အခန်း ၁၉၂၈
Vol. 129 Ch. 1928
အပိုင်း (၁၉၂၈)
ဝှစ် ဝှစ်
လုချင်းချင်းသည် အလွန်ခမ်းနားလွန်းသည့် အော်ရာများအပြင် အေးစက် လွန်းသည့် အော်ရာများကိုလည်း ထုတ်ဖော်လျက်ရှိ၏။ လက်ရှိအခြေအနေမှာတော့ လောကကြီးတစ်ခုလုံး သည် ဆောင်းရာသီသို့ ရောက်ရှိသွားသကဲ့သို့ပင်။
လီချင်းယန်နှင့် တခြားသောသူများသည် ထိုအရာကိုမြင်၏။ ချက်ချင်းဆိုသလိုပဲ လျှို့ဝှက်နယ်မြေ၏ နံရံပေါ်တွင် ရှိနေသည့် အမျိုးသမီး၏ ပုံရိပ်ကို ပြန်လည်မြင်ယောင်သွားမိ၏။ ဤအရာသည် SSS အဆင့် သူရဲကောင်းဝိညာဉ်ပင် ဖြစ်သည်။
“SSS အဆင့် သူရဲကောင်းဝိညာဉ် ဟုတ်လား”
ကျွင်းချောင်ရှောင်းသည် မေးစေ့ကို ပွတ်သပ်ကာ ပြောလိုက်၏။ “တရုတ်ဒဏ္ဍာရီထဲမှ ရေခဲအမျိုးအစား နတ်ဘုရားဆိုတာ ရှိလို့လား”
သူ့အနေနှင့် လျှို့ဝှက် နယ်မြေထဲသို့ ဝင်ရောက်ခွင့် မရသော်လည်း SSS အဆင့် သူရဲကောင်းဝိညာဉ်ဆိုသည်မှာ အဆင့်အမြင့်ဆုံး ဖြစ်ကြောင်း သူ၏ တပည့်များဆီမှ သိရှိပြီးဖြစ်၏။ ဥပမာအားဖြင့် မျောက်ဘုရင်ကြီး၊ နီကျား စသဖြင့်ပင်။
“ဘာလို့မရှိရမှာလဲ”
စနစ်က ပြောလိုက်သည်။ “နှင်းနတ်မိမယ် ထျန်းလျှို”
“ထျန်းလို ဟုတ်လား”
ကျွင်းချောင်ရှောင်းက ဆွံ့အသွားမိ၏။ “တစ်ခါမှ မကြားဖူးပါလား”
“နှင်းနတ်မိမယ် ထျန်းလျှိုကွ၊ ထျန်းလျှို” စနစ်က ရှင်းပြလိုက်သည်။
“ချီးတဲ့မှ..”
ကျွင်းချောင်ရှောင်းသည် မေးစေ့ကို ပွတ်သပ်ကာ ပြောလိုက်မိ၏။ “ငါအရင်တုန်းက Google မခေါက်ခဲ့ရဘူးပဲ”
ဘုန်း ဘုန်း
ကျွင်းချောင်ရှောင်းနှင့် စနစ်တို့ စကားပြောလျက်ရှိနေတုန်းမှာပဲ စစ်သူကြီးယုသည် သူမ၏လက်ထဲတွင် ရှိနေသည့် ပုဆိန်ကြီးကို ဝှေ့ယမ်းကာဖြင့် တိုက်ခိုက်လိုက်သည်။ အားကောင်းလွန်းလှသည့် လေလှိုင်း များသည် တည်နေရာတစ်ခုလုံးကို ပျံ့နှံ့သွားခဲ့ပြီး ရေခဲအလွှာများသည် တစ်ခုချင်းစီ ကွဲကြေကုန်၏။ ထိုရေခဲ အလွှာများသည် နှင်းမှုန်များအဖြစ်သို့ ပြန်လည်ပြောင်းလဲသွား၏။
လီချင်းယန်နှင့် တခြားသူများသည် အလျင်အမြန်ဖြင့် လှမ်းကာကြည့်လိုက်သည်။ သူတို့၏ စီနီယာ အစ်မကြီးကို စိတ်ပူနေခြင်းပင်။
သို့ပေမဲ့ လုချင်းချင်းဘက်ကို လှမ်းကာကြည့်ရှုလိုက်သည့်အချိန်မှာတော့ လုချင်းချင်း၏ အနောက်မှာ ရှိနေသည့် ရေခဲအမျိုးသမီးသည် လက်ကိုအသာဖြန့်ကားလိုက်၏။ လေထုထဲတွင် ရေခဲအလွှာများ ဖြစ်တည်လာခဲ့ပြီး အားကောင်းလွန်းလှသည့် ပုဆိန်၏ တိုက်ခိုက်ချက်ကို အလွန် လျင်မြင်စွာဖြင့် တားဆီးထားလိုက်၏။
“ကောင်မလေး… အရမ်းအားနည်းတယ်” တိုက်ခိုက်ရေးတည်နေရာတွင် နူးညံ့လှသည့်အသံတစ်ခုက ထွက်ပေါ်လာသည်။ ထိုအသံသည် နူးညံ့နွေးထွေးလှသည်ဆိုသော်လည်း အအေးဓာတ်များ ပါဝင်နေ၏။ အားလုံးသောသူတို့သည် ကြက်သီးများပင် ထလာမိသည်။
ဝှစ်
စစ်သူကြီးယုသည် အားစိုက်ထုတ်ကာဖြင့် အနောက်သို့ ဆုတ်ခွာရန် ကြိုးစားလိုက်၏။ သူမသည် ယခင် တည်ရှိနေရာဆီသို့ လှမ်းကာခုန်လိုက်၏။ တည်နေရာကြီးတစ်ခုလုံး တုန်ခါပြီး လေအေးများ ထပ်မံထွက်ပေါ်လာပြန်၏။
“မကောင်းတော့ဘူး”
ဝုန်း
ဘုန်း ဘုန်း ဘုန်း
ခဏလောက်ကြာပြီးသည့်နောက် ရေခဲနှင်းပန်းများသည် တည်နေရာကြီးထဲတွင် တစ်ခုပြီးတစ်ခု ဖြစ်တည်ကာ ပေါက်ကွဲကုန်၏။ ရုတ်တရက်ဆန်ပြီး မြန်ဆန်လွန်းလှသောကြောင့် လီချင်းယန်နှင့် တခြားသောသူများသည် အံ့ချီးနပမ်းဖြစ်လို့ နေ၏။ ရန်သူကို ဤကဲ့သို့ တိုက်ခိုက်၍ရကြောင်း သူတို့ ယခုမှ လက်တွေ့မြင်ဖူးခြင်း ဖြစ်သည်။
ဖောက်
ထိုအချိန်မှာတော့ သူမ၏ အတွင်းဒဏ်ရာများကို ဖိနှိပ်ထားသည့် လုချင်းချင်းသည် လှုပ်ရှားလိုက်၏။ သူမ၏ ခြေထောက်အောက်တွင် လေအေးများ ဖြစ်တည်လာခဲ့ပြီး ပတ်ဝန်းကျင်တည်နေရာကြီးတစ်ခုလုံး ရေခဲပြင် အဖြစ်သို့ ပြန်လည်ပြောင်းလဲသွားပြန်၏။ ဆင့်ခေါ်ထားသည့် SSS အဆင့် သူရဲကောင်းဝိညာဉ်သည် အကောင်းဆုံး လှုပ်ရှားနိုင်စွမ်းရှိ၏။ ၎င်းသည် ဝိညာဉ်တစ်ခုကဲ့သို့ပင် လွင့်မျောကာ တိုက်ခိုက်လျက် ရှိ၏။
ခလွပ် ခလွပ်
လုချင်းချင်း၏ လက်ဝါးဆီမှ နှင်းမြူများ ထွက်ပေါ်လာခဲ့ပြီး သူမ၏လက်ထဲတွင်ရှိနေသည့် သုံးပေခန့်ရှိသော ဓားကို ရစ်ပတ်လွှမ်းခြုံလာခဲ့သည်။ ဓားသည် ပိုမို၍ ထက်ရှသွားသလိုပင်။
……….
စစ်သူကြီးယု၏ အမူအရာသည် ချက်ချင်းပဲ ပြောင်းလဲသွားခဲ့ရ၏။ သူမသည် ပြိုင်စံရှားဂိုဏ်းတပည့်ကို မကြောက်ရွံ့ချေ။ သို့ပေမဲ့ ဤသူမ၏နောက်တွင်ရှိနေသည့် နတ်ဘုရားကဲ့သို့ ခန့်မှန်း၍ မရနိုင်သည့် ကျင့်ကြံသူကို ကြောက်လန့်လို့နေသည်။
နောက်ဆုတ်ရမည်။ ဤတည်နေရာမှ ထွက်ခွာသွားရမည်ဖြစ်၏။ တွေးကြည့်ပြီးသည့်နောက် စစ်သူကြီးယု သည် အသာလှည့်ပြီးသည့်နောက် ထွက်ကာပြေးတော့၏။
“ရှင့်ကို အနိုင်ယူရမယ်လို့ ဂိုဏ်းချုပ်က မှာထားတယ်”
လုချင်းချင်းသည် သူမ၏လက်ကို မြှောက်ပြီး အေးစက်သည့်အကြည့်ဖြင့် ကြည့်ကာ ပြောလိုက်သည်။ “ထွက်ပြေးဖို့ လမ်းမရှိတော့ဘူး”
ဒွီ
သူမ၏အနောက်တွင် ရှိနေသော သူရဲကောင်းဝိညာဉ်သည် လေထုထဲမှာ ပျောက်ကွယ်သွားခဲ့၏။ ပြီးသည့်နောက် စစ်သူကြီးယု ထွက်ပြေးသွားခဲ့သည့် တည်နေရာကြီးတစ်ခုလုံးသည် တုန်ခါလျက်ရှိသည်. ထိုတည်နေရာထဲမှာတော့ သူရဲကောင်းဝိညာဉ်သည် လက်ပိုက်ကာ မန္တာန် တစ်ခုကို ရေရွတ်လျက်ရှိ၏။
ဝှစ် ဝှစ်
လေအေးများတိုက်ခတ်လာပြီး နှင်းမှုန်များ ထပ်မံကာ ကျဆင်းလာသည်။
……………
စစ်သူကြီးယု၏ အမူအရာသည် ပြောင်းလဲသွားခဲ့၏။ အဘယ်ကြောင့်ဆိုသော် ကောင်းကင်ယံထက်ဆီမှ ကျဆင်းလာခဲ့သည့် နှင်းမှုန်များသည် အလွန်ထက်ရှလွန်းသော ရေခဲချွန်ကြီးများကဲ့သို့ ပြောင်းလဲသွားကာ သူမဆီသို့ ဆင်းသက်လာသောကြောင့်ပင်။
ဆွစ် ဆွစ်
ဝှစ်
ဓားကဲ့သို့သော ရေခဲချွန်များသည် အလွန်မြန်ဆန်စွာဖြင့် ကျဆင်းလာခဲ့၏။ နှင်းမှုန်များ ကျဆင်းလာရာ တည်နေရာတစ်ခုတိုင်းသည် ဓားစွမ်းအင်များကဲ့သို့ ဖြစ်တည်နေ၏။ ဖြတ်သန်းသွားရာ တည်နေရာတိုင်း၌ အက်ကွဲကြောင်းကြီးများ ဖြစ်တည်စေသည်။
“……….”
ကျန့်ကွေ့ရှု၏ အမူအရာသည် အေးစက်သွားခဲ့၏။ ဤရေခဲအမျိုးသမီးသည် တကယ်ပင် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှ၏။ သူမသည် ထွက်ပေါ်လာပြီးနောက် တစ်ဖက်လူအား ကြောင်းမှ ကြွက်ကို ဆော့ကစားသကဲ့သို့ တိုက်ခိုက်လျက်ရှိ၏။
စစ်သူကြီးယုသည် ငြိမ်ငြိမ်သက်သက် မနေခဲ့ချေ။ အရှေ့သို့ လှမ်းတက်လိုက်ပြီးသည့်နောက် ပုဆိန်ကြီးကို ဝှေ့ယမ်းကာ ကျဆင်းလာခဲ့သည့်အရာများအားလုံးကို ချိုးဖြတ်ရန် ကြိုးစားလိုက်သည်။
ဘုန်း ဘုန်း ဘုန်း
အလင်းတန်းများ တောက်ပလာခဲ့ပြီး စစ်သူကြီးယု၏ အားအင်အဆင့်သည် တိုးတက်လာခဲ့၏။ သို့ပေမဲ့ ထူထဲလှသည့် နှင်းချွန်များနှင့် ရင်ဆိုင်ရသည့်အချိန်မှာတော့ သူမသည် တစ်ခုပြီးတစ်ခု၏ ချိုးဖြတ်ခြင်းကို ခံလိုက်ရ၏။
ဇွိ ဇွိ
ဓားများသည် ထက်ရှလွန်းလှ၏။ တိုက်ပွဲဝင်ချပ်ဝတ်ပေါ်တွင် အမှတ်အသားများပင် ကျန်ရစ်ခဲ့၏။ နှင်းများရပ်တန့်သွားသည့်အချိန်မှာတော့ တည်နေရာတစ်ခုလုံးသည် အဖြူရောင် ကွင်းပြင်ကြီး တစ်ခုကဲ့သို့ပင် ပြောင်းလဲနေပြီဖြစ်သည်။
ဝေါ့
စစ်သူကြီးယုသည် သွေးတစ်လုပ် အန်ထုတ်လိုက်၏။ မြင်ကွင်းကို ကြည့်ရှုရမည်ဆိုလျှင် သူမသည် ပုဆိန်ကြီးကို လက်တစ်ဖက်ဖြင့်ကိုင်ကာ ဒူးထောက်ကာ ထိုင်နေရ၏။ သူမ၏မျက်နှာ၊ ရင်ဘတ်၊ နောက်ကျော၊ ခြေထောက် အားလုံးတို့တွင် ဓားရာများရှိနေလေ၏။ သွေးများသည် ထိုနေရာများမှ ထွက်ပေါ်လျက် ရှိနေပြီး နှင်းဖြူဖြူထဲတွင် အနီရောင်သွေးများဖြင့်ထင်းနေ၏။
ချပ်ဝတ်ထိခိုက်သွားသည်ကို မြင်ရသည့်အချိန်မှာတော့ ဖန်းရီကျိသည် ဦးခေါင်းကို ခါယမ်းကာ ပြောလိုက် မိ၏။ “နှမျောစရာပဲ”
ဝှီး ဝှီး
နှင်းထဲတွင် လေတိုးသံများ ထပ်မံကာ ထွက်ပေါ်လာပြန်၏။ လုချင်းချင်းသည် စစ်သူကြီးယု၏ ရှေ့တွင် မတ်မတ်ရပ်လိုက်၏။ သူမသည် တစ်ဖက်လူ၏ ဆံပင်ကို ဆွဲကိုင်ကာ မြှောက်လိုက်၏။ “ကိုယ့်ဘာကိုယ် ချွတ်ပေးမှာလား။ ကျွန်မဘာသာကျွန်မ ချွတ်ယူရမှာလား”
“……”
စစ်သူကြီးယု၏ မျက်နှာသည် ပိုမိုကာဖြူလျော်သွား၏။ နှင်းဆူးချွန်များ၏ တိုက်ခိုက်မှုကြောင့် သူမသည် ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိခဲ့ပြီဖြစ်၏။ လက်ရှိအခြေအနေတွင် တိုက်ခိုက်နိုင်စွမ်း စွမ်းရည်ဆိုသည်မှာ အလုံးစုံ ဆုံးရှုံးနေပြီဖြစ်သည်။ သူမအနေဖြင့် ပြန်လည်တိုက်ခိုက်နိုင်မည် ဆိုလျှင်တောင်မှ ပြန်လည် မတိုက်ခိုက်ရဲတော့ချေ။
အလွန်ရိုးရှင်းလွန်းလှ၏။ ဤပေါ်ပေါက်လာခဲ့သည့် ရေခဲအမျိုးသမီး၏ အားအင်အဆင့်သည် သူမ၏အထက်တွင် ရှိလို့နေ၏။ သူမအား အနည်းငယ်ညှာတာမှုသာ မပေးသည်ဆိုပါက ကျိန်းသေပေါက် အစိတ်စိတ်၊ အပိုင်းပိုင်းအဖြစ် ပိုင်းဖြတ်ခြင်းခံရမှာ သေချာသည်။
………..
“စစ်သူကြီးယု”
တည်နေရာ၏ အပြင်ဘက်မှာတော့ ကျားပျံစစ်တပ်မှ စစ်သည်များသည် အလွန် နာကျင်စွာဖြင့် အော်ဟစ်လိုက်ကြသည်။ သူတို့၏ ခေါင်းဆောင်သည် ဖမ်းဆီးခြင်းကို ခံလိုက်ရသည်။ သူတို့ ဘာလုပ်ရမည်နည်း။
“နောက်ကိုဆုတ်ကြ”
ဒုတိယစစ်သူကြီးသည် အလွန်တည်ငြိမ်လျက်ရှိ၏။ ချက်ချင်းပဲ အမိန့်ပေးလိုက်သည်။ အမိန့်ပေးနိုင်သူ စစ်သူကြီးမရှိသည့် စစ်တပ်ကြီးသည် ကျောထောက်နောက်ခံ ဆုံးရှုံးသွားခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့် အနောက်ဘက်သို့ အလျင်အမြန် ဆုတ်ခွာခြင်းကသာလျှင် အကောင်းဆုံး ဖြစ်ပေလိမ့်မည်။
“ချင်းချင်း”
ကျွင်းချောင်ရှောင်းသည် မတ်တပ်ရပ်ကာ အမိန့်ပေးလိုက်၏။ “အားလုံးကို သတ်လိုက်တော့”
ဝှစ်
လုချင်းချင်းသည် ပျံသန်းသွားခဲ့၏။ သူမနှင့်အတူ အေးစက်သည့်လေများ ဖြတ်သန်းသွားသည်။
ဂျိန်း ဂျိန်း
အဝေးတစ်နေရာရှိ တောင်ကြီးတစ်ခုသည် လေထုထဲသို့ မြင့်တက်လာခဲ့၏။ တောင်သည် သစ်ပင်ကဲ့သို့ပင် အမြစ်မှ ဆွဲကာ နှုတ်ခံလိုက်ရသလိုပင်။
ဝှစ် ဝှစ်
ထိုတောင်ကြီး မြန်မြန်ဆန်ဆန် ပျံသန်းလာပြီးသည့်နောက် ထွက်ပြေးရန် ကြိုးစားလျက်ရှိနေသည့် ကျားပျံစစ်တပ်မှ စစ်သည်များအားလုံးအား ဖိနှိပ်လိုက်တော့သည်။ အားလုံးတို့ အနေနှင့် ပြန်လည်ထွက်ခွာနိုင်စွမ်းမရှိတော့ချေ။
ဝှစ် ဝှစ် ဝှစ်
လက်ရှိအခြေအနေမှာတော့ ကျားပျံစစ်တပ်နှင့် ၎င်းတို့၏ ခေါင်းဆောင်များသည် သေဆုံးသွားခဲ့ကြပြီဖြစ်၏။
“မဆိုးဘူး။ မဆိုးဘူး” ကျွင်းချောင်ရှောင်းသည် ခါးထောက်ကာ ရယ်မောလိုက်သည်။
လုချင်းချင်းသည် ရန်သူစစ်သူကြီးကို ဆွဲခေါ်ကာ ရောက်ရှိလာခဲ့၏။ ပြီးနောက် ပြောလိုက်၏။ “ကျွန်မ အရင်ပြန်လိုက်အုံးမယ်”
“………..”
ပြီးသည့်နောက် တည်နေရာထဲမှ ထွက်ခွာသွားခဲ့တော့သည်။ ထိုက်ရွှမ်အဘိုးအို၊ အကြီးအကဲနှင့် စုရှောင်မို တို့သည် လုချင်းချင်းကို လှမ်းကြည့်ကာ တပြိုင်နက်တည်း ပြောလိုက်သည်။ “ကျော်ဖြတ်နိုင်ခဲ့ပြီပဲ”
“ဘာကိုလဲ”
ကျွင်းချောင်ရှောင်းသည် ထိုသူသုံးယောက်၏ အလယ်သို့ ရုတ်တရက် ရောက်ရှိလာကာ ကြောင်အအဖြင့် မေးလိုက်၏။ ဟုတ်ပေသည်။ သူမ ဘာကိုကျော်ဖြတ််နိုင်တာလဲ။