မယုံနိုင်ခြင်း
Vol. 131 Ch. 1821
အားလုံး၏ အမူအရာမှာ တစ်ခုခုလွဲမှားနေသည်ကို ရှီမာယူယူ မြင်လိုက် ရာ ပျာသွားတော့သည် “အဖေ တစ်ခုခုဖြစ်လို့လား”
“သခင်မလေး ကျွန်တော်တို့ထွက်လာပြီးတော့ နန်းတော်က သခင့်ကို ဆင့်ခေါ်ပါတယ်” ကျန်းမင်တ ပြောလေသည်။
“ဒီလောက်ကြာနေပြီကို ပြန်မလာသေးဘူးလား” ရှီမာယူယူ မျက်မှောင် ကြုတ်လိုက်သည်။
“မလာသေးဘူး”
“ဦးလေးလင်းရော ဘယ်မှာလဲ”
“ပြိုင်ပွဲရဲ့တာဝန်ခံက နယ်စားကိုလာတွေ့တာ.. ဘဏ္ဍာထိန်းလင်းက သူ့ကို ဧည့်ခံနေတယ်… ဇီပင်းကိစ္စပဲဖြစ်လောက်တယ်”
“ဟေ့ ကောင်မလေး အဲလူကို ငါတို့သွားတွေ့ရမလား” လန်ယွိ မေးလိုက်သည်။
ရှီမာယူယူသည် သူတို့နှစ်ယောက်ကိုကြည့်ပြီး ခေါင်းညိတ်ကာ ကျန်းမင်တတို့ကိုပြောလိုက်သည် “မင်းတို့လည်း ဒဏ်ရာရထားကြတာ ဒီဆေး သောက်ပြီး ပြိုင်ပွဲမတိုင်ခင် သက်သာအောင်လုပ်ထားလိုက်ကြ”
“ကျေးဇူးတင်ပါတယ် သခင်မလေး” ရှီမာယူယူ၏ ဆေးသည် တခြား ဆေးများထက် ပိုကောင်းသည်ကို သူတို့သိသဖြင့် ပြိုင်ပွဲအတွက်အရေးပါနေရာ မငြင်းဆန်တော့ပေ။
“မင်း ဇီပင်းကိုကြည့်ထားပေး… တစ်ခုခုဖြစ်ရင် ငါ့ကိုချက်ချင်း ဆက်သွယ်ပါ.. ဦးလေးလင်း ဘယ်လိုနေလဲဆိုတာ သွားကြည့်လိုက်ဦးမယ်” ရှီမာယူယူသည် ပြောပြီးသည်နှင့် ဂူဇီပင်း၏ ခြံဝန်းထဲမှထွက်သွားလေသည်။
လန်ယွိနှင့် ယွိရှီတို့သည် အခန်းထဲသို့သွားလိုက်ကြပြီး လန်ယွိသည် ဂူဇီပင်း၏ အခြေအနေကိုသွားကြည့်ရာ အထိတ်တလန့်အော်လေသည် “သူ့ သွေးကြောတွေ တကယ်ပဲပြန်ဆက်နေပြီပဲ”
“သေချာလို့လား” ယွိရှီသည် အနည်းငယ်အံ့ဩသွားသော်လည်း သူ့လောက်တော့ ထိတ်လန့်ခြင်းမရှိပေ။
“ဟုတ်တယ် လုံးဝကြီးပြန်ကောင်းလာတာတော့ မဟုတ်သေးပေမဲ့ အကုန်ပြန်ဆက်နေပြီ… အသက်ဆက်တဲ့ ဖြည့်စွက်ဆေးတွေနဲ့ဆိုရင် လုံးဝ ပြန်ကောင်းလာမှာပဲ” လန်ယွိ ပြောလိုက်သည်။
ကျန်းမင်တတို့ဝင်လာချိန်တွင် ထိုစကားကိုကြားလိုက်ရသည်နှင့် သူတို့ စိတ်အေးသွားတော့သည်။ တစ်ချိန်တည်းမှာပင် ရှီမာယူယူ၏ ဆေးပညာကို လေးစားမိသွားသည်။
“ငါတို့ အရည်အချင်းက အရမ်းကောင်းလွန်းတယ်လို့ အမြဲထင်နေတာ.. အခု သခင်မလေးနဲ့ယှဉ်တော့မှ ငါတို့က လိုနေသေးတယ်ဆိုတာ ခံစားလိုက်ရ ပြီ” ဖန်းရင်ဟန် သက်ပြင်းချသည်။
“ပြီးတော့ ငါတို့က သခင်မလေးအတွက် ဘာမှလည်း လုပ်မပေးရသေး ဘူး” ကျန်းမင်တ ပြောလေသည် “သခင်မလေးက ငါတို့အတွက် ဇီပင်းကို ကယ်ပေးခဲ့တာ… သူမကို သေချာပေါက် ပြန်ပေးရမှာပေါ့”
“ပြိုင်ပွဲမှာ နိုင်အောင်လုပ်ပြီး လျောင်ပြည်နယ် ဂုဏ်တက်တောင်သာ လုပ်ပါ အဲဒါက သူတို့ကိုပြန်ပေးဆပ်တာပဲ” ယွိရှီ ပြောပြီးနောက်တွင် လန်ယွိ နှင့်အတူ အခန်းထဲမှ ထွက်သွားတော့သည်။
ရှီမာယူယူသည် တည်းခိုဆောင်ရှိ ဧည့်ခန်းဆီသို့ သွားလိုက်သော်လည်း မုရုန်လင်းကို မမြင်မိပေ။ သူမသည် ဘေးမှအစောင့်ကိုမေးကြည့်ရာ မုရုန်လင်း သည် ရောက်လာသောလူနှင့် ထွက်သွားသည်ဟု ပြောသည်။
“သခင်မလေး ဘဏ္ဍာထိန်းကိုသွားရှာပေးရမလား” အစောင့် မေးလေ သည်။
“မလိုတော့ဘူး” ရှီမာယူယူ ပြောပြီးသည်နှင့် အပြင်သို့ တစ်ယောက် တည်း လမ်းလျှောက်ထွက်ခဲ့လိုက်သည်။
သူမ ထွက်သွားသည်ကို အစောင့်မြင်သောအခါ မေးလေသည် “သခင်မ လေး အပြင်သွားချင်လို့လား”
ရှီမာယူယူသည် မုရုန်ဟွေ့၏ တည်နေရာကို စစ်ဆေးရန် နီရဲပျားကို နန်းတော်သို့လွှတ်လိုက်သည်။ စိုးရိမ်နေသော မျက်နှာများကို ကြည့်ပြီး သူမ ပြောလိုက်သည် “ငါ သူ့ကိုသွားခေါ်မလို့”
“သခင်မလေး အခု အပြင်မှာ အရမ်းအန္တရာယ်များတယ်… သခင်မလေး တစ်ခုခုဖြစ်သွားမှာကို သခင်ကလည်း လိုချင်မှာမဟုတ်ဘူး” အစောင့် ပြော လေသည် “မဟုတ်ရင် တည်းခိုဆောင်မှာပဲ သခင်ပြန်လာတာ စောင့်ပါလား”
“ရပါတယ် ငါ့မှာအမည်းလေးရှိတယ်” ရှီမာယူယူ ပြောလိုက်သည် “မင်း တို့ အထဲကလူတွေကို သေချာဂရုစိုက်ပေးကြ ငါ ခဏနေပြန်လာမယ်”
ပြောပြီးနောက်တွင် အစောင့်များ၏ အဖြေကိုပင်မစောင့်တော့ဘဲ တည်းခိုဆောင်မှ တစ်ယောက်တည်းထွက်ခဲ့လိုက်သည်။
အစောင့်သည် မတားနိုင်လိုက်ဘဲ ပါးစပ်ဟောင်းသားဖြင့် သူမထွက်သွား သည်ကို ကြည့်နေရတော့သည်။
ရှီမာယူယူသည် နန်းတော်ဘက်ဆီသို့ လျှောက်လာပြီး နီရဲပျားများကို တစ်လမ်းလုံးဆက်သွယ်လာရာ လူပြတ်လပ်သည့်နေရာသို့ လျှောက်မှန်းမသိ လျှောက်လာမိတော့သည်။
သူမ ရပ်ပြီး ကျဲနေသော အဆောက်အဦးများကိုကြည့်ကာ တိုးညင်းစွာ သက်ပြင်းချလိုက်သည် “ကျွန်မနဲ့ ဒီလောက်ကြီးတဲ့ တိုက်ပွဲလုပ်ဖို့လိုလို့လား”
“မင်းက အာရုံခံပါးသားပဲ” အသံတစ်သံမှာ ထွက်လာရာ မည်သည့်နေရာ မှ အသံထွက်လာသည်ကို သူမ မရှာနိုင်ပေ။
“အဲလိုမျိုး ရှောင်နေဖို့မလိုပါဘူး… ငါတောင်တွေ့ပြီးနေပြီ ပုန်းနေဖို့က ပျင်းစရာကြီး” ရှီမာယူယူ ပြောလိုက်သည်။
“မင်း ငါ့ကိုတွေ့နေပြီဆိုမှတော့ ဒီအဘိုးကြီးက ထွက်လာဖို့မလိုတော့ဘူး ပဲ” ထိုအသံမှ ပြောလေသည် “ဟင်း မင်းလောက်ကများ ဒီအဘိုးကြီးရဲ့ မျက်နှာ အစစ်အမှန်ကို ကြည့်ဖို့တန်သလား”
“ရှင့်မှာလူတွေကို ပေးကြည့်ဖို့ မျက်နှာမရှိဘူးထင်တယ် ဟုတ်လား” ရှီမာယူယူ ပြောလိုက်သည် “ဒါပေမဲ့ ကျွန်မက ရှင့်ရဲ့ ထင်ယောင်ထင်မှားထဲ ဝင်သွားပေမဲ့ ကျွန်မကို ပိတ်လှောင်ထားလို့တော့မရဘူး”
“မင်းက ငါ့ထင်ယောင်ထင်မှားကို သတိားမိတယ်ဆိုတော့ မဆိုးဘူးပဲ… ငါ့ထင်ယောင်ထင်မှားထဲမှာ မသိလိုက်ဘဲ လူတွေဘယ်လောက်တောင် သေသွားလိုက်ပြီလဲ” အဘိုးကြီးသည် အားရစွာပြောလေသည်။
“အဲဒါ သူများတွေလေ ကျွန်မမဟုတ်ဘူး” ရှီမာယူယူ ပြောလိုက်သည် “ကျွန်မက ရှင်နဲ့တွေ့ဖို့မတန်ဘူးဆိုမှတော့ ရှင့်ကိုတွေ့ဖို့ အရည်အချင်းရှိအောင် လို့ ကျွန်မအရည်အချင်းကိုပဲ ပြဖို့ရှိတော့တာပဲ”
“ကျွတ် စိတ်ကြီးဝင်နေတာပဲ”
“မရဏာသားရဲလေး… ဒီနေရာမှာ လာဟောင်ရဲသေးတာလား” ရှီမာယူယူသည် ပြောရင်းနှင့် အရှေ့တောင်ဘက်သို့ ဝိညာဉ်စွမ်းအင်ပစ်လိုက် သည်နှင့်် အော်သံထွက်လာသည်။
“မင်း ငါ့နေရာကိုရှာနိုင်တယ်ပေါ့” အဘိုးကြီးသည် ဒေါသတကြီး အော် လေသည်။
“ကျွန်မပြောသားပဲ ထင်ယောင်ထင်မှားကို သိရုံပဲသိတဲ့ သားရဲလောက် လေးက သူ့ကိုယ်သူ တန်ခိုးကြီးလှပြီထင်နေတာလား” ရှီမာယူယူသည် အေးစက်စွာ နှာမှုတ်ပြီး နောက်ထပ်စွမ်းအင်လုံးကိုပစ်လိုက်ရာ အဘိုးအိုသည် ပြောင်ရှင်းနေသော လမ်းမတွင် ပေါ်လာသည်။
“ငါပုန်းနေတဲ့နေရာကို ဘယ်လိုရှာတွေ့တာလဲ” အဘိုးအိုသည် ရှီမာယူယူ ကြောင့် ဒဏ်ရာရသွားကာ သူ၏ကိုယ်ပိုင် ထင်ယောင်ထင်မှားထဲသို့ ကျသွား သည်ကို သတိထားမိချိန်တွင် အလွန်ပင် ထိတ်လန့်သွားသည်။
ရှီမာယူယူသည် မရဏာသားရဲဟု ထင်ထားသော်လည်း အဘိုးအိုဖြစ်နေ သည်ကို မထင်မှတ်စွာ တွေ့လိုက်ရသည်။
“တကယ်ပဲ တစ္ဆေမျိုးနွယ်ကလူပဲ… အဲတော့ ဆိုလိုတာက ရှင့်မှာ ထင်ယောင်ထင်မှားတွေ စီမံနိုင်တဲ့ စာချုပ်မရဏာသားရဲရှိတယ်လို့ ပြောချင် တာပဲ” သူမ ခွဲခြိမ်းစိတ်ဖြာလိုက်သည်။
“မင်း ဘယ်လိုသိတာလဲ… သာမာန်လူဆိုရင် ငါ့ရဲ့ပုန်းတဲ့နေရာဖြစ်တဲ့ ထင်ယောင်ထင်မှားရှိတာကို သိဖို့မဖြစ်နိုင်ဘူး… မင်းကို အရမ်းအားကောင်း တဲ့လူက ကူညီနေတာဖြစ်မယ်” ထိုလူသည် ဤမျှငယ်ရွယ်သောလူဆီ အမိခံ လိုက်ရသည်ကို မယုံနိုင်ဖြစ်နေသည်။ သူ လှည့်ပတ်ကြည့်ရာ သခင်တစ် ယောက်ကို ကြိုးစားရှာမိသည်။
“ရှာမနေနဲ့တော့ ရှင်နဲ့ ကျွန်မနှစ်ယောက်တည်းရယ်” ရှီမာယူယူ ပြော လိုက်သည်။
“တကယ်ပဲ တခြားလူမရှိဘူးလား… ဒါဆိုရင် ငါ့ကိုဘယ်လိုတွေ့တာလဲ” အဘိုးအိုသည် မယုံနိုင်သေးပေ။
ရှီမာယူယူ ပခုံးတွန့်လိုက်သည် “အရမ်းကိုရိုးရှင်းပါတယ် ဘာလို့လဲဆို တော့… ကျွန်မက ရှင့်ထက်ပိုတော်လို့လေ”
“ဘာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”
“ပြီးတော့ ရှင်စီမံထားတဲ့ ထင်ယောင်ထင်မှားက ရှိသေးတယ်လို့ တကယ် ပဲထင်နေတုန်းလား” ရှီမာယူယူသည် သူ့ကို ကြင်နာစွာ သတိပေးလိုက်သည်။
သူမ မျက်နှာမှ အပြုံးကိုမြင်ပြီး ထိုလူသည် ခံစားချက်မကောင်းတော့ရာ ခံစားကြည့်လိုက်ချိန်တွင် မျက်နှာမှာ ပြဇာတ်ဆန်ဆန်ပင် ပြောင်းလဲသွားတော့ သည်။
တကယ်ပဲ ထင်ယောင်ထင်မှားမရှိတော့ဘူး။
“မင်းက ငါ့လိုမျိုး စိတ်ကူးယဉ်ကမ္ဘာကို စီမံလိုက်တာပဲ… ငါ သိတောင် မသိလိုက်ဘူး ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ” သူသည် စိတ်ကူးယဉ်ကမ္ဘာကို အာရုံ ခံနိုင်ရန် ကြိုးစားသော်လည်း မည်မျှပင် ကြိုးစားစေကာမူ နောက်ဆုံးတွင် ရလဒ်မှာအတူတူပင်။ သူသည် စိတ်ကူးယဉ်ကမ္ဘာကို ထိန်းချုပ်၍မရတော့ပေ။
“ရှင် ကျသွားပြီဆိုမှတော့ ရှင်က ကျွန်မထင်ယောင်ထင်မှားထဲ ဝင်သွား ပြီ” ရှီမာယူယူ ပြောလိုက်သည်။
“မင်း ထင်ယောင်ထင်မှား စီမံလိုက်ပေမဲ့ ငါ့ဟာနဲ့ တစ်ထပ်တည်းတူတာ မဖြစ်နိုင်ဘူး… ငါတောင် မသိလိုက်ဘူး… မဖြစ်နိုင်ဘူး ဒါက ငါ့ထင်ယောင် ထင်မှားပဲ ဘယ်လိုလုပ် မသိဘဲနေမှာလဲ” သူ အော်သေလည်။
“သေချာတာပေါ့… ကျွန်မမှာ ရှင့်ထက် အများကြီး အများကြီး အားကောင်းတဲ့ သားရဲတွေရှိတယ်” ရှီမာယူယူ ပြောလိုက်သည် “အိပ်မက်လေး စိတ်စွမ်းအင်နဲ့ ဝိညာဉ်သားရဲအစစ်အမှန်ဆိုတာ ဘာလဲဆိုတာ ပြပေးလိုက်ဦး”
အိပ်မက်လေးထွက်လာချိန်တွင် သူမ၏ ရောင်ဝါကိုဖုံးထားခြင်းမရှိသဖြင့် အဘိုးအိုခံစားလိုက်ချိန် နေရာ၌ပင် ကြက်သေသေနေတော့သည်။
“အိပ်မက် အိပ်မက်နတ်ဆိုးသားရဲ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ” သူ အော် လေသည် “အိပ်မက်နတ်ဆိုးသားရဲက ပျောက်ကွယ်သွားပြီလေ ဘယ်လိုလုပ် ရှိနိုင်ဦးမှာလဲ”
“ဒီကမ္ဘာမှာ မဖြစ်နိုင်တာတွေ အများကြီးရှီတယ်… ဥပမာဆိုရင် ရှင် ကျွန်မကို မသတ်ခင်မှာ ဒီနေ့ရှင်အရင်သေရမယ်လို့ တွေးတောင်တွေးမိမှာ မဟုတ်ဘူး”
“မင်းမှာ အိပ်မက်နတ်ဆိုးသားရဲရှိပေမဲ့ ငါ့ကိုသတ်ဖို့မဖြစ်နိုင်ဘူး အိပ်မက် နတ်ဆိုးသားရဲက မင်းနဲ့သေသွားမှာတော့ နှမြောစရာပဲ မဟုတ်ရင် ငါ စာချုပ် တည်ထောင်လို့ရတယ်”
***