← Chapters

ကျိုးပဲ့သွားတဲ့ထင်ယောင်ထင်မှား

Vol. 131 Ch. 1822

ကျိုးပဲ့သွားတဲ့ထင်ယောင်ထင်မှား

Vol. 131 Ch. 1822

ရှီမာယူယူ မျက်ခုံးများပင့်မိသည်။ ဒီလောက်တောင် ယုံကြည်ချက်ရှိနေ တာလား။

“မင်းက ငါ့ကို ဒီထင်ယောင်ထင်မှားထဲမှာ ပိတ်ထားနိုင်မယ်လို့ ထင်နေ တာလား” အဘိုးအို အာလှန်ထိုးလေသည် “ငါက နှစ်ပေါင်းများစွာ ထင်ယောင် ထင်မှားတွေကို လေ့လာလာတာ ဒီထင်ယောင်ထင်မှားလောက်က ငါ့ကို ထိန်းချုပ်မထားနိုင်ဘူး”

“ဒါဆိုလည်း စမ်းကြည့်လေ” ရှီမာယူယူ ပြောလိုက်သည်။

“ငါ အရင်က အိပ်မက်နတ်ဆိုးသားရဲတွေကို လေ့လာဖူးတယ်… သူတို့ရဲ့ ထင်ယောင်ထင်မှားရဲ့ အားနည်းချက်ကိုလည်း သိထားတယ်” အဘိုးအို ပြော လေသည် “ငါ တိုက်ခိုက်လိုက်တာနဲ့ သူမရဲ့ ထင်ယောင်ထင်မှား ပြိုကျသွားမှာ ပဲ”

ရှီမာယူယူ အနည်းငယ် အံ့ဩသွားသည်။ အိပ်မက်လေးရဲ့ ထင်ယောင် ထင်မှားက အားနည်းချက်ရှိတယ်ဟုတ်လား။

“သူ့ရဲ့ စာချုပ်သားရဲက အိပ်မက်လေးတို့ကနေ ခွဲထွက်တဲ့ အမျိုးအစား တစ်ခုပဲ… သူ သိချင်သိနေမှာ” အိပ်မက်လေး ပြောလိုက်သည်။

“ဒါဆိုလည်း ရှင့်ကိုအခွင့်အရေးပေးမယ် စမ်းကြည့်လိုက်ပေါ့” ရှီမာယူယူ ပြောလိုက်သည် “ကျွန်မ ရှင့်ကိုမတိုက်ခိုက်ဘူး ဒါပေမဲ့ ထွက်သွားနိုင်မလားဆို တာ ရှင့်အရည်အချင်းကိုကြည့်တာပေါ့”

အဘိုးအိုသည် အေးစက်စွာ နှာရှုတ်လေသည်။ သူသည် ဝိညာဉ်စွမ်းအင် စုစည်းလိုက်ပြီး ထူးခြားချက်မရှိသည့်နေရာသို့ တိုက်ခိုက်လေသည်။ အိပ်မက် လေး၏ ထင်ယောင်ထင်မှားမှာ အနည်းငယ် လှုပ်ခတ်သွားပြီး ဘေးနှစ်ဖက်မှ ထင်ယောင်ထင်မှားသည် ပျောက်ကွယ်သွားလေသည်။

သည်တစ်ကြိမ်တွင် လမ်းကြားကျဉ်းတစ်ခုသာ ကျန်တော့သည်။

“ဟားဟား မင်းမှာ အားနည်းချက်ရှိတယ်လို့ ငါပြောသားပဲ” အဘိုးအို သည် အားရစွာပြောလေသည် “ထင်ယောင်ထင်မှားမရှိရင် မင်းက ငါ့ရဲ့ ပြိုင်ဘက်မဖြစ်နိုင်ဘူး”

ရှီမာယူယူ ခေါင်းခါပြီး သက်ပြင်းချလိုက်သည် “တကယ်တော့ ရှင် ဘာလုပ်နိုင်မလဲဆိုတာကို ကြည့်ပြီးပျော်ချင်တာ… ဒါပေမဲ့ အခု အဖေ့ကို သွားခေါ်ရဦးမှာမို့လို့ အမြန်ပဲ တိုက်ခိုက်ကြတာပေါ့”

“ဟားဟား ကောင်မလေး ဒီလောက်ငယ်ငယ်လေးနဲ့ စကားကြီးစကား ကျယ်ပြောတာပဲ.. ငါ့နာမည်ပြောင် ‘အိပ်မက်လောကဘိုးဘေးကြီး’ ဆိုတာ အလကားဖြစ်လာတာမဟုတ်ဘူး”

“ကျွန်မ တကယ်ဂရုမစိုက်ဘူး” ရှီမာယူယူ ပြောလိုက်သည် “မီအာ ထွက် လာပြီး ရှင်းလိုက်တော့”

သူမ ခေါ်လိုက်သည်မှာ အိပ်မက်လေးမဟုတ် နဂါးနက်မဟုတ်ဘဲ တခြား စာချုပ်သားရဲကို ခေါ်လိုက်သည်ကို သိသည်နှင့် အိပ်မက်လောကဘိုးဘေးကြီး သည် ပို၍နိုးနိုးကြားကြားရှိသွားသည်။

သို့သော် မည်သည့်မရဏာသားရဲမှ ထွက်မလာသည်ကိုမြင်သောအခါ ရှီမာယူယူ လေထွားသည်ဟု ထင်ပြီး တစ်ခုခုလုပ်မည်အကြံတွင် လှုပ်မရတော့ သည်ကို သိလိုက်ရသည်။

“ဒါက.. ဒါက တကယ့်ကမ္ဘာမဟုတ်ဘူး” သူသည် ကြောက်လန့်တကြား အော်လေသည် “မင်းမှာ ထင်ယောင်ထင်မှား နှစ်ခုရှိတာလား… မဟုတ်ဘူး မဖြစ်နိုင်ဘူး… အိပ်မက်နတ်ဆိုးသားရဲဆိုရင်တောင် ဒါမဖြစ်နိုင်ဘူး”

“ထင်ယောင်ထင်မှား နှစ်ခုက မဖြစ်နိုင်ဘူးလေ… ဒါပေမဲ့ ဒါက ထင်ယောင်ထင်မှားပါလို့ ဘယ်သူပြောတာလဲ” ရှီမာယူယူသည် သူ ထိတ်လန့် နေသည်ကိုမြင်သောအခါ ပြုံးလိုက်သည်။

အိပ်မက်လောက ဘိုးဘေးကြီးသည် ရုတ်တရက် တစ်စုံတစ်ခုကို တွေးမိ သွားပြီး သူ့မျက်နှာမှာ ကြောက်ရွံ့မှုအဖြစ် ပြောင်းလဲသွားတော့သည်။

“ဒါက.. ဒါက ဝိညာဉ်လောကပဲ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”

“မဖြစ်နိုင်တာ မရှိဘူးလေ” ရှီမာယူယူသည် သူမ၏ ဆံပင်ရှည်များကို ထိတွေ့လိုက်သည် “ရှင့်ကို အိပ်မက်လေးရဲ့ သရုပ်မှန်ကိုပြပေးထားမှတော့ ရှင် အသက်ရှင်လျက်ထွက်သွားနိုင်ဖို့ မသေချာဘူး… မီအာ မြန်မြန်ပဲလက်စသတ် လိုက်တော့”

ဤသည်မှာ သာမာန်လေ့ကျင့်မှုမဟုတ်ပေ။ ထို့ကြောင့် ရှီမာယူယူသည် ကိုယ်တိုင်လုပ်ရန် စိတ်ကူးမရှိပေ။ မီအာသည် သူမလက်မှ ခွဲဖြာထွက်လိုက်ရာ အိပ်မက်လောကဘိုးဘေးကြီးပင် သူ၏ခန္ဓာကိုယ်ကို မမြင်နိုင်လောက်အောင် မြူခိုးမည်းများ လွှမ်းမိုးသွားလေသည်။ မြူခိုးမည်းများ ဖယ်လိုက်ချိန်တွင် အရိုးစုသာ ကျန်ခဲ့တော့သည်။

အိပ်မက်လောကဘိုးဘေးကြီးသည် အော်ရန်ပင် အချိန်မရှိလိုက်ဘဲ သေသွားရသည်။ တစ္ဆေလောကတွင် နှစ်ပေါင်းများစွာ နေလာသူသည် ဤကဲ့သို့ လမ်းကြားလေးတွင် သေသွားရလိမ့်မည်ဟု ဘယ်သောအခါမှ ထင်ထားခဲ့မည်မဟုတ်ပေ။

ရှီမာယူယူသည် အိပ်မက်လေးနှင့် မီအာကို ပြန်လာရန်ခေါ်ပြီး တယွိ နန်းတော်၏ မင်းသားဆီသို့ ဆက်လျှေက်သွားလိုက်သည်။

ထိုအချိန် တယွိနန်းတော်၏ မင်းသားဆီသို့ ပုံရိပ်တစ်ခုသည် အမြန်ဝင် လာသည်။

“ကြင်ယာတော်မင်းသမီး ငါတို့ ထပ်ရှုံးပြန်ပြီ” သူ ခေါင်းငုံ့ထားကာ ကြင်ယာတော်မင်းသမီး၏ မျက်နှာကိုမကြည့်ရဲတော့ပေ။

လက်ထဲတွင် ကိုင်ထားသော စုတ်တံမှာ သက်တမ်းတစ်သောင်းရှိ သစ်နှင့် ပြုလုပ်ထားသော စာရေးတံဖြစ်သည်။

“ထပ်ရှုံးပြန်ပြီလား… ကျွန်မတို့ လူဘယ်နယောက်ကို ပို့ရဦးမှာလဲ” ကြင်ယာတော်မင်းသမီး၏ အသံ အေးစက်နေသည်မှာ ယခုမည်မျှဒေါသထွက် နေသည်ကို ပြသနေသည်။

အမျိုးသားတစ်ယောက်သည် ချက်ချင်းပင် ဒူးထောက်ကာ ပြောလေ သည် “မိဖုရား ဒေါသလျော့ပါ”

“ဒီတစ်ခါ ဘယ်သူ့ကိုလွှတ်လိုက်တာလဲ”

“အိပ်မက်လောက ဘိုးဘေးကြီး”

“သူလည်း ရှုံးသွားတာလား” ကြင်ယာတော်မင်းသမီး အနည်းငယ် အံ့ဩ သွားသည်။ အစက သာမာန်လူတစ်စုကိုသာ လွှတ်လိုက်ခြင်းဖြစ်မည်ဟု ထင် လိုက်သည်။ သို့သော် သူမ ယုံကြည်ထားသည့်လူတွေထဲမှ တစ်ယောက်ဖြစ် လိမ့်မည်ဟု ထင်မထားပေ။

“ကြင်ယာတော်မင်းသမီး အိပ်မက်လောကဘိုးဘေးကြီးရဲ့ အသက် ကျောက်စိမ်းကကွဲ သွားပါပြီ”

“ဘာပြောလိုက်တယ်” ကြင်ယာတော်မင်းသမီးသည် ထရပ်လိုက်ပြီး ကြမ်းပေါ်မှလူများကို အလန့်တကြားကြည့်လေသည် “သူသေသွားပြီလို့ ပြော လိုက်တာလား”

“ဟုတ်ပါတယ် ကြင်ယာတော်မင်းသမီး”

“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ သူ့အားက အရမ်းကြီးမကောင်းပေမဲ့ ထင်ယောင်ထင်မှားရဲ့ အကူအညီနဲ့ဆိုရင် တာဝန်တိုင်းကို အောင်မြင်ခဲ့တာပဲ ဒီတစ်ခေါက် သူက မုရုန်ဟွေ့လက်ထဲမှာရှုံးသွားတာလား”  သူမသည် မယုံနိုင် ပေ။ လျောင်ပြည်နယ်မှာ ဘယ်တုန်းက ဒီလောက်အားရှိသွားတာလဲ။

“ကြင်ယာတော်မင်းသမီး မုရုန်ဟွေ့မဟုတ်ပါဘူး မုရုန်ရှီပါ… မုရုန်ဟွေ့ က ပြိုင်ပွဲဝင်တွေ အရိုက်ခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့ နန်းတော်ကို ဒီနေ့ လာပါတယ်.. မုရုန်ဟွေ့ တစ်ယောက်တည်း တည်းခိုဆောင်က ထွက်လာတာ ပါ”

“မင်း ပြောတာက မုရုန်ရှီက အိပ်မက်လောကဘိုးဘေးကြီးကို သူမ တစ်ယောက်တည်း ဖြေရှင်းလိုက်တာလား”

“ကျွန်တော်တို့ အဲဒီကိုရောက်သွားတော့ အိပ်မက်လောကဘိုးဘေးကြီးရဲ့ အရိုးကိုတောင် ရှာမတွေ့တော့ဘူး ဒါပေမဲ့ သူ့အသက်ကျောက်စိမ်းကတော့ ကျိုးသွားပြီ”

“အသုံးမဝင်တဲ့ဟာတွေ” ကြင်ယာတော်မင်းသမီးသည် ဘေးမှ မှင်တုံးကို ကောက်ယူပြီး သူ့ကိုပစ်လိုက်သည်။ မင်တုံးသည် သူ့နဖူးကိုထိသွားပြီး အနောက်တွင် ကျဲပျံ့သွားတော့သည်။

“ကြင်ယာတော်မင်းသမီး စိတ်လျော့ပါ”

“ဒီစိတ်လျော့ပါဆိုတဲ့ စကားတွေ မပြောနဲ့တော့ မင်းတို့က စိတ်လျော့ပါ ဆိုတဲ့စကားပဲ ပြောဖို့တတ်တယ်… ဒီလောက် လူအများကြီးပို့လိုက်တာတောင် မလောက်လေးမလောက်စား မုရုန်ရှီတစ်ယောက်ကိုတောင် မရှင်းနိုင်ဘူး ပြီးတော့ လူတွေအများကြီးဆုံးရှုံးလိုက်ရပြီ… ပြောဦး ငါက ဘယ်လိုလုပ် စိတ်လျော့နိုင်မှာလဲ” သူမသည် သူ့ကို ဒေါသတကြီးပြောဆိုပြီးနောက် ဆက် ပြောသည် “အဲလိုမျိုး အသုံးမကျတဲ့အုပ်စုကို ငါက ဘာလို့ထောက်ပံ့နေရမှာလဲ ဆိုတာ အကြောင်းပြချက်ပေး”

“ဒီလက်အောက်ငယ်သား မပြည့်စုံတာပါ ကြင်ယာတော်မင်းသမီး အပြစ် ပေးပါ” ကြမ်းပေါ်မှလူများသည် ခေါင်းငုံ့ထားသည် “ဒါပေမဲ့ မုရုန်ရှီက နယ်စား ရဲ့သမီးလိုမျိုး မရိုးရှင်းဘူးထင်တယ်”

“ဘာအဓိပ္ပာယ်လဲ”

“ကျွန်တော်တို့အားလုံး လျောင်ပြည်နယ်ရဲ့အားကိုသိနေတာပဲ… အိပ်မက်လောက ဘိုးဘေးကြီးလို စွမ်းအားမျိုးဆိုရင် သူတို့ကိုရှင်းဖို့လောက်နေ ပြီ ဒါပေမဲ့ အရိုးတောင်မကျန်ခဲ့ဘူး လျောင်ပြည်နယ်ရဲ့ နောက်ကွယ်မှာ တခြား လူရှိလိမ့်မယ်လို့ ဒီလက်အောက်ငယ်သားထင်ပါတယ်”

“မဖြစ်နိုင်တာ ယွိရှီက အခုသူတို့နဲ့နေနေတာ မင်းသမီးကျင်းဟွာ သေသွားတာတောင် သူတို့ကြားက ဆက်ဆံရေးကို ရှင်းမရဘူး”

“ကြင်ယာတော်မင်းသမီး တမန်တော်ယွိက မုရုန်ရှီနောက်ကို လူလွှတ်ပြီး မလိုက်ခိုင်းပါဘူး”

“အဲတော့ မုရုန်ရှီက မသင်္ကာစရာကောင်းတာလား”

“ဒါက ဒီလက်အောက်ငယ်သားရဲ့ ခန့်မှန်းချက်ပါ”

“ခန့်မှန်းချက်ဆိုမှတော့ သက်သေပြလေ ပြီးတော့ မိစ္ဆာနက်အရိပ်နှစ် ယောက်တွဲကို ပို့လိုက်”

ကြမ်းပေါ်မှလူသည် ထိတ်လန့်သွားသည်။ မိစ္ဆာနက်အရိပ်နှစ်ယောက်တွဲ ကို လွှတ်ဖို့လိုလို့လား။ သို့သော် ကြင်ယာတော်မင်းသီး၏ အမိန့်ဖြစ်သည့် အလျှောက် ပြန်ဖြေ ရုံသာဖြေနိုင်ကာ နောက်ဆုတ်သွားလေသည်။

ကြင်ယာတော်မင်းသမီးသည် စားပွဲပေါ်မှ စာနှင့် ပန်းချီများကို အေးစက် စွာကြည့်နေသည် “မုရုန်ရှီ မင်းက ငါ့မောင်ကိုသတ်ခဲ့တယ်… ဒီတယွိမြို့တော် ကြီးကနေ အသက်ရှင်လျက်ထွက်မသွားစေရဘူး”

တစ်ဖက်တွင် ရှီမာယူယူသည် အိပ်မက်လောကဘိုးဘေးကြီးကို သတ်ပြီး နောက်တွင် ဆက်လျှောက်ကာ နန်းတော်သို့လာလေသည်။ သို့သော် အစောင့် များကို သတင်းပို့ရန်ပြောမည့်အစား တံခါးပေါက်နှင့် ဆယ်မီတာအကွာတွင် တိတ်တဆိတ်စောင့်ကြည့်နေခဲ့သည်။

သူမ နာရီဝက်ကြာအောင် စောင့်သည်။

သူမ ထိုနေရာတွင် ရပ်နေသည်ကို အစောင့်မှာ မြင်ရသော်လည်း မောင်းထုတ်၍မရပေ။ အကြောင်းမှာ သူမသည် ခပ်လှမ်းလှမ်းတွင် ရပ်နေခြင်း ကြောင့်ဖြစ်သည်။ သို့သော် သူမကို လျစ်လျူရှုမရပေ။ အထူးသဖြင့် သူမသည် နန်းတော်ကို ကြည့်နေသဖြင့် ထိုအကြည့်မှာ သူတို့ကို မသက်မသာခံစားစေ သည်။

နောက်ဆုံးတွင် အစောင့်ခေါင်းဆောင် လျှောက်လာပြီး မေးလေသည် “ဒီမှာဘာလုပ်နေတာလဲ ဒါက နန်းတော်နော် ဒီမှာလူမစောင့်နဲ့”

“ကျွန်မက အဖေ့ကိုလာရှာတာပါ” ရှီမာယူယူ ပြောလိုက်သည် “သူ့ကို စောင့်ပြီး အတူပြန်မလို့ပါ… သူပြီးတော့မှာ”

***

All Chapters