← Chapters

ရောဂါဖြစ်နေတာမဟုတ်ဘူး

Vol. 131 Ch. 1833

ရောဂါဖြစ်နေတာမဟုတ်ဘူး

Vol. 131 Ch. 1833

“ရှီအာ ဘာဖြစ်လို့လဲ” မုရုန်ဟွေ့သည် သူမ အမူအရာကိုမြင်သောအခါ ပြဿနာ တစ်စုံတစ်ရာရှိနေသည်ကို သိလိုက်သည်။

“မင်းသား အရင်တစ်ခေါက် ဒဏ်ရာရတုန်းက တားမြစ်ဆေးတွေ သုံးခဲ့ သေးလား” ရှီမာယူယူ မေးလိုက်သည်။

သူမသည် သွေးခုန်နှုန်းကို စမ်းရုံနှင့် တားမြစ်ဆေးသုံးထားသည့် ကိစ္စကို အတပ်ပြောနိုင်သဖြင့် တယွိမင်းသားသည် စိတ်ထဲမှ အံ့ဩသွားမိသည်။

“မင်းသားရဲ့ မျက်နှာကို ကြည့်ရတာတော့ ဟုတ်တယ်လို့ပဲ ယူဆလိုက်ပါ မယ်” ရှီမာယူယူ ပြောလေသည်။

“ရှီအာ အဲတုန်းက မင်းသားအသက်ဘေးဖြစ်နေလို့ အသက်ကယ်ဖို့ တားမြစ်ဆေးကိုသုံးလိုက်ရတာ” မုရုန်ဟွေ့ ပြောလေသည်။

“ဒါဆိုရင် အသက်အန္တရာယ်မရှိတော့တဲ့အချိန်ထိ ဘာလို့ တားမြစ်ဆေး သုံးနေသေးတာလဲ” ရှီမာယူယူ မေးလိုက်သည် “ဆေးသုံးတာကို အစောကြီး ကတည်းက ရပ်လိုက်ရင် အခုလိုအခြေအနေဖြစ်မှာမဟုတ်တော့ဘူး”

“သူ ဆေးစားလိုက်တာနဲ့ ရပ်လို့မရတော့ဘူးလို့ သမားတော်ပြောတယ်” ယွိယန်း ပြောလေသည် “ခမည်းတော်က ဖြည်းဖြည်းချင်း ဆေးသုံးတာလျှော့ ပြီး ရပ်လိုက်တော့မလို့ လုပ်ထားတာ”

ရှီမာယူယူသည် အနည်းငယ် အံ့ဩသွားကာ ပြောလိုက်သည် “အိုး”

သူမ၏ တုံ့ပြန်ချက်ကြောင့် အားလုံးသည် ရှုပ်ထွေးသွားကြသည်။ အိုး ဆိုတာ ဘာအဓိပ္ပာယ်လဲ။

“ရှီအာ”

“တားမြစ်ဆေးသုံးတာ ရပ်လိုက်လို့ရတယ် ဒါပေမဲ့ နည်းလမ်းမှန်ကိုမသိ တာပဲ” ရှီမာယူယူ ပြောလိုက်သည် “ဘယ်လိုပဲဖြစ်ဖြစ် အခုမသုံးတော့ဘူးလို့ ပြောချင်တာမလား”

“ရှီအာ မင်းသားက တားမြစ်ဆေးသုံးလိုက်လို့ ပြန်ကောင်းမလာတာလား” မုရုန်ဟွေ့ ပြောလိုက်သည်။

“အဲဒါလည်း အကြောင်းအရင်းတွေထဲက တစ်ခုပဲ” ရှီမာယူယူ ပြောလိုက် သည် “မင်းသားက တားမြစ်ဆေးသုံးတာရပ်သွားပေမဲ့ ခန္ဓာကိုယ်ထဲမှာ ဆေး တွေကျန်နေတုန်းပဲ… အဲဒီဆေးလက်ကျန်ကို ထုတ်ပြီးမှ ရှေ့ဆက်လုပ်လို့ရ မယ်”

“အဲဒါကို ထုတ်နိုင်မလား” တယွိမင်းသားနှင့် ယွိယန်းတို့ အံ့ဩသွားကြ သည် “အဲဒီဆေးတွေက ငါ့ခန္ဓာကိုယ်ထဲမှာ တစ်သက်လုံးရှိသွားမှာလို့ သမား တော်တွေပြောကြတယ်”

“အဲဒါက တခြားသမားတော်တွေ ပြောတာပါ” ရှီမာယူယူ ပြောလိုက် သည် “အသုံးမကျတဲ့လူတွေကပဲ အသက်ကယ်ဖို့ တားမြစ်ဆေးကိုသုံးကြတာ”

သူမ စကားများကို ကြားသည်နှင့် သူတို့သုံးယောက်သည် နှုတ်ခမ်းများ တွန့်သွားကြတော့သည်။ သူမရဲ့ စကားတွေက… ရန်လိုမှုတွေ အပြည့်နဲ့ပါ လား။

“အဲတော့ မင်းမှာ နည်းလမ်းရှိလား” ယွိယန်း မေးလေသည်။

“နည်းလမ်းတော့ရှိပါတယ် ဒါပေမဲ့ လုပ်ငန်းစဉ်က ဒုက္ခများမယ် အင်း.. နည်းနည်းလည်း နာမယ်” ရှီမာယူယူ ပြောလိုက်သည်။

“နည်းလမ်းရှိတယ်ဆိုလည်း အဲလိုပဲထားတာပေါ့” သူမ ထိုသို့ပြောသည့် အဓိပ္ပာယ်ကို မုရုန်ဟွေ့သိသည်။ ဆိုလိုသည်မှာ ပြဿနာမရှိနိုင်ဟူ၍ဖြစ်သည်။

“အဲလောက်ကြီး ပျော်မသွားနဲ့ဦး တချို့ပစ္စည်းတွေ ပြင်ရဦးမယ်… အဲဒါ တွေ ပြင်မထားရင် ဘာမှအသုံးမဝင်နိုင်ဘူး” ရှီမာယူယူ ပြောလိုက်သည်။

“ဘာလိုတာလဲ”

ရှီမာယူယူသည် စုတ်တံတစ်ချောင်းနှင့် စက္ကူတစ်ရွက်ထုတ်ကာ စာရင်း ကို ခပ်သွက်သွက်ရေးလိုက်သည်။ သူမ ရေးလိုက်သော ပစ္စည်းစာရင်းကို တယွိ မင်းသားဖတ်ပြီးချိန်တွင် သူ၏ မျက်နှာထားမှာ အရင်ကကဲ့သို့ အေးအေးလူလူ မရှိတော့ပေ။

“ဒီပစ္စည်းတွေ စုလိုက်မှ တားမြစ်ဆေးပြဿနာကို ရှင်းလို့ရမှာ” ရှီမာယူယူ ပြောလိုက်သည် “အဲဒါတွေ ရှာမရရင် အခြေအနေကို ထိန်းလို့ပဲ ရမယ် အရှင်းပျောက်အောင် လုပ်လို့မရဘူး”

“အဲဒါကို ထိန်းချုပ်နိုင်လား” တယွိမင်းသား မေးလိုက်သည်။

“ထိန်းချုပ်နိုင်တယ် ဆိုရင်တောင် နှစ်နည်းနည်းလောက် နောက်ဆုတ် လိုက်ရုံပဲရှိမယ်” ရှီမာယူယူ ပြောလိုက်သည် “အဲဒါကြောင့် ပြဿနာကို အရှင်း ထုတ်လိုက်တာက ကောင်းမယ်”

“အင်း ငါ ဒီပစ္စည်းတွေကို လူလွှတ်ပြီးရှာခိုင်းလိုက်ပါမယ်” တယွိမင်းသား သည် လျှို့ဝှက်တပ်သားကို ခေါ်လိုက်သည်။ သူသည် စာရင်းပေးပြီး ညွှန်ကြား လိုက်သည် “ဒါကို လျှို့ဝှက်လုပ်ရမယ်”

“ဟုတ်ကဲ့ပါ မင်းသား” လျှို့ဝျက်တပ်သားသည် အိမ်ထဲတွင် အမြဲတမ်းရှိ နေခဲ့ရာ သူသည် စာရင်း၏အဓိပ္ပာယ်ကိုသိသည်။

“ကြည့်ရအောင်” ယွိယန်း ပြောလိုက်သည်။

လျှို့ဝှက်တပ်သားသည် စာရင်းကို ယွိယန်းဆီလက်ထဲသို့ ထည့်ပေးလိုက် သည်။ ယွိယန်းသည် စာဖတ်ပြီးသည်နှင့် တပ်သားကိုပြန်ပေးလိုက်ရာ တပ်သား ထွက်သွားလေသည်။

ယွိယန်းသည် ရှီမာယူယူ သူ့ကို စူးစမ်းသည့် အကြည့်ဖြင့် ကြည့်နေသည် ကို မြင်သောအခါ ပြုံးပြီး ပြောလိုက်သည် “သခင်မလေးမုရုန်က ဒီလိုမျိုး အစွမ်းအစရှိလိမ့်မယ်လို့ ထင်မထားဘူး… ကျုပ်ရဲ့ ကျန်းမာရေးကို စစ်ကြည့် ပေးဖို့ တောင်းဆိုလို့ရမလားမသိဘူး”

“မင်းသား ၂ ကနေမကောင်းနေတာမဟုတ်ဘူး ကျွန်မကြည့်ပေးလို့မရပါ ဘူး” ရှီမာယူယူ ပြောလိုက်သည် “ကျွန်မ မင်းသားကို အပ်စိုက်ကုထုံးနဲ့ ကုရပါ မယ်”

သူမ၏ စကားများကြောင့် မုရုန်ဟွေ့နှင့်အတူ တယွိမင်းသားနဲ့ ယွိယန်း တို့လည်း အံ့ဩကုန်ကြသည်။

“မင်းသား ၂ သူက…” မုရုန်ဟွေ့သည် ရှီမာယူယူကို ကြည့်ပြီးနောက် ယွိယန်းကို ပြန်ကြသည်။ သူမ မသဲမကွဲဖြစ်နေသည်ဟု သူထင်သည်။

“အဟမ်း မင်းက ငါ့သွေးခုန်နှုန်းကိုတောင် မစမ်းကြည့်ရသေးဘူး ငါ နေကောင်းတယ်ဆိုတာကို ဘယ်လိုသိတာလဲ” ယွိယန်း ပြောလိုက်သည်။

ရှီမာယူယူ လျှောက်သွားပြီး သူ၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်ပြီး ပြောလိုက်သည် “အပြင်ပန်းအရတော့ မင်းသား ၂ ရဲ့ချီနဲ့ သွေးက မလောက်ဘူး သွေးခုန်နှုန်း အားနည်းနေပြီး ခန္ဓာကိုယ်ကလည်း ချို့တဲ့နေတယ်… ဒါပေမဲ့ ကျောက်မှုန့်က မင်းသား ၂ ရဲ့ခန္ဓာကိုယ်အတွက် မကောင်းနိုင်ပါဘူး”

ယွိယန်းသည် ဤတစ်ကြိမ်တွင် အလွန်အံ့အားသင့်မိသည်။ သူသည် ရှီမာယူယူကို စိတ်ရူးပေါက်နေသကဲ့သို့ ကြည့်လေသည်။

“ဘယ်လိုသိတာလဲ”

“ကျွန်မက သမားတော်ပါ” ရှီမာယူယူ ပြောလိုက်သည် “ကျွန်မ မင်းသား ၂ ကို ဒီနေ့မနကတွေ့တုန်းကတည်းက နည်းနည်းထူးဆန်းတယ်လို့ ထင်ပြီး သားပါ ကျောက်မှုန့်သုံးနေလိမ့်မယ်လို့ ထင်မထားရုံပါပဲ”

“အံ့ဩလောက်စရာပါလား ယန်းအာနဲ့ ငါကိုယ်တိုင်ကလွဲပြီး သူ ကျောက်မှုန့် သုံးနေတာကို ဘယ်သူမှမသိကြဘူး.. မင်းက သူ့ သွေးခုန်နှုန်းကို တောင် မစမ်းသပ်ရသေးဘဲနဲ့ ပြောနိုင်မယ်လို့ ထင်မထားဘူး” တယွိမင်းသား သည် အံ့ဩနေသလို ပျော်ရွှင်နေသည်။ သူမသည် အစွမ်းအစရှိ‌ နေသဖြင့် ပြန်ကောင်းရန် မျှော်လင့်ချက်ရှိနေပြီဖြစ်သည်။

“မင်းသား အဲဒီပစ္စည်းတွေကို ရှာမတွေ့ခင် ဒဏ်ရာကို ချုပ်တည်းထားဖို့ အတွက် အပ်စိုက်ကုသပေးပါမယ်” ရှီမာယူယူ ပြောလိုက်သည် “ရက်နည်း နည်းလောက် ရေပူစမ်းမှာ စိမ်တဲ့နည်းလမ်းက သက်ရောက်မှုနည်းပြီး မလုပ် လည်းရပါတယ်.. ဒါပေမဲ့ ဒီမှာနလန်ထူတာက အရမ်းကိုကောင်းပါတယ်”

“အပ်စိုက်မယ်ဟုတ်လား ဘယ်လိုမျိုးလဲ” တယွိမင်းသား မေးလိုက် သည်။

“အဲဒီနေရာရောက်ရင် သိလာမှာပါ” ရှီမာယူယူ ပြောလိုက်သည်။

သူတို့လေးယောက်သည် ရေပူစမ်းဆီသို့ နောက်တစ်ကြိမ်ပြန်သွားကာ အစေခံနှင့် တပ်သားများအားလုံးကို ထွက်သွားခိုင်းလိုက်သည်။

“မင်းသား အင်္ကျီတွေချွတ်ပြီး ရေထဲကိုဝင်ပေးပါ” ရှီမာယူယူသည် ပြောပြီး ခြေဟန်လက်ဟန်ဖြင့် ပြလိုက်သည်။ သူမသည် ခြံဝန်းထဲမှ ကျောက် ခုံပုကိုဆွဲပြီး ရေထဲချလိုက်သည်။ တယွိမင်းသားသည် ရေထဲဆင်းပြီး ထိုင်ခုံပေါ် ထိုင်လိုက်သည်။ ကျောက်ခုံပုတွင် ထိုင်နေရာ သူ၏ ခန္ဓာကိုယ်အပေါ်ပိုင်းသည် ရေအထက်တွင် ပေါ်နေသည်။

တယွိမင်းသားသည် အနည်းငယ် မသက်မသာသလိုခံစားရသည်။ သို့သော် သူသည် အဝတ်များကိုချွတ်ပြီး ထိုင်ခုံတွင်ဝင်ထိုင်လိုက်သည်။

ရှီမာယူယူသည် ယွိယန်းနှင့် မုရုန်ဟွေ့တို့ကို ကြည့်လိုက်သည်။ နောက်ဆုံးတွင် သူသည် မုရုန်ဟွေ့ကို ရွေးပြီးပြောလိုက်သည် “အ‌ဖေ ဆင်းလာ ပြီးကူညီပေးပါဦး”

“ဘာလုပ်ပေးရမလဲ” မုရုန်ဟွေ့ မေးလိုက်သည်။

“ငွေအပ်တွေကို ကူကိုင်ပေးပါဦး” ရှီမာယူယူ ပြောလိုက်သည်။

“ငါ့ကို ဘာလို့ မဆင်းခိုင်းတာလဲ” ယွိယန်း ပြောလေသည်။

ရှီမာယူယူသည် သူ့ကိုကြည့်လိုက်သည်။ သူမ တယွိမင်းသားကို တစ်ခုခု လုပ်လိုက်မည်ကို စိုးရိမ်နိုင်သည်ဖြစ်ကာ ကြိုတင်ကာကွယ်ချင်လိမ့်မည်ဟု ခန့်မှန်းမိသဖြင့် ခေါင်းညိတ်သဘောတူလိုက်သည်။

“အဲလိုဆိုမှတော့ မင်းသား ၂ ကိုဆင်းခိုင်းလိုက်ပါ”

ယွိယန်းသည် ရေကန်ဘေးသို့လာကာ သူမနောက်လိုက်ဆင်းကာ သူမ ဘေးတွင်ရပ်လိုက်သည်။

ရေပူစမ်းမှ ရေသည်မတိမ်ပေ။ ရေသည် ရှီမာယူယူ၏ ဂါဝန်အထက်တွင် ရိုက်ခတ်နေကာ သူမ၏ ခါးအထိရောက်နေသည်။

သူမသည် ငွေအပ်သေတ္တာထုတ်ကာ ယွိယန်းကို ပေးလိုက်သည်။ သူမ သည် ရှည်လျားသည့် ငွေအပ်ထုတ်ပြီး တယွိမင်းသား၏ ခန္ဓာကိုယ်ထဲသို့ ထိုး စိုက်လိုက်သည်။

ယွိယန်းသည် ထိုရှည်လျားသော အပ်ကိုမြင်သောအခါ ခန္ဓာကိုယ်အတွင်း ထိုးစိုက်လိုက်လျှင် ဖခင်ဖြစ်သူ နာကျင်သွားမည်ကို အနည်းငယ်စိုးရိမ်မိသည်။ သို့သော် ခမည်းတော်မှာ မည်သည့်တုံ့ပြန်ချက်မှမပြုသည်ကို မြင်သောအခါ အလကားစိတ်ပူမိသည်ဟု သိလိုက်သည်။

ရှီမာယူယူ အပ်စိုက်သည်မှာ အတော်အတန်ကြာကာ ယွိယန်းသည် လက်များပင် အံသေလာသည်ဟု ခံစားရသည်။ သို့‌သော် သူမ နဖူးမှ ချွေးသီး များထွက်နေသော်လည်း စောဒကမတက်သည်ကို မြင်သောအခါ သူမကို ချွေးသုတ်ပေးချင်စိတ်ဖြစ်လာသည်။

သူသည် ကိစ္စတစ်ခုကို စိတ်နှစ်ပြီး လုပ်ဆောင်နေသည့် မိန်းကလေးမျိုး ကိုတစ်ခါမှ မတွေ့ဖူးပေ။

ခဏအကြာတွင် ရှီမာယူယူသည် နောက်ဆုံးအပ်ကို ထိုးစိုက်ပြီးလေ သည်။ ထို့နောက် သူမ၏ နဖူးမှ ချွေးများကို သုတ်ပြီး ပြောလိုက်သည် “ပြီးသွား ပြီ ခဏနေ အပ်တွေဖယ်တဲ့အချိန်ဆို ပိုမြန်မှာပါ”

“ကြိုးစားပေးလို့ ကျေးဇူးတင်ပါတယ်” ယွိယန်း ပြောလေသည်။

ရှီမာယူယူသည် သူ့ကိုခေါင်းညိတ်ပြပြီး မင်းသားကို မေးလိုက်သည် “မင်းသား ဘယ်လိုခံစားရလဲ”

“ငါ့ခန္ဓာကိုယ်ထဲက အအေးခံစားချက်က အများကြီးလျော့သွားတယ် ဒါက ဘာနည်းလမ်းလဲ အံ့ဩဖို့ကောင်းလိုက်တာ ပိုပူသွားတယ်လို့ ဘာလို့ခံစား နေရတာလဲ”

***

All Chapters