အခန်း ၁၉၂၇
Vol. 129 Ch. 1927
အပိုင်း (၁၉၂၇)
အမဲရောင်ချပ်ဝတ် ဝတ်စုံကို ဝတ်ဆင်ထားသည့် လုချင်းချင်း ပေါ်လာသည့်အချိန်မှာတော့ ပြိုင်စံရှားဂိုဏ်း၏ တပည့်များအားလုံးသည် အံ့အားသင့် တုန်လှုပ်လျက်ရှိသည်။
သူမသည် လှပလွန်းလှသည်။ မည်သည့်အရာကိုပဲဝတ်ဝတ် ကြည့်လို့ကောင်းလွန်းလှသည်။ အမဲရောင်ချပ်ဝတ်ကို ခန္ဓာကိုယ်ပေါ်တွင် ဝတ်ဆင်ထားပြီး အေးစက်လှသည့် အအေးအော်ရာများ ထွက်ပေါ်နေသည်မှာ အေးစက်ပြီး ကြမ်းတမ်းလွန်းသည့်ပုံပေါ်နေ၏။
လုချင်းချင်းသည် အလွန်လှပသော နတ်မိမယ်တစ်ပါးမှသည် သတ်ဖြတ်လိုခြင်းအော်ရာများနှင့် ပြည့်နှက်နေသည့် ငရဲနတ်ဆိုးနတ်မိမယ်တစ်ပါးကဲ့သို့ပင် ပြောင်းလဲသွား၏။ အမဲရောင်ချပ်ဝတ်သည် သူမ၏ သွင်ပြင်အမူအရာများ အားလုံးကို ပြောင်းလဲသွားစေခဲ့သည်။
“သတ်၊ သတ်ကြ”
ကျားပျံစစ်တပ်မှ စစ်သည်များသည် လက်နက်မျိုးစုံကို ကိုင်ဆွဲကာဖြင့် ရှေ့ဆီသို့ လှမ်းတက်လာကြသည်။ ၎င်းတို့၏ တာဝန်သည် ကောင်းကင်မြို့ကို ချိုးဖြတ်ဝင်ရောက်ရန်ပင် ဖြစ်သည်။ ၎င်းတို့၏လမ်းတွင် တားဆီးထားသမျှ အရာအားလုံးကို အမှုန့်အဖြစ် တိုက်ခိုက်နင်းချေပစ်မှာ သေချာ၏။
“အားလုံး…. ခဲစမ်း”
လုချင်းချင်း လက်ကိုမြှောက်လိုက်ချိန်မှာတော့ အအေးအော်ရာများသည် အရှိန်အဟုန်ပြင်းပြင်းနှင့် ထွက်ပေါ်လာခဲ့သည်။
မြေပေါ်တွင် ရှိနေသည့် လေအေးများသည် တဟူးဟူးနှင့် တိုက်ခတ်လာပြီးသည့်နောက် သူမဆီသို့ ရောက်ရှိ လာသည့် စစ်သည်များ၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် ရေခဲမှုန်များ ကပ်လျက် ရှိနေ၏။ အားလုံးသောသူတို့၏ အရှိန်အဟုန်များသည်လည်း နိမ့်ကျလာခဲ့သည်။ တစ်ချက် တစ်ချက် ခန္ဓာကိုယ်များပင် တုန်ယင်လျက်ရှိ၏။
“ဟမ်”
ကျွင်းချောင်ရှောင်းက အံ့အားသင့်သွားသည်။ “သူမ အဆင့်ချိုးဖြတ်နိုင်ခဲ့ပြီလား”
လုချင်းချင်း၏ ခန္ဓာကိုယ်မှ စိမ့်ထွက်လျက်ရှိနေသည့်အော်ရာများသည် ယခင်ကထက် ပိုမိုကာ သန့်စင်ပြီး အေးစက်လျက်ရှိသည်။ ဖြစ်နိုင်ဖွယ်ရာမှာ တစ်ခုတည်းသာလျှင် ရှိသည်။ သူမသည် နတ်ဘုရား လျှို့ဝှက်အဆင့်ဆီသို့ အဆင့်ချိုးဖြတ် ရောက်ရှိခဲ့ခြင်းပင်။
“ဒီကလေးက ဉာဏ်အလင်း ရခဲ့တဲ့ပုံပေါ်တယ်” ထိုက်ရွှမ်အဘိုးအိုက တွေးတောလိုက်မိသည်။
အကြီးအကဲဝေသည်လည်း တွေးတောလိုက်မိ၏။ “တကယ့်ကို ဉာဏ်အလင်းရခဲ့တာပဲ”
ဖြောက် ဖြောက် ဖြောက်
အအေးလှိုင်းများသည် တဝုန်းဝုန်းနှင့် ဖြစ်တည်နေပြီး တိုက်ခိုက်ရေးတည်နေရာတစ်ခုလုံးကို ပျံ့နှံ့သွားခဲ့၏။ ကျားပျံစစ်တပ်မှလူများသည် ရှေ့သို့ပြေးဝင်လာသည့် ပုံစံအတိုင်း ရေခဲရုပ်ထုများအဖြစ်သို့ ပြောင်းလဲကုန်သည။
ဖြောက် ဖြောက် ဖြောက်
ထိုအခြင်းအရာကို မြင်သည့် စစ်သည်များသည် ချက်ချင်းပဲ ပြေးလွှားနေရာမှ ရပ်တန့်လိုက်သည်။ လက်ရှိ အခြေအနေမှာတော့ သူတို့၏ရှေ့ မြေပြင်တစ်ခုလုံးသည် ရေခဲများ ဖုံးလွှမ်းလျက်ရှိနေ၏။ ဤအရာသည် လုချင်းချင်း၏ ရေခဲနတ်ဘုရားနည်းစနစ် တစ်ခုပင်ဖြစ်သည်။ ထိုနည်းစနစ်ကို အသုံးပြုလိုက်သည်နှင့်တပြိုင်နက် သူမ၏ ရှေ့တွင်ရှိနေသည့် တည်နေရာကြီးတစ်ခုလုံးသည် ရေခဲပြင်တစ်ခုကဲ့သို့ ဖြစ်သွားမည်။ သူမထက် အားအင် အဆင့်နိမ့်ကျသူများ ဖြစ်ပါက အရှိန်နိမ့်ကျခြင်း သို့မဟုတ် အေးခဲခြင်းအဖြစ်သို့ ရောက်ရှိသွားပေလိမ့်မည်။ ဤကဲ့သို့သော နတ်ဘုရားစွမ်းရည်ကို နားလည်နိုင်ခဲ့ခြင်းသည် သူမအနေနှင့် များပြားလှသော အရာများကို ဉာဏ်အလင်း ရရှိခဲ့သောကြောင့်ပင်။
ဆွစ် ဆွစ်
လုချင်းချင်း ဓားကိုဆွဲထုတ်ချိန်မှာတော့ အလွန်အမင်း အေးစက်လွန်းသည့် အော်ရာများသည် ပိုမိုကာ အားကောင်းလာခဲ့သည်။
ဘန်း ဘန်း ဘန်း
ဖောင်း ဖောင်း ဖောင်း
ရှေ့တွင် ရှိနေသည့် ရေခဲရုပ်ထု တစ်ထောင်ကျော်တို့သည် အပိုင်းပိုင်း အစစများအဖြစ် ဖြစ်တည်ပြီး မြေပြင်ပေါ်သို့ ပြုတ်ကျကုန်၏။
“အံ့အားသင့်စရာပဲ”
စုရှောင်မိုသည် ရုတ်တရက် လက်မထောင်ကာ ပြောလိုက်မိသည်။ “အကြီးဆုံးစီနီယာ အစ်မကြီးက တကယ့်ကို ဉာဏ်အလင်းပေါက်သွားတာပဲ”
ပထမတုန်းက အကြီးအကဲဝေ၊ ပြီးနောက် ထိုက်ရွှမ်အဘိုးအို … နောက်ဆုံး စုရှောင်မို ဘာမှန်းမသိသည့် ဉာဏ်အလင်းပေါက်သော အကြောင်းအရာကို ပြောဆိုလျက်ရှိသည်။ ဤစကာလုံးများသည် ကုန်းရှန့် နှင့် ကျန်သော သူများအတွက် ပဟေဠိတစ်ခုလိုပင်။ ၎င်းတို့သုံးယောက်တည်းသာ သိသော အကြောင်းအရာ တစ်ခုလေလား။
ဆွစ်
လုချင်းချင်းသည် လက်ထဲတွင် ဓားကိုကိုင်ကာဖြင့် ပျံသန်းသွားခဲ့သည်။ သူမ လှုပ်ရှားလိုက်သည့်အချိန်မှာတော့ ရှေ့တွင်ရှိနေသည့် တည်နေရာကြီးသည် ရေခဲပြင်ကြီးအဖြစ် ပိုမိုကာ ပျံ့နှံ့လာခဲ့သည်။
“နောက်ကိုဆုတ်၊ နောက်ကိုဆုတ်” ဒုတိယစစ်သူကြီးက အမိန့်ပေးလိုက်၏။
ဖြောင်း ဖြောင်း ဖြောင်း
သူပြောပြောပြီးချင်းမှာပဲ သူ့ခြေထောက်အောက် မြေပြင်တစ်ခုလုံးသည် ရေခဲအဖြစ်သို့ ပြောင်းလဲသွားပြီး သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည်လည်း ရေခဲအလွှာများ ဖြစ်တည်လာခဲ့၏။ သူ၏ လှုပ်ရှားမှုသည် တဖြည်းဖြည်း လျော့ကျ သွား၏။ အဆုံးသတ်မှာတော့ သူသည် တဖြည်းဖြည်း အေးခဲသွားလေသည်။
ဆွစ်
ဝှစ်
ဓားအလင်းတန်းတစ်ခုသည် ပျံသန်းလာပြီးသည့်နောက် ဦးခေါင်းတစ်ခုသည် မြေပေါ်သို့ ပြုတ်ကျသွား၏။ လုချင်းချင်းသည် ရေခဲလွှာပေါ်သို့ သူမ၏ဓားအား ထိုးစိုက်လိုက်၏။ ပြီးနောက် ရန်သူများရှိရာဆီသို့ တစ်လှမ်းချင်း လှမ်းလျှောက်လိုက်၏။ သူမသည် လူပေါင်းတစ်သောင်းကျော် ဖိနှိပ်မရနိုင်သည့် ပြိုင်ဘက်ကင်း နတ်မိမယ်တစ်ပါး ကဲ့သိုပင်။
“ချီးတဲ့မှ”
စစ်သူကြီးယုသည် ဒေါသထွက်လျက်ရှိ၏။ ဤအမျိုးသမီးသည် သူမ၏ ချပ်ဝတ်ကို ဝတ်ဆင်ထား ၏။ ထို့အပြင် တစ်ချက်ကလေးမှ နှောင့်နှေးခြင်းမရှိဘဲ သူမ၏ နောက်လိုက်များကိုလည်း သတ်ဖြတ်ပစ်ခဲ့သေး၏။ ထိုအရာကို မည်ကဲ့သို့သော စိတ်ဓာတ်မျိုးဖြင့် သည်းခံရမည်နည်း။
“ရေခဲလွှာတွေ အကုန်လုံးကို ချိုးဖြတ်ပစ်”
“ကောင်းပါပြီ”
ဆွစ် ဆွစ်
ကျားပျံစစ်သည်များသည် မြေပြင်တွင် ရှိနေသည့် ရေခဲလွှာများကို ထိုးခွဲပစ်လိုက်၏။ ပြီးသည့်နောက် အားလုံးသည် ထူးဆန်းလွန်းလှသော လက်စည်းသင်္ကေတများကို ပြုလုပ်ကာ လက်များကို ဖြန့်ကားလိုက်ကြ၏။ သူတို့သည် ဦးခေါင်းကို မော့ပြီးသည့်နောက် ပါးစပ်ဆီမှ ပူလောင်လှသည့် မီးတောက်များကို ထွေးထုတ်လိုက်ကြ၏။
ဝှစ် ဝှစ် ဝှစ်
အားလုံးသော သူများသည် အတူတကွ မီးတောက်များကို ထုတ်ဖော်လိုက်သည့်အချိန်မှာတော့ လက်ရှိ မြေပြင် တစ်ခုလုံး ရေခဲပြင်ဖြစ်နေသည့် ပြဿနာနှင့်ပတ်သက်၍ ဖြေရှင်းနိုင်မည်ဟု သုံးသပ်မိသည်။ မီး၏အပူသည် အဆုံးစွန်သော အခြေအနေသို့ ရောက်ရှိသည့်အချိန်တွင် ရေခဲနှင့် ရေများကို နိုင်နင်းနိုင်သည်။
သို့ပေမဲ့ လုချင်းချင်း၏ အအေးဓာတ်သည် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှ၏။ မီးတောက်များ တလိပ်လိပ်နှင့် ဖြစ်တည်လာခဲ့သည် ဆိုလျှင်တောင်မှ သူမကို မသက်ရောက်ခဲ့ချေ။ ထိုအစား သူမသည် ဤကဲ့သို့ မြင့်မားလှသည့် အပူချိန်အောက်တွင် ပိုမိုကာ အေးစက်လာလေ၏။ မီးတောက်များပင်လျှင် အေးခဲကုန်၏။
“ကောင်းကင်ဘုံ”
စုရှောင်မိုက တုန်လှုပ်သွားသည်။ “မီးတွေတောင် ခဲကုန်တာပဲ”
ကျွင်းချောင်ရှောင်းက ပျော်ရွှင်သွား၏။ “အင်း… ငါ့ရဲ့အကြီးဆုံးတပည့်ကြီးက အဆင့်ချိုးဖြတ်သွားတာပဲ ဖြစ်ရမယ်”
……..
ဖြောင်း ဖြောင်း ဖြောင်း
မီးတောက်များ ရုတ်တရက် အေးခဲသွားသည်သာမက ပတ်ဝန်းကျင်တည်နေရာကြီး တစ်ခုလုံးသည်လည်း ထပ်မံကာ အေးခဲလာခဲ့ပြန်၏။ မီးများထွေးထုတ်နေသည့် လူများအားလုံးတို့သည် မထွေးထုတ်နိုင်တော့ချေ။ အဘယ်ကြောင့်ဆိုသော် တည်နေရာမှာတင် အေးခဲနေသောကြောင့်ပင်။
“ဒီမိန်းမ” စစ်သူကြီးယုသည် မျက်မှောင်ကုတ်လိုက်မိ၏။ မီးတောက်များကိုပင် အေးခဲအောင် ပြုလုပ်နိုင်စွမ်း ရှိသောကြောင့် အလွန်ပဲ အားကောင်းရပေလိမ့်မည်။ စစ်သည်များကို ဤအတိုင်းသာ ရှေ့ဆီသို့ လှမ်းတက်ခိုင်း သည်ဆိုပါက ကျိန်းသေပေါက် သေတွင်းကို စေလွှတ်လိုက်ခြင်းနှင့် ဆင်တူပေလိမ့်မည်။ ထို့ကြောင့် သူမက အမိန့်ပေးလိုက်သည်။ “အားလုံးပဲ နောက်ကိုဆုတ်”
ဆွစ် ဆွစ်
ရှေ့ကိုပြေးဝင်ရမလားဟု နှောင့်နှေးလျက်ရှိနေသော စစ်သည်များသည် အမိန့်ကို ကြားသည့်အချိန်မှာတော့ ချက်ချင်းပဲ အနောက်ကို ဆုတ်ခွာလိုက်ကြသည်။ သူတို့သည် အနည်းငယ်လောက် နှေးကွေးသွားမည် ဆိုပါက တစ်ခါတည်း ခဲသွားမည်ကို စိုးရွံ့ကြ၏။ ထို့ကြောင့် ဆုတ်ခွာရာတွင် မြန်ဆန်နေခဲ့သည်။
ကျားပျံစစ်တပ်သည် ဤကဲ့သို့ အညံ့ခံလိုက်သည်လား။ မဟုတ်ပေ။ စစ်သည်များ အောင်အောင်မြင်မြင်ဖြင့် အနောက်သို့ ဆုတ်ခွာလိုက်သည့်အချိန်မှာတော့ စစ်သူကြီးယုသည် သူမ၏လက်ကိုမြှောက်လိုက်၏။ အမဲရောင် ပုဆိန်ကြီးသည် လေထုထဲတွင် ပေါ်ပေါက်လာခဲ့သည်။ သူမသည် အသာခုန်ချလိုက်ပြီးသည့်နောက် ရေခဲပြင်ပေါ်သို့ ဆင်းသက်လိုက်၏။
ဖြောက် ဖြောက် ဖြောက်
အေးစက်လှသည့်လေများသည် တားဆီးခြင်းကို ခံထားရသလိုပင် ရှေ့ဆီသို့ မပျံ့နှံ့တော့ချေ။ လုချင်းချင်း အနေနှင့် ပတ်ဝန်းကျင်တည်နေရာကြီးတစ်ခုလုံးကို အေးခဲအောင် ပြုလုပ်ချင်သည့်စိတ် မရှိချေ။ တိုက်ရိုက်ဆိုသလိုပဲ သူမသည် သူမနှင့်တူညီသည့် ချပ်ဝတ်ကို ဝတ်ဆင်ထားသည့် မိန်းမ၏ရှေ့တွင် မတ်မတ်ရပ်လိုက်သည်။
“ချင်းချင်း”
ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ “အဲမိန်းမကို တစ်ခါတည်း အနိုင်ယူလိုက်တော့”
ခေါင်းဆောင်ကို အရင်ဆုံးဖမ်းရမည်။ ဤအမျိုးသမီးကို အရင်ဆုံး အနိုင်ယူနိုင်သည်နှင့် ကျားပျံစစ်တပ်ကြီးသည် ဘာမှမဟုတ်တော့ချေ။
ဂိုဏ်းချုပ်၏စကားကို ကြားရသည့်အချိန်မှာတော့ လုချင်းချင်းသည် ပြန်လည် မပြောဆိုခဲ့ချေ။ သူမ၏လက်တွင် ရှိနေသည့် လင်းယွမ်ခန်းမဆောင်၏ စာသားသည် အသက်ဝင်သွားခဲ့၏။ အမဲရောင်ဆံနွယ်များသည် တဖြည်းဖြည်း နှင်းများဖုံးလွှမ်းကာ ငွေရောင်အဖြစ်သို့ ပြောင်းလဲသွားသည်။
ဂိုဏ်းတွင်းတွင်ရှိသော လူပေါင်းများစွာတို့သည် ဤကဲ့သို့ ဆံပင်များ အရောင်ပြောင်းလဲသွားခြင်းသည် လင်းယွမ် ခန်းမဆောင်၏ စာသားကို အသက်သွင်းခြင်းကြောင့် ဖြစ်ကြောင်း နားလည်၏။ သူမသည် အမဲရောင်ချပ်ဝတ်ကို ဝတ်ဆင်ထားပြီး ဆံပင်များသည် ငွေရောင်အဖြစ်သို့ ပြောင်းလဲလျက်ရှိ၏။ သွင်ပြင်အမူအရာသည် တကယ့်ကို ကွာခြားလွန်းလှ၏။
“ဆန်းကြယ်ချင်ယောင် ဆောင်မနေနဲ့” စစ်သူကြီးယုက နှာခေါင်းရှုံ့လိုက်သည်။ နောက်တစ်စက္ကန့်အတွင်းမှာပဲ သူမ၏ မျက်လုံးများသည် ကျုံ့ဝင်သွားခဲ့သည်။ သူမသည် အနောက်သို့ အလျင်အမြန်ဖြင့် ဆုတ်လိုက်ရသည်။
ဆွစ်
အေးစက်သည့် ဓားစွမ်းအင်တစ်ခုသည် သူမ၏ခန္ဓာကိုယ်ကို ဖြတ်သန်းသွား၏။ ပစ်မှတ်ကို မထိမှန်သည် ဆိုသော်လည်း အနောက်ခပ်ဝေးဝေးတွင် ရှိနေသည့် ကျားပျံစစ်သည် တစ်ဒါဇင်ကျော်တို့သည် သတ်ဖြတ်ခံလိုက် ရ၏။
“……”
ထိုအခြင်းအရာကို မြင်သည့်အချိန်မှာတော့ အားလုံးသည် သူတို့၏ ဒိုင်းကာများကို ဆွဲမြှောက်ကာ အလျင်အမြန်ဖြင့် ကာကွယ်ထားရ၏။
“သေစမ်း” စစ်သူကြီးယုသည် သူမ၏ ခန္ဓာကိုယ်ကို ထိန်းချုပ်ပြီးသည့်နောက် လေထဲတွင်ရှိနေသော ပုဆိန်ကြီးကို မြှောက်ကာဖြင့် မထင်မှတ်ထားသည့်ထောင့်ဆီမှ လှမ်းကာ တိုက်ခိုက်၏။ ထွက်ပေါ်လာခဲ့သည့် အားအင်အဆင့်ကို သုံးသပ်ရမည်ဆိုလျှင် သူမ၏ အားအင်အဆင့်သည် ရင်ဘုရင်ထက် မည်သို့မှ အားမနည်းလှချေ။ ကျားပျံ စစ်တပ်ကြီး တစ်ခုလုံးကို ထိန်းချုပ်သူဖြစ်သောကြောင့် အထက်ပိုင်းအကြီးအကဲများထဲမှ တစ်ယောက် ဖြစ်ရပေ လိမ့်မည်။
ဟုတ်ပေသည်။ သူမသည် ကိုယ်ပျောက်နိုင်သည့်စွမ်းရည် မရှိပေ။ သူမ၏ ထူးခြားသည့်စွမ်းရည်သည် ကျင့်ကြံခြင်း စွမ်းရည်မဟုတ်ဘဲ အမိန့်ပေးသည့် စွမ်းရည်ပင်ဖြစ်တော့၏။
ကြယ်တာရာစိတ်ဝိညာဉ်လောကသည် များပြား လှသည့် ကျူးကျော်မှုများကို ပြုလုပ်ခဲ့၏။ စစ်ပွဲတော်တော်များများကို ဦးဆောင်သူမှာ ဤအမျိုးသမီးပင်ဖြစ်၏။ သူမသည် လှပသည်။ ထို့အပြင် စစ်သည်များကို ဦးစီးဦးဆောင်ဖြင့် တိုက်ခိုက်သည့်နေရာတွင် တော်လွန်းလှသည်။
ကံဆိုးစွာဖြင့် သူမသည် လုချင်းချင်းနှင့် တိုက်ခိုက်နေရပြီဖြစ်၏။
ဘုန်း ဘုန်း ဘုန်း
တည်နေရာအတွင်းမှာတော့ စစ်သူကြီးယုသည် သူမ၏ပခုံးကို ဝှေ့ယမ်းပြီး ရှေ့တွင်ရှိနေသည့် ရေခဲများကို တစ်ခုချင်းစီ ချိုးဖြတ်နေ၏။ သူမသည် အမျိုးသမီး တစ်ယောက်ဆိုသော်လည်း အလွန်အားကောင်းလှသော တိုက်ခိုက်ရေးစွမ်းရည်များကို ထုတ်ဖော်နေသည်။
လုချင်းချင်းသည် လက်နှစ်ချောင်းကို ရွေ့လျားကာဖြင့် ရေခဲဓာတ်သဘာဝများကို ဆက်တိုက် ထုတ်လွှတ်ပြီး သူမ၏ရှေ့တွင် အကာအကွယ် အတားအဆီးနံရံများကို တစ်ခုပြီးတစ်ခု ဖန်တီးထား၏။ သူမသည် ဆက်တိုက် နောက်ဆုတ်နေရင်း တဖြည်းဖြည်း အားနည်းလာပုံပေါက်၏။
ဟုတ်ပေသည်။ စစ်သူကြီးယုသည် ရင်ဘုရင်နှင့် တူညီသည့်အဆင့်တွင်ရှိသည်။ ထို့ကြောင့် ဤအဆင့် စွမ်းအားမြင့် ကျင့်ကြံသူတစ်ယောက်နှင့် တိုက်ခိုက်ရန်ဆိုသည်မှာ ကျွင်းချောင်ရှောင်း သို့မဟုတ် ကျန့်ကွေ့ရှုတို့ လှုပ်ရှားမှ ဖြစ်ပေလိမ့်မည်။ လက်ရွေးစင်တပည့်အနေနှင့် တိုက်ခိုက်ရန်ဆိုသည်မှာ အနည်းငယ် ခက်ခဲလွန်း၏။ ကုန်းရှန့်သည် ထိုအရာကို နားလည်ထား၏။ အခွင့်အရေးရသည်နှင့် ဝင်ရောက်တိုက်ခိုက်ရန် စဉ်းစားထားပြီး အဆင်သင့် ပြင်ထားမိသည်။
“သေစမ်း” ထိုအချိန်မှာတော့ စစ်သူကြီးယုသည် လေထဲသို့ ခုန်တက်လိုက်ပြီးသည့်နောက် ခန္ဓာကိုယ်ပေါ်တွင် ရှိရှိ သမျှသော အားအင်များကို ထည့်သွင်းကာ ပုဆိန်ကြီးနှင့် ခုတ်ပိုင်းလိုက်၏။ ဤတိုက်ခိုက်ချက်သည် လေဟာနယ် ကြီးတစ်ခုလုံးကိုပင် ထိုးခွင်းသွားစေ၏။ မြေပြင်ပေါ်တွင်ရှိနေသည့် ရေခဲအလွှာများအားလုံး ကွဲကြေပြီးသည့်နောက် လုချင်းချင်း၏ အနီးအနားဆီသို့ ရောက်ရှိလာ၏။ လုချင်းချင်းသည် တန်ပြန်မှုကို ခံစားလိုက်ရပြီးသည့်နောက် မျက်နှာတစ်ခုလုံး ဖြူလျော်သွားခဲ့၏။
“အခွင့်အရေးပဲ” ကျွင်းချောင်ရှောင်း၏ မျက်လုံးများသည် အေးစက်သွား၏။ သူသည် မြို့၏မျှော်စင်ဆီမှ ဆင်းသက်ရန် ပြင်လိုက်၏။ သို့ပေမဲ့ သူသည် ခြေထောက်မြှောက်လိုက်ရုံသာရှိသေးသည်။ ရပ်တန့်လိုက်ရသည်။
သူ၏ မြင်ကွင်းထဲတွင်တော့ မျက်နှာများ ဖြူလျော်လျက်ရှိနေသည့် လုချင်းချင်းသည် ခုခံရာတွင် လက်လျော့ လိုက်၏။ အေးစက်သည့် အလင်းတန်းများသည် သူမ၏ခန္ဓာကိုယ်မှ ထွက်ပေါ်လာပြီး အနောက်ဘက်၌ ပုံရိပ်ယောင်တစ်ခု ထင်ပေါ်လာသည်။ သူမသည် အလွန်နတ်ဆန်လှသည့် အသံဖြင့် ပြောလိုက်၏။ “ဒီလောကကြီးတစ်ခုလုံးကို ရေခဲတွေ၊ နှင်းတွေနဲ့ ဖြစ်တည်လာခဲ့တာ။ အဆုံးသတ်ကတော့ ရေခဲတွေ၊ နှင်းတွေနဲ့ပဲ”
ချက်ချင်းပဲ တိုက်ခိုက်ရေးတည်နေရာတစ်ခုလုံး ရေခဲလွှာများ ဖြစ်တည်သွားကုန်၏။ လုချင်းချင်း၏ အနောက်ဘက်တွင် ရပ်တန့်လျက်ရှိနေသည့် ပုံရိပ်ယောင်ကြီးသည် တဖြည်းဖြည်း အကောင်အထည် ဖြစ်တည်လာ ခဲ့သည်။ ဤအရာသည် ထူထဲလှသည့် ရေခဲလွှာကြားမှ ဖြစ်ပေါ်လာသည့် အမျိုးသမီးတစ်ယောက်ဖြစ်၏။ သူမ၏ မျက်နှာသည် ဖြူဖွေးလျက် ရှိနေပြီး မျက်လုံးထဲတွင်တော့ အေးစက်သည့် အရှိန်အဟုန်များနှင့် ပြည့်နှက်လျက် ရှိ၏။ တစ်ချက်ကြည့်လိုက်သည်နှင့် အရိုးကွဲပြီး ချမ်းစိမ့်သည့် ခံစားချက်မျိုးကို ပေးစွမ်းနေသည်။
“ဒါ… ဒါက”
လီချင်းယန်နှင့် တခြားသောသူများအားလုံးသည် ရင်းနှီးနေသည့်ပုံပန်းသွင်ပြင်ကို မြင်ရသည့် အချိန်မှာတော့ ပြိုင်တူပင် ထကာအော်ဟစ်လိုက်မိ၏။ “SSS အဆင့် သူရဲကောင်းဝိညာဉ်ပါလား”