← Chapters

အခန်း ၁၉၁၁

Vol. 128 Ch. 1911

အခန်း ၁၉၁၁

Vol. 128 Ch. 1911

အပိုင်း (၁၉၁၁)

ကျွင်းချောင်ရှောင်းသည် နတ်ဆိုးဘိုးဘေးကြီးကို တစ်စစီခွဲကာ လေ့လာခဲ့သည်ဆိုသော်လည်း တစ်ဖက်လူကို ကယ်တင်ခဲ့လေ၏။ ဝိညာဉ်အပြစ်ပေးမှု ဆိုသည်မှာ ဦးခေါင်းခွံထဲတွင် ထည့်ထားသည့် ချိန်ကိုက်ဗုံး ဖောက်ခွဲခြင်းပင်။

လက်ရှိအခြေအနေမှာတော့ တရားရေးရာဟောခန်းသည် နတ်ဆိုးဘိုးဘေးကြီးအား မျိုးစုံသော နှိပ်စက်မှုများနှင့် နှိပ်စက်ခဲ့၏။ သို့ပေမဲ့ တစ်ဖက်လူသည် ဝိညာဉ်တစ်ခုလုံး ပျောက်ကွယ်နေသည့် အခြေအနေ ဖြစ်သောကြောင့် ဘာတစ်ခုမှ နာကျင်မှုကို မခံစားခဲ့ရချေ။ ထို့အပြင် ဝိညာဉ်ချိန်ကိုက်ဗုံး ပေါက်ကွဲတော့မည့်အချိန်၌ ကျွင်းချောင်ရှောင်းသည် အချိန်ကိုက် ဖျက်ဆီးခဲ့၏။

ပြောရမည်ဆိုလျှင် နာကျင်မှုများပေါင်းစုံကို အတွေ့အကြုံ ခံစားရမည်ဖြစ်သော နတ်ဆိုးဘိုးဘေးကြီးသည် ကုန်းရှန့်၏ အကူအညီဖြင့် အန္တရာယ်တွင်းမှ ကင်းလွတ်သွားခဲ့သည်။ သူသည် မည်သည့်နာကျင်မှုကိုမှ မခံစားခဲ့ရချေ။ သူသည် အခြေအနေဆိုးရွားခဲ့လေသည်လား။ မဟုတ်ပေ။ အလွန်ပင် ကံကောင်းလွန်းခဲ့သည်။

သူ့ကို အကြိမ်ပေါင်းများစွာ နှိပ်စက်နေသည့် ကျွင်းချောင်ရှောင်းနှင့် တွေ့ဆုံရခြင်းမှာ ကံကောင်းခြင်းတစ်ရပ် သာလျှင် ဖြစ်၏။ သို့ပေမဲ့ သူ၏ ခေါင်းထဲတွင် ဗုံးတစ်ခု တည်ရှိနေသည်ဖြစ်ကြောင်းကို နတ်ဆိုးဘိုးဘေးကြီး မသိရှိသည်မှာ ထူးဆန်းလွန်းလှချေ၏။ ထိုက်ရွှမ်အဘိုးအိုသည်သာ သေသေချာချာ ခွဲစိတ်၍ ကြည့်ရှုခြင်း မရှိပါက မာကျောလွန်းလှသည့် ဦးခေါင်းခွံထဲတွင် မြှုပ်နှံထားသည့် လက်သည်းခွံအရွယ်အစား ဗုံးလေးတစ်ခုကို မြင်ရလိမ့်မည် မဟုတ်ချေ။

“ဒါ အရမ်းကိုကြမ်းတယ်”

ကျွင်းချောင်ရှောင်းက မှတ်ချက်ပေးလိုက်၏။ “ပြီးတော့ တကယ့်ကို စဉ်းစဉ်းစားစား လုပ်ထားတာပဲ”

ခေါင်းထဲမှ ဖယ်ရှားလိုက်သည့်ဗုံးကို ကြည့်ရှုပြီးသည့်နောက် နတ်ဆိုးဘိုးဘေးကြီးသည် တိတ်ဆိတ်ငြိမ်သက် သွား၏။ တချို့သောအရာများသည် အများကြီး ရှင်းပြနေစရာ မလိုအပ်ချေ။ သူသည် တဖက်လူ၏ ကယ်တင်ခြင်းကို ခံခဲ့ရ၏။ ထိုသူသည် သူ၏ခန္ဓာကိုယ်၊ နောက်လိုက်နှင့် အရာအားလုံးကို ယူဆောင်သွားခဲ့သည့် လူလည်း ဖြစ်လို့နေခဲ့သည်။ ရှုပ်ထွေးလှသည့် ခံစားချက်များသည် သူ၏ နှလုံးသားထဲတွင် ဖြစ်တည်လျက် ရှိနေသည်။

“ဗုံးကို ဖယ်ရှားပြီးပြီ”

ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ “ခင်ဗျား လွတ်လပ်ပြီ”

“..............”

“အသက်တစ်သက်ကို ကယ်တင်ခြင်းဆိုတာက ဘုရားခုနှစ်ဆ ူဆောက်တာထက် ပိုပြီးတော့ ကောင်းတယ်လို့ ဗုဒ္ဓက ပြောခဲ့တယ်လေ။ ခင်ဗျား ကျုပ်ကို ကျေးဇူးတင်စရာ မလိုပါဘူး”

“.............”

နတ်ဆိုးဘိုးဘေးကြီးသည် ရုတ်တရက်ထကာ အော်ဟစ်လုမတတ်ပင် ဖြစ်သွား၏။ ငါ ဒီလောက် ဆိုးဆိုးရွားရွား မင်းဆီမှာ ခံထားရတာ။ ငါ ဘာကိစ္စ မင်းကို ကျေးဇူးတင်ရအုံးမှာလဲ။ ချီးတဲ့မှ... ဘာကိစ္စ ဗုဒ္ဓအကြောင်းတွေ လျှောက်ပြောနေရတာလဲ။

နတ်ဆိုးဘိုးဘေးကြီးသည် ဆေးဟောခန်းမဆောင်ထဲတွင် လဝက်နီးပါးခန့် ပြန်လည်ကာ အားမွေးခဲ့ရ၏။ ၎င်း၏ ဒဏ်ရာများ တဖြည်းဖြည်းချင်း ပြန်လည်ကာ ကောင်းမွန်လာခဲ့သည်။ ခေါင်းထဲတွင် ရှိနေသော ဗုံးကြီးကို ဖယ်ရှားပြီးသည့်နောက် သူသည် အရင်ကထက် ပိုမိုကာ အားအင်များ တိုးတက် လန်းဆန်းလာကြောင်း ဝန်ခံရပေမည်။ အမြဲတမ်း ရရှိခံစားခဲ့ရသော ကြီးမားလွန်းသည့် ဖိအားကြီးသည် ရုတ်တရက် ပျောက်ကွယ် သွားခဲ့သည်။

ကြယ်တာရာစိတ်ဝိညာဉ်လောကရှိ အလောင်းကောင်များကို ထိန်းချုပ်သည့် နည်းလမ်းသည် ခေါင်းထဲတွင် ဗုံးတစ်ခုကို ထားထားခြင်းသာလျှင်ဖြစ်၏။ ခန္ဓာကိုယ်ကို ထိန်းချုပ်နိုင်သည်သာမက အတွေးများကိုပါ ထိန်းချုပ် နိုင်စွမ်း ရှိနေ၏။ ထိုအရာကို ဖယ်ရှားလိုက်သည်ဆိုပါက ကျိန်းသေပေါက် လွတ်လပ်သွားပေမည်။

“ဟမ့်”

နတ်ဆိုးဘိုးဘေးကြီးသည် လက်သီးကို ဆုပ်ကာဖြင့် စိတ်ထဲ၌ ကြိတ်၍ ကျိန်ဆိုလိုက်မိသည်။ “ငါ ဒီကောင့်ကို ကျိန်းသေပေါက် ကျေးဇူးတင်မှာ မဟုတ်ဘူး”

သူသည် ကျေးဇူးတော့တင်မိ၏။ သို့ပေမဲ့ ရန်ငြိုးကို မေ့ဖျောက်လိမ့်မည် မဟုတ်ချေ။ နာကျည်းမုန်းတီးစွာဖြင့် နေ့စဉ်နေ့တိုင်း ကျင့်ကြံလျက်ရှိနေ၏။ သို့ပေမဲ့ ကျွင်းချောင်ရှောင်းသည် သူ့အား ဗီလိန်တစ်ယောက်အဖြစ် သတ်မှတ်ထားခြင်း မရှိပေ။ အကောင်းမွန်ဆုံးသော ဆေးပစ္စည်းများကို အသုံးပြုကာဖြင့် ပြန်လည်ကာ အားမွေးစေခဲ့၏။

နတ်ဆိုးဘိုးဘေးကြီးသည် လူသားတစ်ယောက် မဟုတ်ချေ။ သို့ပေမဲ့ အထက်စကြဝဠာထဲတွင် နေထိုင်သည့် သက်ရှိသတ္တဝါတစ်ယောက် ဖြစ်၏။ သူ့၌ လူသားကဲ့သို့သော အမူအကျင့်နှင့် စိတ်ဆန္ဒများ တည်ရှိ၏။ ထို့ကြောင့်ပင်လျှင် အချိန်အတော်ကြာ နေထိုင်ပြီးသည့်နောက် သူ၏ နှလုံးသားထဲတွင် ရှိနေသော ဒေါသတရား များသည် တဖြည်းဖြည်း ပျောက်ကွယ်လာခဲ့သည်။

မဟုတ်သေးဘူး။

နတ်ဆိုးဘိုးဘေးကြီးသည် စိတ်ထဲမှာ ကြိတ်ကာ အော်ဟစ်လိုက်၏။ ငါ ဒါကို မေ့လို့မရဘူး။ ငါ ကျိန်းသေပေါက် ခက်ခဲတဲ့အရာတွေ ဖြစ်ခဲ့တာ ဒီကောင့်ကြောင့်ပဲ။

ဖြောက် ဖြောက်

စားသောက်ခန်းထဲမှာတော့ ဆေးရုံဝတ်စုံကို ဝတ်ဆင်ထားသောလူသည် ပန်းကန်တစ်ခုကို အသာချလိုက်၏။ ပြီးနောက် ပျင်းတွဲလှသည့် မျက်လုံးများနှင့်အတူ လှမ်းကာ ပြောလိုက်သည်။ “နောက်တစ်ပွဲလောက် ပေးပါအုံး”

သူသည် ထမင်းကြော် တစ်ပန်းကန်ကို ထပ်ကာ စားလိုက်၏။ စားသောက်ခန်းထဲမှ ပြန်သည့်အချိန်မှာတော့ သူသည် မပျော်မရွှင်စွာဖြင့် မေးလိုက်၏။ “တစ်နေ့ကို ဘယ်လောက်စားခွင့်ရှိလဲ”

“ဂိုဏ်းချုပ်က ပြောတယ်”

အလုပ်များလျက်ရှိသည့် ရိဟိုင်က ပြောလိုက်သည်။ “စားချင်သလောက်စားတဲ့”

နောက်တစ်ရက်မှာတော့ နတ်ဆိုးဘိုးဘေးကြီးသည် စားသောက်ခန်းဆီသို့ ထပ်မံကာ ရောက်ရှိလာခဲ့၏။ ထိုင်ချပြီး အားရပါးရစားရန် ပြင်လိုက်ချိန်မှာပဲ ကျွင်းချောင်ရှောင်းက ပေါ်ပေါက်လာ၏။ သူက ပြောလိုက်၏။ “ခင်ဗျားရဲ့ မျက်နှာကို ကြည့်ရတာ သွေးရောင်တွေ ဘာတွေတောင် ပြန်ပြီးတော့ သန်းလာပြီ။ ဒဏ်ရာတွေ ပြန်ပြီး ကောင်းသွားပြီနဲ့ တူတယ်”

“.........”

နတ်ဆိုးဘိုးဘေးကြီးသည် သတိအပြည့်နှင့် ဖြစ်သွားခဲ့၏။ တစ်ဖက်လူအကြောင်းကို သူကောင်းကောင်းသိ၏။ တစ်ဖက်လူသည် သူ့ကို အလကား ထမင်းကျွေးထားလိမ့်မည်ဟု သူက မထင်မှတ်ခဲ့ချေ။ ပိုမိုကာ ဂရုစိုက်လာလေ၊ နောက်ကွယ်တွင် ရှိသော ရည်မှန်းချက်များသည် ပိုမိုကာ နက်ရှိုင်းလေဖြစ်ကြောင်း သူက နားလည်သည်။

ကျွင်းချောင်ရှောင်းသည် ငါးခေါင်းချဉ်စပ်ဟင်းတစ်ခွက်ကို မှာကာဖြင့် ဘေးတစ်ဖက်တွင် အသာထိုင်ချလိုက်၏။ ဟင်းပွဲများ ရောက်ရှိလာမည့်အချိန်ကို စောင့်ရင်း သူ၏လက်ချောင်းများသည် စားပွဲကို အသာခေါက်လျက်ရှိ၏။

ဒေါက် ဒေါက် ဒေါက် ဒေါက် ဒေါက်

အခြေအနေ တစ်ခုလုံးသည် ပိုမိုကာ လေးနက်လာခဲ့၏။ နတ်ဆိုးဘိုးဘေးကြီးသည် ပိုမိုကာ သတိအပြည့်နှင့် ဖြစ်လာခဲ့၏။ သူသည် စားပင် မစားရဲတော့ချေ။ အဆုံးသတ်မှာတော့ မည်သို့မှ မနေနိုင်တော့ဘဲ ထကာ မေးလိုက်မိသည်။ “မင်း ဘာလိုချင်တာလဲ”

“နတ်ဆိုးဘိုးဘေးကြီး”

ကျွင်းချောင်ရှောင်းသည် စားပွဲကို ခေါက်နေရာမှာ ရပ်တန့်လိုက်၏။ ပြီးနောက် လေးလေး နက်နက် အမူအရာဖြင့် ပြောလိုက်၏။ “ခင်ဗျား အရမ်းကြီးမားလှတဲ့ ကိစ္စရပ်တစ်ခုကို လုပ်ချင်လား”

“မလုပ်ချင်ဘူး” နတ်ဆိုးဘိုးဘေးကြီးသည် ချက်ချင်းပဲ ပြန်ဖြေလိုက်၏။ တစ်ဖက်လူသည် သူ့အား လှည့်စားနေခြင်းသာ ဖြစ်ပေလိမ့်မည်။ ထို့ကြောင့် အေးအေးသက်သာ နေထိုင်ခြင်းကသာလျှင် အကောင်းဆုံး ဖြစ်ပေလိမ့်မည်။

“ခင်ဗျား သေချာလို့လား”

“သေချာတယ်” ကုန်းရှန့်၏ လေးနက်သည့်အမူအရာကို မြင်သည့်အချိန်မှာတော့ နတ်ဆိုးဘိုးဘေးကြီးသည် ပိုမိုကာ သတိထားလာမိ၏။

“ဒီတလောအတွင်း ကျုပ်ရဲ့ စုံစမ်းစစ်ဆေးချက်တွေအရ”

ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ “ကြယ်တာရာ စိတ်ဝိညာဉ်လောကမှာရှိနေတဲ့ အလောင်းကောင် ကျေးကျွန်တွေက သိုင်းပညာရှင်တွေပဲလေ”

နတ်ဆိုးဘိုးဘေးကြီးသည် ဘာတစ်ခုမှ မဆိုချေ။ ဟုတ်ပေ၏။ ကြယ်တာရာစိတ်ဝိညာဉ်လောကထဲတွင် အလောင်းကောင်ကျေးကျွန်များ အများအပြား တည်ရှိ၏။ ၎င်းတို့အားလုံးသည် ဂုဏ်သိက္ခာတရားဟူ၍ ဘာတစ်ခုမှ မရှိသည်ဆိုသော်လည်း သိုင်းကျင့်ကြံသူများသာဖြစ်သည်။

“လူသားပဲဖြစ်ဖြစ်၊ တခြားသက်ရှိသတ္တဝါတွေပဲဖြစ်ဖြစ် မွေးဖွားလာစဉ်ကတည်းက မျှတတဲ့ အခွင့်အရေးတွေကို ပိုင်ဆိုင်သင့်တယ်လေ။ သူတို့က ဖိနှိပ်ပြီးတော့ နှိပ်စက်ခံထားရတယ်ဆိုမှတော့ ဒါကို ကျိန်းသေပေါက် မတ်တပ် ထပြီးတော့ ခုခံရုန်းကန်ရလိမ့်မယ်” ကျွင်းချောင်ရှောင်းသည် တွေးတွေးဆဆဖြင့် ပြောလိုက်၏။

“ကြယ်တာရာစိတ်ဝိညာဉ်လောကကို ပုန်ကန်ဖို့ မင်း ငါ့ကို ခိုင်းချင်တာလား”

“ဒါ အမှန်ပဲ”

“..............”

နတ်ဆိုးဘိုးဘေးကြီးသည် မျက်လုံးများ ချာချာလည်သွား၏။ သူ၏ ဦးခေါင်းထဲတွင် ရှိနေသောဗုံးသည် ပျောက်ကွယ်သွားခဲ့ပြီး လွတ်လပ်မှုကို ရရှိခဲ့သည် ဆိုလျှင်တောင်မှ ထိပ်တန်းဂြိုဟ်တစ်ခုကို သွားရောက်ကာ ပုန်ကန်ခြင်းဆိုသည်မှာ ကျိန်းသေပေါက် ရူးသွပ်နေ၍သာ ဖြစ်ပေလိမ့်မည်။

မျိုးနွယ်စုကြီးတစ်ခု၏ ခေါင်းဆောင် တစ်ယောက် ဖြစ်ခဲ့ဖူးသည်မို့ သူ၌ ကြီးမားလှသော ရည်မှန်းချက်ကြီး ရှိသည်။ သို့ပေမဲ့ ကြယ်တာရာစိတ်ဝိညာဉ်လောကတွင် ဆယ်နှစ်ကျော်ကြာ အသက်ရှင်နေထိုင်ပြီးသည့်နောက် မှာတော့ အမိန့်နာခံမှုနှင့် ဤဂြိုဟ်၏ အားအင်အဆင့်ကို သူကောင်းကောင်း သိရှိလို့နေခဲ့၏။ အခွင့်အရေး၊ ရပိုင်ခွင့် ဆိုသည်မှာ လူအနည်းစုသာလျှင် ရရှိသောအရာဖြစ်၏။ ယခု သူ လွတ်လပ်သွားခဲ့သည်ဆိုလျှင်တောင်မှ အလောင်း ကျေးကျွန်ကောင်ဆိုသည့် ဂုဏ်ပုဒ်ကို ဖယ်ရှားနိုင်လိမ့်မည် မဟုတ်ချေ။ ပြန်လည်ရှင်သန်နိုင်ဖို့ ဆိုသည်မှာလည်း အလုံးစုံ ခက်ခဲလို့နေသေး၏။ အသက်ရှင် ရပ်တည်နိုင်ဖို့အရာတစ်ခု တည်းသာလျှင် နတ်ဆိုးဘိုးဘေးကြီး၏ စိတ်ထဲတွင် တည်ရှိလို့နေ၏။

..........

ပြိုင်စံရှားဂိုဏ်းသည် သူ့အား ရင်းရင်းနှီးနှီးဖြင့် ထားရှိဧည့်ခံထားသောကြောင့် သူသည် အရှက်ကင်းမဲ့ စွာဖြင့် အစားအသောက်များ ကို အလကား ကုန်းဆင်းလျက် ရှိနေသည်။

“ဒါက မဖြစ်နိုင်တဲ့ အရာတစ်ခုလို့ ခင်ဗျား ထင်ရင် ထင်လိမ့်မယ်” ကျွင်းချောင်ရှောင်းက ပြောလိုက်၏။

နတ်ဆိုးဘိုးဘေးကြီးက ခွန်းတုံ့ပြန်လိုက်သည်။ “အင်း... တကယ်လည်း ဖြစ်မှ မဖြစ်နိုင်တာ”

ကျွင်းချောင်ရှောင်းသည် စားပွဲပေါ်သို့ ထမင်းစေ့များကို အသာတင်ကာဖြင့် အပိုင်းနှစ်ပိုင်းခွဲလိုက်သည်။ ပြီးသည့် နောက် တဖက်ကို ညာဖက်ခြမ်း ဆီသို့ပို့၍ တစ်ဖက်ကို ဘယ်ဘက်ခြမ်းဆီသို့ ပို့လိုက်၏။ ပြီးသည့်နောက် သူက ပြောလိုက်၏။ “ကြယ်တာရာ စိတ်ဝိညာဉ်လောကကလူတွေက ဒီလိုမျိုး ထမင်းဖြူတွေလိုပဲ။ ဘယ်ဘက်ခြမ်းက လူတွေက တော်ဝင်လူတွေကို ရည်ညွှန်းပြီး ညာဘက်ကတော့ အလောင်းကောင်ကျေးကျွန်တွေပဲ”

ပြောပြီးသည့်နောက် သူသည် ညာဘက်ခြမ်းရှိ ထမင်းလုံးများကို ဖြန့်ကျက်လိုက်၏။ “အလောင်းကောင်တွေက အခွင့်အရေးနဲ့ လွတ်လပ်ခွင့်ဆိုတာ မရှိဘူး။ လောကကြီးတစ်ခုလုံးမှာ ပြန့်နှံ့နေတယ်” ကျွင်းချောင်ရှောင်းသည် ခဏလောက် ရပ်တန့်လိုက်၏။ ပြီးသည့်နောက် ထမင်းလုံးများကို အသာစုစည်းကာ ပြောလိုက်၏။ “ဒီလူတွေရဲ့ စွမ်းအင်တွေကို စုစည်းနိုင်မယ့် တစ်စုံတစ်ယောက်သာ ရှိမယ်ဆိုရင် တော်ဝင်လူတွေကို တိုက်ခိုက်ဖို့ လုံလောက်ပြီ မဟုတ်လား”

“............”

နတ်ဆိုးဘိုးဘေးကြီးသည် တိတ်ဆိတ်ငြိမ်သက်သွား၏။ သူ အရူးမဟုတ်ချေ။ ကုန်းရှန့်၏ ရည်ရွယ်ချက်ကို ကောင်းကောင်းနားလည်၏။ သို့ပေမဲ့ နတ်ဆိုးဘိုးဘေးကြီးသည် ဦးခေါင်းကို ခါယမ်းကာဖြင့် နာနာကျင်ကျင် ပြုံးလိုက်၏။ “အလောင်းကျေးကျွန်ကောင်တွေ အကုန်လုံးကို ကြယ်တာရာစိတ်ဝိညာဉ်လောကက ထိန်းချုပ် ထားတာလေ။ သူတို့က စဉ့်တီတုံးပေါ်မှာ ရှိနေတဲ့ ငါးတွေလို့ ပြောရင်လည်း မမှားဘူး”

“တကယ်လို့ သူတို့ကို ထိန်းချုပ်ခံရတဲ့ဆီကနေ လွတ်မြောက်ဖို့ ကူညီနိုင်တဲ့ တစ်စုံတစ်ယောက်က ပေါ်လာရင်ကော” ကျွင်းချောင်ရှောင်းသည် အဓိပ္ပာယ်ပါပါဖြင့် ပြောလိုက်သည်။

နတ်ဆိုးဘိုးဘေးကြီးသည် ကြောင်အသွား၏။ သူသည် ချက်ချင်းပဲ နားလည်သွားမိသည်။ ဤလူသည် သူ၏ ခေါင်းထဲတွင် ရှိနေသည့်ဗုံးကို ကူညီဖယ်ရှားပေးသည်သာမက တခြားသောအလောင်းကျေးကျွန်ကောင်များ၏ ခေါင်းထဲတွင် ရှိနေသည့် ဗုံးများကိုပါ ကူညီဖယ်ရှားပေးပေလိမ့်မည်။ မည်သည့် ကန့်သတ်မှုမှ မရှိသည်ဆိုပါက မည်သူ တစ်ဦးတစ်ယောက်မှသည် နွားလို၊ မြင်းလိုမျိုး အလုပ်အကျွေးပြုနေရမည်နည်း။

“အစ်ကိုကြီး”

ပစ်ကာဖြင့် ပြတင်းပေါက် အပြင်ဘက်ဆီသို့ လှမ်းကာ ကြည့်ရှုလိုက်၏။ “တော်ဝင်လူတွေ၊ စစ်သူကြီးတွေ၊ ဝန်ကြီးချုပ်တွေ ဒါတွေက ဘာတွေလဲ”

All Chapters