အခန်း ၁၉၂၅
Vol. 129 Ch. 1925
အပိုင်း (၁၉၂၅)
ဘုတ်
စုရှောင်မိုသည် မြေပေါ်သို့ ပြုတ်ကျသွား၏။
ဘုတ်
လီချင်းယန်လည်း ထိုနည်းလည်းကောင်းပင်။ လျှို့ဝှက်နယ်မြေထဲသို့ ဝင်ရောက်လာခဲ့သည့် ပြိုင်စံရှားဂိုဏ်း တပည့်များသည် ကောင်းကင်နှင့်မြေကြီး၏ ဓာတ်သဘာဝများ ပေါကြွယ်မှုကို သိရှိရပြီး အထဲတွင် ရှိနေသည့် မြက်ပင်၊ သစ်ပင်များနှင့် အရာအားလုံးသည် စိတ်ဝိညာဉ်ကျောက်တုံးများနှင့် ဖန်တီးထားသည်ဖြစ်ကြောင်း ခံစားလိုက်မိချိန်မှာတော့ မည်သို့မှပင် မနေနိုင်ဘဲ မြေပေါ်သို့ပင် လဲကျကုန်သည်။
ကောင်းကင်သွေးကြောလျှို့ဝှက်နယ်မြေ - ဤအရာသည် ဂြိုဟ်ကြီးတစ်ခုကဲ့သို့ပင် ကြီးမားလွန်းလှ၏။ အရွယ် အစားသည် ထာဝရလောကကြီးလောက် မကြီးမားလှသည်ဆိုသော်လည်း အထက်နယ်မြေနှင့်တော့ နှိုင်းယှဉ်၍ ရနိုင်၏။ တည်နေရာတစ်ခုလုံးသည် စိတ်ဝိညာဉ်ကျောက်တုံး သွေးကြောများ ဖြစ်သည်ဟု သိရှိလိုက်ရသည့် အချိန်မှာတော့ အားလုံးတို့သည် တကယ်ပဲ တုန်လှုပ်သွားမိ၏။
“သွားပြီပဲ”
ရမ်ရှန်သည် နံရံတစ်ခုကို အသာမှီကာဖြင့် မျက်ရည်များ ကျဆင်းလာခဲ့သည်။ “ငါတော့ အလုပ်ပြုတ်ပြီနဲ့ တူတယ်”
ပြိုင်စံရှားဂိုဏ်း၏ ကျော်ကြားလှသော ကံကောင်းခြင်းလူသား ဖြစ်သည်နှင့်အညီ သူသည် အမှတ်မထင်နှင့် စိတ်ဝိညာဉ်ကျောက်တုံး သွေးကြောများကို ရှာဖွေတွေ့ရှိတတ်၏။ ယခု ထိုအရာများ ပြည့်နှက်လျက် ရှိနေသည့် လျှို့ဝှက်နယ်မြေကြီးတစ်ခု တည်ရှိနေသည် ဖြစ်သောကြောင့် သူ့အနေနှင့် စိတ်ဝိညာဉ် ကျောက်တုံးသွေးကြောများ ကို လိုက်လံရှာဖွေရမည့် အလုပ်မရှိတော့ချေ။ ထို့ကြောင့် သူ၏ တည်ရှိမှုသည် မှေးမှိန် လာပေတော့မည်။
လျှို့ဝှက်နယ်မြေထဲတွင် များပြားလှသော စိတ်ဝိညာဉ်ကျောက်တုံး သွေးကြောများ တည်ရှိလို့ နေခဲ့၏။ ထို့အပြင် ၎င်းတို့၏ အဆင့်ကကော။ သစ်ရွက်ပုံစံ တည်ရှိနေသည့် စိတ်ဝိညာဉ်ကျောက်တုံးပင်လျှင် အထက်နယ်မြေ၏ အဆင့်အမြင့်ဆုံး စိတ်ဝိညာဉ်ကျောက်တုံးထက် မည်သို့မှ အားမနည်းချေ။ ထို့ကြောင့် အလွန်အားကောင်းသည်ဟု သက်သေပြခဲ့ပြီးဖြစ်၏။
“သဘောကျလား” ကျွင်းချောင်ရှောင်းသည် ကျယ်လောင်စွာ မေးမြန်းလိုက်သည်။
“သဘောကျပါတယ်” တပည့်များ အားလုံးတို့သည် သံပြိုင်အော်ဟစ်လိုက်ကြ၏။
“ဒါဆို ဘာကို စောင့်နေတာလဲ။ မြန်မြန်ဆန်ဆန် တူးကြတော့လေ”
“ကောင်းပါပြီ” လီချင်းယန်နှင့် တခြားသောသူများတို့သည် ပျောက်ကွယ်သွားခဲ့ကြသည်။ ၎င်းတို့သည် တောနက် ထဲသို့ ဝင်ရောက်သွားခဲ့ကြ၏။ သူတို့သည် ကျောက်တုံးများကို ကြည့်ပင် မကြည့်ခဲ့ကြချေ။ ဟိုးအတွင်းပိုင်းတွင် ပိုမို အဆင့်မြင့်မားသော စိတ်ဝိညာဉ်ကျောက်တုံးများ တည်ရှိမည်ဟု ၎င်းတို့က သိရှိနေခဲ့ကြသည်။
ထင်မှတ်ထားသည့်အတိုင်းပင် ခဏလောက်ကြာပြီးသည့်နောက် ရှောင်ကျီသည် ကြီးမားလှသည့် တောင်ကဲ့သို့သော ကျောက်တုံးကြီးကို အသာမကာဖြင့် လေထဲသို့ ခုန်တက်လာ၏။ သူသည် စိတ်လှုပ်ရှားမှုကို မည်သို့မှ မဖုံးကွယ်နိုင်စွာဖြင့် ပြောလိုက်၏။ “ကျုပ် ဘာရှာတွေ့လဲ ကြည့်ကြအုံး”
အားလုံးတို့သည် လှမ်းကာကြည့်ရှုလိုက်သည့်အချိန်မှာတော့ မျက်လုံးထဲတွင် မနာလိုမှုများ ပြည့်နှက်သွားခဲ့ ကြသည်။ ရှောင်ကျီဆွဲမထားသော ကျောက်တုံးကြီးသည် အလွန်လေးလွန်းလှ၏။ အလွန့်အလွန် ကြီးမားလွန်း သည်ဟု ပြောဆိုရပြီး မျက်နှာပြင်တစ်ခုလုံးသည် ကောင်းကင်နှင့်မြေကြီးဓာတ်သဘာဝများ ဝန်းရံလျက်ရှိပြီး ကြယ်တာရာစိတ်ဝိညာဉ်လောက၏ ထိပ်ဆုံးအဆင့် စိတ်ဝိညာဉ်ကျောက်တုံးထက်ပင် ပိုမိုကာ အားကောင်းနေ သည်။
ဟား ဟား ဟား
ဟား ဟား ဟား ဟား
ကျွင်းချောင်ရှောင်းသည် ခေါင်းကိုမော့ကာဖြင့် အော်ဟစ်ရယ်မောလိုက်၏။ အရင်တုန်းက ကြယ်တာရာစိတ်ဝိညာဉ် လောကတွင် ရှိနေသည့် စိတ်ဝိညာဉ်ကျောက်တုံးများသည် အဆင့်အမြင့်ဆုံးဖြစ်၏။ သို့ပေမဲ့ လျှို့ဝှက်နယ်မြေ ထဲတွင် ရှိနေသည့်အရာများနှင့် ပြန်လည်နှိုင်းယှဉ်ရမည်ဆိုလျှင်တော့ နိမ့်ကျသွားပြန်သည်။ ထို့အပြင် တပည့်များ သည် ပိုမိုကာ အားကောင်းလှသည့် စိတ်ဝိညာဉ်ကျောက်တုံးများကို တစ်ခုပြီးတစ်ခု ရှာဖွေတွေ့ရှိလို့နေ၏။
ဘုန်း
လီချင်းယန်သည် ပျံသန်းထွက်ခွာလာပြီးသည့်နောက် မြေပေါ်သို့ တောင်ကြီးတစ်ခုကဲ့သို့သော ကျောက်တုံးကို တင်လိုက်၏။ ပြီးနောက် စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။ “ဒါက ပိုပြီး အားကောင်းတယ်”
“ကောင်းကင်ဘုံ”
အားလုံးသောသူတို့သည် မျက်လုံးပြူးသွားမိ၏။ စိတ်ဝိညာဉ်ကျောက်တုံးများ ပုံထားသည်ကို သူတို့ မြင်ခဲ့ဖူးပြီဖြစ်သည်။ သို့ပေမဲ့ တောင်လောက်ကြီးမားသော စိတ်ဝိညာဉ်ကျောက်တုံးကြီးကိုတော့ သူတို့ တစ်ခါမှ မမြင်ခဲ့ဖူးချေ။
“ဒါဖြစ်ဖို့အတွက်ကို နှစ်ပေါင်း ဘယ်လောက်လောက် ကြာမလဲ”
“အထဲမှာရှိတဲ့ ကောင်းကင်နဲ့မြေကြီးရဲ့ ဓာတ်သဘာဝတွေ ဘယ်လောက်ပါဝင်လည်းဆိုတဲ့အပေါ်မှာ မူတည်မှာပေါ့”
“မယုံကြည်နိုင်စရာပဲ”
လျှို့ဝှက်နယ်မြေထဲတွင် တပည့်များသည် ရက်အနည်းငယ်ကြာ ကုန်ဆုံးခဲ့၏။ အားလုံးသောသူတို့သည် ကြီးမားသည့် အကျိုးကျေးဇူးကို ရရှိခဲ့ကြ၏။ ၎င်းတို့သည် အရည်အသွေး မြင့်မားပြီး ကြီးမားသည့် စိတ်ဝိညာဉ် ကျောက်တုံးများကို ရှာဖွေတွေ့ရှိခဲ့သည်။
ပြောနေစရာပင် မလိုချေ။ တည်နေရာကြီးတစ်ခုလုံးတွင် စိတ်ဝိညာဉ် ကျောက်တုံးမိုင်းတွင်းများ တည်ရှိနေသည်ဖြစ်သောကြောင့် လက်ဆန့်တန်းလိုက်သည်နှင့် စိတ်ဝိညာဉ် ကျောက်တုံး သွေးကြောများကို တွေ့ရှိသည်ဆိုသည်မှာ သဘာဝပင်ဖြစ်သည်။ လိုက်ရှာရင်း မောပင်မောပန်းနေကြလေ၏။
“ဒါ ထိုက်တန်တာပဲ”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “တကယ့်ကို ထိုက်တန်တဲ့အရာပဲ”
ကိုယ်ပျောက်နိုင်စွမ်း ရှိသည်ဆိုသော်လည်း သူ့အနေနှင့် လိုက်လံခိုးယူရနိုင်သည့် သိုင်းအရင်းအမြစ်သည် အကန့်အသတ်ဖြင့် တည်ရှိနေပေလိမ့်မည်။ လက်ရှိအချိန်မှာတော့ အလွန်အားကောင်းလွန်းလှသော ကောင်းကင် သွေးကြောလျှို့ဝှက်နယ်မြေကို ရရှိခဲ့ပြီ ဖြစ်သောကြောင့် သူ့အနေနှင့် စိတ်လိုလက်ရ အရာအားလုံးကို ယူဆောင် နိုင်စွမ်း ရှိနေ၏။
“ဟင်း”
စနစ်သည် သက်ပြင်းချကာ ပြောလိုက်သည်။ “ဒါကြီးကတော့ လွန်လွန်းအားကြီးတယ်။ ဒါပေမဲ့”
သူသည် ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်၏။ “စနစ်ရဲ့ အားအင်အဆင့်က တိုးတက်လာတယ်ဆိုတာ သက်သေပြနေတာပဲလေ။ ဒီလိုအရာမျိုးကိုတောင်မှ ယူဆောင်ပေးနိုင်တယ်ဆိုတော့ ဘယ်လောက် အားကောင်းလဲ ကြည့်လိုက်ပေါ့။ ဘယ်လောက် အကူအညီ ဖြစ်လိုက်လဲ”
မှန်ပေ၏။ စိတ်ဝိညာဉ်ကျောက်တုံးသွေးကြောများ တည်ရှိနေသည့် မိုင်းတွင်းကြီးတစ်ခုကို ဖန်တီးပေးခြင်းဆိုသည် မှာ အချိန်ကိုက် ကူညီခြင်းပင်ဖြစ်၏။ အစီအရင်ဟောခန်း၊ ပန်းပဲဟောခန်း၊ တခြားသော ဟောခန်းအသီးသီးတို့ သည် နည်းပညာနှင့်ပတ်သက်လျှင် အကန့်အသတ်တစ်ခု၌ တစ်လို့နေခဲ့၏။ ယခု အားကောင်းလွန်းလှသော အရင်းအမြစ်များ ပေါ်ပေါက်လာသည်ဖြစ်သောကြောင့် ကြီးမားသော အကျိုးကျေးဇူးကို ယူဆောင်လာနိုင်မှာ သေချာသည်။ တပည့်များသည် ထိုအရာများကို စုပ်ယူ၍ လေ့ကျင့်သည်ဆိုပါက ကျင့်ကြံခြင်းအဆင့်မှာလည်း ပိုမိုကာ တိုးတက်လာပေဦးမည်။
ငြင်းပယ်နေစရာ မလိုအပ်ချေ။ အင်မော်တယ်တေးသံ၏ စွမ်းအင်များသည်လည်း အလွန်နက်နဲလှသည့် စွမ်းအင်များဖြစ်၏။ သို့ပေမဲ့ ဤအရာသည် အထက်စကြဝဠာကြီးဖြစ်၏။ အဓိကအားဖြင့် ကောင်းကင်နှင့် မြေကြီး၏ စိတ်ဝိညာဉ်စွမ်းအင်များကိုသာ အသုံးပြုရပေလိမ့်မည်။
အန္တိမကုန်းမြေတိုက်ကြီးဆီမှ ဓာတ်သဘာဝသည် ရံဖန်ရံခါဆိုသလို မခန့်မှန်းနိုင်သည့် စွမ်းအင်များကို ထုတ်ဖော် အသုံးပြုနိုင်သည့်အရာမျိုးဖြစ်၏။ အစစ်အမှန် တိုက်ခိုက်မှု၌ ကောင်းကင်နှင့်မြေကြီး၏ဓာတ်သဘာဝများအပေါ် မှီခိုနေရ၏။ ကောင်းကင်သွေးကြော လျှို့ဝှက်နယ်မြေသည် ပြိုင်စံရှားဂိုဏ်းအား အကန့်အသတ်မဲ့ စွမ်းအင်များ ပေးအပ်လိုက်ခြင်းနှင့်ပင် ဆင်တူနေ၏။
...........
“တောဝက်ရိုင်းလေး”
တောင်တစ်ခုပေါ်မှာတော့ ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဒီနှစ်ပိုင်းအတွင်း မင်းကို မတွေ့ရတာကြာပြီ”
တောဝက်ရိုင်းလေးသည် ခံစားချက်အပြည့်ဖြင့် ဖြစ်သွားခဲ့၏။ သူ့အနေနှင့် သူ၏သခင်နှင့် စိတ်လိုလက်ရ စကား မပြောဆိုရသည်မှာ ကြာမြင့်လှပြီဖြစ်သည်။
“မင်းနဲ့ငါ့ကြားမှာရှိတဲ့ ကတိစကားကို မှတ်မိသေးလား”
“မှတ်မိပါတယ်”
တောဝက်ရိုင်းလေးက ပြောလိုက်သည်။ “သေရင်တောင် မေ့သွားမှာ မဟုတ်ပါဘူး”
မည်သည့်ကတိစကားနည်း။ ကျွင်းချောင်ရှောင်းအနေဖြင့် အမြင့်ဆုံးတည်နေရာသို့ တက်လှမ်းလိုက်သည့် အချိန်တွင် ဘေးတစ်ဖက်တွင် မြဲမြဲရပ်နေနိုင်ရမည်ဆိုသည့် ကတိစကားပင်ဖြစ်သည်။ ဤစကားစုသည် တောဝက်ရိုင်းလေးအား အမှန်ပင် စိတ်လှုပ်ရှားစေခဲ့၏။ အလွန်ပင်ပန်းလှသည့် လုပ်ငန်းများကို လုပ်ဆောင်ရမည် ဆိုလျှင်တောင်မှ ကိစ္စမရှိချေ။ သူသည် စိတ်နှလုံးအားအင်အပြည့်နှင့် ပြုလုပ်ပေးလျက်ရှိသည်။ သူ့အနေနှင့် ပိုမို အားကောင်းချင်သည်။ ထိုမှသာလျှင် သူ၏သခင်နှင့်အတူ လိုက်ပါနိုင်မှာဖြစ်၏။
“မင်း အရွယ်ရောက်ပြီးတော့ ပိုမိုအားကောင်းလာတာနဲ့ ပတ်သက်ပြီးတော့ ငါတကယ်ကျေနပ်မိတယ်။ ကြည့်ရတာ လုံလောက်တာထက်တောင် ပိုနေပါပြီ”
..........
တောဝက်ရိုင်းလေးသည် ဦးခေါင်းကိုငုံ့ကာဖြင့် ရှက်ရွံ့နေမိ၏။ သားရဲအရည်အသွေးအရ ပြောရမည်ဆိုလျှင် သူသည် နဂါးကလန်၏သခင်ဖြစ်သော နဂါးလေးနှင့် နှိုင်းယှဉ်၍ မရနိုင်ချေ။ သူ့၌ သွေးမျိုးဆက်၏ အကန့်အသတ် ကလည်း တည်ရှိနေသေးသည်။
ကျွင်းချောင်ရှောင်းသည် ထိုအခြင်းအရာကို နားလည်၏။ ထို့ကြောင့်ပင်လျှင် တောဝက်ရိုင်းလေး၏ ဦးခေါင်းကို အသာပုတ်ကာ ပြောလိုက်၏။ “အခွင့်အရေး ရမယ်ဆိုရင် ငါမင်းကို ပြောင်းလဲပေးမယ်”
“ကျေးဇူးပါသခင်” တောဝက်ရိုင်းလေးသည် ငိုချင်လုမတတ်ပင် ရင်ထဲထိခိုက်သွားသည်။
“ဒါပေမဲ့”
ကျွင်းချောင်ရှောင်းသည် သူ၏လက်များကို ဝှေ့ယမ်းကာဖြင့် အဝေးတစ်နေရာတွင်ရှိနေသည့် အဆုံးအစမဲ့ လောကကြီးကို လက်ညှိုးညွှန်လိုက်၏။ “မင်းရဲ့ပထမဆုံးတာဝန်က ဒီမှာရှိတဲ့ စိတ်ဝိညာဉ်ကျောက်တုံးတွေ အကုန်လုံးကို တူးထုတ်ဖို့ပဲ”
“ဟား ဟား”
စနစ်က ပြောလိုက်သည်။ “မင်းရဲ့ ရည်ရွယ်ချက်က ဒါပဲ။ အသုံးချစရာ လိုက်ရှာနေတာပဲ”
“ကောင်းပါပြီ”
တောဝက်ရိုင်းလေးသည် တောင်ပေါ်မှ ခုန်ချသွားခဲ့၏။ စနစ်၏ အတွေးကိုသာ ကြားသည်ဆိုပါက သူသည် ချက်ချင်းခွန်းတုန့်ပြန်မိမှာ သေချာ၏။ “အသုံးချခံအဖြစ် လိုလိုချင်ချင် လုပ်နေတာဗျ”
ဟူး ဟူး
ကောင်းကင်သွေးကြောလျှို့ဝှက်နယ်မြေ၏ အတွင်းဘက်မှာတော့ တောဝက်ရိုင်းလေးသည် တကယ်ပင် ရူးရူးမူးမူးဖြင့် မြေဆီလွှာများကို တူးထုတ်လျက် ရှိနေသည်။ သူသည် အနည်းငယ် ပင်ပန်းနေသည့် ပုံစံမျိုး ရှိသည် ဆိုသော်လည်း ပျော်ရွှင်လျက် ရှိနေသည်။
ပြောရမည်ဆိုလျှင် ကျွင်းချောင်ရှောင်းသည် ကျောက်တွင်း တူးဖော်သည့်စက်လည်း တည်ရှိနေ၏။ အဘယ်ကြောင့် တောဝက်ရိုင်းလေးကို အသုံးပြုနေရသနည်း။ ကုန်းရှန့်သည် တောဝက်ရိုင်းလေးအား အသုံးချခံအဖြစ် ပြုမူနေသည် ဟု စနစ်ကမြင်၏။ သို့ပေမဲ့ ဤစိတ်ဝိညာဉ်ကျောက်တုံးများကို တူးထုတ်ခြင်းသည် ကျင့်ကြံခြင်းတစ်မျိုးဖြစ်သည်ဟုတော့ မတွေးမိချေ။
ဤနှစ်ပိုင်းအတွင်း တောဝက်ရိုင်းလေးသည် တခြားသောသူများကို အမှီလိုက်နိုင်ရန် လိုအပ်နေသေး၏။ အဘယ်ကြောင့်ဆိုသော် ဆက်တိုက် အလုပ်များနေသောကြောင့်ပင်။ သို့ပေမဲ့ သူ၏အားအင်အဆင့်သည် တဖြည်းဖြည်း တိုးတက်လာခဲ့ပြီး သူ့ကိုယ်သူ သက်သေပြလျက် ရှိနေ၏။
အစောပိုင်း ပဋိညာဉ်သားရဲများဖြစ်သော ခရမ်းရောင်လျှပ်စီး ကျားသားရဲနှင့် ရေခဲခြင်္သေ့တို့သည် လက်ရှိ မြင်ကွင်း၌ ထွက်ပေါ်မလာကြသော်လည်း ၎င်းတို့၏ အားအင်အဆင့်သည် နိမ့်ကျမနေခဲ့ကြချေ။ ကျွင်းချောင်ရှောင်းသည် သူ၏ပဋိညာဉ်သားရဲများကို ချက်ချင်းကြီး အားကောင်းလာအောင် ပြုလုပ်ပေးချင် စိတ် မရှိချေ။ ခက်ခဲမှုများကို ကြံ့ကြံ့ခံကာ လေ့ကျင့်ခိုင်းထားသည်။
ကုန်းရှန့်၏ ကောင်းမွန်သည့်သဘောထားကို လူတော်တော်များများက မသိကြချေ။ ထို့ကြောင့် ပဋိညာဉ်သားရဲ များအား လက်လွှတ်စပယ်ပစ်ထားသည်ဟု ထင်မှတ်မိနေကြ၏။
“ငါ့ကို ရယ်မောလှောင်ပြောင်တဲ့လူတွေ ရူးနေတာပဲဖြစ်မယ်”
တောင်ထွတ်တစ်ခုပေါ်မှာတော့ ကျွင်းချောင်ရှောင်း သည် လက်နှစ်ဖက်ကို နောက်သို့ပစ်ကာ ခေါင်းကိုခါယမ်းလိုက်သည်။
“ဂိုဏ်းချုပ်”
အသံတစ်ခုသည် သူ၏နားထဲသို့ ဝင်ရောက်လာ၏။ “ကြယ်တာရာစိတ်ဝိညာဉ်လောကက တိုက်ခိုက် နေပြီ”
“အင်း...”
ကျွင်းချောင်ရှောင်းသည် တုန့်ပြန်လိုက်မိ၏။ ပြီးနောက် ကောင်းကင်မြို့၏ မျှော်စင်ပေါ်၌ ပေါ်ပေါက်လာခဲ့သည်။
အဝေးတစ်နေရာဆီသို့ လှမ်းကြည့်လိုက်သည့်အချိန်မှာတော့ ကြယ်တာရာစိတ်ဝိညာဉ်လောက ဆီမှ စစ်သည်တစ်သောင်းတို့သည် ညီညီစီစီဖြင့် မတ်မတ်ရပ်လျက်ရှိနေပြီး ၎င်းတို့၏ ခန္ဓာကိုယ်ဆီမှ တောင်များ၊ ချောင်းများကို လှုပ်ခါနိုင်သည့်အော်ရာများ ထွက်ပေါ်နေ၏။
“ကျားပျံစစ်တပ်... သူတို့ ရောက်ရှိလာပြီ”
သို့ပေမဲ့ ၎င်းတို့၏ ပထမတန်းစား လက်နက်ပစ္စည်းများ ခိုးခံလိုက်ရသည် ဖြစ်သောကြောင့် တခြားလက်နက်ပစ္စည်းများကို ကိုင်ဆောင်လာခဲ့ရ၏။ သို့ပေမဲ့ ကိစ္စမရှိချေ။ ကျားပျံစစ်တပ် ဆိုသည်မှာ လက်နက်ပစ္စည်း အရည်အသွေးပေါ်တွင် အမှီအခိုပြုထားသည့်လူများ မဟုတ်ချေ။ ကောင်းမွန်လှသည့် အသင်းအဖွဲ့ လုပ်ဆောင်မှုနှင့် အားကောင်းလှသည့် ကျင့်ကြံခြင်းအဆင့်ကို ပိုင်ဆိုင်သူများဖြစ်၏။ ထို့ကြောင့် မည်သူ့ကိုမဆို တိုက်ခိုက်အနိုင်ယူနိုင်စွမ်းရှိသည်။
“ရှင်က ပုန်ကန်သူတွေရဲ့ ခေါင်းဆောင်လား” စစ်သူကြီးယုသည် အားလုံးသောသူများရှေ့တွင် မတ်မတ်ရပ်ကာဖြင့် ကျွင်းချောင်ရှောင်းကို မေးမြန်းလိုက်၏။
“ဟမ်”
ကုန်းရှန့်သည် သူမဝတ်ဆင်ထားသည့် ချပ်ဝတ်ကို ကြည့်လိုက်၏။ အရည်အသွေးသည် သူ ခိုးယူလာခဲ့သည့် ချပ်ဝတ်နှင့် ထပ်တူနီးပါး ရှိနေ၏။ ထို့ကြောင့် ပြောလိုက်၏။ “အင်း... ဒီလိုအဆင့် ချပ်ဝတ်တွေက တစ်ခုထက် ပိုပြီး ရှိနေတာကိုး”
“..............”
စစ်သူကြီးယု၏ မျက်နှာတစ်ခုလုံးသည် မဲမှောင်သွားသည်။ ပြီးနောက် ပြောလိုက်သည်။ “ဒီစစ်သူကြီးရဲ့ ချပ်ဝတ်ကို ခိုးယူသွားတာ ရှင်လား”
“ဟုတ်တယ်” ကျွင်းချောင်ရှောင်းသည် ဝန်ခံလိုက်မိ၏။ ရုတ်တရက် သူ၏ သိစိတ်ပင်လယ်ထဲတွင် ရဲတင်းလွန်းလှ သော အကြံအစည်တစ်ခုက ပေါ်ပေါက်လာ၏။ သူသည် စနစ်ခိုးယူခဲ့သည့် ပစ္စည်းများအားလုံးကို ဝယ်ယူခဲ့၏။ သို့ပေမဲ့ လက်ရှိအချိန်မှာတော့ ပျော်ပျော်ကြီး လိုက်လံခိုးယူနေရ၏။ အနာဂတ်တွင် စနစ်ကို သူ ဖန်တီးနိုင်ခဲ့သည်ဆိုသည်မှာ အစစ်အမှန်ပင် ဖြစ်နေသည်လား။ ခိုးယူထားခဲ့သည့်အရာများကို စနစ်၏ စတိုးထဲတွင် ထည့်သွင်းထားခဲ့လေသည်လား။
“ချီးတဲ့မှ...”
ကုန်းရှန့်သည် အော်ဟစ်လိုက်၏။ “ဒါ တကယ်ဖြစ်နိုင်တယ်”
“............”
စနစ်သည် ခဏလောက် တိတ်ဆိတ်ငြိမ်သက်သွား၏။ ပြီးနောက် အားပျော့စွာ ပြောလိုက်သည်။ “ကိုယ့်အကြောင်း ကိုယ်တော့ သိသေးတာပဲ”