောက်သို့ပင်။ အသုံးပြုထားသည့် ပစ္စည်းများကို ကြည့်ရှုရလျှင် အမှန်ပဲ ဈေးကြီးလွန်းလှ၏။ ၎င်းတို့၏ ဂုဏ်ရှိန်ဂုဏ်ဝါသည် သာမန်မဟုတ်ချေ။ ခါးတွင် ထူးဆန်းလွန်းလှသော ကျောက်စိမ်းပြားများလည်း တည်ရှိနေသည်။

ကျွင်းချောင်ရှောင်းသည် ကျောက်စိမ်းပြားများမှတဆင့် တစ်ဖက်လူများသည် မည်သူများဖြစ်ကြောင်း အကြမ်းဖျင်း ခန့်မှန်းလိုက်၏။

ဟမ်

ရှေ့ဆုံးမှ ဦးဆောင်လာသည့် လူငယ်သည် အောက်တွင် ရှိနေသော လူအိုကြီးကို ကြည်လိုက်၏။ ပြီးနောက် ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။ "ဘယ်လိုဖြစ်ပြီးတော့ အဆင့်နိမ့် အလောင်းကျေးကျွန်က ဒီကိုရောက်နေရတာလဲ"

"…….."

နတ်ဆိုးဘိုးဘေးကြီးသည် ခေါင်းကိုငုံ့ထား၏။ မျက်လုံးထဲတွင်တော့ ဒေါသ၏အရိပ်အယောင်များသည် ဖြစ်တည်လာခဲ့၏။ အားအင်အဆင့်ရဆိုလျှင် သူသည် ဤလူများထက် ပိုမိုကာ အားကောင်းလွန်း၏။ သို့ပေမဲ့ ကျေးကျွန်အလောင်းတစ်ခုထဲတွင် နေရသည့် ဝိညာဉ်တစ်ခုသာ ဖြစ်၏။ သူသည် လွတ်မြောက်သွားခဲ့သည် ဆိုလျှင်တောင်မှ အဆင့်နိမ့် နိုင်ငံသားအဖြစ်သာ တည်ရှိနေသေး၏။

ထို့ကြောင့် ပထမတန်းစား တော်ဝင်လူများအား စည်းမျဉ်းစည်းကမ်းအရ လေးစားမှုပြုရပေလိမ့်မည်။ ဤအရာမှာ ရိုးရှင်းလွန်းလှ၏။ ကြယ်တာရာ စိတ်ဝိညာဉ်လောက၏ စည်းမျဉ်းစည်းကမ်းများ အရဆိုလျှင် ဂုဏ်ရှိန်ဂုဏ်ဝါ သည် အားအင်အဆင့်ဖြင့် တိုင်းတာသည် မဟုတ်ချေ။ နိုင်ငံသားဖြစ်မှုနှင့် တိုင်းတာခြင်းသာ ဖြစ်သည်။

“ဟေ့ ….”

သိုင်းကျင့်ကြံသူ တစ်ယောက်က ပြောလိုက်၏။ "ဒီနားမှာ သံသယဝင်စရာ တစ်ခုခု တွေ့သေးလား"

"မတွေ့ပါဘူး"

နတ်ဆိုးဘိုးဘေးကြီးသည် ခပ်တည်တည်ဖြင့် လှမ်းကာ ပြောလိုက်၏။ သူသည် ကျွင်းချောင်ရှောင်းကို ကူညီခဲ့ခြင်း မဟုတ်ချေ။ သူ့ကိုယ်သူ ကူညီခြင်းသာဖြစ်၏။ တစ်ဖက်လူသည် ဤတည်နေရာ အနီးတစ်ဝှိုက်တွင် ရှိမှာသေချာ၏။ တစ်ဖက်လူ ရှိနေမည့်နေရာကိုသာ ပြောဆိုလိုက်ပါက နောက်တစ်စက္ကန့်အတွင်း သူသည် သေဆုံးသွားနိုင်သည်။

"တခြားနေရာကို သွားရှာကြရအောင်"

ထွက်ခွာရန် ပြင်လိုက်သည့် အချိန်မှာပဲ တစ်ဖက်လူများသည် ရပ်တန့်သွားကြ၏။ ပြီးနောက် နတ်ဆိုးဘိုးဘေးကြီးကို လှည့်ကြည့်ကာ ပြောလိုက်၏။

"ကြယ်တာရာ စိတ်ဝိညာဉ်လောကရဲ့ စည်းမျဉ်းစည်းကမ်းအရဆိုရင် အဆင့်နိမ့်နိုင်ငံသားတွေက အထက်ပိုင်း တော်ဝင်လူတွေကို မြင်တာနဲ့ ဒူးထောက်ရမယ်။ မင်းဘာလို့ ဒူးမထောက်သေးတာလဲ "

နတ်ဆိုးဘိုးဘေးကြီးသည် ဦးခေါင်းကို ငုံ့ထားလျက်ပင်။ သူ၏မျက်လုံးထဲတွင် ရှိနေသော ဒေါသတရားများသည် ပိုမိုကာ အားကောင်းလာခဲ့တော့၏။ ဤအားနည်းသောသူများ၊ အမှိုက်များသည် နတ်ဆိုးဘိုးဘေးကြီးကို ဒူးထောက်ရန် ပြောဆိုနေသည်။

ဘုတ်

နတ်ဆိုးဘိုးဘေးကြီးသည် ဒူးထောက်လိုက်၏။ သူသည် တစ်ဖက်လူများပေးထားသော အဆင့်နိမ့် ကျွန်ခန္ဓာကိုယ်ထဲတွင် တည်ရှိနေ၏။ သေခြင်းရှင်ခြင်းသည် သူ၏လက်ထဲတွင် လုံးဝမရှိချေ။ ဤလောကထဲတွင် အသက်ရှင် နေထိုင်ချင်သည် ဆိုပါက သူသည် အမှန်ပင် ဤကဲ့သို့သော ကိစ္စများကို အောင့်အီးသည်းခံရမှာ ဖြစ်၏။ ဤဒူးထောက်ခြင်း ဆိုလိုသည်မှာ နတ်ဆိုးဘိုးဘေးကြီးသည် သူ၏ ဂုဏ်သိက္ခာများ အားလုံးကို အဆုံးရှုံးခံလိုက်ခြင်းပင်။ ပြဿနာများကို ဖြေရှင်းသည့် နေရာတွင် ဒူးထောက်ခြင်းသည် ကောင်းမွန်သော အရာဖြစ်၏။

သို့ပေမဲ့ ဤကဲ့သို့ ပြုလုပ်လိုက်ခြင်းသည် ပိုဆိုးစေရုံသာမက လူငယ်များကိုလည်း သံသယ ပင် ဝင်စေခဲ့၏။

"ဒီမှာရှိတဲ့ အလောင်းကျေးကျွန်တွေက ကြယ်တာရာ စိတ်ဝိညာဉ် လောကရဲ့ စည်းမျဉ်းစည်းကမ်းတွေကို ရင်းနှီးပြီးသား။ သတိမေ့နေတာမှ မဟုတ်ရင် မင်းကအတုပဲ"

သူ၏အဖော်အားလုံးသည် နတ်ဆိုးဘိုးဘေးကြီးကို ဝန်းရံလိုက်ကြ၏။ ဦးခေါင်းကို ငုံ့ထားသော နတ်ဆိုးဘိုးဘေးကြီးသည် ခေါင်းကို မော့လိုက်၏။ ဆယ်နှစ်ကျော်ကြာ ထိန်းချုပ်ထားခဲ့သော ဒေါသတရားများ သည် ပေါက်ကွဲထွက်လာခဲ့၏။ သူက အော်ဟစ်လိုက်သည်။ "ဒီဘိုးဘေးကြီးက အစောကြီးကတည်းက ဒူးထောက်ပြီးပြီ။ မင်းတို့ဘာလိုချင်တာလဲ"

"ဘိုးဘေးကြီး ဟုတ်လား …. ဟမ့် …. မောက်မာလိုက်တာ။ ကြယ်တာရာ စိတ်ဝိညာဉ်လောကထဲ ခွင့်ပြုချက်မဲ့ ဝင်လာပြီး အလောင်းကျေးကျွန်အဖြစ်လည်း ဟန်ဆောင်ထားသေးတယ် "

အားလုံးသောသူများသည် ဒေါသတထွက်သွားကြ၏။

ခေါင်းဆောင်သည် အေးစက်စက် ပြောလိုက်သည်။ "လွှတ်ပေးလိုက်တာထက် ဒီကောင့်ကို သတ်လိုက်ကြရအောင်"

ဘုန်း ဘုန်း ဘုန်း ….။

ပြော၍မပြီးသေးခင်မှာပဲ အလွန်အားကောင်းသော စွမ်းအင်လှိုင်းများသည် လေထုထဲတွင် ပေါ်ပေါက်လာခဲ့၏။ ခေါင်းဆောင်သည် တစ်ခါတည်း ရှင်းလင်းခြင်းကို ခံလိုက်ရ၏။ ၎င်း၏ ခေါင်းသည် ပြတ်တောက်သွား၏။

နတ်ဆိုးဘိုးဘေးကြီးသည် ဘေးတစ်ဖက်သို့ လှည့်ကာ ကြည့်လိုက်ချိန်မှာတော့ ခေါင်းကိုယမ်းကာ ဖြည်းဖြည်းချင်း လမ်းလျှောက်ထွက်လာသည့် ကျွင်းချောင်ရှောင်းကို မြင်လိုက်ရသည်။

"ဒူးထောက်တောင်မှ ပြဿနာက မပြီးသွားရင် အကောင်းဆုံးနည်းလမ်းက ဂုဏ်သိက္ခာအတွက် သတ်ဖြတ်ပစ်ဖို့ပဲ ကျန်တယ်"

ဘန်း ဘန်း

ထိတ်လန့်ကြောက်ရွံ့နေရသာ သိုင်းကျင့်ကြံသူ တစ်ဒါဇင်ခန့်တို့သည် ငရဲပြည်သို့ ရောက်ရှိသွားလေသည်။ ၎င်းတို့၏သွေးများသည် အောက်တွင် ရှိနေသော နတ်ဆိုးဘိုးဘေးကြီးဆီသို့ စင်လေ၏။ သို့ပေမဲ့ သူသည် မလှုပ်ရှားချေ။ သူ၏မျက်လုံး အကြည့်များသည် တစ်ဖက်လူများ၏ ခန္ဓာကိုယ်မှ ကျနေသော ဆက်သွယ်ရေးပစ္စည်းဆီသို့ ရောက်ရှိနေ၏။ သူသည် ဒူးထောက်နေရာမှ မတ်တပ်ထရပ်လိုက်၏။ ပြီးနောက် ဒေါနှင့်မာန်နှင့် ပြောလိုက်မိ၏။ "ကျွင်းချောင်ရှောင်း ….. မင်းကြောင့် ငါသေတော့မယ်"

All Chapters