အခန်း ၁၉၂၁
Vol. 129 Ch. 1921
အပိုင်း (၁၉၂၁)
ရင်ဘုရင်သည် ဖမ်းဆီးခြင်းကိုခံလိုက်ရ၏။ ကြယ်တာရာစိတ်ဝိညာဉ်လောကဆီမှ တခြားသော လက်ကျန် စစ်သည်များအားလုံးတို့သည် ထွက်ပြေးကုန်သည်။ ကောင်းကင်မြို့ကြီးတစ်ခုလုံးသည် ပြိုလဲလျက် ရှိနေပြီး အချိန်ကာလတစ်ခုထိ ပြန်လည်ကာတည်ဆောက်ရမှာဖြစ်၏။
ဝေါ့
ခြေချိတ်ကာထိုင်လျက်ရှိနေသည့် ကျွင်းချောင်ရှောင်းသည် သွေးများထပ်မံကာ အန်ထွက်လာ၏။ သူ၏ မျက်နှာတစ်ခုလုံးသည် ဖြူလျော်သွားခဲ့၏။ သူသည် နတ်ဘုရားအဆင့် အဆင့်မြှင့်တင်ထားသည့် ပလတ်စတစ်စျား၏ အကူအညီဖြင့် တစ်ဖက်လူအား အလစ်ဖမ်းကာ တိုက်ခိုက်နိုင်ခဲ့သည်ဆိုသော်လည်း တစ်ဖက်လူသည် သူ့ကိုကြီးကြီးမားမားဒဏ်ရာရရှိအောင် ပြုလုပ်ခဲ့သေးသည်။
အတိုချုပ်ပြောရမည်ဆိုလျှင် ဤတစ်ကြိမ် အနိုင်ယူနိုင်ခဲ့သည်ဆိုသည်မှာ အမှန်ပင်ကံကောင်းလွန်း၍ဖြစ်၏။ Refresh လုပ်နိုင်သည့် အချိန်အတိုင်းအတာအတောအတွင်း ကောင်းမွန်လှသည့်ပစ္စည်းမျိုးကို ရရှိခြင်း မရှိဘူးဆိုပါက တစ်ဖက်လူကို ရင်ဆိုင်ရန်ဆိုသည်မှာ အလွန်ခက်ခဲပေလိမ့်မည်။
“ထင်ထားတဲ့အတိုင်းပဲကိုး”
ကျွင်းချောင်ရှောင်းသည် ခေါင်းကိုခါယမ်းကာဖြင့် သက်ပြင်းချလိုက်မိ၏။ “ငါမဖြေရှင်းနိုင်ရင် စတိုးကို အားကိုးနေရသေးတာပဲ”
သူ့အနေနှင့် စနစ်၏ စတိုးပေါ်တွင် မှီခိုရသည့် အခြေအနေမျိုးမှ လွတ်ကင်းရန် ကြိုးစားလျက်ရှိနေသည်ဆိုသော်လည်း တစ်ခါတစ်ရံ စနစ်ဆီမှရရှိသည့် ထူးခြားလှသည့် ပစ္စည်းများသည် ခန့်မှန်း၍မရနိုင်အောင် အားကောင်းလွန်းလှ၏။ ထိုအရာကိုတော့ သူဝန်ခံရပေမည်။
“ကိုယ့်ကိုကိုယ်မှီခိုပြီး အလုပ်ကြိုးစားတယ်ဆိုတာ တကယ့်ကို ချီးကျူဖွယ်ရာ ကိစ္စပဲ”
စနစ်က ပြောလိုက်၏။ “ဒါပေမဲ့ မင်းရဲ့ဘဝသက်တမ်းအရှည်ကြီးထဲမှာ စနစ်ရဲ့အကျိုးကျေးဇူး၊ အကူအညီမရှိဘဲနဲ့ ဘာမှလုပ်လို့ မရဘူး။ ငါ စနစ်က မင်းအတွက် ကောင်းချီးပဲ”
........
နေထွက်လာခဲ့ပြီးသည့်နောက် အမှောင်ထုများ ပျောက်ကွယ်သွားခဲ့၏။ ပြိုင်စံရှားဂိုဏ်းသားတပည့်များသည် မြို့၏ အပြင်ဘက်တွင်ရှိနေသည့် အလောင်းများကို စတင်ကာရှင်းလင်းကြ၏။ လက်နက်နှင့် အသုံးအဆောင် ပစ္စည်းများအားလုံးသည် မြေပေါ်တွင် ပြန့်ကျဲနေခဲ့၏။ တစ်ချို့သည် ကျိုးပျက်လျက်ရှိနေ၏။ ထို့ကြောင့် ဖန်ရီကျိဆီသို့ ပို့ဆောင်ကာ ပြန်လည်ပြုပြင်ရပေမည်။
အစီအရင်ဟောခန်းသခင်ဖြစ်သော ထိုက်ရွှမ် အဘိုးအိုသည်လည်း မြို့၏တည်နေရာအနှံ့ဆီသို့ လှည့်လည်ကာဖြင့် အစီအရင်အလံများကို စတင်ကာ ချမှတ်၍ အကာအကွယ်များကို ဖန်တီးတော့၏။
ဒွီး
ခဏလောက်ကြာပြီးသည့်နောက် အားကောင်းလွန်းလှသည့် အကာအကွယ်အစီအရင်တစ်ခုသည် ဖြစ်တည် လာခဲ့သည်။
ဆွစ် ဆွစ် ဆွစ်
အခြားသောတစ်ဖက်မှာတော့ တောဝက်ရိုင်းလေးသည် လျှင်လျှင်မြန်မြန်ဖြင့် မြေဆီလွှာများကိုစားကာ အန်ထုတ်လျက်ရှိနေ၏။ ၎င်းသည် ပျက်စီးသွားသည့် မြို့၏နံရံကြီးနှင့် မျှော်စင်များကို ပြန်လည်ကာပြုပြင်ရန် ပြင်ဆင်နေသည်။ ကျွင်းချောင်ရှောင်းအနေနှင့် ကောင်းကင်မြို့ကို ၎င်း၏ဌာနချုပ်အဖြစ်အသုံးပြုချင်၏။ ထို့ကြောင့် လူအင်အားနှင့် အရင်းအမြစ်များကို အသုံးပြုကာ ပြန်လည်ပြင်ဆင်ရန်လိုအပ်နေ၏။
“သူတကယ့်ကို အကြီးကြီး လုပ်တော့မှာပဲ”
မြို့၏မျှော်စင်ပေါ်တွင် ရပ်လျက်ရှိနေသည့် နတ်ဆိုး ဘိုးဘေးကြီး၏ မျက်လုံး များသည် တုန်လှုပ်မှုများနှင့် ပြည့်နှက်နေ၏။ လက်ရှိအခြေအနေမှာတော့ ကျွင်းချောင်ရှောင်းသည် ဤမြို့ကြီးကိုအဘယ့်ကြောင့် ဌာနချုပ်အဖြစ် ပြုလုပ်ချင်ကြောင်း သူရိပ်မိ၏။ ကြယ်တာရာစိတ်ဝိညာဉ်လောကကြီးတစ်ခုလုံးကို အနိုင်ယူသိမ်းပိုက်မည်ဟူသော ရည်ရွယ်ချက်နှင့်ပင်။
မှန်ပေ၏။ ကုန်းရှန့်သည် ထိုကဲ့သို့တွေးတောထား၏။ သူ့အနေနှင့် ဂိုဏ်းတစ်ခုလုံး၏စွမ်းအင်ကို ထုတ်ဖော်ကာ ဤမြို့ကိုလာရောက်တိုက်ခိုက်ရသည့် ရည်ရွယ်ချက်သည် အနာဂတ်တွင် ကြယ်တာရာ စိတ်ဝိညာဉ်လောကသို့ အနိုင်ယူနိုင်ရန် ပြင်ဆင်ထားသောကြောင်ပင်။
အရင်တုန်းက နတ်ဆိုးဘိုးဘေးကြီးသည် မြို့များကို ဝင်ရောက်တိုက်ခိုက်ပြီးသည့်နောက် အရင်းအမြစ်များနှင့် အလောင်းကျေးကျွန်များကို ယူဆောင်ကာ ပြန်လည်ထွက်ခွာရ၏။ ကျွင်းချောင်ရှောင်းမှာတော့ ထိုကဲ့သို့ဆော့ကစားရန် ရည်ရွယ်ချက်မရှိချေ။ သူသည် ကျိန်းသေပေါက် သူများလုပ်သည့်အရာမျိုးကို လုပ်တတ်သည့်သူတစ်ယောက်မဟုတ်ပေ။ ဤအရာသည် သတ္တိကောင်း၍လည်း မဟုတ်ချေ။ လုံလောက်သည့် အားအင်အဆင့်ပိုင်ဆိုင်နေသောကြောင့်ပင်။
ဖောက် ဖောက် ဖောက်
ကျယ်ပြောလွန်းလှသော မြို့၏ အဓိကလမ်းပေါ်မှာတော့ ကျွဲရိုင်းစက်ရုပ်များသည် လှည့်လည်ကာဖြင့် ကင်းလှည့်လျက်ရှိနေ၏။ ဤနေရာတွင်နေထိုင်ကြသည့် စစ်သည်တော်များအားလုံးတို့သည် ဖမ်းဆီးခြင်းကို ခံထားရ၏။ သူတို့အားလုံးသည် ကြောက်လန့်နေခဲ့သည်။
အလောင်းကျေးကျွန်များမှာတော့ ပျော်ရွှင်လျက် ရှိနေ၏။ မြို့ကြီးတစ်ခုလုံး သိမ်းပိုက်ခံရပြီးသည့်နောက် ထိုက်ရွှမ်အဘိုးအိုသည် ၎င်းတို့အား ကူညီပြီး ဦးခေါင်းထဲတွင်ရှိနေသော ဗုံးများကို ဖယ်ရှား ပေးသည်။ သူတို့သည် လွတ်မြောက်မှုကိုရရှိခဲ့ပြီးသည့်နောက် လူစွမ်းကောင်းများဖြစ်လို့လာခဲ့ကြ၏။ မြို့ထဲတွင် စုစုပေါင်း အလောင်းကောင်ကျေးကျွန် သုံးသန်းနီးပါးခန့်ရှိသည်။ ၎င်းတို့အားလုံးသည် တိုက်ပွဲကို ဝင်ရောက်ကာ တိုက်ခိုက်ရန် ကတိပေးခဲ့ကြပြီး ဖြစ်၏။ ထို့ကြောင့် လူစွမ်းကောင်းစစ်တပ်၏ အားအင်အဆင့်သည် ပိုမိုကာ တိုးတက်လာခဲ့၏။
“နားထောင်ကြ နားထောင်ကြ”
ဒဏ်ရာများကို ကုသပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် မြို့တော်ဝန်အိမ်ရာ၏ အဓိကဟောခန်းရှေ့တွင် ထိုင်ချလိုက်၏။ သူသည် စပီကာကြီးကို ထုတ်ယူကာဖြင့် ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ “ဒီနေ့ကစပြီး ကောင်းကင်မြို့ကို ပြိုင်စံရှားဂိုဏ်းကသိမ်းပိုက်လိုက်ပြီ။ မင်းတို့အားလုံး အကြောက်အလန့်မရှိဘဲ နေထိုင်နိုင်တယ်”
ထိုအချင်းအရာကို ကြားသည့်အချိန်မှာတော့ အားလုံးတို့သည် အနည်းငယ်စိတ်တည်ငြိမ်မှုကို ရရှိသွားခဲ့ကြ၏။ သို့ပေမဲ့ မြို့ကို ပြိုင်စံရှားဂိုဏ်းသိမ်းပိုက်ခဲ့သည့် အကြောင်းအရာနှင့်ပတ်သက်၍ ကြယ်တာရာစိတ်ဝိညာဉ် လောကဆီမှ အထက်ပိုင်းအကြီးအကဲများသည် ကျိန်းသေပေါက် ထိုင်ကြည့် နေကြလိမ့်မည်မဟုတ်ချေ။ အရှိန်အဟုန်ပြင်းပြင်းနှင့် လာရောက် တိုက်ခိုက်မှုကို ပြုလုပ်မှာသေချာ၏။ ထို့ကြောင့် သူတို့သည် အသက်ဆက်ရှင်မလား။ သေဆုံးသွားမလား ဆိုသည်ကို ပြောရန်ခက်ခဲလှသည်။
ကျွင်းချောင်ရှောင်းမှာတော့ ကြယ်တာရာစိတ်ဝိညာဉ် လောကမှ အထက်ပိုင်းအကြီးအကဲများ လာရောက်ကာ ကလဲ့စားချေမည်ကို စိုးရိမ်ပူပန်မှုမရှိချေ။ အချက်အလက်အားဖြင့် သူသည် တိုက်ခိုက်ရန်ပင် မစောင့်မျှော် နိုင်ချေ။ ထို့ကြောင့် အရှေ့ခပ်ဝေးဝေးတစ်နေရာစီသို့ သွားရောက်ကာ စတင်တိုက်ခိုက်ရန်ပင် စဉ်းစားထား၏။
ထင်မှတ်ထားသည့်အတိုင်းပင်။ ရက်အနည်းငယ်ကြာ ပြီးသည့်နောက် ကြယ်တာရာစိတ်ဝိညာဉ်လောကသည် စစ်သည်များကို စုစည်းကာဖြင့် ကောင်းကင်မြို့ကို လာရောက်တိုက်ခိုက်ခဲ့၏။ မြို့သည် ပုန်ကန်သည့် စစ်တပ်၏ သိမ်းဆည်းခြင်းကိုခံထားရပြီး အထက်ပိုင်းအကြီးအကဲများထဲမှ တစ်ယောက်သည် ဖမ်းဆီးခံထား ရသည်။ ဤအရာသည် အရှက်ရစရာပင်။ အားလုံးသော သူတို့သည် ကျိန်းသေပေါက် သည်းခံနိုင်လိမ့်မည် မဟုတ်ချေ။
“ပုန်ကန်တဲ့ကောင်”
စစ်သည်ဦးဆောင်သူသည် အေးစက်စက် ဖြင့်ပြောလိုက်၏။ “ရင်ဘုရင်ကို လွှတ်ပေးလိုက် ပြီးရင် ကောင်းကင်မြို့ကို ပြန်ပေးတော့ ပြီးတော့ မင်းရဲ့အလောင်းကျေးကျွန်ကောင်တွေကို ခေါ်ပြီးထွက်သွားစမ်း”
“........”
ကျွင်းချောင်ရှောင်းသည် ခေါင်းကိုခါယမ်းကာပြောလိုက်သည်။ “ငတုံးတွေပဲ”
ပုန်ကန်သည့်စစ်တပ်သည် ပူးပေါင်းလိုက်လျောမှုမရှိသည်ကို မြင်ရသည့်အချိန်မှာတော့ စစ်တပ်၏အမိန့် ပေးသူသည် အချိန်ကိုမဖြုန်းတော့ချေ။ ချက်ချင်းပဲ မြို့ကို တိုက်ခိုက်ရန် အမိန့်ပေးတော့၏။
ဆွစ် ဆွစ် ဆွစ်
ရွက်သင်္ဘောများသည် တစ်ခုပြီးတစ်ခုပျံသန်းလာခဲ့ပြီး များပြားလှသော လက်နက်များသည် အစီအရီပေါ် ပေါက်လာခဲ့၏။ ရင်ဘုရင် လာရောက်တိုက်ခိုက်စဉ်က မြို့သည် တိုက်ခိုက်ဖျက်ဆီးထားရလိမ့်မည်ဟု မထင်မှတ်ခဲ့ချေ။ ထို့ကြောင့် ကြီးကြီးမားမားပြင်ဆင်မလာခဲ့ပေ။ သို့ပေမဲ့ ဤတစ်ကြိမ်တိုက်ခိုက်မှုမှာတော့ ကျိန်းသေပေါက် ကြီးကျယ်ခမ်းနားလွန်းလှသည်။
ကျွင်းချောင်ရှောင်းကတော့ ပြုံးလိုက်မိ၏။ ကြယ်တာရာ စိတ်ဝိညာဉ်လောကသည် ကျိန်းသေပေါက် သူ့အား လက်နက်တွေ လာရောက်ပေးအပ်နေပြန်၏။ ထို့ကြောင့် သူသည် လက်ခံပေးရပေလိမ့်မည်။
“ကောင်လေးတို့”
ကျွင်းချောင်ရှောင်းသည် လက်ခုပ်တီးကာပြောလိုက်သည်။ “ထွက်လာပြီးတော့ ဧည့်သည်ကို ကြိုဆိုကြအုံး”
ဆွစ် ဆွစ် ဆွစ်
ပြိုင်စံရှားဂိုဏ်းတပည့်နှင့် လူစွမ်းကောင်းများအားလုံးတို့သည် ၎င်းတို့၏ AK-47 နှင့် လောင်ချာများကို ကိုင်ဆောင်ကာဖြင့် မြို့၏ နံရံတွင် မတ်မတ်ရပ်လိုက်၏။ အရှေ့တစ်ခေါက် ပြင်းပြင်းထန်ထန်တိုက်ခိုက်မှုကို တွေ့ကြုံရရှိပြီးသည့်နောက် ၎င်းတို့သည် ထပ်မံကာ ပစ်ခတ်တိုက်ခိုက်ချင်သည့်စိတ်များကို မထိန်းချုပ် နိုင်ကြချေ။
.....
ဘုန်း ဘုန်း ဘုန်း
ကောင်းကင်မြို့၏ ကာကွယ်စစ် သည် စတင်ကာဖြစ်တည်လာခဲ့ပြီဖြစ်၏။ ကြယ်တာရာစိတ်ဝိညာဉ်လောကမှ စစ်သည်များသည် အကြောက်အလန့်ကင်းမဲ့စွာဖြင့် ရှေ့ဆီသို့ လှမ်းတက်လာခဲ့ကြ၏။ သို့ပေမဲ့ ၎င်းတို့သည် ကျည်ဆံမိုးများ၏အောက်သို့ ကျဆင်းသွားခဲ့၏။
ကျွင်းချောင်ရှောင်းသည် တိုက်ပွဲကို ဆက်ပြီးမကြည့်ချေ။ ထျန်းယွမ် အကျဉ်းထောင်စေတီထဲသို့ ဝင်လိုက်သည်။
ဖောက်
အား
သွေးပျက်မတတ်အော်ဟစ်သံကြီးသည် အကျဉ်းထောင်၏ ကိုးထပ်တွင် ပဲ့တင်ထပ်လျက်ရှိသည်။ ညဘုရင် မဟာမိတ်အဖွဲ့သည် ကျွင်းမဟာမိတ်အဖွဲ့နှင့် ပေါင်းစည်းလိုက်ပြီဖြစ်သောကြောင့် ဖန်းဝမ်လီသည် ထောင်ထဲမှ ထွက်ခွာခဲ့ရပြီဖြစ်၏။ မဟုတ်ပါက ဤအော်သံကြီးကိုကြားပြီး ကြက်သီးမွှေးညှင်းများထနေမှာ သေချာ၏။
မည်သူ့ကို နှိပ်စက်ရိုက်နှက်နေသနည်း။ ရင်ဘုရင်ပင်ဖြစ်လေသည်။
တစ်ဖက်လူသည် အမှန်ပင် သနားစရာကောင်းလွန်းလှ၏။ ထူးခြားလှသည့် စိတ်ဝိညာဉ်အမြစ်နှင့် ပေါင်းစပ်နိုင်ခဲ့သည် ဆိုသော်လည်း အဆုံးသတ်မှာတော့ ပလတ်စတစ်များနှင့် ရစ်ပတ်ကာ တိုက်ခိုက်ခြင်းကို ခံခဲ့ရ၏။
အထူးသဖြင့် အထဲသို့ဝင်ရောက်ပြီးသည့်နောက် အကျဉ်းထောင်စောင့်ကြီး သုံးယောက်တို့၏ နေ့စဉ်နေ့တိုင်း ဧည့်ခံမှုကိုခံနေရပြီး ဘဝတစ်ခုလုံးသည် ဆိုးရွားလှသည့် ချောက်နက်ထဲသို့ ကျဆင်းသွားသကဲ့သို့ပင်။
ကျွီ
ကျွင်းချောင်ရှောင်းသည် တံခါးကို တွန်းဖွင့်ကာလျှောက်ဝင်လာခဲ့၏။
“သခင်”
အားရာသည် ရိုက်နှက်နေရာမှ ရပ်တန့်ကာဖြင့် မောပန်းတကြီးပြောလိုက်သည်။ “သူ့ကို ဘယ်လောက်ကြာအောင် နှိပ်စက်ရမှာလဲ”
သူများကို နှိပ်စက်သည့်နေရာတွင် အမှန်ပင် သာယာတတ်သည့် သူမသည် ပင်ပန်းနေပြီဖြစ်၏။ ထို့ပြင် ပျင်းရိ လို့နေခဲ့၏။ မည်မျှကြာကြာ နှိပ်စက်ရိုက်နှက်ထားသည်ကို ထိုအခြင်းအရာ ကြည့်ရှုရုံနှင့် သိနိုင်၏။
“သူ့ကို သူ့ရဲ့ စိတ်ဝိညာဉ်ကို ကမ်းပေးတဲ့အထိ နှိပ်စက်” ကျွင်းချောင်ရှောင်းသည် ထူးမခြားနားသလို ပြောလိုက်သည်။
“ချီးထဲမှ”
စနစ်ကအော်ဟစ်လိုက်၏။ “မင်း ဒီလိုအကြံရှိနေတာလား”
တစ်ဖက်လူသည် ကိုယ်ဖျောက်နိုင်စွမ်းရှိနေ၏။ ဤကဲ့သို့ ကောင်းမွန်လှသည့် စိတ်ဝိညာဉ်မျိုးစေ့ တည်ရှိနေသည်ဆိုမှတော့ ကျွင်းချောင်ရှောင်းသည် ထိုအရာကိုထိန်းချုပ်နိုင်ရန် နည်းလမ်းအား စဉ်းစားရ ပေလိမ့်မည်။
ရင်ဘုရင်၏မျက်နှာသည် တင်းမာခက်ထန်သွားခဲ့၏။ “ဖုံးကွယ်နိုင်တဲ့စိတ်ဝိညာဉ်က ငါနဲ့ ပေါင်းစပ်ပြီးပြီ။ လက်လွှဲပေးဖို့ဆိုတာ မဖြစ်နိုင်ဘူး”
အစစ်အမှန်တရားမှာတော့ ပြန်လည်မွေးဖွားနိုင်စွမ်းရှိသည့် စိတ်ဝိညာဉ်သာမက တခြားသော စိတ်ဝိညာဉ် အားလုံးတို့သည် လက်ခံသူသေဆုံးပြီးသည့်နောက် သိမ်းဆည်းရယူနိင်သည်။
“ပြီးတော့”
ရင်ဘုရင်သည် ခက်ခက်ခဲခဲပြုံးလိုက်၏။ “မင်းငါ့ကိုသတ်လို့မရဘူး ဘာလို့လဲဆိုတော့ ငါသေသွားမယ်ဆိုရင် စိတ်ဝိညာဉ်မျိုးစေ့က စကြဝဠာထဲကို ပြန်ပြီးရောက်သွားလိမ့်မယ်။ ဒါက ကောက်ရိုးပုံထဲမှာ အပ်ပျောက်ရှာရသလို ဖြစ်သွားနိုင်တယ်”
လက်ခံသူသေဆုံးသွားသည်နှင့် စိတ်ဝိညာဉ်သည် စကြဝဠာထဲသို့ ပြန်လည်ရောက်ရှိသွားခဲ့ပြီး နောက်ထပ် ဆက်ခံသူကို စောင့်မျှော်ရပေလိမ့်မည်။ ဥပမာအားဖြင့် ညဘုရင်ဖြစ်သည်။ ၎င်းသည် အဆင့်မြင့် ကျင့်ကြံခြင်းကို ပိုင်ဆိုင်ရန်အတွက် မိမိကိုယ်ကိုသတ်သေရန် ရွေးချယ်ခဲ့၏။ သူ၏ခန္ဓာကိုယ်ထဲတွင်ရှိနေသော စိတ်ဝိညာဉ်မျိုးစေ့ပေါင်းများစွာတို့သည် စကြဝဠာထဲဆီသို့ ပြန်ရောက်သွားခဲ့သည်။
“မပူနဲ့”
ကျွင်းချောင်ရှောင်းသည် ခန္ဓာကိုယ်ကို ရှေ့သို့အသာတိုးကာပြုံးလိုက်၏။ “ဒီ စိတ်ဝိညာဉ်အမြစ်ကို ကျုပ်က ပျောက်ကွယ်သွားစေမှာမဟုတ်ဘူးလေ။ သူ့ဘာသူ ပေါ်လာအောင် လုပ်နိုင်တယ်”
“အားရာ... သူ့ကို သေတဲ့အထိသာနှိပ်စက်”
“ကောင်းပါပြီ”
ဖောင်း ဖောင်း ဖောင်း
အား အား အား
အော်ဟစ်သံများသည် ကျယ်လောင်စွာထွက်ပေါ်လာခဲ့၏။ သူ၏ခန္ဓာကိုယ်ပေါ်သို့ ဝိညာဉ်ဖိနှိပ်ခြင်းကြာပွတ် ကျဆင်းလာသည်နှင့်အမျှ ရင်ဘုရင်၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်နှစ်ခုလုံးသည် ဆိုးရွားသည့် နာကျင်မှုကို ခံစား နေရ၏။ သူ သူ မည်သို့မျှမခံနိုင်တော့ချေ။
ဝှစ်
ရုတ်တရက် အလင်းတန်းတစ်ခုသည် သူ၏ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာခဲ့ပြီး အကျဉ်းထောင်တံခါးဆီသို့ ထွက်ပြေးလေ၏။
“အင်း.. ဘယ်လိုမျိုးလုပ်ရဲရတာလဲ။ နတ်ဆိုးလက်ဝါး”
ကျွင်းချောင်ရှောင်းသည် လက်ကိုဝှေ့ယမ်းကာ အော်ဟစ်လိုက်သည်။ “သွားလို့ရမယ်လို့ ထင်နေတာလား”
ဝှစ် ဝှစ်
နတ်ဘုရားအဆင့်အဆင့်မြှင့်တင်ထားသည် ပလတ်စတစ်ကြီးသည် တံခါး၏ရှေ့တွင် မမြင်နိုင်သည့်အတားအဆီးတစ်ခုအဖြစ် ရောက်ရှိသွားခဲ့သည်။ အလင်းတန်းသည် ထိုအရာနှင့် ထိမှန်ပြီး နောက် ရစ်ပတ်ခြင်းခံလိုက်ရ၏။
ဟူး ဟူး ဟူး
အထဲတွင် ရစ်ပတ်ခြင်းကို ခံထားရသည့်ကောင်လေးသည် ဆူညံ့စွာ အော်ဟစ်နေသည်။ ထွက်ပြေးမလွတ်နိုင်မှန်း အလုံးစုံ သေချာသွားပြီးနောက်မှာမှ ငြိမ်သက်သွားတော့သည်။
“သခင်”
အားရာသည်အံ့အားသင့်သွား၏။ “ဒါဘာကြီးလဲ”
ကျွင်းချောင်ရှောင်းသည် ဘောလုံးကဲ့သို့ လုံးလျက်ရှိနေသည့် ပလပ်စတစ်အစကြီးကို လှမ်းယူကာဖြင့် ပြောလိုက်သည်။ “ဒါ ဖုံးကွယ်နိုင်တဲ့ စိတ်ဝိညာဉ်ပဲ”
ဝေါ့
လေထဲတွင်ချိတ်ဆွဲခံထားရသည့် ရင်ဘုရင်သည် သွေးများအန်ထွက်လိုက်၏။ ၎င်းသည် မည်သို့မျှ မခံစားနိုင်အောင် နှိပ်စက်ရိုက်နှက်ခံနေရသည်မို့ ခန္ဓာကိုယ်ထဲတွင်ရှိသော စိတ်ဝိညာဉ် မျိုးစေ့သည့် သူ့အား သစ္စာဖောက်ကာ ထွက်ပြေးသွားခြင်းပင်။ သူသည် ထိုအခြင်းအရာကို မြင်သည့်အချိန်မှာတော့ သတိလစ်မေ့မြောသွားခဲ့၏။