ယှဉ်ကြည့်ရအောင်
Vol. 130 Ch. 1818
“စမ်းကြည့်မယ်ဟုတ်လား လာလေ စမ်းကြည့်တာပေါ့” လန်ယွိသည် အရှုံးကိုဝန်မခံဘဲ ပြောလိုက်သည် “ငါတို့က နှစ်ယောက် မင်းကတစ်ယောက် တည်းပဲ… အပြင်မှာ ငါတို့ကိုယ်ရံတော်တွေရှိတယ် မင်းထက်တောင် သန်မာ ကြသေးတယ်… ငါတို့နေအောင် မင်းက ဘယ်လိုလုပ်နိုင်မှာလဲ”
ရှီမာယူယူသည် စကားတစ်ခွန်းမှမပြောဘဲ လက်များကိုဝေ့ယမ်းပြီး လက္ခဏာများလုပ်လိုက်သည်။ သူတို့ တုံ့ပြန်ချိန်တွင် သူမသည် အခန်းတစ်ခု လုံးကို အတားအဆီးလုပ်လိုက်ပြီဖြစ်သည်။
“ဒီအတားအီးက အထဲကအခြေအနေကို ပိတ်လှောင်ထားစေတယ် အဲဒါကြောင့် ရှင်တို့ ဒီမှာအပိတ်ခံထားရတာကို အပြင်ကလူတွေ သိတောင်သိ ကြမှာမဟုတ်ဘူး… ရှင်တို့ကိုရှင်းပြီးရင် သူတို့ကိုရှင်းဖို့ လွယ်သွားပြီမဟုတ်ဘူး လား”
“ဒါပေမဲ့ အထဲကအခြေအနေကိုလည်း မကြားရဘူးလေ အဲဒါကြောင့် မင်း အကူအညီတောင်းလို့မရဘူး… မင်းတို့နှစ်ယောက်အားက ငါတို့ထက်တောင် ဆိုးသေးတယ်… မင်းတို့မှာ နိုင်နိုင်ချေရှိတယ်လို့ထင်လား” လန်ယွိ ပြောလိုက် သည်။
“ဒါဆိုလည်း ဝိညာဉ်စွမ်းအင် စုစည်းလို့ရလားဆိုတာ စမ်းကြည့်လေ” ရှီမာယူယူသည် ပြုံးပြီး သူ့ကိုကြည့်လိုက်သည်။ သူမ၏ ယုံကြည်ချက်ရှိမှုသည် သူမကိုပိုပြီးဆွဲဆောင်မှုရှိစေသည်။
လန်ယွိသည် သူ၏ ဝိညာဉ်စွမ်းအင်ကို စုစည်းရန်ကြိုးစားရာ သူ၏ သွေးကြောများတွင် ဝိညာဉ်စွမ်းအင်ကို ဟန့်တားသည့် တစ်စုံတစ်ရာရှိသလို ခံစားရလေသည်။
“မင်း ငါတို့ကိုအဆိပ်ခတ်လိုက်တာလား” လန်ယွိ အံ့ဩသွားသည်။ သူ အဆိပ်နံ့ကိုတောင် မရပါဘူး။
ယွိရှီလည်း ကြိုးစားကြည့်သည်။ သူသည်လည်း ဝိညာဉ်စွမ်းအင်ကို ခက်ခက်ခဲခဲ စုစည်းနေရသည်ကို တွေ့ရသည်။ သူသည် ရှီမာယူယူကို သေချာ စိုက်ကြည့်နေသည်။ သို့သော် သူ့စိတ်တွင် မည်သို့တွေးနေသည်ကိုတော့ မည်သူမှ မသိနိုင်ပေ။
“ငါတို့ဝိညာဉ်စွမ်းအင်ကို လျောလျောလျူလျူစုစည်းလို့မရပေမဲ့ ဝိညာဉ် စွမ်းအင်ကိုတော့ သုံးလို့၇သေးတယ် ပြီးတော့ ငါတို့မှာ စာချုပ်သားရဲရှိသေး တယ်” လန်ယွိ ပြောလေသည်။
“စာချုပ်သားရဲဟုတ်လား ကျွန်မနဲ့ ယှဉ်ချင်သေးတာလား” ရှီမာယူယူ မေးလိုက်သည်။
လန်ယွိသည် လက်ခံသည်ဟု ပြောမည်အပြုတွင် ယွိရှီသည် အရင်ပြော လေသည် “ငါတို့ရှုံးပါတယ်”
“ယွိရှီ မင်းက ဒီအတိုင်းပဲ အရှုံးပေးလိုက်မှာလား ငါတို့တိုက်ခိုက်ရင် အနိုင်ရနိုင်ချေရှိတယ်” လန်ယွိ ပြောလိုက်သည်။
“သူမရဲ့ စာချုပ်သားရဲတွေနဲ့ ယှဉ်မယ်ဆိုရင် ကိုယ့်ဒုက္ခကိုယ်ရတာပဲ… လူသားလောကမှာတုန်းက သူမရဲ့ စာချုပ်သားရဲတွေကို မေ့သွားပြီလား” ယွိရှီ ပြောလိုက်သည်။
လန်ယွိ ထိုစကားကြားရချိန်တွင် အားလျော့စွာဖြင့် ပြောလေသည် “သူမ ရဲ့စာချုပ်သားရဲတွေက လူသားလောကမှာ ကျန်ခဲ့တာမဟုတ်ဘူးလား”
“သူမက ဒီလောက်သေချာနေမှတော့ ဒီကိုခေါ်လာလို့ပေါ့” ယွိရှီ ပြော လိုက်သည် “သူမရဲ့စာချုပ်သားရဲတချို့က အမှောင်အရည်အချင်းရှိပြီး အရမ်း အားကောင်းတယ်ဆိုတာကို မမေ့လိုက်နဲ့”
လန်ယွိသည် ပါးစပ်အဟောင်းသားဖြင့် ပြောလေသည် “ဟုတ်ပြီ မင်းသာ ငါတို့ကို အဆိပ်မခတ်ရင် ငါတို့ရှုံးမှာမဟုတ်ဘူး”
“ကျွန်မ ဘာနည်းလမ်းကိုပဲသုံးသုံး ရှင်တို့ကိုနိုင်တယ်” ရှီမာယူယူ ပခုံး တွန့်လိုက်သည် “ရှင်တို့ ရန်သူက ရှင်တို့ကိုအဆိပ်ခတ်ပါတော့မယ်လို့ ပြောလို့ လား သတိထားနေကြပါ”
အင်း… သူတို့လည်း မလုပ်နိုင်ကြပါဘူး။
“ငါတို့ကို ဘယ်တုန်းက အဆိပ်ခတ်လိုက်တာလဲ” လန်ယွိ မေးလိုက် သည် “ဘာလို့ ဘာအနံ့မှမရတာလဲ”
“ဒါ အရောင်အနံ့မရှိတဲ့အဆိပ်ပဲ ကျွန်မ သန်မာလာဖို့ အထူးဖော်စပ် ထားတာ… အဲဒါကို စီမံတာကတော့… ခုနက ဦးလေးကြောင့်လန့်သွားလို့ လက်က မတော်တဆ လက်ချော်သွားတာ” ရှီမာယူယူသည် အပြစ်ကင်းစွာ ပြောလေသည်။
မတော်တဆ လက်ချော်သွားတယ်ဟုတ်လား…. တစ္ဆေငတုံးတွေပဲ ယုံ လိမ့်မယ်။
“ကံကောင်းလို့ ငါတို့က မင်းရဲ့ရန်သူမဟုတ်တာပဲ” လန်ယွိသည် သူမ၏ နည်းလမ်းနှင့်စိတ်ကို တွေးပြီး တုန်ယင်စွာဖြင့် ဝမ်းပန်းတသာပြောလေသည်။
“ဟင်း ဦးလေးတို့က ရန်သူသာဆိုရင် ဒါကိုလိုတောင်မလိုဘူး” ရှီမာယူယူ ဟင်းခနဲအသံပြုသည်။
သူမတွင် အဆိပ်များစွာရှိသည်။ သူတို့သာ ရန်သူဆိုပါက ဤကဲ့သို့ အဆိပ်ခပ်ပျော့ပျော့သုံးမည်မဟုတ်ဘဲ သေချာပေါက် သွေးမြင်ရမည်ဖြစ်သည်။
“ငါ့ကို မင်းရဲ့အဆိပ်ကို ပြပေးလို့ရလား” လန်ယွိ မေးလိုက်သည် “ဒါက ငါ့နှာခေါင်းကနေ ပြေးလွတ်တဲ့ ပထမဆုံးအဆိပ်ပဲ”
“ရတယ်လေ ကျွန်မလျှို့ဝှက်ချက်ကို ထိန်းပေးမယ်လို့ အရင်ကတိပေးရင် အဆိပ်ဖြေဆေးပေးမယ် ပြီးရင် အဆိပ်ကိုပြပေးမယ်” ရှီမာယူယူ ပြောလိုက် သည်။
“ငါကတော့ ပြဿနာမရှိဘူး ဘယ်လိုပဲဖြစ်ဖြစ် ဘုရင်ကိုလည်း မကြာမကြာတွေ့ရတာလည်းမဟုတ်ဘူး” လန်ယွိသည် ပျော်ရွှင်စွာပင် သဘော တူလေသည်။ ထိုအရာကိုမြင်ရသောအခါ ယွိရှီလည်း မတတ်သာတော့ဘဲ သဘောတူလိုက်ရတော့သည်။
ရှီမာယူယူသည် ကျောက်စိမ်းပုလင်းထုတ်ပြီး ယွိရှီဆီသို့ပစ်ပေးလိုက် သည်။ ပြီးနောက် လန်ယွိဆီသို့သွားကာ ကျောက်စိမ်းပုလင်းတစ်လုံးထုတ်ကာ စားပွဲပေါ်တင်လိုက်သည်။
လန်ယွိသည် ကျောက်စိမ်းပုလင်းကို ကောက်ယူပြီး လက်ထဲသို့ အမှုန့် ထည့်ကာ အနံ့ရှုကြည့်သည်။ အမှန်တကယ်ပင် အနံ့မရပေ။
“ဒီအဆိပ်ကို ဘယ်မှာလုပ်တာလဲ ဘယ်လိုလုပ်လဲဆိုတာ ငါသွားမေးမယ်”
“တကယ်တော့ ဘာမှမဟုတ်ပါဘူး… ကုန်ကြမ်းပစ္စည်းတွေ ပေါင်းပြီး သန့်စင်ပြီးရင်း သန့်စင်လိုက်တာပဲရှိတာ” ရှီမာယူယူ ပြောလိုက်သည်။
“ဒါကို မင်း ဖော်စပ်တာလား”
“အားနေတဲ့အချိန်ဆို ဘာမှလုပ်စရာမရှိလို့လေ”
“မင်းက အဆိပ်သခင်လား”
“ဟုတ်တယ်”
“တခြားအဆိပ်တွေရောရှိသေးလား အရောင်အနံ့မရှိတဲ့ဟာတွေ ပြပေး”
“အရောင်အနံ့မရှိတဲ့ဟာက အဲလောက်များမလား တချို့ဟာတွေဆို အဲဒီ အဆင့်တောင်မရောက်ဘူး… ဒါပေမဲ့ တခြားဟာတွေထက်တော့ ပိုကောင်းပါ တယ်”
ရှီမာယူယူသည် နောက်ထပ်အဆိပ်များကို ထုတ်လိုက်သည်။ လန်ယွိ သည် ကြည့်ရင်းနှင့် စိတ်လှုပ်ရှားလာသည်။ သူသည် ခုံပေါ်သို့ခုန်တက်ကာ ဆောင့်ကြောင့်ထိုင်ပြီး သူမနှင့် အဆိပ်အကြောင်းများကို ဆွေးနွေးတော့သည်။
အားမာန်အပြည့်နှင့် ဆွေးနွေးနေသော နှစ်ယောက်ကို ယွိရှီနှင့် မုရုန်ဟွေ့ တို့ ကြည့်ပြီး တစ်ယောက်နှင့်တစ်ယောက် မတတ်သာစွာကြည့်လိုက်ကြသည်။
“ဇာတ်ကြောင်းတစ်ခုလုံးကို ပြောပြဦး” ယွိရှီသည် ဆွံ့အနေကာ မုရုန်ဟွေ့ကိုသာ စကားပြောနိုင်တော့သည်။
မုရုန်ဟွေ့သည် ထိုနှစ်မှ အဖြစ်အပျက်ကို အစမှအဆုံးကိုပြောပြရာ မုရုန်ရှီ အမှန်တကယ်သေဆုံးသွားပြီဖြစ်ကြောင်း သိလိုက်ရချိန်တွင် ယွိရှီသည် ဝမ်းနည်းမိသည်။ ထိုနှစ်များတွင် သူသည် သူမကိုဂရုမစိုက်သော်လည်း ညီမ ဖြစ်သူ၏ သွေးသားဖြစ်နေတုန်းပင်။
ရှီမာယူယူမှ လျောင်ပြည်နယ်နှင့် မုရုန်ဟွေ့တို့အတွက် လုပ်ပေးခဲ့သည် များကို ကြားသောအခါ သူ အော်လိုက်သည် “သားအမိနှစ်ယောက်လုံးကတော့ တကယ်ပဲ အကျင့်တူကြတာပဲ”
“မင်းသမီးမှာ ဒီလိုသမီးရှိတာ အားကျစရာပဲ” မုရုန်ဟွေ့ ပြောလိုက်သည် “ဒါပေမဲ့ သူမက ဒီလိုမျိုးချစ်ချစ်ခင်ခင်နဲ့ ငါ့ကိုဆက်ဆံပေးတာ တကယ် ကံကောင်းလို့ပဲ… သူမက ငါ့ကိုအဖေတစ်ယောက်အနေနဲ့ လေးစားသမှုရှိတယ်”
“တကယ်ကောင်းတာပဲ ဒါပေမဲ့ သူမ စွမ်းအားတိုးတက်မလာခင်ကို သူမ ရဲ့ သရုပ်မှန်ပေါ်လို့မဖြစ်တာကို မှတ်ထားရမယ်… တစ္ဆေကြင်ယာတော်အပြင် ကို သူမရန်သူတွေက အရှေ့မျှတမှုမြို့ကိစ္စတုန်းက သေသွားတဲ့လူတွေလည်း ရှိသေးတယ်”
လူသားလောက အရှေ့မျှတမှုမြို့တွင် ဖြစ်ခဲ့သည့်အဖြစ်သည် တစ္ဆေ လောကတွင် ရုတ်ရုတ်သဲသဲဖြစ်သွားစေသည်။ ထိုမတော်တဆမှုတွင် အင်အား အများစု သေသွားခြင်းကြောင့်ဖြစ်သည်။ ထိုကိစ္စသည် ရှီမာယူယူ၏ လက်ချက် ဖြစ်ကြောင်းကိုလည်း သူတို့အားလုံးသိထားကြသည်။
သူသာ မပြောလာလျှင် မုရုန်ဟွေ့ တွေးပင်မတွေးမိပေ။ အခု တစ္ဆေ လောကတွင် သူမ၏ အခြေအနေမှာ အလွန်အန္တရာယ်များမည့်ပုံပင်။
“ပိုသတိထားရတော့မှာပဲ” သူ တုံ့ပြန်လိုက်သည်။
သူတို့နှစ်ယောက်သည် အတန်ကြာသည်အထိ စကားပြောကြပြီး လန်ယွိ နှင့် ရှီမာယူယူတို့လည်း ဆက်ပြီးပြောကြသည်။ အတိအကျပြောရလျှင် လန်ယွိ နှင့် ရှီမာယူယူတို့သည် အဆုံးမရှိပြောကြသည်။ အချိန်အများစုမှာ သူ ပြောပြီး ရှီမာယူယူနားထောင်သည်။ တစ်ခါတရံတွင် စကားဖြတ်ပြောသည့်အချိန် လည်းရှိသည်။ သို့သော် သူမ ပြောလိုက်ခြင်းမှာ လန်ယွိကို ဉာဏ်အလင်းပွင့် စေသည်။ ထို့ကြောင့် သူမ စကားနည်းလျှင်တောင် သူဂရုမစိုက်ပေ။
ယွိရှီသည် သည်းခံပြီးရင်း သည်းခံနေရာမှ ထပ်မအောင့်နိုင်တော့သဖြင့် အသံကျယ်ကျယ်ဖြင့် ကြားဖြတ်ပြောလိုက်သည် “ငါတို့ပြန်သင့်ပြီ”
“သွားမယ်ဟုတ်လား ငါတို့ဘယ်ပြန်မှာလဲ” လန်ယွိသည် သူ့ကို ငေးငိုင် စွာကြည့်လေသည်။
ယွိရှီသည် သူ့နဖူးကိုရိုက်လိုက်သည် “ငါတို့ တည်းခိုဆောင်ကို ပြန်သင့် ပြီလေ သူတို့လည်း လုပ်စရာတွေရှိသေးတယ်”
“ပြန်မနေနဲ့တော့” လန်ယွိသည် လက်ကိုယမ်းပြလေသည် “ငါ ရှီအာနဲ့ နေတော့မယ်… ဘယ်လိုပဲဖြစ်ဖြစ် ရှီအာက ပြည်နယ်ပြိုင်ပွဲကိုဝင်မပြိုင်ဘူးတဲ့ အဲတော့ ဘာမှပြင်ဆင်စရာမလိုဘူး တည်းခိုဆောင်ရော ပြောင်းလိုက်တော့”
“ငါတို့ အင်ပါယာမြို့တော်ကိုပြန်ပြီး ဘုရင်ကိုသတင်းပို့ရဦးမယ်”
“ဒီကိစ္စပြီးတာနဲ့ နားလို့ရတယ်လို့ ဘုရင်ကပြောလိုက်တာ မဟုတ်လား”
“မင်း…”
“ကောင်းပြီ ဘယ်လိုပဲဖြစ်ဖြစ် ငါမသွားဘူး… ရှီအာရှိတဲ့နေရာ ငါရှိမယ် မင်းသွားချင်ရင် ကိုယ့်ဘာသာသွား”
ထိုစကားကိုကြားသောအခါ ရှီမာယူယူ၏ နှုတ်ခမ်းထောင့်မှာ ကွေးတက် သွားသည်။ အဲလိုမျိုး မရှင်းမရှင်းတွေ မပြောနဲ့လေ။
***