အံ့ဖွယ်ရှေးပစ္စည်းက သူမကို ဆင့်ခေါ်နေတာလား
Vol. 131 Ch. 1827
မိုကျိသည် သူမ၏ တောင်းဆိုချက်ကို အနည်းငယ်အံ့ဩသွားသည်။ သူမ သည် အရင်က ပြင်ပကိစ္စများကို စိတ်မဝင်စားခဲ့ပေ။
“မင်း အရင်က ဒီလိုကိစ္စတွေလုပ်ရတာ မကြိုက်ဘူးမလား” ယွမ်ယွမ် မေးလိုက်သည်။
“အဲတုန်းကအဲတုန်းလေ အခုကအခုပဲ… အခု ငါ့အင်အားက အရင်ကနဲ့ မတူတော့ဘူး သေချာပေါက်ကွာသွားပြီလေ ပြီးတော့…” ရှီမာယူယူ ပြုံးလိုက် သည် “ငါက ရတနာတွေကို အမြဲတမ်း စိတ်ဝင်စားနေတာပဲလေ”
“အဲဒီရတနာက မင်းကိုဆွဲဆောင်နိုင်တဲ့ ထူးဆန်းတဲ့ ရတနာမျိုးပဲ ဖြစ်ရ မယ်ဟုတ်တယ်လား” မိုကျိ ပြောလိုက်သည် “မင်းက အဲဒီကိုသွားပြီး ငါတို့နဲ့ အတူသွားလို့ရတယ်ဆိုပြီး မင်းရဲ့အင်အားကို သက်သေပြချင်နေတာမလား မဟုတ်ရင်… အဲလိုမျိုးအန္တရာယ်များတဲ့နေရာမှာ ငါစိတ်ထွေသွားပြီး မင်းကို မကာကွယ်နိုင်တာမျိုး အဖြစ်မခံနိုင်ဘူး”
“ကျွန်မမှာ မဟူရာရှိပါတယ်” ရှီမာယူယူ ပြောလိုက်သည်။
“အဲဒါနဲ့မလောက်ဘူး” မိုကျိသည် ခေါင်းခါလေသည်။
“အဲဒါကို ဘယ်လိုသက်သေပြမှာလဲ”
“ထိပ်တန်းအဆင့် ၁၀ အတွင်း… ပြည်နယ်ပြိုင်ပွဲမှာ မင်း အဆင့် ၁၀ အတွင်းဝင်မယ်ဆို.. ပြိုင်ပွဲပြီးရင် မင်းကိုအတူခေါ်သွားပေးမယ်” မိုကျိ ပြော လေသည်။
ရှီမာယူယူသည် တခဏမျှစဉ်းစားပြီးနောက် ထိုအပေးအယူကို သဘော တူလိုက်သည်။
“ကျွန်မ အဆင့် ၁၀ အတွင်းဝင်ရင် ရှင် ကတိတည်ရမယ်နော်”
“ပြဿနာမရှိဘူး”
သူမ ယုံကြည်ချက်ရှိနေသည်ကို ကြည့်ပြီး ယွမ်ယွမ် သတိပေးလေသည် “ပြည်နယ်ပြိုင်ပွဲမှာ ဝင်ပြိုင်ကြတဲ့လူတွေရဲ့ အင်အားကိုရောသိရဲ့လား… မဟူရာနဲ့ စာချုပ်တည်ထောင်တုန်းက မင်းရဲ့အားက တက်လာပေမဲ့ ပြည်နယ် ပြိုင်ပွဲကို ဝင်ပြိုင်တဲ့လူတွေက ပြည်နယ်တစ်ခုချင်းစီရဲ့ ပါရမီရှင်တွေပဲ… အင်အားက မင်းတို့လျောင်ပြည်နယ်ထက် အများကြီးပိုကောင်းကြတယ်… အဆင့် ၁၀ အတွင်းဝင်ဖို့ဆိုတာ မင်းထင်သလောက် မလွယ်ဘူး… အပေးအယူ ပြောင်းလိုက်ရင်ရော ဘယ်လိုလဲ”
သူသည် ရှီမာယူယူကို ပြောလိုက်သော်လည်း မိုကျိ တောင်းဆိုချက် ပြောင်းလိုပြောင်းငြား သူ့ကိုကြည့်နေသည်။
“ကျွန်မ သိပါတယ် ကျွန်မလုပ်နိုင်မယ်လို့ ယုံတယ်” ရှီမာယူယူသည် အလွန်ပင် ယုံကြည်ချက်ရှိနေသည်။
ယွမ်ယွမ်သည် သူမစိတ်ပိုင်းဖြတ်ထားသည်ကို မြင်သောအခါ မဖျောင်းဖျ တော့ဘဲ အကူအညီမဲ့စွာ ပြောလိုက်သည် “နန်းတော်မှာ ဒီပြိုင်ပွဲရဲ့ စာရင်း အကုန်လုံး ရှိနေမှာပဲ… မင်းအတွက် နည်းလမ်းတစ်ခုရှာရမယ်… အရင်ဆုံး မင်းရဲ့ ပြိုင်ဘက်ကို နားလည်ရမယ်”
“ရှင့်ရဲ့ ကြင်နာမှုအတွက် ကျေးဇူးပါ ဒါပေမဲ့ စာရင်းရှိနေပြီးသားဆိုတော့ မလိုတော့ပါဘူး” ရှီမာယူယူသည် ယွမ်ယွမ်အား ကျေးဇူးတင်စကား ပြောလေ သည်။
ဤသခင်လေးသည် ချဲ့ကားတတ်သော်လည်း စိတ်ကောင်းရှိနေတုန်း ပင်။
“မင်းမှာ ရှိနေပြီလား ပြိုင်ပွဲမှာ လူဘယ်နယောက်ပါမလဲဆိုတာ သိလား”
“အယောက် ၂၃၄၀… အဲအထဲကမှ အယောက် ၂၇၀ က မရဏာဂိုဏ်းရဲ့ အဆင့်မြင့်အဆင့်ကိုရောက်နေပြီ ၄၇ ယောက်က မရဏာသူတော်စင် ပဏာမ အဆင့်.. ပြီးတော့ ၇ ယောက်က မရဏာသူတော်စင်သခင် အလယ်အလတ် အဆင့်ရောက်နေပြီ… သူတို့ရဲ့ စာချုပ်သားရဲကတော့ အဓိကပဲ.. ကျွန်မ ဘာမှ တော့မသိဘူး ဒါပေမဲ့ နန်းတော်ရဲ့ စာရင်းမှာ ဘာမှလည်းမှတ်မထားဘူးလို့ ထင်တယ်” ရှီမာယူယူ ကိန်းဂဏန်းများကို ပြောသွားချိန်တွင် ယွမ်ယွမ်၏ မျက်လုံးများ ပြူးကျယ်သွားတော့သည်။
စာရင်းလုပ်တဲ့လူတွေကလွဲပြီး ဘယ်သူမှမသိနိုင်တဲ့ ကိန်းဂဏန်းတွေ လေ။ သူမ ဘယ်လိုသိတာလဲ။
“မင်း သိထားတာကို အဆင့် ၁၀ အတွင်းဝင်ဖို့သေချာလို့လား” မိုကျိ မေးလိုက်သည်။
“ကျွန်မအားက မလောက်သေးရင်တောင် သားရဲတွေရှိသေးတယ်လေ” ရှီမာယူယူ ပြောလိုက်သည် “အဲလူတွေရဲ့ သားရဲက ကျွန်မရဲ့မဟူရာလောက် အားမကောင်းလောက်ဘူးလို့ ထင်တယ်… မဟုတ်သေးဘူး ကျွန်မမှာ တခြား ဝှက်ဖဲတွေရှိသေးတယ်… ရှင်တို့ ရလဒ်ကို စောင့်ကြည့်နေလိုက်ပါ”
မိုကျိ မျက်ခုံးများ ပင့်တက်သွားသည်။ “မင်း တကယ်ပဲ ရှိမလား မသေချာ တဲ့ရတနာအတွက် မင်းရဲ့ကိုယ်ရေးအချက်အလက်တွေ ပေါ်သွားစေချင်လို့ လား”
ရှီမာယူယူသည် ခေတ္တမျှ ခေါင်းကိုကုတ်ပြီး ပြောလိုက်သည် “ဘာလို့လဲ တော့မသိဘူး.. ကျွန်မ အဲဒီကိုပဲသွားချင်နေတာ… အဲဒီကိုမသွားရင် တစ်ခုခုကို လွတ်သွားတော့မလိုခံစားနေရတယ်… စိတ်ထဲမှာ အဲလိုမျိုးကြီးလေးနေတာ.. အဲဒီက ရတနာတွေက ကျွန်မကိုခေါ်နေတာလည်းဖြစ်နိုင်တာပဲ… အာ.. ရှင်တို့ နှစ်ယောက် ကျွန်မကိုဘာလို့ခေါ်တာလဲ”
“ရှေးပစ္စည်းတချို့က သူတို့ရဲ့ပိုင်ရှင်ကို ကိုယ်တိုင်ရွေးကြပြီး ရှာတွေ့ အောင် ဆင့်ခေါ်ကြတယ်ဆိုတာ သိလား… မင်းကိုခေါ်နေတဲ့ ရတနာတကယ်ပဲ ရှိနေတာလား” ယွမ်ယွမ်သည် သူမကို အားကျမှုနှင့် မုန်းတီးမှုရောယှက်ကာ ကြည့်လေသည်။ တကယ်ပဲအဲလိုလား။
“တကယ်ပဲ အဲလိုသာဆိုရင် မှော်ရှေးပစ္စည်းဖြစ်နိုင်မလား” ရှီမာယူယူ သည် ပြုံးပြီးမေးလိုက်သည်။
“မင်းက မှော်ရှေးပစ္စည်းစုနေတာလား” မိုကျိ မေးလိုက်သည်။
“မှော်ရှေးပစ္စ်ညးတော့မဟုတ်ဘူး အံ့ဖွယ်မှော်ရှေးပစ္စည်းကိုရှာနေတာ” ရှီမာယူယူ အမှန်ပြင်ပေးလိုက်သည်။
“မင်း ရှေးပစ္စည်းဆိုင်တွေကို ဒီလောက်သွားခဲ့တာက အဲဒါကိုရှာတာလား” သူမ တယွိမြို့တော်သို့ရောက်သည်နှင့် ရှေးပစ္စည်းဆိုင်သို့ ပထမဆုံးသွားခဲ့သည် ကို ယွမ်ယွမ်မှတ်မိသည်။
“ဟုတ်တယ် အခု ရှင်တို့အကုန်သိပြီဆိုတော့ အံ့ဖွယ်ရှေးပစ္စည်းကို ဘယ်မှာရှာလို့ရမလဲဆိုတာ သိလား” ရှီမာယူယူ မေးလိုက်သည်။
“အံ့ဖွယ်ရှေးပစ္စည်းတွေက အရမ်းကိုရှားတယ်… လက်တစ်ဆုပ်စာပဲရှိ တယ်… အဲလူတွေဆီမှာရှိရင်တောင် ဖွက်ထားမှာပဲ… တန်ဖိုးကိုသိတဲ့လူတွေ အတွက်တော့ အရမ်းကိုအားကောင်းတဲ့ ပစ္စည်းတွေပဲ”
လုယက်မည်ဆိုပါကလည်း ချိန်ဆရဦးမည်။
ရှီမာယူယူ၏ မျှော်လင့်ချက်သည် မိုကျိဘက် ပြောင်းသွားသည် “ရှင်တို့ မိုမျိုးနွယ်တွေမှာ ရတနာအများကြီးရှိတယ်မလား ရှင်တို့မှာ အံ့ဖွယ်မှော်ပစ္စည်း ရှိလား”
“မှော်ပစ္စည်းတွေတော့ အများကြီးရှိတယ် ဒါပေမဲ့ အကုန်လုံးကို မျိုးနွယ် ဝင်တွေကို ပေးဖို့လုပ်ထားပြီးပြီ” မိုကျိ ပြောလေသည်။
ရှီမာယူယူသည် ထိုစကားကြားသောအခါ စိတ်လှုပ်ရှားသွားသည်။ သူ၏ စကားနောက်တစ်ခွန်းမှာ သူမ၏ မျှော်လင့်ချက်အားလုံးကို လွှင့်ပါးသွားစေလိမ့် မည်ဟု ထင်မထားပေ။ အကုန်လုံးကို မျိုးနွယ်ဝင်တွေကို ပေးဖို့လုပ်ထားပြီးပြီ။ သူမ မျိုးနွယ်ဝင်များဆီမှ လုမရပေ။
“အံ့ဖွယ်မှော်ပစ္စည်းတော့ မရှိဘူး ဒါပေမဲ့ သူတော်စင်ရှေးပစ္စည်းရှိတယ် မင်း ကြည့်ချင်လား” မိုကျိ မေးလိုက်သည်။
“သူတော်စင်ရှေးပစ္စည်းကိုတော့ မေ့လိုက်ပါ ကျွန်မ အံ့ဖွယ်ရှေးပစ္စည်းပဲ လိုချင်တာ” ရှီမာယူယူသည် အနည်းငယ် စိတ်ဓာတ်ကျသွဦးသည်။
“အံ့ဖွယ်မှော်ပစ္စည်းကို ဘာလို့လိုချင်တာလဲ”
“ကျွန်မအတွက် သုံးမလို့လေ” ရှီမာယူယူ ပြောလိုက်သည် “အာ.. ဒီအကြောင်းကို တွေးနေရဦးမှာလား နိဗ္ဗာန်မြစ်မှာ ကျွန်မကို စောင့်နေတဲ့ အံ့ဖွယ်ရှေးပစ္စည်းရှိနေတာပဲမလား”
“အဲလောက်ကြီး စိတ်ပျက်သွားဖို့မလိုပါဘူး… တစ္ဆေဘုရင်ဆီမှာ တစ်ခုခု တော့သေချာပေါက်ရှိမှာပါ” မိုကျိ ပြောလိုက်သည် “တစ္ဆေကြင်ယာတော်ရဲ့ ဘိုးဘေးကြီးမှာ အရင်က တစ်ခုရှိတယ်လို့ ကြားဖူးတယ်… မင်း သူမဆီက လု လိုက်ရင်…”
ရှီမာယူယူသည် ထိုစကားကြားသောအခါ တက်ကြွသွားသည် “တကယ် ကြီးလား”
“ဟေ့ ဟေ့ အဲလိုမကြည့်နဲ့ ကြောက်စရာကြီး” သူမပုံစံကိုမြင်သောအခါ ယွမ်ယွမ်သည် ထခုန်မတတ်ပင် “တစ္ဆေကြင်ယာတော်က ဘယ်သူလဲဆိုတာ သိရဲ့လား သူမကိုသွားပြစ်မှားမိရင်တော့…”
“စိတ်မပူနဲ့ ကျွန်မ အခုမသွားပါဘူး အဲလောက်လည်း မတုံးသေးပါဘူး” ရှီမာယူယူသည် မျက်လုံးလှိမ့်လိုက်သည်။ သူမ မျက်နှာမှာ ငတုံးဆိုပြီး ရေးထား မိလို့များလား။
ဘယ်လိုပဲလုပ်လုပ် အတူတူပဲဟု ယွမ်ယွမ်ထင်သည်။ ဒီအကြံကိုက ရူးနေ တာလေ။
“မင်း ကောင်းကောင်းလုပ်သင့်တယ်” မိုကျိ ပြောလိုက်သည် “ဒီလုပ်ငန်း စဉ်ကြီးက လွယ်မယ်မထင်ဘူး”
“အင်း လွယ်မှာမဟုတ်ဘူး” ရှီမာယူယူ ပြောလိုက်သည်။
ရှေ့လျှောက် ပြိုင်ပွဲတင်မဟုတ်ဘဲ ဖြစ်လာမည့် ကိစ္စများမှာ လွယ်ကူမည် မဟုတ်သည်မှာ သေချာသည်။
နောက်တစ်နေ့တွင် ရှီမာယူယူသည် မုရုန်ဟွေ့နောက်လိုက်ကာ ပြိုင်ပွဲ ကွင်းပြင်သို့ စောစီးစွာရောက်နေသည်။ နှစ်ပေါင်းများစွာ ကြာပြီးနောက် သူမ သည် ပြိုင်ပွဲထပ်ပြိုင်နေရပြန်ပြီဖြစ်သည်။
သူမ နေရာတွင် ထိုင်လိုက်သည်နှင့် ရှုပ်ထွေးသော အကြည့်ကိုခံစားမိ သဖြင့် လှည့်ပတ်ကြည့်ရာ ယွိချီနှင့် ရှောင်ရော့ပိုင်တို့ အပြင်မှ ဝင်လာသည်ကို မြင်လိုက်ရသည်။
ရှောင်ရော့ပိုင်၏ မျက်လုံးများသည် ရှုပ်ထွေးပြီး နာကျင်နေရာ သူမ စိတ်ထဲတွင် အပြစ်မကင်းသလိုခံစားရသည်။ ရည်ရွယ်ချက်ရှိရှိလုပ်ခြင်း မဟုတ်သော်လည်း ရှောင်ရော့ပိုင်၏ ပျော်ရွှင်နေသောဘဝကို ဖျက်ဆီးလိုက် သည်မှာ သူမဖြစ်သည်။
“မင်းသားလေးလည်း ရောက်လာပြီ” မုရုန်ဟွေ့ ပြောလိုက်သည်။
ရှီမာယူယူသည် လှုပ်လှုပ်ရှားရှားဖြစ်နေသော နောက်ဝင်ပေါက်ကို ကြည့် လိုက်ရာ မင်းသားလေးယွိဖေးသည် ကိုယ်ရံတော်အကာအကွယ်များဖြင့် ဝင် လာသည်ကိုမြင်လိုက်ရသည်။
ယွိဖေးနှင့် ယွိချီတို့သည် တစ်ချိန်တည်းမှာပင် စင်ပေါ်တက်လာသည်။ ယွိဖေးသည် ယွိချီအား အရင်အရိုအသေပြုသည် “မင်းသား ၇ လည်းရောက် လာတာပဲ အစ်ကိုတော်က အရင်က ဒီလိုပြည်နယ်ပြိုင်ပွဲကို စိတ်မဝင်စားပါဘူး”
“မင်းလည်းအတူတူပဲမလား” ယွိချီသည် ပြန်ပြုံးပြလိုက်သည်။
သူတို့နှစ်ယောက်ကြားမှ လေထုသည် အနည်းငယ်ပါးနပ်သည်။ သို့သော် အဝေးမှလူများအတွက်ကတော့ သူတို့နှစ်ယောက်၏ တွဲဖက်ညီမှုကို မြင်နေရ သည်။
***