အကျင့်တူ
Vol. 131 Ch. 1828
ရှီမာယူယူသည် ယွိချီနှင့် ယွိဖေးကိုကြည့်လိုက်ရာ သူတို့၏ အကျင့်မှာ တူသည်ဟုထင်မိသည်။ သူတို့နှစ်ယောက်လုံးသည် တခြားသူများရှေ့တွင် နူးညံ့စွာ ထွက်ပေါ်လာသည်။ သို့သော် တကယ့်အစစ်အမှန်ကိုတော့ သူတို့ ကိုယ်တိုင်အသိဆုံးဖြစ်ပါလိမ့်မည်။
“အဲဒါက သတင်းထွက်နေတဲ့ မင်းသမီး ၇ ဖြစ်လာမယ်သူဆိုတာလား” ယွိဖေးသည် ရှောင်ရော့ပိုင်ဘက်ဆီသို့ ကြည့်လိုက်သည် “တကယ့်ကို ချစ်စရာ လေးပဲ”
ယွိချီသည် မငြင်းဆန်သလို ထောက်လည်းမထောက်ခံပေ။
ရှောင်ရော့ပိုင်သည် သူကို အရိုအသေပြုပြီး တိုးညင်းစွာပြောလိုက်သည် “မင်းသားလေး အထင်လွဲနေပါပြီ ကျွန်မက မင်းသမီး ၇ ဖြစ်လာမယ့်သူမဟုတ် ပါဘူး”
“ဟုတ်လား အထင်လွဲမိသွားတယ် ဗွေမယူပါနဲ့” ယွိဖေးသည် သဘာဝ မဆန်စွာပြုံးပြီး သူ၏ မထီတရီအပြုအမူအတွက် တောင်းပန်လိုက်သည်။
ရှီမာယူယူသည် နှုတ်ခမ်းတွန့်မိသည်။ ထိုလူသည် တောင်းပန်နေသော် လည်း ယွိချီ၏ မည်းနက်နေသော မျက်နှာကို ကြည့်ပြီး ပျော်နေသည်မှာ သိသာ လွန်းသည်။
တယွိတိုင်းပြည်၏ မင်းသားသည် ထိုမင်းသားလေးကို ပုလ္လင်လွှဲပေးချင် သည်ဟု မုရုန်ဟွေ့ပြောသည်။ ယခုကြည့်လိုက်ရာ မင်းသားလေးသည်လည်း ကောင်းသည့်ပုံတော့မဟုတ်ပေ။
“မင်းသား ၁ နဲ့ မင်းသား ၂ တို့ရောက်လာပြီ” လူတစ်ယောက် ပြောလေ သည်။
ဝင်ပေါက်မှာ ထပ်မံဆူညံသွားပြန်သည်။ ဗိုက်ခေါက်ထူထူသောလူနှင့် ပိန်လှီနေသောလူတစ်ယောက်တို့သည် ဝင်ပေါက်မှဝင်လာရာ ယွိဖေးနှင့် ယွိချီ တို့သည် ဝင်လာသောလူများကို အတူအရိုအသေပြုကြသည်။
“အစ်ကိုတော် ၁ အစ်ကိုတော် ၂”
“မင်းလည်းရောက်နေတာပဲ ဒီနှစ်ကတော့ လူတွေအများသား” မင်းသား ၁ ဖြစ်သော ယွိလျို ရယ်မောလေသည်။
“မင်းတို့နှစ်ယောက်က ဒီနှစ် စောစောရောက်နေကြတာပဲ တခြား ညီအစ်ကိုတွေလည်း လာမလားမသိဘူး” မင်းသား ၂ သည် ပြုံးပြီးပြောလေ သည်။ သူ၏ ဆိုးဝါးလှသော ကျန်းမာရေးကြောင့်လားတော့မသိပေ… ဖျော့တော့ပြီး အားနည်းပုံပေါက်နေသည်။
“သူတို့လာသင့်တာပေါ့” ယွိချီ ပြောလိုက်သည် “ရောက်နေပြီဆိုမှတော့ နေရာမှာထိုင်လိုက်ကြတာပေါ့ ဒီမှာရပ်နေရင် သူများတွေကို အနှောင့်အယှက် ဖြစ်နေဦးမယ်”
“သွားကြတာပေါ့” ယွိလျို၊ ယွိချီနှင့် ယွိဖေးတို့ အတူလျှောက်သွားကြရာ မင်းသား ၂ ယွိယန်းသည် အနောက်မှလိုက်လာသည်။
ရှီမာယူယူသည် အားလုံး၏ လျစ်လျူရှုခြင်းကိုခံရသော မင်းသား ၂ ကို ကြည့်ပြီး မုရုန်ဟွေ့ကို မေးလိုက်သည် “အဖေ မင်းသား ၂ ကဘယ်လိုနေလဲ”
“မင်းသား ၂ လား” မုရုန်ဟွေ့သည် ယွိယန်းကိုကြည့်ပြီး ပြောလေသည် “သူက ကြင်ယာတော်တစ်ပါးက မွေးတဲ့သားပဲ… အဲဒီကြင်ယာတော် အနောက်မှာ အားကောင်းတဲ့ နောက်ခံမရှိတော့ အရမ်းမသန်မာဘူး… မင်းသား ၂ ကိုမွေးပြီးမသိပ်မကြာဘူး လောကကြီးထဲကထွက်သွားတယ်လေ… မင်းသား က အဲဒီကြင်ယာတော်ကို ချစ်လို့ မင်းသား ၃ ကိုကာကွယ်ပေးထားလို့သာ သူ ကောင်းကောင်း ကြီးလာနိုင်တာ… ဒါပေမဲ့ မင်းသား ၂ ကငယ်ငယ်ကတည်းက ကျန်းမာရေးမကောင်းဘူး နန်းဆက်ခံဖို့လည်း မဖြစ်နိုင်ဘူး… အဲဒါကြောင့် အကုန်လုံးက သူ့ကိုလျစ်လျူရှုထားကြတာ.. သူ့ကို ရှိရုံပဲသဘောထားကြတာ ပေါ့”
ရှီမာယူယူသည် ယွိယန်းကိုကြည့်လိုက်သည်။ သူ၏ ဖြူဖျော့နေသော မျက်နှာသည် ချောင်းဆိုးလိုက်ခြင်းကြောင့် အနည်းငယ်နီမြန်းသွားသည်။ သူမ စိုက်ကြည့်နေသည်ကို ခံစားမိသဖြင့် သူမဘက်သို့လှည့်လာကာ ပြုံးပြပြီး နောက် မင်းသား ၁ နှင့်ဆက်၍ စကားပြောနေလေသည်။
“ဒီမင်းသား ၂ က…” ရှီမာယူယူသည် လက်ချောင်းများဖြင့် ဒူးကို အကြိမ် အနည်းငယ် ခေါက်ကာ စိတ်ဝင်တစားပြောလေသည်။
“ရှီအာ ဘာတွေစဉ်းစားနေတာလဲ” သူမ ရေရွတ်သည်ကို မုရုန်ဟွေ့ မြင်ပြီးနောက် မေးလိုက်သည်။
“ဘာမှမဟုတ်ပါဘူး” ရှီမာယူယူ ပြုံးလိုက်သည်။
“ဟုတ်သားပဲ ရှီအာ ပြိုင်ပွဲကျရင် သတိထားနော်… ဒီတစ်ခါ စည်းမျဉ်း တွေပြောင်းသွားတယ်လို့ကြားတယ်… အခုဟာက ရိုးရိုးရှင်းရှင်းပြိုင်ပွဲမဟုတ် တော့ဘူး အသက်ရင်းတဲ့တိုက်ပွဲဖြစ်နေပြီ” မုရုန်ဟွေ့ ပြောလိုက်သည်။
“ရုတ်တရက်ကြီး စည်းမျဉ်းပြောင်းသွားတာလား”
“ကြင်ယာတော်မင်းသမီးရဲ့ လက်ချက်ပဲဖြစ်မယ်… ဒီပြိုင်ပွဲကို သမီး ဝင် ပြိုင်မယ်ဆိုတဲ့ သတင်းရသွားပြီးတော့ သမီးအတွက်ပြောင်းလိုက်တာဖြစ်မယ်” မုရုန်ဟွေ့ ပြောလိုက်သည်။
ရှီမာယူယူသည် လှောင်ပြုံးပြုံးပြီးပြောလိုက်သည် “သူမက သမီးကို ဒီလို ပုံစံနဲ့ရှင်းလို့ရမယ်ထင်နေတာ သူမခေါင်းက ကောင်းကောင်းအလုပ်မလုပ်လို့ ဖြစ်မယ်”
“ဘယ်လိုပဲဖြစ်ဖြစ် သတိထားပါ” မုရုန်ဟွေ့ လှုံ့ဆော်လိုက်သည်။
“သိပါပြီ အဖေ” ရှီမာယူယူ ပြန်ဖြေလိုက်သည်။
ယွိယန်းနှင့် ယွိလျို့တို့သည် အတန်ကြာအောင် စကားပြောကြသည်။ တခြားသူများ စကားပြောနေချိန်တွင် သူသည် ရှီမာယူယူရှိရာဘက်သို့ အမှုမဲ့ အမှတ်မဲ့ လှမ်းလှမ်းကြည့်သည်။
“မင်းသား ၂ အဲလိုမထင်ဘူးလား” ယွိလျို၏ အသံသည် သူ့အာရုံကိုက် ပြန်ဆွဲလိုက်သည်။
“ဟုတ်တယ်” ယွိယန်း ပြန်ဖြေလိုက်သည်။
“ဘာတွေ အဲလောက်ကြည့်နေတာလဲ” ယွိလျို့သည် အစောက သူ ထိုဘက်သို့ကြည့်ကြည့်နေသည်ကိုမြင်သည် “အဲဒီမိန်းကလေးက ဘယ်သူလဲ”
ယွိချီတို့ ကြည့်လိုက်ရာ ရှီမာယူယူကိုမြင်သည်နှင့် ပြောလိုက်သည် “အစ်ကိုတော် ၁ သူမက မုရုန်ရှီလေ.. ဦးလေးကို သတ်သွားတဲ့တစ်ယောက်ပဲ မယ်တော်က သူမကိုသတ်ဖို့ လူတွေအများကြီးလွှတ်လိုက်ပေမဲ့ မအောင်မြင်ခဲ့ ကြဘူးလေ… အိပ်မက်လောကဘိုးဘေးကြီး၊ မိစ္ဆာနက်အရိပ်နှစ်ယောက်တွဲ တွေအကုန် သူမ လက်ချက်စာမိသွားတာပဲလေ”
“သူမက မုရုန်ရှီလား တကယ်ကိုလှတာပဲ” ယွိလျိုသည် ရှီမာယူယူကို မြင်သောအခါ အရောင်ထွက်နေသော မျက်လုံးများဖြင့်ကြည့်ကာ မေးစေ့ကို ကိုင်လိုက်သည် “သူမကို ငါ့ကိုပေးဖို့ မယ်တော်ကိုပြောရမယ်ထင်တယ်”
“မုရုန်ရှီရဲ့ ရုပ်ရည်က အမှောင်မင်းသမီးနဲ့ တော်တော်တူတယ်လို့ ကြား တယ်.. အမှောင်မင်းသမီးက အရမ်းကိုထူးချွန်တာ ဒီမုရုန်ရှီလည်း သေချာ ပေါက် တော်မှာပဲ” ယွိဖေး ပြောလိုက်သည် “အဲဒီမျက်နှာက ပြဿနာတွေ ဖြစ်စေတယ်လို့ ကြားတယ် အစ်ကိုတော် ၁ ပြဿနာသွားမရှာတာကောင်းလိမ့် မယ်”
“စိတ်ဝင်စားစရာတွေရှိရင် ပိုပြီးတက်ကြွသွာမှာပဲလေ” ယွိလျိုသည် ကောက်ကျစ်စွာ ပြုံးလိုက်သည်။
“အစ်ကိုတော် ၁ သဘောကျမှတော့ လုပ်ချင်တာလုပ်ပေါ့” ယွိချီ ပြော လိုက်သည် “မယ်တော်က သူမကို သတ်လိုက်ရတာထက်စာရင် အစ်ကိုတော် ပျော်တာကိုပဲ ပိုဖြစ်ချင်မှာပေါ့”
“ဟားဟား ငါလည်း အဲလိုပဲထင်တယ် မယ်တော်က ငါ့ကိုအချစ်ဆုံးလေ” ယွိလျိုသည် ဂုဏ်ယူစွာပြံဒးလိုက်သည် “သူမသာ ငါ့လက်ထဲရောက်လာရင် ဦးလေးအစား လက်စားချေပစ်မယ် ဟီးဟီး…”
ရှီမာယူယူသည် သူမဆီသို့ မကောင်းသောအကြည့်များ ရောက်လာသည် ကို ခံစားရသဖြင့် မျက်လုံးထဲတွင် ရွံရှာမှုနှင့် စိတ်မရှည်မှုများ ပြည့်နှက်သွား တော့သည်။
ရှောင်ရော့ပိုင်သည် အစတော့ ပူပန်နေသည်။ သို့သော် သူမ၏ အမူအရာ ကိုမြင်ပြီးနောက် ပြုံးလိုက်မိသည်။ သူမ၏ မျက်နှာထားကိုကြည့်ရုံနှင့် သူတို့ လုပ်ရဲလုပ်ကြည့် သူမရဲ့ ဒေါသဒဏ်ကိုသေချာပေါက် မခံနိုင်စေရဟု ရှောင်ရော့ ပိုင်ခံစားမိသည်။
သို့သော် သူမ၏ အပြုံးသည် စက္ကန့်ပိုင်းတင် မခံဘဲ ပျောက်ကွယ်သွဦး သည်။ သူမ၏ အမူအရာမှာ အနည်းငယ် နာကျင်နေသည်။
သူမက ရှီမာယူယူ မကောင်းတဲ့ကိစ္စတွေ ဖြစ်လာဖို့ကို မျှော်လင့်ရမှာ မဟုတ်ဘူးလား။ ဘာလို့စိတ်ပူပေးနေတာလဲ။
ရှီမာယူယူသည် တိတ်တိတ်လေး သက်ပြင်းချမိသည်။
“သခင်မလေး” ဖန်းရင်ဟန်နှင့် ကျန်းမင်တတို့သည် သူတို့နေရာမှ ထလာ ကြသည်။
“ဘာကိစ္စလဲ” ရှီမာယူယူသည် သူတို့ ရောက်လာသည့် အပြုအမူကို အကဲခတ်လိုက်ရာ မုန်ရုန်ဟွေ့ကို မသိစေချင်သည့်ပုံစံဖြစ်နေသဖြင့် ထပြီး ထွက်ခဲ့လိုက်သည်။
နောက်ဆုံးအတန်းသို့ ရောက်သောအခါ ရှီမာယူယူ သူတို့ကိုကြည့်ပြီး မေးလိုက်သည် “ဘာဖြစ်လို့လဲ”
“သခင်မလေး ဇီပင်းကို ဒဏ်ရာရအောင်လုပ်တဲ့လူကိုမှတ်မိပြီ” ဖန်းရင် ဟန် ပြောလိုက်သည်။
“သိပြီဟုတ်လား” ရှီမာယူယူ မေးလိုက်သည်။
“ဟုတ်တယ်” ဖန်းရင်ဟန် ခေါင်းညိတ်သည် “အဲနေ့က သခင်မလေး ပြောတယ်လေ ကျွန်တော်တို့ကို ရိုက်တဲ့လူက ဟော်မျိုးနွယ်ကမဟုတ်ဘူး ပြည်နယ်ရဲ့ရန်သူ၊ ပြိုင်ပွဲဝင်ထဲကဖြစ်ဖို့များမယ်.. သူတို့ရောက်လာတာကို တွေ့ လိုက်ပြီ”
“သူတို့ဆိုတာသေချာလား” ရှီမာယူယူ မေးလိုက်သည်။
“သူတို့ ပြာဖြစ်သွားရင်တောင် အဲလူတွေကိုမှတ်မိတယ်” ကျန်းမင်တ သည် နီရဲသောမျက်လုံးဖြင့် အံကြိတ်ပြီးပြောလေသည် “အဲတုန်းက သူတို့တွေ မျက်နှာဖုံးတွေဝတ်ထားပေမဲ့ သူတို့ရဲ့ ကိုယ်လုံးကိုယ်ပေါက် အသံတွေကို ချက်ချင်း မှတ်မိလိုက်တယ်”
“အတည်ပြုပြီးပြီဆိုရင်တော့ ကိုင်တွယ်ဖို့လွယ်ပါတယ်” ရှီမာယူယူ နှာမှုတ်လိုက်သည် “စည်းကမ်းအသစ်လည်းရှိလာတယ်… အခုက အသေတိုက် ခိုက်ရမယ့်ပွဲဖြစ်သွားပြီ မင်းတို့ အခွင့်အရေးယူရမယ်”
“နယ်စားကို ပြောသင့်လား”
ရှီမာယူယူသည် ခေတ္တမျှစဉ်းစားပြီးနောက် ပြောလိုက်သည် “ငါပဲ အဖေ့ကို ပြောလိုက်မယ်… မင်း တခြားလူတွေကိုပြောလိုက်… သူတို့နဲ့တွေ့ရင် ညှာမပေးနဲ့ သူတို့ကိုအဆုံးသတ်ပစ်မယ်… သွားအတွက်သွား မျက်လုံးအတွက် မျက်လုံးဆိုတာကို သူတို့ကိုပေးသိလိုက်… ဟင်း သူတို့က လူအရေအတွက်နဲ့ ဇီပင်းကို အနိုင်ကျင့်တာ.. ငါတို့နဲ့လာရှုပ်တာ ဘယ်လိုအဓိပ္ပာယ်လဲဆိုတာ ပြ ပေးလိုက်မယ်.. အင်း အခုသူတို့ထွက်လာပြီဆိုတော့ တော်ဦးမလားလို့ ကြည့် တာပေါ့”
***