အခန်း ၁၉၁၇
Vol. 129 Ch. 1917
အပိုင်း (၁၉၁၇)
ပြိုင်စံရှားဂိုဏ်း
ကျွင်းချောင်ရှောင်းသည် လူစွမ်းကောင်း ဟောခန်းထဲတွင် ထိုင်လျက်ရှိနေပြီး နတ်ဆိုဘိုးဘေးကြီး၏ နောက်ထက်ပြုလုပ်မည့် အစီအစဉ်များကို သေသေချာချာ နားထောင်လျက် ရှိနေ၏။
"နေအုံး"
မည်သို့ တိုက်ခိုက်မည်ဆိုသည့်အကြောင်း ပြောဆိုနေချိန်မှာတော့ သူသည် ရုတ်တရက် ကြားဖြတ်ကာ ပြောလိုက်သည်။ "ခင်ဗျားက အစီအစဉ်အတိုင်း လုပ်နေတဲ့ပုံပေါ်နေပြီ"
"ဘယ်လိုလဲ"
ကျွင်းချောင်ရှောင်းသည် သဲမြေပုံရှိရာ စားပွဲဆီသို့ အသာလျှောက်ပြီးနောက် တိုက်ခိုက်ပြီးသားဖြစ်သော မြို့လေးခုကို လက်ညိုးညွှန်ပြလိုက်၏။ ပြီးနောက် ငါးခုမြောက်မြို့ကို လက်ညိုးညွှန့်ပြလိုက်၏။ "ကြည့်ရမယ်ဆိုရင် ဒါက စတုဂံပုံစံနဲ့ မတူဘူးလား"
"ဒါ….."
နတ်ဆိုးဘိုးဘေးကြီးသည် သေချာ ဂရုတစိုက်နှင့် ကြည့်ရှုပြီးနောက် အံ့အားတသင့်ဖြင့် ပြောလိုက်သည်။ "အဲလိုဖြစ်နေတာပဲ"
ကျွင်းချောင်ရှောင်းသည် စိတ်ဓာတ်ကျမိသွား၏။ ကြည့်ရသည်မှာ တစ်ဖက်လူသည် ကြုံရာ တိုက်နေသည့် ပုံစံမျိုးဖြစ်သော်လည်း စတုဂံပုံစံ ဖြစ်တည်နေ၏။ နတ်ဆိုးဘိုးဘေးကြီး မြို့ကို တိုက်ခိုက်သည့် ပုံစံသည် သေချာတွက်ချက်ထားခြင်း မဟုတ်ပေ။ အမှတ်မထင်နှင့် ဖြစ်သွားခြင်းပင်။ ကျွင်းချောင်ရှောင်းသာ မညွှန်ပြခဲ့ပါက ကျိန်းသေပေါက် သတိပြုမိလိမ့်မည် မဟုတ်ချေ။
"ဒီပုံစံမျိုး ဖြစ်နေရင် အဆင်မပြေဘူး မြို့ကို ပြောင်းကြရအောင်"
ကြယ်တာရာစိတ်ဝိညာဉ်လောကအနေဖြင့် ဤပုံစံကို သတိပြုမိသွားမည်ကို စိုးရိမ်နေမိ၏။ ထို့ကြောင့် ပ႒မမြို့ထဲတွင် ထောက်ချောက်များနှင့် စောင့်နေမည်ကို သူကစိုးရိမ်နေမိ၏။ သူခန့်မှန်းသည်မှာ အမှန်ပင် ဖြစ်၏။
ရင်ဘုရင်သည် အစောကြီးကတည်းက တရားရေးရာဟောခန်းမှ လူများကို ခေါ်ကာ စောင့်ကြည့်နေ၏။ စတုဂံပုံစံ ဖြစ်တည်နေသည့် ငါးခုမြောက်မြို့ဆီသို့ ရောက်ရှိသည်နှင့် တစ်ပြိုင်နှက် သူသည် တစ်ခါတည်း ဖမ်းဆီးကာ သတ်ဖြတ်ပစ်မှာ သေချာသည်။
"ကောင်းပြီ"
နတ်ဆိုးဘိုးဘေးကြီးက ပြောလိုက်၏။ "ဒါဆိုလည်း ပြောင်းကြရအောင်"
ကျွင်းချောင်ရှောင်းသည် သဲမြေပုံပေါ်ရှိ မြို့တစ်မြို့ကို လက်ညိုးညွှန်ပြကာ ပြောလိုက်သည်။ "ဒီကောင်ကို တိုက်ခိုက်ရင်ကော …."
နတ်ဆိုးဘိုးဘေးကြီး၏ အမူအရာသည် အနည်းငယ် နဝေတိမ်တောင် ဖြစ်သွားခဲ့၏။ တခြားအကြောင်းကြောင့် မဟုတ်ပေ။ ကျွင်းချောင်ရှောင်း ရွေးချယ်လိုက်သော မြို့သည် ကောင်းကင်မြို့ ဖြစ်နေသောကြောင့်ပင်။ ကြယ်တာရာ စိတ်ဝိညာဉ်လောကတွင် ပြည်နယ်ပေါင်း ဆယ်ခု တိတိရှိပြီး ထိုထဲမှ တစ်မြို့ဖြစ်နေသောကြောင့်ပင်။ ပြည်နယ်တစ်ခု၏ မြို့ကို တိုက်ခိုက်မည် ဆိုသည်မှာ အနည်းငယ် လွန်လွန်းလှ၏။
"ကျုပ်တို့ ကြယ်တာရာ စိတ်ဝိညာဉ်လောကရဲ့ ပြည်နယ်မြို့တစ်ခုကို တိုက်ခိုက်မယ်ဆိုရင် အထက်ပိုင်းအကြီးအကဲတွေကို လှုပ်နှိုးသလို ဖြစ်သွားလိမ့်မယ်" နတ်ဆိုးဘိုးဘေးကြီးသည် စိုးရိမ်စွာဖြင့် ပြောလိုက်သည်။
အရေးကြီးသည့် စခန်းများကို တိုက်ခိုက်သိမ်းယူပြီးသည့်နောက် သိုင်းပညာအရင်းအမြစ်များကို ရရှိပြီး အလောင်းကောင်များကိုလည်း ရရှိခဲ့၏။ သို့ပေမဲ့ ပြည်နယ်တစ်ခု၏ အဓိကမြို့ကို တိုက်ခိုက်ရန် သူ့၌ သတ္တိမရှိသေးချေ။ ထို့ပြင် လူစွမ်းကောင်းတပ်၏ အဆင့်အတန်းမှာ အလွန်နိမ့်ပါးလွန်းလှ၏။ တိုးတက်အောင် ပြုလုပ်ရန် လိုအပ်နေသေးသည်ဟု သူကထင်မိ၏။
"အကြီးအကဲတွေက လေးကြိမ်တိတိ တိုက်ခိုက်ပြီးတဲ့နောက်မှာ အလန့်တကြားဖြစ်မနေဘူးလို့ ခင်ဗျားက ထင်နေတုန်းပဲလား" ကျွင်းချောင်ရှောင်းက မေးမြန်းလိုက်သည်။
နတ်ဆိုးဘိုးဘေးကြီးသည် တိတ်ဆိတ်ငြိမ်သက်သွား၏။ သူတို့သည် အရူးမဟုတ်ပါက ကျိန်းသေပေါက် ငြိမ်ငြိမ်ထိုင်ကာ ကြည့်ရှုလိမ့်မည် မဟုတ်ချေ။
"တကယ်တော့"
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ "လုပ်စရာရှိတာကို ဆက်လုပ်ရမှာပဲ။ ဘာပဲဖြစ်ဖြစ် ဆက်လုပ်ရမယ်”
"တိုက်ခိုက်ရမယ်" နတ်ဆိုးဘိုးဘေးကြီးသည် အံကိုကြိတ်ကာ ရေရွတ်လိုက်၏။
သူသည် ဤနှစ်ပိုင်းအတွင်း အရူးတစ်ယောက်လို နေထိုင်ခဲ့ရ၏။ ကန့်သတ်၍မရအောင် များပြားလှသော ဒေါသတရားများကို ဖိနှိမ့်ခဲ့ရ၏။ လက်ရှိအချိန်မှာတော့ ထိုဒေါသတရားများကို ဖွင့်ချစရာ နေရာရရှိခဲ့ပြီ ဖြစ်၏။ တစ်ဖက်လူများအား သေဆုံးသည်အထိ နှိပ်စက် ဆော့ကစားချင်မိသည်။ သူသည် နတ်ဆိုးမျိုးနွယ်၏ ဘိုးဘေးကြီး ဖြစ်၏။ လာရောက်ရှုပ်ထွေး၍ရနိုင်သည့် လူမျိုး မဟုတ်ချေ။
ကြယ်တာရာစိတိဝိညာဉ် လောကဆီသို့ ရောက်ရှိသည့်အချိန်တွင် သူသည် ကြီးမားလှသော ဒေါသတရားများကို ထုတ်ဖော်ပြသကာ တိုက်ခိုက်တတ်ပြီး ကျွင်းချောင်ရှောင်း၏ အရှေ့ဆီသို့ ရောက်သည့်အချိန်တွင်တော့ သူသည် ကြောက်လန့်တတ်သည့် ခွေးတစ်ကောင်ကဲ့သို့ပင်။
"ကျုပ်ဆုံးဖြတ်ပြီးသွားပြီ"
ကျွင်းချောင်ရှောင်းသည် ပေါင်ကို အသာပုတ်ကာ ပြောလိုက်၏။ "ဒီအဓိကမြို့ကို တိုက်ခိုက်ကြစို့။"
ဖောင်း ဖောင်း ဖောင်း
ပန်းပဲခန်းမဆောင်အတွင်းရှိ အသစ်ပြုလုပ်ထားသော လက်နက်များသည် ကြယ်တာရာစိတ်ဝိညာဉ် လောကဆီမှ ရရှိထားသည့် ကျောက်ရိုင်းများနှင့် ဖန်တီးပြုလုပ်ထားသည့် အရာများဖြစ်သည်။
ဖျောက် ဖျောက် ဖျောက်
အစီအရင်ဟောခန်းအတွင်းမှာလည်း အသစ်ပြုလုပ်ထားခဲ့သော ကျွဲရိုင်းစက်ရုပ်များသည် တစ်ခုပြီးတစ်ခု ထွက်ပေါ်နေ၏။ ဖန်တီးပြုလုပ်ထားသည့်အရာများသည် ကြယ်တာရာစိတ်ဝိညာဉ်လောကဆီမှ ရရှိထားသည့် အရင်းအမြစ်များပင် ဖြစ်၏။ ကြယ်တာရာစိတ်ဝိညာဉ်လောကသည် ပြိုင်စံရှားဂိုဏ်း၏ လက်နက်နှင့် စက်ရုပ်များ ကို အဆင့်တိုးတက်အောင် ကူညီပေးခြင်းနှင့်ပင် ဆင်တူနေ၏။
ဖောက်
ကျွင်းချောင်ရှောင်းသည် ကျွဲရိုင်းစက်ရုပ်အသစ်ကြီးထဲသို့ အသာဝင်ပြီးနောက် လက်သီးကို ဆုပ်လိုက်၏။ ပြီးနောက် သူသည် သဘောတကျဖြင့် ပြောလိုက်သည်။ "ဒါမဆိုးဘူးပဲ"
"ဂိုဏ်းချုပ်"
ဖန်းရီကျိက ပြောလိုက်၏။
"စက်ရုပ်ကြီးရဲ့ လက်ရှိအဆင့်နဲ့ဆိုရင် အမြူတေပြောင်းလဲခြင်း ကျင့်ကြံသူသာ အထဲကို ဝင်လိုက်မယ်ဆိုရင် အစစ်အမှန် ရှာဖွေခြင်း အဆင့်နိမ့် အားအင်ထက် မနည်းတဲ့ တိုက်ခိုက်မှုစွမ်းရည်ကို ထုတ်ဖော်နိုင်လိမ့်မယ်။"
ဟမ်
ကျွင်းချောင်ရှောင်းသည် အံ့အားသင့်သွားမိသည်။ "အဲလောက် အားကောင်းတာလား"
အမြူပြောင်းလဲခြင်းနှင့် အစစ်အမှန်ရှာဖွေခြင်းအဆင့် ဆိုသည်မှာ အဆင့်ကြီးတစ်ခု ကွာခြားလွန်းလှ၏။ ဤမျှလောက်တောင် တိုးတက်သွားလေသည်လား။
"ဒါဆိုရင် လက်နက်ကရော"
ဘုတ်
ဖန်းရီကျိသည် သူ၏ သိုလှောင်လက်စွပ်ထဲမှ အလိုလျောက် ပစ်ခတ်၍ရသည့် ရိုင်ဖယ်နှင့်တူသော လက်နက်ကို ထုတ်ယူပြီး စားပွဲပေါ်သို့ တင်ကာပြောလိုက်၏။
"ကျုပ် AK-47ကို အဆင့်မြင့်တင်ထားတယ်"
ကျွင်းချောင်ရှောင်း၏ နှုတ်ခမ်းများသည် တုန်ယင်သွားခဲ့၏။ ပန်းပဲခန်းမဆောင်၏ ဟောခန်းသခင်သည် ဓားမော့၊ လှံ၊ ဓား စသည်တို့ကို လေ့လာရုံသာမက သေနတ်များကိုပါ လေ့လာလျက် ရှိနေသည်။
စနစ်က ပြောလိုက်၏။ "ဒါအကုန် မင်းကြောင့်ပဲလေ"
"ရှောင်ကျီ"
ကျွင်းချောင်ရှောင်းသည် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ "ဒီသေနတ်ကို စမ်းကြည့်လိုက်"
"ကောင်းပါပြီ"
ရှောင်ကျီသည် ရှေ့၌ ရုတ်တရက် ပေါ်ပေါက်လာ၏။ သူသည် ရိုင်ဖယ်အသစ်ကို ယူကာ ကျည်ဖြည့်ပြီးသည့်နောက် စက်ရုံအတွင်းမှ အသာလမ်းလျှောက် ထွက်သွား၏။ ပြီးနောက် ပေတစ်သောင်းနီးပါးခန့် ရှိနေသော တောင်တစ်ခုကို ရွေးချယ်ကာဖြင့် မောင်းခလုတ်ကို ဆွဲချလိုက်၏။ စက်ရုပ်များကို မောင်းနှင်ထိန်းကျောင်းသည့် နေရာ၌ ကျင်းဟီသည် ထိပ်တန်းပဲ့ကိုင်သူ တစ်ယောက်ဖြစ်၏။ သေနတ်ပစ်သည့်နေရာတွင်တော့ ရှောင်ကျီသည် ပထမတန်းစားဖြစ်လေသည်။
ဘန်း
ကျယ်လောင်လွန်းသော အသံကြီး ထွက်ပေါ်လာ၏။ ထိုအသံသည် အမြောက်ကြီးပစ်ခတ်လိုက်သည့် အသံနှင့်ပင် ဆင်တူလှ၏။ အနီးကပ် ကြည့်ရှုမည်ဆိုလျှင် ပြောင်း၏ရှေ့တွင် မီးတောက်များနှင့် ဖြစ်တည်လာခဲ့ပြီး စိတ်ဝိညာဉ် ကျောက်တုံးများနှင့် စုဖွဲ့ထားသော ကျည်ဆန်သည် ရှေ့သို့ ပြေးထွက်သွား၏။
ရှောင်ကျီကို ဗဟိုပြုပြီး ထွက်ပေါ်လာသော စွမ်းအင်လှိုင်းများသည် တဝုန်းဝုန်းနှင့် ပေါက်ကွဲနေ၏။ ပထမဆုံး သေနတ်ကို အသုံးပြုသည့် အချိန်က တန်ပြန်မှုကို မခံနိုင်သောကြောင့် နောက်သို့ လွင့်စင်ခဲ့ရဖူးသည်ကို သူ သတိရလိုက်မိသည်။ လက်ရှိအချိန်မှာတော့ ရှောင်ကျီသည် တောင်တန်းကြီး တစ်ခုကဲ့သို့ပင် မတ်တပ်ရပ်လျက် ရှိနေ၏။ သူသည် ယခင်တုန်းကလို လူငယ်လေး မဟုတ်တော့ချေ။
ဘုန်း……။
ကျည်ဆန်သည် ဖြတ်သန်းသွားခဲ့ပြီးနောက် တောင်ထွတ်တည်နေရာဆီသို့ တိုက်ရိုက်ပင် ဝင်သွား၏။ ရိုင်ဖယ်နှင့် ပစ်ခတ်ပြီးသည့်နောက် တောင်ထွတ်ကြီးတစ်ခုလုံး ပျက်စီးသွားသည်မှာ အမှန်ပင် ပြင်းထန်လွန်းလှ၏။
"မဆိုးဘူးပဲ"
ကျွင်းချောင်ရှောင်းသည် ခေါင်းညိတ်လိုက်သည်။ “ဒီလိုအမျိုးအစား လက်နက်တွေကို များများထုတ်တော့ ပြီးတော့ လူစွမ်းကောင်းတွေကို တစ်ယောက်တစ်ခုပေးမယ်။ "
"ပြဿနာမရှိဘူး" ဖန်းရီကျိသည် ပြုံးလိုက်၏။ ကျွင်းချောင်ရှောင်း ထွက်သွားပြီးနောက် သူသည် တစ်စုံတစ်ခုကိုသတိရစွာဖြင့် ရုတ်တရက်ထအော်လိုက်မိ၏။ "ဟ ….. လူစွမ်းကောင်းတွေက ဘယ်နှစ်ယောက်တောင်လဲ"
"ဂိုဏ်းချုပ်"
လီလိုရှုသည် အဓိကဟောခန်းအတွင်းသို့ ရောက်ဝင်လာကာ ပြောလိုက်သည်။ "ကျွန်မတို့ အလောင်းကောင် တစ်ထောင်ကျော်လောက်ကို ကယ်တင်ခဲ့တယ်။ အကုန်လုံးကို ဆေးဟောခန်းမဆောင်ကို လက်လွဲပေးလိုက်ပါပြီ"
နတ်ဆိုးဘိုးဘေးကြီးသည် တိုက်ခိုက်ရန် လူစွမ်းကောင်းများကို လိုအပ်နေ၏။ သို့ပေမဲ့ အဓိကမြို့ဆီသို သွားရောက်တိုက်ခိုက်သည့် နေရာတွင် လူအင်အားတောင့်တင်းရန် လိုအပ်နေသေး၏။ ကျွင်းချောင်ရှောင်းသည် မြို့အသီးသီးသို့ သွားရောက်ပြီး အလောင်းကောင်များအား ခေါ်ဆောင်လာရန် မိုးဆွေဟောခန်းမှ အဖွဲ့ဝင်များအား အမိန့်ပေးခဲ့၏။
"သူတို့ကို ကယ်တင်လာခဲ့တာလား"
စနစ်သည် ဆွံ့အသွားမိ၏ ။ "ဒါက ကယ်တင်တာရော ဟုတ်ရဲ့လား။ ပြန်ပေးဆွဲလာတာ မဟုတ်ဘူးလား"
မိုးဆွေဟောခန်း၏ အလုပ်လုပ်ပုံသည် အမှန်ပင် စွမ်းဆောင်ရည် မြင့်မားလွန်းလှ၏။ ရက်အနည်းငယ်အတွင်းမှာပဲ သူတို့သည် အလောင်းကောင် တစ်သိန်းကျော်တို့ကို ကယ်တင်ခဲ့၏။ ၎င်းတို့ အားလုံးသည် နိမ့်ကျလှသည့် ကျေးကျွန်ဘဝမှ လူစွမ်းကောင်းများအဖြစ် ပြောင်းလဲသွားခဲ့ကြသည်။
နတ်ဆိုးဘိုးဘေးကြီးသည် နှစ်ဝက် လုံးလုံး မလှုပ်ရှားချေ။ သူသည် ကျွင်းချောင်ရှောင်း၏ အမိန့်ကို စောင့်စားလျက် ရှိနေ၏။ အရိုးသားဆုံးပြောရမည်ဆိုလျှင် နတ်ဆိုးဘိုးဘေးကြီးသည် လက်ရှိအချိန်မှာတော့ အလွန်ကြီးမားသည့် ဖိအားဒဏ်အောက်သို့ ရောက်ရှိနေ၏။ မြို့ထဲတွင် များပြားလှသော ကျွမ်းကျင်သူများ ရှိနေမှာ သေချာ၏။ သူသည် လူများကို ဦးဆောင်၍ တိုက်ခိုက်မည် ဆိုပါက ပြန်မလာနိုင်သည့် အခြေအနေသို့ပင် ရောက်ရှိသွားနိုင်၏။
"စိတ်မပူနဲ့"
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ "ကျုပ်က ယုံကြည်ချက်မရှိတဲ့ အလုပ်ကို ဘယ်တော့မှ မလုပ်ဘူး"
"..."
နတ်ဆိုးဘိုးဘေးကြီးက ပြောလိုက်၏။ "ကျုပ်တို့ ဘယ်အချိန် စလုပ်ရှားကြမလဲ"
"ဒီည"
“ဟမ် …”
ညရောက်သည့် အချိန်မှာတော့ ပြိုင်စံရှားဂိုဏ်းသည် လင်းလက်တောက်ပလျက်ရှိနေ၏။ ဟောခန်းအသီးသီး သည်လည်း မီးများဖြင့် လင်းထိန်နေသည်။
"မြန်မြန် "
သားရဲစီးဟောခန်း၏ တောင်ထွတ်ပေါ်မှာတော့ ချပ်ဝတ်များ ဝတ်ဆင်ထားသည့် တပည့်များသည် ညီညီညာညာဖြင့် ရပ်နေကြ၏။ ၎င်းတို့၏ နောက်တွင်တော့ အဆင့်မြင့်တင်ထားသည့် စက်ရုပ်များသည် တည်ရှိနေ၏။ မြင်ကွင်းသည် အမှန်ပင် ကြည့်ကောင်းလှ၏။
...........
စိတ်ဝိညာဉ်သားရဲ တောင်ထွတ်ပေါ်မှာတော့ ခရမ်းရောင်ဘုရင်သည် ဦးခေါင်းကို ခါရမ်းကာဖြင့် အသာ လှမ်းလျှောက်ထွက်လာ၏။ တစ်ချိန်တည်းမှာပဲ သူ၏ဂိုဏ်းဝတ်စုံကို ချွတ်ထားရန် မမေ့လျော့ခဲ့ချေ။ သူ၏ ကြွက်သား အမြောင်းမြောင်းနှင့် အနီရောင်အတွင်းခံ တို့သည် လိုက်ဖက်ညီလွန်းလှသည်။
သိုင်းလေ့ကျင့်ရေး ကွင်းပြင်ဆီသို့ လှမ်းကာ ကြည့်ရှုမည် ဆိုလျှင် အကြီးအကဲညိုနှင့် အခြားသော အထက်ပိုင်းအကြီးအကဲတို့သည် စီစီရီရီ နှင် မတ်တပ်ရပ်နေကြ၏။ ၎င်းတို့၏ မျက်လုံးထဲတွင်တော့ တိုက်ခိုက်လိုခြင်း ဆန္ဒများအပြည့်ပင်။ သို့ပေမဲ့ ၎င်းတို့သည်လည်း အတွင်းခံသာ ဝတ်ဆင်ထားကြသည်။ ကိုယ်တုံးလုံးများပင်။
သူတို့သည် အစောကပင် အမိန့်ကို ရရှိခဲ့၏။ အရေးကြီးသည့် တာဝန်တစ်ခုကို သွားရောက်ကာ လုပ်ဆောင်ရတော့မည်။ ထိုသို့ဆိုလျှင် စိတ်ဝိညာဉ် သားရဲဟောခန်းသည် အဘယ့်ကြောင့် ဝတ်စုံကို မဝတ်ဆင်ရသနည်း။ အခြားအကြောင်းအရာ မရှိချေ။ ယွမ်သခင်လေး၏ ဒဏ်ကြေးကို မပေးဆောင်နိုင်သောကြောင့်ပင်။ ဂိုဏ်းဝတ်စုံပျက်ဆီးရခြင်း၏ အကျိုးဆက်သည် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှသည်။
ဟောခန်းအသီးသီးသည် ပြင်ဆင်လျက် ရှိနေကြ၏။ ၎င်းတို့သည် ချပ်ဝတ် သို့မဟုတ် တိုက်ခိုက်ရေး ချပ်ဝတ်တို့ကို စတင်ကာ ဝတ်ဆင်နေကြ၏။ စိတ်ဝိညာဉ်သားရဲ တောင်ထွတ် တစ်ခုတည်းသာလျှင် ကိုယ်လုံးတီး ဖြစ်နေခြင်းပင်။ ဤအရာမှာ ပုံမှန်ထက် ဆိုးလွန်းလှ၏။
"ဂိုဏ်းချုပ်က ပြောထားတယ်"
ဟောခန်းသခင်ကျိသည် လေးနက်စွာ ပြောလိုက်၏။ "ဒီတစ်ကြိမ်မှာ ငါတို့က ကြယ်တာရာ စိတ်ဝိညာဉ်လောကဆီသွားပြီး အဓိကမြို့တစ်ခုကို တိုက်ခိုက်ရမယ်။ တကယ်လို့ စိတ်ဝိညာဉ် သားရဲဟောခန်း ကသာ ကောင်းကောင်းလုပ်နိုင်မယ် ဆိုရင် နောက်လအတွက် သားရဲဆေးလုံးတွေ ပိုပြီးတော့ ရလိမ့်မယ်။ "
သားရဲအားလုံး၏ မျက်လုံးများသည် ဝင်းလက်သွားကြသည်။
"ဒီတော့"
ဟောခန်းသခင်ကျိသည် အော်ဟစ်လိုက်၏။ "ဒီကနေစပြီးတော့ အကောင်းဆုံးလုပ်ကြ"
"ကောင်းပါပြီ" သားရဲ အားလုံးသည် အော်ဟစ်လိုက်ကြ၏။ ၎င်းတို့၏ အသံသည် အနီးနားကိုပင် တုန်ခါသွားစေသည်။
ထိုအချိန်မှာတော့ ကျွင်းချောင်ရှောင်း၏ အသံသည် ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့၏။ "တပ်ဖွဲ့အားလုံး တိုက်ခိုက်မယ်"
ဆွစ်
ချက်ချင်းပဲ အဆင်သင့် ပြင်ဆင်ထားခဲ့သော ပြိုင်စံရှားဂိုဏ်းမှ တပည့်များ အားလုံးသည် ပျောက်ကွယ်သွားခဲ့၏။ ၎င်းတို့ အားလုံးသည် ကြယ်တာရာ စိတ်ဝိညာဉ်လောကရှိ ကောင်းကင်မြို့ဆီသို့ ရောက်ရှိသွားခဲ့၏။ များပြားလွန်းလှသော စက်ရုပ်များ၊ ရွက်သင်္ဘောများ အားလုံးတို့သည် မြို့ကို ဝန်းရံထားပြီး ဖြစ်နေသည်။
"ချီးတဲ့မှ"
နတ်ဆိုးဘိုးဘေးကြီး၏ မျက်လုံးများသည် ပြူးထွက်သွားခဲ့၏။ “များလိုက်တဲ့အင်အား”