အခန်း ၁၉၁၃
Vol. 128 Ch. 1913
အပိုင်း (၁၉၁၃)
ကျွင်းချောင်ရှောင်း၏ အကြံအစည်သည် အမှန်ပင် ရိုးရှင်းလွန်းလှ၏။ သူသည် အရာအားလုံး၏အနောက်တွင် နေထိုင်ပြီး စစ်တုရင်ကစားသူတစ်ယောက်လို ပြုမူချင်၏။
ထိုသို့ဆိုလျှင် ယုံကြည်ရပါမည်လား။ အခြားတစ်ယောက်သာဆိုပါက ဖြစ်ချင်မှဖြစ်နိုင်ပေလိမ့်မည်။ သို့ပေမဲ့ လူစွမ်းကောင်းတို့၏ ခေါင်းဆောင်သည် နတ်ဆိုးဘိုးဘေးကြီးဖြစ်လို့နေ၏။ ထို့ကြောင့် သူသည် ယုံကြည်ရသည်ဟု ခံစားမိ၏။ ထိုသူသည် ရည်မှန်းချက် ကြီးမားပြီး ကြမ်းတမ်းလွန်းလှသည့် အမူအကျင့် ပိုင်ဆိုင်သော်လည်း သူ့အား တန်ပြန်လှည့်စားနိုင်မည့် ဉာဏ်ရည်နှင့် ကံကောင်းခြင်းတို့ မရှိပေ။
ကြယ်တာရာစိတ်ဝိညာဉ်လောကနှင့် တိုက်ခိုက်သည့်နေရာတွင် ၎င်းအား အသုံးပြုရခြင်းသည် အမှန်ပင် အကျိုးသက်ရောက်မှု ရရှိပေလိမ့်မည်။ ထို့ပြင် လူသားမဆန်စွာ ဆက်ဆံခံထားရသည်ဖြစ်သောကြောင့် ၎င်း၏နှလုံးသားထဲတွင် ဒေါသတရားများနှင့် ပြည့်နှက်လို့နေ၏။
ကျွင်းချောင်ရှောင်း၏ ကစားကွက်သည် အမှန်ပင် ကြည့်၍ကောင်းလှသည်ဟု ပြောဆိုရမည်။ ကြယ်တာရာစိတ်ဝိညာဉ်လောကကို မည်မျှကြီးမားသည့် ပြဿနာများ ပေးအပ်နိုင်မည်နည်း ဆိုသည်မှာတော့ ၎င်း၏ကိုယ်ပိုင်စွမ်းရည်ပေါ်တွင် မူတည်ပေလိမ့်မည်။
“ဆရာကြီး”
ကျွင်းချောင်ရှောင်းသည် အစီအရင်ဟောခန်းဆီသို့ ရောက်ရှိလာကာ ပြောလိုက်၏။ “ဒီအတော အတွင်းမှာ ရွက်သင်္ဘောတွေကို ပိုပြီးတော့ တည်ဆောက်ထားရမယ်။ ကျောက်ရိုင်းတွေ စိတ်မပူနဲ့။ ကျုပ် အကောင်းဆုံး ထောက်ပံ့ပေးမယ်”
ပြီးသည့်နောက် ပန်းပဲခန်းမဆောင်နှင့် သားရဲစီးဟောခန်းဌာနဆီကို သွားလိုက်၏။ ကြယ်တာရာစိတ် ဝိညာဉ်လောကကို တိုက်ခိုက်ရာတွင် လူစွမ်းကောင်းများကို အသုံးပြုခြင်းဆိုသည်မှာ သူ၏အစီအစဉ်များထဲမှ တစ်ခုသာလျှင်ဖြစ်၏။ တစ်ဖက်လူတို့ စွမ်းအင်တော်တော်များများ ကုန်ဆုံးသွားသည့်အချိန်တွင် သူသည် သူ၏လူများကို ခေါ်ဆောင်ကာဖြင့် အားလုံးသောသူတို့ကို ရှင်းလင်းပစ်ရပေမည်။
ရက်အနည်းငယ်ကြာ ပြီးသည့်နောက် နတ်ဆိုးဘိုးဘေးကြီးသည် စတင်ကာ ဆောင်ရွက်တော့၏။ ၎င်းအနေနှင့် ကြယ်တာရာစိတ် ဝိညာဉ်လောကဆီသို့ လူပေါင်းများစွာတို့ကို ခေါ်ယူကာ ရူးကြောင်ကြောင်နှင့် ပြဿနာရှာခြင်း အလုပ်ကို မပြုလုပ်ချေ။ ထိုအစား တိတ်တဆိတ်ခိုးကာဝင်ရောက်ပြီးသည့်နောက် များပြား လှသည့် အလောင်းကောင်များကို လိုက်လံဖမ်းစားသည့် နည်းလမ်းကိုသာ အသုံးပြုခဲ့၏။
လူပေါင်း တစ်သိန်းကျော်လောက်နှင့် ဤကဲ့သို့သော ဂြိုဟ်ထဲသို့ ဝင်ရောက်ကာ ပြဿနာရှာမည်ဆိုလျှင် ဦးနှောက်ကို မြင်းကန်ခံထားမှသာ ဖြစ်ပေလိမ့်မည်။ ထို့ကြောင့် နောက်လိုက်များကို စုဆောင်းပြီး ကြီးမားလှသည့် စစ်တပ်ကြီးတစ်ခုကို အရင်ဆုံး ဖန်တီးမှ ဖြစ်ပေလိမ့်မည်။
ကျွင်းချောင်ရှောင်းသည် တစ်ဖက်လူအား အလုံးစုံ ထောက်ပံ့ပေးထား၏။ သူသည် ခွဲခန်းဌာနကိုပင် တည်ဆောက်ထားခဲ့၏။ ဖမ်းဆီးလာခဲ့သော အလောင်းကျေးကျွန်ကောင်များ အားလုံးတို့အား ပထမဦးဆုံး မူလဝိညာဉ်ဗုံးများကို ဖယ်ရှားပြီးသည့်နောက် ဗုံးအသစ်ကို ပြန်လည်ကာ အစားထိုးခဲ့၏။
ရက်အနည်းငယ်သာလျှင် ကြာမြင့်၏။ လူစွမ်းကောင်းတို့၏ အရေအတွက်သည် တဖြည်းဖြည်း ပိုမို တိုးတက်လာခဲ့၏။ စွန်းပုကုံးနှင့် အခြားသောသူများသည် တောက်လျှောက်ဆိုသလိုပဲ အလုပ်လုပ်လျက်ရှိ၏။ ၎င်းတို့သည် နားချိန်မရရှိလောက်သည်အထိ အလုပ် များနေကြသည်။
နတ်ဆိုးဘိုးဘေးကြီးသည် လူပေါင်းများစွာတို့ကို သွားရောက်ကာဖမ်းဆီးနေ၏။ ကျွင်းချောင်ရှောင်းတို့မှာ လည်း အရာအားလုံးကို လိုက်လံကာ ခိုးယူလျက်ရှိ၏။ ကျောက်ရိုင်း၊ ဆေးပင်၊ အခြားသော အရင်းအမြစ်များ အားလုံးတို့ကို လိုက်လံကာ ခိုးယူနေပြီး ထာဝရလောကကြီးထဲသို့ ပို့ဆောင်နေ၏။
သူသည် ထိုအရင်းအမြစ်များ အားလုံးကိုအသုံးပြု၍ စက်ရုပ်များတည်ဆောက်ခြင်း၊ ရွက်သင်္ဘောများ တည်ဆောက်ခြင်းနှင့် လက်နက်များ ပြုလုပ်ခြင်းကို ဆောင်ရွက်နေသည်။ အခြားစကားနှင့် ပြောရမည် ဆိုလျှင်တော့ ကြယ်တာရာစိတ်ဝိညာဉ်လောကဆိုသည်မှာ သဘာဝရတနာများကို ထောက်ပံ့ပေးလျက် ရှိနေသည့် အရင်းအမြစ်တည်နေရာကြီး တစ်ခုဖြစ်လို့နေသည်။
ဟုတ်ပေသည်။ ၎င်းတို့အားလုံးသည် ကြောင်တောင်တောင်နှင့် အရူးများတော့ မဟုတ်လှချေ။ တစ်ခုပြီးတစ်ခု ခိုးယူခံရပြီးသည့်နောက်မှာတော့ တရားရေးရာဟောခန်းက သတိပြုမိလာကြ၏။ ၎င်းတို့သည် သေသေချာချာ လိုက်လံကာ စုံစမ်းစစ်ဆေးပြီးသည့်နောက် သတိအပြည့်နှင့် စောင့်ကြပ်လာကြ၏။
ထိုအခြင်းအရာကို မြင်သည့်အချိန်မှာတော့ ကျွင်းချောင်ရှောင်းသည် အမှုမဲ့အမှတ်မဲ့နှင့် လုပ်စရာကိစ္စရပ် များကို မလုပ်တော့ချေ။ အလောင်းကောင်ကျေးကျွန်များ ပျောက်ဆုံးမှုသည် ထူးဆန်းလွန်းလှချေ၏။ ထိုအရာသည် တရားရေးရာဟောခန်းကို အာရုံစိုက်စရာဖြစ်လာခဲ့၏။ သို့ပေမဲ့ တစ်ဖက်လူများသည် လေးလေး နက်နက်တော့ အာရုံမထားကြချေ။ တစ်ဖက်လူများ ပျောက်ကွယ်သွားသည်ကို အတည်ပြုပြီးသည့်နောက် ဝိညာဉ်နှိပ်စက်မှုကို တစ်ခါတည်းပြုလုပ်တော့သည်။
အတိုချုပ်ပြောရမည်ဆိုလျှင် ကြယ်တာရာစိတ်ဝိညာဉ်လောကသားများ၏ မျက်လုံးထဲတွင် အလောင်းကောင် ကျေးကျွန်များဆိုသည်မှာ ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ပင်ဖြစ်သည်။ တစ်ဖက်လူများ မည်မျှပျောက်ကွယ် သွားသည်မဆို အကြောင်းအရင်းကို မေးနေမည်မဟုတ်ချေ။ ၎င်းတို့အားလုံးသည် တစ်ခါတည်း သတ်ဖြတ်ခြင်းကိုသာ ပြုလုပ်ကြ၏။
ကံဆိုးစွာဖြင့် တရားရေးရာဟောခန်းသည် ထိုနည်းလမ်းကို နေ့စဉ်နေ့တိုင်း အသုံးပြုနေသည်ဆိုသော်လည်း အလောင်းကောင်ကျေးကျွန်များမှာတော့ ထာဝရလောကထဲသို့ လုံလုံခြုံခြုံနှင့် ရောက်ရှိလျက် ရှိနေသည်။ ၎င်းတို့သည် နတ်ဆိုးဘိုးဘေးကြီး၏ လေ့ကျင့်ပေးမှုကို ခံနေရသည်။
လေ့ကျင့်မှုအကြောင်းကို ပြောရမည်ဆိုလျှင် ထပ်မံ ချဲ့ထွင်ကာ ပြောဆိုရန် လိုအပ်နေ၏။ ယခင်တုန်းက အသက်ရှင်သန်နိုင်ရန်အလို့ငှာ အင်မော်တယ်အဆင့်ဂိုဏ်းကြီးဆယ်ဂိုဏ်းနှင့် ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက် ခဲ့၏။ နတ်ဆိုးဘိုးဘေးကြီးသည် ၎င်း၏စစ်သည်ပေါင်း တစ်သန်းကျော်တို့ကို သေသေချာချာ ပြုစုပျိုးထောင် ခဲ့၏။ ထို့ကြောင့် သူ့၌ များပြားလွန်းလှသော အတွေ့အကြုံများ တည်ရှိနေ၏။
ထို့ကြောင့်ပင်လျှင် ကျွင်းချောင်ရှောင်းသည် တစ်ဖက်လူအား လူသန်းပေါင်းများ၏ ခေါင်းဆောင်အဖြစ် ခန့်အပ်ခဲ့ခြင်းဖြစ်၏။ သူသည် ရည်မှန်းချက်ကြီးမားလွန်းသောသူ တစ်ယောက်ဖြစ်ပြီး အားလုံးသော သူတို့ကို ပြုစုပျိုးထောင်ရာတွင် လုံလောက်တဲ့ အတွေ့အကြုံလည်း ပေါကြွယ်လွန်းလှ၏။ ဤကဲ့သို့သော လူတစ်ယောက်သည် အခြေအနေကို အကောင်းဆုံး ကိုင်တွယ်နိုင်မှာဖြစ်သည်။
နတ်ဆိုးဘိုးဘေးကြီးသည် သူ့ကို စိတ်မပျက်စေခဲ့ရပေ။ နောက်လိုက်များ ပိုမိုများပြားလာသည်နှင့်အမျှ ကြမ်းကြမ်းတမ်းတမ်း နှင့် စည်းကမ်းချမှတ်ကာ လေ့ကျင့်ပေးလျက်ရှိနေ၏။ အားလုံးသောသူတို့သည် လွတ်လပ်မှုဆိုသော အရာကို ခုံမင်စွာဖြင့် တိုက်ခိုက်ရန် စဉ်းစားဆုံးဖြတ်လာခဲ့ကြ၏။
ကျွင်းချောင်ရှောင်းသည် အားလပ်နေသည့် အချိန်မျိုးတွင် ထိုနေရာဆီသို့ သွားရောက်ပြီး မိန့်ခွန်းပြောကြားမှုကို ပြုလုပ်တတ်သေး၏။ ဥပမာအားဖြင့် လွတ်လပ်မှုအကြောင်း၊ ပြန်လည်ခုခံရမည် ဆိုသည့်အကြောင်း ထိုအရာများကို တရားသွားဟောခြင်းပင်။
ဦးနှောက်ဆေးခြင်း အကြောင်းအရာနှင့် ပတ်သက်မည်ဆိုလျှင် ကျွင်းချောင်ရှောင်းနှင့် နတ်ဆိုးဘိုးဘေးကြီးတို့သည် တူညီသည့် ကျွမ်းကျင်သူများပင်ဖြစ်၏။ ၎င်းတို့၏ သေသေချာချာ စည်းရုံး သိမ်းသွင်းမှုအောက်မှာတော့ ကြယ်တာရာစိတ်ဝိညာဉ်လောကအပေါ် လူစွမ်းကောင်းများ၏ မုန်းတီးမှုသည် တစ်နေ့တစ်ခြား ပိုမိုကာ ကြီးထွားလာခဲ့ကြ၏။ လွတ်မြောက်မှုကို ရရှိပြီးသည့်နောက်တွင် တန်ပြန်ကာ လက်စား ချေရန် ဆိုသည်မှာ သဘာဝပေးတာဝန်ကဲ့သို့ပင် ဖြစ်တည်လာခဲ့၏။
......
နှစ်ဝက်ခန့်ကြာမြင့်ပြီးသည့်နောက် လူစွမ်းကောင်းအရေအတွက်သည် ထပ်မံ တိုးတက်လာခဲ့၏။ ၎င်းတို့သည် ကြယ်တာရာစိတ်ဝိညာဉ်လောက၏ နေရာအနှံ့ဆီမှရောက်ရှိလာခဲ့ပြီး မတူညီသည့် ဂုဏ်သိက္ခာအသီးသီးကို ပိုင်ဆိုင်ကြသည်ဆိုသော်လည်း အားလုံးသောသူတို့သည် ညီနောင်သွေးသောက်များပင် ဖြစ်လေ၏။ ရည်ရွယ်ချက်သည် လွတ်လပ်မှုနှင့် လက်စားချေရန်အတွက် တိုက်ခိုက်ရန်ပင်။
ဟုတ်ပေ၏။ ၎င်းတို့၏ အားအင်အဆင့်သည် သာမာန်ထက်ပိုလွန်းလှ၏။ လူစွမ်းကောင်းတစ်သောင်းကျော် တို့၏ အလုံးစုံသော အားအင်အဆင့်သည် အစစ်အမှန် ရှာဖွေခြင်း ထိပ်ဆုံးအဆင့်တွင်ရှိနေပြီး နတ်ဘုရား လျှို့ဝှက်ခြေလှမ်းဝက်အဆင့်ဆီသို့ ရောက်ရှိနေသည့်သူများလည်း မလစ်ဟင်းခဲ့ချေ။ ပြောရမည်ဆိုလျှင် ကျွင်းချောင်ရှောင်းသည် ထိုသူတို့အားလုံးအား လက်နက်နှင့်အသုံးအဆောင်ပစ္စည်းများ ထောက်ပံ့ပေးခဲ့၏။
“နောက်ပြီးရင် ဘာလုပ်ကြမှာလဲ” ကုန်းရှန့်သည် မေးမြန်းလိုက်သည်။
လွန်ခဲ့သည့်နှစ်ဝက်အတွင်း သူသည် ကြယ်တာရာစိတ်ဝိညာဉ်လောကဆီသို့ တစ်လျှောက်လုံး လှည့်လည် သွားလာခဲ့၏။ များပြားလှသည့် သိုင်းပညာ၏ အရင်းအမြစ်များကို ရရှိခဲ့သည်ဆိုလျှင်တောင်မှ လိုအပ်ချက်ကို ပြည့်စုံအောင် မဖြည့်စည်းနိုင်သေးချေ။ ပြောရမည်ဆိုလျှင် ခိုးယူရန် ကောင်းမွန်သည့်အရာများလည်း မရှိတော့ချေ။ အရင်းအမြစ် တော်တော်များများတို့သည် သေသေချာချာစောင့်ကြပ်ခြင်းကို ခံထားရသောကြောင့် လိုက်ခိုးဖို့ အခွင့်အရေး မရှိတော့ချေ။
တခြားသော ဂြိုဟ်များသာဆိုပါက ကုန်းရှန့်အနေနှင့် ဤကဲ့သို့ လိုက်လံခိုးယူရခြင်းအတွက် အားနာကောင်း အားနာမိပေလိမ့်မည်။ သို့ပေမဲ့ ကြယ်တာရာစိတ်ဝိညာဉ်လောကအတွက်တော့ သူသည် မည်သည့်စိတ်မှ မရှိချေ။ ရရင်ရသလို ခိုးယူရန် စဉ်းစားထားမိ၏။
နတ်ဆိုးဘိုးဘေးကြီးသည် ကြယ်တာရာစိတ်ဝိညာဉ်လောက၏ သဲမြေပုံရှေ့ဆီသို့ ရောက်ရှိလာခဲ့ပြီး မြို့တစ်ခု စီသို့ လက်ညိုးညွှန်ပြလိုက်သည် “ဒီနေရာကို တိုက်ခိုက်ရမယ်”
လက်ရှိအခြေအနေတွင် ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်ရန်ဆိုသည်မှာ မဖြစ်နိုင်ချေ။ ထို့ကြောင့် တစ်ဖက်လူများ အဖြစ် အယောင်ဆောင်ကာဖြင့် အထဲသို့တစ်လှမ်းခြင်းဝင်ရောက်ကာ လှုပ်ရှားမှဖြစ်ပေလိမ့်မည်။
“အတူတူလုပ်ကြရအောင်”
ကျွင်းချောင်ရှောင်းနှင့် နတ်ဆိုးဘိုးဘေးကြီးတို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်ရှုလိုက်၏။ ၎င်းတို့မျက်နှာ ပေါ်တွင် ကြောက်မက်ဖွယ်ရာကောင်းလှသည့် အပြုံးတစ်ခုက ဖြစ်တည်လာ၏။
.....
ညရောက်သည့်အချိန် လူစွမ်းကောင်း နှစ်သောင်းကျော်တို့သည် စုဝေးလာခဲ့ကြသည်။ ၎င်းတို့အား သေသေ ချာချာလေ့ကျင့်ပေးပြီး ကောင်းမွန်လှသည့်လက်နက်များကို တပ်ဆင်ပေးထား၏။ ကြည့်ရှုလိုက်သည်နှင့် ကျားများ၊ ဝံပုလွေများကဲ့သို့ပင် ကြမ်းတမ်းလွန်းလှချေသည်။
ဆွစ်
နတ်ဆိုးဘိုးဘိုးကြီးသည် ဟောခန်းထဲမှ လျှောက်ထွက်လာ၏။ ၎င်း၏နှလုံးသားထဲ၌ မီးများ တောက်လောင်လျက်ရှိသည်။ သူသည် ကျယ်လောင်စွာ ပြောလိုက်၏။ “အမြန်ဆုံးလုပ်ဆောင်ကြမယ်”
“ကောင်းပါပြီ” အားလုံးသောသူတို့သည် အော်ဟစ်လိုက်သည်။
“သွားကြရအောင်”
.....
ဆွစ် ဆွစ်
လူစွမ်းကောင်း နှစ်သောင်းကျော်တို့သည် တည်နေရာရွှေ့ပြောင်းခြင်းအဆောင်များကို အသုံးပြုပြီးသည့် နောက် လေထုထဲမှ ပျောက်ကွယ်သွားခဲ့၏။ ၎င်းတို့အားလုံးသည် ကြယ်တာရာစိတ်ဝိညာဉ်လောက၌ ပြန်လည်ပေါ်ပေါက်လာ၏။
အာဝူး အာဝူး အာဝူး
အဝေးတစ်နေရာစီမှာ ဝံပုလွေအော်သံတစ်ခုက ထွက်ပေါ်လာ၏။ အခြေအနေတစ်ခုလုံးသည် ခြောက်ခြား သွားစေသည်။
ဆွစ် ဆွစ်
နတ်ဆိုးဘိုးဘေးကြီး၏ ဦးဆောင်မှုအောက်မှာတော့ လူစွမ်းကောင်းနှစ်သောင်းကျော်တို့သည် အမြန်ဆုံးနှုန်း နှင့် ပျံသန်းလာခဲ့ကြ၏။ မကြာမီမှာပဲ ၎င်းတို့၏ရည်မှန်းထားရာနေရာဆီသို့ ရောက်ရှိလာခဲ့၏။ ဤအရာသည် ပုံမှန်အရွယ်အစားရှိသော မြို့တစ်ခုပင်ဖြစ်၏။
“သွားရအောင်”
ဆွစ် ဆွစ် ဆွစ်
လူစွမ်းကောင်းတို့သည် လုံးဝဂရုမစိုက်ကြတော့ချေ။ ကျင့်ကြံခြင်းအဆင့်များကို အလုံးစုံဖွင့်ဟ ကာဖြင့် မြို့ထဲသို့ပြေးဝင်ခဲ့ကြ၏။ ဒေါသတကြီး ထွက်ပေါ်လျက်ရှိနေသည့် အော်ရာများသည် ပတ်ဝန်းကျင် တစ်ခုလုံးကို ပျံ့နှံ့စေခဲ့၏။ သတ်ဖြတ်လိုခြင်းဆန္ဒများသည် ကြမ်းတမ်းသည့်တိုက်ပွဲတစ်ခု ဖြစ်ပေါ်လာမည် ဆိုကြောင်းကို သက်သေပြနေသည်။
“ဂိုဏ်းချုပ်”
ယုစီနမ်သည် တောင်တစ်ခု၏ထိပ်တွင် မတ်မတ်ရပ်လျက်ရှိသည်။ သူသည် သနားသလို ပြောလိုက်မိ၏။ “ကြည့်ရတာ နည်းနည်း”
“စိတ်မပူနဲ့”
ကျွင်းချောင်ရှောင်းကပြောလိုက်သည်။ "သူတို့ကို မြို့ကိုဖျက်စီးပြီးတဲ့နောက်မှာ အရင်းအမြစ်တွေ အကုန်လုံးကိုယူဖို့ပဲ မှာကြားထားတာလေ။ အပြစ်ကင်းစင်သူတွေကို ထိခိုက်စေမှာမဟုတ်ဘူး”
ကြယ်တာရာစိတ်ဝိညာဉ်လောကကြီးသည် သူတို့အသက်ရှင်နေထိုင်ရေးအတွက် အခြားသောဂြိုဟ်များကို သွားရောက်ကာ လုယူခြင်းကို ပြုလုပ်တတ်၏။ သို့ပေမဲ့ အားလုံးသောသူတို့သည် လူဆိုးများမဟုတ်ကြချေ။ အပြစ်ကင်းစင်သည့်သတ္တဝါများ ကျိန်းသေပေါက် တည်ရှိနေမှာ သေချာ၏။ ရှိသမျှအားလုံးသော သူတို့ကို အလုံးစုံသတ်ဖြတ်ခြင်းကို ပြုလုပ်သည်ဆိုပါက သူသည် အဘယ်သို့ လူ့လောကထဲတွင် ဆက်လက်ကာ ရပ်တည်နေနိုင်တော့နည်း။
“ငါ လူဆိုးလုပ်ချင်ရင်တောင် လုပ်လို့မရဘူး”
ကျွင်းချောင်ရှောင်းသည် လက်နှစ်ဖက်ကို နောက်ပစ်ကာဖြင့် အကူအညီမဲ့စွာပြောလိုက်၏။ “ဒါပေမဲ့ ကြင်နာနေလို့လည်း မဖြစ်ဘူးလေ”
စနစ်သည် လက်ရှိအချိန်မှာတော့ သူ့အား ဘာတစ်ခုမှဝင်ရောက်ကာ မပြောဆိုခဲ့ချေ။ အဘယ့်ကြောင့်ဆိုသော ရက်စက်လွန်းလှသော သိုင်းကျင့်ကြံခြင်းလောကတွင် ဤကဲ့သို့သောအရာများကို လိုက်လံပြောဆိုနေ၍ အလုပ်မဖြစ်ကြောင်း သူကောင်းကောင်းသိ၏။ အားကြီးသူသာလျှင် ရှင်ဘုရင်ဖြစ်သည်။ အားကြီးသူ၏ အဆုံးအဖြတ်သည်သာလျှင် အမှန်တရားဖြစ်သည်။