အခန်း ၁၉၁၅
Vol. 128 Ch. 1915
အပိုင်း (၁၉၁၅)
သမားတော်များသည် လူနာများနှင့် ပတ်သက်လျှင် ကြင်နာတတ်သည့် စိတ်နှလုံးကို ပိုင်ဆိုင်ကြ၏။ လူနာပေါင်းများစွာတို့၏ ဝိညာဉ်သည် သုတ်သင်ခြင်းကို ခံနေရပြီး အလွန်တရာ နာကျင်စွာ ခံစားနေရသည်ကို မြင်ရချိန်မှတော့ စွန်းပုကုံး၏ နှလုံးသားမျာသည် တုန်ခါလျက် ရှိနေ၏။
ကျွင်းချောင်ရှောင်းသည်လည်း တူညီစွာပင်။ အလောင်းကျေးကျွန်ကောင်များသည် အနာဂတ်တွင် သေဆုံးရန် အမိန့်ချမှတ်ထားပြီးသားလူများ ဖြစ်ကြောင်း သိရှိသော်လည်း တစ်ဖက်လူများ တကယ်တမ်း သေဆုံးနေချိန်မှာတော့ သူ၏ဒေါသတရားများကို မဖိနှိပ်နိုင်ခဲ့ချေ။ သူသည် မှားယွင်းခဲ့၏။ အစစ်အမှန်ပင် မှားယွင်းခဲ့လေ၏။ သူလိုအပ်နေသည်မှာ အလောင်းကောင်ကျေးကျွန်များကို ကယ်တင်ပေးရန်ပင်ဖြစ်၏။ သူ့အနေနှင့် တစ်ဖက်လူများ၏ ခန္ဓာကိုယ်၊ အသွေး၊ အရေပြားနှင့် အရာအားလုံးကို ပြောင်းလဲပေးရပေလိမ့်မည်။
“လောကကြီးက တကယ့်ကို နက်ရှိုင်းလွန်းတယ်။ မြင်နေ၊ တွေ့နေရတဲ့ အရာအားလုံးက တကယ့်ကို အပေါ်ယံ သာသာလေးပဲရှိတယ်” စနစ်က ပြောလိုက်သည်။
“ဒီတော့”
ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ “တွေ့ကြုံလာပြီဆိုမှတော့ ကျိန်းသေပေါက် ပြောင်းလဲပစ်ရမှာ ပေါ့”
သူသည် လက်စားချေရန်အတွက် ကြယ်တာရာစိတ်ဝိညာဉ်လောကဆီသို့ ရောက်ရှိလာခဲ့ခြင်းဖြစ်၏။ သို့ပေမဲ့ လက်ရှိအခြေအနေတွင် သူ၏ စိတ်နှလုံးများသည် ပြောင်းလဲသွားခဲ့၏။ အရှက်မဲ့စွာ ပြောရမည်ဆိုလျှင် ကျွင်းချောင်ရှောင်းသည် လက်ရှိအချိန်မှာတော့ ကယ်တင်ရှင်ဖြစ်ချင်နေ၏။ သူသည် ကြယ်တာရာစိတ်ဝိညာဉ် လောကကြီး တစ်ခုလုံးကို ပြောင်းလဲရုံသာမက အထက်စကြဝဠာစနစ်တစ်ခုလုံးကိုပင် ပြောင်းလဲချင်မိသည်။
“အင်း”
ထျန်းယွမ်အကျဉ်းထောင်စေတီထဲတွင် ချုပ်နှောင်ခြင်းကို ခံထားရသည့် ကျန်းစန်းသည် ရုတ်တရက် တစ်စုံတစ်ခုကို အာရုံခံလိုက်မိ၏။ ထို့ကြောင့် စိတ်လှုပ်ရှားစွာဖြင့် သူ၏ဦးခေါင်းကို မော့ကာ ပြောလိုက်၏။ “အထက်စကြဝဠာတစ်ခုလုံးကို ပြောင်းလဲပစ်ချင်တဲ့လူက နောက်ဆုံးတော့ ပေါ်လာပြီပဲ”
သူသည် ဤကဲ့သို့ ခံစားချက်မျိုးကို ယခင်က ရခဲ့ဖူး၏။ သို့ပေမဲ့ ယနေ့အချိန်တွင် အလွန်အမင်း အားကောင်းလို့ နေခဲ့၏။ လက်တစ်ကမ်းနီးပါးတွင် နီးကပ်နေသကဲ့သို့ပင်။
ကျန်းစန်းတင်သာမဟုတ် အထက်စကြဝဠာတစ်ခုလုံးတွင် ရှိနေသည့် စွမ်းအားမြင့် ကျင့်ကြံသူများသည်လည်း နားလည်လိုက်မိကြ၏။ ၎င်းတို့သည် မိုးကောင်းကင်နတ်ဆိုးအင်ပါယာနှင့် တိုက်ခိုက်ရန် စီစဉ်သည့်အခါတွင် ပိုမို တက်ကြွလာခဲ့ကြ၏။ သူတို့သည် အထက်စကြဝဠာကြီး၏ စနစ်တစ်ခုလုံးကို မည်သူပြောင်းလဲမည်နည်း ဆိုသည်ကို ဂရုမစိုက်ကြချေ။ ဂရုစိုက်ကြသည်မှာ ဤကဲ့သို့သော ပြောင်းလဲမှုများ ဖြစ်တည်လာသည့်အချိန်တွင် ကံကောင်းခြင်းနှင့် ကောင်းချီးတရားများကိုသာ မည်ကဲ့သို့ ရရှိမည်ဆိုသည်ကိုသာ ဂရုစိုက်ကြ၏။ ထိုမှသာလျှင် အဆင့်မြင့်အဆင့်ဆီသို့ ချိုးဖြတ်နိုင်ပြီး အန္တိမကုန်းမြေဆီသို့ပင် တက်လှမ်းနိုင်ပေလိမ့်မည်။
“ကောင်လေး”
ညအချိန်မှာတော့ ထိုက်ရွှမ်အဘိုးအိုသည် စာကြည့်ခန်းဆီသို့ ရောက်ရှိလာကာ ပြောလိုက်၏။ “အင်း.. ဒီလိုပုံစံမျိုးနဲ့ လေ့လာနေလို့ မဖြစ်ဘူး။ ပိုပြီးတော့ အစီအစဉ်ကျတဲ့ နည်းလမ်းတစ်ခုကို ငါတို့ စဉ်းစားသင့်တယ်”
သူသည် ဂိုဏ်းတွင် အကြီးအကဲကြီးအဖြစ် သတ်မှတ်ခံထားရသည် ဖြစ်သောကြောင့် ကျွင်းချောင်ရှောင်း အား ဂိုဏ်းချုပ်ဟု မခေါ်ချေ။
“နည်းလမ်းရှိသေးလို့လား”
ထိုက်ရွှမ်အဘိုးအိုသည် တစ်စစီဖြုတ်ထားသည့် ဗုံးအား စားပွဲပေါ်သို့ တင်ကာ ပြောလိုက်သည်။ “ဒီတလောအတွင်း ငါ့ရဲ့ သုတေသန ပြုလုပ်ချက်တွေအရဆိုရင် ဒီအရာထဲမှာ ရှုပ်ထွေးတဲ့ အစီအရင်တစ်ခုရှိတယ်။ ဒီအရာကိုသာ ဖြေရှင်းနိုင်မယ်ဆိုရင် ဒီအခုဖြစ်နေတဲ့ ပြဿနာကြီးကို ဖြေရှင်းနိုင်စွမ်း ရှိလိမ့်မယ်”
“အဲလိုလား” ကျွင်းချောင်ရှောင်း၏ မျက်လုံးများသည် လင်းလက်သွား၏။ ဤအတောအတွင်း များပြာလှသော အလောင်းကောင်ကျေးကျွန်များသည် သေဆုံးသည်အထိ နှိပ်စက်ခံခဲ့ရ၏။ သူသည် ထိုအရာကို မတားဆီးနိုင်ခဲ့ သော်လည်း တစ်ဖက်လူများ၏ သိစိတ်ပင်လယ်ထဲတွင် အစီအရင်ကဲ့သို့ လှုပ်ရှားမှု သင်္ကေတများ ဖြစ်ပေါ် နေသည်ကို ခံစားမိ၏။
“ဒါပေမဲ့”
ထိုက်ရွှမ်အဘိုးအိုက ပြောလိုက်သည်။ “ဒါကို လေ့လာဖို့အတွက် အချိန်အတော် လိုအပ်လိမ့်မယ်”
ကျွင်းချောင်ရှောင်းသည် နားလည်ကြောင်းကို ထုတ်ဖော်ပြသလိုက်၏။ သူသည် ထာဝရလောကကြီး၏ သခင်တစ်ယောက် ဖြစ်သည်။ သိုပေမဲ့ အလောင်းကျေးကျွန်ကောင်များ တစ်ယောက်ပြီးတစ်ယောက် သေဆုံး သွားရသည်ကို မတားဆီးနိုင်ခဲ့ချေ။ အစီအရင်သည် အလွန်တရာ နက်နဲနေကြောင်း သက်သေပြနေ၏။ ဗုံးအစီအရင်၏ ဖောက်ခွဲနိုင်မှုသည် ထာဝရလောကကြီးနှင့် စကြဝဠာကြီးတွင် ရှိနေသော တည်နေရာ အတားအဆီးကို ဖြတ်သန်းကာ အလုပ်လုပ်ဆောင်လျက် ရှိနေသည်။
“ဆရာကြီး”
ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ “ဒီကိစ္စကို ဆရာကြီး လက်ထဲမှာပဲ ထားလိုက်မယ်”
“အင်း... ငါအကောင်းဆုံး ကြိုးစားပြီး လုပ်မယ်”
နောက်တစ်ရက်မှာတော့ ထိုက်ရွှမ်အဘိုးအိုသည် အစီအရင် ဟောခန်းမှ အဖွဲ့ဝင်များကို ခေါ်ဆောင်ကာဖြင့် အချိန်နှင့်တည်နေရာ လျှို့ဝှက်နယ်မြေထဲသို့ ဝင်ရောက်ကာ ကြိုးစား သုတေသန ပြုလုပ်တော့သည်။ ထိုအရာကို မဖြေရှင်းနိုင်သရွေ့ အပြင်ဘက်သို့ ပြန်လည် ထွက်ခွာ မလာရန်ပင် စိတ်ဆုံးဖြတ်ချက် ချထားသည်။
ကြယ်တာရာစိတ်ဝိညာဉ်လောက၏ တရားရေးရာဌာန ....။
ကြီးမားလှသော စားပွဲဝိုင်းကြီးပေါ်တွင် အထက်ပိုင်း အကြီးအကဲများသည် ထိုင်လျက်ရှိ၏။ အခြေအနေ တစ်ခုလုံး သည် အမှန်ပင် ခက်ထန်လျက်ရှိနေ၏။ ဟွေ့ထျန်းမြို့သည် အလောင်းကောင်များ၏ ရုတ်တရက် တိုက်ခိုက်မှုကို ခံခဲ့ရပြီး အခြေအနေသည် အမှန်ပင် ဆိုးရွားလွန်းခဲ့၏။ ၎င်းတို့အနေနှင့် ရွေးချယ်ခွင့် မရှိခဲ့ချေ။ သေသေချာချာ လေးလေးနက်နက် စဉ်းစားမှ ဖြစ်ပေလိမ့်မည်။
“အားလုံးပဲ”
တရားရေးရာ ဟောခန်း၏ ဟောခန်းသခင်သည် လေးလေးနက်နက် အသံဖြင့် ပြောလိုက်၏။ “ဒါ ကျိန်းသေပေါက် ပုန်ကန်တာပဲ”
ဖြောက်
သူသည် လက်ဖျောက်တီးလိုက်၏။ မြင်ကွင်းတစ်ခုသည် သူ၏ရှေ့တွင် ပေါ်ပေါက်လာခဲ့သည်။ ထိုမြင်ကွင်းသည် ဟွေ့ထျန်းမြို့ကို အလောင်းကောင်များ ဝင်ရောက်တိုက်ခိုက်နေသည့် မြင်ကွင်းပင်ဖြစ်၏။ နတ်ဆိုးဘိုးဘေးကြီး ကိုလည်း သေသေချာချာ ရှင်းရှင်းလင်းလင်း မြင်နေရသည်။
“၉၅၂၇ လား”
နံပါတ်ကို သေသေချာချာ မြင်ရသည့်အချိန်မှာတော့ တစ်စုံတစ်ယောက်သည် မျက်မှောင်ကုတ်ကာ ပြောလိုက်၏။
“သူ အသက်ရှင်နေသေးတာလား” အထက်ပိုင်းအကြီးအကဲများ အားလုံးသည် ဆွံ့အသွားခဲ့သည်။ ဝိညာဉ်အပြစ်ပေးမှုကို ပြုလုပ်ပြီးသည့်နောက် တစ်ဖက်လူ၏ ဝိညာဉ်မှာ ဘာမှ မဖြစ်ခဲ့ချေ။ ထိုအရာမှာ မယုံကြည် နိုင်ဖွယ်ရာပင်။
“တစ်ခု သေချာသွားပြီ”
တရားရေးရာဟောခန်းသခင်သည် လေးလေးနက်နက် အမူအရာဖြင့် ပြောလိုက်၏။ “ဒီအလောင်းကောင်က ဦးဆောင်ပြီး ပုန်ကန်နေတာပဲ”
“ဟမ့်”
တစ်စုံတစ်ယောက်သည် အထင်အမြင်သေးစွာဖြင့် ပြောလိုက်သည်။ “ကောင်းကောင်းမွန်မွန်နဲ့ ကျေးကျွန် ပြုလုပ်ရမယ့်အစား ပြဿနာ လာရှာနေတာကိုး။ ဘယ်လို ဆိုးယုတ်လိုက်တဲ့ကောင်လဲ”
တရားရေးရာဟောခန်းဆီမှ ဟောခန်းသခင်သည် လေးလေးနက်နက်ဖြင့် ပြောလိုက်၏။ “ဟွေ့ထျန်းမြို့ထဲက အလောင်းကောင်တွေ အကုန်လုံးကိုလည်း ဒီကောင် ခေါ်သွားတာပဲ။ နောက်ဆိုရင် ပြဿနာတက်လာမှာ စိုးရတယ်။ ဒီတော့ ဝိညာဉ်အပြစ်ပေးမှုကို အသုံးပြုပြီးတော့ အမိန့်နာခံမှု မရှိတဲ့ အလောင်းကောင်တွေ အကုန်လုံးရဲ့ ဝိညာဉ်ကို ဖျက်ဆီးပစ်လိုက်တော့”
အထက်ပိုင်းအကြီးအကဲများ အားလုံးတို့သည် ထိုအရာကို သဘောတူညီလိုက်သည်။
“ဟွေ့ထျန်းမြိုရဲ့ သတင်းကို ရရချင်းမှာပဲ ကျုပ်တို့ အရေးယူမှုကို ပြုလုပ်ရမယ်”
တရားရေးရာဌာန၏ ဟောခန်းသခင်က ပြောလိုက်၏။ “ဒါပေမဲ့ ၉၅၂၇ က ဘာလို့ လုံလုံခြုံခြုံနဲ့ အသက်ရှင်လျက် ရှိနေသေးတာလဲ ဆိုတာနဲ့ပတ်သက်ပြီး ဒီဟောခန်းသခင်က စိတ်ပူမိတယ်”
သူပြောတာ တစ်ဝက်မှန်ကန်၏။ ထို့အပြင် တခြား အလောင်းကောင်များသည်လည်း လုံလုံခြုံခြုံနှင့် အသက်ရှင်လျက် ရှိနေ၏။ အားလုံးသော သူတို့သည် တိတ်ဆိတ်ငြိမ်သက်သွားသည်။
“အင်း... ဒီအကြောင်းကို သေသေချာချာ စုံစမ်းစစ်ဆေးဖို့ မှာကြားလိုက်ပါ”
တရားရေးရာဟောခန်းသခင်က ပြောလိုက်၏။ “စုံစမ်းကြတော့”
စိတ်တိုတတ်သည့် သိုင်းကျင့်ကြံသူတစ်ယောက်သည် ဒေါသတကြီးဖြင့် ပြောလိုက်သည်။ “ကျုပ်တို့ သေချာ စုံစမ်းရမယ်”
တစ်ရက်အတွင်းမှာပဲ တရားရေးရာဟောခန်းသည် စတင်ကာဖြင့် လှုပ်ရှားတော့၏။ သို့ပေမဲ့ ရက်အနည်းငယ် စုံစမ်းစစ်ဆေးပြီးသည့်နောက် ၎င်းတို့သည် ၉၅၂၇ နှင့် တခြားသော အလောင်းကောင်များ ဘယ်နေရာသို့ ရောက်သွားသည်ကို မသိရှိခဲ့ရပေ။ သူတို့အနေနှင့် ကြယ်တာရာစိတ်ဝိညာဉ်လောကဆီမှ ထွက်ခွာသွားသလား ဆိုသည်ကိုပင် သံသယဝင်မိ၏။
“အမှုမဲ့ အမှတ်မဲ့ မလုပ်ကြနဲ့”
တရားရေးရာဌာနမှ ဟောခန်းသခင်သည် ပြောလိုက်သည်။ “မြို့ထဲက လူတွေ အကုန်လုံးကို သတိအပြည့်နဲ့နေဖို့ ပြောလိုက်ကြ”
အလောင်းကောင်များသည် ဟွေ့ထျန်းမြို့ကို ရုတ်တရက် တိုက်ခိုက်လာခဲ့၏။ ထို့အပြင် သိုင်းကျင့်ကြံခြင်း အရင်းအမြစ်များနှင့် အလောင်းကောင်များ အကုန်လုံးကိုလည်း ခေါ်ဆောင်သွားခဲ့သေး၏။ ကျိန်းသေပေါက် တခြားသော နေရာတွင် ပေါ်ပေါက်လာနိုင်စွမ်းရှိနိုင်၏။
ထင်ထားသည့်အတိုင်းပင်၊ သူခန့်မှန်းသည်မှာ မှန်ကန်ပေသည်။
တစ်လခန့် ကြာမြင့်ပြီးသည့်နောက် နတ်ဆိုးဘိုးဘေးကြီး ဦးဆောင်သော လူစွမ်းကောင်းများသည် ထပ်မံကာ ပေါ်ပေါက်လာခဲ့၏။ ၎င်းတို့ အားလုံးသည် တခြားသော မြို့တစ်ခုဆီသို့ ဝင်ရောက်ချိုးဖြတ်ကာဖြင့် သိုင်းပညာ အရင်းအမြစ်များနှင့် အလောင်းကောင်တစ်သောင်းကျော်တို့ကို ခေါ်ဆောင်သွားခဲ့ပြန်၏။ မဆုတ်ခွာခင်မှာပင် ပုံရိပ်ယောင်အစီအရင်ကြီးကိုကြည့်ကာ ပြုံး၍ပင် ပြသွားသေး၏။
“ဒါ သက်သက် ရန်စတာပဲ”
“ချီးတဲ့မှ”
အထက်ပိုင်း အကြီးအကဲများ အားလုံးသည် ဒေါသထွက်သွားခဲ့ကြသည်။
တရားရေးရာ ဟောခန်းသခင် သည် တည်ငြိမ်နေ၏။ သူသည် အလောင်းကောင်များ၏ နံပါတ်များကို ထုတ်ယူကာဖြင့် အလင်းမြင်ကွင်းမှ အရာများနှင့် သေသေချာချာ တိုက်ဆိုင်စစ်ဆေးနေ၏။ အဆုံးသတ်မှာတော့ ဟွေ့ထျန်းမြို့ကို တိုက်ခိုက်ခဲ့သည့် အလောင်းကောင် အနည်းဆုံး ရှစ်ဆယ်ရာခိုင်နှုန်း ပါဝင်နေသည်ဟု သူက သုံးသပ်မိ၏။
ပြောရမည်ဆိုလျှင် ဤအရာများ အားလုံးသည် သေမိန့်ချခြင်း ခံထားရသည့် လူများဖြစ်၏။ အဘယ်ကြောင့် အသက်ရှင်ကာဖြင့် ရှိနေပြီး လာရောက်ကာ ပုန်ကန်နေရသနည်း။ ပြဿနာကြီး ရှိနေပြီဖြစ်သည်။
“မဖြစ်သေးဘူး”
တရားရေးရာဟောခန်း၏ ဟောခန်းသခင်သည် အခြေအနေမှာ မဟုတ်တော့သည်ဖြစ်ကြောင်း နားလည်လိုက်မိ၏။ ထို့ကြောင့် ချက်ချင်းပဲ သတင်းပို့စာတစ်ခုကို ရေးသားကာ အဆင့်မြင့် အဖွဲ့အစည်းဆီသို့ သတင်းပို့တော့၏။
“သတ်ကြ၊ သတ်ကြ”
နောက်ထပ် လဝက်ကျော်အတွင်းမှာပဲ လူစွမ်းကောင်းများသည် တခြားမြို့၌ ထပ်မံ ပေါ်ပေါက်လာခဲ့၏။ ကြယ်တာရာစိတ်ဝိညာဉ်လောကသည် သတိအပြည့်နှင့် ဖြစ်နေသည်ဆိုသော်လည်း အလစ်အငိုက်ဖမ်းကာ တိုက်ခိုက်ခံရသောကြောင့် ဘာတစ်ခုမှ မလုပ်နိုင်ချေ။
ထို့အပြင် မည်သည့်နေရာကို လာရောက်တိုက်ခိုက်မည်ဆိုသည်ကိုလည်း မည်သူကမှ မသိရှိသလို အလုံးစုံသော အားအင်အဆင့်အရဆိုလျှင် လူစွမ်းကောင်းများသည် ကြယ်တာရာစိတ်ဝိညာဉ်လောကမှ လူများလောက် အားမကောင်းကြချေ။ သို့ပေမဲ့ ထာဝရလောကကြီးကို အခြေပြုပြီးသည့်နောက် ၎င်းတို့အားလုံးသည် အမှောင်ထဲမှ ပုန်းအောင်းလာပြီး ချက်ချင်းအပြင်ဘက်သို့ ထွက်၍ တိုက်ခိုက်နေ၏။ ထို့ကြောင့် ဝင်ရောက်ဖျက်ဆီးလျက် ရှိနေသည့် မြို့များအားလုံးသည် ပျက်စီးလျက် ရှိနေ၏။ ပြီးသည့်နောက် လုံလုံခြုံခြုံနှင့် ပြန်လည် ဆုတ်ခွာနိုင် ခဲ့သည်။
“မြန်မြန်… မြန်မြန်”
ပြန်လာပြီးသည့်နောက်မှာတော့ ဆေးဟောခန်းမ အဖွဲ့ဝင်များ အားလုံးတို့သည် အလုပ် များလျက် ရှိနေ၏။ ၎င်းတို့သည် အလောင်းကောင်များ၏ ဦးခေါင်းထဲတွင် ရှိနေသည့် ဗုံးများကို ဖြစ်နိုင်သမျှ အချိန်အမြန်ဆုံးဖြင့် ဖယ်ရှားလျက်ရှိနေ၏။
ကံကောင်းစွာဖြင့် ၎င်းတို့သည် အတွေ့အကြုံရှိနေပြီ ဖြစ်သည်။ ကြယ်တာရာစိတ်ဝိညာဉ်လောက၏ မြို့များကို နှစ်ကြိမ်ဆက် ဝင်ရောက်တိုက်ခိုက်ပြီးသည့်နောက် အလောင်းကောင်များအား ခွဲစိတ်မှုများသည်လည်း ပိုမိုကာ မြန်ဆန်လာခဲ့သည်။
မြို့များဆီသို့ နှစ်ကြိမ်တိုင်တိုင် ချိုးဖြတ်ဝင်ရောက်ပြီးသည့်နောက် အလောင်းကောင်များ ရယူလာခဲ့သည့် အရင်းအမြစ်သည် များပြားလှသည် မဟုတ်ချေ။ထို့ကြောင့် ကျွင်းချောင်ရှောင်းသည် ထိုအရာကို ဂရုမစိုက်ချေ။ လူစွမ်းကောင်းများ လေ့ကျင့်ရန်အတွက်သာ သဘောထားခဲ့၏။
လအနည်းငယ် ကြာမြင့်ပြီးသည့်နောက် နတ်ဆိုးဘိုးဘေးကြီးသည် တစ်ခါတည်း သုံးကြိမ်ဆက် ထပ်မံကာ တိုက်ခိုက် အနိုင်ယူခဲ့ပြန်၏။ သို့ပေမဲ့ သူသည် အောင်ပွဲကို ဂုဏ်ဆာမနေချေ။ ချက်ချင်းပဲ ပြန်လည်ကာ ဆုတ်ခွာခဲ့၏။ ဤကဲ့သို့ ရင်ဆိုင် တိုက်ခိုက်သည့်နေရာတွင် အလျင်စလို ပြုမူ၍ မရချေ။ ဖြည်းဖြည်းချင်း တစ်လှမ်းချင်း လှမ်းနိုင်မှ ဖြစ်ပေလိမ့်မည်။
နတ်ဆိုးဘိုးဘေးကြီးတစ်ယောက် မည်ကဲ့သို့ ကစားနေသည်ဆိုသည်ကို ကျွင်းချောင်ရှောင်းက ဂရုမစိုက်ချေ။ ထိုက်ရွှမ်အဘိုးအိုကိုသာ ဦးခေါင်းထဲတွင် ရှိနေသော အစီအရင်ကို ဖျက်ဆီးနိုင်ရန်အတွက် စဉ်းစားခိုင်းလျက် ရှိနေသည်။
“အောင်မြင်ပြီ”
နှစ်ဝက်ခန့် ကြာမြင့်ပြီးသည့်နောက် ထိုက်ရွှမ်အဘိုးအိုသည် အချိန်နှင့် တည်နေရာ လျှို့ဝှက် နယ်မြေထဲမှ စိတ်လှုပ်ရှားစွာဖြင့် ထွက်လျှောက်လာခဲ့၏။ သူသည် သုတေသန ပြုမှုများကို အာရုံစိုက်ကာ တရစပ် ပြုလုပ်နေရသည် ဖြစ်သောကြောင့် ဆံပင်များလည်း ပွစာကျဲလျက်ရှိ၏။ ၎င်း၏ မုတ်ဆိတ်မွှေးများသည်ပင် အတော် ရှည်လျားလျက် ရှိနေ၏။
ဒွီ
တောင်၏ အနောက်ဘက် တည်နေရာတစ်ခုမှာတော့ အလင်းအစီအရင်တစ်ခုက ပေါ်ပေါက်လာသည်။
ထိုက်ရွှမ် အဘိုးအိုသည် ဂုဏ်ယူဝံ့ကြွားစွာဖြင့် ပြောလိုက်၏။ “ဒါ ဝိညာဉ်သီးခြားဖြစ်တည်ခြင်း အစီအရင်ပဲ။ လတ်တလော ဗုံးရဲ့ အတွင်းပိုင်းအခြေအနေကို အခြေခံပြီးတော့ ဖန်တီးထားတာ။ အလောင်းကောင်တွေ ဒီထဲကို ဝင်သွားပြီဆိုတာနဲ့ သူတို့ရဲ့ ဝိညာဉ်တွေက အပြင်လောကနဲ့ သီးခြားစီ ဖြစ်သွားလိမ့်မယ်”
“..........”
ဤကဲ့သို့သော အဘိုးအိုတစ်ယောက် ရှိနေခြင်းသည် ရတနာတစ်ပါးကို သိမ်းပိုက်ရသကဲ့သို့ပင်။ ဤစကားစုသည် ထိုက်ရွှမ်အဘိုးအိုတစ်ယောက် အင်မတန်ပင် တော်လွန်းလှသည်ဟု ဖော်ညွှန်းနေ၏။
ဆေးဟောခန်းတစ်ခုလုံးသည် အလောင်းကောင်များကို ခွဲစိတ်သည့်နေရာတွင် အလုပ်များလျက် ရှိ၏။ ၎င်းတို့ အားလုံးသည် ဗုံးပေါက်ခြင်းကို အချိန်ဆွဲနိုင်သည့် အစီအရင်တစ်ခု ပိုင်ဆိုင်ခဲ့ပြီဖြစ်သောကြောင့် စိတ်အေးလက်အေး ဖြင့် ခွဲစိတ်နိုင်လေသည်။
ဆွစ် ဆွစ်
ကြယ်တာရာ စိတ်ဝိညာဉ်လောက၏ ညအမှောင်ထဲမှာတော့ ဝိညာဉ်ကဲ့သို့သော ပုံရိပ်ယောင်များသည် တစ်ယောက်ပြီးတစ်ယောက် ပေါ်ပေါက်လာ၏။ ၎င်းတို့သည် မြို့ကြီးတစ်ခု၏ အပြင်ဘက်တွင် မတ်တပ်ရပ် လိုက်ကြ၏။
နတ်ဆိုးဘိုးဘေးကြီးသည် သစ်ပင်တစ်ခုပေါ်တွင် မတ်မတ်ရပ်ပြီး လအလင်းရောင်အောက်မှ လှမ်းကာ ကြည့်ရှု နေသည်။ “အဆင်သင့် ပြင်ထားကြတော့”
ရွှီး ရွှီး
ဒါဇင်နှင့်ချီသော လူစွမ်းကောင်းများသည် ခြုံပုတ်ထဲမှထကာ မတ်တပ်ရပ်လိုက်၏။ ၎င်းတို့သည် RBG လောင်ချာ ကြီးကို ပခုံးပေါ်သို့ ထမ်းတင်ကာဖြင့် ဖျက်ဆီး၍ မရနိုင်အောင် ခိုင်ခံ့လွန်းသော မြို့၏ ဂိတ်တံခါးဆီသို့ ချိန်ရွယ် လိုက်၏။
ဖြောက် ဖြောက်
အမှောင်ထဲမှာ ပုန်းအောင်းနေသည့် တခြားသော အဖွဲ့ဝင်များ အားလုံးသည်လည်း ရိုင်ဖယ်များ၊ စနိုက်ပါများကို ထုတ်ယူကာ ကျည်ဆန်ကို ထည့်သွင်းလိုက်၏။ ဤလက်နက်ပစ္စည်းများ အားလုံးသည် ကျွင်းချောင်ရှောင်း ထောက်ပံ့ပေးထားခြင်းသာဖြစ်သည်။
အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံးများကို အရင်းအမြစ်အဖြစ် ထည့်သွင်းထားသည် ဖြစ်သောကြောင့် ဤလက်နက်များသည် အမှန်ပင် အားကောင်းလွန်းလှ၏။
နတ်ဆိုးဘိုးဘေးကြီးက ပြောလိုက်သည်။ “ဒီလို ထူးဆန်းတဲ့အရာက ခန့်မှန်းလို့ မရနိုင်တဲ့ အားအင်တွေ ရှိနေတာ များလား”
သူသည် မျက်လုံးနှင့်မြင်မှ ယုံကြည်ရမည့် အခြေအနေမျိုး ဖြစ်လို့နေသည်။ သို့ပေမဲ့ တကယ်တမ်း တိုက်ခိုက်သည့် အချိန်မှာတော့ ကြောက်မက်ဖွယ်ရာကောင်းသည့်အရာမျိုး ဖြစ်တည်လာကြောင်းကို မျက်ဝါးထင်ထင် မြင်လိုက်ရ၏။
“ပစ်”
ဘန်း ဘန်း ဘန်း ဘန်း
ပစ်ခတ်ပြီးသည့်နောက် နတ်ဆိုးဘိုးဘေးကြီးသည် အလျင်အမြန်ဖြင့် မြို့ထဲသို့ ပြေးဝင်သွားခဲ့၏။ မြို့၏ နံရံ အပေါ်မှာတော့ လောင်ချာပေါ်မှ ထွက်ပေါ်လျက်ရှိသည့် အငွေ့များကို လေဖြင့် အသာမှုတ်လျက် ရှိနေသည့် ရှောင်ကျီကို မြင်လိုက်ရသည်။
ကျွင်းချောင်ရှောင်းသည် ဤတစ်ကြိမ် တိုက်ခိုက်သည့်နေရာတွင် နတ်ဆိုး ဘိုးဘေးကြီးကိုသာလျှင်မက ပြိုင်စံရှားဂိုဏ်းမှ လက်ရွေးစင်တပည့်များကိုပင် စေလွှတ်ခဲ့၏။
“သတ်ကြ၊ သတ်ကြ”
အားလုံးသောသူတို့သည် မြို့ထဲသို့ ပြေးဝင်ပြီးသည့်နောက် မြို့ထဲတွင် ရှိနေသည့် သိုင်းကျင့်ကြံသူများကို သတ်ဖြတ်ကြတော့သည်။
အထဲရှိ သိုင်းကျင့်ကြံသူများသည် မြို့ထဲသို့ ရုတ်တရက် ဝင်ရောက်လာသော ရန်သူများကို ခုခံရန် အပြေးထွက်လာကြသည်။ သို့ပေမဲ့ ၎င်းတို့သည် ရပ်တန့်လိုက်မိ၏။ အဘယ်ကြောင့် ဆိုသော် လမ်း၏ ထောင့်တည်နေရာတွင် သင်္ကန်းကို ဝတ်ဆင်ထားခဲ့သည့် ဘုန်းကြီးတစ်ပါးသည် လက်အုပ်ချီလျက်ရှိနေကြောင်း မြင်လိုက်ရသောကြောင့်ပင်။ “ဓားကိုချပြီးတော့ အားလုံးငြိမ်ငြိမ်သက်သက်နေကြ”
ပြေးဝင်လာခဲ့သည့် သိုင်းကျင့်ကြံသူများသည် မရပ်တန့်ခဲ့ကြချေ။ အားအင်အဆင့်များကို စုစည်းကာဖြင့် ဓားများနှင့် ဝင်ရောက်ကာ တိုက်ခိုက်ကြ၏။
တုနန်သည် အကူအညီမဲ့စွာဖြင့် ခေါင်းကို ခါယမ်းလိုက်၏။ သူ၏ အင်္ကျီလက်ကို ဝှေ့ယမ်းကာဖြင့် ပြောလိုက်သည်။ “ဗုဒ္ဓက ညှာတာခဲ့တယ်”
ရွှီး ရွှီး
၎င်းသည် တစ်ဖက်လူများကို အစစ်အမှန် သတ်ဖြတ်နေလေ၏။
“............”
နတ်ဆိုးဘိုးဘေးကြီး၏ နှုတ်ခမ်းများသည် တုန်ယင်သွားသည်။ “ဗုဒ္ဓကျင့်ကြံသူက ဘယ်လိုဖြစ်ပြီး ဒီလောက် လူတွေ အများကြီးကို သတ်နေရတာလဲ”
ဝှစ် ဝှစ်
ကျိုးဟုန်သည် အားလုံး၏ရှေ့တွင် ဝင်ရောက်လာကာဖြင့် တစ်ယောက်ပြီးတစ်ယောက် သတ်ဖြတ်ခြင်းကို ပြုလုပ်၏။ ကျွင်းချောင်ရှောင်းသည် စုရှောင်မို၊ လီဖေး စသည့် လက်ရွေးစင်တပည့်များ အားလုံးကိုပင် စေလွှတ် ထားခြင်းဖြစ်သောကြောင့် အခြေအနေသည် တစ်ဖက်စောင်းနင်း ဖြစ်လို့နေခဲ့၏။
ဆယ်မိနစ်ခန့် ကြာမြင့်ပြီးသည့်နောက် နတ်ဆိုးဘိုးဘေးကြီးသည် မြို့ထဲသို့ ဝင်ရောက်ပြီး အထဲတွင် ရှိနေသော အရင်းအမြစ်အားလုံးကို သိမ်းဆည်းနိုင်စွမ်းရှိလို့နေလေသည်။