← Chapters

အခန်း ၁၉၁၈

Vol. 129 Ch. 1918

အခန်း ၁၉၁၈

Vol. 129 Ch. 1918

အပိုင်း (၁၉၁၈)

နတ်ဆိုးဘိုးဘေးကြီးသည် ကျွင်းချောင်ရှောင်းအတွက် အလုပ်လုပ်ခြင်းဖြစ်ပြီး ပြိုင်စံရှားဂိုဏ်းထဲသို့ ဝင်ရောက်ခဲ့ခြင်းမဟုတ်ချေ။ သူသည် ဂိုဏ်းထဲတွင်ရှိနေပြီဖြစ်သော်လည်း တောင်၏အနောက်ဘက်ဆီသို့ သွားရောက်ရန်တော့ ကန့်သတ်ထားခဲ့၏။ ထို့ကြောင့် ဂိုဏ်း၏အားအင်အဆင့်ကို သူသေသေချာချာ မသိရှိခဲ့ချေ။ သို့ပေမဲ့ လက်ရှိအခြေအနေမှာတော့ သူသည် အလုံးစုံ နားလည်သွားခဲ့၏။

ကောင်းကင်ယံထက်တွင် ထောင်နှင့်ချီသော ရွက်သင်္ဘောများ၊ သောင်းနှင့်ချီသော ကျွဲရိုင်းစက်ရုပ်များနှင့် သူသေသေချာချာ ပြုစုပျိုးထောင်ဖူးသော နတ်ဆိုးစစ်သည်များသည် ကောင်းကင်မြို့သို့ ဝန်းရံထားခဲ့ပြီ ဖြစ်၏။ ဤစာရင်းသည် အမှန်ပင် ကောင်းကင်ကြီး တစ်ခုလုံးပြိုလဲလုမတတ် ပြုလုပ်နိုင်သော လူစာရင်းပင် ဖြစ်လေသည်။

“..........”

နတ်ဆိုးဘိုးဘေးကြီးသည် ဆွံ့အသွား၏။ ခဏလောက်ကြာပြီးသည့်နောက် သူ၏မျက်နှာပေါ်တွင် နာကျင်သည့် အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့၏။ သူသည် ကျွင်းချောင်ရှောင်း၏ အမိန့်ကိုနာခံပြီး ကြယ်တာရာ စိတ်ဝိညာဉ်လောကကို တိုက်ခိုက်နေရသည်ဆိုသော်လည်း နှလုံးသားထဲတွင် အမုန်းတရားများတော့ တည်ရှိ နေသေး၏။ တစ်နေ့တွင် ကျွင်းချောင်ရှောင်းနှင့် ပြိုင်စံရှားဂိုဏ်းတို့အား ခြေထောက်အောက်တွင် နင်းချေနိုင် လိမ့်မည်ဟု စိတ်ကူးယဉ်နေမိ၏။

“အားလုံးပဲ”

နတ်ဆိုးဘိုးဘေးကြီးသည် ခေါင်းကိုလှည့်လိုက်၏။ ပြီးနောက် အပြင်ဘက်မြင်ကွင်းကို လှမ်းကြည့်လိုက်သည်။ သူသည် ဝမ်းနည်းဆွေးမြေ့စွာဖြင့် မေးမြန်းလိုက်မိ၏။ “ငါဒီမှာ မျှော်လင့်ချက်ရော ရှိသေးရဲ့လား”

မဟုတ်ပေ။ မျှော်လင့်ချက်ဆိုသည်မှာ မရှိတော့ချေ။ ကျွင်းချောင်ရှောင်းနှင့် ရင်ဆိုင်တိုက်ခိုက်ဖူးသည့် မည်သူမဆိုတို့သည် မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ အလုံးစုံပြန်လာနိုင်သည့်စွမ်းအင်မျိုး မရှိကြချေ။ ထို့ကြောင့် နတ်ဆိုးဘိုးဘေးကြီးသည် လက်ရှိ ၎င်း၏ကံကြမ္မာကို လက်ခံထားရမည်ဖြစ်၏။ လက်စားမချေ နိုင်ဘူးဆိုမှတော့ တစ်စုံတစ်ယောက်အပေါ်တွင်တင်ရှိနေသည့် အငြိုးတရားများအားလုံးကို ဖယ်ရှားပစ် မှသာလျှင် အကောင်းဆုံး ဖြစ်ပေလိမ့်မည်။ ထိုသို့မဟုတ်လျှင် သူ၏အငြိုးအတေးများအားလုံးကို တစ်ခြား တစ်ယောက်ယောက်ဆီသို့ ပို့လွှတ်ရန်သာ ရှိသည်။

ဝှစ်

နတ်ဆိုးဘိုးဘိုးကြီးသည် လက်ထဲတွင် စွမ်းအင်များကို စုစည်းကာ အော်ဟစ်လိုက်၏။ “သတ်ကြတော့”

ပထမတုန်းက သူသည် ကြယ်တာရာစိတ်ဝိညာဉ်လောကရဲ့ အဓိကမြို့ကို ဝင်ရောက်တိုက်ခိုက်နိုင်မလား၊ မနိုင်ဘူးလားဆိုသည်နှင့်ပတ်သက်၍ ပူပန်လျက် ရှိနေမိ၏။ ယခု ပြိုင်စံရှားဂိုဏ်းသည် သူနှင့်အတူ စိတ်လို လက်ရ တိုက်ခိုက်တော့မည်ဖြစ်သောကြောင့် ကျိန်းသေပေါက် စိတ်မပူပင်တော့ပေ။

“သတ်ကြ သတ်ကြ” လူစွမ်းကောင်းများသည် ဒေါသတကြီး အော်ဟစ်လိုက်သည်။

ဤအလောင်းကောင်းကျေးကျွန်အားလုံးသည် ကြယ်တာရာစိတ်ဝိညာဉ်လောကကို အမှန်မုန်းတီးလွန်းကြ၏။ ထို့ကြောင့် ၎င်းတို့အားလုံးသည် သေခြင်းရှင်ခြင်း အခြေအနေမျိုးကို ရင်ဆိုင်ရသည်ဆိုလျှင်တောင်မှ ကျိန်းသေပေါက် နောက်မတွန့်ဘဲ သတ်ဖြတ်ရပေလိမ့်မည်။

မြို့ထဲသို့ အကြောက်အလန့်ကင်းမဲ့စွာဖြင့် ပြေးဝင်လာပြီး မြင်မြင်သမျှကို သတ်ဖြတ်တော့သည်။ သို့ပေမဲ့ ဤတစ်ကြိမ်မှာတော့ သူတို့သည် အကြီးအကျယ် တိုက်ခိုက်ရန်တောင် မလိုအပ်ချေ။ ကျွင်းချောင်ရှောင်းသည် ဂိုဏ်းတစ်ခုလုံးကို လှုပ်ရှားကာ တိုက်ခိုက်ရန် စဉ်းစားခဲ့ပြီးပြီဖြစ်သောကြောင့် နောက်ကွယ်မှာမနေတော့ချေ။

“ရန်သူတွေ... တိုက်ခိုက်ကြ၊ တိုက်ခိုက်ကြ” ကောင်းကင်မြို့တွင် အလန့်တကြား အော်ဟစ်သံများ ထွက်ပေါ်လာခဲ့၏။

ရွှီး ရွှီး ရွှီ

မြို့၏မျှော်စင်ရှေ့တွင် များပြားလွန်းလှသော မြားသမားများထွက်ပေါ်လာခဲ့ကြသည်။ ၎င်းတို့သည် အံ့အားတသင့်လည်းဖြစ်လို့နေကြသည်။ ၎င်းတို့၏ ကြီးမားလှသော တည်နေရာ ဌာနေကြီးသည် ဝိုင်းပတ်ပိတ်ဆို့ခြင်း ကိုခံထားရ၏။ ဘာတွေဖြစ်ကုန်သနည်း။

“မြန်မြန် တရားရေးရာဟောခန်းနှင့် ရင်ဘုရင်ဆီကိုဆက်သွယ်ကြ”

ကောင်းကင်မြို့၏မြို့တော်ဝန်သည် ချက်ခြင်းအမိန့်ပေးလိုက်၏။ ၎င်းသည် တည်ငြိမ်လျက် ရှိနေသေး၏။ ကြောက်လန့်သည့်အရိပ်အယောင်တစ်ချက်ကလေးမှ မပြသချေ။ အကြောင်းအရင်းမှာ ရိုးရှင်း လွန်းလှ၏။ မြို့သည် ဖောက်ထွင်း၍မရနိုင်ချေ။ ဝိုင်းပတ်ခံထားရသည်ဆိုလျှင်တောင်မှ တပ်ကူများ ရောက်လာသည်အထိ တောင့်ခံနိုင်စွမ်းရှိ၏။

“မြို့တော်ဝန်”

နောက်လိုက်တစ်ယောက်က ပြန်ပြောလိုက်သည်။ “တရားရေးရာဟောခန်းကို ဆက်သွယ်ပြီးသွားပြီ။ သူတို့ နာရီဝက်အတွင်းရောက်လာပါလိမ့်မယ်”

“နာရီဝက်ဟုတ်လား”

ကောင်းကင်မြို့၏ မြို့တော်ဝန်သည် ပြုံးကာပြောလိုက်၏။ “ဒါဆိုရင် ပြဿနာမရှိဘူး”

အားလုံးသောသူတို့သည် စိတ်သက်သာရာရသလို သက်ပြင်းချလိုက်မိသည်။

“ဟမ့်”

စွမ်းအားမြင့်ကျင့်ကြံသူတစ်ယောက်သည် အေးစက်စက်နှင့်ပြောလိုက်၏။ “ဒီကျေးကျွန်အဖွဲ့တွေက လာပြီးတော့ တိုက်ခိုက်ရဲတယ် ဟုတ်လား။ အသက်ရှင်ရတာ ပျင်းနေရတာပဲနေမယ်”

မေးစရာအကြောင်းအရင်းမရှိချေ။ ကျူးကျော်လာသည့်စစ်သည်များသည် များပြားလှသည်ဆိုလျှင်တောင်မှ သူတို့သည် ကြောက်လန့်လိမ့်မည်မဟုတ်ချေ။ ထို့ပြင် ကောင်းကင်မြို့၏ အကာအကွယ်သည် အမှန် အဆင့်မြင့်မားလွန်းလှ၏။ တပ်ကူများ နာရီဝက်အတွင်းရောက်လာနိုင်အောင် သူတို့ စောင့်မျှော်နိုင်စွမ်းရှိနေ သေး၏။ မည်သူ့ကိုကြောက်နေရမည်နည်း။

မျက်နှာပေါ်တွင်ရှိနေသည့် အကြောက်အလန့်ကင်းမဲ့လွန်းလှသော အမူအယာများကို မြင်ရသည့်အချိန် မှာတော့ ပဲ့ခန်းထဲတွင် ထိုင်လျက်ရှိနေသည့် ကျွင်းချောင်ရှောင်း သည် ကော်ဖီတစ်ခွက်ကို အသာငုံကာဖြင့် ပြောလိုက်၏။ “အင်း အမြှောက်တွေ အဆင်သင့်ပြင်”

ဒွီး ဒွီး

ပြောပြီးပြီးချင်းမှာပဲ ရွက်သင်္ဘောများ၏အောက်ခြေတွင် အမြှောက်ပြောင်းများ တစ်ခုပြီးတစ်ခု ထွက်ပေါ် လာသည်။

“အဆင်သင့်ပြင်”

ခရက် ခရက် ခရက်

ကျွဲရိုင်းစက်ရုပ် တစ်သောင်းကျော်တို့သည် ၎င်းတို့၏လက်များကို မြှောက်ကာဖြင့် လက်ဆီမှ အမြှောက်ပြောင်းများကို အသက်သွင်းလိုက်သည်။ ဤအရာသည် ထိုက်ရွှမ်အဘိုးအိုနှင့် ဖန်ယီကျိတို့၏ ပူးပေါင်းလေ့လာ သုံးသပ်မှုနှင့် ပြုလုပ်ထားသည့်အရာပင် ဖြစ်သည်။

ဝူး ဝူး

လေများတိုက်ခတ်လာခဲ့၏။ ထိုအချင်းအရာကို မြင်သည့်အချိန်မှာတော့ ကောင်းကင်မြို့တွင်ရှိနေသည့် မြို့တော်ဝန်၏ အမူအယာသည် အနည်းငယ်ပြောင်းလဲသွား၏။ သူသည် ချက်ချင်းပဲအော်ဟစ်လိုက်၏။ “မြို့ရဲ့အကာအကွယ်အစီအရင်ကို ချက်ချင်း အားကောင်းအောင်လုပ်တော့”

ဒွီး ဒွီး ...။

အစီအရင်ဆရာပေါင်းတစ်သောင်းကျော်တို့သည် အတူတကွ ပူးပေါင်းလုပ်ဆောင်ပြီး မြို့တွင်ရှိနေသော အကာအကွယ် အစီအရင်ကို ပိုမိုအားကောင်းအောင် အားဖြည့်လျက်ရှိ၏။ အစီအရင် ပိုမိုအားကောင်းသွားသည် နှင့်အမျှ အားလုံးသောသူတို့သည် လုံခြုံသွားသည်ဟု ခံစားမိ၏။ ၎င်းတို့သည် အပြင်ဘက်တွင်ရှိနေသော ရွက်သင်္ဘောများ၊ စက်ရုပ်များကို ကြည့်ရှုပြီး လှောင်ပြောင်သလို ရယ်မောလျက် ရှိနေမိသည်။

“ချီးထဲမှ”

“ဒီကောင်တွေ တစ်ကယ့်ကို ဦးနှောက်မဲ့တဲ့ကောင်တွေပဲ။ ဘယ်လိုဖြစ်ပြီး ငါတို့ကို လာတိုက်ခိုက်ရဲရတာလဲ”

မြို့သည် ဝိုင်းရံခံထားရသည်ဆိုလျှင်တောင်မှ အထဲသို့ဝင်လာရန်ဆိုသည်မှာမဖြစ်နိုင်ချေ။

......

အဝေးတစ်နေရာတွင်တော့ ရွက်သင်္ဘောများနှင့် စက်ရုပ်များသည် တိုက်ခိုက်ရန် အဆင်သင့်ဖြစ်လို့နေ၏။

ကောင်းကင်မြို့

ကြယ်တာရာစိတ်ဝိညာဉ်လောက၏ ထိပ်တန်းပြည်နယ်မြို့ကြီး ဆယ်မြို့ထဲမှ တစ်ခုဖြစ်ပြီး အမှန်ပင် ကောင်းမွန်လှသည့် အကာအကွယ်ကို တည်‌ဆောက်ထား၏။ ဤအရာသည် ကြီးကျယ်ခမ်းနားလှသော မြင်ကွင်းပင်။

တစ်စက္ကန့်လောက်ကြာပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် လက်ကိုဝှေ့ယမ်းကာပြောလိုက်၏။ “မြို့ကို ဖျက်ဆီးတော့”

ဘုန်း ဘုန်း

ချက်ချင်းပဲ ရွက်သင်္ဘောများ၏အောက်ခြေတွင်ရှိနေသည့် အမြှောက်ဆန်များသည် မြို့ဆီသို့ ရောက်ရှိသွား ခဲ့၏။ ကျွဲရိုင်းစက်ရုပ်များ၏ လက်၌ ရှိနေသော အမြှောက်ကဲ့သို့သောအရာဆီမှ အမြှောက်ဆန်များသည် လည်း လေဟာနယ်တစ်ခုလုံးကို ပြည့်နှက်စွာဖြင့် မြို့၏အကာအကွယ်အတားအဆီးကို ဖျက်ဆီးလျက် ရှိနေသည်။

နတ်ဆိုးဘိုးဘေးကြီးသည် ချက်ခြင်းပဲ သူ၏ နားကိုအုပ်ထား၏။ သူ၏မျက်လုံးထဲတွင် အံ့အားသင့်မှုများနှင့် ပြည့်နှက်နေ၏။ ဤတိုက်ခိုက်မှုသည် အရှိန်အဟုန်ကြီးမားလွန်း၏။

ဆွစ် ဆွစ်

အရှေ့ဘက်ခပ်ဝေးဝေးတည်နေရာ ......။

နတ်ဆိုးဘိုးဘေးကြီး တိုက်ခိုက်ရန်ရွေးချယ်ခဲ့သည့် မြို့၏တည်နေရာအပြင်ဘက်နေရာတွင်တော့ တရား ရေးရာဟောခန်းမှ လက်ရွေးစင်အဖွဲ့သား စစ်သည်တစ်သိန်းနီးပါးတို့သည် မြန်မြန်ဆန်ဆန် လှုပ်ရှား လိုက်ကြသည်။

“ချီးထဲမှ”

ခေါင်းဆောင်ဖြစ်သော ရင်ဘုရင်သည် ဒေါသတကြီးဖြင့်ပြောလိုက်၏။ “ငါတို့အရူးလုပ်ခံရတာပဲ”

သူသည် တစ်ဖက်လူတိုက်ခိုက်ရမည့် တည်နေရာကို မှန်မှန်ကန်ကန်နှင့် ရွေးချယ်ခဲ့သည်ဟု ထင်မှတ်ခဲ့၏။ သို့ပေမဲ့ အချိန်အတော်ကြာစောင့်စားပြီးသည့်နောက် ရန်သူများ ရောက်ရှိမလာရုံမက ကောင်းကင်မြို့ တိုက်ခိုက်ခံနေရသည်ဆိုသော သတင်းသာလျှင် သူ့ဆီ ရောက်ရှိခဲ့သည်။

ဘုန်း ဘုန်း

လမ်းပေါ်မှာတော့ ပေါက်ကွဲသံများနှင့် ပြည့်နှက်နေသည်။ ရင်ဘုရင်သည် ချက်ချင်းပဲ ကောင်းကင်မြို့ဆီမှ ထွက်ပေါ်လာသည့်အသံများဖြစ်ကြောင်းကို ခန့်မှန်းမိ၏။ ထို့ကြောင့် သူက အော်ဟစ်လိုက်၏။ “အရှိန် မြှင့်တင်ထားတော့”

“ရင်ဘုရင်”

တရားရေးရာဟောခန်းမှ ဟောခန်းဘုရင်သည် အနောက်မှ အသာလိုက်ပါလာခဲ့၏။ “ကောင်းကင်မြို့ရဲ့ အကာအကွယ်က အရမ်းကိုမြင့်မားတယ်။ ဒီတော့ ပုံမှန်လူတွေနဲ့ ဒါကို ချိုးဖြတ်နိုင်ဖို့ အချိန်လိုလိမ့်မယ်။ အမြန်သာသွားမယ်ဆိုရင် တစ်ဖက်လူတွေကို ချက်ချင်းပဲ ဖမ်းဆီးနိုင်လိမ့်မယ်ထင်တယ်”

“ဒါအမှန်ပဲ”

ရင်ဘုရင်သည် သဘောတူညီလိုက်သည်။ “ကျုပ်လည်း ဒီလိုတွေးမိတယ်”

ဟမ့်

တရားရေးရာဟောခန်း၏ အထက်ပိုင်းအကြီးအကဲထဲမှ တစ်ယောက်သည် နှာခေါင်းရှုံ့လိုက်၏။ “ဒီကျေးကျွန် တွေက ရူးနေတာပဲ။ ဘယ်လိုဖြစ်ပြီးတော့ အဓိကမြို့ကိုတောင် တိုက်ခိုက်ရဲရတာလဲ”

“နားထောင်ကြ”

ရင်ဘုရင်သည် ကျယ်လောင်စွာပြောလိုက်သည် “ကောင်းကင်မြို့ကိုရောက်ပြီဆိုတာနဲ့ ပုန်ကန်သူတွေကို တစ်ယောက်မှမလွတ်စေနဲ့။ အားလုံးသတ်ပစ်”

အလောင်းကျေးကျွန်များသည် လွန်ခဲ့သည့်နှစ်ပေါင်းများစွာထဲက တည်ရှိနေသည့်အရာများ ဖြစ်သည်။ သို့ပေမဲ့ ယခု ရဲရင့်လို့နေခဲ့၏။ အခြားသူများကို သတိပေးသည့်အနေဖြင့် ကျိန်းသေပေါက်အားလုံးကို သတ်ဖြတ်ပစ်ရပေလိမ့်မည်။

“ကောင်းပါပြီ”

အားလုံးတို့သည် အော်ဟစ်လိုက်ကြသည်။ သူတို့ ကျယ်လောင်စွာအော်ဟစ်ခဲ့သည်ဆိုသော်လည်း မြို့ဆီကို ရောက်ရှိသည့်အချိန်မှာတော့ ဆွံ့အလို့သွားခဲ့၏။

ကောင်းကင်မြို့

ကြယ်တာရာစိတ်ဝိညာဉ်လောက၏ ပြည်နယ်မြို့ကြီးဆယ်ခုထဲမှ အဓိကမြို့ကြီးတစ်ခုသည် ပျက်စီးလျက် ရှိနေ၏။ မဖျက်ဆီးနိုင်သည့် မြို့၏နံရံကြီးသည် မည်သည့်အခါကမှ မရှိခဲ့သလိုပျောက်ကွယ်နေခဲ့၏။ မြို့၏အကာအကွယ်အစီအရင်လည်း မရှိတော့ချေ။

မြို့တော်ဝန်နှင့် အားလုံးသောသူတို့သည် မြို့၏မျှော်စင်ရှေ့တွင် ကြိုးတုပ်ကာ ဒူးထောက်ထိုင်နေရ၏။ ၎င်းတို့၏ ခန္ဓာကိုယ်တစ်ခုလုံးတုန်ခါနေသည်ကို ကြည့်ရှုရသည်မှာ အစစ်အမှန်ကြောက်လန့်နေသည့်ပုံပင်။ ၎င်းတို့၏ နောက်မှာတော့ ပြိုင်စံရှားဂိုဏ်းတပည့်များသည် ၎င်းတို့၏ဦးခေါင်းဆီသို့ သေနတ်ပြောင်းများဖြင့် ချိန်ထား၏။

“အားနာပါတယ်”

အရှေ့တွင်ထိုင်လျက်ရှိနေသည့် ကျွင်းချောင်ရှောင်းသည် လက်ထဲရှိ စီးကရက်ကို အသာရှိုက်ကာဖြင့် ပြောလိုက်၏။ “အင်း .... ခင်ဗျားတို့နောက်ကျသွားပြီ”

ရင်ဘုရင်၏မျက်နှာသည် ပျက်ယွင်းသွားခဲ့၏။ ကောင်းကင်မြို့ဆီမှ အကူအညီတောင်းမှုကို လက်ခံရရှိသည့်အချိန်တွင် နာရီဝက်အတွင်းရောက်ရှိလာမည်ဟု သူကပြန်ပြောခဲ့၏။ အမှန်ပင် သူတိတိကျကျ ရောက်ရှိလာခဲ့၏။ သို့ပေမဲ့ ရောက်ရောက်ချင်းမှာပဲ ပြိုင်စံရှားဂိုဏ်းသည် ကောင်းကင်မြို့တစ်ခုလုံးကို ဖျက်ဆီးခဲ့ပြီးပြီဖြစ်သည်။

“သတ်ကြ”

ရင်ဘုရင်သည် လေးနက်သည့်အသံဖြင့်ပြောလိုက်၏။ “အားလုံးကိုသတ်လိုက်ကြ”

သူသည် ဒေါသထွက်လျက်ရှိနေ၏။ သူသည် ကောင်းကင်မြို့ကို ပြန်လည် သိမ်းပိုက်ချင်၏။ ဤပုန်ကန်သူများ အားလုံးကိုလည်း သတ်ဖြတ်ချင်မိသည်။

“သတ်ကြ သတ်ကြ”

ကောင်းကင်မြို့၏ တရားရေးရာဟောခန်းဆီမှ စွမ်းအားမြင့်ကျင့်ကြံသူများနှင့် လက်ရွေးစင် စစ်သည်များသည် ရှေ့ဆီသို့လှမ်းတက်လိုက်ကြ၏။ သို့ပေမဲ့ ၎င်းတို့ကို စောင့်မျှော်နေသည် မှာတော့ RBG လောင်ချာများ၊ စနိုက်ပါရိုင်ဖယ်နှင့် အခြားလက်နက်များပင်ဖြစ်လေ၏။

ကျွင်းချောင်ရှောင်းသည် ဦးခေါင်းကို ခါယမ်းကာ ပြောလိုက်သည်။ “ပြိုင်စံရှားဂိုဏ်းက ဒီမြို့ကို ယူခဲ့ပြီဆိုမှတော့ ဘယ်လိုလုပ်ပြန်ပေးဖို့ ရည်ရွယ်ချက်ရှိမှာလဲ”

နတ်ဆိုးဘိုးဘေးကြီးသည် မြေပေါ်သို့ လဲကျလုမတတ်ဖြစ်သွား၏။ သူ့အနေနှင့် ဤအင်အားစုသို့လာရောက် တိုက်ခိုက်သည်ဆိုသည်မှာ အထဲထဲတွင် ရှိနေသော သိုင်းပညာအရင်းအမြစ်များနှင့် အလောင်းကျေးကျွန် များကို ယူဆောင်သွားရန်ဖြစ်သည်ဟု ထင်မှတ်ခဲ့၏။ သို့ပေမဲ့ တစ်ဖက်လူသည် မြို့ကြီးတစ်ခုလုံးကို သိမ်းပိုက်ပြီး ပြန်မပေးတော့ဘူးဟု ပြောဆိုလျက်ရှိနေ၏။ ဤနေရာကို ခြေကုတ်ယူတော့မည့် အဓိပ္ပာယ်ပင်။

All Chapters