တစ်ခုခုဖြစ်နေပြီ
Vol. 130 Ch. 1819
ယွိရှီသည် လန်ယွိ၏ အကျင့်ကိုသိသည်။ သူ့အကျင့်ကိုလည်း မည်သူမှ မပြောင်းနိုင်ပေ။ ထို့ကြောင့် သူ ရွေးချယ်စရာမရှိတော့ဘဲ ကိုယ်ရံတော်များကို တည်းခိုသည့် နေရာပြောင်းခိုင်းလိုက်ရတော့သည်။
ထိုကိစ္စမှာ ကိုယ်ရံတော်များအတွက် အံ့ဩစရာကိစ္စဖြစ်နေသည်။
သို့သော် ပို၍မတတ်သာသူမှာ မုရုန်ဟွေ့ပင်ဖြစ်သည်။ သူတို့သည် သူ၏ အတွေးကိုပင် မမေးမမြန်းနှင့် တည်းခိုဆောင်ပြောင်းလိုက်သည်။
သူ့ရဲ့လုပ်ပိုင်ခွင့်က ဘယ်မှာလဲ။
ရှီမာယူယူသည်လည်း မတတ်သာနိုင်ပေ။ အကြောင်းမှာ လန်ယွိသည် သူမကို ဆွဲပြီး နာရီပေါင်းများစွာ စကားပြောနေခြင်းကြောင့်ပင်။ ထို့ကြောင့် ယွိရှီနှင့် မုရုန်ဟွေ့တို့နှစ်ယောက်လုံး ဧည့်ခန်းမှပင် ထွက်သွားကြပြီဖြစ်သည်။
“ဦးလေးယွီ မှောင်နေပြီ” သူမသည် အပြင်မှ အမှောင်ထုကို လက်ညှိုးထိုး ပြသည်။
“ဟင် ညတောင်ရောက်ပြီလား” လန်ယွိသည် သတိပင်မထားမိပေ “အချိန်ကုန်တာလည်း မြန်လိုက်တာ”
“ဟုတ်တယ်” ရှီမာယူယူ ပြုံးလိုက်သည် “အင်… ကျွန်မ သွားနားလိုက်ဦး မယ် နှုတ်ဆက်ပါတယ်”
ပြောပြီးနောက်တွင် လန်ယွိ၏ အဖြေကိုပင် မစောင့်တော့ဘဲ ဧည့်ခန်းမှ ပြေးထွက်လာကာ သူမအခန်းသို့ပြန်လေသည်။
ဤကဲ့သို့ရူးသွပ်မှုသည် အခွင့်အရေးမစောင့်လျှင် ထွက်သွားရတော့မည် ပင်မဟုတ်ပေ။
လန်ယွိ ရင်နာသွားသည်။ သူမ အဲလောက်တောင် လစ်ခနဲပျောက်သွားရ မှာလား။ သူက မြွေလည်းမဟုတ် သားရဲလည်းမဟုတ်။
နောက်နေ့မနက်အစောတွင် ရှီမာယူယူသည် ထင်စန်းနှင့် ထင်ရွှေတို့ကို ဆွဲပြီး ထွက်သွားသည်။ သူမသည် မှော်ရှေးဟောင်းပစ္စည်းသွားရှာမည်ဟု ပြော ခဲ့သော်လည်း တကယ်တော့ လန်ယွိကို ရှောင်ချင်၍ဖြစ်သည်။
ထို့ကြောင့် လန်ယွိ ရှီမာယူယူကို သွားရှာချိန်တွင် သူမ ထွက်သွားပြီဖြစ် လေသည်။
“ငါက အဲလောက်တောင် ကြောက်စရာကောင်းနေလို့လား” သူသည် ဝမ်းနည်းပက်လက် ပြောလေသည်။
“သူမအတွက်တော့ ဟုတ်တယ်” ယွိရှီ ပြောလေသည်။
“ကျွတ် ငါ မင်းကိုဂရုမစိုက်တော့ဘူး” လန်ယွိသည် မျက်လုံးလှိမ့်လိုက် သည် “ဒါနဲ့ သူမက ကြင်ယာတော်မင်းသမီးကို ပြစ်မှားထားတာမဟုတ်ဘူးလား ငါသိသလောက်ဆိုရင် တယွိမြို့တော်က ကြင်ယာတော်မင်းသမီးက ရန်ငြိုး သေးသေးလေးရှိရင်တောင် လက်စားချေတတ်တယ်တဲ့… ရှီအာသာ တယွိမြို့တော်ကို ရောက်တာ သူမ သိနေလောက်ပြီ… ရှီအာက ဒီအတိုင်း ထွက်သွားလိုက်တာ ပြဿနာမဖြစ်နိုင်ဘူးလား”
ယွိရှီ မျက်မှောင်ကြုတ်လိုက်သည်။ အမှန်တကယ်ပင် ပြဿနာပင်။
“မဟုတ်ရင် သူမကို သွားရှာကြမလား ဘယ်လိုပဲဖြစ်ဖြစ် ငါတို့က အဆင်ပြေတယ်လေ” လန်ယွိသည် သွားဖြဲရင်း ပြောလေသည်။
“ဒါပေမဲ့ သူမ ဘယ်သွားလဲမသိဘူးလေ”
“ဒါကတော့ ကိုင်တွယ်ဖို့လွယ်ပါတယ် ငါအကျွမ်းကျင်ဆုံးကို မေ့နေတာ လား”
ယွိရှီသည် သူ့ကို စိုက်ကြည့်လေသည် “မင်းမှာ ခွေးနှာခေါင်းရှိတာ ငါ မေ့သွားတယ် လုပ်ပါဦး မင်းရဲ့ခွေးနှာခေါင်းကို အလုပ်ပေးလိုက်ဦး”
“ဟေး မင်းကို အကြိမ် သုံးရာနဲ့ ငါးဆယ့်လေးကြိမ် သတိပေးလိုက်မယ် ခွေးနှာခေါင်းလို့မခေါ်နဲ့” လန်ယွိ အော်လေသည်။
“အသုံးဝင်ပုံချင်းက အတူတူပဲလေ မဟုတ်ဘူးလား” ယွိရှီသည် သူ အော်ဟစ်နေသည်ကို လျစ်လျူရှုလိုက်သည်။
“မင်း…”
“မင်းမသွားဘူးဆိုရင် ငါစိတ်ပြောင်းလိုက်တော့မှာ”
“…. မင်းက တကယ်ရက်စက်တာပဲ သူမက ဘယ်သူ့တူမလဲမသိတော့ ဘူး” လန်ယွိသည် ချေပသော်လည်း ကျိုးနွံစွာပင် လမ်းကိုဦးဆောင်လာသည်။
သူ့တွင် အမှန်တကယ်ပင် အနံ့ခံပါးသော နှာခေါင်းရှိသည်မှာ သူနှင့် စာချုပ်တည်ထောင်ထားသည့် သားရဲနှင့်များ ဆက်စပ်နေမလားမသိပေ။ ရှီမာယူယူနှင့် မနေ့တစ်နေ့နေပြီးသဖြင့် သူသာ အလိုရှိပါက သူမ၏ အနံ့ကို လေထဲမှအနံ့ခံပြီး ရှာနိုင်သည်။
သူတို့သည် အနံ့နောက်ကို အတန်ကြာအောင် လိုက်လာပြီးနောက် မရဏာရှေးဟောင်းပစ္စည်းများရောင်းသည့် ဆိုင်အတွင်းသို့ ဝင်သွားလိုက် သည်။ ပြန်စဉ်းစားကြည့်ရာ မနေ့ကသွားခဲ့သည့်ဆိုင်ဖြစ်နေသဖြင့် လန်ယွိ မေး လိုက်သည် “သူမမှာ မရဏာရှေးပစ္စည်းများမရှိလို့လား”
“တစ်ခုခုရှာနေတာဖြစ်မှာပေါ့” ယွိရှီ ခန့်မှန်းလိုက်သည်။
“သူမက ဆိုင်တွေ ဒီလောက်အများကြီးရှာနေတာ ကြည့်ရတာ ရှာဖို့ မလွယ်လို့ထင်တယ်” လန်ယွိသည် စဉ်းစားရင်း မေးစေ့ကို ကိုင်လိုက်သည်။
“သွားပြန်ပြီး မေးကြည့်တာပေါ့… ငါတို့မှာမရှိရင်တောင် ဘုရင့်မှာ ရှိချင် ရှိနေမှာ” ယွိရှီ ပြောလိုက်သည်။
“မင်း ဘုရင့်ကိုသွားမေးရင်တော့ ဝမ်းနည်းသွားရလိမ့်မယ်… သူမရဲ့ အဆိပ်က ကျွတ်… တကယ်ကိုကောင်းတာ” လန်ယွိသည် ရှီမာယူယူ၏ အဆိပ် ကိုတွေးရင်း ပြောလိုက်သည်။ ပြီးနောက် သူ ပြန်ပြီး စိတ်လှုပ်ရှားလာပြန်သည်။
“ဒီမှာ အချိန်ဆွဲမနေနဲ့တော့ သူကို ဘယ်လောက်ကြာအောင် ရှာရဦးမှာ လဲ”
“မြန်မြန် ဒီဘက်ကိုသွားမယ်…”
ရှီမာယူယူသည် ထင်စန်း ထင်ရွှေတို့နှင့်အတူ လမ်းကြားလေးဆီသို့ ဝင်သွားပြီး မကြာမီတွင် ဘေးပတ်ပတ်လည်မှ လူများကို ဝေ့ဝဲကြည့်လိုက်ပြီး အစီအစဉ်များ စတင်ဆွဲတော့သည်။
“မုရုန်ရှီ မင်းကိုယ်မင်းသိရင်လည်း လိမ်လိမ်မာမာနဲ့ အရှုံးပေးလိုက်တော့ အဲဒါမှ မင်းဘေးကလူတွေ အဆင်ပြေမှာ”
“အင်း… ငါက အသိဉာဏ်ရှိတဲ့လူဆိုတော့ မင်းတို့ကို စိတ်ပျက်သွားမှာ တောင်စိုးရတယ်” ရှီမာယူယူ ပြောလိုက်သည် “ဟင်”
“ဒါဆိုရင် ဒီလိုမျိုး ခက်ခဲအောင်လုပ်တဲ့အတွက် ငါတို့ကိုလာအပြစ်မတင် နဲ့ လာခဲ့”
ရှီမာယူယူသည် မဟူရာနှင့် အိပ်မက်လေးကို ခေါ်ထုတ်ပြီးနောက် ထင်စန်းနှင့် ထင်ရွှေတို့ကို နံရံဘက်သို့ ဆွဲလိုက်သည်။ ထင်စန်းသည် ကာကွယ် ရေးအတားအဆီး စီမံလိုက်ကာ သူတို့သုံးယောက်ကို ကာကွယ်လိုက်သည်။
“ဘာလဲ မင်းတို့လို မလောက်လေးမလောက်စားက ငါ့သခင်ကို သတ်ချင် တာလား… မင်းတို့က အသက်ရှင်နေရတာငြီးငွေ့နေပြီထင်တယ် ငါ့ အမြီးကို အရင်စားလိုက်” မဟူရာသည် ပြောပြီးသည်နှင့် အမြီးကိုဝေ့ယမ်းလိုက်သည်။
ရှီမာယူယူသည် မျက်လုံးလှိမ့်မိသည်။ မင်း ဒီစကားကို အကြိမ်တိုင်းပြော နေတာ။ စာသားလေးဘာလေး ပြောင်းဖို့စိတ်ကူးမရှိဘူးလား။
အိပ်မက်လေးသည် ပို၍တိတ်ဆိတ်သည်။ အနောက်မှလူများကိုကြည့်ပြီး သူမ ဘာမှမပြောပေ။ သို့သော် ဝိညာဉ်စွမ်းအားကို စုစည်းပြီး စတင်တိုက်ခိုက် တော့သည်။ မဟူရာစတင်တိုက်ခိုက်ချိနတ်ွင် သူမသည် ရန်သူနှစ်ယောက်ကို လဲအောင်လုပ်ပြီးနေပြီဖြစ်သည်။
“ငါ့ကို ရိုက်ခွင့်ပေးပါဦး မင်းက အဲလောက်မြန်ရမှဖြစ်မှာလား… စကား တော့အရင်ပြောရမှာမဟုတ်ဘူးလား ဘယ်လိုဖြစ်ပြီး ဒီအတိုင်းတိုက်ခိုက်ရတာ လဲ” မဟူရာအော်လေသည်။ သူ သားရဲအဖွဲ့ထဲကို ဝင်ကတည်းကပင် မည်သူမှ ရန်သူပိုများအောင် သတ်နိုင်သလဲဆိုသည့် ပြိုင်ပွဲပြိုင်လေ့ရှိသည်ကို သူသိခဲ့ သည်။ ဤတစ်ကြိမ်မှာ တခြားသော စာချုပ်သားရဲနှင့်အတူ ရန်သူကို သတ် သည်မှာ ပထမဆုံးအကြိမ်ဖြစ်ပြီး အပိုမပြောတတ်သည့် အိပ်မက်လေးနှင့် မထင်မှတ်ဘဲ တွေ့ရခြင်းဖြစ်သည်။
အိပ်မက်လေးသည် တိုက်ခိုက်ရင်းနှင့်ပင် မဟူရာကို မျက်လုံးလှိမ့်ပြလိုက် သည်။ သည်တစ်ကြိမ်တွင် သူမသည် တိုက်ခိုက်ဟန်ဆောင်နေသည်။ ဒါက တစ်ယောက်ယောက် တိုက်ခိုက်လာမှာကို စောင့်နေတာမဟုတ်ဘူးလား။
မဟူရာသည် သူမ ဟန်လုပ်နေသည်ကို မြင်သောအခါ အတောင်ပံဖြန့်ပြီး အနက်ဝတ်နှင့်လူကို တိုက်ခိုက်လေသည်။
မဟူရာသည် အိပ်မက်လေး လှုံ့ဆော်ပေးရန်လိုနေသည်ဟု ရှီမာယူယူ ခံစားရသည်။ နောက်ဆိုရင် သူ့ကို အိပ်မက်လေးနဲ့တွဲပေးရမယ်။
ရန်သူနှင့် တိုက်ခိုက်နေသော မဟူရာသည် ရုတ်တရက် အေးစိမ့်လာ သည်ဟု ခံစားရသဖြင့် ချင့်ချိန်နေသည်။
ယွိရှီနှင့် လန်ယွီတို့ရောက်ချိန်တွင် လမ်းကြား၌ အလောင်းများပုံနေသည့် မြင်ကွင်းနှင့် ထောင့်တွင် သွေးတစ်စက်မစွန်းသော လူသုံးယောက်ကို မြင်လိုက် ရသည်။
ပကတိအတိုင်းရှိနေသည့် အလောင်းနှင့် အပိုင်းပိုင်းပြတ်နေသော အလောင်းများကိုကြည့်ပြီး ယွိရှီ မျက်မှောင်ကြုတ်ကာ မေးလိုက်သည် “အဆင်ပြေရဲ့လား”
ရှီမာယူယူ ပခုံးတွန့်သည် “ဘယ်လိုထင်လို့လဲ”
“ကြည့်ရတာ အဆင်မပြေတာ မင်းမဟုတ်ဘူးထင်တယ်” လန်ယွိသည် အလောင်းများကို ကြည့်လိုက်သည် “ကျွတ် ကျွတ် မင်းက ရက်စက်လွန်းတယ် သူတို့မှာ အင်္ဂါအပြည့်အစုံကိုမရှိတော့ဘူး”
“ဦးလေးတို့အကုန်လုံးလည်း အဆိပ်သုံးတာပဲလေ ဘယ်ဟာက ပိုဆိုး တာလဲ” ရှီမာယူယူသည် မဟူရာ၏ အကြမ်းဖက်မှုကို အနည်းငယ် မနှစ်သက် သော်လည်း အပြင်လူများရှေ့တွင်တော့ သူမ၏ သားရဲကို ကာကွယ်ပေးနေ တုန်းပင်ဖြစ်သည်။
“ငါ့အဆိပ်တွေက အရမ်းကိုနူးညံ့ပြီး အသေလှတယ်လို့ ဘယ်သူပြော လိုက်တာလဲ မင်းကြည့်ချင်သေးလား” လန်ယွိသည် ငြင်းဆန်လိုက်ပြီး သူမ လမ်းကြောင်းပေါ်မရောက်ပေ။
ရှီမာယူယူသည် သူနှင့် ပြောရမည်ကို ပျင်းရိလွန်းသည်။ သူ သဘောတူ လိုက်ပါက ဤနေရာတွင် မရပ်မနားစကားပြောနေဦးမည်ဖြစ်သည်။
သူမသည် ယွိရှီအားကြည့်လိုက်သည် “ဦးလေး ဒီကိုဘာလို့ရောက်လာ တာလဲ”
“ဖြတ်သွားတာ” ယွိရှီသည် လေးတွဲ့စွာပြန်ဖြေလိုက်သည် “ကြည့်ရတာ ကြင်ယာတော်မင်းသမီးက မင်းရဲ့အားကို အထင်သေးမိပြီနဲ့တူတယ်”
“မင်းက ဝက်လိုဟန်ဆောင်ပြီးတော့ ကျားကိုစားလိုက်တာပဲ”
“အဲဒါကောင်းတယ်လေ” ရှီမာယူယူ ပြုံးလိုက်သည် “မဟုတ်ရင် ကျွန်မ အခုသေနေလောက်ပြီ”
“ဒါပဲလေ ဒီအလောင်းတွေကို ရှင်းလိုက်တော့” လန်ယွိသည် စကားပြော ပြီးနောက်တွင် အလောင်းများပေါ်သို့ အရည်အချို့ကိုလောင်းထည့်လိုက်သည်။ ထိုအရည်များ အလောင်းပေါ်သို့ ထိသွားသည်နှင့် အလောင်းများသည် ချက်ချင်းပင် သွေးပင်လယ်ဖြစ်သွားသည်။
“ဦးလေး ဦးလေးယွိ ကျွန်မလုပ်စရာရှိလို့ သွားလိုက်ပါဦးမယ်”
“ဒီမှာ ရှီအာ မရဏာရှေးပစ္စည်းဆိုင်ကိုသွားဦးမှာလား… မင်းက ဘာရှာ နေတာလဲ… မရဏာရှေးပစ္စည်းဆိုင်အကုန်လုံးနီးပါး ကြည့်ပြီးနေပြီမဟုတ်ဘူး လား”
“ဘယ်လိုလုပ်သိမှာ…” သူမ စကားမဆုံးခင်တွင် ဝိညာဉ်စေတီအတွင်းမှ လှုပ်ရှားမှုကိုခံစားမိသဖြင့် သားအမိကျောက်တုံးကိုထုတ်လိုက်သည်
“ရှီအာ တစ်ခုခုဖြစ်နေပြီ…”
***