လျှို့ဝှက်ဆန်းကြယ်တဲ့နေရာ
Vol. 131 Ch. 1823
အစောင့်ခေါင်းဆောင်မှာ အနည်းငယ်အကြပ်ရိုက်နေသည်။ ဤကဲ့သို့ အခြေအနေမျိုးကို တွေ့ဖူးသည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။
“ဘယ်သူ့ကိုစောင့်နေတာလဲ ကျွန်တော့်ကိုပြောရင် သတင်းသွားပို့ပေး မယ်” အဖွဲ့ခေါင်းဆောင်သည် ပျူငှာကာ အတင်းကြီးနှင်မထုတ်ပေ။
ရှီမာယူယူသည် သူ၏ အပြုအမူကြောင့်အံ့ဩသွားသည်။ သို့သော် သူ၏ ကြင်နာမှုကို ငြင်းဆန်လိုက်သည် “ရပါတယ် အဖေက ခဏနေရင်ထွက်လာမှာ ပါ”
“ခင်ဗျားအဖေက ဘယ်သူလဲမသိဘူး…”
“သူထွက်လာပြီ” တံခါးပွင့်လာသောအခါ ရှီမာယူယူ ပြုံးလိုက်သည်။
မုရုန်ဟွေ့ကို မြင်သောအခါ သူမ ပြုံးပြီး လျှောက်သွားလိုက်သည်။
“အဖေ”
မုရုန်ဟွေ့နှင့် မုရုန်လင်းတို့ နန်းတော်မှထွက်လာချိန်တွင် ရှီမာယူယူကို မြင်သောအခါ အနည်းငယ် အံ့ဩသွားကြသည် “ရှီအာ ဒီမှာဘာလုပ်နေတာလဲ”
“သမီးပြီးသွားတော့ အဖေအပြင်သွားတာ ကြာနေပြီလို့ကြားလို့ လာကြည့်တာပါ” ရှီမာယူယူ ပြောလိုက်သည် “အခုပြီးသွားပြီလား”
တကယ်တော့ သူမသည် နန်းတော်ထဲမှ အခြေအနေနှင့် သူအန္တရာယ် မရှိ နိုင်သည်ကို သိထားပြီးဖြစ်သည်။ ထို့ကြောင့် နန်းတော်ထဲသို့ အတင်းဝင်မသွား ခြင်းဖြစ်သည်။
“ရှင်းပြီးသွားပြီ သမီးဘာမှမဖြစ်ဘူးမလား” မုရုန်ဟွေ့သည် သဘော မတွေ့လှပေ။ သို့သော် သူမ အပြုအမူကိုသဘောမတူခြင်းမရှိပေ။ အန္တရာယ် များရုံသာဖြစ်သည်။
“မဖြစ်ဘူး အဖေ ပြန်ရအောင်” ရှီမာယူယူ ပြုံးပြီး ပြောလိုက်သည်။
“အင်း ပြန်ရအောင်”
အစောင့်သည် သူတို့သုံးယောက်၏ ကျောပြင်ကိုကြည့်ပြီး ရေရွတ်လိုက် သည် “တကယ်တော့ ဒီလူက လျောင်ပြည်နယ်က သခင်မလေးကိုး… ဒီလို စိတ်က…”
ရှီမာယူယူတို့သည် ဖြည်းဖြည်းချင်း လျှောက်လာရာ နန်းတော်နှင့် ဝေးသွားမှပင် မုရုန်ဟွေ့မေးလေသည် “ဇီပင်းဘယ်လိုနေလဲ”
“အခြေအနေတော့ ယာယီငြိမ်သွားပါပြီ နောက်မှ နလန်ထူဖို့ပဲလိုတော့ တာ” ရှီမာယူယူ ပြန်ဖြေလိုက်သည် “အဖေ ဇီပင်းကိစ္စကြောင့် မင်းသားက ခေါ်တာလား ဦးလေးလင်းက ဘာလို့နန်းတော်ကိုလိုက်ရတာလဲ”
“လင်းက ဇီပင်းကိစ္စကြောင့် နန်းတော်ကိုလာတာ အဖေ့ကို တခြားကိစ္စ တွေဆွေးနွေးဖို့ မင်းသားက ဆင့်ခေါ်တာပါ” မုရုန်ဟွေ့ ပြောလိုက်သည်။
“ပြိုင်ပွဲအကြောင်း ဆွေးနွေးတာ ဘယ်လိုနေလဲ”
မုရုန်ဟွေ့နှင့် မုရုန်လင်းတို့နှစ်ယောက်လုံး ခေတ္တမျှ တိတ်သွားပြီး ပြော လေသည် “ရှီအာ သမီးနဲ့ဆွေးနွေးစရာရှိတယ်… မင်းသားက ဂူဇီပင်းရဲ့ နေရာ ကိုလူစားထိုးဖို့ ခွင့်ပြုလိုက်တယ်”
“ဒါပေမဲ့ အခုမှ ပြန်ပြီးလူရှာဖို့က နောက်ကျနေပြီလေ… တယွိမြို့မှာ အကူအညီရှာလို့ရမှာလား” မုရုန်ဟွေ့နှင့် မုရုန်လင်းတို့ နှစ်ယောက်လုံး သူမကို ကြည့်နေကြသည်ကို ရှီမာယူယူမြင်သောအခါ သူမ၏ ပါးစပ်ထောင့်မှာ ကွေးတွန့်သွားသည် “သမီးကို… စဉ်းစားနေတာတော့ မဟုတ်ပါဘူးနော်”
“ဟုတ်တယ်” မုရုန်ဟွေ့ ခေါင်းညိတ်သည် “အဖေတို့ စဉ်းစားနေတာ ပြန်သွားပြီး တခြားလူကိုရှာဖို့လည်း နောက်ကျနေပြီ ပြီးတော့ အဲအသက် အရွယ်နဲ့ တော်တဲ့လူလည်းမရှိတော့ဘူး… အဖေတို့လည်း ဝင်ပြိုင်လို့မရဘူး သမီးအားနဲ့ဆိုရင် အဆင့်တက်ဖို့မျှော်လင့်လို့ရတယ်”
“သမီးစဉ်းစားလိုက်ပါဦးမယ်…” ရှီမာယူယူသည် ချက်ချင်းသဘောမတူ ပေ။ သူမသည် တစ္ဆေလောကရောက်ပြီး ဤကဲ့သို့ ပြိုင်ပွဲဝင်ပြိုင်ရန် စိတ်ကူး မရှိသဖြင့် စိတ်ထဲတွင်တော့ တွန့်ဆုတ်နေသည်။
“သမီး မလုပ်ချင်လည်း ပြဿနာမရှိပါဘူး” မုရုန်ဟွေ့ ပြောလေသည် “ဒီအတိုင်း ခဏလောက် အတွေးဝင်မိတာပါ… မင်းသားကပြောပါတယ် လူစား ထိုးဖို့ လူရှာမတွေဖူးဆိုရင် ရာထူးတက်ဖို့ နေရာတစ်နေရာပေးမယ်တဲ့ ရပါတယ်”
“အဖေ သမီးသွားပါမယ်” ရှီမာယူယူ ပြောလိုက်သည် “ပြည်နယ်ပြိုင်ပွဲကို ဝင်ပြိုင်လိုက်ရင် တိုင်းပြည်ပြိုင်ပွဲကိုလည်း တက်လို့ရမယ်… မဟုတ်လည်း တော်ဝင်မြို့တော်ကို အခုမဟုတ်ရင် နောက်သွားရမှာပဲ သမီး ဒီလမ်းကိုပဲ ရွေး လိုက်မယ်”
“ဟုတ်ပြီ” မုရုန်ဟွေ့သည် သူမ၏ ပခုံးကိုပျော်ရွှင်စွာ ပုတ်လေသည် “သမီး လုပ်နိုင်မယ်လို့ အဖေယုံတယ်”
တိုင်းပြည်ပြိုင်ပွဲအထိ တက်ရောက်ရန် ပြိုင်ပွဲဝင်သည် ပြည်နယ်ပြိုင်ပွဲ တွင် အဆင့် ၅၀ အတွင်းဝင်ရမည်။ တခြားစကားနှင့်ဆိုရလျှင် သူမသည် အဆင့် ၅၀ အတွင်းဝင်ရန် ယုံကြည်ချက်ရှိသည်။
“နန်းတော်ကို သွားပြီး သတင်းပို့စရာလိုလား”
“မလိုဘူး” မုရုန်ဟွေ့ ပြောလေသည် “အခု ဂူဇီပင်းကိုတိုက်ခိုက်တဲ့လူက ကြင်ယာတော်မင်းသီးရဲ့လူမဟုတ်ဘူး တခြားပြည်နယ်ကပဲ… သူ့နေရာမှာ သမီးအစားထိုးလိုက်တာသိရင် တခြားလူတွေက တိုက်ခိုက်လာနိုင်တယ်… ပြိုင်ပွဲအချိန်ထိစောင့်ပြီး အဲအချိန်မှ ထွက်လာလိုက်ပေါ့”
“သမီးလည်း အဲလိုဖြစ်ချင်တာပဲ” ရှီမာယူယူသည် ထင်ပေါ်အောင် မနေ လိုပေ။ သူမ၏ အမည်ကို ကြေညာလိုက်ပါက တချို့ကိစ္စများမှာ ကိုင်တွယ်ရန် ခက်သွားပေတော့မည်။
သူတို့ တည်းခိုဆောင်သို့ ပြန်လာချိန်တွင် နေဝင်နေပြီဖြစ်သည်။
“ရှီအာ” ရင်းနှီးသော ခေါ်သံသည် လမ်းထောင့်မှထွက်လာသဖြင့် ကြည့် လိုက်ရာ ယွမ်ယွမ်နှင့် တခြားလူတချို့တို့ လျှောက်လာသည်ကို ရှီမာယူယူ မြင် လိုက်ရသည်။
ယွမ်ယွမ်နှင့် သူတို့ ဆက်ဆံရေးကောင်းသည်ကို သူတို့ သိထားကြသဖြင့် အရင်သွားနှင့်ကြသည်။
“ရှီအာ မင်း အဆင်ပြေလား” ယွမ်ယွမ်သည် သူမကို မြင်သည်နှင့် မေး လေသည်။
“ယွမ်ယွမ် ဒီကိုဘာလို့ရောက်နေတာလဲ” ရှီမာယူယူသည် အရင်ကထက် ပိုသန်မာလာသော သူ့အနောက်မှ အစောင့်ကိုကြည့်လိုက်သည် “အခုကစပြီး သခင်လေးယွမ်လို့ ခေါ်ရတော့မှာလား”
“ကျေးဇူးတင်ပါတယ် အခုမှ သခင်လေးဖြစ်သွားတာပါ” သူမ ဤမမျှ ထက်မြက်လိမ့်မည်ဟု ယွမ်ယွမ်ထင်မထားပေ။ သူ့အနောက်မှ ကိုယ်ရံတော် များ၏ စွမ်းအားများ မတူသည်ကိုကြည့်ရုံနှင့် သူ သခင်လေးရာထူးကို အောင်မြင်စွာရယူနိုင်သွားသည်ကို ခန့်မှန်းနိုင်သည်။
“ဂုဏ်ပြုပါတယ် နောက်ဆုံးတော့ ရှင်လိုချင်တာရသွားပြီပေါ့” ရှီမာယူယူ ပြုံးလိုက်သည်။
“ငါတို့ စကားပြောဖို့ နေရာရှာကြမလား” ယွမ်ယွမ် ပြောလိုက်သည် “ငါ မင်းရဲ့ လက်ဖက်ရည်သောက်ချင်လို့”
“အထဲသွားတာပေါ့ ကျွန်မ နှပ်ပေးမယ်”
ရှီမာယူယူသည် သူ့ကို တည်းခိုဆောင်အနောက်မှ ဥယျာဉ်လေးကို ခေါ် သွားသည်။ ယွမ်ယွမ်သည် ကိုယ်ရံတော်များကို ခြံအပြင်တွင် ထားခဲ့သည်။
ယွမ်ယွမ် ကိုယ်ရံတော်များကို ချန်ထားပြီးသည်နှင့် မေးပြီး ထိုင်ချလိုက် သည် “မင်းလူတွေ လုပ်ကြံခံရတယ်လို့ ငါ သတင်းကြားတယ် မင်း အဆင်ပြေ ရဲ့လား ကြင်ယာတော်မင်းသမီးလုပ်တာလား”
“မဟုတ်ဘူး တခြားလူလက်ချက်ပဲ… ကျွန်မတို့ပြိုင်ပွဲဝင်ထဲက တစ် ယောက်ထိခိုက်သွားတယ် မိုကျိရော… သူ တယွိမြို့ကိုလာမယ်လို့ မပြောဘူး လား” ရှီမာယူယူသည် လက်ဖက်ရည်နှပ်ရင်း မေးလိုက်သည်။
“သူ လွန်ခဲ့တဲ့ ရက်ပိုင်းကတည်းက ရောက်နေရမှာ ဒါပေမဲ့ လမ်းမှာ ပြဿနာတချို့ဖြစ်နေလို့ နှောင့်နှေးနေတာ” ယွမ်ယွမ် ပြောလိုက်သည်။
“ဘယ်လိုဖြစ်လို့ မိုမျိုးနွယ်ရဲ့ သခင်လေးကိုယ်တိုင် လုပ်နေတာလဲ” ရှီမာယူယူ သိချင်သွားသည်။
ရှေးမျိုးနွယ်စုအနေနှင့် မိုမျိုးနွယ်သည် တစ္ဆေလောကတွင် အဆင့်အတန်းမြင့်မားကာ တစ္ဆေလောကမှ ကိစ္စများကို ဝင်ပါသည်မှာ ရှားပါး သည်။ အထူးသဖြင့် သခင်လေးမုကျိသည် သူ၏ဘိုးဘေးကြီး မိုယွိကဲ့သို့ပင် သာမာန်ကိစ္စများသည် သူ့ကို အာရုံမဖမ်းစားနိုင်ပေ။
“တစ္ဆေလောကမှာ မေ့ပျောက်ခြင်းမြစ်ရှိတာသိလား” ယွမ်ယွမ် မေးလေ သည်။
“သိတယ် စာအုပ်ရဲ့မှတ်တမ်းအရဆိုရင် မေ့ပျောက်ခြင်းမြစ်က အံ့ဖွယ်မြစ်ပဲ တစ်ဖက်မှာ ဝိညာဉ်လောကရှိတယ်… ရေက ကောင်းကင်ပေါ်က နဂါးငွေ့တန်းထက်တောင် ကြည်လင်သေးတယ်… လူတော်တော်များများက အဲဒီမှာ ပေါ်လောမပေါ်နိုင်ကြဘူး ဝိညာဉ်မျိုးနွယ်တွေပဲ အဲဒီမှာနေနိုင်ကြတယ် ဒါပေမဲ့ မေ့ပျောက်ခြင်းမြစ်ရဲ့ နေရာအကြောင်းကိုတော့ သီအိုရီတွေ အများကြီး ရှိတယ်… ဘာလို့လဲ… မိုကျိ ဒီတစ်ခါဖြစ်တဲ့ကိစ္စက မေ့ပျောက်ခြင်းမြစ်နဲ့ ဆိုင် နေလို့လား” ရှီမာယူယူ မေ့ပျောက်ခြင်းမြစ်အကြောင်း ပြောရာတွင် ဘာကြောင့်မှန်းမသိ စိတ်ထဲတွင် အနည်းငယ်ရတက်မအေးဖြစ်မိသည်။
“ဟုတ်တယ်”
“မိုကျိက မေ့ပျောက်ခြင်းမြစ်ကိုသွားတယ်လို့တော့ မပြောနဲ့နော်” ရှီမာယူယူ နောက်လိုက်သော်လည်း ယွမ်ယွမ် ခေါင်းညိတ်လေသည်။
“ဟုတ်တယ် သူ မေ့ပျောက်ခြင်းမြစ်ကိုသွားတယ်”
“သူက ဝိညာဉ်မျိုးနွယ်ကလူမှမဟုတ်တာ အဲဒီမှာဘာလုပ်တာလဲ” ရှီမာယူယူသည် သိချင်စိတ်ဖြင့် မေးလိုက်သည်။
“မေ့ပျောက်ခြင်းမြစ်က တကယ်ပဲဝိညာဉ်လောကမှာရှိတာပဲ ဒါပေမဲ့ မေ့ပျောက်ခြင်းမြစ်နဲ့ နိဗ္ဗာန်မြစ်တို့ ဆက်စပ်နေတယ်ဆိုတာ သိတဲ့လူနည်း တယ်”
“ဘာ” ရှီမာယူယူ ထိတ်လန့်သွားရာ လက်ထဲမှ လက်ဖက်ရည်ခွက်ပင် ကျလုမတတ်ဖြစ်သွားသည် “နိဗ္ဗာန်မြစ်က တစ္ဆေလောကမှာ အကြီးဆုံးမြစ် မဟုတ်လား ဘယ်လိုဖြစ်လို့ မေ့ပျောက်ခြင်းမြစ်နဲ့ ဆက်စပ်နေတာလဲ”
အကယ်၍ မြစ်နှစ်စင်းသာ ဆက်နေပါက သူတို့က မြစ်တစ်စင်းအဖြစ် စီးဆင်းသွားမှာမဟုတ်ပါလား။
“လျှို့ဝှက်ဆန်းကြယ်တဲ့နေရာတစ်ခုမှာ မြစ်နှစ်စင်း ဆက်သွားတယ်… မေ့ပျောက်ခြင်းမြစ်ရဲ့ တစ်ဖက်ခြမ်းမှာ ဝိညာဉ်တွေပဲ ပေါ်လောပေါ်နိုင်တယ် နိဗ္ဗာန်မြစ်ရဲ့ တစ်ဖက်က တစ္ဆေလောကပဲ… အဲဒီလျှို့ဝှက်ဆန်းကြယ်တဲ့နေရာ ရှိတယ်ဆိုတာကို သိတဲ့လူနည်းတယ်… အဲဒါကြောင့် မြစ်နှစ်စင်းဆက်နေတာ ကို သိပ်မသိကြဘူး”
***