← Chapters

အခန်း ၁၉၂၆

Vol. 129 Ch. 1926

အခန်း ၁၉၂၆

Vol. 129 Ch. 1926

အပိုင်း (၁၉၂၆)

ကျွင်းချောင်ရှောင်း၏ စိတ်ကူးများသည် ရိုင်းစိုင်းလျက် ရှိ၏။

ဤအကောင်သည် ဆိုးရွားလွန်းလှသည်။ အနာဂတ်တွင် သူကိုယ်တိုင် စနစ်ကို တီထွင်ခဲ့သည်ဟုပင် တွေးထင်လျက်ရှိနေသည်။

"အရှက်မဲ့တဲ့သူခိုး"

စစ်သူကြီးယုသည် သူ့ကိုကြည့်ကာ ဒေါသတကြီးဖြင့် ပြောလိုက်၏။ "ရှင့်ကို အစိတ်စိတ်အပို်င်ပိုင်း ဖြစ်အောင် လုပ်မယ်"

"အားနာပါတယ်"

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ "ခင်ဗျားဆီမှာ အဲလို လုပ်နိုင်တဲ့စွမ်းရည် မရှိဘူး"

စစ်သူကြီးယုသည် သူနှင့် ငြင်းခုံမနေချေ။ ပထမဆုံး သူမ၏ ဒေါသတရားများကို မြိုသိပ်ကာ အေးစက်စက်ဖြင့် ပြန်ပြောလိုက်၏။ "တစ်နာရီအတွင်း ကောင်းကင်မြို့ကို ပြန်သိမ်းမယ်"

"တစ်နာရီ ဟုတ်လား"

ကျွင်းချောင်ရှောင်းသည် ထ၍ ရယ်မောလုမတတ် ဖြစ်သွားသည်။ "အဲလောက်တောင် ယုံကြည်ချက် ရှိတာလား"

ဆွစ် ဆွစ်

ထိုအချိန်မှာပဲ ကျားပျံစစ်တပ်၏ လူများသည် အစောကြီးကတည်းက လှုပ်ရှားပြီးသား ဖြစ်နေ၏။ ၎င်းတို့သည် ပုံမှန်ပြုလုပ်နေကြ စစ်ချီသည့် နည်းလမ်းအတိုင်း မပြုလုပ်ဘဲ လူတစ်ဒါဇင်ချင်းစီ အလိုက် ခွဲကာဖြင့် ချီတက်လာ၏။

"စိတ်ဝင်စားစရာပဲ"

ရွှဲ့ရွမ်ကွေ့၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ဖြစ်တည်လာသည်။

ဆွစ် ဆွစ်

ပြိုင်စံရှားဂိုဏ်း၏ တပည့်များနှင့် လူစွမ်းကောင်းများသည် သူတို့၏ လက်နက်များကို ဆင့်ခေါ်လိုက်ကြသည်။ သူတို့သည် မြို့၏ တံတိုင်းပေါ်တွင် ရပ်ပြီးနောက် ကျည်ဆန်များကို ဖြည့်ကာ ရန်သူများ နီးကပ်လာမည်ကို စောင့်ဆိုင်းနေကြ၏။

ကျားဘုရင် စစ်တပ်သည် ဤကဲ့သို့သော အခြေအနေတွင် အောက်သို့ ရောက်နေသည်ကို နားလည်၏။ ထို့ကြောင့် ခုခံသူများမှ သူတို့လက်နက်များကို ကိုင်လိုက်ကြသည်နှင့် တစ်ပြိုင်နှက် ရှေ့မှချီတက်သူများသည် သူတို့၏ သိုလှောင်လက်စွပ်ထဲမှ ထူးခြားလှသည့် ဒိုင်းများကို ထုတ်ကာ ကိုင်ဆောင်လိုက်ကြသည်။

ဤဒိုင်းကာများသည် ရှောင်ကျီ၏ ဒိုင်းနှင့်ပင် ဆင်တူနေ၏။ ဒိုင်းသည် ကြီးမားပြီး လူအနည်းငယ်ကိုပင် ကာကွယ်ပေးနိုင်စွမ်းရှိ၏။

ကျွင်းချောင်ရှောင်းသည် မြို့၏နံရံပေါ်တွင် ထို်င်ကာ ပြုံးလျက် ရှိနေ၏။ မြို့ကို တာဝန်ယူထားသူသည် ရွှဲ့ရွမ်ကွေ့ဖြစ်၏။ ထို့ကြောင့် သူသည် ပွဲကြည့်ရုံ သက်သက်သာ ထိုင်နေခြင်းဖြစ်၏။ အခွင့်အရေး ရမည်ဆိုလျှင် သူသည် စစ်သူကြီးယု ဟူသော အမျိုးသမီးအား ဖမ်းဆီးပြီး သူ၏တပည့်များအတွက် သူမ၏ ချပ်ဝတ်ကို ချွတ်ယူမှာ သေချာသည်။

ကျားဘုရင်စစ်သည် တစ်ထောင်ကျော်တို့သည် အလွှာလိုက်၊ အလွှာလိုက် ရှေ့ဆီသို့ လှမ်းတက်လာကြ၏။

သူတို့နှင့် နီးကပ်လာသည့် အချိန်မှာတော့ သတ်ဖြတ်လိုခြင်း အော်ရာများသည် ပိုမိုကာ အားကောင်းလာခဲ့သည်။

"ပစ်တော့"

ထိုအချိန်မှာပဲ ရွှဲ့ရွှမ်ကွေ့က အမိန့်ပေးလိုက်၏။

ပြိုင်စံရှားဂိုဏ်း၏ တပည့်များနှင့် လူစွမ်းကောင်းများသည် အစောကြီးတည်းက ပြင်ဆင်ပြီးသား ဖြစ်၏။ ထို့ကြောင့် မောင်းခလုတ်ကို ဆွဲလိုက်သည့် အချိန်မှာတော့ ကျည်ဆန်များသည် ရူးရူးမူးမူးနှင့် ရှေ့ဆီသို့ ထိုးတက်သွားတော့သည်။

ဒိန်း ဒိန်း ဒိန်း …..။

ကျည်ဆန်များသည် ဒိုင်းနှင့် ထိတွေ့ပြီးနောက် မီးပွားများပင် ထွက်ပေါ်လာ၏။ သို့ပေမဲ့ ကျည်ဆန်များသည် ဒိုင်းကို မထိုးဖောက်နိုင်ခဲ့ကြချေ။ ကိုင်ထားသည့် လူများသာ နောက်ဆီသို့ တစ်လှမ်းဆုတ်သွားရ၏။

ရွှီ

ထိုအရာကိုမြင်သည့် အခါမှာတော့ ရွှဲ့ရွမ်ကွေ့သည် လက်ကို ချက်ချင်းမြောက်လိုက်၏။ ခံတပ်၏ နံရံကိုမှီကာ ရပ်လျက်ရှိနေသော ရှောင်ကျီသည် အမြောက်၏ ပြောင်းဝကြီးကို ကန်လိုက်၏။ ဤမြင်ကွင်းသည် အမှန်ပင် ကြည့်ကောင်းလွန်းလှသည်။

ခလွပ်

အမြောက်ကြီး၏ ပြောင်းသည် မြို့၏ အပြင်ဖက် ရန်သူများ တက်လာရာ နေရာဆီသို့ ရောက်ရှိသွား၏။ ပြီးနောက် ကျယ်လောင်လှသည့် အသံကြီးသည် ထွက်ပေါ်လာသည်။ လေထုထဲတွင် လျပ်စီးကဲ့သို့သော လှိုင်းများပင် ထွက်ပေါ်လာ၏။

ကျွင်းချောင်ရှောင်းသည် မျက်လုံးကို မှိတ်ကာဖြင့် ပေါက်ကွဲသံကို နားထောင်နေသည်။ "အင်း … ပေါက်ကွဲမှုရဲ့ အစစ်အမှန် အနုပညာပဲ"

ဝှစ် ဝှစ် …..။

ရုတ်တရက် အရှေ့ဆီသို့ တက်လာသော စစ်သည်များသည် လေပေါ်သို့ တစ်ယောက်ပြီးတစ်ယောက် လွင့်စင်သွားကြ၏။

ကျန်သူများသည် သိုလှောင်လက်စွပ်ထဲမှ မှန်ကဲ့သို့သော အရာများကို ထုတ်ယူပြီးသည့်နောက် အလင်းအတားအဆီး အစီအရင်များကို ပိုင်ကွန်တစ်ခုကဲ့သို့ ဖန်တီးကာ မတ်မတ်ရပ်လျက် ရှိနေ၏။ ၎င်းတို့အားလုံးသည် အမြောက်ဆန်များ လာရာလမ်းကို တားဆီးထားလိုက်သည်။

ဟမ် …။

ကျွင်းချောင်ရှောင်းသည် မျက်လုံးကို ဖွင့်လိုက်၏။ ထင်မှတ်ထားသည့် အတိုင်း မျက်စိတစ်မှိတ်အတွင်း အမြောက်ဆန်များသည် ရောက်ရှိလာ၏။ သို့ပေမဲ့ အလင်း၏အတားအဆီးများနှင့် တွေ့သည့်အခါမှာတော့ မပေါက်ကွဲရုံသာမက အရှေ့ဆီသို့ပါ ပြန်ကန်လာခဲ့၏။

"ဒီလိုလည်း လုပ်လို့ရတာလား"

ကျွင်းချောင်ရှောင်း၏ မျက်နှာပေါ်တွင် အံ့အားသင့်မှုများနှင့် ပြည့်နှက်သွားသည်။

"မကောင်းတော့ဘူး"

ရှောင်ကျီ၏ အမူအရာသည် ပြောင်းလဲသွား၏။ သူသည် ခံတပ်ပေါ်မှ အောက်သို့ ချက်ချင်း ခုန်ချပြီး လက်တွင်ရှိနေသော စာတမ်းကို အသက်သွင်းလိုက်၏။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် စက်ရုပ်ကဲ့သို့ ဖြစ်တည်သွား၏။ သူ၏ ရှေ့တွင် ဒိုင်းကြီးတစ်ခုက ပေါ်ပေါက်လာ၏။

"ဒိုင်းကာ"

စာတမ်းကို အသက်သွင်းပြီးသည့်နောက် ဒိုင်းကြီးသည် ကြီးမားစွာ ဖြစ်တည်လာခဲ့ပြီး ကျယ်ပြောလှသည့် တည်နေရာကြီးကို ကာကွယ်ထားသည်။

ဘုန်း ….။

အနောက်ဖက်သို့ ပြန်ကန်လာသော အမြောက်ဆန်သည် ပေါက်ကွဲထွက်သွားသည်။ ကျွင်းချောင်ရှောင်း မျော်လင့်နေသော ပေါက်ကွဲမှု အနုပညာသည် သူ၏တည်နေရာတွင် ဖြစ်တည်လာခဲ့၏။

ဝုန်း ….။

အဝေးတစ်နေရာတွင်တော့ ကောင်းကင်မြို့၏ မြို့နံရံနားတွင် မှိုပွင့်ပုံစံတိမ်များ ဖြစ်တည်လာခဲ့၏။ လောကကြီးတစ်ခုလုံးသည် တုန်ယင်လျက် ရှိနေသည်။ မြို့ထဲတွင် ကာကွယ်ထားသည့် အကာအကွယ်ကြီးပင် တုန်ယင်လျက် ရှိနေ၏။ ထိုအရာကို ကြည့်လိုက်ရုံဖြင့် အမြှောက်၏ အားအင်မည်မျှ ပြင်းထန်သည်ကို သိရှိနိုင်သည်။

"ချီးတဲ့မှ"

ကျွင်းချောင်ရှောင်းသည် သူ၏ ရှေ့ရှိ မီးခိုးငွေ့များကို လက်ဖြင့် ယမ်းခါလိုက်၏။ သူသည် စိတ်ဝင်တစားနှင့် ဖြစ်တည်လာခဲ့၏။

ဟား ဟား

စနစ်သည် ထကာ ရယ်မောလိုက်တော့၏။ ထိုကဲ့သို့သော လက်နက်များသည် သူတစ်ပါးကို ဖေါက်ခွဲရန်အတွက် သုံးသည့် လက်နက်မျိုး ဖြစ်၏။ သို့ပေမဲ့ အဆုံးသတ်မှာတော့ မိမိကိုယ်ကိုယ် ဖောက်ခွဲသလို ဖြစ်နေခဲ့၏။ ရယ်ရွှင်ဖွယ်ရာပင်။

အဟွတ်

ပေါက်ကွဲမှု၏ အလယ်တွင်တော့ ရှောင်ကျီ၏ ချောင်းဟန့်သံကို ကြားလိုက်ရ၏။ ကြီးမားလွန်းသော အလင်းဒိုင်းကာကြီးသည် သူ၏ရှေ့တွင် တည်ရှိနေ၏။ ထိုအရာသည် အက်ကွဲကြောင်းများနှင့် ပြည့်နှက်လျက် ရှိနေသည် ဆိုသော်လည်း ကွဲကြေမသွားခဲ့ချေ။

ဘုတ်

ရှောင်ကျီသည် မည်သို့မျှ မခံနိုင်တော့ချေ။ ဒူးတစ်ဖက် ထောက်၍ ထိုင်လိုက်ရတော့၏။ သူ၏ ရှေ့တွင် ရှိနေသော ဒိုင်းကာကြီးသည်လည်း ချက်ချင်းအလင်းတန်းများကဲ့သို့ ပြောင်းလဲသွား၏။ ကိုယ်ပေါ်တွင် ရှိနေသော ချပ်ဝတ်များသည်လည်း ကွဲအက်လျက် ရှိနေ၏။ အမြောက်ကြီးနှင့် ပစ်ခတ်လိုက်သည့် အားအင်သည် သူ၏ ကိုယ်ပိုင်စွမ်းအင်များကိုပင် ဆုံးရှုံးသွားစေခဲ့၏။

………

တည်နေရာတစ်ခုမှာတော့ ……

"ဘာဖြစ်လို့နေလဲ"

ဘေးတွင်ရှိနေသော အမျိုးသမီးက မေးမြန်းလိုက်၏။ ပတ်ဝန်းကျင်တစ်ခုလုံးသည် ဖုံများသဲများနှင့် ဖြစ်တည်နေသည် ဆိုသော်လည်း ဤအမျိုးသမီး၏ လှပမှုသည် မဖုံးကွယ်နိုင်ခဲ့ချေ။ သူမသည် အလိုလိုသိစိတ်အရ ဝမ်းဗိုက်ကို ကိုင်ကာဖြင့် သန္ဓေသားကို ကာကွယ်ထားရ၏။ မှန်ပေ၏၊ သူမသည် ကျဲ့လင်းရောင်သာဖြစ်၏။ ဘေးတွင် ရှိနေသော လူမှာတော့ ရီရှင်းချန် ဖြစ်လေသည်။ သူသည် ယခင်တုန်းကအတိုင်း မောက်မာသည့် အသွင်အပြင်သည် တည်ရှိနေသော်လည်း မျက်လုံးထဲတွင်တော့ နွေးထွေးသည့် အရိပ်အယောင်များ တည်ရှိနေသည်။

"........."

ရီရှင်းချန်သည် မည်သည့်စကားမှ မဆိုချေ။ သူ၏နှလုံးသားတစ်ခုလုံးသည် တုန်ခါလျက် ရှိနေ၏။ သူ၏ မျက်နှာ အနည်းငယ် ပျက်ယွင်းနေကြောင်း မြင်ရချိန်မှာတော့ ကျဲ့လင်းရောင်က မေးမြန်းလိုက်၏။ "ဘာဖြစ်လို့လဲ"

ဆွစ်

ရုတ်တရက် ရီရှင်းချန်သည် အသာလှည့်ကာဖြင့်သူမကို ပွေ့ချီလိုက်သည်။ "ဂိုဏ်းဆီကို ပြန်ရအောင်"

ရှောင်ကျီသည် အမြောက်ဆန်၏ ပေါက်ကွဲမှုအဟုန်နှင့် ထိတွေ့ရချိန်မှာတော့ သူ၏ အကာအကွယ် စနစ်တစ်ခုလုံး သည် ပျက်ယွင်းသွားခဲ့၏။ တခြားဂြိုဟ်တွင် ရှိနေသော ရီရှင်းချန်သည် ထိုအရာကို ခံစားမိ၏။ ဤအရာသည် ဂိုဏ်းတူဂိုဏ်းသား အချင်းချင်း ချစ်ခင်မှုပင် ဖြစ်လေ၏။

ဆွစ်

ပုံရိပ်ယောင်နှစ်ခုသည် အဝါရောင်သဲမြေထဲမှ ပျောက်ကွယ်သွားခဲ့သည်။

ဝေါ့

ကြယ်တာရာစိတ်ဝိညာဉ်လောက ……

ကောင်းကင်မြို့ ၏ မြို့နံရံအပေါ်မှာတော့ ရှောင်ကျီသည် သွေးတစ်လုပ်ကို အန်ထုတ်လိုက်၏။ သူ၏ကိုယ်ပေါ်တွင် ရှိနေသော စက်ရုပ်အစိတ်အပိုင်းများသည် တစ်စစီ ဖြစ်သွားခဲ့၏။ သူကိုယ်တိုင် ပစ်လွှတ်လိုက်သော အမြောက်ဆန်ကြီးသည် သူ၏ ခန္ဓာကိုယ်ကို ပြန်လည်ထိခိုက်စေခဲ့၏။

"ချီးတဲ့မှ"

သူ၏တပည့် ဒဏ်ရာရသွားသည်ကို မြင်သည့်အချိန်မှာတော့ ကျွင်းချောင်ရှောင်းသည် ရုတ်တရက် မတ်တပ်ထရပ်လိုက်၏။ ပြီးနောက် သူသည် အရှေ့ဆီသို့ လှမ်းတက်ရန် ပြင်နေသည့် စစ်သည်များကို လက်ညိုးထိုးကာ လှမ်းပြောလိုက်သည်။ "အားလုံးကို သတ်လိုက်တော့"

တပည့်များသည် သေနတ်များကို သိမ်းပြီးသည့်နောက် ဖန်းရီကျိ ပြုလုပ်ပေးထားသည့် လက်နက်မျိုးစုံတို့ကို ထုတ်လိုက်၏။ သူတို့သည် မြို့၏နံရံဆီသို့ တိုက်ရိုက်ဆိုသလိုပင် ပျံသန်းသွားကြ၏။ ကျည်ဆန်များနှင့် တိုက်ခိုက်၍မရမှတော့ တစ်ယောက်ချင်း တိုက်ခိုက်ရပေတော့မည်။

ဟမ့်

ထိုအခြင်းအရာကို မြင်ရသည့် အချိန်မှာတော့ စစ်သူကြီးယုသည် အေးစက်စက်ပြောလိုက်၏။ "အရူးကောင်တွေပဲ"

ပုန်ကန်သူများသည် အောက်စည်းသို့‌ ရောက်ရှိသွားပြီ ဖြစ်သည်။ သို့ပေမဲ့ မြို့ထဲ၌ ခုခံမည့် ဗျူဟာကို မသုံးဘဲ အပြင်ဘက်သို့ ထွက်ကာ တိုက်ခိုက်နေသည်။ ဤလူများသည် ရူးကြောင်ကြောင်နှင့် လူများသာလျှင် ဖြစ်ပေလိမ့်မည်။

"အစီအစဉ်ပြောင်း"

စစ်သူကြီးယုသည် ရှေ့ဆီသို့ လှမ်းတက်လာသည့် ရန်သူများကို မြင်ရသည့် အချိန်မှာတော့ ဗျူဟာပြောင်းလဲခဲ့၏။ သို့ပေမဲ့ သူမ၏ စစ်သည်များ ဗျူဟာပြောင်းရန်ပြင်နေတုန်းမှာပဲ မြို့၏နံရံဆီမှ အလွန်အေးစက်သည့် အရှိန်အဝါများ ထွက်ပေါ်လာခဲ့၏။

ဖျောက် ဖျောက်

ထိုအအေးလှိုင်းများသည် တည်နေရာကို ဖြတ်သန်းသွားပြီးနောက် ဖြတ်သွားရာ လမ်းကြောင်းတိုင်းတွင် ရေခဲများကို ဖြစ်တည်စေသည်။

ဆွစ်

လုချင်းချင်းသည် မြို့၏ ဂိတ်တံခါးထက်တွင် အသာရပ်တန့်လျက် ရှိနေ၏။

"ချီးတဲ့မှ"

ခုန်ချ၍ တိုက်ခိုက်ရန် ပြင်ဆင်နေသော စုရှောင်မိုသည် အသာရပ်တန့်သွား၏။ သူ၏ မျက်လုံးများသည် ပြူးကျယ်နေ၏။ လီချင်းယန်နှင့် အခြားသောသူများသည်လည်း ထိုကဲ့သို့ပင်။

အကြီးဆုံး စီနီယာအစ်မကြီးသည် ဤကဲ့သို့သော တိုက်ပွဲများတွင် တစ်ခါမှ ပါဝင်ခြင်းမရှိချေ။ အဘယ့်ကြောင့် ဝင်ရောက် တိုက်ခိုက်ရန် ပြင်ဆင်နေရသနည်း။

သူတို့သည် လုချင်းချင်းပေါ်ပေါက်လာသည့် အတွက် အံ့ဩမိ၏။ ပုံမှန်အတိုင်း အဖြူရောင်ဝတ်ဆင်ရုံသာမက အမဲရောင်ချပ်ဝတ်ကိုပါ ဝတ်ဆင်ထားကြောင်း မြင်နေရသောကြောင်း ပိုမိုကာ အံ့အားသင့်မိနေခြင်းပင်။ အားလုံး၏ မျက်လုံးထဲတွင် အကြီးဆုံး စီနီယာ အစ်မကြီးသည် ကမ္ဘာခြားမှ နတ်သမီးတစ်ပါးကဲ့သို့ လှပလွန်ပြီး သူမသည် ရေခဲဓာတ်သဘာဝကို ကျင့်ကြံကာ အဖြူရောင်ဝတ်စုံကို ဝတ်ဆင်တတ်၏။ သို့ပေမဲ့ ဝတ်စုံပြောင်းလဲလိုက်သည့် အချိန်မှာလည်း အလွန်လှပလျက်ရှိနေသေးသည်။

"ပြောနေစရာ မလိုဘူး"

ကျွင်းချောင်ချောင်းသည် မေးစေ့ကို ပွတ်သပ်ကာဖြင့် ပြောလိုက်၏။ “အမဲရောင်ဝတ်လည်း ငါ့တပည့်က လှတာပဲ”

All Chapters