စမ်းသပ်မှုအောင်မြင်ခြင်း
Vol. 131 Ch. 1825
သူတို့နှစ်ယောက်လုံး၏ အမူအရာကို ရှီမာယူယူမြင်သောအခါ အားရပါးရ ရယ်မောလေသည် “ဦးလေးတို့နှစ်ယောက် ဒီလိုပုံစံကြီးလုပ်ဖို့မလိုပါဘူး ကျွန်မ မှာသားရဲတွေ အများကြီးရှိတယ်လို့ ပြောဖူးတယ်မလား”
“ဒါပေမဲ့ သူတို့က ဒီလောက် အားကောင်းလိမ့်မယ်လို့ ထင်မထားဘူးလေ” လန်ယွိသည် နိုးထလာသည်။
“သူမရဲ့ သားရဲတွေ အားမကောင်းရင် ငါတို့နှစ်ယောက်လုံးကို ရှင်းဖို့ ဒီလောက်ယုံကြည်ချက်ရှိနေမှာမဟုတ်ဘူး” ယွိရှီသည် ဘေးမှ ထောက်ပြသည် “ဒါပေမဲ့ နောက်ဆိုရင် တစ်ယောက်တည်းမသွားတာကောင်းမယ်… တစ်ခုခု ဖြစ်ရင် နောက်တစ်ခါ ပိုကောင်းတဲ့ လူတွေကို ပို့လာနိုင်တယ်… ဒီလောက် အများကြီးဆုံးရှုံးပြီးပြီဆိုတော့ နောက်တစ်ခါ အဆင့်အများကြီးမြင့်တဲ့ စွမ်းအား ကြီးလူတွေကို ပို့လာမယ်ထင်တယ်”
“ဟုတ်တယ် နောက်ဆိုရင် မင်းသွားချင်ရင် ငါတို့ကိုခေါ်လိုက်… ဘယ်လို ပဲဖြစ်ဖြစ် ငါတို့က ဒီမှာလုပ်စရာလည်းမရှိဘူး… သူက မင်းဦးလေးဆိုတော့ မင်းကို ကာကွယ်ဖို့ တာဝန်ရှိတယ်” လန်ယွိ ပြန်ဖြေသည်။
“ကောင်းပါပြီ ကျွန်မအပြင်ထွက်ရင် ဦးလေးတို့နှစ်ယောက်လုံးကို လိုက် ဖို့ခေါ်ပါတယ်” ရှီမာယူယူ ပြန်ဖြေသည် “ဒါပေမဲ့ လက်ရှိအခြေအနေကို ကြည့်ရင် ပြည်နယ်ပြိုင်ပွဲဝင်မပြိုင်ခင် အချိန်တစ်ခုလောက်တော့ ဒီမှာနေတာ ပိုလုံခြုံမယ်ထင်တယ်”
“မင်းက ပြည်နယ်ပြိုင်ပွဲကိုဝင်ပြိုင်မလို့လား”
“ဟုတ်တယ်လေ ဇီပင်းက ပြိုင်ပွဲကိုဝင်မပြိုင်နိုင်တော့ဘူး အခုချိန်မှ တခြားလူကို ရှာဖို့လည်း အချိန်မရှိတော့ဘူး… မင်းသားက ရာထူးတိုးဖို့ နေရာ တစ်ခုပေးမယ်လို့တော့ပြောတယ် ဒါပေမဲ့ အဲဒါကလည်း ဘာအာမခံချက်မှမရှိ ဘူးလေ… ကျွန်မ ဝင်ပြိုင်လိုက်တာ ပိုကောင်းမယ် ကျွန်မ အဆင့်ကောင်း ကောင်းရပြီး ဂုဏ်ဆောင်နိုင်မလားမသိနိုင်ဘူးလေ” ရှီမာယူယူ ပြောလိုက် သည်။
“မင်း စဉ်းစားပြီးပြီလား… အဲဒါကလူတွေ တိုက်ခိုက်လာဖို့ ဆွဲဆောင် သလိုဖြစ်မယ် မင်းရဲ့သရုပ်မှန်ပေါ်သွားနိုင်ချေလည်း များတယ်” ယွိရှီ သူမကို သတိပေးသည်။
“ကျွန်မ သိပါတယ် ပေါ်သွားရင်တော့ ဖြေရှင်းရမှာပေါ့” ရှီမာယူယူ ပြော လိုက်သည် “အနည်းဆုံးတော့ ထွက်ပြေးဖို့ အစွမ်းအစရှိသေးတယ်”
“မင်း စဉ်းစားပြီးရင် ပြီးတာပဲ” ယွိရှီ ပြောလေသည် “ပြီးတော့ အဲဒီ အင်အားစုကို အခုမဟုတ်လည်း နောက်ကျရင်ဆိုင်ရမှာပဲ”
“ဟုတ်တယ်” ရှီမာယူယူ ခေါင်းညိတ်သည်။
အရင်စဆိုလျှင် သူမသည် ထိုကဲ့သိုအတွေးများမတွေးပေ။ သို့သော် ယခု အချိန်တွင် ထိုအရာများကို ရင်ဆိုင်ရန် အရည်အချင်းရှိလာပြီဖြစ်သည်။
“ဟုတ်ပြီ မင်း ဆုံးဖြတ်ပြီးပြီဆိုမှတော့ ငါလည်း ဒီတစ်ခေါက် ပြည်နယ် ပြိုင်ပွဲကို သွားကြည့်ဖို့ဆုံးဖြတ်လိုက်ပြီ” လန်ယွိသည် ချေငံသောအပြုအမူဖြင့် ပြောလေသည်။
ရှီမာယူယူ မျက်လုံးလှိမ့်လိုက်သည်။ သူ ပြောလိုက်သော လေသံမှာ ပြိုင်ပွဲသို့ သူ တက်ရောက်ခြင်းမှာ ကောင်းချီးမင်္ဂလာတစ်ပါးကဲ့သို့ပင်။
အမှန်တကယ်ပင် ထိုသို့ဖြစ်နေသည်ကို သူမ မသိခဲ့ပေ။ သူတို့သည် အရင်က အလုပ်များသဖြင့် ပြည်နယ်ပြိုင်ပွဲကို မသွားဖူးပေ။ သည်တစ်ကြိမ် တွင် ရှီမာယူယူကြောင့်သာမဟုတ်လျှင် သူတို့နှစ်ယောက်သည် တခြားကိစ္စများ ကိုသွားလုပ်မည်ဖြစ်သည်။
“မင်းရဲ့ သရုပ်မှန်ကို မင်းအတွက်ပဲ ငါတို့လျှို့ဝှက်ပေးထားတာ ဒါပေမဲ့ ဘုရင့်ကို ပြောမယ်ဆိုရင်တော့ ငါက ဘုရင့်ဘက်ကပဲနေမှာ” ယွိရှီသည် အရင် ပြောထားလေသည်။
“သိပါတယ် ကျွန်မတို့က အခုမှတွေ့တာလေ… ဘယ်လိုပဲဖြစ်ဖြစ် ဦးလေးက တစ္ဆေဘုရင်ကို သစ္စာတော်ခံထားတာလေ… ဘယ်တစ်ခုက ပို အရေးကြီးလဲဆိုတာ ကျွန်မသိပါတယ်” ရှီမာယူယူသည် ဒေါသထွက်ခြင်းမရှိ ပေ။ “အခုချိန်မှာ ကျွန်မသရုပ်မှန်ကို သူ့ကိုမပြောတာနဲ့တင် ကျေးဇူးတင်နေပါ ပြီ”
“နားလည်တာ ကောင်းတယ်”
ယခုချိန်တွင် သူတို့ပွင့်လင်းစွာ ပြောထားပါက နောင်တစ်ချိန်တွင် သဘောထားကွဲလွဲမှုမရှိနိုင်တော့ပေ။ အားလုံးမှာ သစ္စာဖောက်ခံရသလိုမခံစား ရတော့ဘဲ ဝမ်းနည်းမည်မဟုတ်တော့ပေ။
“ဦးလေး ဘာမှမရှိတော့ရင် ဇီပင်းရဲ့ အခြေအနေကို အရင်သွားကြည့် လိုက်ဦးမယ်.. အပ်စိုက်ဖို့အချိန်ရောက်တော့မယ်” ရှီမာယူယူသည် သူတို့ကို ပြောပြီးနောက် ဂူဇီပင်း၏ အခန်းသို့သွားလိုက်သည်။
တခြားပြိုင်ပွဲဝင်များပြန်ရောက်နေပြီး ဖန်းရင်ဟန်နှင့် ကျန်းမင်တတို့ သည် သူတို့ကို ဂရုစိုက်ပေးနေသည်။ သူမ၏ ဆေးကြောင့် သူတို့ မျက်နှာမှ ဒဏ်ရာများမှာ ပျောက်သွားသည်။ သို့သော် ခန္ဓာကိုယ်မှ တခြားထိခိုက်ဒဏ်ရာ များမှာ လုံးဝပျောက်ကင်းသွားခြင်းမရှိပေ။
သူမ ဝင်လာသည်ကို မြင်သောအခါ နှစ်ယောက်လုံး ထရပ်ကြလေသည်။
“ဘယ်လိုနေလဲ နိုးလာပြီလား” ရှီမာယူယူ မေးလိုက်သည်။
“တစ်ခါတော့ နိုးလာသေးတယ် ဒါပေမဲ့ သူ့စိတ်အခြေအနေက အရမ်း ဆိုးနေတယ် သတိကလည်း ဝေဝေဝါးဝါးပဲရှိတယ်” ဖန်းရင်ဟန် ပြန်ဖြေသည်။
“သူက ဆိုးဆိုးဝါးဝါးထိခိုက်ထားတာ ခန္ဓာကိုယ်တင်မဟုတ်ဘဲ စိတ်ပိုင်း ဆိုင်ရာပါ ထိသွားတာ အဲဒါကြောင့် အခုနိုးလာရင်တောင် ဘယ်သူဘယ်ဝါဆို တာ မပြောနိုင်ဘူး… နှစ်ရက်နေရင်တော့ အဆင်ပြေသွားမှာပါ” ရှီမာယူယူ ပြောလိုက်သည် “သွားနားလိုက်ကြဦး.. သူ့ကို ပတ်တီးလဲပေးပြီး အပ်စိုက်ပေး လိုက်ဦးမယ် ခဏနဲ့တော့မပြီးဘူး”
“ဟုတ်ကဲ့ပါ သခင်မလေး”
ဖန်းရင်ဟန်တို့နှစ်ယောက်သား အခန်းအပြင်သို့ထွက်သွားသည်နှင့် ရှီမာယူယူသည် အတားအဆီးစီမံကာ ဂူဇီပင်းအား ပတ်တီးပြန်လဲစည်းပေးကာ အပ်စိုက်ပေးလိုက်သည်။
နောက်ရက်အနည်းငယ်ကြာသည်အထိ မုရုန်ဟွေ့၏ တည်နေရာမှာ အတည်မပြုနိုင်သည်ကို ရီူမာယူယူတွေ့လိုက်သည်။ သူသည် ပထမနှစ်ရက်မှာ အပြင်ထွက်ခဲသော်လည်း ယခုရက်များတွင် တည်းခိုဆောင်တွင် နေခဲသည်။
သူမသည် ယွမ်ယွမ်၏ ခန့်မှန်းချက်ကို တွေးမိသွားသည်။
နန်းတော်ထဲမှာ တစ်ခုခုလှုပ်ရှားမှုသာ ရှိလာရင်…
အတန်ကြာ တွေဝေပြီးနောက် သတင်းရရန် တယွိတစ်မြို့လုံးရှိ နီရဲပျား များကို ဆက်သွယ်ရန် ဆုံးဖြတ်လိုက်သည်။
ပြိုင်ပွဲနေ့မတိုင်ခင်အထိ သူမသည် တည်းခိုဆောင်အပြင်သို့ မထွက်ပေ။ တခြားပြိုင်ပွဲဝင်များကဲ့သို့ပင် အစောင့်များကို စိတ်သက်သာရာရစွာ သက်ပြင်း ချစေသည်။
တစ္ဆေလောက၏ တစ်နေရာ မေ့ပျောက်ခြင်းမြစ်နှင့် နိဗ္ဗာန်မြစ်တို့ ဆုံရာ နေရာတွင် နှစ်ပေါင်း ထောင်ချီ ငြိမ်သက်နေခဲ့သည့် မြစ်တွင် လှိုင်း ဂယက်များသည် ရုတ်တရက်ပေါ်လာသည်။ ရုတ်တရက်ပင် မြစ်ကို နှစ်ခြမ်းခွဲ ပြီး အင်အားစုတစ်ခု ထွက်လာသည်။
ခဏကြာပြီးနောက်တွင် မြစ်သည် အလင်းတန်းခွဲထွက်ပြီး မြစ်အောက် ခြေမှ ပင်ပန်းနွမ်းနယ်နေသော ပုံရိပ်တစ်ခုသည် လျှောက်ထွက်လာသည်။
ထိုလူသည် မြစ်ပေါ်တွင် လျှောက်လာပြီး ကမ်းစပ်ရောက်သောအခါ မြေ ပေါ်သို့တင်းလိုက်သည်။ သူသည် ဒူးတစ်ဖက်ထောက်ပြီး လက်ထဲမှ ဓားရှည် ဖြင့် ကိုယ်ကိုထောက်ကန်ထားလိုက်သည်။
“ဒီစမ်းသပ်မှုကို အောင်မြင်တဲ့အတွက် ဂုဏ်ပြုပါတယ်” ဖျော့တော့သော ပုံရိပ်တစ်ခုသည် သူ့ရှေ့တွင် ပေါ်လာသည်။ တခြားသူများ မမြင်နိုင် သော်လည်း ဝူလင်းယူမြင်ရသည်။
“စမ်းသပ်မှုကို အောင်မြင်သွားတာကို မင်းက ဘာလို့ငါ့ရှေ့က ပျောက် မသွားသေးတာလဲ” ဝူလင်းယူသည် လက်ထဲမှ ဓားစောင်းကိုဖျစ်လိုက်ရာ ထိုပုံရိပ်သည် အနည်းငယ် ထိတ်လန့်သွားသည်။
“အဲလောက်ကြီး စိတ်တိုဖို့မလိုပါဘူး… မင်းရဲ့အားတိုးတက်ဖို့ပဲ ငါတို့ ဒီလိုလုပ်တာပါ” အရိပ်မည်း ပြောလေသည် “အခုမြစ်ကိုဖြတ်ပြီး တံတားကို ဖျက်တော့မှာလား”
“မင်းက ငါ့ကို အဲဒီနေရာမှာ ပစ်ထားပြီး တစ်ဆင့်ချင်း သတ်နေတာ.. ပြီးခဲ့တဲ့နှစ်တွေမှာ ငါ အကြိမ်ပေါင်းရာချီထိခိုက်ခဲ့တယ် အသက်ပါတော့မလို ဖြစ်တာ အကြိမ်ပေါင်းတစ်ဒါဇင်လောက်ရှိတယ်… ငါက မင်းကို ကျေးဇူးတင် မယ်လို့ထင်လား” ဝူလင်းယူသည် အလွန်ပင် ရန်လိုစိတ်ပြင်းပြနေသည်။ အကြည့်တစ်ချက်ကပင် အေးစိမ့်သွားစေသည်။
“နောက်ဆုံး ရလဒ်ကတော့ အတူတူပဲမလား… မင်းထွက်လာတော့ အားလည်းတိုးလာတယ်… ငါတို့ စမ်းသပ်ချက်ကို မင်း အောင်မှပဲ သခင်မလေး ယူယူနဲ့ အတူရပ်တည်ဖို့ အရည်အချင်းမှီမှာ” အရိပ်မည်းသည် ဂုဏ်ယူစွာဖြင့် ပြောလေသည်။
“အဲဒီစကားကြောင့်သာမဟုတ်ရင် ငါ ထွက်လာတာနဲ့ မင်းသေနေ လောက်ပြီ”
ဝူလင်းယူသည် ထိုလူများ၏ အပြုအမူများအားလုံးကို သဘောမကျပေ။ သူတို့ သူ့အင်အားကို ထိပါးလာသည်မှာ ယူယူ့ကို ကာကွယ်ရန် အခွင့်အရေး ပေးခြင်းကြောင့်ဆို၍သာ လွှတ်ထားပေးခြင်းဖြစ်သည်။
သေချာသည်မှာ ထိုစဉ်က ထိုလူများ၏ နောက်ကွယ်မှအင်အားကို မသိခဲ့ ပေ။ နောက်ကွယ်တွင် ဟေးဒီးစ်ရှိသည်ကိုသာ ခန့်မှန်းခဲ့သည်။
သူသည် မြေပေါ်တွင် အတန်ကြာအောင် နားပြီးနောက်ထကာ အရောင် မတူသော ရေနှစ်ခြမ်းကိုကြည့်ပြီး စဉ်းစားလိုက်ပြီးသည်နှင့် နိဗ္ဗာန်မြစ်ဆီသို့ လျှောက်သွားလိုက်သည်။
ဘယ်ဘက်တွင် မေ့ပျောက်ခြင်းမြစ်ရှိကာ ညာဘက်တွင် နိဗ္ဗာန်မြစ်ရှိနေ သည်။ အလွန်ဝေးကွာသည်ဟု ထင်ရသော်လည်း ခြေတစ်လှမ်စာသာ ဝေးကွာ သည်။
“ဘယ်သွားမလို့လဲ” အရိပ်မည်း မေးလိုက်သည်။
“သူမကို ရှာဖို့…” ဝူလင်းယူ ပြန်ဖြေသည် “အရင်တစ်ခေါက်က စမ်းသပ် ချက်လုပ်ရဦးမယ်လို့ ပြောပြီး မင်းခွင့်မပြုခဲ့ဘူး အခု ငါအောင်သွားပြီ ငါ့ကို တားဦးမှာလား”
***