← Chapters

အခန်း ၁၉၀၉

Vol. 128 Ch. 1909

အခန်း ၁၉၀၉

Vol. 128 Ch. 1909

အပိုင်း (၁၉၀၉)

မည်သူမှမသိအောင် ခိုးဝင်လာသူဟူ၍ ကင်ပွန်းတပ်ပြီးနောက် ဤပထမတန်းစား တော်ဝင်နိုင်ငံသားများသည် သံသယရှိစရာကောင်းသော ဤအလောင်းကျေးကျွန်ကောင်ကို သတ်ဖြတ်ပစ်ရန် ဆုံးဖြတ်ပြီးပြီဖြစ်၏။

ထိုအချိန်မှာတော့ နတ်ဆိုးဘိုးဘေးကြီးသည် တွေဝေငေးငိုင်လျက်ရှိ၏။ သူသည် တစ်ဖက်လူများကို ရှင်းပြရမည်လား။ သို့မဟုတ်.... ။

အချိန်သည် များများစားစား တွေးတောရန် အခွင့်အရေး မပေးခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် ကျွင်းချောင်ရှောင်း သည် အခြေအနေကို အခွင့်အရေးယူကာဖြင့် ရောက်ရှိလာခဲ့ပြီး ပြဿနာတစ်ခုလုံးကို ဖြေရှင်း သွားခဲ့သောကြောင့် ပင်။

ဘုတ်

ဆက်သွယ်ရေးပစ္စည်းသည် အောက်သို့ ကျဆင်းလာခဲ့၏။ ဤအရာသည် နတ်ဆိုးဘိုးဘေးကြီး၏ ပုံရိပ်ကို မှတ်တမ်းတင်ပြီးသည့်နောက် တဖက်ဆီသို့ ပေးပို့နေပြီဖြစ်၏။ ဆိုလိုသည်မှာ မသေဆုံးခင်၌ သူတို့ကို သတ်ဖြတ်ခဲ့သူမှာ နံပါတ် (၉၅၂၇) ဖြစ်ကြောင်း ပေးပို့လိုက်ခြင်းပင်ဖြစ်သည်။

“ကျွင်းချောင်ရှောင်း”

နတ်ဆိုးဘိုးဘေးကြီးက အော်ဟစ်လိုက်၏။ “မင်းကြောင့် ငါသေတော့မယ်”

ပထမတန်းစား တော်ဝင်နိုင်ငံသားများသည် သတ်ဖြတ်ခံလိုက်ရပြီဖြစ်ပြီး သူ၏ပုံရိပ်သည်လည်း တစ်ဖက်ဆီသို့ ရောက်ရှိသွားခဲ့ပြီဖြစ်သည်။ သူသည် ကျိန်းသေပေါက် လူသတ်သမားအဖြစ် မှတ်တမ်းဝင်သွားလေသည်။

ကြယ်တာရာစိတ်ဝိညာဉ်လောကတွင် ဆယ်နှစ်ကျော် နေထိုင်ခဲ့ပြီးသည့်နောက် နတ်ဆိုးဘိုးဘေးကြီးသည် ကျေးကျွန်တစ်ယောက် အမှားလုပ်မိသည်နှင့် အပြစ်ပေးခံရမည် ဖြစ်ကြောင်းကို သူသိရှိ၏။ အထူးသဖြင့် ပထမတန်းစား နိုင်ငံသားများကို သတ်ဖြတ်ခြင်းပင်။ သူသည် ကျိန်းသေပေါက် သေမိန့်ကျခဲ့လေ၏။

“သွားပြီ၊ အရာအားလုံး သွားပြီပဲ”

ဟူး.. ဟူး..

သူ့အနေနှင့် ပြန်မလာနိုင်တော့သည်အထိ သေဆုံးသွားတော့မည်ဖြစ်ကြောင်းကို တွေးတောပြီးသည့်နောက် နတ်ဆိုးဘိုးဘေးကြီးသည် ရုတ်တရက် ဒေါသထွက်သွားခဲ့၏။ သူ၏ လက်ဝါးထဲတွင် အားကောင်းလွန်းလှသော စွမ်းအင်များကို စုစည်းကာဖြင့် ကျွင်းချောင်ရှောင်းကို သွေးကဲ့သို့ နီမြန်းနေသည့် မျက်လုံးအစုံဖြင့် ကြည့်ရှုလိုက် သည်။

လွန်ခဲ့သည့် ဆယ်နှစ်တုန်းက အရာအားလုံးသည် ဒင်းကြောင့် ပျက်စီးခဲ့၏။ ဆယ်နှစ်ကျော်ကြာခဲ့ပြီးသည့် နောက် သူသည် လက်စားချေနိုင်ရန်အတွက် မစောင့်မျှော်နိုင်ခဲ့တော့ချေ။ လက်စားချေရမည်။ သတ်ဖြတ်ရမည်။

အမုန်း တရားအသစ်နှင့် အဟောင်းများသည် သူ၏ စိတ်ထဲတွင် ပြည့်နှက်လာခဲ့၏။ နတ်ဆိုးဘိုးဘေးကြီးသည် ကျွင်းချောင်ရှောင်း မည်မျှအားကောင်းသည်ကို ဂရုမစိုက်တော့ချေ။ လက်ကို မြှောက်ကာဖြင့် တိုက်ခိုက်လိုက်၏။ ဤအရာသည် အမှန်ပင် အလစ်အငိုက်ဖမ်းကာ တိုက်ခိုက်လိုက်ခြင်းဖြစ်သည်။ တစ်ဖက်လူသည် ခန္ဓာကိုယ်ကို ကုန်းကာဖြင့် သေဆုံးသွားသည့် လူများ၏ ပစ္စည်းများကို သိမ်းဆည်းလျက် ရှိနေသည်။

ဘုန်း

ဖုန်မှုန့်များ လွင့်စင်သွားပြီး မြေပြင်တစ်ခုလုံးသည် တုန်ခါသွားခဲ့၏။ တိုက်ခိုက်နေသည့် ပုံပန်းသွင်ပြင်ကို နတ်ဆိုး ဘိုးဘေးကြီးက ထိန်းသိမ်းထားသေး၏။ သူ၏လက်သည် ကျွင်းချောင်ရှောင်း၏ နောက်ကျောကို ထိမှန်ခဲ့၏။ သူသည် အလစ်အငိုက်ယူကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်၏။ သို့ပေမဲ့ သူ၏ ဒေါသထွက်လျက်ရှိသည့် မျက်နှာသွင်ပြင် တစ်ခုလုံးသည် ရှုံ့မဲ့သွားသည်။ သူသည် အနောက်သို့ လှမ်းဆုတ်လိုက်၏။ ညာဘက်လက်ကို ဘယ်လက်ဖြင့် ခပ်တင်းတင်း ဆုပ်ကိုင်ရင်း သတ်ဖြတ်ခံရတော့မည့် ဝက်တစ်ကောင်ကဲ့သို့ပင် အော်ဟစ်လျက် ရှိနေမိ၏။

အား...

သံပြားကြီးကို ထိုးနှက်လိုက်သကဲ့သို့ပင်။

“ခင်ဗျား ဘာလုပ်တာလဲ” ကျွင်းချောင်ရှောင်းသည် အနောက်ဘက်သို့ လှည့်ကာဖြင့် အပြစ်ကင်းစင်လှသည့်အပြုံး တစ်ခုကို ပြုံးထားမိသည်။

“.........”

နတ်ဆိုးဘိုးဘေးကြီးသည် နာကျင်စွာဖြင့် မြေပေါ်တွင် ဒူးထောက်ထိုင်လျက်ရှိသည်။ သူသည် စိတ်ထဲမှာ ကြိတ်ကာ အော်ဟစ်လိုက်၏။ “ဒီကောင် ဘယ်လောက်တောင် အားကောင်းလာတာလဲ။ ငါအလစ်အငိုက် တိုက်ခိုက်တာ သူက သိတောင်မသိဘူး”

“ကျုပ် ပြောမယ်”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ခင်ဗျားက နတ်ဆိုးဘိုးဘေးကြီး၊ ဒီတော့ ကြယ်တာရာ စိတ်ဝိညာဉ်လောကဆီမှ ဘယ်လိုဖြစ်ပြီးတော့ အဆင့်နိမ့် လူတစ်ယောက်အဖြစ် နေထိုင်နေရတာလဲ”

“ဒါတွေအားလုံး မင်းကြောင့်လေ” ရုတ်တရက် နတ်ဆိုးဘိုးဘေးကြီးသည် ထအော်လိုက်၏။

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ကျုပ်တို့က တူညီတဲ့ မွေးရပ်မြေက လာခဲ့တယ်ဆိုမှတော့ ခင်ဗျားကို ဒီကနေ ခေါ်ထုတ်သွားဖို့ ကူညီရမယ်”

“ဟမ့်”

နတ်ဆိုးဘိုးဘေးကြီးက နှာခေါင်းရှုံ့လိုက်၏။ “ငါ ယုံမယ်လို့ မင်းထင်နေလား”

သူ့အနေနှင့် ကျွင်းချောင်ရှောင်း သူ့ကို ကူညီမည်ဆိုသည်ကို မယုံချေ။ ဤကဲ့သို့ ပြုလုပ်မည်ဆိုပါက နောက်ကွယ်တွင် ရည်ရွယ်ချက် တစ်ခုခုရှိမှာ သေချာ၏။

ဟုတ်ပေသည်။ ကျွင်းချောင်ရှောင်းသည် မေးစေ့ကို ပွတ်သပ်ကာ ပြောလိုက်သည်။ “ကျုပ်က တကယ့်ကို သတိထားတတ်တဲ့ လူတစ်ယောက်။ ကျုပ် တကယ့်ကို စိတ်ဝင်စားနေတာ တစ်ခုရှိတယ်။ ဒီကြယ်တာရာ စိတ်ဝိညာဉ်လောကရဲ့ လူတွေက ဝိညာဉ်တစ်ခုကို အလောင်းထဲ ဘယ်လိုထည့်လဲဆိုတာ သိချင်တယ်”

“.........”

နတ်ဆိုးဘိုးဘေးကြီး၏ မျက်နှာသည် မဲမှောင်သွားခဲ့၏။ “မင်း... ငါ့ကို လေ့လာမလို့လား”

“မဆိုးဘူးပဲ”

“ငါ ဒီလိုမျိုး ဖြစ်နေရတာ မင်းကြောင့်လေ။ သေသွားမယ်ဆိုရင်တောင်မှ မင်းနဲ့ ပူးပေါင်းမှာ မဟုတ်ဘူး”

ဆွစ်

နတ်ဆိုးဘိုးဘေးကြီးသည် ပြောပြီးပြီးချင်းမှာပဲ ပျောက်ကွယ်သွားခဲ့၏။ သူသည် ထာဝရလောကကြီးထဲသို့ ပို့ဆောင်ခြင်း ခံရသည်သာမက ထျန်းယွမ်အကျဉ်းထောင်စေတီထဲသို့ပါ ရောက်ရှိနေပြီဖြစ်သည်။

ဟုတ်ပေသည်။ အရာအားလုံး စီစဉ်ထားခဲ့ပြီးဖြစ်သည်။ အားရာ၏လက်စွမ်းကို စာဖတ်သူများ အားလုံးက သိရှိပြီး ဖြစ်ပေလိမ့်မည်။ ထျန်းယွမ်အကျဉ်းထောင်စေတီထဲမှ သံမဏိကဲ့သို့ မာကျောလှသောစိတ်ဖြင့် ပြန်လည် ထွက်ခွာလာနိုင်သူ ဟူ၍ မည်သူမှ မရှိခဲ့ချေ။

..........

ဆွစ် ဆွစ်

မကြာခင်မှာပဲ ပထမတန်းစား တော်ဝင်နိုင်ငံသားများ သတ်ဖြတ်ခံရသည့် မြင်ကွင်းသည် များပြားပြီး အားကောင်း လွန်းလှသော အဘိုးအိုများဆီသို့ ရောက်ရှိသွားခဲ့သည်။ ၎င်းတို့သည် ချက်ချင်းပဲ တည်နေရာဆီသို့ ရောက်ရှိလာပြီး ကြည့်ရှုလိုက်သည့်အချိန်မှာတော့ မြေပေါ်တွင် သွေးများ ပြန့်ကျဲလျက် ရှိနေသည်ကို မြင်လိုက်ရ၏။ မျက်လုံးများ သည် အေးစက်သွားခဲ့၏။

“သတ်ဖြတ်သူက နံပါတ် (၉၅၂၇) ပဲ”

ဤအရာသည် တရားရေးရာဟောခန်းမှ လူများသာလျှင် ဖြစ်၏။ သေဆုံးသွားခဲ့ပြီဖြစ်သော ပထမတန်းစား တော်ဝင်နိုင်ငံသားများမှ ပေးပို့လိုက်သည့် အလောင်းကျေးကျွန်ကောင်၏ ပုံရိပ်ယောင်ကို သူတို့က ရရှိခဲ့ပြီးဖြစ်သည်။

“အင်း”

နတ်ဆိုးဘိုးဘေးကြီးသည် တစ်ဖက်လူ၏ အပြစ်တင်ခြင်းကို ခံရသည့်လူတစ်ယောက် ဖြစ်လာခဲ့ပြန်၏။ သို့နှင့် ကျွင်းချောင်ရှောင်း ဘယ်ရောက်သွားသနည်း။ သူသည် သတ်ဖြတ်ခဲ့သည့် တည်နေရာဆီမှ ထွက်ခွာသွား ခဲ့ပြီးသည့်နောက် တောင်ထွတ်တစ်ခုပေါ်တွင် ခြေချိတ်ကာ ထိုင်လျက်ရှိ၏။ စိတ်ဝိညာဉ်အာရုံများကို ဖြန့်ကျက် ကာဖြင့် ကြယ်တာရာစိတ်ဝိညာဉ်လောကရှိ အရာအားလုံးကို ကြည့်ရှုစစ်ဆေးလျက်ရှိ၏ ။

ပထမတန်းစားဂြိုဟ်သည် ထာဝရလောကကြီးနှင့် ကောင်းကင်ဖြတ်သန်းခြင်း လောကကြီးထက် ပိုမိုအားကောင်း သော ဓာတ်သဘာဝများ တည်ရှိလို့နေသည်။ တောင်နှင့်ချောင်းများသည် အမှန်ပင် ကြည့်ကောင်းလွန်းလှ၏။ အထက်အဆင့် ဂြိုဟ်တစ်ခုဟု သတ်မှတ်နိုင်စွမ်း ရှိလေသည်။

“ဟမ်” ကျွင်းချောင်ရှောင်းသည် သူနှင့် အနီးဆုံးတွင် ရှိနေသော မြို့တစ်ခုကို လှမ်းကာကြည့်ရှုလိုက်၏။ မြို့၏ ဂိတ်တံခါးဆီမှ လှမ်းကာကြည့်ရှုရမည်ဆိုလျှင် မြို့၏ အရွယ်အစားမှာ မကြီးမားလှချေ။ သို့ပေမဲ့ အထဲတွင် နေထိုင် ကြသည့် သက်ရှိသတ္တဝါများ အားလုံးသည် အလွန်အားကောင်းလှ၏။ အစစ်အမှန်ရှာဖွေခြင်းထိပ်ဆုံးအဆင့် ကျင့်ကြံသူများအား နေရာအနှံ့တွင် မြင်နိုင်၏။

“ဒီလို မြို့သေးသေးလေးထဲမှာတောင်မှ အစစ်အမှန်ရှာဖွေခြင်းထိပ်ဆုံးအဆင့် စွမ်းအားမြင့် ကျင့်ကြံသူတွေ အများကြီး ရှိနေတာပါလား”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ထိပ်တန်းမြို့ဆိုရင်တော့ ကြောက်ဖို့ ကောင်းလိမ့်မယ်”

သူသည် မြို့ထဲသို့ ဆက်လက်ကာ ရှာဖွေလိုက်၏။ ကုန်းရှန့်အနေဖြင့် မြို့၏အပြင်ဘက်တွင် စစ်စခန်းများကို ရှာဖွေ တွေ့ရှိခဲ့၏။ အထဲတွင် ရှိနေသော စစ်သည်များသည် လေ့ကျင့်လျက် ရှိနေကြ၏။ သူသည် အမျိုးမျိုး ရုပ်ပြောင်းကာဖြင့် မြို့အသီးသီးဆီသို့ လှည့်ပတ်ကြည့်ရှု၏။ ဤနေရာတွင်ရှိနေသည့် ဓလေ့ထုံးစံများသည် မတူညီ လှသည်ဆိုသော်လည်း အားလုံးသော မြို့အသီးသီးတွင် စစ်စခန်းများ တည်ရှိလို့နေခဲ့၏။

ဟုတ်ပေသည်။ မတူညီသည့် ပုံပန်းသွင်ပြင်နှင့် ရွက်သင်္ဘောများကလည်း တည်ရှိလို့နေသည်။ ကျွင်းချောင်ရှောင်း သည် အခုမှ အသစ်တည်ဆောက်ထားသည့် ကြယ်တာရာစိတ်ဝိညာဉ်သင်္ဘောများကို အဝေးဆီမှ ကြည့်ရှုကာ ပြောလိုက်သည်။ “အင်း... ထုတ်လုပ်မှုပုံစံကိုသာ ငါရမယ်ဆိုရင် ထုတ်လုပ်နိုင်မှုနှုန်းက ပိုပြီးတော့ တိုးလာလိမ့်မယ် ထင်တယ်”

အချက်အလက်အားဖြင့် ပြိုင်စံရှားဂိုဏ်းသည် ရွက်သင်္ဘောများကို တည်ဆောက်နိုင်ရန်စွမ်းရည် ပိုင်ဆိုင်နေပြီ ဖြစ်၏။ သူတို့လိုအပ်နေသည်မှာ မြန်မြန်ဆန်ဆန် ထုတ်လုပ်နိုင်မှုနှင့် လိုအပ်သည့် ကုန်ကြမ်းများပင်ဖြစ်၏။

“အင်း... ဒီနေရာရဲ့ကျောက်ရိုင်းအမျိုးအစားတစ်ခုက တကယ့်ကို သာမန်ထက်ပိုတဲ့ အရည်အသွေး ရှိတာပဲ” ရွက်သင်္ဘောများ တည်ဆောက်ရာ ဂိုထောင်တစ်ခုအတွင်းမှာတော့ ကျွင်းချောင်ရှောင်းသည် ကျောက်တုံးတစ်ခုကို သေသေချာချာ စစ်ဆေးနေ၏။

“ဘယ်သူလဲ” လှည့်ပတ်ကာ ကြည့်ရှုလျက်ရှိနေသည့် သိုင်းကျင့်ကြံသူသည် အပြင်ဘက်ဆီမှ သူ့အား သတိပြုမိ လိုက်၏။ သို့ပေမဲ့ အထဲသို့ ဝင်ရောက်လိုက်သည့်အချိန်မှာတော့ တစ်ဖက်လူသည် မရှိတော့ချေ။ ရွက်သင်္ဘောများ တည်ဆောက်ရန် အသုံးပြုရသည့် ကျောက်ရိုင်းများမှာလည်း အားလုံး မရှိတော့ချေ။

.............

နောက်တစ်ရက်မှာတော့ ကျွင်းချောင်ရှောင်းသည် ကြယ်တာရာစိတ်ဝိညာဉ်လောကဆီသို့ ဝိညာဉ်တစ်ကောင် ကဲ့သို့ပင် လှည့်ပတ်ကာ သွားလျက် ရှိနေ၏။ မှန်ပေ၏။ နည်းပညာသည် အမှန်ပင် မြင့်မားလွန်းလှသည်။ များပြား လှသော မြို့အသီးသီးတွင် တည်နေရာရွေ့ပြောင်းခြင်း အစီအရင်များ တည်ရှိနေ၏။ ရွက်သင်္ဘောများနှင့် စစ်စခန်း များအားလုံးသည်လည်း နေရာအနှံ့တွင် တည်ရှိနေသည်။

ထူးခြားသည့်အခြေအနေ ပေါ်ပေါက်လာသည်ဆိုပါက ၎င်းတို့သည် အရေအတွက်များများနှင့် စုဝေးနိုင်၏။ ရုတ်တရက် ကျူးကျော်ခြင်းကို ခံရသည်ဆိုပါက ချက်ချင်းတုန့်ပြန်နိုင်သည့် အစီအရင်များလည်း တည်ရှိလို့ နေ၏။

“ဒါက နည်းနည်းတော့ ခက်တာပဲ”

အချက်အလက်များ စတင်ရရှိစဉ်က ကြယ်တာရာ စိတ်ဝိညာဉ်လောကကို တိုက်ရိုက်ဆိုသလိုပဲ တိုက်ခိုက်နိုင်လိမ့်မည် ဟု သူက ထင်မှတ်ခဲ့၏။ သို့ပေမဲ့ လက်ရှိ အခြေအနေမှာတော့ နှစ်ခါပြန် စဉ်းစားရပေလိမ့်မည်။

ထာဝရလောကကြီး၏ အလုံးစုံသော တိုက်ခိုက်နိုင်မှု စွမ်းအင်ကြောင့်ပင် ဤဂြိုဟ်ကို ဖျက်ဆီး၍ မရနိုင်ဟု သုံးသပ် မိသည်။ အထူးသဖြင့် များပြားလွန်းလှသော အလောင်းကောင်ကျေးကျွန်များ တည်ရှိနေခြင်းပင်။ ကြယ်တာရာ စိတ်ဝိညာဉ်လောကနှင့်ပတ်သက်၍ ထူးခြားသည့်အရာမှာ ရွက်သင်္ဘောများ၊ စစ်စခန်းများ၊ စစ်သည်များ မဟုတ်ပေ။ ဤအလောင်းကောင်များပင် ဖြစ်၏။ ဤအလောင်းကောင်များတွင် အဆင့်အမျိုးမျိုး တည်ရှိလို့ နေသည်။

ကျွင်းချောင်ရှောင်းသည် ရက်အနည်းငယ်အတွင်း လှည့်လည်စုံစမ်းစစ်ဆေးချက်များအရဆိုလျှင် ရွာငယ်လေးဆီမှ ကြီးမားလှသော မြို့အသီးသီးအထိ နံပါတ်အမျိုးမျိုးနှင့် အလောင်းကောင်များ တည်ရှိလို့နေသည်။ ၎င်းတို့အားလုံး သည် ကျေးကျွန်များ ဖြစ်ကြသလို တိုက်ခိုက်သူများလည်း ဖြစ်ကြ၏။ အားလုံးသောသူတို့သည် အမိန့်ကို နာခံကြ၏။

“တကယ်လို့ တိုက်ခိုက်မယ်ဆိုရင်”

စနစ်က ပြောလိုက်သည်။ “ကြယ်တာရာစိတ်ဝိညာဉ်လောကမှာရှိတဲ့ အလောင်းကောင်တွေအကုန်လုံးက လှုပ်ရှားလာလိမ့်မယ်”

“ဟုတ်တယ်”

ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ “ဒါကို ငါစိတ်ပူနေတာပဲလေ”

အလောင်းကောင်သည် အလောင်းကောင်သာဖြစ်၏။ သတ်ဖြတ်ခံရမည် ဆိုလျှင်တောင်မှ ၎င်းတို့၏ ဝိညာဉ်များ သည် တည်ရှိနေသေး၏။ ဆက်တိုက် ထုတ်လုပ်နိုင်စွမ်းလည်း ရှိနေသည်။ အားမကောင်းလှဘူး ဆိုလျှင်တောင်မှ စတေးခံလူများအဖြစ် သတ်မှတ်နိုင်စွမ်း ရှိသည်။

“တကယ်လို့ အလောင်းကောင်တွေသာ သူတို့ရဲ့ စွမ်းအင်တွေကို ဆုံးရှုံးသွားမယ်ဆိုရင် ပြဿနာကြီး မဟုတ်ဘူး” စနစ်က ပြောလိုက်၏။

“ဒါဆိုရင် ငါတို့ ဖြစ်နိုင်သမျှ အမြန်ဆုံး သုတေသန ပြုလုပ်ရမယ်”

ကျွင်းချောင်ရှောင်းသည် ထျန်းယွမ် အကျဉ်းထောင်စေတီထဲသို့ လှမ်းဝင်လိုက်ပြီးသည့်နောက် နတ်ဆိုးဘိုးဘေးကြီးကို ချုပ်နှောင်ထားသည့် အခန်းဆီသို့ သွားလိုက်၏။ တံခါး၏ အက်ကွဲကြောင်းများမှတဆင့် ကြည့်ရှုရမည်ဆိုလျှင် အားရာသည် သူမ၏ ကြာပွတ်ကြီးကို အသာဝှေ့ယမ်းကာဖြင့် တဖြောင်းဖြောင်း ရိုက်နှက်လျက်ရှိသည်။ သူမ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ဖြစ်တည်လို့နေခဲ့၏။

“ထောင်စောင့်”

ကျိူးဒူဒူက ပြောလိုက်သည်။ “ဒီကောင် ထပ်ပြီး မေ့သွားပြန်ပြီ”

“တိုင်လု... သူ့ကို နှိုးစမ်း”

ဗွမ်း

မျက်နှာကို ရေအေးအေးဖြင့် လှမ်းကာပက်လိုက်ပြီးသည့်နောက် နတ်ဆိုးဘိုးဘေးကြီးသည် ပြန်ကာ နိုးထလာခဲ့ သည်။ သူသည် နာကျင်လျက်ရှိနေသည့် ဦးခေါင်းကို အသာမော့ကာဖြင့် တံခါးအက်ကွဲကြောင်းမှတဆင့် ကျွင်းချောင်ရှောင်းကို လှမ်းကာ ကြည့်ရှုလိုက်၏။ သူသည် အားပျော့စွာ ပြောလိုက်၏။ “ကျုပ်… ကျုပ် ပူးပေါင်း ပါ့မယ်”

ထိုရက်မှာပဲ သေမလိုဖြစ်လျက်ရှိနေသည့် နတ်ဆိုးဘိုးဘေးကြီးသည် အစီအရင်ဟောခန်းဆီသို့ ရောက်ရှိခဲ့၏။ ၎င်းသည် ကြိုးနှင့်ချည်နှောင်ပြီး အိပ်ယာပေါ်တွင် လဲလျောင်းနေရ၏။ သူ၏ အနားတဝိုက်တွင်တော့ လူပေါင်းများစွာ တည်ရှိလို့နေခဲ့ပြီး ဓာတ်မီးများနှင့် ဝိုင်းကာထိုးလျက်ရှိနေသောကြောင့် မျက်လုံးဖွင့်ရန်ပင် ခက်ခဲလို့ နေခဲ့သည်။

ဖောက် ဖောက် ဖောက် .....။

များပြားလွန်းလှသော ပြိုင်စံရှားဂိုဏ်းမှ အထက်ပိုင်းအကြီးအကဲနှင့် အဖွဲ့ဝင်များ အားလုံးတို့သည် စုဝေးလျက် ရှိနေ၏။ ၎င်းတို့အားလုံးသည် အဖြူရောင်ဝတ်စုံနှင့် နှာခေါင်းစည်းများကို ဝတ်ဆင်ထားကြပြီး တစ်ယောက်နှင့် တစ်ယောက် တီးတိုးပြောဆိုလျက် ရှိနေ၏။

လူနာတစ်ယောက်ကို ခွဲစိတ်တော့မည့် တကယ့်ဆရာဝန်အဖွဲ့များကဲ့သို့ပင်။

All Chapters