← Chapters

ဝရုန်းသုန်းကားဖြစ်ခြင်း

Vol. 130 Ch. 1820

ဝရုန်းသုန်းကားဖြစ်ခြင်း

Vol. 130 Ch. 1820

တစ်ခုခုဖြစ်ပြန်ပြီလား။

“ရှီအာ အခုဘယ်မှာလဲ ချောင်းအတိုက်ခံရပြီလား” မုရုန်ဟွေ့သည် စိုးရိမ် တကြီးမေးလေသည်။

“အဖေ သမီးအဆင်ပြေပါတယ် ဘာဖြစ်လို့လဲ”

“ဂူဇီပင်းတို့ အပြင်ထွက်ရင်းနဲ့ အရိုက်ခံလိုက်ရလို့”

ရှီမာယူယူ အံ့ဩသွားသည် “သူတို့က ပြိုင်ပွဲဝင်တွေမလား ဘယ်သူက လုပ်ရဲတာလဲ”

“ဘယ်သူလုပ်လဲဆိုတာ သိရပြီလား” လန်ယွိ မေးလိုက်သည်။

“အခုထိ မသိရသေးဘူး ရှီအာ သမီးသခင်တမန်တော်နဲ့ အတူရှိနေတာ လား”

“ဟုတ်တယ်အဖေ သမီးတို့အခုပဲပြန်လာမယ်” ရှီမာယူယူသည် ပြောပြီး နောက် သားအမိကျောက်တုံးကိုပြန်ယူပြီး ယွိရှီတို့ကိုကြည်လိုက်သည်။

“ဘယ်လိုပဲဖြစ်ဖြစ် သူက ငါ့ရဲ့ယောက်ဖပဲလေ အတူသွားကြည့်ရအောင်” ယွိရှီ ပြောလိုက်သည်။

သူတို့သည် တည်းခိုဆောင်သို့ အတူသွားကြသည်။ ရှီမာယူယူသည် ဂူဇီပင်း၏ အခန်းသို့ တိုက်ရိုက်သွားလိုက်သည်။

မုရုန်ဟွေ့၊ မုရုန်လင်းနှင့် ဖန်းရင်ဟန်တို့အားလုံး အထဲမှာရှိနေပြီး တစ်ယောက်မှာ နှာခေါင်းဖူးယောင်နေပြီး တစ်ယောက်မှာ မျက်နှာဖူးယောင် နေသည်။

ဂူဇီပင်းသည် အိပ်ရာပေါ်တွင်လှဲနေပြီး သမားတော်သည် သူ့ကို ကုသပေး နေသည်။

အိပ်ရာတစ်ခုလုံးမှာ သွေးများဖြင့် ပေကျံနေသည်။

“အဖေ” မုရုန်ဟွေ့သည် သူမကို လှည့်ကြည့်ရာ သူမအဆင်ပြေသည်ကို တွေ့သည်နှင့် စိတ်သက်သာရာရစွာဖြင့် ပြောလိုက်သည် “သမီးပြန်လာတာ ကောင်းတယ်”

“ဂူဇီပင်း ဘယ်လိုနေလဲ” ရှီမာယူယူ မေးလိုက်သည်။

“သူ…” ဖန်ရင်းဟန်၏ မျက်လုံးထဲတွင် မျက်ရည်များဝဲနေပြီး ခံစားချက် များပြိုလဲနေသည်။

“သူက ငါ့ကိုကယ်ဖို့ ဒီလိုဖြစ်သွားတာပါ ဇီပင်း…” ကျန်းမင်တသည် မျက်ရည်နှင့် သွေးများဖြင့်ပေရေနေသည်။ သူ ရှီမာယူယူကို မြင်သောအခါ အနည်းငယ်ရှက်သွားသည်။

ပြည်နယ်တစ်ခုလုံးသည် ဤပြိုင်ပွဲအတွက်ပင် အချိန်များ၊ စွမ်းအင်များ နှင့် အရင်းအမြစ်များစွာ ရင်းနှီးခဲ့သည်။ မထင်မှတ်စွာပင် ပြိုင်ပွဲမစခင်မှာပင် သူတို့ရဲဘော်ရဲဘက် လျော့သွားမည်ဟု ထင်မထားပေ။

“ရှီအာ ဇီပင်းရဲ့ သွေးကြောက အဖြတ်ခံလိုက်ရပြီ” မုရုန်ဟွေ့ ပြောလိုက် သည်။

“စိတ်မပူပါနဲ့ သမီး သူ့အခြေအနေကို အရင်ကြည့်လိုက်ဦးမယ်” ရှီမာယူယူသည် အားလုံးကို ခေါင်းညိတ်ပြရာ သမားတော်သည် ခြေတစ်လှမ်း ဆုတ်ပြီး သူမကိုရှေ့တိုးစေသည်။

ရှီမာယူယူသည် သူ၏ခန္ဓာကိုယ်မှ ဒဏ်ရာများအားလုံးကို အရင်စစ်ဆေး ကြည့်ပြီး စိတ်ထဲမှ သက်ပြင်းချမိသည်။ အဲဒါကြောင့် သူတို့က ဒီလိုဖြစ်နေတာ ကိုး။ သာမာန် သမားတော်သာဆိုရင် ဂူဇီပင်းကတော့ သုံးမရတဲ့လူဖြစ်သွား တော့မှာ။

ထို့နောက် သူမသည် သူ၏ အတွင်းဒဏ်ရာများကို စစ်ဆေးကြည့်သည်။ အတွင်းဒဏ်ရာမှာ ပို၍ပြင်းထန်သော်လည်း အပြင်ဒဏ်ရာထက်စာလျှင် ကုသ ရန်ပိုလွယ်သည်။

“ရှီအာ ဘယ်လိုနေလဲ” မုရုန်ဟွေ့ မေးလိုက်သည်။

ဂူဇီပင်းသည် သူကိုယ်တိုင် ဈေးကြီးကြီးဖြင့် ပျိုးထောင်ခဲ့သူဖြစ်သည်။ အရာအားလုံးမှာ ဤပြိုင်ပွဲအတွက်ဖြစ်သည်။ ယခုလိုကိစ္စများဖြစ်သွားသည်ကို ကြည့်ပြီး…

ရှီမာယူယူသည် မုရုန်ဟွေ့၏ အတွေးများကိုသိသဖြင့် နောင်တရစွာ ပြော လိုက်သည် “သူ ဒီပြိုင်ပွဲကိုတော့ ဝင်ပြိုင်နိုင်မှာမဟုတ်တော့ဘူး”

ကျန်းမင်တသည် မျက်ရည်များကျလာသည်။ ဖန်းရင်ဟန်၏ မျက်လုံး များတွင် မျက်ရည်များရှိသော်လည်း ကျမလာပေ။

“ကျွန်တော့်ကိုပဲ အပြစ်တင်လိုက်ပါ… ဇီပင်းက ဘယ်လိုလုပ် အမှိုက် ဖြစ်သွားမှာလဲ နယ်စား ကျွန်တော်တို့က နယ်စားရဲ့မျှော်လင့်ချက်တွေကို ရိုက်ချိုးမိပါပြီ” ကျန်းမင်တသည် ဒူးထောက်ကာ သူ့ကိုယ်သူ အပြစ်တင်ပြီး ရိုက်လေသည်။

“ကဲပါ ဂူဇီပင်းက ဒီလိုဖြစ်နေတယ်… နောင်တရနေလည်း အသုံးမဝင်ဘူး ဒီကိစ္စကို ကိုယ့်ကိုယ်ကိုယ်လည်း အပြစ်တင်လို့မရဘူး” မုရုန်ဟွေ့သည် အနည်းငယ်ဒေါသထွက်နေသော်လည်း ထိန်းနိုင်ရန်ကြိုးစားနေသည်။

သူတို့နှစ်ယောက် ငိုနေသည်ကို ရှီမာယူယူမြင်သောအခါ သူတို့ သုံးယောက်သည် အတူတကွကျင့်ကြံလာသည်ဖြစ်ရာ ဆက်ဆံရေးကောင်းမွန် လှသည်ဟု တွေးလိုက်မိသည်။

“ဇီပင်းက သုံးမရတဲ့လူဖြစ်မယ်လို့ မပြောမိပါဘူး… သူ ပြိုင်ပွဲကို ဝင်ပြိုင် လို့မရဘူးလို့ပဲ ပြောတာပါ” ထိုစကားတစ်ခွန်းတည်းနှင့် ငိုနေသော နှစ်ယောက် ကိုတားလိုက်သည်။

“ဇီပင်းကို ကယ်လို့ရသေးလား ဒါပေမဲ့ သူက သုံးမရတော့ဘူးလို့ သခင်မလေးရော သမားတော်ပြောခဲ့တာမဟုတ်ဘူးလား” ကျန်းမင်တသည် မယုံနိုင်စွာဖြင့် ပြောလေသည်။

“သူက ပြိုင်ပွဲကို ဝင်မပြိုင်နိုင်ဘူးလို့ပဲ ပြောလိုက်တာ… သူ့ကို ကယ်လို့ မရဘူးလို့ပြောတာ သမားတော်လေ… ငါပြောတာမှမဟုတ်တာ… မင်းတို့ ဘာသာ အဓိပ္ပာယ်ကောက်လွဲနေတာ” ရှီမာယူယူ ပြောလိုက်သည် “ငါ သူ့ကို ကယ်လို့ရတယ် ဒါပေမဲ့ အချိန်တော့ကြာမှာ ဒါပေမဲ့ ဒီတစ်ခေါက် ပြိုင်ပွဲတော့ သေချာပေါက်လွတ်လိမ့်မယ်”

သူ့ကို ကယ်တင်နိုင်သေးသည်ဟု မုရုန်ဟွေ့ကြားသောအခါ ပို၍ စိတ် အဆင်ပြေသွားသည်။ သူပြိုင်ပွဲကို ဝင်မပြိုင်နိုင်လျှင်တောင် နောက်ဆိုလျှင် သူ့ကို ဆက်ပြီးကူညီနိုင်မည်ဖြစ်သည်။

“ရှီအာ နည်းလမ်းရှိမှတော့ သမီးကိုပဲ အပ်ထားလိုက်တော့မယ်” သူသည် ရှီမာယူယူကို ပြောလိုက်သည်။

“အဖေ ဒါက အရေးမကြီးပါဘူး… အရေးကြီးတာက ပြိုင်ပွဲပါ” ရှီမာယူယူ ပြောလိုက်သည် “ဇီပင်းက သမီးတို့ရဲ့ အဓိကသော့ချက်ထဲမှာပါတယ်လေ အခု သူ တင်မပြိုင်နိုင်တော့ ပြိုင်ပွဲဝင်တစ်ယောက်လျော့နေတယ်… ပြိုင်ပွဲမစခင် ရက်နည်းနည်းရှိသေးတယ်… ဖြစ်နိုင်သလောက် မြန်မြန်ဒီနေရာကို ဖြည့်ရမယ်”

“ငါ လင်းနဲ့ ပြန်ဆွေးနွေးရဦးမယ်… သူ့ကိုအရင်ကုလိုက်ပါဦး” မုရုန်ဟွေ့ ပြောပြီးနောက် သမ ဂူဇီပင်းကို ကုသနိုင်ရန် ထားခဲ့ပြီး သူသည် အခန်းထဲမှ လူများကို ခေါ်ကာထွက်သွားသည်။

ရှီမာယူယူသည် သွေးများပေရေနေသည့် ဂူဇီပင်းကိုကြည့်ပြီး မနေ့က တင် သူမနှင့် ဈေးပတ်ဝယ်ခဲ့ပြီး ရုတ်တရက် ဤသို့ဖြစ်သွားသည်ကိုတွေးမိရာ မတတ်သာတော့ဘဲ သက်ပြင်းချမိတော့သည်။

“စိတ်မပူနဲ့ ငါ မင်းကိုကုပေးမယ်” သူမသည် ငွေအပ်များထုတ်ကာ သူ့ ဒဏ်ရာများ သွေးတိတ်စေရန် ကုသပေးတော့သည်။

တံခါးအပြင်တွင် မုရုန်ဟွေ့နှင့် မုရုန်လင်းတို့သည် ဆွေးနွေးနေကြပြီး ကျန်းမင်တတို့သည် တံခါးတွင်ရပ်ကာ ရှီမာယူယူ ထွက်လာမည်ကို စောင့်နေ ကြသည်။ လန်ယွိနှင့် ယွိရှီတို့လည်း မသွားကြသေးပေ။

“မင်းမြင်လိုက်လား” လန်ယွိ မေးလိုက်သည်။

“အင်း” ယွိရှီသည် သူပြောလိုသည့်စကားကို နားလည်သည်။

“အဲဒါ ငါ့ထင်ယောင်ထင်မှားမဟုတ်ဘူး” လန်ယွိ ပြောလိုက်သည် “ငါ အဲလူရဲ့ ဒဏ်ရာကို စစ်ဖို့ စိတ်ဝိညာဉ်အာရုံသုံးလိုက်တာ… သွေးကြောတွေ အကုန်ပျက်စီးနေပြီ… တခြားသေနိုင်လောက်တဲ့ ဒဏ်ရာတွေမပြောနဲ့ဦး သူက လုံးဝကို သေလူတစ်ပိုင်းဖြစ်နေပြီ အဲဒါကိုတောင်မှ သူ့ကိုကယ်နိုင်သေးတယ် လို့ပြောနေသေးတယ်… သူမရဲ့ ဆေးပညာက ဘယ်လောက်ကောင်းနေတာလဲ”

“တော်ဝင်သမားတော်တောင်မှ သူမလောက် ယုံကြည်ချက်မရှိဘူး” ယွိရှီ သည် သူမ၏ ဆေးပညာအကြောင်းမဟုတ်ဘဲ ယုံကြည်ချက်ရှိမှုအကြောင်းကို ပြောနေသည်မှာ သူသည်လည်း သူမ၏ ဆေးပညာကို ယုံလွန်းလှသည်မဟုတ် ဆိုသည်ကို ပြသနေသည်။

“သူမသာ သူ့ကိုတကယ်ကုနိုင်ရင် သူမရဲ့ဆေးပညာက တော်ဝင် သမားတော်တွေထက် ကောင်းနေလို့ပဲ” လန်ယွိသည် စိတ်လှုပ်ရှားစွာပြောလေ သည် “ဟေး အဲဒီတော်ဝင် သမားတော်တွေက သူတို့ရဲ့ ဆေးပညာပေါ်မှီခိုနေ ကြတာ… သူတို့အချိန်တွေကို အဲမှာပဲမြှုပ်နှံထားတာ သူမသာ သာသွားရင် သူတို့မျက်နှာကိုဖြတ်ရိုက်သလို ဖြစ်နေမှာပဲ ဟီး ဟီး…”

ယွိရှီလည်း ပြုံးသည် “တစ်နေ့တော့ ဖြစ်လာမှာပေါ့…”

သူတို့သည် ရှီမာယူယူ၏ ဆေးပညာကို အလွန်စိတ်ဝင်စားနေသဖြင့် ထွက်မသွားကြဘဲ အားလုံးနှင့်အတူ ခြံဝန်းထဲတွင် စောင့်ကြလေသည်။

သိပ်မကြာခင်တွင် အစောင့်တစ်ယောက် လျှောက်လာပြီး မုရုန်ဟွေ့ကို စကားပြောလေသည်။ သတင်းကြားပြီးနောက် မုရုန်ဟွေ့သည် မုရုန်လင်းကို ညွှန်ကြားချက်များပေးပြီး ထွက်သွားလေသည်။

ထိုအစောင့်ပြောသည်မှာ တယွိမင်းသားသည် သူ့ကို နန်းတော်သို့ ခေါ်လိုက်ခြင်းဖြစ်သည်။

လန်ယွိသည် ထွက်သွားသော မုရုန်ဟွေ့၏ ပုံရိပ်ကိုကြည့်ပြီး သူ့မေးစေ့ သူ ကိုင်ကာ ပြောလိုက်သည် “ကြည့်ရတာ တယွိမင်းသားအခြေအနေက မကောင်းတဲ့ပုံပဲ… သူ ကိစ္စတွေဖြစ်ပြီး ကြာမှပဲ သိရတယ်”

“သူ့ခန္ဓာကိုယ်က အားနည်းနေပြီး အားကလည်း ချုပ်တည်းခံနေရတယ်.. ဒီလိုသာဆက်သွားရင် တတယွိတိုင်းပြည်မှာ အင်အားအပြောင်းအလဲဖြစ်လာနိုင် တယ်” ယွိရှီ ပြောလိုက်သည် “သူ့မှာ ဒိကျဲ့ထောက်ပံ့ထားတဲ့ အဖွဲ့ရှိတယ် သူ တစ်ခုခုဖြစ်သွားရင် ငါတို့နဲ့မဆိုင်ဘူးလေ”

“ဒါပေမဲ့ သူတို့ကတော့ အဲလိုမထင်ဘူး”

“သူတို့က သူမကို ဘာပြဿနာမှမပေးရင်ရပြီ” ယွိရှီသည် တခြားအရာ များကို ဂရုမစိုက်ပေ။ သို့သော် ရှီမာယူယူပါဝင်လာပါက သဘောမတူနိုင်ပေ။

“တယွိရဲ့ကြင်ယာတော်မင်းသမီးက ဘာမှမဟုတ်ဘူး ငါကြောက်တာက သူမ နောက်က အင်အားစုတွေက…” လန်ယွိသည် စိုးရိမ်တကြီးပြောလေ သည်။

“ဟင် ပုန်ကန်မှုဖြစ်နေတာကို ဘာတွေစိတ်ပူနေတာလဲ” ယွိရှီသည် တယွိ၏ကြင်ယာတော်မင်းသမီးနောက်ကွယ်မှ အင်အားစုများကို အမြင်မကြည်သလို ကြောက်လည်းမကြောက်ပေ။ သူတို့ မည်မျှပင် အားကောင်းပါစေ တစ္ဆေဘုရင်ကိုတော့ ဆန့်ကျင်ပြီး မတိုက်ခိုက်ရဲပေ။

နာရီအနည်းငယ်ကြာပြီးနောက်တွင် ပိတ်ထားသောတံခါးပွင့်လာပြီး ရှီမာယူယူ နွမ်းနယ်စွာဖြင့် ထွက်လာသည်။

“သခင်မလေး ဇီပင်းဘယ်လိုနေလဲ”

“အခြေအနေတော့ ငြိမ်သွားပြီ နလန်ထူဖို့ပဲကျန်တော့တယ်” ရှီမာယူယူ ပြောလိုက်သည် “အဖေရော”

မုရုန်ဟွေ့ သွားလိုက်သည်မှာ နာရီပေါင်းများစွာကြာသွားသည်ကို သတိရ သွားကြသည်… သူ စကားပြောရုံတင်ဆို ပြန်လာလောက်သင့်ပါပြီ…

***

All Chapters