ဦးလေးကိုရောင်းလိုက်ရင်တောင် ကျွန်မကိုယ်ကျွန်မ မရောင်းနိုင်ဘူး
Vol. 131 Ch. 1830
ဗလာနယ်မြေမှာ ဖောက်ထွင်းမြင်နိုင်သော နေရာဖြစ်သည်။ အပြင်မှလူ များသည် အထဲမှအခြေအနေကို ရှင်းရှင်းလင်းလင်းမြင်ရသည်။ မည်သူက မရဏာသိုင်းပညာသုံး၍ ပြိုင်ဘက်ကို ထိခိုက်အောင် လုပ်လိုက်သည်… မည်သူ က ပြိုင်ဘက်ကို လွှမ်းမိုးနိုင်သည်ဆိုသည်ကို အပြင်မှ ရှင်းလင်းစွာ မြင်နေရ သည်။
ပြိုင်ပွဲစပြီး ၁၀ မိနစ်ပင်မကြာလိုက် ပထမဆုံးအကြိမ် လူတစ်ယောက် အသတ်ခံလိုက်ရသည်။ ရှီမာယူယူသည် အလောင်းကို လှမ်းကြည့်ပြီး သက်ပြင်းချမိသည်။ မရဏာအရှင်ပဏာမအဆင့်သည် မရဏာသူတော်စင် ပဏမအဆင့်နှင့် ရင်ဆိုင်ရသည်။ အစ်ကိုကြီး ရှင့်ကံကတော့ တကယ်ပဲ… ပြော လို့တောင်မရဘူးပဲ။ ရက်စက်သောလူသည် အဆောင်ကိုချေမွလိုက်ပြီး ဗလာ နယ်မြေမှထွက်လာသည်။ မြေပေါ်မှအလောင်းကို မကြည့်ဘဲ သူသည် တိုက်ရိုက်ပင် စာရင်းသွားသွင်းလေသည်။
“ဘယ်လောက်တောင် သွေးအေးပြီး မောက်မာလိုက်တဲ့လူလဲ” ရှီမာယူယူ သက်ပြင်းချလိုက်သည်။
“သူက ဒီလောက် အသက်ငယ်ငယ်နဲ့ မရဏာသူတော်စင်အဆင့် ဝင်ပြီး ပြီဆိုတော့ သေချာပေါက် မောက်မာမှာပဲလေ… ဒါပေမဲ့ ငါတော့ အဲလိုလူမျိုးကို သဘောမကျဘူး… ငါ့လမ်းမှာလာမပိတ်လို့သာ သူ အဆင်ပြေနေတာ” လန်ယွိ ပြန်ချေပသည်။ သူသည် ထိုလူကို အကောင်းမြင်စိတ်မရှိပေ။
“သူ့ လှုပ်ရှားချက်တွေက တိကျပြီးမြန်တာကို သတိထားမိတယ်… သူနဲ့ စွမ်းအားတူတဲ့လူနဲ့သာ တိုက်ခိုက်ရရင် ခါးသက်တဲ့တိုက်ပွဲဖြစ်မှာပဲ” ရှီမာယူယူ ခွဲခြမ်းစိတ်ဖြာသည်။
“မင်းရော သူနဲ့ တိုက်ခိုက်ရရင် ယုံကြည်ချက်ရှိလား” ယွိရှီ မေးလိုက် သည်။
“ကျွန်မ မတိုက်နိုင်ရင်တောင် ကျွန်မရဲ့သားရဲတွေတော့ တိုက်နိုင်မှာပဲ” ရှီမာယူယူ ပြန်ဖြေလိုက်သည်။
“မင်း… မင်းရဲ့သားရဲတွေကို အဲလောက်ကြီး မှီခိုလို့မရဘူး”
“ကျွန်မသိပါတယ် အဲဒါကြောင့် မှီခိုလို့ရတဲ့ တခြားပစ္စည်းရှိသေးတယ် စမ်းကြည့်ချင်လား” ရှီမာယူယူသည် ခေါင်းမော့ပြီး အပြုံးဖြင့် ကြည့်လိုက် သည်။
“ထားလိုက်တော့ ဒါလည်း ကောင်းတယ်လို့ထင်တယ်… ဘယ်လိုပဲဖြစ် ဖြစ် မင်း သူများနဲ့တိုက်ခိုက်တဲ့အချိန်ဆိုရင် အနိုင်ယူဖို့ အဲဒီပစ္စည်းတွေကို သုံး တာလည်း နည်းလမ်းကောင်းပဲ” လန်ယွိ ပြောလေသည်။ သူ ယွိရှီ ပြုံးလိုက် သည်ကို မြင်သောအခါ စောဒကတက်သည် “ဘာတွေ အဲလောက်ရယ်နေတာ လဲ မင်းလည်း သူမနဲ့အတူတူပဲ”
“ချီးကျူးတဲ့အတွက် ကျေးဇူးပဲ”
“အဲဒီမျက်နှာက ဘယ်လိုဖြစ်တာလဲ” လန်ယွိသည် သူ့ကို အေးစက်စွာ ကြည့်သည်။ သူသည် ခေါင်းလှည့်ကြည့်ရာ လူတစ်ယောက် ဝင်ပေါက်မှဝင် လာသည်ကို မြင်ပြီး ရေရွတ်လေသည် “သူက ဒီမှာဘာလာလုပ်တာလဲ”
ရှီမာယူယူသည် သူ့အကြည့်နောက် လိုက်ကြည့်ရာ မိုကျိနှင့် ယွမ်ယွမ်တို့ ဝင်လာသည်ကို မြင်လိုက်ရသည်။
“နောက်ကျသွားလို့ တောင်းပန်ပါတယ် ငါတို့လာရင်းနဲ့ ကိစ္စလေးတစ်ခုရှိ နေလို့” ယွမ်ယွမ်သည် ရှီမာယူယူကို တောင်းပန်လေသည်။
“ရပါတယ်” ရှီမာယူယူ ပြန်ဖြေလိုက်သည်။
လန်ယွိသည် မိုကျိကို စိုက်ကြည့်သည် “သခင်လေးမိုက ဒီရောက်နေတာ ပဲ မင်းရဲ့ ဘိုးဘေးကြီးကရော”
“ကျွန်တော့် ဘိုးဘေးကြီးရဲ့ နေရာက အတည်တကျမရှိလို့ ကျွန်တော် လည်း မသိပါဘူး” မိုကျိ ပြောလိုက်သည်။
“ဒီတစ်ခေါက် စည်းမျဉ်းတွေပြောင်းသွားတယ်လို့ ကြားတယ် ဘာတွေ ပြောင်းသွားတာလဲ” ယွမ်ယွမ် မေးလိုက်သည်။
“ထိုင်ပြီး ပြောကြတာပေါ့” ရှီမာယူယူသည် အမူအရာလုပ်သည်။ ဘေးတွင်ထွက်ရပ်နေသော ဖန်းရင်ဟန်သည် သူ့ထိုင်ခုံတွင် ထိုင်ခိုင်းသည်။
သခင်မလေး၏ သူငယ်ချင်းများသည် ပြစ်မှား၍မရသူများဖြစ်ကြသည်။ သူတို့အဝေးတွင် ထိုင်လိုက်သည်က ကောင်းမည်။
မိုကျိလာနေသည်ကို မြင်သောအခါ တယွိမင်းသားနှင့် တခြားသူများ သည် အံ့ဩကြသည်။ သူတို့ကိုကြည့်လိုက်ချိန်တွင် လာနှုတ်ဆက်သည်ကို လည်း ပိုအံ့ဩရသည်။
“မုရုန်ရှီက ဘယ်တုန်းက မိုမျိုးနွယ်နဲ့ ရင်းနှီးသွားတာလဲ” တယွိမင်းသား သည် သူ၏ ကြင်ယာတော်မင်းသမီးကို မေးသည်။
“မိုမျိုးနွယ်က သခင်လေးနဲ့ ယွမ်မျိုးနွယ်က သခင်လေးတို့ လျောင် ပြည်နယ်ကိုသွားတုန်းက သိလာကြတာထင်တယ် ပြီးတော့ သူတို့ ဆက်ဆံရေး ကလည်း ကောင်းတဲ့ပုံပဲ” တယွိကြင်ယာတော်မင်းသမီးသည် လက်ချောင်းများ ကို ဖျစ်ညှစ်ကာ မိုမျိုးနွယ်၏သခင်လေးနှင့် ရင်းနှီးနေသော မုရုန်ရှီအား မုန်းတီး နေသည်။
မုရုန်ရှီသည် သူမ၏ မောင်ဖြစ်သူကိုသတ်သွားပြီး ယွမ်ယွမ်သည် သူမ အနားတွင်ရှိနေခဲ့သည်။ ထိုအရာကြောင့်ပင် ပြီးခဲ့သည့် နှစ်နှစ်တွင် မုရုန်ရှီကို တိုက်ခိုက်၍မရခြင်းဖြစ်သည်။ သူသည် သည်တစ်ကြိမ်တွင်လည်း သူမ၏ လုံခြုံရေးကြောင့် ရောက်လာခြင်းဖြစ်သည်။
ဟင်း.. သူတို့ ဗလာနယ်မြေကိုဝင်တာနဲ့ သူမကို ကာကွယ်လို့ရမှာ မဟုတ် တော့ဘူး။
မကြာမီတွင်တွင် နောက်အဖွဲ့တစ်ဖွဲ့သည် ရလဒ်ထွက်လာသည်။ ဤတစ်ကြိမ်တွင် ရလဒ်မှာ တစ်ယောက်သေပြီး တစ်ယောက် အသက်ရှင်နေခဲ့ သည်။ သို့သော် အသက်ရှင်ကျန်နေသူမှာ မည်သည့်အကျိုးအမြတ်မှမရပေ။
“အခုမှစခါရှိသေးတယ် လူနှစ်ယောက်သေပြီးနေပြီ နောက်ပိုင်း ဘယ်လို ဖြစ်မှာလဲမသိဘူး” ဖန်းရင်ဟန် ပြောလေသည်။
“စည်းမျဉ်းအသစ်နဲ့ဆိုရင် အဲလူတွေက ပြိုင်ဘက်ရဲ့ အားနည်းချက်ကို သေချာပေါက် အသုံးချမှာပဲ… အရင်တုန်းကဆိုရင် တိုင်းပြည်က အရွေးမခံရတဲ့ လူတွေက နယ်စားအိမ်တော်ရဲ့ နောက်ခံစွမ်းအားဖြစ်လာခဲ့တာ… အခု တစ် ယောက်က အမှတ်လျော့ရင် နောက်တစ်ယောက်က ပိုသန်မာလာမှာ” ယွမ်ယွမ်သည် သက်ပြင်းချရင်းပြောလေသည်။
“တကယ်တော့ ဒီလိုကပိုကောင်းတယ်” လန်ယွိ ပြောလိုက်သည် “ဒီကမ္ဘာမှာ ရှင်သန်ရေးက အမြဲတမ်းသတ်မှတ်ပြီးသားပဲ… သန်မာတဲ့လူပဲ ကျန်မယ်… သူများလောက် မတော်ဘူးဆိုပြီး ကိုယ့်ကိုယ်ကိုယ် အပြစ်တင်တဲ့ လူတွေပဲ သေမှာ”
“တခြားတိုင်းပြည်တွေမှာလည်း အမြဲတမ်းဒီလိုပဲ… ငါတို့တယွိတိုင်းပြည် က အခုမှစားလို့သာ… စလိုက်ပြီဆိုမှတော့ ဆက်လုပ်သင့်တယ်”
“တစ္ဆေလောကလည်း ရက်စက်တာပဲကိုး” ရှီမာယူယူ သက်ပြင်းချမိ သည်။
“တစ္ဆေလောကရဲ့ ပြိုင်ပွဲတွေက သေရေးရှင်ရေးနဲ့ ဆိုင်လို့မရဘူးလား” လန်ယွိသည် သူမကို ကြည့်ရင်းမေးလေသည်။
“လူသားလောကမှာတုန်းက ပြိုင်ပွဲတွေကို အမှတ်တွေနဲ့ပဲ အနိုင်ပေးတာ ဒီလိုလုပ်တာရှားတယ်” ရှီမာယူယူ ပြန်ဖြေသည်။
“တစ္ဆေလောကက တခြားလောကတွေနဲ့ယှဉ်ရင် အမြဲတမ်း ရက်စက်ခဲ့ တာပဲ” ယွိရှီ ပြောလေသည် “ငါတို့က တခြားလောကနှစ်ခုက ဝိညာဉ်တွေကို လက်ခံရတယ်… တစ္ဆေတွေသာမသေရင် တစ္ဆေလောကကလည်း လူပြည့်နေ မှာ… မင်းက ဒီလိုပြိုင်ပွဲကို အခုမှလာဖူးပြီး ဒီလိုအခြေအနေကို ပထမဆုံးမြင်ဖူး လို့ပါ… တဖြည်းဖြည်းအသားကျသွားလိမ့်မယ်”
“ကျွန်မ နားလည်ပါတယ် ဦးလေး” ရှီမာယူယူ ပြောလိုက်သည်။
သူမသည် ယွိရှီဆိုလိုချင်သည်ကို နားလည်သည်။ တစ္ဆေလောကမှာ ဤကဲ့သို့ဖြစ်နေရာ သူမ အသားကျစပြုနေပြီဖြစ်သည်။
အချိန်အတန်ကြာသောအခါ အဖွဲ့တစ်ရာသည် ပြိုင်ပွဲပြီးလေသည်။ ရှီအာယူယူသည် အသေအပျောက်တွက်လိုက်ရာ ၄၈ ဦးရှိလေသည်။ အယောက် ၄၀ မှာ အကျပ်အတည်းဖြစ်နေသည့်အချိန်တွင် သူတို့၏အဆောင် ကို ဖျက်စီးပြီး ထွက်လာကာ တခြား ၁၂ ယောက်မှာ မိမိဆန္ဒအလျောက် အညံ့ ခံကြခြင်းဖြစ်သည်။
အဆုံးထိ အရှုံးကိုလက်မခံလျှင် သေဆုံးခြင်းနှင့်သာ အဆုံးသတ်လေ သည်။ ထို့ကြောင့် အားလုံးသည် အန္တရာယ်ရှေ့မှောက်တွင် ရွေးချယ်မှုလုပ်ရ သည်။
နယ်စားများသည် ခန္ဓာကိုယ်စွမ်းရည်သန်မာသော အဖွဲ့ကိုရှုံးသည်ထက် မျက်နှာပျက်ရသည်ကိုသာ လက်ခံရတော့သည်။
ပထမ အဖွဲ့ ၁၀၀ ပြီးသွားသည်နှင့် တင်ဆက်သူသည် နံပါတ် ၁၀၁ မှ ၂၀၀ ကိုဝင်ခိုင်းသည်။ ပထမအချီကို ကြည့်ရသည့်အတွေ့အကြုံကြောင့် အနိုင်မရ နိုင်သည်မှာ သေချာသည်နှင့် စောစီးစွာအညံ့ခံကြသည်။ ထို့ကြောင့် ထိုအဖွဲ့ သည် ပြီးခဲ့သည့်အဖွဲ့ထက် စောစီးစွာ ပြီးစီးလေသည်။
“ဒီနှုန်းနဲ့ဆိုရင် မင်းအလှည့်က ခဏနေဆိုရောက်လာတော့မယ်… မင်း ကြင်ယာတော်မင်းသမီးရဲ့ ပရိယာယ်ကို ဂရုစိုက်ရမယ်” ယွမ်ယွမ် ပြောလိုက် သည်။
“ဒီလိုအခြေအနေမှာ ဘာလို့အဲဒါတွေပြောနေတာလဲ သူမ ကြားသွားမှာ မကြောက်ဘူးလား” ရှီမာယူယူ ပြောလိုက်သည်။
“ငါ မိုကျိကို မြင်တော့ သခင်လေးဆိုရင် ဘာလို့ ဒီလိုမျိုးချဲ့ကားရမလဲဆို တာနားလည်သွားတယ်… ဒီလိုဆိုရင် ငါသူမကို မကြောက်တော့ဘူး” ယွမ်ယွမ် ပြောလိုက်သည်။
ထိုစဉ်က ရှီမာယူယူအတွက် မိုကျိသာ ကြားဝင်ဖျန်ဖြေခြင်းမရှိခဲ့လျှင် ကြင်ယာတော်မင်းသမီးသည် ယွမ်မျိုးနွယ်ကို ဖိအားပေးမည်မဟုတ်ပေ။ ယခု အချိန်တွင် သူသည် သခင်လေးဖြစ်သွားသော်လည်း နေရာတိုင်းတွင် ချုပ်တည်းနေရတုန်းပင်ဖြစ်သည်။
“ငါတို့ ဗလာနယ်မြေကိုဝင်ရင် မင်းဘေးကို ချက်ချင်းလာနိုင်မှာမဟုတ် ဘူး မင်းအဆင်သင့်ပဲလား” မိုကျိ မေးလိုက်သည်။
ရှီမာယူယူ ခေါင်းညိတ်လိုက်သည် “စိတ်မပူပါနဲ့ ကျွန်မတို့ ကတိအတွက် ကြိုးစားမှာပါ”
“ကတိဟုတ်လား ဘာကတိလဲ… ရှီအာ မင်း ဒီကောင်နဲ့ ဘာတွေများ ကတိပေးထားတာလဲ” လန်ယွိသည် သူတို့ ပြောဆိုနေသည်များကို ကြားသော အခါ ရောက်လာပြီးမေးလေသည် “ငါပြောမယ် မိုမျိုးနွယ်ဦးဆောင်မှုအောက် က မိုယွိကဆိုးမှာပဲ ကိုယ့်ကိုယ်ကိုယ်ရောင်းပြီး ကတိမပေးတာကောင်းမယ်”
“ခင်ဗျားပြောတာကို ဘိုးဘေးကြီးကို ပြန်ပြောလိုက်ပါမယ်” မိုကျိသည် လန်ယွိကို စိုက်ကြည့်ပြီး တိတ်ဆိတ်စွာပင် ပြန်ပြောသည်။
လန်ယွိသည် မိုကျိ၏ အကြည့်ကြောင့် အံ့ဩသွားသည်။ သူသည် ငယ် သေးသည်။ သူသာ အသက်ရလာပါက သေချာပေါက် မိုကျိလို ဖြစ်မည်ဖြစ် သည်။
“ဦးလေးယွိ စိတ်မပူပါနဲ့ ကျွန်မ ဦးလေးကိုရောင်းရင်တောင် ကိုယ့်ကိုယ် ကိုယ်တော့ မရောင်းပါဘူး” ရှီမာယူယူ ပြုံးလိုက်သည် “သူတို့က ဟိုဘက်ကနေ နံပါတ်တွေအော်နေတယ် ကျွန်မအရင်သွားလိုက်ပါဦးမယ်”
ပြောပြီးနောက်တွင် သူမသည် ပြိုင်ပွဲဝင် တတိယအသုတ် စီတန်းနေ သော နေရာသို့ လျှောက်သွားလိုက်သည်။
***