← Chapters

အခန်း ၁၉၁၉

Vol. 129 Ch. 1919

အခန်း ၁၉၁၉

Vol. 129 Ch. 1919

အပိုင်း (၁၉၁၉)

ကျွင်းချောင်ရှောင်းအနေနှင့် အဘယ့်ကြောင့် သူ၏စစ်တပ်ကြီးတစ်ခုလုံးကို အသုံးပြုကာ တိုက်ခိုက်ခဲ့ရ သနည်း။ အဘယ့်ကြောင့်ဆိုသော် ကောင်းကင်မြို့ကို သိမ်းပိုက်ပြီးသည့်နောက် သူသည် ဤတည်နေရာမှ ထွက်ခွာမသွားရန် ဆုံးဖြတ်ခဲ့သောကြောင့်ပင်။ ပိုမိုအားကောင်းလာချင်သည်နှင့်အမျှ သူသည် လှည့်ကွက် များကို အသုံးပြု၍ နောက်ကွယ်မှတိုက်ခိုက်ရသည့် အကြံအစည်ကို မလုပ်ချင်တော့ချေ။ ထိုအစား ပထဝီဒေသအရ ကောင်းမွန်လွန်းလှသည့် မြို့တစ်ခုကိုသိမ်းပိုက်ပြီးသည့်နောက် ထိုနေရာကို ခြေကုပ်ယူကာ ကြယ်တာရာစိတ်ဝိညာဉ်လောကကြီးတစ်ခုလုံးကို ထိပ်တိုက်တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်၏။

“ဒီကောင်”

ကျွင်းချောင်ရှောင်း၏ ရည်ရွယ်ချက်ကို သိရှိပြီးနောက် နတ်ဆိုးဘိုးဘေးကြီးသည် ချီးကျူးသလို ပြောလိုက်သည်။ “သူ့ရဲ့အတွေးအခေါ်နဲ့ ရည်မှန်းချက်က ငါ့ထက်ပိုပြီးကြီးမားတာပဲ”

လူစွမ်းကောင်းများ၏ ခေါင်းဆောင်ဖြစ်လာပြီးသည့်နောက် သူသည် ဦးစီးဦးဆောင်နှင့် တိုက်ခိုက်ရသည့် ခက်ခဲမှုကို ပိုမိုကာနားလည်လာမိ၏။ သူသည် များပြားလွန်းလှသော အလောင်းကျေးကျွန် ကောင်များကို ခေါ်ယူကာ ပြုစုပျိုးထောင်ခဲ့သည်ဆိုသော်လည်း ကြယ်တာရာစိတ်ဝိညာဉ်လောကကြီး တစ်ခုလုံးကို တိုက်ခိုက်ရန်တော့ ဘယ်တော့မှ သတ္တိရှိလိမ့်မည်မဟုတ်ချေ။ အခြား တစ်ဖက်က ကြည့်မည် ဆိုလျှင်တော့ ကျွင်းချောင်ရှောင်းသည် တကယ်ပဲ ပြုလုပ်ပေးလျက် ရှိနေ၏။

ဘုန်း ဘုန်း

တွေးတောလျက်ရှိနေတုန်းမှာပဲ အမြှောက်သံများသည် သူ၏နားထဲသို့ဝင်ရောက်လာ၏။ အသာလှည့်ကာ ကြည့်ရှုလိုက်မည်ဆိုလျှင်တော့ သူ၏ရှေ့ရှိ မြင်ကွင်းတစ်ခုလုံးသည် အနှေးပြကွက်များဖြင့် မြင်နေရသကဲ့ သို့ပင်။

ပြိုင်စံရှားဂိုဏ်း၏တပည့်များသည် ၎င်းတို့၏လက်တွင် သေနတ်များကိုကိုင်ဆောင်ထားခဲ့ကြပြီး ကျိုးပျက်လျက်ရှိနေသည့် မြို့၏နံရံတချို့တွင် ရပ်တန့်လျက်ရှိနေ၏။ ၎င်းတို့အားလုံးသည် အရှေ့ဆီမှ လှမ်းဝင်လာခဲ့သည့် ကြယ်တာရာစိတ်ဝိညာဉ်လောက၏ စစ်သည်များကို သေနတ်ဖြင့် ပစ်လျက်ရှိ၏။ ကျည်ဆံများ၊ အမြှောက်ဆန်များသည် လေဟာနယ်ထဲကို ထိုးခွင့်ကာဖြင့် တစ်ဖက် စစ်သည်များ၏ ကိုယ်ထဲသို့ တိုးဝင်သွားသည်။

နတ်ဆိုးဘိုးဘေးကြီးသည် မျက်လုံးကို စုံမှိတ်ထား၏။ သူသည် သေနတ်သံ၊ အမြှောက်သံများအားလုံးကို သေသေချာချာ နားထောင်လျက်ရှိ၏။ သူ၏ ဝိညာဉ်တစ်ခုလုံးသည် အမှန်ပင် ကောင်းမွန်လှသည့် အခြေအနေ တစ်ခုဆီသို့ ရောက်ရှိလာ၏။ နှုတ်ခမ်းထောင့်တွင်လည်း အပြုံးများနှင့် ပြည့်နှက်နေ၏။ “နားထောင်ကြည့်၊ ဘယ်လောက်လှပလိုက်တဲ့အသံတွေလဲ”

ဆွစ်

ရုတ်တရက် နတ်ဆိုးဘိုးဘိုးကြီးသည် ရှေ့ဆီသို့လှမ်းသွား၏။ သူသည် ပြိုင်စံရှားဂိုဏ်းတပည့်များ၏ဘေးတွင် မတ်တပ်ရပ်လိုက်ပြီးသည့်နောက် သိုလှောင်လက်စွပ်ထဲတွင်ရှိနေသော AK-47 ကိုထုတ်ယူလိုက်၏။ သူသည် ဤလက်နက်ကို ရရှိထားသည်မှာ ကြာမြင့်လှပြီဖြစ်သည်။ သို့ပေမဲ့ အသုံးပြုရန်အတွက် အထင်အမြင်သေးလို့ နေခဲ့၏။ လက်ရှိအခြေအနေမှာတော့ တကယ်ပင်အထင်ကြီးမိသည်။

အား

ဒက် ဒက် ဒက် .....။

နတ်ဆိုးဘိုးဘေးကြီးသည် လူအုပ်ထဲသို့ ပစ်ချလိုက်၏။ ကျည်ဆံများ ရန်သူ၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်သွားသည့်အသံကို နားထောင်ပြီးသည့်နောက် သူသည် အမှန်ပင် စိတ်လှုပ်ရှားလျက် ရှိနေ၏။

ကျိုးပျက်လျက်ရှိနေသည့် မြို့၏နံရံ၏ရှေ့တွင် ဗီလိန်အဆင့် စွမ်းအားမြင့်ကျင့်ကြံသူတစ်ယောက်သည် သေနတ်ကြီးကိုကိုင်ဆောင်ကာ ပြင်းပြင်းထန်ထန်နှင့် ပစ်ခတ်လျက်ရှိနေ၏။ ၎င်းသည် ပြိုင်စံရှားဂိုဏ်းနှင့် တစ်သားတည်း ဖြစ်တည်နေပုံပေါ်သည်။ မည်သည့်လျှို့ဝှက်နည်းစနစ်၊ မည်သည့်စွမ်းအင်မျိုးကိုမှ အသုံး မပြုဘဲ သေနတ်ကိုကိုင်ကာပစ်ခတ်နေသည်။

ကျွင်းချောင်ရှောင်း၏ နှုတ်ခမ်းထောင့်တွင် စိတ်ကျေနပ်သည့် အပြုံးတစ်ခု ဖြစ်တည်နေခဲ့၏။ သေနတ်များနှင့် ဆော့ကစားခြင်း - ဤအရာသည် ယောက်ျားများနှစ်သက်ရာအရာပင် ဖြစ်လေသည်။ နတ်ဆိုးဘိုးဘေးကြီး လည်း ချွင်းချက်မရှိချေ။

“သတ်ကြ”

လူစွမ်းကောင်းများသည် မြို့၏ နံရံနားဆီသို့ ကပ်လိုက်၏။ ပြီးနောက် သေနတ်မောင်းများကို ဆွဲကာဖြင့် ရှေ့မှ ဝင်ရောက်လာခဲ့သည့် စစ်သည်များအားလုံးကို ပစ်ခတ်နေကြ၏။

ဝုန်း ဝုန်း ဝုန်း

ကြယ်တာရာစိတ်ဝိညာဉ်လောကမှ စစ်သည်တော်များသည် လှိုင်းများကဲ့သို့ပင် တစ်လှိုင်းပြီးတစ်လှိုင်း ဝင်ရောက်လာခဲ့သည်။ သို့ပေမဲ့ အရှေ့မှဝင်ရောက်လာခဲ့သည့် စစ်သည်များသည် ကျည်ဆံများ၏ ထွင်းဖောက်မှုကိုခံရပြီး မြေပေါ်သို့ ပြုတ်ကျကုန်သည်။

ဟုတ်ပေသည်။ အားလုံးသောသူတို့သည် သေဆုံးသွားခဲ့ ကြခြင်းတော့မဟုတ်ချေ။ တချို့ဆိုလျှင် ရှေ့မှရှိနေသည့် စစ်သည်များကို အကာအကွယ်ယူပြီးသည့်နောက် တဖြည်းဖြည်း မြို့နှင့်နီးကပ်လာ၏။ ကြည့်ရသည်မှာ အနီးကပ်တိုက်ခိုက်ရန် စီစဉ်နေကြပုံပင်။

ဘုန်း

ထိုအချိန်မှာတော့ နားကွဲလောက်စရာအသံကြီးထွက်ပေါ်လာခဲ့၏။ ကြီးမားလွန်းလှသည့် အလင်းတန်းကြီး သည် ကြယ်တာရာစိတ်ဝိညာဉ်လောကမှ စစ်သည်များ၏ကြားသို့ကျဆင်းလာပြီး ကြီးကျယ်ခမ်းနားလွန်း သည့် ပေါက်ကွဲမှုကြီး ဖြစ်တည်စေ၏။

ဘုန်း

အဖြူရောင်အခိုးအငွေ့များသည် တည်နေရာတစ်ခုလုံးတွင် ဖြစ်တည်နေ၏။ ကောင်းကင်ပေါ်တွင် မှိုပွင့် ပုံသဏ္ဍာန်တိမ်တစ်ခု ဖြစ််တည်လာသည်။

ဒေါင် ဒေါင် ဒေါင်

ဘုတ် ဘုတ် ဘုတ်

နတ်ဆိုးဘိုးဘေးကြီးသည် အနောက်ကို ခြေလှမ်းအနည်းငယ်ဆုတ်လိုက်၏။‌ သူသည် မြေပေါ်လဲကျ လုမတတ် အံ့အားသင့်သွားမိ၏။ သူ၏ရှေ့ရှိ ရန်သူစစ်သည်ပေါင်းတစ်သောင်းကျော်တို့တို့သည် အမှုန်အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီဖြစ်၏။ ပေထောင်ချီနက်ရှိုင်းလွန်းလှသည့် တွင်းကြီးတစ်ခုကလည်း ပေါ်ပေါက်နေ၏။

“ဒါ... ဒါက”

နတ်ဆိုးဘိုးဘေးကြီးသည် ဦးခေါင်းကို ခက်ခက်ခဲခဲနှင့် လှည့်ကာကြည့်ရှုလိုက်သည့်အချိန် မှာတော့ မျှော်စင်တစ်နေရာတွင် မတ်တပ်ရပ်လျက်ရှိနေသည့် ရှောင်ကျီကို မြင်လိုက်ရ၏။ ၎င်း၏ဘေးတွင် တော့ အငွေ့များထွက်လျက်ရှိနေသည့် အဝိုင်းပုံစံအရာကြီးတစ်ခုကတည်ရှိနေသည်။

အနောက်ဘက်တွင် လီထျန်းထျန်းနှင့် အခြားသော သူများလည်းရှိနေ၏။ ၎င်းတို့သည် လက်ကို နောက်ပစ်ကာဖြင့် ရှေ့တွင်ဖြစ်ပေါ်လျက်ရှိနေသည့် မြင်ကွင်းကို စိတ်ကျေနပ်စွာဖြင့် ကြည့်ရှုနေသည်။ အင်မော်တယ်တေးသံ၏စွမ်းအင်များနှင့် ပေါင်းစပ်ထားသည့် ဤအမြှောက်ကြီး၏ စွမ်းအင်သည် ကြောက်ခမန်းလိလိပင်။

နတ်ဆိုးဘိုးဘေးကြီးကို ကြောင်အသွားစေသည်သာမက အရှေ့သို့ ဆက်လက်ပြေးဝင်လာခဲ့သည့် ကြယ်တာရာစိတ်ဝိညာဉ်လောကမှ စစ်သည်များအားလုံးကိုလည်း ကြောင်အသွားစေ၏။ ၎င်းတို့သည် ကျောရိုးမကြီးများ စိမ့်တက်သွားသည်အထိ ကြောက်လန့်သွားခဲ့ကြ၏။ အလျှင်အမြန်ဖြင့်နောက်သို့ ပြန်လည် ဆုတ်ခွာကြသည်။ ၎င်းတို့၏ ရှေ့တွင်တော့ ကြီးမားလွန်းလှသည့်တွင်းကြီးတစ်ခုရှိနေပြီး မည်သူကမျှ အရှေ့ဆီသို့ တစ်လှမ်းမလှမ်းရဲခဲ့ချေ။

“အင်း”

ကျွင်းချောင်ရှောင်းသည် ထိုင်ခုံကိုအသာမှေးမှီကာဖြင့် အပျင်းကြောဆန့်လိုက်၏။ “ပြိုင်ဘက် ကင်းရတာ အထီးကျန်လိုက်တာ”

“..........”

ဘေးတစ်ဖက်တွင် မတ်တပ်ရပ်လျက်ရှိနေသည့် ကျန့်ကွေ့ရှု၏ နှုတ်ခမ်းများသည် တုန်ယင်လျက်ရှိ၏။ ဤအကောင်သည် အမှန်ပင် ဟန်ထုတ်လွန်းလှသည်ဆိုသော်လည်း ထုတ်ဖော်တိုက်ခိုက်ခဲ့သည့် လက်နက် ပစ္စည်းနှင့် တိုက်ခိုက်မှုစွမ်းအင်သည် ကြောက်ဖို့ကောင်းလှ၏။ ထပ်မံကာ ပစ်ခတ်မည်ဆိုပါက မြို့၏ အပြင်ဘက် တွင်ရှိနေသည့် စစ်သည်ပေါင်းများစွာတို့သည် ချက်ချင်း ပျောက်ခြင်းမလှ ပျောက်ကွယ် သွားမှာ သေချာသည်။

ဝှစ်

ရုတ်တရက် လေတိုးသံတစ်ခုသည် သူ၏နားထဲတွင် ပေါ်ပေါက်လာ၏။ ကုထျန်းရှင်းနှင့် ပြိုင်စံရှားဂိုဏ်းမှ အကြီးအကဲများတို့သည် သတိမပြုမိခဲ့ချေ။ သို့ပေမဲ့ ကျန့်ကွေ့ရှုကတော့ သတိပြုမိ၏။ သူ၏အမူအယာသည် ပြောင်းလဲသွား၏။ “ဂိုဏ်းချုပ်ကျွင်း... နည်းနည်း”

ဘုန်း

သူပြော၍မပြီးသေးခင်မှာပဲ ကျွင်းချောင်ရှောင်း ရှိနေရာ တည်နေရာ၏ အသံကျယ်ကြီးတစ်ခု ထွက်ပေါ်လာသည်။

ကျွင်းချောင်ရှောင်းသည် အနောက်ဘက်သို့ လှမ်းဆုတ်လိုက်၏။ ခန္ဓာကိုယ်ကို ခက်ခက်ခဲခဲဖြင့် ဟန်ချက်ညီအောင် ထိန်းချုပ်ပြီးသည့်နောက် သူ၏မျက်နှာသွင်ပြင်သည် လေးနက်သွားခဲ့၏။

ဟား ဟား ဟား

ပုံရိပ်ယောင်တစ်ခုသည် ဖုန်များထဲမှ ပေါ်ပေါက်လာခဲ့၏။ ရင်ဘုရင်သည် မတ်မတ်ရပ်လျက်ရှိနေပြီး ဆန်းကြယ်စွာဖြင့် ရယ်မောနေသည်။ “မင်းရဲ့ တုန့်ပြန်မှုက တော်တော်မြန်တာပဲ”

“..........”

ကျန့်ကွေ့ရှုနှင့် အခြားသောသူများသည် သတိအပြည့်နှင့် ဖြစ်သွား၏။ ထို့အတူ စိတ်ထဲမှာလည်း တုန်လှုပ် နေမိ၏။ တစ်ဖက်လူသည် ကြယ်တာရာစိတ်ဝိညာဉ်လောကဆီမှ ရာထူးကြီးပိုင်းတစ်ယောက်ဖြစ်ပုံပေါ်သည်။ စစ်သည်များ မြို့ကိုတိုက်ခိုက်နေစဉ်မှာပဲ တစ်ဖက်လူသည် ငြိမ်ငြိမ်သက်သက်ဖြင့် အထဲသို့ ရောက်ရှိနေခဲ့၏။

“ဒင်.... သီးခြားတာဝန် အသက်ဝင်”

သတိပေးသံသည် ကျွင်းချောင်ရှောင်း၏ နားထဲတွင် ပေါ်ပေါက်လာခဲ့၏။ ချက်ချင်းပဲ စနစ်ကိုဖွင့်ကာ ကြည့်ရှု လိုက်သည့်အချိန်မှာ‌တော့ ‘ဖုံးကွယ်မှုစိတ်ဝိညာဉ်ကို ပိုင်ဆိုင်သော ကြယ်တာရာစိတ်ဝိညာဉ်လောကမှ အထက်ပိုင်းအကြီးအကဲကို သုတ်သင်ရန်။ သူသည် ကောင်းကင်နှင့် မြေကြီးကြားတွင် ပုန်းကွယ်နိုင်စွမ်း ရှိသည်’ ဟူသော စာကိုမြင်လိုက်ရသည်။

“ချီးထဲမှ”

စနစ်ကအော်ဟစ်လိုက်၏။ “တဖက်လူ၏စွမ်းရည်ကို တိတိကျကျ ရေးထားမှတော့ ဒါကြီးက ကြိုပြီး ပြောတာနဲ့ တူနေပြီ”

“ဖုံးကွယ်နိုင်တဲ့ စိတ်ဝိညာဉ်ဟုတ်လား”

ကျွင်းချောင်ရှောင်းသည် လက်ကိုခါယမ်းကာပြောလိုက်သည်။ “အင်း.. ဒီလောက်နီးကပ်လာတဲ့အထိ ဘယ်သူမှသတိမပြုမိတာ အံ့အားသင့်စရာမဟုတ်တော့ဘူး”

အရိုးသားဆုံးပြောရမည်ဆိုလျှင် သူသည် အမှန်ပင် မနာလိုဖြစ်မိ၏။ ဤကဲ့သို့ ကိုယ်ပျောက်နိုင်သည့်စွမ်းရည် ဆိုသည်မှာ ယောက်ျားတိုင်း အိမ်မက်မက်ရသည့်အရာပင်ဖြစ်သည်။ ကုန်းရှန့်လည်း ချွင်းချက်မရှိလှချေ။ ဤကဲ့သို့သော စိတ်ဝိညာဉ်မျိုးစေ့ကိုသာ ပိုင်ဆိုင်နိုင်သည်ဆိုပါက လောကကြီးထဲတွင် သူသွား၍မရနိုင်သည့် နေရာဆိုတာ ရှိတော့မည်မဟုတ်ပေ။

ရင်ဘုရင်၏ခန္ဓာကိုယ်သည် တစ်ဖြည်းဖြည်း အကောင်အထည် ဖြစ်တည်လာခဲ့၏။ ၎င်းသည် စာအုပ် တစ်အုပ်ကို ထုတ်ယူပြီးသည့်နောက် အသာလှန်လှောလိုက်သည်။ “ပုန်ကန်မှုကို ဦးဆောင်ခဲ့တဲ့အပြင် မြို့ရဲ့အဆောက်အဦတွေကိုလည်း ဖျက်ဆီးပစ်ခဲ့တယ်။ ဒီတော့ပြစ်ဒဏ်က”

သူသည် ပြစ်မှုများကို တစ်ခုချင်းစီ ရွတ်ဖတ်လျက် ရှိနေ၏။ “နောက်ဆုံးရလဒ်က သေခြင်းတရားပဲ”

“အားနာပါတယ်”

ကျွင်းချောင်ရှောင်းသည် ပခုံးကိုတွန့်ကာပြောလိုက်သည်။ “ကြယ်တာရာစိတ်ဝိညာဉ် လောကရဲ့ ဥပဒေအရ ကျုပ်ကို ထိန်းချုပ်လို့မရဘူး”

ရင်သည် စာအုပ်ကိုပိတ်ကာဖြင့် ပြုံးလိုက်၏။ “ကြယ်တာရာစိတ်ဝိညာဉ်လောကကို ရောက်လာတဲ့ ဘယ် သက်ရှိသတ္တဝါမဆို ဒီစည်းမျဉ်းစည်းကမ်းကို ရှောင်လွဲလို့မရဘူး”

“အင်း.... တကယ်လို့ ကျုပ်က ဂရုမစိုက်ဘူးဆိုရင်ရော”

“ကိစ္စမရှိဘူး။ ဘာပဲပြောပြော သေရမှာပဲလေ”

ဟား ဟား ဟား

ကျွင်းချောင်ရှောင်းက ရယ်မောလိုက်၏။ သူသည် တစ်ဖက်လူ၏ တုံးအမှုကို အမှန်ပဲ ရယ်မောမိ၏။

“ကျုပ်ပြောစရာရှိသေးတယ်”

ရင်သည် ဦးခေါင်းကိုငုံ့ကာဖြင့် ရှေ့ဆီသို့ တစ်လှမ်းချင်း လှမ်းလျှောက် လာသည်။ “မင်းက သေလူပဲ”

ဝှစ်

ရုတ်တရက်ပျောက်ကွယ်သွား၏။

ဘုန်း

ကုထျန်းရှင်းနှင့် အခြားသောသူများသည် မည်ကဲ့သို့ တိုက်ခိုက်သည်ကို မမြင်ရချေ။ ကျွင်းချောင်ရှောင်း တစ်ယောက် မြို့၏ အပျက်အစီးပုံထဲသို့ ဝင်ရောက်သွားသည်ကိုသာလျှင် မြင်ရ၏။ ၎င်းသည် မြို့၏ အပြင်ဘက်တွင် ခန္ဓာကိုယ်ကို ဟန်ချက်ညီအောင် ထိန်းချုပ်ထားသည်။

ဘုန်း ဘုန်း ဘုန်း

လက်သီးထိုးသံ၊ ကန်ကြောက်သံများသည် လေထဲတွင် ပေါ်ပေါက်လာခဲ့၏။ သို့ပေမဲ့ မည်သူမျှမမြင်ရချေ။ အခြားတစ်ဖက်မှာရှိနေသော ကျွင်းချောင်ရှောင်းမှာတော့ ဆိုးဆိုးရွားရွားအခြေအနေနှင့် ဘယ်မှညာ၊ ညာမှဘယ်သို့ လွင့်စင်လျက်ရှိ၏။ ၎င်းသည် တောင်မှန်း၊ မြောက်မှန်း မသိအောင်ပင် ရိုက်နှက်ခြင်းကို ခံနေရ၏။

“ပြဿနာပဲ”

ကျန့်ကွေ့ရှုက မျက်မှောင်ကုပ်လိုက်၏။ ကြယ်တာရာစိတ်ဝိညာဉ်လောကမှ ကျွမ်းကျင်သူသည် ကောင်းကင်၊ မြေကြီးနှင့် တစ်သားတည်းဖြစ်တည်နေပုံပင်ဖြစ်၏။ စိတ်ဝိညာဉ်အာရုံများနှင့် ဖြန့်ကျက်ကာ အာရုံခံကြည့်သည် ဆိုလျှင်တောင်မှ တစ်ဖက်လူ မည်သည့်နေရာရှိကြောင်း သေသေချာချာမသိရှိနိုင်ပေ။

“ချီးတဲ့မှ”

ကျွင်းချောင်ရှောင်းသည် လေထဲတွင် တည်ငြိမ်အောင် ထိန်းချုပ်လိုက်ပြီးသည့်နောက် အကြိမ်ပေါင်း များစွာ ရိုက်နှက်ခံထားရသည့် သူ၏မျက်နှာကို ပွတ်သပ်လိုက်၏။ သူသည် မျက်နှာကို အရိုက်ခံရခြင်းအား မနှစ်မြို့ချေ။ မျက်လုံးထဲတွင် ဒေါသတရားများနှင့် ပြည့်နှက်လာခဲ့၏။ “ခင်ဗျားက ကိုယ်ဖျောက်နိုင်တယ် ဆိုရင်တောင်မှ ကျုပ်မျက်နှာကို မရိုက်သင့်ဘူး”

“ကောင်လေး”

ထိုအချိန်မှာတော့ ရင်၏ခန္ဓာကိုယ်သည် လေထုထဲတွင် ပေါ်ပေါက်လာခဲ့၏။ သူသည် ကိုယ်တစ်ပိုင်းပျောက်သည့် အခြေအနေတွင် ရှိနေသည်။။ သူသည် တိုက်ခိုက်သည့်နေရာတွင် အလုံးစုံ ကိုယ်ပျောက်သကဲ့သို့ ဖြစ်နေသည်ဆိုသော်လည်း စကားပြောဆိုချိန်မှာတော့ ကိုယ်တစ်ပိုင်း ဖော်ထားရလေသည်။

All Chapters