← Chapters

အခန်း ၁၉၁၆

Vol. 129 Ch. 1916

အခန်း ၁၉၁၆

Vol. 129 Ch. 1916

အပိုင်း (၁၉၁၆)

ထာဝရလောကကြီး၊ ဝိညာဉ်သီးခြားဖြစ်တည်ခြင်း အစီအရင်

ကြယ်တာရာစိတ်ဝိညာဉ်လောကကြီးသည် ပျောက်ဆုံးလျက်ရှိနေသည့် အလောင်းကောင်ကျေးကျွန်များကို အပြစ်ပေးသည့်အချိန်တွင်တော့ ဘာတစ်ခုမှ မဖြစ်ပေါ်ခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် အလောင်းကောင် ကျေးကျွန်၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်များကို သီးခြားစီ ခွဲထုတ်နိုင်ခဲ့သောကြောင့်ပင်။

ဟား ဟား ဟား ဟား

ထိုက်ရွှမ်အဘိုးအိုသည် ခါးထောက်ကာ ရယ်မောလိုက်၏။ “အင်း.. ချိတ်ဆက်မှုကို အောင်အောင်မြင်မြင် ဖယ်ရှား နိုင်ပြီပဲ”

“အံ့အားသင့်စရာပဲ” ကျွင်းချောင်ရှောင်းသည် လက်မထောင်ပြလိုက်၏။ ထူးဆန်းသောအရာများကို လေ့လာသည့် အချိန်တွင် ထိုက်ရွှမ်အဘိုးအိုသည် အားအကောင်းဆုံး ဖြစ်လေသည်။

အချိန်များသည် ဖြည်းညှင်းစွာ ကုန်ဆုံးသွားခဲ့ပြီး ဗုံးကို ဖယ်ရှားပြီးပြီဖြစ်သော အလောင်းကောင်များသည် အပြင်ဘက်သို့ ထွက်လာခဲ့ကြသည်။ ၎င်းတို့သည် လွတ်မြောက်မှုကို ရရှိရုံသာမက လူစွမ်းကောင်း အဖွဲ့ဝင်များ လည်း ဖြစ်လို့လာခဲ့၏။

“ဒီလိုအစီအရင်မျိုး ရှိနေတာ”

ကျွင်းချောင်ရှောင်းသည် အဓိကဟောခန်းထဲတွင် ခြေချိတ်ကာ ထိုင်လျက် ရှိနေသည်။ “အင်း... ရှိရှိသမျှ ကျေးကျွန်အလောင်းကောင်တွေ အကုန်လုံးကို ခေါ်ထုတ်ပြီးတော့ လွတ်လပ်မှု အတွက် တိုက်ခိုက်ခိုင်းရမယ်”

လက်ရှိအခြေအနေမှာတော့ ကျေးကျွန်အလောင်းကောင်များ သေဆုံးသည့်အခြေအနေကို တားဆီးနိုင်ခဲ့ပြီဖြစ်၏။ ဤနည်းလမ်းဖြင့် ကြယ်တာရာစိတ်ဝိညာဉ်လောကသည် ဝိညာဉ်များကို သုတ်သင်ရှင်းလင်းလိုက်မည် ဆိုလျှင်တောင်မှ အလောင်းကောင်များသည် ဘာမှ ဖြစ်လာလိမ့်မည် မဟုတ်ချေ။

ဟုတ်ပေသည်။ အစီအရင်သည် ခဏတာ တားဆီးနိုင်ရုံသာ ရှိသေး၏။ အလောင်းကောင်များအနေဖြင့် လွတ်လပ်မှု ရရှိဖို့ဆိုသည်မှာ စွန်းပုကုံးနှင့် တခြားသောသူများ၏ ပူးပေါင်းပါဝင်မှုကလည်း လိုအပ်နေသေး၏။ ထို့ကြောင့် စွန်းပုကုံးတို့သည် အလွန်တရာ အလုပ်များလျက် ရှိနေ၏။ ရက်ပေါင်းများစွာ အစီအရင်ထဲသို့ ဝင်ရောက်ပြီး အထဲတွင် ရှိနေသည့် အလောင်းကောင်များကို ကယ်တင်နေရ၏။ သူတို့ ပင်ပန်းပြီး အိပ်ချင်နေသည့်အခါမျိုးတွင် ထိုနေရာတွင်သာ လှဲကာ အိပ်နေရတော့၏။

“ကျေးဇူးပါပဲ”

ဦးခေါင်းထဲတွင် ရှိနေသည့် ဗုံးများအား ဖယ်ရှားပြီးသည့်နောက် အလောင်းကောင်များသည် ကျေးဇူးတင်စကား လာရောက်ကာ ပြောဆိုခဲ့ကြသည်။

“ရပါတယ်။ ဒါ ကျုပ်တို့ လုပ်ရမယ့်အလုပ်ပဲ” လူနာများဆီမှ ကျေးဇူးတင်သည့်စကားကို ရသည့်အချိန်တိုင်းတွင် စွန်းပုကုံးနှင့် တခြားသောသူများ၏ မျက်နှာပေါ်၌ တောက်ပသည့်အပြုံးများ ဖြစ်တည်လာခဲ့၏။ ၎င်းတို့၏ ပင်ပန်း နွမ်းနယ်မှုများသည် ပျောက်ကွယ်သွားသကဲ့သို့ပင်။

အဝေးတစ်နေရာတွင် ရပ်တန့်လျက် ရှိနေသည့် ကျွင်းချောင်ရှောင်းက လေးလေးနက်နက် ပြောလိုက်၏။ “မင်းတို့ရဲ့ ကိုယ့်တာဝန်ကိုယ် ယူချင်စိတ်ကို တကယ်ပဲ ငါဂုဏ်ပြုပါတယ်။ ဒါက တကယ့်ကို ကြိုးစားမှုပဲ”

..........

ကြယ်တာရာစိတ်ဝိညာဉ်လောက၏ စစ်တပ်စခန်းများကို ဝင်ရောက်ကာ တိုက်ခိုက်ခဲ့ခြင်းသည် အလောင်းကောင် အရေအတွက် များများကို ရရှိရုံသာမက သိုင်းပညာနှင့် ပတ်သက်၍ အရင်းအမြစ်များကိုလည်း ရရှိခဲ့ကြသည်။ ထိုက်ရွှမ်အဘိုးအိုနှင့် ဖန်းရီကျီတို့သည် ထိုအရာများကို လေ့လာပြီးသည့်နောက် ပိုမိုကာ အားကောင်းလာခဲ့ကြ၏။ ပိုမိုအဆင့်မြင့်သည့် ပန်းပဲပညာရပ်များကို လေ့လာနိုင်ရန်အတွက် ဤကဲ့သို့သော အရာများသည် မဖြစ်မနေ လိုအပ်လာခဲ့ကြသည်။ ၎င်းတို့နှစ်ယောက်သည် အိပ်ဖို့၊ စားဖို့ပင် မေ့လျက်ရှိနေကြ၏။

“ကျုပ်နားလည်ပြီ” တစ်စုံတစ်ခုကို သင်ယူနေသည့်အချိန်မျိုးတွင် ထိုစကားကို မဖြစ်မနေ ပြောဆိုနေမိကြ၏။ ထိုက်ရွှမ်အကြီးအကဲနှင့် ဖန်းရီကျိတို့သည် အစီအရင်၊ ပန်းပဲပညာရပ်များနှင့် ပတ်သက်၍ ကြယ်တာရာ စိတ်ဝိညာဉ်လောကဆီမှ အရာများကို လေ့လာကာဖြင့် အသစ်အသစ်သော နားလည်မှုများကို ရရှိနေကြသည်။

ထိုနားလည်မှုများကို အခြေခံပြီး စက်ရုပ်များ၊ လက်နက်ပစ္စည်းများကို အဆင့်မြှင့်တင်သည့်နေရာတွင် စတင်ကာ အသုံးပြုလာခဲ့ကြ၏။ ကျွဲရိုင်းစက်ရုပ်များ၏ အတွင်းပိုင်းအစီအရင်များကို ထပ်မံကာ အဆင့်မြှင့်တင်လိုက်သည်။ လက်ရှိအခြေအနေမှာတော့ ဆယ့်လေးကြိမ်မြောက် အဆင့်မြှင့်တင်ခြင်းထိ ရောက်ရှိလာခဲ့၏။

ထိုက်ရွှမ်အဘိုးအိုသည် သူ၏ရင်ဘတ်ကို ပုတ်ကာဖြင့် ပြောလိုက်သည်။ “ဒီကျွဲရိုင်းစက်ရုပ်အသစ်တွေရဲ့ တိုးတက်မှု နှုန်းက ငါးဆယ်ရာခိုင်နှုန်းကျော်တယ်”

“ငါးဆယ် ရာခိုင်နှုန်းတည်းလား” ကျွင်းချောင်ရှောင်းသည် သဘောမတွေ့သလို ဖြစ်သွား၏။ သူ၏ အထင်အရဆိုလျှင် ကျွဲရိုင်းစက်ရုပ်အသစ်များသည် နှစ်ရာ ရာခိုင်နှုန်းထက် ပိုမိုတိုးတက်ရန် လိုအပ်၏။ သူသည် ဖြစ်နိုင်သမျှ သွားတိုက်ဆေးညှစ်ထုတ်သလို ညှစ်ထုတ်ရမည် ဖြစ်ကြောင်းကို နားလည်၏။

“တခြားနည်းလမ်းလည်း မရှိဘူးလေ”

ထိုက်ရွှမ်အကြီးအကဲသည် အကူအညီမဲ့စွာဖြင့် ပြောလိုက်သည်။ “ဒါ အကန့် အသတ်ကို ရောက်နေပြီ”

ငါးဆယ်ရာခိုင်နှုန်း စွမ်းဆောင်ရည် တိုးတက်မှုဆိုသည်မှာ တကယ်ပင် ကောင်းမွန်လှသည့်အရာ ဖြစ်တော့၏။

“ဒါကို အင်မော်တယ်တေးသံရဲ့ စွမ်းအင်နဲ့ ပေါင်းစပ်ပြီး သုံးကြည့်ရမယ်” ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။

............

ထိုက်ရွှမ်အဘိုးအို၏ မျက်လုံးများသည် ချာချာလည်သွား၏။ ဤကောင်လေးသည် ပြောတော့သာလွယ်၏။ အင်မော်တယ်တေးသံ၏ စွမ်းအင်များကို ထုတ်ဖော်ကာ အသုံးပြုမည်ဆိုပါက နည်းပညာပိုင်းဆိုင်ရာများကို ပိုမိုလေ့လာရန် လိုအပ်ပြီး သုတေသန ပြုမှုများကိုလည်း ပိုမိုကာ လုပ်ရဦးမှာဖြစ်၏။

...........

ကြယ်တာရာစိတ်ဝိညာဉ်လောကဆီသို့ ပြန်သွားရမည်ဆိုလျှင် နတ်ဆိုးဘိုးဘေးကြီး ဦးဆောင်သည့်လူများသည် အရေးကြီးသည့် စစ်စခန်းများကို ဝင်ရောက်ကာ တိုက်ခိုက်ခဲ့သည် ဖြစ်သောကြောင့် ဂြိုဟ်ကြီးတစ်ခုလုံးသည် အုတ်အော်သောင်းနင်းဖြစ်လို့ နေခဲ့၏။ ယခင်ဖြစ်ခဲ့သည့် ဆက်တိုက် တိုက်ခိုက်မှုများကို အားလုံးက သိရှိပြီး ဖြစ်သောကြောင့် အဓိက မြို့အသီးသီးသည် သတိအပြည့်နှင့် ဖြစ်လို့နေခဲ့၏။ ၎င်းတို့သည် ပြင်းပြင်းထန်ထန်နှင့် စောင့်ကြပ်လျက် ရှိနေသည်။ သို့ပေမဲ့ မတတ်နိုင်ချေ။ အဆုံးသတ်မှာတော့ အားလုံးသောသူတို့သည် သုတ်သင်ခြင်းကို ခံရပြန်သည်။

“ဟောခန်းသခင်”

တရားရေးရာဟောခန်း၏ အဓိကဟောခန်းထဲတွင် ရှိနေသော အဘိုးအိုသည် မျက်နှာ ပျက်ယွင်းလျက် ရှိနေသည်။ “ဒီကိစ္စက ရိုးရှင်းတဲ့ ပုန်ကန်မှုတစ်ခုလို့ ကျုပ်မထင်တော့ဘူး”

“ဒီနေ့မှာ လင်းယွဲ့မြို့ ကိုတောင် ဝင်ပြီးတော့ တိုက်ခိုက်ရဲနေတယ်။ နက်ဖြန်ကျရင် တကယ့်မြို့ကြီးတွေ ကိုတောင် ဝင်ပြီးတော့ တိုက်ခိုက်ဖို့ စီစဉ်နေမလား မသိဘူး” အထက်ပိုင်းအကြီးအကဲများထဲမှ တစ်ယောက်သည် စိုးရိမ်ပူပန်စွာဖြင့် ပြောလိုက်သည်။ ကြယ်တာရာစိတ်ဝိညာဉ်လောကသည် မြို့နှင့်ပြည်နယ် အသီးသီးတို့ ခွဲခြားထားခဲ့၏။

“အထက်ပိုင်းအကြီးအကဲတွေက စပြီးတော့ လှုပ်ရှားနေကြပြီ”

တရားရေးရာဟောခန်းမှ ဟောခန်းသခင်သည် လေးနက်တည်ကြည့်သည့် အမူအရာဖြင့် ပြောလိုက်၏။ “မကြာခင်မှာ တစ်စုံတစ်ယောက်ကို လွှတ်လိမ့်မယ်”

ဖြောက် ဖြောက် ဖြောက်

ရုတ်တရက် ရယ်မောသံကြီးသည် သူ၏နားထဲသို့ ဝင်ရောက်လာသည်။ “ကျုပ်ရောက်ပြီ”

“ဘယ်သူလဲ”

အားလုံးသောသူတို့သည် အလျင်အမြန်ပဲ မတ်တပ်ထကာ ကြည့်လိုက်၏။ သို့ပေမဲ့ ဘာမှ မမြင်ရချေ။

“ဖြစ်နိုင်တာက”

တရားရေးရာဟောခန်းမှ ဟောခန်းသခင်သည် တစ်စုံတစ်ခုကို တွေးတောလိုက်မိ၏။ ပြီးနောက် သူသည် အံ့အားသင့်စွာဖြင့် ပြောလိုက်မိသည်။ “အထက်ပိုင်း အကြီးအကဲတွေက ရင်ဘုရင်ကို စေလွှတ်လိုက် တာလား”

“ကောင်လေး”

ရုတ်တရက် အသံတစ်ခုသည် သူ၏နားထဲ၌ ထွက်ပေါ်လာ၏။ “မင်းခန့်မှန်းတာ အမှန်ပဲ။”

တရားရေးရာဟောခန်းမှ ဟောခန်းသခင်သည် ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်သွား၏။ အဘယ်ကြောင့်ဆိုသော် ထက်ရှလှသည့် ဓားမြှောင်တစ်စင်းသည် လေထုထဲမှတဆင့် သူ၏လည်ပင်းဆီသို့ ရောက်ရှိလာခဲ့၏။

တည်နေရာသည် တွန့်လိမ်သွားခဲ့ပြီးသည့်နောက် သက်လတ်ပိုင်းလူတစ်ယောက် ပေါ်ပေါက်လာ၏။ ၎င်းသည် ပထမဦးဆုံး စပ်ဖြီးဖြီးနှင့် ရယ်လိုက်၏။ ပြီးနောက် ဓားသွားကို လျှာဖြင့်ယက်လိုက်၏။ ကံကောင်းစွာဖြင့် ထိုအရာတွင် အဆိပ်မရှိချေ။ ဤလူသည် ထူးဆန်းလွန်းလှသည့် အော်ရာများကို ထုတ်လွှတ်မနေချေ။ သို့ပေမဲ့ လေထုထဲတွင် ထူးဆန်းစွာ ပေါ်ပေါက်လာ၏။ ထူးဆန်းလွန်းလှချေသည်။

...........

တရားရေးရာဟောခန်းမှ ဟောခန်းသခင်သည် တံတွေး မျိုချလိုက်မိ၏။ စောဏတုန်းက ဓားမြှောင်၏ တိုက်ခိုက်ချက်မှာ ကြောက်မက်ဖွယ်ရာ ကောင်းလှသည်ဟု ခံစားမိ၏။ ငရဲတံခါးဆီမှ လှမ်းထွက်လာသကဲ့သို့ပင်။

ဆွစ်

သူသည် အသာလှည့်ကာဖြင့် ဒူးထောက်ထိုင်ချလိုက်၏။ “တရားရေးရာဟောခန်းရဲ့ ဟောခန်းသခင် ရန်ဟိကျုံ.. ရင်ဘုရင်ကို ဂါရဝပြုပါတယ်”

ဘုတ်

ချက်ချင်းပဲ အထက်ပိုင်းအကြီးအကဲများ အားလုံးတို့သည် ဒူးထောက်ကာ ထိုင်ချလိုက်၏။ ၎င်းတို့အားလုံးသည် ခေါင်းကိုမမော့ရဲလောက်အောင်ပင် ကြောက်လန့်နေခဲ့ကြသည်။ တရားရေးရာဟောခန်းကို လုပ်ကျွေးပြုစုရသည့် စွမ်းအားမြင့် ကျင့်ကြံသူများသည် ပထမတန်းစားဂုဏ်သိက္ခာကို ပိုင်ဆိုင်သူများဖြစ်၏။ အထူးသောလူများ၏ အထက်တွင် ရှိနေသော အထူးအထူးသော လူသားဖြစ်သည်မို့ ၎င်းတို့သည် ဒူးထောက်ကာ ဂါရဝပြုရပေလိမ့်မည်။

ကြယ်တာရာစိတ်ဝိညာဉ်လောကတွင် အဆင့်အမြင့်ဆုံးလူသည် အထူးအထူးသော လူသားပင် ဖြစ်လေ၏။

“ရင်” ၎င်းသည် အထူးအထူးသော လူသားတစ်ယောက်ဖြစ်ပြီး အချိန်တိုင်း ကိုယ်ဖျောက်နိုင်စွမ်းရှိသည်။ သွားချင်သလိုသွား၊ လာချင်သလို လာနိုင်စွမ်းရှိသည်။ အားအင်အဆင့်အရ ပြောရမည်ဆိုလျှင် ကွေ့ရှုဓားသူတော်စင်ထက် မည်သို့မှ အားမနည်းချေ။ ကြယ်တာရာစိတ်ဝိညာဉ်လောကမှ အထက်ပိုင်း အကြီးအကဲတစ်ယောက်ဖြစ်သည်မို့ ကြီးမားလှသည့် ဂုဏ်သိက္ခာ ကိုလည်း ပိုင်ဆိုင်သည်။

“အင်း... ချက်ချင်းပဲ အလုပ်လုပ်ရမယ်”

ရင်ဘုရင်သည် အစည်းအဝေးစားပွဲပေါ်သို့ ထိုင်ချလိုက်ပြီးသည့်နောက် လက်ကိုပိုက်ကာ ပြောလိုက်၏။ “တရားရေးရာဟောခန်းကို ကျုပ် အမိန့်ပေးမယ်”

“ကောင်းပါပြီ” အားလုံးသည် သံပြိုင်အော်ဟစ်လိုက်ကြသည်။

“လက်ရှိ ရှိနေတဲ့ သတင်းအချက်အလက်တွေ အကုန်လုံးကိုပြော” ရင်သည် တခြားအရာများကို ဂရုမစိုက်လှချေ။ စားပွဲပေါ်သို့ အသာလှဲကာဖြင့် နားထောင်လျက် ရှိနေ၏။

“..........”

အားလုံးသောသူတို့သည် ဆွံ့အသွားခဲ့၏။ ဤလူသည် အကျိုးအကြောင်း မဆီလျော်သော လူတစ်ယောက် ဖြစ်ကြောင်း ကောလဟလအဖြစ် ကြားဖူးခဲ့၏။ ယခု မြင်ရသည်ဆိုလျှင်လည်း တကယ်ပင် မှန်ကန်လှသည်။

တရားရေးရာဟောခန်းဆီမှ အထက်ပိုင်း အကြီးအကဲများ အားလုံးတို့သည် လက်ရှိဖြစ်နေသည့် အချက်အလက် များအားလုံးကို တစ်ယောက်ပြီးတစ်ယောက် သံတော်ဦးတင်ရလေ၏။

ရင်ဘုရင်သည် အခြေအနေ တစ်ခုပြီးတစ်ခုကို သုံးသပ်ပြီးနောက် ပျင်းရိလေးကန်သည့်အကြည့်ဖြင့် ကြည့်လိုက်သည်။ “ပြောရမယ်ဆိုရင် ပျောက်ဆုံးနေတဲ့ ကျေးကျွန်အလောင်းကောင်တွေ အကုန်လုံးက သေဆုံးတာမဟုတ်ဘဲနဲ့ ပုန်ကန်တဲ့အဖွဲ့ထဲကို ရောက်သွားတာပေါ့”

“ဟုတ်ပါတယ် ဘုရင်”

“ဒါပြဿနာကြီးတစ်ခု မဟုတ်ဘူး” ရင်သည် အပျင်းကြော ဆန့်ကာဖြင့် ပြောလိုက်၏။ “ဒီလူတွေ ပုန်ကန်တာကို ကာကွယ်ဖို့အတွက် အကောင်းဆုံးနည်းလမ်းကတော့ သတ်ဖြတ်ပစ်တာပဲ”

“အမ်”

တရားရေးရာဟောခန်းမှ လူများသည် ကြောင်အသွားခဲ့၏။ မှန်ပေသည်။ တစ်ဖက်လူများအားလုံး ဤနေရာသို့ ရောက်ရှိချိန်တွင် သတ်ဖြတ်ခဲ့မည်ဆိုပါက နောက်ဆက်တွဲအရာများ ရှိလိမ့်မည် မဟုတ်ချေ။ သို့ပေမဲ့ တစ်ဖက်လူများသည် ရုတ်တရက် အလစ်အငိုက်ဖမ်းကာ ရောက်ရှိလာခဲ့ခြင်းဖြစ်သောကြောင့် မည်ကဲ့သို့ တိုက်ခိုက်ရမည်ကို သူတို့ ကောင်းကောင်း မသိကြချေ။

“မလုပ်နိုင်ဘူးလား” ရင်က မေးမြန်းလိုက်သည်။

“............”

မည်သူမှ မပြောရဲကြချေ။ သို့ပေမဲ့ စိတ်ထဲမှာတော့ ကြိတ်ကာပြောလျက်ရှိ၏။ ဒီကိစ္စက လုပ်နိုင်မှတော့ လုပ်ပြီးတာ ကြာပြီပေါ့။

“ထားလိုက်တော့။ ထားလိုက်တော့”

ရင်သည် စားပွဲပေါ်မှ ခုန်ချလိုက်ပြီးသည့်နောက် ကြယ်တာရာစိတ်ဝိညာဉ် လောက၏ မြေပုံဆီသို့ လှမ်းလျှောက်သွား သည်။ ပြီးနောက် နတ်ဆိုးဘိုးဘေးကြီး တိုက်ခိုက်သည့် မြို့အသီးသီးကို အသာဝိုင်းလိုက်၏။ သေသေချာချာ သုံးသပ်ပြီးသည့်နောက် မေးစေ့ကို ပွတ်သပ်ကာ ပြောလိုက်၏။ “သူတို့က ဒီပုံစံအတိုင်း မြို့တွေကို လိုက်ပြီးတော့ တိုက်ခိုက်တယ်လို့ မထင်ဘူးလား”

“ဒါက”

အားလုံးသောသူတို့သည် စုဝေးလာခဲ့ကြ၏။ ပုန်ကန်နေသည့်မြို့များကို ကြည့်ရှုရမည်ဆိုလျှင် ကြယ်ငါးပွင့် ပုံစံမျိုး တိုက်ခိုက်နေကြခြင်းဖြစ်၏။ မဟုတ်သေးပေ။ ထောင့်က လေးခုသာရှိသေးသည်။ နောက်ဆုံးထောင့်သည် ဤတည်နေရာပင် ဖြစ်ပေလိမ့်မည်။

ဘုတ်

ရင်ဘုရင်သည် မြေပုံပေါ်ရှိ မြို့တစ်ခုကို အသာပုတ်ကာဖြင့် အေးစက်စက် ပြောလိုက်၏။ “တရားရေးရာဟောခန်း မှာရှိသမျှ လူတွေအကုန်လုံး ဒီမြို့ကို သွားပြီး ပုန်းနေလိုက်။ သူတို့ ဘာလုပ်မလဲဆိုတာ ဒီညကြည့်ကြမယ်”

All Chapters