အခန်း ၁၉၁၀
Vol. 128 Ch. 1910
အပိုင်း (၁၉၁၀)
နတ်ဆိုးဘိုးဘေးကြီးသည် ငိုချင်နေမိ၏။ သူသည် ကြယ်တာရာစိတ်ဝိညာဉ်လောကတွင် အသက်ရှင် ရပ်တည် နိုင်စွမ်း မရှိတော့ချေ။ ထို့အပြင် လက်ရှိအခြေအနေမှာလည်း သူသည် အစမ်းသပ်ခံပစ္စည်းတစ်ခုကဲ့သို့ပင် အသုံးချခြင်းကို ခံနေရသည်။
“သည်းခံရမယ်။ အသက်ဆက်ရှင်ဖို့ သည်းခံရမယ်”
နတ်ဆိုးဘိုးဘေးကြီးသည် သူ့ကိုသူ ထပ်တလဲလဲ နှစ်သိမ့်လျက် ရှိနေ၏။ များပြားလွန်းလှသော ဘဝ၏ ခက်ခဲမှုများကို တွေ့ကြုံနှိပ်စက်ခံရပြီးသည့်နောက်မှာတော့ သူသည် အလုံးစုံအားကောင်းသည် စိတ်အဟုန်ကို ပိုင်ဆိုင်လျက် ရှိနေ၏။
အလွန် အန္တရာယ်များလှသည့် အခြေအနေတွင် တည်ရှိနေသည်ဆိုလျှင်တောင်မှ သူသည် ဖြစ်ပေါ်လာခဲ့သည့် မျက်ရည်ကို သုတ်ကာဖြင့် ရဲရဲရင်ဆိုင်ရပေမည်။ သူသည် သနားဖွယ်ရာကောင်းသည့် ဗီလိန်တစ်ယောက်ပင် ဖြစ်လို့နေခဲ့၏။ အကန့်အသတ်မဲ့ များပြားလှသော အောင်မြင်မှုများကို ရယူပြီးသည့်နောက် အောက်ခြေသို့ ကျဆင်းသွားရ၏။ သူသည် အသက်ရှင်နေထိုင်ရန်အတွက် ဘဝ၏ ခက်ခဲမှုများ အားလုံးကို တွေ့ကြုံခံစားခဲ့ ရသည်။
“လုပ်လိုက်ကြရအောင်” ကျွင်းချောင်ရှောင်းက လေးလေးနက်နက် ပြောလိုက်၏။
ထိုက်ရွှမ်အဘိုးအို ဦးဆောင်သော လူများအားလုံးသည် တစ်ယောက်ကိုတစ်ယောက် ကြည့်ရှုလိုက်ကြ၏။ ပြီးသည့်နောက် ၎င်းတို့သည် လက်နက်ပစ္စည်းများ အားလုံးကို ထုတ်ယူလိုက်ကြသည်။
ဆွစ်
မြောင်စိုင်းဖန်ဆီမှ မေ့ဆေးအမှုန့်များသည် နတ်ဆိုးဘိုးဘေးကြီး၏ ပါးစပ်ထဲသို့ ရောက်ရှိသွား၏။ ဤအရာသည် အစစ်အမှန်မှာတော့ အဆိပ်တစ်ခုသာဖြစ်၏။ ခန္ဓာကိုယ်တစ်ခုလုံးကို ထုံကျင်သွားစေနိုင်သည့်အစွမ်း တည်ရှိ၏။ ထိုမှသာလျှင် နာကျင်မှုကို မခံစားရမှာပင်။ ခဏလောက် ကြာပြီးသည့်နောက်မှာတော့ ဤဆေးစွမ်းသည် အကျိုးသက်ရောက်လာခဲ့၏။
နတ်ဆိုးဘိုးဘေးကြီးသည် အိပ်မောကျသွားခဲ့သည်။ သို့ပေမဲ့ သူသည် တစ်မှေးလောက်အိပ်သည့် အခြေအနေသာ ရှိနေသေး၏။ သူ၏ အသားအရေထဲသို့ ကတ်ကြေးများ၊ ဓားများ ဝင်လျက်ရှိနေကြောင်း ကောင်းကောင်းခံစား မိ၏။ သူသည် ယားသလိုလိုပင် ခံစားနေမိသည်။
ဇွိ ဇွိ .....။
ထိုက်ရွှမ်အဘိုးအိုသည် ဦးဆောင်ကာဖြင့် လှီးဖြတ်လျက် ရှိနေ၏။ သူသည် မြန်မြန်ဆန်ဆန်ဆိုသလိုပဲ နတ်ဆိုး ဘိုးဘေးကြီး၏ ခန္ဓာကိုယ်ကို ဆွဲကာ ခွဲလျက်ရှိနေသည်။ အားလုံးသောသူများသည် သေသေချာချာ ကြည့်ရှု ပြီးသည့်နောက် အထဲတွင် ရှိနေသည့် အရာအားလုံးကို လေ့လာလျက် ရှိနေသည်။ ဤခန္ဓာကိုယ်ကြီးသည် သာမန်လူတစ်ယောက်နှင့် မခြားနားလှချေ။ သူ့၌ မရီဒန်၊ သွေးကြောများနှင့် အတွင်းအင်္ဂါအစိတ်အပိုင်း များအားလုံး တည်ရှိ၏။
“ဦးခေါင်းကို ခွဲလိုက်” ကျွင်းချောင်ရှောင်းက အမိန့်ပေးလိုက်သည်။
ဝိညာဉ်သည် အလောင်းခန္ဓာကိုယ်နှင့် ပေါင်းစပ်နေချိန်၌ အရေးအကြီးဆုံးအရာမှာ ဦးခေါင်းပင် ဖြစ်ပေ၏။ ထို့ကြောင့် ထိုအထဲတွင် လျှို့ဝှက်ချက် တစ်ခုခု တည်ရှိနေမှာ သေချာသည်။
ထိုက်ရွှမ်အဘိုးအိုသည် ဓားအသစ်ကို ပြန်လည်ကာ ကောက်ယူလိုက်၏။ ပြီးသည့်နောက် နတ်ဆိုးဘိုးဘေးကြီး၏ ဦးခေါင်းကို စတင်ကာ ခွဲလေတော့၏။ လူဦးခေါင်းခွံကို ခွဲရခြင်းဆိုသည်မှာ ကျွမ်းကျင်ရန် လိုအပ်၏။ မထင်မှတ်သည့် ပြဿနာများ ဖြစ်လာသည်ဆိုပါက အဆိုးဆုံးအားဖြင့် သေဆုံးသွားနိုင်သေး၏။
..........
ကြယ်တာရာလောက၏ တရားရေးရာခန်းမ
အဆင့်မြင့်အထက်ပိုင်းအကြီးအကဲများ အားလုံးတို့သည် အခန်းထဲတွင် စုကာထိုင်လျက် ရှိနေကြသည်။ ၎င်းတို့သည် ပုံရိပ်ယောင်မြင်ကွင်းဆီမှ ပြန်လည်ကာ ထုတ်ဖော်ပြသလာသည့် အလောင်းကောင်နံပါတ် (၉၅၂၇) ၏ ပုံရိပ်ယောင်ကို သေသေချာချာ ကြည့်ရှုနေသည်။
“ပထမတန်းစား နိုင်ငံသား ဆယ့်နှစ်ယောက် သတ်ဖြတ်ခံလိုက်ရတယ်ဆိုတော့ သူ့ကို ပြင်းပြင်းထန်ထန် အပြစ်ပေးရမယ်” အဘိုးအိုတစ်ယောက်သည် ဒေါသတကြီးဖြင့် ပြောလိုက်၏။
အားလုံးသောသူတို့သည် သဘောတူညီကြသည်။
“အလောင်းကောင်နံပါတ် (၉၅၂၇) က ပထမတန်းစား နိုင်ငံသား ဆယ့်နှစ်ယောက်ကို သတ်ဖြတ်ပစ်လိုက်တယ်။ သူ့ရဲ့နည်းလမ်းက အရမ်းကို ရက်စက်ပြီးတော့ လူသားမဆန်ဘူး။ ဆိုးရွားလွန်းတယ်။ တရားရေးရာခန်းမက သေသေချာချာ ဆွေးနွေးပြီးတဲ့နောက်မှာ သူ့ရဲ့ဝိညာဉ်တစ်ခုလုံးကို သေမိန့်ပေးဖို့ အပြစ် ချမှတ်လိုက်ပြီ။ ချက်ချင်းပဲ သူ့ကို သုတ်သင်ပစ်ရမယ်”
တရားရေးရာ ဟောခန်းဌာန၏ ဟောခန်းသခင်သည် စားပွဲ၏ ထိပ်တည်နေရာတွင် ထိုင်လျက်ရှိနေ၏။ ၎င်းသည် ၎င်း၏အမိန့်ကို ချက်ချင်းပဲ ကြေညာလိုက်၏။
အတွင်းအစီအရင်မှတဆင့် အဓိကမြို့အသီးသီးတွင် ရှိနေသည့် အဖွဲ့အစည်းများထံသို့ သူ၏အသံ ရောက်ရှိသွားခဲ့၏။ သိုင်းကျင့်ကြံသူများ အားလုံးသည် ထိုအရာကို ရှင်းရှင်းလင်းလင်း ကြားလိုက်ကြသည်။
“ပထမတန်းစား နိုင်ငံသား ဆယ့်နှစ်ယောက်ကို သတ်ခဲ့တယ် ဟုတ်လား”
“အလောင်းကောင်ကျေးကျွန် (၉၅၂၇) က ပုန်ကန်ခဲ့တာလား”
“ဒီလိုအရာမျိုး မဖြစ်လာတာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီပဲ။ ငါတို့ရဲ့ လုံခြုံရေးအတွက် ဒီကောင့်ကို ကျိန်းသေပေါက် အပြစ်ပေးမှ ဖြစ်မယ်”
ကြယ်တာရာစိတ်ဝိညာဉ်လောကတွင် ရှိနေသည့် နိုင်ငံသားများသည် အမှန်ပင် တစ်ဖက်လူကို သုတ်သင်ပစ်မည် ဆိုသည့် စိတ်ဆန္ဒများ ဖြစ်ပေါ်လာခဲ့၏။ ၎င်းတို့သည် ၎င်းတို့ထိန်းချုပ်နိုင်စွမ်း ရှိသော အလောင်းကောင်များကိုသာ လိုအပ်၏။ သူတို့ ထိန်းချုပ်နိုင်စွမ်းမရှိသည့် အလောင်းကောင်ပေါ်လာပါက ကျိန်းသေပေါက် သုတ်သင်ပစ်ရ ပေလိမ့်မည်။
သို့ပေမဲ့ တခြားသော အလောင်းကောင်များသည် ထိုအချင်းအရာကို ကြားသည့်အချိန်မှာတော့ ၎င်းတို့၏ မျက်လုံးထဲတွင် ဝမ်းနည်းမှုများ၊ ကြောက်လန့်မှုများ ဖြစ်တည်လာခဲ့၏။ သူတို့သည် (၉၅၂၇) ကို မစာနာ၍ မဟုတ်ချေ။ တကယ်ပင် စာနာနားလည်မိကြသည်။ အနာဂတ်တွင် တရားရေးရာဟောခန်း၏ အပြစ်ပေးမှု ကို သူတို့ ခံရမည်လား ဆိုသည်ကို မည်သူမှ မသိရှိချေ။ သေးကွေးလှသော ပြဿနာလေးတစ်ခု ဖြစ်ရုံနှင့် အသက်သေဆုံးသွားနိုင်သည့် အခြေအနေတွင် ရှိနေကြသည် မဟုတ်ပါလား။
အထူးသဖြင့် ဝိညာဉ်အပြစ်ပေးခြင်းပင်။ ထိုအရာသည် နှိပ်စက်ခံရသည်ထက် ပိုမိုကာ ရက်စက်လွန်းလှ၏။ အလောင်းကောင်များအတွက် ကြယ်တာရာစိတ်ဝိညာဉ်လောက၏ အကြီးမားဆုံး အပြစ်ပေးမှုသည် ဝိညာဉ် တိုက်ခိုက်ခြင်းဖြစ်၏။ ဝိညာဉ်သည် ထိုကဲ့သို့ တိုက်ခိုက်ခံနေရသည့်အတောအတွင်း အလွန်နာကျင်စွာဖြင့် ဖြည်းဖြည်းချင်း ပျောက်ကွယ်ရ၏။
နတ်ဆိုးဘိုးဘေးကြီးသည် ပထမတန်းစား နိုင်ငံသားများကို သတ်ဖြတ်ခဲ့သည့်အတွက် ဝိညာဉ်အပြစ်ပေးမှုကို ခံရတော့ပေမည်။
“ဒီအမိန့်ထုတ်ပြန်စာကို လက်ဆင့်ကမ်းလိုက်တော့” တရားရေးရာဟောခန်းဆီမှ ဟောခန်းသခင်သည် ပြောလိုက်၏။ မည်သည့်ခံစားမှုမှ မရှိသလို မည်သည့်သနားညှာတာစိတ်မှ မရှိချေ။
ကျေးကျွန်အလောင်းကောင်များ ဆိုသည်မှာ ကြယ်တာရာစိတ်ဝိညာဉ်လောက၏ သိုင်းကျင့်ကြံသူများအတွက် အသုံးချစရာတစ်ခုကဲ့သို့ပင်။ သတ်မှတ်ထားသည့်အခြေအနေ ပြည့်စုံလျှင် အလောင်းကောင်များသည် လွတ်လပ်မှုကို ရရှိကြသည် ဆိုသော်လည်း များပြားလှသည့် ကန့်သတ်မှုများနှင့် ချည်နှောင်ခံထားရတုန်းပင်။
“ကောင်းပြီ”
ဝတ်စုံပြည့် ဝတ်ဆင်ထားသော သုတ်သင်ရှင်းလင်းသူတစ်ယောက်သည် ဟောခန်းထဲမှ ထွက်လျှောက် သွားပြီးသည့်နောက် များပြားလှသော ပုံရိပ်ယောင်အစီအရင်များ စီရင်ထားသည့် မြေပေါ်တွင် မတ်တပ်ရပ် လိုက်၏။ သူသည် ထူးခြားလွန်းလှသော သံလိုက်အိမ်မြှောင်တစ်ခုကို ထုတ်ယူလိုက်ချိန်မှာတော့ ထိုအရာပေါ်တွင် အလင်းတန်းများ စုစည်းလာခဲ့၏။
အစက်တစ်ခုချင်းစီတိုင်းသည် ဝိညာဉ်တစ်ခုချင်းစီတိုင်းကို ကိုယ်စားပြု၏။ ထိုအရာထဲတွင် နတ်ဆိုးဘိုးဘေးကြီး၏ (၉၅၂၇)၏ အလင်းစက်လည်း ပါဝင်လို့နေသည်။ အချက်အလက်အားဖြင့် ထိုအရာသည် မူလ ဝိညာဉ်အရင်းအမြစ် ပင် ဖြစ်သည်။ ထိုအရာကို ထိန်းချုပ်ထားသည်ဆိုပါက သေခြင်း၊ ရှင်ခြင်းကို ထိန်းချုပ်ထားသည်နှင့် တူညီပေလိမ့်မည်။
ဝှစ်
သုတ်သင်ရှင်းလင်းသူသည် (၉၅၂၇) ၏ ဝိညာဉ်ကို ပထမဦးဆုံး ဆင့်ခေါ်လိုက်၏။ ပြီးသည့်နောက် မြေပေါ်တွင် ရှိနေသော အပေါက်ကြီးတစ်ခုထဲသို့ ထည့်သွင်းလိုက်၏။
ဝှစ် ဝှစ်
အစီအရင်၏ မျဉ်းကြောင်းများ အသက်ဝင်ပြီးသည့်နောက် မီးများ ပေါ်ပေါက်လာ၏။ (၉၅၂၇) ၏ ဝိညာဉ် သည် ထိုတွင်းကြီးထဲတွင် ရှိနေပြီး အရက်စက်ဆုံးသော မီးအပြစ်ပေးမှုကို ခံစားနေရသည်။
ရှီး ရှီး .....။
ခဏလောက်ကြာပြီးသည့်နောက် မီးတွင်းကြီးသည် ဆီအိုးကြီးကဲ့သို့ပင် ဖြစ်တည်လာပြီး အထဲတွင်ရှိနေသော ဝိညာဉ်ကို သက်ရောက်စေခဲ့၏။ ပြီးသည့်နောက် ကြာပွတ်နှင့် ရိုက်နှက်ခြင်း၊ ချိတ်ကာ ဓားနှင့်ထိုးခြင်း စသည့် တခြားသော အပြစ်ပေးမှုများနှင့် အလိုလို ပြုလုပ်တော့၏။
(၉၅၂၇) ၏ ဝိညာဉ်သည် အကူအညီကင်းမဲ့နေသည့် ကလေးလေးတစ်ယောက် ကဲ့သို့ပင်။ သေခြင်းတရားထက် ပိုမိုကာ ဆိုးရွားလွန်းလှသည့် နှိပ်စက်ခြင်းကို ခံရလေ၏။ ဤကဲ့သို့သော အပြစ်ပေးမှု မြင်ကွင်းအားလည်း တိုက်ရိုက်ထုတ်လွှတ် ပြသလျက်ရှိသည်။
ကြယ်တာရာစိတ်ဝိညာဉ်လောကထဲတွင် ရှိနေသော သိုင်းကျင့်ကြံသူများသည် အဆင့်နိမ့်အလောင်းကောင်၏ ဝိညာဉ် ပျောက်ကွယ်သွားသည်ကို မြင်ရချိန်မှာတော့ ၎င်းတို့၏ မျက်နှာပေါ်တွင် စိတ်ကျေနပ်သည့်အပြုံးများ ဖြစ်တည်လာခဲ့၏။ ဤကဲ့သို့ ဥပဒေ မလိုက်နာသူအား သေမိန့်ပေးခဲ့ခြင်းသည် စိတ်ကျေနပ်စရာပင် ဖြစ်၏။
အခြားတစ်ဖက်မှာတော့ မည်သည့်ဂုဏ်သိက္ခာ၊ မည်သည့်အရာမှ မရှိသော အလောင်းကောင်များသည် ကြက်သီး များ ထလျက်ရှိ၏။ အချက်အလက်အားဖြင့် ဥပဒေပြုဟောခန်းဆီမှ သုတ်သင်သူသည် သူတို့နှင့် မျိုးနွယ်တူလှသော အလောင်းကျေးကျွန်တစ်ယောက်ကို ဆင့်ခေါ်ပြီး သတ်ဖြတ်လိုက်ကြောင်း မြင်ရချိန်မှာတော့ ကြက်သီးများပင် ထမိနေကြသည်။
မူလအားဖြင့် နှလုံးသားထဲတွင် ကြိတ်ကာ မကျေမနပ်ဖြစ်နေသည့် အလောင်းကျေးကျွန်များ အားလုံးတို့သည့် ဤသတ်ဖြတ်မှု မြင်ကွင်းကို မြင်ရသည့်အချိန်မှာတော့ ကြယ်တာရာစိတ်ဝိညာဉ်လောကဆီမှ သိုင်းကျင့်ကြံသူ များကို ပိုမိုကြိုးစားကာဖြင့် အလုပ်အကျွေးပြုရန် ဆုံးဖြတ်လိုက်ကြသည်။ သေဆုံးခြင်းဆိုသည်မှာ ကြောက်မက် စရာ မကောင်းလှချေ။ သို့ပေမဲ့ မသေဆုံးခင် နှိပ်စက်ခံရခြင်းမှာတော့ ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှ၏။
..........
ရက်အနည်းငယ် ကြာမြင့်ပြီးသည့်နောက်မှာတော့ ထုံဆေး၏ အစွမ်းသည် ပျောက်ကွယ်သွားခဲ့၏။ နတ်ဆိုး ဘိုးဘေးကြီးသည် တွေဝေငေးငိုင်စွာဖြင့် နိုးထလာခဲ့၏။ သူ့အနေနှင့် တလက်လက် လင်းလက်လျက် ရှိနေသည့် အလင်းတန်းများကို မမြင်ရခဲ့ချေ။ သပ်ရပ်စွာဖြင့် တည်ဆောက်ထားခဲ့သည့် မျက်နှာကျက်ကြီးကိုသာလျှင် မြင်ရ၏။ သူ၏အတွေးများသည် အနည်းငယ် ရှုပ်ထွေးလျက် ရှိ၏။ သူ၏ပါးစပ် တစ်ခုလုံးသည်လည်း ခြောက်ကပ် လျက်ရှိသည်။
“ရေ.. ရေ”
သူ၏ အသံသည် အားပျော့နေ၏။ နတ်ဆိုးဘိုးဘေးကြီးသည် ထိုအသံကို ပြောဆိုလိုက်ချင်းချင်းမှာပဲ ပါးစပ်ထဲသို့ အေးစက်သည့် စမ်းရေများ ဝင်ရောက်လာခဲ့၏။ သူသည် အငမ်းမရဖြင့် ထိုအရာများကို သောက်မိလေ၏။ ရေသည် သူ၏ဝမ်းဗိုက်ထဲသို့ ရောက်ရှိလာ၏။ သူ၏ အတွေးများသည် ပိုမိုကာ ရှင်းလင်းလာသည်။
“အစ်ကိုကြီး”
ကျွင်းချောင်ရှောင်း၏ အသံသည် ထွက်ပေါ်လာ၏။ “ဘယ်လိုခံစားရလဲ”
သူ၏ဘေးတစ်ဖက်တွင် ရေခွက်တစ်ခွက်ကို ကိုင်ကာဖြင့် ရပ်လျက် ရှိနေသည့်လူကို မြင်ရသည့်အချိန်မှာတော့ နတ်ဆိုးဘိုးဘေးကြီးသည် သဘောပေါက်သွား၏။ သူသည် ဦးခေါင်းများ ပေါက်ကွဲလုမတတ်ပင်။ ထကာဆဲဆို ချင်စိတ် ပေါက်နေ၏။ ဒေါသလည်း အလွန်အမင်း ထွက်လျက်ရှိသည်။ “မင်း.. မင်း.. ငါ့ခေါင်းကို ခွဲခဲ့တာလား”
ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ “မလှုပ်နဲ့၊ မလှုပ်နဲ့။ အရမ်းကြီးလည်း မတွေးနဲ့အုံး”
“..........”
နတ်ဆိုးဘိုးဘေးကြီးသည် သူ၏ဒေါသများကို ဖိနှိပ်ကာဖြင့် အားပျော့စွာ ပြောလိုက်သည်။ “မင်း.. မင်း ငါ့ကို ဘာလုပ်ခဲ့တာလဲ”
“ခင်ဗျားကို ကယ်တင်ခဲ့တာလေ”
“ငါ့ကို ကယ်တင်တယ် ဟုတ်လား”
နတ်ဆိုးဘိုးဘေးကြီးသည် ခက်ခက်ခဲခဲဖြင့် ထရယ်လိုက်၏။ “ဟား ဟား ....”
ကျွင်းချောင်ရှောင်းသည် ထိုင်ချလိုက်၏။ ပြီးသည့်နောက် လက်သည်းခွံ အရွယ်အစားခန့်ရှိသော အရာကို ထုတ်ယူကာ ပြောလိုက်သည်။ “ဒါက ခင်ဗျားခေါင်းထဲမှာ ကျုပ်ရှာတွေ့တဲ့အရာပဲ။ ကျုပ်ရဲ့ သုံးသပ်ချက်အရဆိုရင် ဒီအရာက ဝိညာဉ်ကို ဖောက်ခွဲပစ်နိုင်တဲ့ အရာတစ်ခုနဲ့တူတယ်”
...........
“ဂိုဏ်းချုပ်... ဒီလူရဲ့ ခေါင်းထဲမှာ အရာတစ်ခုရှိတယ်”
“ဘာလဲ”
“ဒါက နှလုံးသားတစ်ခုလိုပဲ ခုန်နေတယ်”
ကျွင်းချောင်ရှောင်းသည် အသာလျှောက်လာကာ မေးလိုက်၏။ “ဒါက ဗုံးတစ်ခု မဟုတ်နိုင်ဘူးလား”
တွီ တွီ
ရုတ်တရက် ထိုအရာကြီးဆီမှ အသံထွက်ပေါ်လာ၏။ ခန့်မှန်းလျက်ရှိနေသည့် ကျွင်းချောင်ရှောင်းသည် ဤအရာမှာ ပေါက်ကွဲတတ်သည့် ပစ္စည်းတစ်ခုဖြစ်ကြောင်း သုံးသပ်လိုက်မိ၏။ ရုတ်တရက် တတွီတွီ မြည်လာသည့် အချိန်မှာတော့ ပေါက်ကွဲတော့မည်ဖြစ်ကြောင်း အတပ်သိလိုက်သည်။
ရွှီး
သူသည် ဘေးတစ်ဖက်တွင် ရှိနေသည့် ကတ်ကြေးကို ကောက်ယူပြီး အရောင်နှင့် ကြိုးတစ်ချို့ကို ဖြတ်တောက်လိုက်၏။
ခရက် ခရက်
ကြိုးများပြတ်တောက်ပြီးသည့်နောက် အသံကြီးသည် ရပ်တန့်သွားသည်။
ဟူး
ကျွင်းချောင်ရှောင်းသည် စိတ်သက်သာရာ ရသလို သက်ပြင်းချလိုက်၏။ သူသည် နဖူးစပ်တွင် ရှိနေသော ချွေးများကို သုတ်လိုက်၏။ တကယ်တမ်းမှာတော့ မတူညီသည့်အရောင်နှင့် ကြိုးများတည်ရှိလို့နေခဲ့၏။ အချိန်သည် ကပ်နေသည်ဖြစ်သောကြောင့် ကုန်းရှန့်သည် အနီရောင်ကြိုးကို ဖြတ်တောက်လိုက်ခြင်းသာ ဖြစ်၏။
သူအဘယ်ကြောင့် အနီရောင်ကို ရွေးချယ်လိုက်ရသနည်း။ သူသည် နှင်းဆီအရောင်ကို တွေးတော လိုက်သောကြောင့်ပင်။
သူ၏ မိန်းမသည် သူ့အား ကံကောင်းခြင်းများစွာကို ပေးစွမ်းခဲ့၏။ ထို့ကြောင့် သူသည် လက်ရှိအချိန်မှာတော့ မှန်ကန်စွာ ခန့်မှန်းနိုင်ခဲ့တော့၏။ ဝိညာဉ်အပြစ်ပေးမှုကိုခံရပြီး ဝိညာဉ်တစ်ခုလုံး ပေါက်ကွဲထွက်သွားမည့် နတ်ဆိုးဘိုးဘေးကြီးကိုလည်း ကယ်တင်လိုက်နိုင်ခဲ့လေသည်။