← Chapters

အခန်း ၁၉၁၄

Vol. 128 Ch. 1914

အခန်း ၁၉၁၄

Vol. 128 Ch. 1914

အပိုင်း (၁၉၁၄)

“သတ်... သတ်ကြ”

ဘုန်း ဘုန်း

နတ်ဆိုးဘိုးဘိုးကြီးသည် လူစွမ်းကောင်းများကို ဦးဆောင်ကာဖြင့် မြို့ထဲသို့ဝင်ရောက်ကာ တိုက်ခိုက်ခဲ့၏။ များပြားလှသော အလင်းတန်းများသည် ပေါက်ကွဲထွက်ပေါ်လာခဲ့ပြီးသည့်နောက် မဲမှောင်လျက်ရှိနေသည့် ပတ်ဝန်းကျင်တစ်ခုလုံးသည် ရောင်စုံအလင်းတန်းများ ထွန်းတောက်လာခဲ့၏။

“အလောင်းကျေးကျွန်ကောင်တွေ ပုန်ကန်နေပြီ။ အလောင်းကျေးကျွန်ကောင်တွေ ပုန်ကန်နေပြီ”

မြို့ထဲသို့မဝင်ခင်မှာပဲ မြို့ထဲတွင်ရှိနေသည့် စစ်သည်များသည် ကြောက်လန့်တကြားဖြင့် ထကာ အော်ဟစ် လိုက်ကြ၏။ ဟိုးယခင်ကတည်းက ၎င်းတို့အားလုံးသည် အလောင်းကျေးကျွန်ကောင်များအား ကျေးကျွန်လို့ သတ်မှတ်ခဲ့ကြ၏။ သို့ပေမဲ့ ဤကဲ့သို့သော အခြေအနေမျိုးဖြစ်ပေါ်လာလိမ့်မည်ဟု တစ်ခါမှ မထင်မှတ်ခဲ့ချေ။ တစ်ဖက်လူများသည် သူတို့အိပ်ပျော်နေသည့်အချိန်တွင် ရုတ်တရက်လာရောက်ကာ တိုက်ခိုက်နေသည်။

ဘုန်း ဘုန်း

ကြမ်းတမ်းလွန်းလှသောစွမ်းအင်လှိုင်းများသည် တည်နေရာတစ်ခုလုံးတွင် ပြည့်နှက်လျက်ရှိ၏။ နတ်ဆိုး ဘိုးဘေးကြီး ဦးဆောင်သော လူစွမ်းကောင်းများသည် ရုတ်တရက်တိုက်ခိုက်ခြင်းကို ပြုမူခဲ့၏။ ၎င်းတို့ အားလုံးသည် မြို့၏ ကာကွယ်ရေးအင်အားစုများအား အခွင့်အရေးလုံးဝမပေးခဲ့ချေ။ တစ်နာရီကျော် အတွင်းမှာပဲ မြို့၏ အဓိကဂိတ်တံခါးကြီးကို ထွင်းဖောက်ကာဖြင့် ဒီရေလှိုင်းများကဲ့သို့ မြို့ထဲသို့တိုးဝင် တော့၏။

“ငြိမ်းချမ်းရေးအတွက်”

ကျွင်းချောင်ရှောင်းသည် အပြင်၌ မတ်တပ်ရပ်ကာပြောလိုက်၏။ “ဒီလူတွေကို သတ်မှရမယ်”

ကျန့်ကွေ့ရှုကပြောလိုက်သည်။ "နှစ်ဝက်အတွင်းမှာ ဒီလူစွမ်းကောင်းတစ်သောင်းကျော်တို့ကို သေသေချာချာ လေ့ကျင့်ပေးနိုင်တယ်ဆိုတော့ နတ်ဆိုးဘိုးဘေးကြီးက တကယ့်ကိုတော်တဲ့လူလို့ပြောရမယ်”

“အင်း

ကုထျန်းရှင်းသည်လည်း ခေါင်းညိတ်ကာပြောလိုက်၏။ “ဂိုဏ်းချုပ်ကျွင်းက တကယ်ကို လူမှန်၊ နေရာမှန် အသုံးပြုတတ်တာပဲ”

ပုံမှန်အားဖြင့် လူစွမ်းကောင်းများသည် နေ့စဉ်နှင့်အမျှ ဦးနှောက်ဆေးခြင်းကို ခံထားရသည်ဖြစ်သောကြောင့် ၎င်းတို့၏ အမုန်းတရားများသည် တစ်နေ့ထက်တစ်နေ့ ပိုမိုကာတိုးတက်လာခဲ့ကြ၏။ ထို့ကြောင့် မြို့၏ ဂိတ်တံခါးကိုချိုးဖြတ်ပြီးသည့်နောက် ၎င်းတို့၏ဒေါသတရားများကို ထိန်းချုပ်နိုင်ရန် မတတ်သာတော့ပေ။

အပြင်းထန်နှင့် ဒေါသတရားများ ဒေါသူပုန်ထလျက်ရှိနေ၏။ သို့သော်ငြား အထဲသို့ဝင်ရောက်ပြီးသည့်နောက် အမိန့်အတိုင်းလိုက်နာလျက်ရှိနေပြီး မြို့သူမြို့သားများကို သတ်ဖြတ်ခြင်းမပြုခဲ့ချေ။ ထိုအစား မြို့တော်ဝန် အိမ်ဆီသို့သာ တည့်တည့်သွားခဲ့၏။

တစ်နာရီခန့်ကြာမြင့်ပြီးသည့်နောက် အရေးကြီးဆုံးတည်နေရာ ဖြစ်သော မြို့တော်ဝန်အိမ်ရှိ အစောင်းများသည် သတ်ဖြတ်ခြင်းခံလိုက်ရ၏။ ခပ်ဝဝနှင့်မြို့တော်ဝန်သည် နတ်ဆိုးဘိုးဘေးကြီး၏ ခြေထောက်နှင့် နင်းချေခြင်းကိုခံထားရသည်။

“ဟောခန်းသခင်”

တစ်စုံတစ်ယောက်ကထအော်လိုက်၏။ “သူ့ကို သတ်လိုက်တော့”

ဤမြို့တော်ဝန်သည် ကြမ်းတမ်းရက်စက်သည့်နေရာတွင် နာမည်ကြီးလွန်းလှ၏။ ရေတွက်၍မရအောင် များပြားလှသော အလောင်းကျေးကျွန်များသည် ဤနေရာသို့ရောက်ရှိလာခဲ့ပြီး နှိပ်စက်ရိုက်နှက်ခြင်းကို ခံခဲ့ရဖူးသည်။ ထို့ကြောင့်ပင်လျှင် ယနေ့ တစ်ဖက်လူကိုဖမ်းဆီးရမိသည့်အချိန်မှာတော့ သူတို့သည် တစ်စစီ ဆွဲစုတ်ချင်စိတ်များ မည်သို့မျှ မထိန်းချုပ်နိုင်ခဲ့ကြချေ။

“ကျုပ် .... ကျုပ်ကိုမသတ်ပါနဲ့”

ဇွက် ...။

ပြော၍မပြီးသေးခင်မှာပဲ နတ်ဆိုးဘိုးဘိုးကြီး၏ဓားသည် တစ်ဖက်လူကို ခုတ်ပိုင်းပြီးဖြစ်နေ၏။ တစ်ဖက်လူ၏ ဦးခေါင်းသည် ဖရဲသီးတစ်လုံးကဲ့သို့ပင် တစ်လိမ့်လိမ့်နှင့် လိမ့်ဆင်းသွားခဲ့၏။ ၎င်း၏ မျက်လုံးထဲတွင်တော့ ကြောက်လန့်မှုများရှိနေသေး၏။

မြို့တော်ဝန်သည် သေဆုံးသွားခဲ့၏။ အားလုံးတို့သည် ဝမ်းသာစွာဖြင့် အော်ဟစ်လိုက်ကြသည်။

“ဒီခေါင်းကို မြို့ရဲ့ဂိတ်တံခါးမှာ ချိတ်ထားခဲ့လိုက်”

နတ်ဆိုးဘိုးဘေးကြီးသည် ကျယ်လောင်စွာ ပြောလိုက်၏။ “ပြီးတော့ ကြယ်တာရာစိတ်ဝိညာဉ်လောကရဲ့ တကယ့် တော်ဝင်ပါဆိုတဲ့ သိုင်းကျင့်ကြံသူ အားလုံးကို ဒီနေ့ ကျုပ်တို့ အလောင်းကျေးကျွန်တွေအကုန်လုံးက ပုန်ကန်ပြီဆိုတဲ့အကြောင်းကို ......”

“ကောင်းပါပြီ”

မကြာခင်မှာပဲ မြို့တော်ဝန်ရဲ့ဦးခေါင်းသည် မြို့၏ဂိတ်တံခါးရှေ့တွင် ချိတ်ဆွဲခြင်းခံရ၏။ ဤနေ့သည် သမိုင်းဝင်သည့်နေ့အဖြစ် မှတ်တမ်းတင်ခဲ့သည်။

အဘယ့်ကြောင့်ဆိုသော် လွတ်လပ်မှုကိုကိုယ်စားပြုသော လူစွမ်းကောင်းများတို့သည် ၎င်းတို့၏ အားအင်အဆင့်များကို ထုတ်ဖော်ကာဖြင့် တကယ့်တော်ဝင်ပါဆိုသော သိုင်းကျင့်ကြံသူများကို ဝင်ရောက်ကာ သတ်ဖြတ်ခဲ့ကြ၏။

ဤတိုက်ပွဲကို အမိန့်ပေးလျက်ရှိနေသည့် နတ်ဆိုးဘိုးဘေးကြီးသည် အနာဂတ်မျိုးဆက်သစ်များ သတိထား မှတ်မိရမည့် လူမျိုးပင်လျှင် ဖြစ်လို့နေခဲ့၏။ ၎င်းသည် လွတ်မြောက်မှုရဲ့ ဘိုးဘေးကြီးဟုပင် နာမည် ပြောင်းလဲ လိုက်သင့်သည်။

ကုန်းရှန့်သည် ဘာတစ်ခုမှ မလုပ်ပေးဘူးလား။ မဟုတ်ပေ။ သူသည် အားလုံးသောသူတို့၏ နောက်ကွယ်တွင် ရှိနေသည့်လူတစ်ယောက်ဖြစ်၏။ သူသည် ဂုဏ်သိက္ခာတရားကို လိုအပ်လှသည့်သူတစ်ယောက်မဟုတ်ပေ။

နေ့အချိန်သို့ရောက်ရှိလာခဲ့၏။ ကောင်းကင်ယံတစ်ခုလုံးသည် ပြောင်းလဲသွားခဲ့သည်။ လူစွမ်းကောင်းများ တို့သည် အောင်အောင်မြင်မြင်ဖြင့် ဟွေ့ထျန်းမြို့ကြီးကို သိမ်းပိုက်ရရှိခဲ့ပြီးဖြစ်၏။

အထဲတွင်နေလျက် ရှိနေသည့် မြို့သူမြို့သားများသည် ကြောက်လန့်တကြားဖြင့် ၎င်းတို့အခန်းထဲတွင် ပုန်းအောင်းလျက်ရှိနေကြသည်။

သို့ပေမဲ့ သူတို့အတွေးလွန်နေခြင်းသာဖြစ်၏။ လူစွမ်းကောင်းများတို့သည် အပြစ်ကင်းစင်သည့် သတ္တဝါများကို နှောင့်ယှက်ခြင်း မပြုလုပ်ကြချေ။ ၎င်းတို့သည် ဂုဏ်သိက္ခာတရားနှင့် ‌စွမ်းအင်များကို အသုံးပြုကာ လူများကို နှိပ်စက်တတ်သည့် သိုင်းကျင့်ကြံသူများကိုသာ ပစ်မှတ်ထားခဲ့၏။ သိုင်းကျင့်ကြံခြင်းအရင်းအမြစ်များကို လိုက်လံရှာဖွေပြီးသည့်နောက် အားလုံးသောအရာများကို သိမ်းဆည်းသွားကြ၏။

“နောက်ကိုဆုတ်မယ်” နတ်ဆိုးဘိုးဘေးကြီးက အမိန့်ပေးလိုက်၏။ အားလုံးသောသူတို့သည် မြန်မြန်ဆန်ဆန် ဆုတ်ခွာသွားခဲ့သည်။ ဤကဲ့သို့ ရုတ်တရက် တိုက်ခိုက်မှု၏ရည်ရွယ်ချက်သည် အလွန်ရိုးရှင်းလွန်းလှ၏။ တိုက်ခိုက်ပြီးသည့်နောက် အရင်းအမြစ်များအားလုံးကို ယူဆောင်သွားရန်ပင်။

ဆွစ် ဆွစ်

လူစွမ်းကောင်းများသည် မြို့၏မိုင်တစ်ထောင်အဝေးဆီသို့ ရောက်ရှိပြီးသည့်နောက် တောထဲတောင်ထဲတွင် ဝင်ရောက်ပျောက်ကွယ်သွားခဲ့ကြ၏။ ၎င်းတို့သည် ကိုင်ဆောင်ထားခဲ့သော တည်နေရာရွှေ့ပြောင်းခြင်း အဆောင်များကို အသုံးပြုကာ ထာဝရလောကကြီးဆီသို့ ရောက်ရှိလာ၏။

“အံအားသင့်စရာပဲ”

လူစွမ်းကောင်းဌာနချုပ်ဆီသို့ ပြန်လည်ရောက်ရှိပြီးသည့်နောက် နတ်ဆိုးဘိုးဘေးကြီး သည် ၎င်း၏မျက်လုံးထဲတွင်ရှိနေသည့် စိတ်လှုပ်ရှားမှုများကို မဖုံးကွယ်နိုင်ခဲ့ချေ။ ကြယ်တာရာစိတ်ဝိညာဉ် လောကသို့ ရောက်ရှိလာခဲ့သည်မှာ နှစ်ပေါင်းများစွာကြာမြင့်ပြီးသည့်နောက် သူသည် အားလုံးသောသူတို့၏ လေးလေးနက်နက်ဆက်ခံခြင်းကို မခံခဲ့ရချေ။ သူ၏ဘဝသည် သေဆုံးသည်ထက် ပိုမိုကာဆိုးရွားခဲ့သည်။

ယနေ့အချိန်မှာတော့ အမှန်မြင့်မြတ်လှပါသည်ဆိုသောသူများ၏ အပေါ်သို့ ခြေနင်းကာလျှောက်ခဲ့ရ၏။ ဤစိတ်ခံစားချက်သည် အလွန်ပင် ကောင်းမွန် လွန်းလှ၏။ နောင်တရစရာမှာ သူ့အနေနှင့် ပျော်ရွှင်မှုအတွက် မြို့တစ်ခုလုံးကို သတ်ဖြတ်ခြင်း မပြုလုပ်ခဲ့ရခြင်းပင်။

ကျွင်းချောင်ရှောင်းသည် အမှန်ပင် သဘောထားကြီးမားလှသူတစ်ယောက်ဖြစ်ပြီး ရက်စက်ခြင်းကို မနှစ်မြို့လှချေ။ မလိုအပ်ဘဲ ရက်စက်စွာ ပြုလုပ်တတ်သူတစ်ယောက် မဟုတ်ပေ။ နတ်ဆိုးဘိုးဘေးကြီး မှာတော့ ခြားနားလှ၏။ သူသည် အလုံးစုံသော ဗီလိန်တစ်ယောက်ဖြစ်ပြီး ကျိုးကြောင်းဆီလျော်မှုလည်း မရှိလှပေ။ လူများကိုသတ်ဖြတ်ဖို့ဆိုသည်မှာ သူ့အတွက် မည်သည့်အတားအဆီးမှမရှိပေ။

ကံကောင်းစွာဖြင့် သူသည် ကျွင်းချောင်ရှောင်း၏ စည်းကမ်းကို လိုက်နာနေရသည်။ ထို့ကြောင့် ဟွေ့ထျန်းမြို့သို့ ဝင်ရောက်ပြီးသည့်နောက် ကျွင်းချောင်ရှောင်းကို ကြောက်စိတ်ဖြင့် မြို့တစ်ခုလုံးကို သတ်ဖြတ်တာမျိုး မပြုလုပ်ခဲ့ခြင်းပင်။

“အင်း ဘယ်သူတွေထိခိုက်မိသေးလဲ”

နတ်ဆိုးဘိုးဘေးကြီးသည် စိတ်ကိုတည်ငြိမ်အောင်ထိန်းချုပ် ပြီးသည့်နောက် တိုက်ပွဲ၏အခြေအနေကို ချက်ချင်း မေးမြန်းလိုက်၏။

သုံးသပ်ချက်များအရဆိုလျှင် မြို့ထဲသို့ အလောင်းကောင်ကျေးကျွန် နှစ်သောင်းကျော်ဝင်ရောက်ခဲ့ကြပြီး သိုင်းအရင်းအမြစ်များကို ယူဆောင်ခဲ့၏။ ပေးဆပ်ရသည့်တန်ဖိုးသည် လူစွမ်းကောင်း ငါးရာမှခြောက်ရာ နီးပါး သေဆုံးခဲ့ကြခြင်းပင်။

ပြိုင်စံရှားဂိုဏ်းတိုက်ခိုက်သည့်အချိန်တွင် မည်သူမျှမသေဆုံးခဲ့ပေ။ သို့ပေမဲ့ လက်ရှိအခြေအနေမှာတော့ စတေးခံများသည် သေဆုံးလျက်ရှိနေသည်။

“အင်း ညီအစ်ကိုတို့” ဟောခန်းထဲမှ လျှောက်ထွက်လာခဲ့သည့် နတ်ဆိုးဘိုးဘေးကြီးသည် မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သောအသံဖြင့် ပြောလိုက်၏။ “လွတ်လပ်မှုအတွက် တိုက်ခိုက်တယ်ဆိုတာ စတေးခြင်း တွေလည်းပါဝင်တယ်လေ။ ငါတို့ အကြောက်အလန့် ကင်းစွာနဲ့ အားလုံးကိုရင်ဆိုင်ရမယ်။ ဒီနည်းလမ်းကပဲ ကောင်းကင်မှာရှိနေတဲ့ သေဆုံးသွားတဲ့လူတွေရဲ့ ဝိညာဉ်တွေကို နှစ်သိမ့်နိုင်မှာမို့ လွတ်လပ်မှုအတွက် တိုက်ခိုက်မယ်။”

“လွတ်လပ်မှုအတွက် တိုက်ခိုက်မယ်။ သေဆုံးသွားတဲ့ ညီအစ်ကိုတွေအတွက် လက်စားချေရမယ်”

လူစွမ်းကောင်းများသည် သံပြိုင်ဆိုသလိုပဲ အော်ဟစ်လိုက်ကြ၏။ ၎င်းတို့၏ မျက်လုံးများထဲတွင် အကြောက်အလန့်ကင်းမဲ့မှုများ တည်ရှိနေ၏။ လွတ်လပ်မှု၏ စွမ်းအင်နှင့်အတူ သံမဏိကဲ့သို့ မာကျောလှသော စိတ်၌ အမုန်းတရားများလည်း ထွန်းတောက်နေလေသည်။

ကျွင်းချောင်ရှောင်းသည် ထိုသူတို့အား အမှန်ပင် ချီးကျူးမိ၏။

“ဟမ့်”

စနစ်သည် ဆွံ့အလျက်ရှိသည်။ “မင်း ဒီကောင်တွေကို ဦးနှောက်ဆေးထားတာမဟုတ်လား”

....

တစ်ယောက်ပြီးတစ်ယောက်

တစ်ယောက်ပြီးတစ်ယောက်

အချိန်နှင့် တည်နေရာလျှို့ဝှက်နယ်မြေတွင်တော့ တပည့်များသည် အလွန်ပင် အလုပ်များလျက်ရှိနေကြ၏။ ဟွေ့ထျန်းမြို့ကို ဖျက်ဆီးပြီးသည့်နောက် ၎င်းတို့သည် အလောင်းကျေးကျွန်ကောင် တစ်ထောင်ကျော်ကို ခေါ်ဆောင်လာခဲ့၏။

စွန်းပုကုံးခေါင်းဆောင်သော လူများအားလုံးတို့သည် ၎င်းတို့၏ဦးနှောက်ထဲသို့ ဗုံးများ တပ်ဆင်ခြင်းကို ပြုလုပ်နေကြ၏။ အချိန်သည် အမှန်ပင်ကြပ်တည်းလွန်း၏။ ကြယ်တာရာစိတ်ဝိညာဉ် လောကသည် သူတို့ကို ချက်ချင်းအပြစ်ပေးမည်လား၊ မပေးမည်လားဆိုတာကို မည်သူမျှ မသိရှိသေးပေ။ ထို့ကြောင့် မြန်မြန်ဆန်ဆန် ပြုလုပ်နေခြင်းသာဖြစ်သည်။

အထဲတွင်ရှိနေသော တစ်ရက်တာသည် အပြင်မှာ ရက်ပေါင်းများစွာ ကြာမြင့်၏။ ထို့ကြောင့် အလောင်း ကောင်ကျေးကျွန်နှစ်ထောင်နီးပါးတို့သည် ဗုံးများပြန်လည်တပ်ဆင်ပြီးသည့်နောက် လွတ်လပ်မှုကို ရရှိခဲ့ ကြသည်။ ထို့ပြင် ၎င်းတို့အားလုံးသည် လူစွမ်းကောင်းအဖွဲ့ဝင်များဖြစ်လာခဲ့၏။ သို့ပေမဲ့ လူအင်အားမှာ အကန့်အသတ်ဖြင့် တည်ရှိနေ၏။ ထို့ကြောင့် ပြိုင်စံရှားဂိုဏ်း၏ ဆေးပညာအဖွဲ့အစည်းသည် ပင်ပန်းကြီးစွာဖြင့် အလုပ်လုပ်လျက်ရှိနေသည်။ ညဘက်အိပ်ချိန်ပင် ကောင်းကောင်းမရခဲ့ကြချေ။

အား အား

လျှို့ဝှက်အခန်းထဲတွင် လူပေါင်းတစ်ထောင်ကျော်တို့ တန်းစီလျက်ရှိနေပြီး လူတစ်ယောက်သည် ဦးခေါင်းကို ဆုပ်ကိုင်ကာ အားရပါးရ အော်ဟစ်လျက်ရှိ၏။

“ဘာတွေဖြစ်နေတာလဲ” ကျွင်းချောင်ရှောင်းသည် အလောတကြီးဖြင့် အထဲကို ‌လျှောက်ဝင်လာခဲ့သည်၊

“သူ ..... ဝိညာဉ်နှိပ်စက်မှုလုပ်ခံနေရတာပဲ”

“...........”

ကျွင်းချောင်ရှောင်းသည် မျက်မှောင်ကုတ်သွား၏။ သေချာပေသည်။ ကြယ်တာရာစိတ်ဝိညာဉ်လောကသည် ဤအလောင်းကောင်များကို ချက်ချင်း သုတ်သင်ပစ်ရန် စဉ်းစားခဲ့၏။

ရွှီး

ကျွင်းချောင်ရှောင်းသည် အလောင်းကောင်တစ်ကောင်၏ လက်ကောက်ဝတ်ကို ဖမ်းဆွဲထားလိုက်၏။ သူသည် စိတ်ဝိညာဉ်အာရုံများကို ဖြန့်ကျက်ကာ တစ်ဖက်လူ၏သိစိတ်ထဲကို ဝင်ရောက်လိုက်၏။ ကြောက်မက်ဖွယ်ရာ ကောင်းလှသည့်စွမ်းအင်များ အတွင်းဘက်တွင် ဖြစ်တည်နေသည်ကို အာရုံခံမိသည်ဆိုသော်လည်း သူသည် ဘာလုပ်ရမှန်း မသိရှိချေ။

“ကျုပ် ကျုပ်သေချင်တယ်”

ကျေးကျွန်အလောင်းကောင်သည် နာကျင်စွာဖြင့် တောင်းပန်လိုက်၏။ “ကျုပ် ကျုပ်ကိုသေခွင့်ပေးပါ”

“.........”

ကျွင်းချောင်ရှောင်းသည် တိတ်ဆိတ်ငြိမ်သက်သွား၏။ ခဏလောက်ကြာပြီးသည့်နောက်မှာ သူသည် အသာလှည့်ကာဖြင့် ပြောလိုက်သည်။ “သူ့ကို မေ့ဆေးထိုးလိုက်တော့”

“ကောင်းပါပြီ” စွန်းပုကုံးသည် အလျင်အမြန်ဖြင့် ထိုသူအား ငြိမ်ကျသွားစေရန် မေ့ဆေး ထိုးတော့သည်။ တစ်ဖက်လူသည် မြေပေါ်သို့ လဲလျောင်းသွားသော်လည်း အသက်မှာတော့ တည်ရှိနေသေး၏။ ထိုသူသည် ခက်ခက်ခဲခဲဖြင့် ပြုံးကာပြောလိုက်၏။ “ကျေး ..... ကျေးဇူးတင်ပါတယ်”

ဘုန်း

ဝိညာဉ်ဗုံးသည် ပေါက်ကွဲသွားခဲ့ပြီး အရိုးများ၊ အရည်များအဖြစ်သို့ ပြောင်းလဲသွားခဲ့၏။

ဘုန်း ဘုန်း ဘုန်း

အချိန်အတိုင်းအတာအတိုအတွင်းမှာပဲ အလောင်းကောင်ကျေးကျွန်တော်တော်များများတို့သည် ပေါက်ကွဲ ကုန်ကြ၏။ တစ်ချို့သည် မေ့ဆေးကို ထိုးနှံထားသည်ဖြစ်သောကြောင့် ငြိမ်းငြိမ်းချမ်းချမ်းနှင့် သေဆုံးခဲ့ကြ၏။ သို့ပေမဲ့ တော်တော်များများမှာတော့ အချိန်မရခဲ့ကြချေ။ ထို့ကြောင့် ၎င်းတို့သည် ဝိညာဉ်တစ်ခုလုံးပျက်ဆီး သွားခဲ့သည်သာမက ဆိုးရွားလှသည့်နှိပ်စက်မှုကိုလည်း ခံစားခဲ့ရသည်။

ဘုတ်

စွန်းပုကုံးသည် မြေပေါ်သို့ ဒူးထောက်ထိုင်ချလိုက်ပြီးသည့်နောက် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားမိသည်။ သမားတော်တစ်ယောက်အနေနှင့် သူ၏ တာဝန်သည် သေမလိုဖြစ်နေသည့် လူများအားလုံးကို ကယ်ဆယ်ရန်ဖြစ်၏။ သို့ပေမဲ့ များပြားလှသည့်ဝိညာဉ်များ ပျက်ဆီးနေသည်ကို ဤအတိုင်းထိုင်ကာ ကြည့်ရှု နေရ၏။ သူသည် သူ့ကိုယ်သူ အပြစ်တင်နေမိ၏။

ဘုတ်

ကျွင်းချောင်ရှောင်းသည် တစ်ဖက်လူ၏ ပခုံးကို အသာပုတ်ကာဖြင့်ပြောလိုက်သည်။ “မင်းအကောင်းဆုံး လုပ်ခဲ့တာပဲ”

“ဂိုဏ်းချုပ်”

စွန်းပုကုံးသည် သူ၏ ခံစားချက်များကို မထိန်းချုပ်နိုင်တော့ပေ။ မျက်ရည်များသည် မိုးကဲ့သို့ပင် ကျဆင်းလာခဲ့၏။ “ကျုပ်သူတို့ကို ကယ်တင်ချင်တယ်”

“လောကကြီးမှာ သေခြင်းတရားကို တွေ့ကြုံရတဲ့ သတ္တဝါတွေအများကြီး ရှိတယ်လေ”

ကျွင်းချောင်ရှောင်းက နှစ်သိမ့်လိုက်၏။ “ဒီတော့ သူတို့ကိုမကူညီပေးနိုင်တာနဲ့ပတ်သက်ပြီး ကိုယ့်ကိုယ်ကိုယ် အပြစ်တင်စရာမလိုဘူး။ လူတစ်ယောက်ရဲ့ အားအင်အဆင့်နဲ့ လုပ်နိုင်စွမ်းဆိုတာ အကန့်အသတ်တည်ရှိတယ်။ အခြေအနေတစ်ခုလုံးကို မင်း ပြောင်းလို့မရနိုင်ဘူး”

“တပည့် နားလည်ပါပြီ”

စွန်းပုကုံးသည် မျက်လုံးထောင့်တွင်ရှိနေသည့် မျက်ရည်များကို အသာသုတ်လိုက်၏။ သူသည် နားလည်သွားခဲ့ပြီဖြစ်သည်။

သို့ပေမဲ့ ကျွင်းချောင်ရှောင်းသည် စာကြည့်ခန်းထဲသို့ ဝင်ရောက်ပြီးသည့်နောက် တိတ်ဆိတ် ငြိမ်သက်နေ၏။ သူသည် အနည်းငယ်စိုးရွံ့နေသလိုပင်။

“အဆင်ပြေရဲ့လား”

ဟွာမင်ကွေ့ သည် လက်ဖက်ရည်ခွက်ကို စားပွဲပေါ်သို့တင်လိုက်၏။ ပြီးနောက် စိုးရိမ်ပူပန်စွာဖြင့် မေးမြန်းလိုက်၏။

ကျွင်းချောင်ရှောင်းသည် ထိုင်ခုံကို အသာမှီကာဖြင့် မျက်နှာကျက်ကို မော့ကြည့်လိုက်သည်။ “သက်ရှိလူသား တွေကို မြက်တစ်ပင်လိုမျိုး ဆက်ဆံတတ်တဲ့ ဂြိုဟ်တစ်ခုက တကယ့်ကို ယုတ်ညံ့တာပဲ”

ဟွာမင်ကွေ့သည် ထိုအချင်းအရာကို ကြားသည့်အချိန်မှာတော့ သူမ၏ ယောက်ျားတစ်ယောက် ဒေါသ ထွက်နေကြောင်း နားလည်လိုက်မိ၏။

“မဟုတ်သေးဘူး”

ကျွင်းချောင်ရှောင်း၏အကြည့်များသည် အေးစက်ပြီးကြမ်းတမ်းသွားခဲ့၏။ သူသည် သုန်မှုန်နေသည့် လေသံဖြင့်ပြောလိုက်၏။ “ဒီအလောင်းကောင်းတွေရဲ့ ဦးခေါင်းတွေကို ပြောင်းလဲရမယ်။ သူတို့ရဲ့အတွင်း အင်္ဂါ အစိတ်အပိုင်းတွေကို ပြောင်းလဲရမယ်။ သူတို့ရဲ့ ခန္ဓာကိုယ်ကို ပြောင်းလဲရမယ်”

All Chapters