← Chapters

အခန်း ၁၉၁၂

Vol. 128 Ch. 1912

အခန်း ၁၉၁၂

Vol. 128 Ch. 1912

အပိုင်း (၁၉၁၂)

တော်ဝင်လူသား၊ ဝန်ကြီး၊ မှုးမတ် ….. စကားလုံးများကို ကြားရသည့် အချိန်မှာတော့ နတ်ဆိုးဘိုးဘေးကြီး၏ သွေးများသည် ဆူဝေလာခဲ့၏။ သူသည် အစစ်အမှန်အားဖြင့် ခက်ခဲသည့် အခြေအနေတွင် တည်ရှိခဲ့သည် ဆိုလျှင်တောင်မှ နတ်ဆိုးမျိုးနွယ်၏ ဘိုးဘေးကြီး ဖြစ်ခဲ့သည်။ ထို့ပြင် ကြီးမားလွန်းသည့် ရည်မှန်းချက်ကြီးကို အကောင်အထည် ဖော်ခဲ့ဖူးသည့် သူတစ်ယောက်လည်း ဖြစ်ခဲ့သည် မဟုတ်ပါလား။ လူများသည် မသေဆုံးသရွေ့ ကြီးမားသည့် ရည်မှန်းချက်ကို ထားရှိနိုင်၏။ ကြိုးစားခွင့်ရှိ၏။

နတ်ဆိုးဘိုးဘေးကြီး၏ မျက်လုံးထဲတွင် ဖြစ်ပေါ်လာသော တောက်ပမှုကို မြင်ရသည့် အချိန်မှာတော့ ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ "ရန်သူရဲ့ရန်သူဆိုတာ သူငယ်ချင်းပဲလေ။ ဒီတော့ ခင်ဗျားနဲ့ ကျုပ်ပေါင်းပြီးတော့ သူတို့ကို ပြောင်းပြန်လှန်ရအောင်"

သူတို့ဆိုသည်မှာ ကြယ်တာရာ စိတ်ဝိညာဉ်လောကကို ရည်ရွယ်ခြင်းဖြစ်၏။ ကျွင်းချောင်ရှောင်းအနေဖြင့် နတ်ဆိုးဘိုးဘေးကြီး၏ ကိုယ်ပေါ်တွင် ရှိနေသော ဝိညာဉ်ဗုံးကို ဖယ်ရှားပေးပြီး အောင်အောင်မြင်မြင်နှင့် အသက်ရှင် နေထိုင်နိုင်ရန် ကြိုးစားပေးခဲ့၏။

ဤအစီအစဉ် ကို ပြုလုပ်ရန်လည်း အထက်ပိုင်းအကြီးအကဲများနှင့် ဆွေးနွေးခဲ့ပြီး ဖြစ်သည်။

"ဂိုဏ်းချုပ်"

ယုစီနန်က ပြောလိုက်၏။ "ကြယ်တာရာ စိတ်ဝိညာဉ်လောကက အလောင်းကောင်တွေကို ဘယ်လို ထိန်းချုပ်တယ်ဆိုတာ သိရပြီ။ သူတို့ကို လွှတ်ပေးနိုင်ရင် ကျုပ်တို့က တစ်ပန်းသာပြီလို့ ဆိုလို့ရပြီပေါ့ "

"ဒါဟုတ်တယ်" ကျွင်းချောင်ရှောင်းသည် လေးလေးနက်နက်ဖြင့် ပြောလိုက်သည်။

ထိပ်တိုက်ရင်ဆိုင်ပါက အနိုင်ယူရန်ပင် မဆိုနှင့် ပေးဆပ်မှုကလည်း ကြီးမားလှချေမည်။ ကြယ်တာရာ စိတ်ဝိညာဉ်လောကတွင် ရှိနေသော အလောင်းကောင် အရေအတွက်သည် များပြားလွန်းလှ၏။ ၎င်းတို့သည် ကျေးကျွန်များကဲ့သို့ပင် များပြားလွန်းလှ၏။ ထိုသူများကို ကူညီကယ်တင်ပေးလိုက်မည်ဆိုလျှင် …..။

နတ်ဆိုးဘိုးဘေးကြီးသည် ရုတ်တရက် အော်ဟစ်လိုက်၏။ "မင်း အလောင်းကောင်တွေကို ရှေ့ကနေ စတေးပစ်ဖို့ စဉ်းစားနေတာလား။ မင်းဆီမှာ ကောင်းမွန်တဲ့ စိတ်ရင်းလေးကော မရှိဘူးလား"

အစစ်အမှန်ပင်။ သူသည် ထိုကဲ့သို့သော စကားများကို ကျွင်းချောင်ရှောင်းအား ပြောဆိုခဲ့၏။ မှန်လားမှားလား ဆိုသည်ကိုတော့ သေချာမသိချေ။ ကြယ်တာရာ စိတ်ဝိညာဉ်လောကသည် အလောင်းကောင်များ၏ ဉီးခေါင်း အတွင်းသို့ ဗုံးများ ထည့်သွင်းကာဖြင့် အတင်းစေခိုင်းခြင်းကို ပြုလုပ်ခဲ့၏။ ထိုအရာကို မည်သူမျှ မနှစ်သက်ကြချေ။ ကန့်သတ်မှုများ တည်ရှိနေသောကြောင့်သာ ၎င်းတို့သည် ကျွဲလိုနွားလို အလုပ်လုပ်ခဲရ၏။ သေဆုံးသည်ထက် ဆိုးရွားသော ဘဝတွင် နေထိုင်ရသည်ဟု ပြောလျှင်ပင် မမှားချေ။

လက်ရှိအခြေအနေမှာတော့ တစ်စုံတစ်ယောက်သည် ၎င်းတို့ဘက်မှ ကူညီပြီး လွတ်မြောက်မှုဆိုသည့် အရာကို ပေးပါက အားလုံးသောသူများသည် တချက်ကလေးမှ နောင့်နှေးခြင်းမရှိပဲ သွေးနှင့်ချွေးများကို စတေးကာ ပြန်လည်တိုက်ခိုက်မှာ သေချာ၏။

ဟုတ်ပေသည် ဤကဲ့သို့ ရှေ့မှ ထွက်၍ ဦးဆောင်သည့်အရာကို ကျွင်းချောင်ရှောင်းလုပ်၍ မရချေ။ ထို့ပြင် သူသည် လူသားတစ်ယောက်ဖြစ်၏။ ကြယ်တာရာ စိတ်ဝိညာဉ်လောကရှိ အလောင်းကျေးကျွန်များကို စုစည်းနိုင်သောသူသည် အလောင်းကျေးကျွန်သာဖြစ်ရမည်။ ထို့ကြောင့် အသင့်တော်ဆုံးသော သူသည် နတ်ဆိုးဘိုးဘေးကြီးသာလျှင် ဖြစ်သည်။

ကုန်းရှန့်က ပြောလိုက်၏။ "ကျုပ်က ဒီအလောင်းကောင်တွေမှာ ရှိနေတဲ့ ဗုံးတွေကို တာဝန်ယူတယ်။ ခင်ဗျားကတော့ သူတို့ကို ဉီးဆောင်ဖို့ တာဝန်ယူလိုက်"

နတ်ဆိုးဘိုးဘေးကြီးသည် အထင်အမြင်သေးစွာဖြင့် ပြောလိုက်၏။ "မင်းက ငါ့ကိုဦးဆောင်ပြီးတော့ အလောင်းကောင်တွေကို စတေးခံခိုင်းမယ်ပေါ့။ မင်းကတော့ အမှောင်ထဲကနေ အကျိုးအမြတ်တွေ ယူမယ်ပေါ့"

"ခင်ဗျား ဒီလိုမျိုး သတ်မှတ်လို့ရတယ်။ " ကျွင်းချောင်ရှောင်းသည် ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။

မှန်ပေ၏။ သူသည် အလောင်းကောင်များကို အသုံးပြုပြီး ကြယ်တာရာစိတ်ဝိညာဉ် လောကကြီးတစ်ခုလုံးကို ဗြောင်းဆန်အောင် ပြုလုပ်ချင်၏။ ဤအရာသည် ကောင်းမွန်လှသည့် အကြံအစည်ကြီး မဟုတ်ဘူး ဆိုလျှင်တောင်မှ ညစ်ပတ်လှသည့် အကြံအစည်မျိုး မဟုတ်လှချေ။ တစ်ဖက်လူများသည် လွတ်လပ်မှုကို လိုချင်သည် ဆိုပါက ကျိန်းသေပေါက် တိုက်ပွဲဝင်ရမှာ ဖြစ်၏။

ထို့ပြင် ကုန်းရှန့်သည် ဗုဒ္ဓ၊ နတ်ဘုရားလည်း မဟုတ်ချေ။ ကြယ်တာရာစိတ်ဝိညာဉ်လောကနှင့် တိုက်ခိုက်ရန် အလုံးစုံ ယုံကြည်မှုမရှိသောကြောင့် အလောင်းကောင်များကိုသာ ဉီးဆောင်တိုက်ခိုက်စေချင်မိသည်။

"ကောင်းပြီ"

နတ်ဆိုးဘိုးဘေးကြီးသည် လက်သီးကိုဆုပ်ကာ ရိုရိုသေသေ ပြောလိုက်၏။ "ဒီဘိုးဘေးကြီးက သဘောတူလိုက်မယ်"

ကျွင်းချောင်ရှောင်းအနေဖြင့် သူ့ကို အသုံးချနေသည် ဆိုလျှင်တောင်မှ သူသည်ပူးပေါင်းရန် ဆုံးဖြတ်လိုက်၏။ အရင်တုန်းက အလောင်းကောင်ထဲသို့ အတင်းစေခိုင်းခြင်းကို ခံရပြီး ကြယ်တာရာစိတ်ဝိညာဉ်လောကရှိ တခြား သူများ၏ နှိမ့်ချခြင်းကို ခံခဲ့ရ၏။ သူ့တွင် ရွေးချယ်မှု မရှိခဲ့ချေ။ ယခုသူသည် လွတ်မြောက်ပြီး ဂုဏ်သိက္ခာရှိသည့် လူတစ်ယောက် ပြန်ဖြစ်ချင်နေမိ၏။ ကြယ်တာရာ စိတ်ဝိညာဉ်လောကထဲတွင် သူသည် လူသားတစ်ယောက်လို မခံစားရချေ။ များပြားလှသော မတရားမှုများ၊ ဖိနှိမ့်ချုပ်ချယ်မှုများကို ခံစားခဲ့ရ၏။ ဤအရာသည် လုံလောက်ခဲ့ပြီ ဖြစ်၏။ ထို့ကြောင့် ပြန်လည်ကာ တိုက်ခိုက်ရပေလိမ့်မည်။

"ကျုပ်နောက်ကို လိုက်ခဲ့"

ကျွင်းချောင်ရှောင်းည် နတ်ဆိုးဘိုးဘေးကြီးကို ခေါ်ပြီးသည့်နောက် တောင်၏ အနောက်ဖက် သူလေ့ကျင့်သည့် နေရာဆီသို့ ရောက်ရှိလာ၏။ ပထမတုန်းက ဤတည်နေရာကြီးသည် ကန္တာရကဲ့သို့ပင် ကင်းရှင်းလှ၏။ သို့ပေမဲ့ လီချင်းယန်နှင့် တောဝက်ရိုင်းတို့၏ ပြုစုပျိုးထောင်မှု အောက်မှာတော့ စစ်စခန်းတစ်ခုကဲ့သို့ ဖြစ်တည်လာခဲ့၏။

ဖျောက် ….။

ကျွင်းချောင်ရှောင်းသည် လက်ဖျောက်တီးကာ ပြောလိုက်သည်။

"ထွက်ခဲ့ကြ"

ဆွစ် ဆွစ်

ချက်ခြင်းပဲ အဝေးတစ်နေရာရှိ စခန်းထဲမှ အမဲရောင်အရိပ်များသည် ထွက်ပေါ်လာပြီး စီစီရီရီနှင့် မတ်တပ်ရပ်လျက် ရှိ၏။ ၎င်းတို့သည် လူဦးရေ တစ်ရာနီးပါးခန့် ရှိ၏။ ထိုသူများအားလုံးသည် မတူညီသည့် ပုံစံများ ရှိနေသော်လည်း ရင်ဘတ်တွင် နံပတ် များရေးထိုးထား၏။

မှန်ပေ၏။ ၎င်းတို့သည် အလောင်းကောင်များပင် ဖြစ်၏။ နတ်ဆိုးဘိုးဘေးကြီး ၎င်း၏ ဒဏ်ရာကိုပြန်လည်ကောင်းမွန်အောင် ကုသနေသည့် လဝက်အတွင်း ကျွင်းချောင်ရှောင်းအနေဖြင့် ကြယ်တာရာစိတ်ဝိညာဉ် လောကဆီသို့ အကြိမ်ပေါင်းများစွာ သွားရောက်၍ ဤအလောင်းကောင်များကို ခေါ်ဆောင်လာခဲ့သည်။ ၎င်းတို့၏ ပုခုံးထက်တွင် ရေးထိုးထားသော နံပါတ်များသည် မတူညီသော်လည်း စိတ်ပိုင်းဆိုင်ရာမှာတော့ တူညီနေသည်။

"နှုတ်ဆက်ပါတယ် ဂိုဏ်းချုပ်ကျွင်း" အားလုံးသော သူများသည် ဒူးထောက်ကာ ထိုင်ချလိုက်ကြ၏။

သူတို့သည် အလောင်းကောင်အဖြစ် ဖြစ်တည်နေခဲ့သည်မှာ အချိန်အတော်ကြာခဲ့၏။ သူတို့သည် သေသည်ထက် ဆိုးသော နာကျင်မှုကို ခံစားခဲ့ကြရ၏။ ထာဝရလောကကြီး၏ ကူညီကယ်တင်ခြင်းကို ခံရပြီးသည့်နောက် ဝိညာဉ်ချိန်ကိုက်ဗုံးကိုလည်း ဖယ်ရှားပေးပြီးဖြစ်၏။ ထို့ကြောင့် သူတို့သည် ကျွင်းချောင်ရှောင်းအား ကျေးဇူးရှင်အဖြစ် သတ်မှတ်ထား၏။ အချက်အလက်အားဖြင့် မကောင်းသည်ကို ပြုလုပ်သည့် လူများမှ လွဲလျှင် အားလုံးသော သက်ရှိတို့သည် ကျေးဇူးတရားကို ကောင်းကောင်းနားလည်ကြသည်။

ကျွင်းချောင်ရှောင်းသည် လက်ကို ရမ်းခါကာဖြင့် မတ်တပ်ရပ်ရန် ကူညီလိုက်၏။ သူသည် လေးလေးနက်နက်ဖြင့် ပြောလိုက်၏။ "ဘယ်သတ္တဝါမဆို သူတို့ရဲ့ မိဘတွေကိုပဲ ဦးညွှတ်ဂါဝရပြုသင့်တယ်။ "

ဒူးထောက်ခြင်းဆိုသည်မှာ ကြယ်တာရာစိတ်ဝိညာဉ် လောက၏ဓလေ့ထုံးစံပင် ဖြစ်၏။ တိတ်ကျကျပြောရမည် ဆိုလျှင် အလောင်းကောင်များအတွက် ထုတ်လုပ်ထားသည့် ဓလေ့ထုံးတန်း အစဉ်အလာပင် ဖြစ်၏။ မိမိထက် ဂုဏ်သိက္ခာမြင့်သော လူတစ်ယောက်ကို မြင်သည်နှင့် ချက်ချင်းဒူးထောက်ရပေလိမ့်မည်။ သူတို့ကို ထိန်းချုပ်ထားသည့် သူတို့၏ သခင်ကို မြင်ရသည်နှင့် ဒူးထောက်ရပေလိမ့်မည်၏။ တွေ့သမျှ လူများကို ဒူးထောက်ပြီးနောက် သူတို့သည် ဒူးထောက်ခြင်းကို သမာရိုးကျဟုပင် သတ်မှတ်လာခဲ့သည်။

"နားလည်ပါပြီ" အားလုံးသည် ကျယ်လောင်စွာ အော်ဟစ်လိုက်ကြ၏။

နတ်ဆိုးဘိုးဘေးကြီးသည် စိတ်ထဲမှာ ကြိတ်ကာ တွေးလိုက်သည်။ သူက ဒီလောက်များတဲ့ အလောင်းကောင်တွေကိုတောင် အညံ့ခံအောင် ပြုလုပ်နိုင်သေးတာပဲ။ သူ့ဆီမှာ ဝှက်ဖဲတွေ ရှိရမယ်။

ဝှက်ဖဲသာ မရှိဘူးဆိုပါက ကျွင်းချောင်ရှောင်းအနေဖြင့် လက်ရှိအခြေအနေအထိ ရပ်တည်နိုင်လိမ့်မည် မဟုတ်ချေ။ နတ်ဆိုးဘိုးဘေးကြီးသည် ဒေါသမထွက်ချေ။ စိတ်သက်သာရာရသလိုပင် ခံစားနေမိ၏။ သူ့အနေဖြင့် ကျွင်းချောင်ရှောင်းကို အနိုင်မယူနိုင်ခြင်းမှာ ရှက်စရာမဟုတ်ပေ။ သူသည် အားမကောင်းသောကြောင့်မဟုတ်ချေ။ တစ်ဖက်လူသည် အားပိုကောင်းနေသောကြောင့်ပင်။ သူသည် အားလုံးကို ဆုံးရှုံးခဲ့ပြီးဖြစ်သည်။ သို့ပေမဲ့ ရှက်ရွံ့စရာ မဟုတ်တော့ချေ။

"သူ့နာမည်က နတ်ဆိုးဘိုးဘေးကြီးပဲ။ ပြီးတော့ ရည်မှန်းချက်ကြီးမားတဲ့ လူတစ်ယောက်ပေါ့"

ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ “ဒီနေ့ကစပြီး ခင်ဗျားတို့တွေ သူ့ရဲ့အမိန့်ကို သေသေချာချာ နာခံရမယ်"

"ကောင်ပါပြီ"

ကုန်းရှန့်၏ နောက်သို့ လိုက်ပါလာခဲ့သော အလောင်းကောင်များသည် ကျိန်းသေပေါက် နားထောင်မှာဖြစ်၏။ ၎င်းတို့အားလုံးသည် ကုန်းရှန့်အား လေးစားလွန်းသည်သာမက ကြယ်တာရာစိတ်ဝိညာဉ်ေလာက၏ ဗုံးကို ဖယ်ရှားပေးခဲ့သောကြောင့်ပင် ဖြစ်၏။ ထို့ပြင် ၎င်းတို့အားလုံးကို ဗုံးအသစ်များ ထပ်မှန် တပ်ဆင်ခံထားရသေးသည်။

စနစ်သည် ထကာ အော်ဟစ်လိုက်၏။ "ခွေးကောင် …. ကုန်းရှန့်ဆိုတဲ့ကောင် သောက်ကျင့်မကောင်းဘူး"

ကျွင်းချောင်ရှောင်းကိုလည်း အပြစ်တင်၏ မဖြစ်ချေ။ သူ့အနေဖြင့် အလောင်းကောင်များ၏ အကူအညီကိုလည်း လိုအပ်၏။ ထို့ပြင် ထိုသူများ ပုန်ကန်မည်ကိုလည်း စိုးရိမ်ရသေး၏။ ငြင်သာသော နည်းလမ်းဖြင့် ထိန်းချုပ်ထားပါက ပိုမိုခက်ခဲပေလိမ့်မည်။ ထို့ကြောင့်ပင်လျှင် ထိုကဲ့သို့ ပြုလုပ်ထားရခြင်း ဖြစ်၏။ မကြာခင်တွင် ထိုသူများကို ပြန်လည်ကာ လွှတ်ပေးမှာဖြစ်သည်။

"ကျွင်းချောင်ရှောင်း"

စမ်းသပ်ခန်းအတွင်းမှာတော့ ကြိုးနှင့် အချည်ခံထားရသည့် နတ်ဆိုးဘိုးဘေးကြီးသည် နှဖူးတွင် သွေးကြောများ ဖောင်းပွသည်အထိ အော်ဟစ်လျက် ရှိနေ၏။ "ငါတို့ ပူးပေါင်းမယ်လို့ သဘောတူထားပြီးပြီလေ။ ဘာလို့ အရှက်မဲ့ရတာလဲ"

"အားနာပါတယ်"

ဘေးတစ်ဖက်တွင် ရှိနေသော ကျွင်းချောင်ရှောင်းသည် အကူအညီမဲ့စွာဖြင့် ပြောလိုက်သည်။ "ခင်ဗျားသစ္စာဖောက်မှာ စိုးရိမ်ရတယ်လေ"

ဇွက် ….။

မေ့ဆေးအပ်သည် နတ်ဆိုးဘိုးဘေးကြီး၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်သွား၏။ ချက်ချင်းဆိုသလိုပင် နတ်ဆိုးဘိုးဘေးကြီးသည် မေ့မျောသွား၏။ ပြန်လည်နိုးထလာသည့် အချိန်တွင် သူ၏ကိုယ်ထဲ၌ ဗုံးတစ်လုံးက တည်ရှိနေ၏။ သူသည် ဝံပုလွေခံတွင်းဆီမှ ထွက်လာပြီးနောက် ကျားခံတွင်းဆီသို့ ဝင်ရောက်ခဲ့ခြင်းပင်။

"ဖြည်းဖြည်း ….. ကောင်းပြီ လုပ်နိုင်ပါတယ်"

တပည့်များ အလုပ်များပြီးသည့်နောက် တောင်၏ အနောက်ဖက်တွင် လူစွမ်းကောင်းများဆိုသည့် ဆိုင်းဘုတ်တစ်ခု ဖြစ်ပေါ်လာသည်။

ဟောခန်းတစ်ခုအတွင်း …….

လူစွမ်းကောင်းဝတ်စုံကို ဝတ်ဆင်ထားသည့် နတ်ဆိုးဘိုးဘေးကြီးသည် ဟောခန်းအတွင်း ထိပ်တစ်နေရာတွင် ထိုင်လျက်ရှိ၏။ မူလအားဖြင့် အားကောင်းလျက် ရှိနေသော အော်ရာများသည် ပြန်လည်ကာ ဖြစ်တည်နေ၏။ သူ၏ မျက်လုံး၌ အေးစက်သည့် တင်းမာမှုက တည်ရှိနေ၏။ စီစီရီရီဖြင့် ရပ်တန့်လျက် ရှိနေသော လူပေါင်းများစွာတို့သည် အော်ဟစ်လိုက်ကြ၏။ "ဂါဝရပြုပါတယ် ဟောခန်းသခင်"

ယခုအချိန်မှာတော့ သူတို့သည် ကြယ်တာရာ စိတ်ဝိညာဉ်လောကဆီမှ အလောင်းကောင်များ မဟုတ်တော့ချေ။ ပြိုင်စံရှားဂိုဏ်း၏ လူစွမ်းကောင်းများ ဖြစ်နေခဲ့၏။ ၎င်းတို့၏ ကိုယ်ပေါ်တွင်ရှိနေသော ဆေးမင်ကြောင်များသည် မဖျက်စီးရသေးသော်လည်း ကုတ်နံပါတ်များ ဖြစ်လို့လာခဲ့သည်။

"၉၅၂၇ …. လူစွမ်းကောင်းတို့ရဲ့ ခေါင်းဆောင်”

“နားထောင်ကြ"

နတ်ဆိုးဘိုးဘေးကြီးသည် ကျယ်လောင်စွာ အော်လိုက်၏။ "ကျုပ်တို့ လူစွမ်းကောင်းတွေမှာ တာဝန်တစ်ခုပဲ ရှိတယ်။ ဒါက ကြယ်တာရာ စိတ်ဝိညာဉ် လောကကြီးကို ပြောင်းပြန်လှန်ဖို့"

"ကြယ်တာရာစိတ်ဝိညာဉ် လောကကို ပြောင်းပြန်လှန်မယ်" လူစွမ်းကောင်းတို့၏ အသံသည် သံပြိုင်ထွက်ပေါ်လာသည်။

၎င်းတို့၏ အသံသည် ကောင်းကင်၌ပင် ပဲ့တင်ထပ်လျက် ရှိနေ၏။ အဝေးတစ်နေရာရှိ သစ်ပင်အောက်တွင် ထိုင်ပြီး အရက်မူး အိမ်မက်ဝိုင်ကို သောက်လျက်ရှိနေသော ကျွင်းချောင်ရှောင်းသည် မော့ကြည့်ကာ ပြောလိုက်၏။ "တကယ့်ပွဲက မကြာခင်စမယ်"

All Chapters