← Chapters

အခန်း ၁၉၂၄

Vol. 129 Ch. 1924

အခန်း ၁၉၂၄

Vol. 129 Ch. 1924

အပိုင်း (၁၉၂၄)

ကြယ်တာရာစိတ်ဝိညာဉ်လောကဆီမှ လက်ရွေးစင် စစ်တပ်ကြီးသည် တိုက်ခိုက်ရန် အင်ပြည့်အာပြည့်နှင့် ရောက်ရှိလာခဲ့၏။ သို့ပေမဲ့ ကျွင်းချောင်ရှောင်းသည် ၎င်းတို့အားလုံး၏ ပစ္စည်းများကို ခိုးယူသွားခဲ့ပြီဖြစ်သည်။ ကောင်းသလား၊ ဆိုးသလားတော့ မသိချေ။ သူသည် ဂိုဏ်းတစ်ခု၏ ဂိုဏ်းချုပ်ဖြစ်ပြီး နယ်မြေတစ်ခု၏ အရှင်သခင်လည်းဖြစ်၏။ သို့ပေမဲ့ ဤကဲ့သို့သော ကိစ္စရပ်များကို ပြုလုပ်ခဲ့၏။

ကုန်းရှန့်သည် သူ၏ရန်သူများနှင့် ရင်ဆိုင်သည့်နေရာတွင် ဘာမဆိုကို ပြုလုပ်မှာဖြစ်၏။ ထို့အပြင် တစ်ဖက်လူ များသည် ချပ်ဝတ်များ၊ လက်နက်ပစ္စည်းများကို သိုလှောင်လက်စွပ်ထဲ ထည့်သွင်းသိမ်းဆည်းထားနိုင်ခြင်း ရှိသည် မဟုတ်ပါလား။ အဘယ်ကြောင့် အောက်တွင် ခပ်တည်တည်ဖြင့် ချထားရသနည်း။ အရာအားလုံးကို ခိုးယူခံရရန် စောင့်မျှော်နေခြင်းနှင့် တူညီနေလေသည်။

“နောက်တစ်ကြိမ် သတိထားပေါ့ကွာ”

ကျွင်းချောင်ရှောင်းသည် ဦးခေါင်းကို ခါယမ်းကာပြောလိုက်၏။ “နောက်ထပ် အမှားမလုပ်ကြနဲ့တော့”

အချက်အလက်အားဖြင့် သူသည် သိုလှောင်လက်စွပ်များကိုပါ ခိုးယူသွားချင်နေ၏။ သို့ပေမဲ့ ထိုအရာများသည် လက်ချောင်းများတွင် ဝတ်ဆင်ထားသည်ဖြစ်သောကြောင့် သွားရောက်ကာ ချွတ်ယူမည်ဆိုလျှင် သိရှိသွားနိုင်သည်။

“သွားကြမယ်။ သွားကြမယ်” ကျွင်းချောင်ရှောင်းသည် မြို့ထဲမှ ထွက်ခွာသွားခဲ့၏။ အထဲတွင် ရှိနေသည့် ရတနာတိုက် တော်တော်များများတို့သည် ပြောင်သလင်းခါလျက် ရှိနေတော့သည်။ သူသည် အရာအားလုံးကို ယူဆောင်လာခဲ့၏။ အထူးသဖြင့် ကျားပျံစစ်တပ်မှ လက်နက်ပစ္စည်းများ အားလုံးသည် အရည်အသွေးမြင့် ပစ္စည်းများပင် ဖြစ်လို့နေ၏။

“ဂိုဏ်းချုပ်”

ပန်းပဲဟောခန်းအတွင်းမှာတော့ ဖန်းရီကျိသည် ချပ်ဝတ်များကို အသာထိကြည့်ကာဖြင့် အံ့အား တသင့် ပြောလိုက်သည်။ “ဒီပစ္စည်းတွေက တကယ့်ကို ကောင်းတယ်”

“ဒီထက်ပိုပြီးတော့ တိုးတက်အောင် လုပ်လို့ရနိုင်သေးလား” ကျွင်းချောင်ရှောင်းက မေးမြန်းလိုက်၏။

“မရတော့ဘူး”

ဖန်းယိကျိသည် လေးလေးနက်နက် ပြောလိုက်၏။ “ဒီချပ်ဝတ်ကို ပြုလုပ်ထားတဲ့ ကျောက်ရိုင်း တွေက အဆင့်မြင့်ပဲ။ ထပ်ပြီးတော့ တိုးတက်အောင် ပြုလုပ်ဖို့ မလွယ်တော့ဘူး”

“ဆိုလိုတာက တပည့်တွေကို တစ်ခါတည်းပေးပြီးတော့ ဝတ်ခိုင်းလို့ ရပြီပေါ့”

“ရတာပေါ့။ အလုပ်ရှုပ်တောင် သက်သာသေးတယ်”

ကျွင်းချောင်ရှောင်းသည် ဖန်းရီကျိ လေ့လာနိုင်ရန်အတွက် တစ်ခုကို ချန်ထားခဲ့ပြီးသည့်နောက် ကျန်သည့် အရာများအားလုံးအား သားရဲစီးဟောခန်းဆီသို့ ပေးအပ်လိုက်၏။ ကျွဲရိုင်းစက်ရုပ်များသည် အမဲရောင်ဖြစ်၏။ ကျားပျံစစ်တပ်သည်လည်း အမဲရောင်ချပ်ဝတ်ကို ဝတ်ဆင်ထား၏။ ထို့ကြောင့် ပြိုင်စံရှားဂိုဏ်းမှ တပည့်များသည် အမဲရောင်ဝတ်ရခြင်းနှင့်ပတ်သက်၍ ထူးထူးထွေထွေ စဉ်းစားမနေကြချေ။ ထိုအရာကို ဝတ်ဆင်ပြီးသည့်နောက် သက်တောင့်သက်သာပင် ခံစားလျက် ရှိနေသေးသည်။

“ဒီချပ်ဝတ်ကို ဘယ်သူ့ကို ပေးရအုံးမှာလဲ” ကျွင်းချောင်ရှောင်းက တွေးလိုက်သည်။ အချက်အလက်အားဖြင့် စစ်သူကြီးယု ဝတ်ဆင်ထားသည့် ချပ်ဝတ်သည့် တကယ့် ထိပ်တန်းရတနာတစ်ခုဖြစ်၏။ သားရဲစီးဟောခန်းတွင် အမျိုးသမီးတပည့် မရှိချေ။ ထို့ကြောင့် တခြားသော တပည့်များကို ပေးအပ်ရန်သာ စဉ်းစားလိုက်၏။

ထိုအချိန်မှာတော့ လုချင်းချင်းသည် တောင်၏အနောက်ဘက်ဆီမှ လျှောက်ထွက်လာခဲ့၏။ သူမသည် လတ်တလော လူမြင်ကွင်းသို့ သိပ်မထွက်ချေ။ အဘယ်ကြောင့်ဆိုသော် နှစ်နှစ်ကာကာ အာရုံစူးစိုက်ကာဖြင့် လေ့ကျင့်လျက်ရှိနေသောကြောင့်ပင်။ သူမ၏ အေးစက်သည့်အော်ရာများနှင့် အားအင်အဆင့်သည် တော်တော် များများ တိုးတက်လာခဲ့သည်။

“ချင်းချင်း”

ကျွင်းချောင်ရှောင်းသည် သူမကို လှမ်းခေါ်ကာပြောလိုက်၏။ “ငါ့ဆီမှာ သာမန်ထက်ပိုတဲ့ ချပ်ဝတ်တစ်ခု ရှိတယ်။ လိုချင်လား”

“အင်း” လုချင်းချင်းသည် နှောင့်နှေးမနေခဲ့ချေ။ ဂိုဏ်းထဲသို့ စတင်ဝင်ရောက်ခဲ့ပြီးသည့်နောက် ကုန်းရှန့်သည် သူမအား စတိုးထဲမှ လက်နက်ပစ္စည်းများကို ပေးအပ်ခဲ့ဖူး၏။ ငြင်းပယ်ခဲ့သေးသည်။ သို့ပေမဲ့ လက်ရှိအချိန်မှာတော့ လောကကြီးက ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။ တစ်ခါတည်း လက်ဆောင်ကို လက်ခံလျက်ရှိသည်။ လူသားများဖြစ်သည်မို့ အရာအားလုံး ပြောင်းလဲရပေမည်။

ဟုတ်ပေ၏။ ရီရှင်းချန်တောင် လိုချင်လှသည်ဆိုမှတော့ ဂိုဏ်းချုပ်၏ လက်ဆောင်များသည် သာမန်ထက်ပိုသည့် အရာများဖြစ်ကြောင်း တစ်ဂိုဏ်းလုံးက သိရှိပြီးဖြစ်၏။

“ရော့ ယူလိုက်” ကျွင်းချောင်ရှောင်းသည် ချပ်ဝတ်ကို လှမ်းပစ်ပေးလိုက်သည်။

“ကျေးဇူးပါပဲ ဂိုဏ်းချုပ်” လုချင်းချင်းသည် ရိုးရှင်းစွာ ပြောဆိုပြီးနောက် သူမ၏ အိပ်ဆောင်ရှိရာသို့ ပြန်လှည့် သွားခဲ့၏။

ကျွင်းချောင်ရှောင်းသည် သူ၏အကြီးဆုံးတပည့်ကြီး၏ အေးစက်သည့် အမူအကျင့်နှင့်ပတ်သက်၍ အသားကျလျက် ရှိနေသည်။ ထို့ကြောင့် စိတ်ထဲမထားချေ။

စာကြည့်ခန်းထဲသို့ ပြန်ပြီးသည့်နောက် စနစ်ကို ဖွင့်လိုက်၏။ ရင်ဘုရင်နှင့် ရင်ဆိုင်ပြီးသည့်နောက် သူ၏တာဝန်သည် ပြည့်စုံသွားခဲ့သည်။ ထို့ကြောင့် ဂိုဏ်းဂုဏ်သိက္ခာအမှတ် နှစ်သောင်းကို ရရှိခဲ့သည်။ ထိုအရာနှင့် ကပ်ဘေးလွန် လျှို့ဝှက်နယ်မြေတစ်ခုကို ဝယ်ယူရန် စဉ်းစားထား၏။

ကျွင်းချောင်ရှောင်းသည် ယခင်တာဝန် အောင်မြင်ပြီးသည့်နောက် ကပ်ဘေးလွန်အဆင့် လျှို့ဝှက်နယ်မြေသုံးခုကို ဝယ်ယူခွင့် ရရှိခဲ့၏။ လက်ရှိ ဂိုဏ်းဂုဏ်သိက္ခာမှတ် ပြည့်စုံသည် ဖြစ်သောကြောင့် တစ်ခုကို ဝယ်ယူရန် စဉ်းစားထားမိသည်။

“ချီးတဲ့မှ”

စနစ်က အော်ဟစ်လိုက်၏။ “မင်း မေ့နေတယ်လို့ ငါထင်တာ”

“ချီးတဲ့မှ”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဘာကိစ္စ မေ့ရမှာလဲ။ ငါ ဘာကို ရွေးရမလဲ”

ကုန်းရှန့်သည် စတင်ကာ စဉ်းစားလိုက်၏။ ကျန်သည့် လျှို့ဝှက်နယ်မြေနှစ်ခုသည် ကပ်ဘေးလွန်အဆင့် ကျင့်ကြံခြင်းနည်းစနစ်တစ်ထောင် လျှို့ဝှက်နယ်မြေနှင့် ကပ်ဘေးလွန်အဆင့် ကောင်းကင်သွေးကြော လျှို့ဝှက်နယ်မြေဖြစ်သည်။ လုပ်ဆောင်မှုအရ ပြောရမည်ဆိုလျှင် ဝယ်ယူပြီးမှသာ သိရှိနိုင်ပေလိမ့်မည်။

“ဝယ်ချင်တာကိုသာ ဝယ်လိုက်ကွာ”

စနစ်က ပြောလိုက်သည်။ “ဘယ်လိုပဲဖြစ်ဖြစ် အသုံးဝင်မှာပဲ”

ကျွင်းချောင်ရှောင်းသည် ထိုအရာကို ယုံကြည်မိ၏။ ထို့ကြောင့် သူသည် စာရွက်နှစ်ရွက်ကို ထုတ်ယူပြီးနောက် လျှို့ဝှက်နယ်မြေ၏ နာမည်ကို ရေးချလိုက်၏။ ပြီးနောက် သူသည် ထိုစာများကို လိပ်ကာဖြင့် မဲနှိုက်လေ၏။ နောက်ဆုံးမှာတော့ ကပ်ဘေးလွန်အဆင့် ကောင်းကင်သွေးကြောလျှို့ဝှက်နယ်မြေ ပေါက်သောကြောင့် အချိန်မဖြုန်းဘဲ ချက်ချင်းဝယ်ယူလိုက်တော့၏။

“ဒင်... လက်ခံသူသည် ဂိုဏ်းဂုဏ်သိက္ခာအမှတ် နှစ်သောင်းကို အသုံးပြု၍ ကပ်ဘေးလွန်အဆင့် ကောင်းကင် သွေးကြောလျှို့ဝှက်နယ်မြေကို ဝယ်ယူခဲ့၏။ ပစ္စည်းအား သိုလှောင်လက်စွပ်ထဲသို့ ပို့ဆောင်ပြီးပါပြီ”

“ဒင်... ဂိုဏ်းဂုဏ်သိက္ခာအမှတ် - ၀”

“.............”

ဂိုဏ်းဂုဏ်သိက္ခာမှတ်များ အကုန်လုံး ကုန်ဆုံးသွားသည်ကို သိရသည့်အချိန်မှာတော့ ကျွင်းချောင်ရှောင်းသည် ရင်နာလျက်ရှိနေ၏။ “အင်း ဂိုဏ်းဂုဏ်သိက္ခာအမှတ်တွေ ဆိုတာကလည်း ငွေကြေးဖောင်းပွသလားတောင် မှတ်ရတယ်။ တစ်ခါတည်းရောက် တစ်ခါတည်းကုန်ပဲ”

..........

ထုံးစံအတိုင်းပင် လျှို့ဝှက်နယ်မြေကို ဝယ်ပြီးသည့်နောက် အသုံးပြုသည့် မှတ်တမ်းက ပါဝင်လာခဲ့၏။ ကျွင်းချောင်ရှောင်းသည် ထိုအရာကို သေသေချာချာ ဖတ်ရှုလိုက်၏။ ဖတ်ရှုလေ၊ ပိုမိုကာ စိတ်လှုပ်ရှားလာလေပင်။ ပြီးနောက် သူသည် ခံစားချက်များကို မည်သို့မှ မထိန်းချုပ်နိုင်တော့ဘဲ ဘေးတစ်ဖက်တွင် ရှိနေသော မျက်နှာတစ်ခု ကို တပြွတ်ပြွတ်နှင့် နမ်းလေသည်။

ဟွာမင်ကွေ့သည် ကြောင်အသွား၏။ ပြီးနောက် ရှက်ရွံ့စွာဖြင့် ခေါင်းကို ငုံ့ထားမိသည်။

“အမ်”

ကျွင်းချောင်ရှောင်း၏ အမူအရာသည် အေးခဲသွား၏။ ပြီးနောက် သူသည် ဦးခေါင်းကို ဆုတ်ကိုင်ကာဖြင့် အော်ဟစ်လိုက်၏။ “ဘယ်တုန်းက ဒီထဲကို ဝင်လာတာလဲ”

“အခုတင် ဝင်လာတာလေ”

ကျွင်းချောင်ရှောင်းသည် လျှို့ဝှက်နယ်မြေ၏ အသုံးပြုပုံကို သေသေချာချာ အာရုံစိုက် ဖတ်ရှုနေသောကြောင့် ဟွာမင်ကွေ့ အခန်းတံခါးကို တွန်းဖွင့်ကာ ဝင်ရောက်လာသည်ကိုပင် သတိ မပြုမိခဲ့ချေ။

လျှို့ဝှက်နယ်မြေသည် တကယ်ကောင်းမွန်လှသည့်အရာဖြစ်ကြောင်းကို သိရှိလိုက်သည့်အချိန်မှာတော့ ခံစားချက်ကို မည်သို့မှ မထိန်းချုပ်နိုင်ဘဲ မဖွယ်မရာ ကိစ္စရပ်များကို ပြုလုပ်ခဲ့သည်။ တော်သေးသည်။ မည်သူမှ မမြင်ခဲ့ချေ။

“ဘာတွေ ပျော်နေတာလဲ”

ဟွာမင်ကွေ့သည် သာမန်အခြေအနေဆိုလျှင် သူမယောက်ျား ဤမျှပျော်ရွှင်နေမည် မဟုတ်ဟု သိရှိ၏။ ယခု သူမကိုပင် တပြွတ်ပြွတ် လာနမ်းနေသည်မို့ အကြောင်းအရာတစ်ခုခုတော့ ရှိရပေ လိမ့်မည်။

“သွားကြရအောင်”

ကျွင်းချောင်ရှောင်းသည် သူမလက်ကို ဖမ်းဆွဲကာ ပြောလိုက်၏။ “အရမ်းကောင်းတဲ့ အရာတစ်ခု ပြမယ်”

“ဟမ်”

ဟွာမင်ကွေ့သည် မငြင်းပယ်ခဲ့ချေ။ ချက်ချင်းပဲ စာကြည့်ခန်းဆီမှ အသာလျှောက်ထွက်လာ၏။ ပြီးနောက် တွေးလိုက်မိသည်။ “ငါ့ယောက်ျား အခုတလော စိတ်ပျော်နေတယ်နဲ့တူတယ်”

ဟုတ်ပေသည်။ ကုန်းရှန့်သည် လက်ကိုင်ခြင်းအတွက် မည်သည့်ဖိအားမှ မရှိတော့ချေ။ သူမကို အမှတ်မထင် နမ်းရှိုက်မိသည့်အတွက် အနည်းငယ် ရှက်ရွံ့လို့တော့နေသည်။ ဤအရာသည် လူငယ်တစ်ယောက်၏ သာမန် ဖြစ်ရိုးဖြစ်စဉ်ပင်။

.........

လျှို့ဝှက်နယ်မြေ တစ်ခုခု ရောက်ပြီဆိုလျှင် တောင်၏အနောက်တွင် ထားရမည်မှာ သဘာဝပင်။ ထို့ကြောင့် ကျွင်းချောင်ရှောင်းသည် ဟွာမင်ကွေ့ကို ခေါ်ဆောင်လာပြီးနောက် ကပ်ဘေးလွန်အဆင့် ကောင်းကင် သွေးကြောလျှို့ဝှက်နယ်မြေအား တည်နေရာ ချထားလိုက်၏။

“ဒါ လျှို့ဝှက်နယ်မြေ အသစ်တစ်ခုလား”

ထိုအရာကို မြင်သည့်အချိန်မှာတော့ တပည့်များသည် တောက်ပသည့် မျက်လုံးအစုံဖြင့် စုဝေးလာခဲ့ကြသည်။

ထိုအချိန်မှာတော့ စုရှောင်မိုသည် ၎င်းတို့အားလုံးကို တားဆီးကာ ဆူငေါက်လိုက်၏။ “ဂိုဏ်းချုပ်နဲ့ ဆရာကတော် တို့ အတူတူ ရှိနေတာ မင်းတို့ မမြင်ဘူးလား။ ဘာလုပ်နေတာလဲ။ မြန်မြန် ကိုယ့်နေရာကိုယ် သွားကြတော့”

အစ်ကိုကြီးစုသည် အတင်းအဖျင်း ပြောဆိုသည့်နေရာတွင် အားကောင်းလှသည်ဆိုသလို အမြင်အာရုံမှာလည်း ကောင်းမွန်လွန်းလှ၏။

“ကောင်းပါပြီ။ ကောင်းပါပြီ” အားလုံးသောသူတို့သည် ၎င်းတို့၏ သိချင်စိတ်များကို ဖိနှိပ်ပြီး အလျင်အမြန်ပဲ ထွက်ခွာ သွားခဲ့ကြသည်။

“ဒါဘာလဲ” လျှို့ဝှက်နယ်မြေ၏ အရှေ့တွင် ရပ်လျက်ရှိသည့် ဟွာမင်ကွေ့က မေးမြန်းလိုက်၏။

“ဝင်သွားလိုက်လေ။ သိလိမ့်မယ်” ကျွင်းချောင်ရှောင်းသည် တစ်ခါတည်း မပြောခဲ့ချေ။ သူသည် သူမ၏ လက်ကို ဆွဲယူကာဖြင့် ကောင်းကင်သွေးကြော လျှို့ဝှက်နယ်မြေထဲသို့ လှမ်းလျှောက် ဝင်လိုက်သည်။

ဝှစ် ဝှစ်

၎င်းတို့နှစ်ယောက်သည် လေဝဲကြီးထဲသို့ ဝင်ရောက်ပြီးနောက် အနီရောင်ကုန်းမြေထဲသို့ ရောက်ရှိသွား၏။ ဟွာမင်ကွေ့သည် အနီးအနားပတ်ဝန်းကျင်ကို ကြည့်ရှုပြီးသည့်နောက် ဘာတစ်ခုမှ ထူးခြားသည့် အကြောင်းအရာ မရှိသည်ကို မြင်လိုက်ရ၏။ သူမသည် ဇဝေဇဝါဖြင့် မေးမြန်းလိုက်သည်။ “ဒါသာမန်ပဲ မဟုတ်ဘူးလား”

ကျွင်းချောင်ရှောင်းသည် အဝေးရှိ နေရာတစ်ခုကို လက်ညှိုးညွှန်ပြလိုက်သည်။ “သေချာကြည့်အုံး”

ဟွာမင်ကွေ့သည် သေသေချာချာ လှမ်းကာကြည့်ရှုလိုက်သည်။ သို့ပေမဲ့ မည်သည့် ထူးခြားမှုကိုမှ မမြင်ရချေ။ ပြီးသည့်နောက် သူမသည် တဖြည်းဖြည်းနှင့် နားလည်လာ၏။ ထို့ကြောင့် အံ့အားသင့်စွာဖြင့် ပြောလိုက်သည်။ “ဒါက စိတ်ဝိညာဉ်ကျောက်တုံးသွေးကြောတွေလား”

ကုန်းရှန့်သည် ခေါင်းညိတ်လိုက်၏။

ဟွာမင်ကွေ့သည် စိတ်ဝိညာဉ်အတွေးများဖြင့် သူတို့၏ရှေ့တွင် ရှိနေသည့် တောင်ကြီးတစ်ခုလုံးကို လွှမ်းခြုံကာ ကြည့်ရှုလိုက်သည်။ တည်နေရာကြီး တစ်ခုလုံးသည် ကောင်းကင်နှင့် မြေကြီး၏ ဓာတ်သဘာဝများ ထွက်ပေါ်လျက် ရှိနေသည်။ ထို့ကြောင့် သူမသည် မယုံကြည်နိုင်စွာဖြင့် ပါးစပ်ကို ပိတ်လိုက်မိ၏။ “ဒီတောင်တွေ အကုန်လုံးက စိတ်ဝိညာဉ်သွေးကြောတွေလား”

“မဟုတ်ဘူး”

ကျွင်းချောင်ရှောင်းသည် ပြုံးကာပြောလိုက်၏။ “တောင်တွေ၊ သစ်ပင်တွေ အရာအားလုံးက စိတ်ဝိညာဉ်စွမ်းအင်ကနေ အသွင်ပြောင်း ဖြစ်တည်လာခဲ့တာလေ”

“ဘာ” ဟွာမင်ကွေ့၏ မျက်လုံးများသည် ပြူးထွက်သွားခဲ့၏။ သူမ၏ခြေထောက်အောက်တွင် ရှိနေသည့် မြေပြင်ကို လှမ်းကာ ကြည့်ရှုလိုက်မိသည်။ သေသေချာချာ ကြည့်ရှုပြီးသည့်နောက် ဤအရာသည် ကြီးမားလွန်းလှသည့် စိတ်ဝိညာဉ်ကျောက်တုံးကြီးဖြစ်ကြောင်းကို နားလည်လိုက်မိသည်။

“ကပ်ဘေးလွန်အဆင့် ကောင်းကင်သွေးကြော လျှို့ဝှက်နယ်မြေ”

ကျွင်းချောင်ရှောင်းသည် ခါးထောက်ကာဖြင့် ဂုဏ်ယူစွာဖြင့် အော်ဟစ်လိုက်၏။ “ဒီလောကကြီးတစ်ခုလုံးက စိတ်ဝိညာဉ်ကျောက်တုံး သွေးကြောတွေပဲ”

ပြောပြီးသည့်နောက် သူသည် လက်ကို အသာဝှေ့ယမ်းကာဖြင့် သစ်ရွက်တစ်ခုကို ခူးယူလိုက်၏။ ဤအရာသည် သစ်ရွက်ကဲ့သို့ ပုံပန်းသွင်ပြင်မျိုး ဖြစ်တည်နေသည့် စိတ်ဝိညာဉ်ကျောက်တုံးပင်။ ကောင်းကင်နှင့် မြေကြီး၏ ဓာတ်သဘာဝများ အားလုံးသည် အထက်နယ်မြေ၏ အဆင့်မြင့်ဆုံး စိတ်ဝိညာဉ်ကျောက်တုံးများနှင့်ပင် နှိုင်းယှဉ်၍ ရနေသည်။

မြင်ကွင်းကို ကြည့်ရှုရမည်ဆိုလျှင် လျှို့ဝှက်နယ်မြေအတွင်းတွင် ကျွင်းချောင်ရှောင်းနှင့် နှင်းဆီဧကရီဆိုသည်မှာ ပုရွက်ဆိတ်ကလေးများ ကဲ့သို့ပင်။ ၎င်းတို့အားလုံးအား ဝန်းရံထားသည့်အရာများသည် စိတ်ဝိညာဉ်ကျောက်တုံး များနှင့် ဖန်တီးထားသည့်အရာများ ဖြစ်လို့နေသည်။ နေရာအနှံ့ စိတ်ဝိညာဉ်ကျောက်တုံးများ ရှိနေပြီး နေရာတိုင်းတွင် စိတ်ဝိညာဉ်ကျောက်တုံး သွေးကြောများ ရှိနေ၏။

ကပ်ဘေးလွန်အဆင့် ကောင်းကင်သွေးကြော လျှို့ဝှက်နယ်မြေ - ဤအရာသည် အံ့အားသင့်စရာ ကောင်းလွန်းလှချေသည်။

All Chapters