ကျွန်မတစ်ယောက်တည်းမဟုတ်ဘူး
Vol. 131 Ch. 1824
ရှီမာယူယူသည် ကြားလိုက်ရသော သတင်းကြောင့် အံ့ဩသွားကာ ရေရွတ်လေသည် “တကယ်ပဲ အဲလိုနေရာရှိတာကိုး”
“ငါလည်း အရင်ကမသိဘူး… မိုကျိသာ မပြောရင် မေ့ပျောက်ခြင်းမြစ်နဲ့ နိဗ္ဗာန်မြစ်တို့ ဆက်နေတာလည်း သိမှာမဟုတ်ဘူး” ယွမ်ယွမ် သက်ပြင်းချလေ သည်။
“ဒါဆိုရင် မိုကျိက မေ့ပျောက်ခြင်းမြစ်ကိုသွားတာလား” ရှီမာယူယူ မေး လိုက်သည်။
“သူက မြစ်နှစ်စင်းဆီသွားရမယ်လို့ ပြောပုံပဲ အဲတော့ သူသွားပြီး ကြည့်တာဖြစ်မယ်”
“ဘာကိစ္စလဲဆိုတာ ရှင်သိလား” ရှီမာယူယူ၏ မျက်ခမ်းများပင့်တက်လာ သည်။ ထိုနေရာတွင် တစ်ခုခုသာဖြစ်ပါက ပြင်းထန်သောကိစ္စပင်ဖြစ်လိမ့်မည်။
“ကျေးဇူးပြုပြီး စိတ်မဝင်စားလိုက်ပါနဲ့” ယွမ်ယွမ် ပြောလိုက်သည် “ငါတို့ က အဲလိုကိစ္စတွေမှာ ဝင်ပါလို့မရဘူး… သတိထားနေ မဟုတ်ရင် အသက်ပါ ပါသွားလိမ့်မယ်”
“ကျွန်မလည်း အဲလိုကိစ္စတွေ မပါချင်ပါဘူး ဒီအတိုင်းသိချင်လို့ပါ” ရှီမာယူယူ ဂရုမစိုက်စွာပြုံးပြီး ပခုံးတွန့်လိုက်သည်။
“သူ ဘာတွေဖြစ်နေလဲတော့မသိဘူး နောက်ရက်ပိုင်းဆိုရင် ပြန်လာ လောက်မှာပါ”
“သူ့မှာ လုပ်စရာရှိနေမှတော့ ပြန်လာစရာမလိုပါဘူး” သူမ တယွိ မြို့တော်သို့ လာချိန်တွင် သူပါလာမည်ဟု ပြောထားသော်လည်း လာရန်မဖြစ် နိုင်ပုံပင်။
“မင်း တိုက်ခိုက်ခံရတဲ့အကြောင်းကို ငါ သူ့ကိုပြောပြလိုက်တယ် အခုဆို ပြန်လာနေလောက်ပြီ” ယွမ်ယွမ် ပြောလိုက်သည် “အစတုန်းကတော့ သခင်လေးဖြစ်မှ တစ်ခုခုလုပ်နိုင်မယ်လို့ ထင်ထားတာ ဒါပေမဲ့ တကယ်တမ်း ဒီနေရာမှာ ထိုင်လိုက်တော့ ဒီရာထူးနဲ့က ပိုပြီးအားနည်းသွားသလိုခံစားရတယ်”
“ရှင်သာ အားကောင်းနေရင် တခြားကိစ္စတွေကို ဂရုစိုက်နေဖို့မလိုပါဘူး” ရှီမာယူယူ ပြောလိုက်သည်။
“ငါလည်း အဲလိုတွေးတာပဲ ဒါပေမဲ့ ပြောသလောက်မလွယ်ဘူး” ယွမ်ယွမ် ၏ စကားလုံးများသည် အနည်းငယ် ခါးသက်နေသည်။ သူသည် ထိုအကြောင်း ကို ဆက်မပြောချင်သည့် ပုံစံဖြင့် တခြားအကြောင်းကို မေးလေသည် “မင်း ငါ့ကို မပြောရသေးဘူး ဒီမှာနေရတာ ဘယ်လိုနေလဲ”
“ကောင်းပါတယ် လူတချို့ဒဏ်ရာရသွားတာပဲ ရှိတာ ကျွန်မက သူတို့နဲ့ အတူရှိမနေတော့ အဆင်ပြေပါတယ်” ရှီမာယူယူ ပြောလိုက်သည်။
“ဒီတစ်ခါကိုပြောတာမဟုတ်ဘူး… ကြင်ယာတော်မင်းသမီးကို မင်းကို ဘယ်နခါတောင် တိုက်ခိုက်ခဲ့တာလဲ… မင်း အိပ်မက်လောကဘိုးဘေးကြီးကို သတ်လိုက်တယ်လို့လည်း ကြားတယ်” ယွမ်ယွမ် ပြောလေသည်။
“အဲသတင်းကိုတောင် ကြားပြီးပြီလား” ရှီမာယူယူ အနည်းငယ် အံ့ဩ သွားသည်။
သူမ အိပ်မက်လောကဘိုးဘေးကြီးကို သတ်ခဲ့သည်မှာ တစ်ညပင်မကြာ သေးပေ။ သူသိနေသည်မှာ ယွမ်မျိုးနွယ်၏ အင်အားသည် သူမထင်ထားသည် ထက် ပိုကြီးနေသည်ကို ညွှန်ပြနေသည်။
“ယွမ်မျိုးနွယ်က သတင်းပို့တာမြန်တယ်လေ… သတင်းကုန်သည်ပေါ့.. သတင်းကို စောစောသိရရင် ကောင်းကောင်းအသက်ရှင်နိုင်တာပဲ” ယွမ်ယွမ် ပြောလေသည်။
“ကြင်ယာတော်မင်းသမီးက ကျွန်မကို လုပ်ကြံဖို့ နှစ်ခါလူလွှတ်ခဲ့တယ် ဒါပေမဲ့…” ရှီမာယူယူ ပခုံးတွန့်လိုက်သည်။ ဆိုလိုသည်မှာ သူမသည်သာ ကိုယ်တိုင်သက်သေဖြစ်နေသည်။
“မင်းသား၈က နှစ်တွေအများကြီးက ကျင့်ကြံထားတာကြောင့်သာ ကြင်ယာတော်မင်းသမီးက အရမ်းအားကောင်းတာလို့ ထင်ထားခဲ့တာ… သခင်လေးဖြစ်သွားပြီးမှ သူမနောက်မှ အင်အားက အထင်သေးလို့မရဘူးဆို တာ သိခဲ့ရတာ” ယွမ်ယွမ် ပြောလေသည်။
“တစ္ဆေကြင်ယာတော်လား”
“မဟုတ်ဘူး ဒါပေမဲ့ တစ္ဆေကြင်ယာတော်ရဲ့ ဘက်တော်သားအဖွဲ့ဝင်ပဲ” ယွမ်ယွမ် ပြောလိုက်သည် “သူက တစ္ဆေကြင်ယာတော်ရဲ့ လက်အောက်က အားကောင်းတဲ့ လက်အောက်ငယ်သားပဲ”
“ဒါပေမဲ့ တယွိမင်းသားက တစ္ဆေကြင်ယာတော်ရဲ့ အဖွဲ့ကို မပိုင်တဲ့ပုံပဲ ဟုတ်လား.. ဒါဆိုရင် သူမနောက်က အင်အားစုက တစ္ဆေကြင်ယာတော်နဲ့ ပတ်သက်နေတာလဲ”
“တယွိရဲ့ ကြင်ယာတော်မင်းသမီးရဲ့ လုမျိုးနွယ်က ကျူမျိုးနွယ်နဲ့ တွဲဖက် ပဲ… ကျူမျိုးနွယ်က အရင်က တစ္ဆေကြင်ယာတော်ဘက်ကမဟုတ်ဘူး ဒါပေမဲ့ နောက်ပိုင်းကျ သစ္စာဖောက်ပြီး တစ္ဆေကြင်ယာတော် လက်အောက်ကို ဝင်သွား တာပဲ” ယွမ်ယွမ် ရှင်းပြသည် “အစတုန်းကလိုသာဆိုရင် မင်းသားက ကြင်ယာ တော်မင်းသမီးကို သတ်ချင်သတ်မှာ.. ဒါပေမဲ့ အခု သူမက အားကောင်းလာ တော့ သူမကို ဖျက်ဆီးဖို့က မဖြစ်နိုင်တော့ဘူး အဲဒါကြောင့် နှစ်ဖက်လုံးက နီးစပ်ချင်ယောင်ဆောင်နေကြတာပဲ”
“တယွိရဲ့မင်းသားက အရမ်းသနားဖို့ကောင်းတာပဲ” ရှီမာယူယူ သက်ပြင်း ချလိုက်သည်။
“ဒါပေမဲ့ သူ့ရဲ့ ချူချာတဲ့ကျန်းမာရေးကြောင့် နန်းတော်တွင်း လုပ်ပိုင်ခွင့် လည်း မင်းသမီးလက်ထဲရောက်သွားတာလည်းပါတယ်.. မဟုတ်ရင် မင်းတို့ အဖွဲ့ကို ဒီလိုမျိုး ရဲရဲတင်းတင်းတိုက်ခိုက်တာမျိုး ရှိလာမှာမဟုတ်ဘူး”
“ဒါပေမဲ့ တယွိရဲ့ ကြင်ယာတော်မင်းသမီး ဒီလိုအင်အားကြီးလာတာကို အထက်ကလည်း ထိုင်ကြည့်နေမှာမဟုတ်ဘူးမလား” ရှီမာယူယူသည် သူ့ရှေ့ သို့ နှပ်ပြီးသား လက်ဖက်ရည်ချပေးလိုက်သည် “သူတို့က ဂရုမစိုက်ကြဘူးလား”
“နှစ်တွေအများကြီးမှာ အထက်ကလည်း တည်မြဲအောင် ရုန်းကန်ခဲ့ရ တယ်… တခြားနေရာတွေနဲ့ တိုက်ခိုက်တာကိုပါ ပေါင်းလိုက်တော့ ဒီကိစ္စတွေ ကို ဂရုစိုက်ဖို့ အင်အားမရှိခဲ့ဘူး ဒါပေမဲ့….” ယွမ်ယွမ်သည် လှည့်ပတ်ကြည့် လိုက်ပြီးနောက် အပြင်လူများ မကြားရစေရန် အတားအဆီးငယ် တစ်ခုစီမံ လိုက်သည်။
ရှီမာယူယူသည် သူ၏ အပြုအမူကို စပ်စုချင်စိတ်ဖြင့် ကြည့်ကာ သူ ပြော လာမည့်စကားကို မှန်းကြည့်နေသည်။
“ဒီကိစ္စတွေက ဒီလိုမဟုတ်နိုင်ဘူးလို့ ငါအမြဲခံစားနေရတာ” ယွမ်ယွမ် ဆက်ပြောလေသည် “မင်းသားကလည်း အရင်က အားကောင်းပြီး ကောက်ကျစ်ခဲ့တယ်… သူက ဘယ်လိုလုပ် ကြင်ယာတော်မင်းသမီး အင်အား ကြီးလာခွင့်ပေးမှာလဲ.. မင်းသားလည်း တစ်ခုခုအကြီးကြီးကြံနေတယ်လို့ ထင် တယ်”
မနေ့က မုရုန်ဟွေ့ နန်းတော်ထဲတွင် နေခဲ့သည်ကို ရှီမာယူယူ မှတ်မိသွား သည်။ တကယ်ပဲ တစ်ခုခုရှိနေတာလား။
သူမ ထိုအကြောင်းကို တွေးလိုက်မိသော်လည်း သူမ၏ မျက်နှာထားမှာ ပြောင်းလဲသွားခြင်းမရှိဘဲ သူပြောသည်ကိုပဲ ဆက်နားထောင်နေလိုက်သည်။
“မင်းသားက အခွင့်အရေးကောင်း စောင့်နေတယ်ထင်တယ်… ကြင်ယာ တော်မင်းသမီးရဲ့ အင်အားကို လုံးဝကြီးထိုးဖောက်နိုင်မယ့် အခွင့်အရေး…” ယွမ်ယွမ် ပြောလေသည်။
“ဒါဆို ရှင့်မိသားစုကရော… ဘယ်ဘက်မှာနေမှာလဲ” ရှီမာယူယူ မေး လိုက်သည်။
“ဒီကိစ္စက ငါ့ခန့်မှန်းချက်သက်သက်ပဲ… ငါတို့ အဖွဲ့တစ်ခုခုဘက်နေရ မယ်ဆိုရင် ငါ့မျိုးနွယ်က ဘယ်ဘက်မှာမှနေမှာမဟုတ်ဘူး” ယွမ်ယွမ် သက်ပြင်း ချလိုက်သည် “အရင်ကလည်း အဲလိုပဲ ငါတို့က ဒီနှစ်တွေမှာ ဘက်မှားမရွေးခဲ့ ဘူး အတိတ်မှာလည်း အဲလိုမျိုးဂုဏ်မရှိခဲ့ဘူး”
“ဒါဆိုရင် ရှင်တို့က ဘာမှမပြောင်းလဲဘူးပေါ့” ရှီမာယူယူ မျက်ခုံးများကို ပင့်လိုက်သည်။
“ငါသာ မိသားစုခေါင်းဆောင်ဖြစ်လာရင် စဉ်းစားလို့ရပါတယ် ဒါပေမဲ့ အခုတော့…” ယွမ်ယွမ်၏ စကားများထဲတွင် အကူအညီမဲ့မှုများပါနေသည်။ သူသာ မျိုးနွယ်၏ မိသားစုခေါင်းဆောင်ဖြစ်လာလျှင်တောင် ဘာမှမလုပ်နိုင်ဘဲ အသက်ရှင်နေရဦးမည်။
သူတို့နှစ်ဦးသည် ထိုအကြောင်းများကို ဆက်မပြောတော့ဘဲ တခြားကိစ္စ များကို ပြောကြသည်။ သူ နေပြီးမကြာခင်တွင် သူ၏ကိုယ်ရံတော်သည် အပြင် မှ လျှောက်လာသည်။ သူသည် ဘာမှမပြောသော်လည်း မျက်လုံးမှာတော့ သိသာလွန်းသည်။ ထွက်သွားရန် အချိန်ကျပြီဖြစ်သည်။
ယွမ်ယွမ် သက်ပြင်းချလိုက်သည်။ လက်ဖက်ရည်ကို တစ်ကျိုက်တည်း သောက်ပြီး ထကာ ပြောလေသည် “ငါသွားသင့်ပြီ”
“ကျွန်မ လိုက်ပို့မယ်” သူ မအားသည်ကို တွေ့သည်နှင့် ရှီမာယူယူသည် သူ့ကိုမတားပေ။
သူမ ယွမ်ယွမ်ကိုပို့ပြီးသည်နှင့် လှည့်ကာ တည်းခိုဆောင်ထဲ ဝင်ခဲ့လိုက် သည်။ သူမ ခြံဝန်းထဲသို့ရောက်သည်နှင့် ယွိရှီနှင့် လန်ယွိတို့ သူမကို စိုက်ကြည့် နေသည်ကို မြင်လိုက်ရသည်။
“ဘာဖြစ်လို့လဲ” သူတို့နှစ်ယောက်လုံး ထူးဆန်းသည့် မျက်လုံးများနှင့် ကြည့်နေသည်ကို ကြည့်ပြီး သူမကိုယ်သူမ ငုံ့ကြည့်မိသည်။
အင်း.. အကုန်ကောင်းနေပါတယ်.. ဘာမှလွဲနေတာလည်းမရှိပါဘူး။
“မင်း အပြင်ထွက်သွားပြီး မနေ့ညက တိုက်ခိုက်ခံခဲ့ရသေးတယ်” လန်ယွိ ပြောလိုက်သည်။
“ဟုတ်တယ် ဦးလေးတို့ ကျွန်မကိုကြည့်နေတဲ့ပုံက… ဦးလေးတို့ လူကို သတ်လိုက်မိတယ်လို့တော့ မပြောနဲ့နော်… ဦးလေးတို့က တယွိရဲ့ ကြင်ယာ တော်မင်းသမီးနဲ့ တစ်ဖွဲ့တည်းလား”
“ဘာတွေစဉ်းစားနေတာလဲ ငါတို့က ဘယ်လိုလုပ် သူတို့နဲ့ တစ်ဖွဲ့တည်း ဖြစ်မှာလဲ” လန်ယွိသည် သူမကို မျက်လုံးလှိမ့်ပြသည် “ငါတို့က အိပ်မက် လောကဘိုးဘေးကြီး သေသွားပြီဆိုတဲ့ သတင်းရတယ်… သူ့ကို မင်းသတ် လိုက်တာလားလို့ မှန်းနေတာ တကယ်ဖြစ်နေတာပဲ”
“သူက ကျွန်မကို သတ်ဖို့လာတာလေ သေချာပေါက် သူ့ကိုသတ်လိုက် တာပေါ့… ဦးလေးတို့ နှစ်ယောက်လုပ်တာ လန့်တောင်လန့်တယ်” ရှီမာယူယူ နှုတ်ခမ်းဆူလေသည်။
သူတို့ သူမကိုကြည့်နေသည့် အပြုအမူသည် သူတို့လူကို သတ်မိလိုက် သည့်အတိုင်းပင်။
“မင်းကသာ ငါတို့ကိုလန့်အောင်လုပ်နေတာ ဟုတ်ပြီလား” လန်ယွိ အော်လေသည် “အိပ်မက်လောကဘိုးဘေးကြီးဆိုတာ ဘယ်သူလဲသိလား”
ရှီမာယူယူ မျက်တောင်ခတ်လေသည် “ဘယ်သူလဲ”
“ငါတို့ သူ့ကို မတော်တဆတွေ့မိရင်တောင် မထိခိုက်အောင်နေရတယ် မင်းက သူ့ကိုတစ်ယောက်တည်း တိတ်တိတ်လေးသတ်လိုက်တာ… ဒါက အရမ်းကို ကြောက်စရာကောင်းတာပဲ ဟုတ်ပြီလား”
“ကျွန်မ တစ်ယောက်တည်း မဟုတ်ဘူး” ရှီမာယူယူ ပြောလိုက်သည်။
“ထပ်ရှိသေးတာပေါ့” မနေ့ညက သူမ တစ်ယောက်တည်း ထွက်သွား သည်ဟု ကြားသဖြင့် သူမဘာသာ သတ်လိုက်သည်ဟု လန်ယွိ ထင်လိုက်သည်။ သူမ စကားများကို ကြားသောအခါ ပို၍စိတ်သက်သာသွားသည် “ဒါဆို ဘယ်သူ သတ်တာလဲ”
ရှီမာယူယူ ပြုံးလိုက်သည် “ကျွန်မရဲ့ သားရဲတွေ”
သူတို့နှစ်ယောက်မှာ “….”
***